Switch

By Hay_Mern_Ko

7K 747 319

When an Unexpected Change Occurred Between You and Your Rival. Start Date - 4 Oct 2023 ( Wed ) End Date - 12... More

Prologue
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Epilogue
Farewell

Chapter - 22

137 20 8
By Hay_Mern_Ko

Unicode

အပိုင်း ၂၂။ အရေးကြီးကိစ္စ

ရှောင်းကျန့်က ကျောင်းပြန်တက်သည့်ရက်တွင် ကျောက်ဖေးလင်ကကျောင်းထွက်သွားခဲ့ပြီး သူ၏အဖေဟာလည်း ကျောင်း၏ရှယ်ယာဝင်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည်ဟု ရှောင်းကျန့်ကြားခဲ့သည်။ တရားခံကတော့ ကိုယ်တိုင်ဝန်မခံသော်ငြား သူကတော့ သိနေပါသည်။

" ကျောင်းသားရှောင်းကျန့်က သည်အခန်းကလားဗျ "

ယူနီဖောင်းနှင့်ကျောင်းစောင့်က အခန်းတံခါးဝသို့ရောက်ရှိလာပြီးနောက် အတန်းရှိဆရာကို လေးလေးစားစားမေးသည်။ စာသင်ချိန်ဖြစ်သောကြောင့် တိတ်ဆိတ်နေသောအခန်းမှာ ယခုအချိန်တွင် ပိုလို့တောင် တိတ်ဆိတ်နေလေ၏။ ဆရာက ရှောင်းကျန့်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်၍ တုံ့ပြန်သည်။

" သူ့အိမ်က အရေးကြီးကိစ္စရှိလို့ လာခေါ်လို့ပါ "

ထိုစကားအဆုံးတွင် တစ်တန်းလုံး၏ အကြည့်များက ရှောင်းကျန့်ဆီသို့ ရောက်ရှိလာပြီး သူတို့၏ တီးတိုးပြောချင်စိတ်ကို မနည်းပင်အောင့်အီးထားရသည်။ ဤအတန်းချိန်၏ဆရာက အတော်လေးကို အပေါက်ဆိုးပြီး အမှားလုပ်မိသည်နှင့်မတန်အောင် အပြစ်ပေးခံရသောကြောင့် မည်သည့်ကျောင်းသားမျှ မလှုပ်ရဲကြပေ။ သို့သော် သူတို့၏ မျက်ဝန်းများမှ စပ်စုမှုတို့ကို မဖုံးကွယ်နိုင်ပါချေ။

ရှောင်းကျန့်ခန္ဓာကိုယ်နှင့် ဝမ်ရိပေါ်က ဘေးရှိရှောင်းကျန့်အစစ်ဖြစ်သူကို ကြည့်လိုက်သည့်အခါ စိုးရိမ်စိတ်ပြည့်နေသည်ကို တွေ့လိုက်ရသည်။ စာသင်ချိန်အတွင်း အိမ်မှအခေါ်ခံရသည်က မည်မျှကြောက်ဖို့ကောင်းသည့်ခံစားချက်လဲဆိုသည်ကို ကျောင်းသားတိုင်းသိပါလိမ့်မည်။ အရေးကြီးကိစ္စဆိုသည်က တွေးထင်လို့မရနိုင်သည့်ကိစ္စကြီးတစ်ခုလည်းဖြစ်နိုင်ပါသည်။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို မျက်ဝန်းများနှင့် နှစ်သိမ့်ပေးလိုက်ပြီးနောက် စာရေးကိရိယာများကိုသိမ်း၍ ဆရာကိုနှုတ်ဆက်ပြီးနောက် အတန်းထဲမှ ထွက်သွားပါတော့သည်။

ထို့နောက် အတန်းအတွင်းရှိ လေထုတွင် စာရှင်းပြသံများ ပြန်လည်ဝင်ရောက်လာပါတော့သည်။ ကျန်ခဲ့သည့် ရှောင်းကျန့်မှာတော့ ထိုကိစ္စကြောင့် စိတ်နှင့်လူနှင့်ပင် မကပ်ပါချေ။ သူ့အခြေအနေက တော်တော်ဆိုးဆိုးရွားရွားဖြစ်သွားဟန်တူပါသည်၊ ဆရာပါသတိထားမိသွားပြီး ဆယ့်ငါးမိနစ်ခန့်အဆူခံရပြီးနောက် အတန်းရှေ့တွင် မတ်တပ်ရပ်ရန် အပြစ်ပေးခံရပါတော့သည်။ သို့သော် သူ့ရင်ထဲက ပူလောင်မှုကို မည်သူသိလိမ့်ပါမည်နည်း။ ရှောင်းအိမ်တော်တွင် မကောင်းသည့်ကိစ္စတစ်ခုခုဖြစ်မည်ကို သူစိုးရိမ်ပါသည်။ ဤကဲ့သို့ အရေးတကြီး ကျောင်းမှလာခေါ်ရခြင်းကိစ္စက သေချာပေါက်ကို သေးငယ်မည်တော့ မဟုတ်ပါချေ။ အထူးသဖြင့် သူ့မိဘများကဲ့သို့ သားအပေါ် မျှော်လင့်ချက်အလွန်ထားသည့်လူများက တော်ရုံကိစ္စနှင့် သားကို ကျောင်းပျက်ခံမည်မဟုတ်ကြောင်း သူသိပါသည်။

" ဟေး မင်းအဆင်ပြေရဲ့လား "

နေ့လည်စာစားချိန်မှာလည်း သူ့စိတ်က မိဘများထံသို့သာ ရောက်နေသည်မို့ ထမင်းကို တို့စိတို့စိသာစားနေမိသောကြောင့် မော့ပေကျစ်က သူ့ကိုစိတ်ပူဟန်ဖြင့် မေးလာခြင်းဖြစ်ပါလိမ့်မည်။

" ငါ အဆင်ပြေပါတယ် "

" ဟုတ်လို့လား။ ငါမင်းကိုခေါ်နေတာကြာပြီ။ အဆင်ပြေတာသေချာရဲ့လား။ ထပ်ဖျားတာတော့ မဟုတ်ပါဘူးနော် "

အမေးစကားနှင့်အတူ နဖူးပေါ်သို့ ရောက်လာသည့် မော့ပေကျစ်၏လက်တစ်ဖက်။ ကိုယ်ပူနေခြင်းမဟုတ်ကြောင်း သေချာသွားသည့်အခါမှ လက်ကိုပြန်ရုတ်သွားသော်လည်း သူ့ကို စိုးရိမ်နေသည့်စိတ်ကတော့ မပျောက်သေးပုံပင်။

" စိတ်ညစ်စရာတစ်ခုခုရှိလို့လား။ မင်းနေရအဆင်မပြေရင်လည်း ခွင့်တိုင်လိုက်ပါလား "

ရှောင်းကျန့်က ခေါင်းကိုသာ အသာခါပြလိုက်သည်။ သူဤရက်ပါခွင့်တိုင်ပါက ကျောင်းပျက်ရက်များ များသွားလိမ့်မည်။ သူယခုအသုံးပြုနေရသည့် ဝမ်ရိပေါ်၏ခန္ဓာကိုယ်က ဤကျောင်းကို တက်နိုင်ခြင်းမှာ စကော်လာကြောင့်ဖြစ်၍ အမှတ်များမှာ အမြဲကောင်းနေဖို့လိုလေသည်။ သူ့ကြောင့်နှင့် ဝမ်ရိပေါ်ကို ဒုက္ခမရောက်စေချင်ပါပေ။

" ရပါတယ်။ ဘာမှမဖြစ်ဘူး "

သူ၏ခေါင်းမာမှုကိုမြင်သည့်အခါ မော့ပေကျစ်က လက်လျှော့သွားပြီး သူ့ကို အစားကောင်းကောင်းစားရန်သာ သတိပေးတော့သည်။ တစ်ခါတစ်ခါ သူစိတ်ရွှင်အောင် ဟာသများပြောပေးပါသော်ငြား ထိုအရာများက သူ၏ရင်ထဲမှလေးလံမှုကို လုံလုံလောက်လောက် မလျှော့ချပေးနိုင်ပါချေ။ သူ့မိဘများနှင့်ပက်သတ်သည့် သတင်းတစ်ခုခုရချင်ပါသော်ငြား သူနှင့်ဝမ်ရိပေါ်က ဆိုရှယ်မီဒီယာများပေါ်တွင်လည်း အဆက်အသွယ်မရှိသောကြောင့် သူ့မှာအခက်တွေ့နေရသည်။ နောင်အခါတွင်တော့ သူတို့အချင်းချင်း အကောင့်အပ်ထားရမည်ဟု ရှောင်းကျန့်က တိတ်တဆိတ်တွေးလိုက်သည်။

ကျောင်းဆင်းသည့်အခါ သူ၏အလုပ်ဖြစ်သည့် ဖန်သိုက်ယွီအား စန္ဒယားတီးသင်ပေးသည်ကို လုပ်ဆောင်ရပါသော်လည်း အယောင်​ယောင်၊ အမှားမှားနှင့်။ သူဖန်သိုက်ယွီကို တောင်းပန်လိုက်ပြီးနောက် ယနေ့အတွက်တော့ နုတ်စာရွက်များနှင့် လေ့ကျင့်ရန်သာ မှာကြားလိုက်ပြီး သင်ချိန်မပြည့်ဘဲ စောဆင်းနိုင်ရန် ခွင့်တောင်းခဲ့သည်။ သူထိုနေရာတွင် ဆက်ရှိနေလျှင်လည်း မည်သည့်အကူအညီမှဖြစ်မည်မဟုတ်ကြောင်းကို သူ့ကိုယ်သူသိသောကြောင့် ဖန်သိုက်ယွီကို အကြိမ်ကြိမ်တောင်းပန်ခဲ့ရသည်။ သူ၏မူမမှန်မှုကိုသတိထားမိသည့်ဖန်သိုက်ယွီကလည်း သူ့ကို နောက်နေ့မှလာသင်ပေးပါရန်ပြောခဲ့ပြီး အိမ်သို့ ဂရုစိုက်ပြန်ဖို့တောင် မှာကြားခဲ့ပါသေးသည်။ ဖန်အိမ်တော်မှထွက်လာခဲ့ပြီးနောက် သူ၏ခြေလှမ်းများက ရှောင်းအိမ်တော်ရှိရာသို့ ဦးတည်ပါတော့သည်။ သူ၏စိတ်ထဲတွင် သူ့မိဘများနှင့် ပက်သတ်သည့် သတင်းတစ်စုံတစ်ခုကိုရနိုင်ရန် မျှော်လင့်နေပါ၏။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး ​ကောင်းကင်ဟာလည်း မဟူရာအရောင်သို့ ပြောင်းသွားခဲ့ပြီ။ ရှောင်းအိမ်တော်နှင့် မလှမ်းမကမ်းတွေ စောင့်နေသည့် ရှောင်းကျန့်က သူ့မိဘများကိုလည်းမတွေ့သလို ဝမ်ရိပေါ်ကိုလည်း မတွေ့ပါချေ။ လေထုဟာလည်း ပိုပိုပြီးအေးလာသလို၊ အနားတွင် သီချင်းသံသီကြူးပြနေသည့်ခြင်များကြောင့်လည်း ငြိမ်ငြိမ်မနေရပါ။

သိပ်မကြာခင်မှာ အစောင့်မှ တံခါးလာဖွင့်မည်ကို စောင့်နေပုံရသည့် သူနှင့်ရင်းနှီးသည့် ကားအနက်တစ်စီးက ရှောင်းအိမ်တော်ရှေ့တွင် ရပ်သွားသည်ကို သူတွေ့လိုက်ရသည်။ ထိုကားရှိရာထံသို့ သူအပြေးအလွှားသွားမိသည့်အခါ ကားပေါ်မှ ဆင်းလာသည့် ဝမ်ရိပေါ်ကို တွေ့လိုက်ရသည်။ ကားတံခါးဖွင့်လိုက်ချိန်တွင် တစ်ဖက်မှာ ထိုင်နေသည့် ဖခင်ဖြစ်သူကိုလည်း တွေ့လိုက်ရသောကြောင့် သူက အနည်းငယ်တော့စိတ်သက်သာရာရသွားခဲ့သည်။

" ရိပေါ် ဘာဖြစ်လို့ မင်းကို ကျောင်းကလာခေါ်တာတဲ့လဲ "

ဝမ်ရိပေါ်က ရှောင်းကျန့်၏ ဝိုင်းလဲ့နေသည့်မျက်ဝန်းများကိုကြည့်ရင်း စကားပြောထွက်ရန် ခက်ခဲနေပုံရသည်။

" ရိပေါ် ငါ့ကို စိတ်ပူအောင်မလုပ်ပါနဲ့ "

" မင်းမားက...ကားအက်စီးဒန့်ဖြစ်လို့တဲ့ "

" .... "

စောနလေးတင်မှ ပြုတ်ကျသွားခဲ့သည့် ရှောင်းကျန့်ရင်ဘတ်ထဲမှ အစိုင်အခဲကြီးက အပူငွေ့များအဖြစ်ပြောင်းလဲ၍ ရင်ထဲသို့ ပြန်လည်ဆန်တက်လာသယောင်။

" မင်းဘာပြောလိုက်တာ? "

" မင်းမားက အလုပ်ကိစ္စသွားဆွေးနွေးတာ။ သွားနေကျလမ်းက ပိတ်နေတာနဲ့ တခြားလမ်းကသွားရတာ။ ဒရိုင်ဘာကလည်း လမ်းမရင်းနှီးတာရော၊ လမ်းက ကြမ်းတာရော၊ အကွေ့တွေများတာရောနဲ့ ဖြစ်သွားတယ်လို့ပြောတယ် "

" .... "

ရှောင်းကျန့်၏ မျက်ဝန်းများက မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေပြီး နှုတ်ခမ်းများဟာလည်း တုန်ယင်လာသည်။ မျက်ရည်လွယ်သည့် ပျော့ညံ့ညံ့ယောက်ျားမဖြစ်ချင်သောကြောင့် မျက်ရည်များကို ထိန်းထားရသည့်အခါ နှာရည်များကျလာပါတော့သည်။ မှောင်မည်းနေသည့်ပတ်ဝန်းကျင်ကြောင့် ဒါကိုဝမ်ရိပေါ်သတိမထားမိစေရန် တိတ်တဆိတ်ဆုတောင်းလိုက်ပြီးနောက် ရှောင်းကျန့်က ပြန်ရန်လှည့်လိုက်ပါသော်လည်း သူ၏ကျောပြင်က တစ်စုံတစ်ယောက်၏ ရင်ငွေ့များနှင့် လွှမ်းခြုံသွားပါတော့သည်။

" ကိုယ့်အမှားပါ။ မင်းခန္ဓာကိုယ်နဲ့နေပြီး မင်းမိဘတွေကို သေချာဂရုမစိုက်ပေးနိုင်ခဲ့ဘူး "

" .... "

" မင်းမနက်ဖြန် ကျောင်းပိတ်ရက်မှာ ဆေးရုံကိုလာခဲ့လေ။ မင်းအဖေကိုလည်း ကိုယ်ကြိုအသိပေးထားလိုက်မယ် "

" .... "

" အရမ်းမစိုးရိမ်ပါနဲ့။ ဒဏ်ရာနည်းနည်းတော့ရသွားပေမယ့် ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ပါဘူး "

" .... "

ရှောင်းကျန့်က မည်သည့်စကားကိုမှ မဆိုနိုင်ခဲ့ပါချေ။ သူစကားပြောရန် နှုတ်ခမ်းဟလိုက်သည်နှင့် ငိုသံစွတ်နေသည့်စကားသံများက ထိန်းမနိုင်၊ သိမ်းမရ ထွက်ကျလာမည်ကို သူကြိုသိသောကြောင့် ခေါင်းညိတ်ပြရင်းသာ တုံ့ပြန်ရသည်။ သူ့အနားတွင် အကူအညီပေးမည့်လူရှိနေသည်ဆိုသည့်အသိက သူ့ကို အနည်းနှင့်အများတော့ စိတ်သက်သာရာရစေပါသည်။

*  *  *  *  *

Zawgyi

အပိုင္း ၂၂။ အေရးႀကီးကိစၥ

ေရွာင္းက်န့္က ေက်ာင္းျပန္တက္သည့္ရက္တြင္ ေက်ာက္ေဖးလင္ကေက်ာင္းထြက္သြားခဲ့ၿပီး သူ၏အေဖဟာလည္း ေက်ာင္း၏ရွယ္ယာဝင္အျဖစ္မွ ထုတ္ပယ္ခံခဲ့ရသည္ဟု ေရွာင္းက်န့္ၾကားခဲ့သည္။ တရားခံကေတာ့ ကိုယ္တိုင္ဝန္မခံေသာ္ျငား သူကေတာ့ သိေနပါသည္။

" ေက်ာင္းသားေရွာင္းက်န့္က သည္အခန္းကလားဗ် "

ယူနီေဖာင္းႏွင့္ေက်ာင္းေစာင့္က အခန္းတံခါးဝသို႔ေရာက္ရွိလာၿပီးေနာက္ အတန္းရွိဆရာကို ေလးေလးစားစားေမးသည္။ စာသင္ခ်ိန္ျဖစ္ေသာေၾကာင့္ တိတ္ဆိတ္ေနေသာအခန္းမွာ ယခုအခ်ိန္တြင္ ပိုလို႔ေတာင္ တိတ္ဆိတ္ေနေလ၏။ ဆရာက ေရွာင္းက်န့္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေခါင္းညိတ္၍ တုံ႕ျပန္သည္။

" သူ႕အိမ္က အေရးႀကီးကိစၥရွိလို႔ လာေခၚလို႔ပါ "

ထိုစကားအဆုံးတြင္ တစ္တန္းလုံး၏ အၾကည့္မ်ားက ေရွာင္းက်န့္ဆီသို႔ ေရာက္ရွိလာၿပီး သူတို႔၏ တီးတိုးေျပာခ်င္စိတ္ကို မနည္းပင္ေအာင့္အီးထားရသည္။ ဤအတန္းခ်ိန္၏ဆရာက အေတာ္ေလးကို အေပါက္ဆိုးၿပီး အမွားလုပ္မိသည္ႏွင့္မတန္ေအာင္ အျပစ္ေပးခံရေသာေၾကာင့္ မည္သည့္ေက်ာင္းသားမွ် မလႈပ္ရဲၾကေပ။ သို႔ေသာ္ သူတို႔၏ မ်က္ဝန္းမ်ားမွ စပ္စုမႈတို႔ကို မဖုံးကြယ္နိုင္ပါေခ်။

ေရွာင္းက်န့္ခႏၶာကိုယ္ႏွင့္ ဝမ္ရိေပၚက ေဘးရွိေရွာင္းက်န့္အစစ္ျဖစ္သူကို ၾကည့္လိုက္သည့္အခါ စိုးရိမ္စိတ္ျပည့္ေနသည္ကို ေတြ႕လိုက္ရသည္။ စာသင္ခ်ိန္အတြင္း အိမ္မွအေခၚခံရသည္က မည္မွ်ေၾကာက္ဖို႔ေကာင္းသည့္ခံစားခ်က္လဲဆိုသည္ကို ေက်ာင္းသားတိုင္းသိပါလိမ့္မည္။ အေရးႀကီးကိစၥဆိုသည္က ေတြးထင္လို႔မရနိုင္သည့္ကိစၥႀကီးတစ္ခုလည္းျဖစ္နိုင္ပါသည္။ ဝမ္ရိေပၚက ေရွာင္းက်န့္ကို မ်က္ဝန္းမ်ားႏွင့္ ႏွစ္သိမ့္ေပးလိုက္ၿပီးေနာက္ စာေရးကိရိယာမ်ားကိုသိမ္း၍ ဆရာကိုႏႈတ္ဆက္ၿပီးေနာက္ အတန္းထဲမွ ထြက္သြားပါေတာ့သည္။

ထို႔ေနာက္ အတန္းအတြင္းရွိ ေလထုတြင္ စာရွင္းျပသံမ်ား ျပန္လည္ဝင္ေရာက္လာပါေတာ့သည္။ က်န္ခဲ့သည့္ ေရွာင္းက်န့္မွာေတာ့ ထိုကိစၥေၾကာင့္ စိတ္ႏွင့္လူႏွင့္ပင္ မကပ္ပါေခ်။ သူ႕အေျခအေနက ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြားျဖစ္သြားဟန္တူပါသည္၊ ဆရာပါသတိထားမိသြားၿပီး ဆယ့္ငါးမိနစ္ခန့္အဆူခံရၿပီးေနာက္ အတန္းေရွ႕တြင္ မတ္တပ္ရပ္ရန္ အျပစ္ေပးခံရပါေတာ့သည္။ သို႔ေသာ္ သူ႕ရင္ထဲက ပူေလာင္မႈကို မည္သူသိလိမ့္ပါမည္နည္း။ ေရွာင္းအိမ္ေတာ္တြင္ မေကာင္းသည့္ကိစၥတစ္ခုခုျဖစ္မည္ကို သူစိုးရိမ္ပါသည္။ ဤကဲ့သို႔ အေရးတႀကီး ေက်ာင္းမွလာေခၚရျခင္းကိစၥက ေသခ်ာေပါက္ကို ေသးငယ္မည္ေတာ့ မဟုတ္ပါေခ်။ အထူးသျဖင့္ သူ႕မိဘမ်ားကဲ့သို႔ သားအေပၚ ေမွ်ာ္လင့္ခ်က္အလြန္ထားသည့္လူမ်ားက ေတာ္႐ုံကိစၥႏွင့္ သားကို ေက်ာင္းပ်က္ခံမည္မဟုတ္ေၾကာင္း သူသိပါသည္။

" ေဟး မင္းအဆင္ေျပရဲ႕လား "

ေန႕လည္စာစားခ်ိန္မွာလည္း သူ႕စိတ္က မိဘမ်ားထံသို႔သာ ေရာက္ေနသည္မို႔ ထမင္းကို တို႔စိတို႔စိသာစားေနမိေသာေၾကာင့္ ေမာ့ေပက်စ္က သူ႕ကိုစိတ္ပူဟန္ျဖင့္ ေမးလာျခင္းျဖစ္ပါလိမ့္မည္။

" ငါ အဆင္ေျပပါတယ္ "

" ဟုတ္လို႔လား။ ငါမင္းကိုေခၚေနတာၾကာၿပီ။ အဆင္ေျပတာေသခ်ာရဲ႕လား။ ထပ္ဖ်ားတာေတာ့ မဟုတ္ပါဘူးေနာ္ "

အေမးစကားႏွင့္အတူ နဖူးေပၚသို႔ ေရာက္လာသည့္ ေမာ့ေပက်စ္၏လက္တစ္ဖက္။ ကိုယ္ပူေနျခင္းမဟုတ္ေၾကာင္း ေသခ်ာသြားသည့္အခါမွ လက္ကိုျပန္႐ုတ္သြားေသာ္လည္း သူ႕ကို စိုးရိမ္ေနသည့္စိတ္ကေတာ့ မေပ်ာက္ေသးပုံပင္။

" စိတ္ညစ္စရာတစ္ခုခုရွိလို႔လား။ မင္းေနရအဆင္မေျပရင္လည္း ခြင့္တိုင္လိုက္ပါလား "

ေရွာင္းက်န့္က ေခါင္းကိုသာ အသာခါျပလိုက္သည္။ သူဤရက္ပါခြင့္တိုင္ပါက ေက်ာင္းပ်က္ရက္မ်ား မ်ားသြားလိမ့္မည္။ သူယခုအသုံးျပဳေနရသည့္ ဝမ္ရိေပၚ၏ခႏၶာကိုယ္က ဤေက်ာင္းကို တက္နိုင္ျခင္းမွာ စေကာ္လာေၾကာင့္ျဖစ္၍ အမွတ္မ်ားမွာ အၿမဲေကာင္းေနဖို႔လိုေလသည္။ သူ႕ေၾကာင့္ႏွင့္ ဝမ္ရိေပၚကို ဒုကၡမေရာက္ေစခ်င္ပါေပ။

" ရပါတယ္။ ဘာမွမျဖစ္ဘူး "

သူ၏ေခါင္းမာမႈကိုျမင္သည့္အခါ ေမာ့ေပက်စ္က လက္ေလွ်ာ့သြားၿပီး သူ႕ကို အစားေကာင္းေကာင္းစားရန္သာ သတိေပးေတာ့သည္။ တစ္ခါတစ္ခါ သူစိတ္႐ႊင္ေအာင္ ဟာသမ်ားေျပာေပးပါေသာ္ျငား ထိုအရာမ်ားက သူ၏ရင္ထဲမွေလးလံမႈကို လုံလုံေလာက္ေလာက္ မေလွ်ာ့ခ်ေပးနိုင္ပါေခ်။ သူ႕မိဘမ်ားႏွင့္ပက္သတ္သည့္ သတင္းတစ္ခုခုရခ်င္ပါေသာ္ျငား သူႏွင့္ဝမ္ရိေပၚက ဆိုရွယ္မီဒီယာမ်ားေပၚတြင္လည္း အဆက္အသြယ္မရွိေသာေၾကာင့္ သူ႕မွာအခက္ေတြ႕ေနရသည္။ ေနာင္အခါတြင္ေတာ့ သူတို႔အခ်င္းခ်င္း အေကာင့္အပ္ထားရမည္ဟု ေရွာင္းက်န့္က တိတ္တဆိတ္ေတြးလိုက္သည္။

ေက်ာင္းဆင္းသည့္အခါ သူ၏အလုပ္ျဖစ္သည့္ ဖန္သိုက္ယြီအား စႏၵယားတီးသင္ေပးသည္ကို လုပ္ေဆာင္ရပါေသာ္လည္း အေယာင္​ေယာင္၊ အမွားမွားႏွင့္။ သူဖန္သိုက္ယြီကို ေတာင္းပန္လိုက္ၿပီးေနာက္ ယေန႕အတြက္ေတာ့ ႏုတ္စာ႐ြက္မ်ားႏွင့္ ေလ့က်င့္ရန္သာ မွာၾကားလိုက္ၿပီး သင္ခ်ိန္မျပည့္ဘဲ ေစာဆင္းနိုင္ရန္ ခြင့္ေတာင္းခဲ့သည္။ သူထိုေနရာတြင္ ဆက္ရွိေနလွ်င္လည္း မည္သည့္အကူအညီမွျဖစ္မည္မဟုတ္ေၾကာင္းကို သူ႕ကိုယ္သူသိေသာေၾကာင့္ ဖန္သိုက္ယြီကို အႀကိမ္ႀကိမ္ေတာင္းပန္ခဲ့ရသည္။ သူ၏မူမမွန္မႈကိုသတိထားမိသည့္ဖန္သိုက္ယြီကလည္း သူ႕ကို ေနာက္ေန႕မွလာသင္ေပးပါရန္ေျပာခဲ့ၿပီး အိမ္သို႔ ဂ႐ုစိုက္ျပန္ဖို႔ေတာင္ မွာၾကားခဲ့ပါေသးသည္။ ဖန္အိမ္ေတာ္မွထြက္လာခဲ့ၿပီးေနာက္ သူ၏ေျခလွမ္းမ်ားက ေရွာင္းအိမ္ေတာ္ရွိရာသို႔ ဦးတည္ပါေတာ့သည္။ သူ၏စိတ္ထဲတြင္ သူ႕မိဘမ်ားႏွင့္ ပက္သတ္သည့္ သတင္းတစ္စုံတစ္ခုကိုရနိုင္ရန္ ေမွ်ာ္လင့္ေနပါ၏။

အခ်ိန္မ်ားက တေ႐ြ႕ေ႐ြ႕ကုန္ဆုံးလာခဲ့ၿပီး ​ေကာင္းကင္ဟာလည္း မဟူရာအေရာင္သို႔ ေျပာင္းသြားခဲ့ၿပီ။ ေရွာင္းအိမ္ေတာ္ႏွင့္ မလွမ္းမကမ္းေတြ ေစာင့္ေနသည့္ ေရွာင္းက်န့္က သူ႕မိဘမ်ားကိုလည္းမေတြ႕သလို ဝမ္ရိေပၚကိုလည္း မေတြ႕ပါေခ်။ ေလထုဟာလည္း ပိုပိုၿပီးေအးလာသလို၊ အနားတြင္ သီခ်င္းသံသီၾကဴးျပေနသည့္ျခင္မ်ားေၾကာင့္လည္း ၿငိမ္ၿငိမ္မေနရပါ။

သိပ္မၾကာခင္မွာ အေစာင့္မွ တံခါးလာဖြင့္မည္ကို ေစာင့္ေနပုံရသည့္ သူႏွင့္ရင္းႏွီးသည့္ ကားအနက္တစ္စီးက ေရွာင္းအိမ္ေတာ္ေရွ႕တြင္ ရပ္သြားသည္ကို သူေတြ႕လိုက္ရသည္။ ထိုကားရွိရာထံသို႔ သူအေျပးအလႊားသြားမိသည့္အခါ ကားေပၚမွ ဆင္းလာသည့္ ဝမ္ရိေပၚကို ေတြ႕လိုက္ရသည္။ ကားတံခါးဖြင့္လိုက္ခ်ိန္တြင္ တစ္ဖက္မွာ ထိုင္ေနသည့္ ဖခင္ျဖစ္သူကိုလည္း ေတြ႕လိုက္ရေသာေၾကာင့္ သူက အနည္းငယ္ေတာ့စိတ္သက္သာရာရသြားခဲ့သည္။

" ရိေပၚ ဘာျဖစ္လို႔ မင္းကို ေက်ာင္းကလာေခၚတာတဲ့လဲ "

ဝမ္ရိေပၚက ေရွာင္းက်န့္၏ ဝိုင္းလဲ့ေနသည့္မ်က္ဝန္းမ်ားကိုၾကည့္ရင္း စကားေျပာထြက္ရန္ ခက္ခဲေနပုံရသည္။

" ရိေပၚ ငါ့ကို စိတ္ပူေအာင္မလုပ္ပါနဲ႕ "

" မင္းမားက...ကားအက္စီးဒန့္ျဖစ္လို႔တဲ့ "

" .... "

ေစာနေလးတင္မွ ျပဳတ္က်သြားခဲ့သည့္ ေရွာင္းက်န့္ရင္ဘတ္ထဲမွ အစိုင္အခဲႀကီးက အပူေငြ႕မ်ားအျဖစ္ေျပာင္းလဲ၍ ရင္ထဲသို႔ ျပန္လည္ဆန္တက္လာသေယာင္။

" မင္းဘာေျပာလိုက္တာ? "

" မင္းမားက အလုပ္ကိစၥသြားေဆြးႏြေးတာ။ သြားေနက်လမ္းက ပိတ္ေနတာနဲ႕ တျခားလမ္းကသြားရတာ။ ဒရိုင္ဘာကလည္း လမ္းမရင္းႏွီးတာေရာ၊ လမ္းက ၾကမ္းတာေရာ၊ အေကြ႕ေတြမ်ားတာေရာနဲ႕ ျဖစ္သြားတယ္လို႔ေျပာတယ္ "

" .... "

ေရွာင္းက်န့္၏ မ်က္ဝန္းမ်ားက မယုံၾကည္နိုင္မႈမ်ားႏွင့္ ျပည့္ႏွက္ေနၿပီး ႏႈတ္ခမ္းမ်ားဟာလည္း တုန္ယင္လာသည္။ မ်က္ရည္လြယ္သည့္ ေပ်ာ့ညံ့ညံ့ေယာက္်ားမျဖစ္ခ်င္ေသာေၾကာင့္ မ်က္ရည္မ်ားကို ထိန္းထားရသည့္အခါ ႏွာရည္မ်ားက်လာပါေတာ့သည္။ ေမွာင္မည္းေနသည့္ပတ္ဝန္းက်င္ေၾကာင့္ ဒါကိုဝမ္ရိေပၚသတိမထားမိေစရန္ တိတ္တဆိတ္ဆုေတာင္းလိုက္ၿပီးေနာက္ ေရွာင္းက်န့္က ျပန္ရန္လွည့္လိုက္ပါေသာ္လည္း သူ၏ေက်ာျပင္က တစ္စုံတစ္ေယာက္၏ ရင္ေငြ႕မ်ားႏွင့္ လႊမ္းၿခဳံသြားပါေတာ့သည္။

" ကိုယ့္အမွားပါ။ မင္းခႏၶာကိုယ္နဲ႕ေနၿပီး မင္းမိဘေတြကို ေသခ်ာဂ႐ုမစိုက္ေပးနိုင္ခဲ့ဘူး "

" .... "

" မင္းမနက္ျဖန္ ေက်ာင္းပိတ္ရက္မွာ ေဆး႐ုံကိုလာခဲ့ေလ။ မင္းအေဖကိုလည္း ကိုယ္ႀကိဳအသိေပးထားလိုက္မယ္ "

" .... "

" အရမ္းမစိုးရိမ္ပါနဲ႕။ ဒဏ္ရာနည္းနည္းေတာ့ရသြားေပမယ့္ ဆိုးဆိုး႐ြား႐ြားႀကီးေတာ့ မဟုတ္ပါဘူး "

" .... "

ေရွာင္းက်န့္က မည္သည့္စကားကိုမွ မဆိုနိုင္ခဲ့ပါေခ်။ သူစကားေျပာရန္ ႏႈတ္ခမ္းဟလိုက္သည္ႏွင့္ ငိုသံစြတ္ေနသည့္စကားသံမ်ားက ထိန္းမနိုင္၊ သိမ္းမရ ထြက္က်လာမည္ကို သူႀကိဳသိေသာေၾကာင့္ ေခါင္းညိတ္ျပရင္းသာ တုံ႕ျပန္ရသည္။ သူ႕အနားတြင္ အကူအညီေပးမည့္လူရွိေနသည္ဆိုသည့္အသိက သူ႕ကို အနည္းႏွင့္အမ်ားေတာ့ စိတ္သက္သာရာရေစပါသည္။

*  *  *  *  *

Continue Reading

You'll Also Like

184K 21.4K 30
From the beginning to the end ,I'm always yours
37.3K 1.2K 5
Here I will post all the one Shots I write on Arshi..
320K 18.5K 33
အခ်စ္​တဲ့လား အဲ့အရာကို က္​ိုကိုနဲ႔​ေတြ႔မွ ကြၽန္​​ေတာ္​ ခံစားဖူးခဲ့တာ❤
191K 4.4K 67
imagines as taylor swift as your mom and travis kelce as your dad