အတ္တစိတ် || ဘာသာပြန် ||『Compl...

By Rhmjrs_58

393K 58K 3.2K

" ငါ ခွေးကို ကြည့်နေခဲ့တာမဟုတ်ပါဘူး။ ငါကြည့်နေခဲ့တာက မင်း " This is Fan Translation. More

Description
Chapter - 1
Chapter - 2
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Manhua
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Present

Chapter - 3

5.1K 760 15
By Rhmjrs_58

『Unicode』

အခန်း ( ၃ ) : ငါတို့နှစ်ယောက်ကြားမှာ ဖြစ်ပျက်ခဲ့သမျှကိစ္စတိုင်းကို လျှော်ပေးလိုက်မယ်။

※※※※※※※※※※※※※※※※※※※


ထင်မထားသော မိုးသက်မုန်တိုင်းကြောင့် လူအားလုံး ကေသရာဇာကျွန်းမှာ ခြေချုပ်မိနေတော့သည်။ ကံကောင်းစွာနှင့်ကာစီနိုဘေးတွင် ကြယ်ငါးပွင့်ဟိုတယ်တစ်လုံး ရှိနေသောကြောင့် ဧည့်သည်တွေအတွက် တည်းခိုစရာနေရာရှာဖို့ မပူရပေ။အခမ်းအနား နိဂုံးချုပ်သည်နှင့် ကျင်မိသားစုက ဇိမ်ခံကားတွေကို လွှတ်၍ ဧည့်သည်တွေကို တစ်သုတ်ပြီး တစ်သုတ်ဟိုတယ်သို့ ခေါ်သွားခဲ့သည်။

ကွဲလွဲစွာပင် ကျွန်တော်တို့ " ပြင်ပအမှုထမ်း " တွေကတော့ သိပ်ကံမကောင်းလှ။ ကျွန်တော်တို့ဟာ ရဲတိုက်ဘေးရှိ ဝန်ထမ်းအဆောက်အအုံ​၏ ယာယီခန်းတချို့မှာ နေခဲ့ရသည်။

ရဲတိုက်မှာ အလုပ်လုပ်ကြသော အလုပ်သမားများကသာ ဝန်ထမ်းအဆောက်အအုံကို လုံးဝဥဿုံသိမ်းပိုက်ထားသည်။အသုံးအဆောင်တွေမှာ တည်းခိုခန်းလောက်ပင် မကောင်းသည်မို့ ကြယ်ငါးပွင့်ဟိုတယ်အောက် အများကြီး နိမ့်ကျ​၏။အကယ်၍ ညလယ်ဘက် သန့်စင်ခန်းသွားလိုလျှင် ဓာတ်မီးတစ်လက်ကိုင်လျက် နှစ်ဆယ်မီတာလောက် လျှောက်ပြီး စင်္ကြံလမ်း အစွန်ဆုံးမှာရှိသည့် သန့်စင်ခန်းဆီသို့ သွားရမည်ဖြစ်သည်။

ကျွန်တော်တို့အတွက် နေစရာရှာပေးရန်တာဝန်ကျသော အလုပ်သမားရှောင်ခယ့်က ယခု အဆောက်အအုံ စင်္ကြံလမ်း​၏မီးတွေ ပျက်နေသည်မှာအချိန်အတော်ကြာပြီဖြစ်ကြောင်း ပြောပြခဲ့သည်။ အချိန်တစ်ခုလောက်ကတည်းက ပြင်ပေးရန်တောင်းဆိုထားပါသော်လည်း မည်သူမှ လာမပြင်ပေးကြ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က သည်နေရာမှာတစ်ညပဲ တည်းမှာမို့ သည်းခံလိုက်ဖို့ ပြောလာတာပင်။

တည်းခိုစရာအခန်းက အထင်ကြီးလောက်ဖွယ်မဟုတ်သော်လည်း အနည်းဆုံးတော့ ကျွန်တော်တို့တွေ တစ်ယောက်ခန်းတွေ​ရခဲ့ကြသည်မို့ အတူ တိုးဝှေ့နေစရာမလိုတော့ပေ။ ဤသည်ကား ကံဆိုးလှသည့် အချိန်အခါအတွင်း အကောင်းဆုံးဟုမှတ်ယူလို့ရလောက်ပေ​၏။

ကျွန်တော် မှောင်မည်းမည်း အခန်းထောင့်လေးမှာ Celloကို နေရာချပြီး လသာဆောင်ကိုဖွင့်၍ အပြင်က ရာသီဥတုကိုလေ့လာကြည့်လိုက်သည်။

လသာဆောင်လေးတွေက အလွန်ကျဉ်းသည်မို့ လူနှစ်ယောက် ဆန့်လောက်အောင်သာကျယ်ပါ​၏။ ၎င်းတို့ကို လေယာဉ်လှေကားကဲ့သို့ အပြင်နံရံကနေ ပြူထွက်နေကြပြီး တစ်ခုနှင့်တစ်ခုလည်း အရမ်းနီးကပ်ကြသည်။

မိုးရွာနေတုန်းပေမယ့် စဲသွားသလိုလိုပင်။ နေ့ရောင်မထွက်ခင် တိတ်မည့်ပုံရှိ​၏။

ကျွန်းငယ်လေးပေါ်က ဉာဉ့်သန်းခေါင်မှာ အထူးတလယ်ကို တိတ်ဆိတ်နေသည်။ အနီးအနားရှိ ရှေးရဲတိုက်ကြီးမှာ အမှောင်ထုထဲ နစ်မြှုပ်သွားပြီဖြစ်ကာ အောက်ဖက်ရှိ လမ်းမီးများသာ လင်းကျန်နေခဲ့လျက်။ ရံဖန်ရံခါ ပလတ်စတစ်မိုးကာအင်္ကျီတွေဝတ်ထားသော လူတွေ နေရာအနှံ့ကင်းလှည့်နေသည်ကိုလည်း မြင်တွေနိုင်နေ​၏။

ရှောင်ခယ့်က ကျွန်တော်တို့ကို ဝန်ထမ်းအဆောက်အအုံထဲ ခေါ်မလာခင်က ညဘက်၌ အခန်းအပြင်ကို မိမိ သဘောရှိသလိုမထွက်ဖို့ အထူးတလည် သတိပေးခဲ့သည်။ကျွန်တော်တို့က အဓိကစံအိမ်နှင့် နီးကပ်နေတာကြောင့် လုံခြုံရေးလည်းတင်းကျပ်ပေသည်။ အကယ်၍ ကျွန်တော်တို့သာ လျှောက်ပတ်သွားမည်ဆိုပါက အမည်မသိဝန်ထမ်းတွေဖြစ်ကြတာမို့အပြစ်ပေးခံရနိုင်ဖွယ်ရှိ​၏။

သူ ထိုသို့ပြောလိုက်သောအခါ အားလုံး ပြိုင်တူ တိတ်ဆိတ်သွားခဲ့ကြသည်။ " အပြစ်ပေးခံရမည် " ဟူသော ဆိုလိုရင်းကိုမေးမြန်းဖို့ မည်သူကမှ သတ္တိမရှိကြ။

ကျွန်တော့်​၏ ဘယ်ဘက်မှ တံခါးပွင့်သံတစ်ချပ်ထွက်လာ၍ မော့ကြည်လိုက်ရာ သားမွေးကုတ်ခြုံလျက်နှင့် ဖန်းလော့စူးက အခန်းပြင်ထွက်လာတာကို မြင်လိုက်ရသည်။ သူမ လက်ထဲ၌ စီးကရက်တစ်ဘူး။

သူမလဲ ကျွန်တော့်ကို အပြင်မှာရှိနေမည်ဟု မျှော်လင့်မထားပုံပင်။ အနည်းငယ်အံ့ဩသွားပြီးမှ သူမက ခေါင်းညိတ်နှုတ်ဆက်လာ​၏။

" နင် နေရတာ အဆင်ပြေရဲ့လား ? " သူမက စကားပြောရင်း ဘူးထဲမှ စီးကရက်တစ်လိပ်နှင့် အိတ်ထောင်ထဲမှ မီးခြစ်ကိုစကေးကျကျထုတ်ယူလိုက်သည်။ ထို့နောက် ခေါင်းငုံ့၍ စီးကရက်မီးညှိလိုက်​၏။

သည်ညမတိုင်ခင်အထိ သူမက ဆေးလိပ်သောက်တတ်မှန်း ကျွန်တော် မသိခဲ့ရိုးအမှန်။

" ပြေပါတယ်။ "

ကျွန်တော် တိမ်ဖုံးမှောင်မည်းနေသော ကောင်းကင်ယံသို့ အကြည့်တစ်ချက်ပို့လိုက်ပြီးမှ လှည့်ကာ အတွင်းသို့ ဝင်ရန် ပြင်လိုက်သည်။

" နင် ဆေးလိပ်သောက်ပြီးရင် အိပ်ရာဝင်သင့်တယ်​။အပြင်မှာ အေးတယ်။ "

ကျွန်တော့်လက် တံခါးလက်ကိုင်သို့အရောက် ၊ ဖန်းလော့စူးအသံက ထပ်မံထွက်ပေါ်လာ​၏။

" နင့်အထင်... ငါက တော်တော်လေး စျေးပေါနေလား ? "

ကျွန်တော် လန့်သွားပြီး ၊ မျက်လုံးတွေကို တံခါးလက်ကိုင်မှာ ကျောက်ချရင်း ဘာကိုမှ မဆိုမိ။

" တကယ်....တကယ်ကို အဲ့ဒီ တစ်ကြိမ်တည်းပါ " ဖန်းလော့စူးက တုန်ယင်လျက်ဆိုသည် : " ကျိနင် ဒါငါနင့်ကိုတောင်းပန်တယ်လို့ မှတ်လိုက်ပါ။ နန်ရှန်ကို မပြောပါနဲ့။ ငါ အဓိက ချဲလိုပညာရှင်နေရာကို နင့်အတွက် လက်လျှော့ပေးပါ့မယ်။ ငါနင်နဲ့ဘယ်တော့မှ အချင်းမပွားတော့ပါဘူး "

တံခါးလက်ကိုင်တစ်ဝိုက်မှ ကျွန်တော်လက်ချောင်းတွေ တုန်ရီလာရလျက် ဖန်းလော့စူးကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည် : " ငါက ဒါတွေအားလုံးကို အဓိက ချဲလိုပညာရှင်နေရာအတွက် လုပ်နေတယ်လို့ ထင်နေတာလား ? "

မျက်ဝန်းရဲရဲတွေရယ် ၊ လက်ချောင်းကြားမှ ငြိမ်းခါနီးစီးကရက်တစ်လိပ်ရယ်နှင့် ဖန်းလော့စူးက ကျွန်တော့်အမေးကြောင့်အငိုက်မိသွားလေသည်။

" ငါ..အဲ့လို ဆိုလိုချင်တာမဟုတ်ဘူး..." သူမက အသဲအသန်ငြင်းပါ​၏။

ကျွန်တော် သက်ပြင်းချမိပြီး မျက်မှန်ကို ချွတ်ကာ နည်းနည်း နွမ်းလျလာသည်။ နှာရိုးကို ဖိလျက် ကျွန်တော်ပြောမိသည်က : " နန်ရှန်လဲ အားလုံးကိုသိပိုင်ခွင့်ရှိတယ်။ ငါက သူ့သူငယ်ချင်း။ဒါကြောင့် ဘာမှ မဖြစ်ခဲ့သလိုမျိူး ငါ မနေနိုင်ဘူး.. "

" ငါ ကိုယ်ဝန်ရှိနေပြီ "

နှာရိုးကိုဖိရင်းတန်းလန်း ကျွန်တော် တောင့်သွားရပြီး မှားပြီးများကြားလိုက်မိသလားဟု ဖန်းလော့စူးကို အံ့အားတသင့်လှည့်ကြည့်လိုက်မိသည်။

ဖန်းလော့စူးက စီးကရက်မှ ပြာတွေကို ခါလိုက်ပြီးမှ ကျွန်တော့်ကို မချိပြုံးပြုံးပြလာ​၏ : " မပူပါနဲ့။ နန်ရှန်ရဲ့ကလေးပါ။ ငါတို့အမြဲတမ်း ကလေးယူဖို့ စီစဉ်ထားကြတာ။ အကုန်ငါ့အမှားတွေမှန်းသိပါတယ် ၊ ထပ်ပြီးလဲ တကယ် အလားတူ အမှားမျိူး မကျူးလွန်ချင်တော့ဘူး။ ကျိနင် ငါ့ကို ယုံပေးပါ။ နန်ရှန်သာ ငါနဲ့ဒါရိုက်တာရှင်းအကြောင်း သိသွားရင် သူငါ့ကိုသေချာပေါက်ကွာရှင်းလိမ့်မယ်။ ကျိနင် နင် ဒီကလေးကို မိဘမပြည့်မစုံနဲ့ မွေးလာစေချင်လို့လား ? "

ကျွန်တော် သူမမျက်နှာ ဖြူလျော်လျော်ကို စိုက်ကြည့်ရင်း ရုတ်တရက်ကြီး ရယ်ချင်စိတ်ဖြစ်လာသလို။ အရမ်း ပျက်လုံးဆန်တာပဲ။ အားလုံးသော အလှည့်အပြောင်းတွေထဲမှာမှ ကျွန်တော်က သည်ဖြစ်ရပ်ရဲ့ အရေးကြီးကွင်းဆက်အဖြစ်နဲ့ဆုံးခန်းတိုင်ခဲ့သည်တဲ့။ ကျွန်တော့်ဆုံးဖြတ်ချက်က နန်ရှန်ကို ထိခိုက်ရုံသာမက အပြစ်မရှိသော မမွေးရသေးသည့်ကလေးကိုပါ ထိခိုက်စေလိမ့်မည်။

ဖန်းလော့စူး​၏ ဤအကွက် ; အကြို နောက်ဆုတ်ထားပြီးကာမှ နူးညံ့သည့်စိတ်ကို သိမ်းပိုက်လိုက်ခြင်း။ တော်တော်လေးစက်ဆုပ်ဖွယ်ပင်။ သို့တိုင် ပြောစရာမလိုအောင် ကျွန်တော့်အပေါ် မှာတော့ အလုပ်ဖြစ်ခဲ့ပါသည်။

စုံလင်သည့် မိသားစုနှင့် မိဘတွေ​၏ ချစ်မြတ်နိုးမှုဟာ ကလေးတစ်ယောက်အတွက် မည်မျှ အရေးကြီးကြောင်းကိုကျွန်တော် ကောင်းကောင်းသိသည်။

ပိုက်ဆံအတွက် အမေ တရစပ်ပြေးလွှားနေခဲ့ရပြီး သူမ အိမ်ပြန်ရောက်သည်နှင့် တပြိုင်နက် အိပ်ပျော်သွားတတ်သော ညပေါင်းမြောက်မြားစွာမှာ ကျွန်တော် အဖေအသက်ရှင်နေဖို့ကို အမြဲတမ်း ဆုတောင်းမိခဲ့သည်။ သူက ဆန်ကုန်မြေလေးတစ်ပိုင်းဖြစ်နေလျှင်တောင် ၊ သူက အလိမ်အညာအပြည့်နှင့် ဖြစ်နေလျှင်တောင် အနည်းဆုံးတော့ အသက်ရှင်နေပါကစားဝတ်နေရေးအတွက် ကူညီပေးပေမည်။ ကျွန်တော်တို့ အခက်အခဲတွေ ဒီလောက်အများကြီး မရှိပဲ ဖြတ်သန်းနိုင်မှာပင်။

ကျွန်တော် ပါးစပ်ပိတ်နေပြီး ဘာမှမသိချင်ယောင်ဆောင်လိုက်သရွေ့ အကုန်လုံး ဝမ်းမြောက်မှု ၊ကျေနပ်မှု အပြည့်နှင့်ပျော်စရာကောင်းသော မိသားစုတစ်စု ဖြစ်လာနိုင်ပါ​၏။

ဤသည်မှာ ချက်ချင်းလက်ငင်းဆုံးဖြတ်မရသည့် ဆုံးဖြတ်ချက်ပေမို့ ကျွန်တော် အခန်းကိုသာ အသံတိတ်ပြန်လာကာ ဖန်းလော့စူးအား အဖြေမပေးခဲ့။ ဆယ်မိနစ်ခန့်ကြာသော် အနီးကတံခါးပိတ်သွားပြီး ဖန်းလော့စူးလဲ အထဲဝင်သွားတော့​၏။

လသာဆောင်တံခါးမှာ လေကြောင့် ဂလောက်ဂလောက်မြည်နေသဖြင့် ကျွန်တော့်အဖို့အိပ်ပျော်ရန် ခက်ခဲလှသည်။ ထို့အပြင် ညနေခင်းအချိန်တုန်းက ရန်ချင်းကျွမ်းနှင့် ပက်ပင်းကြုံခဲ့ရ၍ ပေလား ၊ ကျွန်တော့် စိတ်ထဲမှာအထက်တန်းကျောင်းတုန်းက အဖြစ်အပျက်တွေ ဆက်တိုက်တိုးပွားနေ​၏။ ကျွန်တော် တွေးလေလေ ၊ အိပ်မရလေလေပင်။

တခြား ဂီတတူရိယားများလိုပင် Celloကို ကျွမ်းကျင်ချင်တဲ့အခါ ဝီရိယရှိရှိလေ့ကျင့်ဖို့ လိုအပ်သည်။ ကံမကောင်းချင်တော့ ကျွန်တော်တို့ တိုက်ခန်းအဆောက်အအုံက အသံလုံစနစ်မကောင်းမွန်တာကြောင့် ဆူဆူညံညံတွေ ပြုလုပ်လို့မရပေ။အသံကို muteပြီး လေ့ကျင့်နိုင်သော်ငြား အသံဖွင့်လေ့ကျင့်သည်လောက်တော့ တိကျမည်မဟုတ်။

( Celloမှာ အသံတိုးအောင် လုပ်လို့ရတဲ့ Muteပါ ပါတယ် )

ထို့ကြောင့် အိမ်နီးချင်းတွေနှင့် ပဋိပက္ခမဖြစ်စေရန် တစ်ခါတရံ ကျွန်တော်က ကျောင်းကို Celloသယ်လာပြီး ကျောင်းဆင်းလျှင် စာသင်ခန်းအလွတ်ထဲမှာ လေ့ကျင့်တတ်သည်။ အချိန်ကြာလာသည်နှင့် ဆရာက သိရှိသိရှိသွားပြီး ကျွန်တော့်Celloလေ့ကျင့်နိုင်ရန် အခန်းလွတ်တစ်ခန်း သီးသန့်ခွဲပေးဖို့ ကျောင်းကိုတောင်းဆိုပေးခဲ့​၏။

ကျွန်တော်နှင့် ရန်ချင်းကျွမ်းတို့​၏ သိကျွမ်းမှုကလဲ စာသင်ခန်းအလွတ်မှာ စတင်ခဲ့တာပင်။

အထက်တန်း ဒုတိယနှစ်​၏ တစ်နေ့၌ ဆရာက ကျွန်တော့်ကို တစ်စုံတစ်ရာဆွေးနွေးချင်ကြောင်း ပြောကာ ရုတ်တရက်ရုံးခန်းလာဖို့ ခေါ်လာခဲ့သည်။

စိတ်တထင့်ထင့် ပူပန်ရင်းဖြင့် ကျွန်တော် အရေးကြီးကိစ္စဟုထင်ခဲ့ပေငြား ဆရာနှင့် ခဏ စကားပြောအပြီးမှာတော့နားလည်ခဲ့ရပါသည် ; ကျွန်တော်တို့နှစ်က ကျောင်းသားတစ်ယောက်ဟာ ကျောင်းဝင်းပြင်ပ ရန်ပွဲကြောင့် ကျောင်းမှစည်းကမ်းတကျ အရေးယူထား​၏။ ကျောင်းက သူ့ကို ကျောင်းဆင်းသည်အထိနေ၍ စာသင်နှစ်တစ်ခုလုံး သန့်ရှင်းရေးလုပ်ခိုင်းခြင်းဖြင့် ဒဏ်ပေးထားသည်။ ထိုအချိန်၌ ဆရာများထဲမှ တစ်ယောက်က ကျွန်တော်တို့အား တွဲဖက်ပေးဖို့ တွေးမိသွားခဲ့သည်။ သူတို့က ကျွန်တော့်ကို သူ့အားကြီးကြပ်ပေးရန် အတန်းပိုင်အားအကြံပြုခဲ့ခြင်းပင်။ ကျွန်တော်က ထိုကျောင်းသား​၏ သန့်ရှင်းရေးတာဝန်ကို ပြီးအောင်လုပ်စေပြီး သူ အဆင့်တက်လာစေရန် သင်ခန်းစာများတွင်လည်း တစ်လက်စတည်း ကူညီပေးရမည်ဖြစ်သည်။

ကျောင်းသည် ကျွန်တော့်ကို အရင်ကတည်းက အများကြီး ကူညီပေးခဲ့ပြီးသားပင်။ ဤသည်မှာ တရားလွန်တောင်းဆိုချက်လဲ မဟုတ်တာကြောင့် ကျွန်တော် များများစားစားမတွေးပဲ လက်ခံလိုက်​၏။ အနည်းဆုံးတော့ ကျွန်တော့်ညီမလေးကို အိမ်စာကူပေးရတာလောက် ခက်ခဲလိမ့်မည်မဟုတ်။

ရလဒ်ကတော့ နေ့လယ်ခင်းကျောင်းဆင်းပြီးသည်နှင့် ကျွန်တော် Celloလေ့ကျင့်ရန် စာသင်ခန်းအလွတ်သို့ ရောက်လာခဲ့သည်။ ကျွန်တော် တံခါးတွန်းဖွင့်လိုက်သော် ရန်ချင်းကျွမ်းက ခုံကို နှဲ့၍ထိုင်နေပြီး ပျင်းရိပျင်းတွဲနှင့် ဘောပင်လှည့်နေသည်အား တွေ့လိုက်ရ​၏။

ကျွန်တော် သူ့ဆီ လျှောက်သွားပြီးမိမိကိုယ်ကို ဖော်ရွေစွာမိတ်ဆက်လိုက်သည် : " ဟယ်လို ငါက ကျိနင် ၊ မင်းနားမလည်တဲ့မေးခွန်းတွေရှိရင် ငါ့ကို မေးလို့ရတယ်။ငါ တတ်နိုင်သလောက် ကြိုးစားရှင်းပြပါမယ် "

ရန်ချင်းကျွမ်းက ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး ထိုင်ခုံခြေလေးဖက်လုံး မြေပေါ်ပြန်ချလိုက်​၏။ သူက လက်ပိုက်၍အရှေ့စာရေးစားပွဲပေါ် ပစ်လှဲထားပြီး မပီမသအသံနှင့် ဆိုလာသည် : " မင်းဘာသာ Celloကျင့်။ ငါ တရေးအိပ်ဦးမယ် ငါ့ကို မနှောင့်ယှက်နဲ့ "

ကနဦးမှာ သူက တော်တော်ကြီးကို မပူးပေါင်းခဲ့ပေ။ နေ့စဉ်နေ့တိုင်း အချိန်မှန်ရောက်လာသော်လည်း ကျွန်တော့်နှင့်ပြောဆိုဆက်ဆံသည်မျိူးမရှိသလို အိမ်စာလဲ တစ်ခုမှမလုပ်​။ အိပ်၍သာနေသည်။

ဆရာတွေကလဲ သူ ဘာလုပ်လုပ် ဂရုစိုက်ဟန်မတူပေ။ " ပြဿနာမရှာရင်ပဲ ကျေးဇူးအထူးတင်နေရပါ​ပြီ " ဟူသော စိတ်ထားမျိူးဖြင့် ကျွန်တော့်​၏ ကျူရှင်ပြခရီးစဉ်ကို ဘယ်သောအခါမှ မမေးကြ။

ကျွန်တော်က များသောအားဖြင့် ညနေခင်း ၇နာရီအထိနေပြီးမှ ပြန်တတ်လေ့ရှိသည်။ ကျွန်တော် Celloနှင့် ဘိုးတံအားဖယ်လိုက်သည်နှင့် ရန်ချင်းကျွမ်းကလဲ အကြောဆန့်၍ နိူးလာတတ်​၏။ ပြီးလျှင် သူက ကျောပိုးအိတ်ကိုလွယ်၍ ကျွန်တော့်အရင်ထွက်သွားတတ်သည်။

ပထမတုန်းကသူ ဘယ်သူ့အတွက် ရှိုးလုပ်နေသလဲ ကျွန်တော် ဇဝေဇဝါနှင့်နားမလည်ခဲ့။ နောက်ပိုင်းမှ သူဟာ သူ့အဘွားအတွက် လုပ်နေခဲ့မှန်း သိခဲ့ရပါသည်။

အဘွားအိုက ရန်ချင်းကျွမ်းတစ်ယောက် အလွယ်တကူထိန်းကျောင်းလို့မရမှန်း သတိပြုမိဟန်တူသည်။ကျောင်းဆင်းသည်နှင့် သူ့မြေးအတွက် အိမ်စာကူပေးရန် ကျောင်းက လူတစ်ယောက်ရှာပေးထားမှန်း သိသော် သူမအလွန်ပျော်ရွှင်နေခဲ့​၏။ မိုးရွာစဉ်တစ်ခါက သူမဟာ ကျောင်းကို ထီးအပိုတစ်လက်နှင့် ရောက်လာပြီး ကျွန်တော့်လက်ကိုဆုပ်ကိုင်ရင်း ကျေးဇူးတင်စကားတွေ အကြာကြီးပြောခဲ့ဖူးသည်။

နောက်ပိုင်း ရန်ချင်းကျွမ်း ကျောင်းထွက်သွားပြီးနောက် ကျွန်တော် သူ့ကို အိမ်လိုက်ရှာဖို့ ကြိုးစားခဲ့သည်။ ထိုအခါမှ သူ့အဘွားက ကွယ်လွန်သွားပြီဖြစ်ကာ သူသည်လည်း ဘယ်ဆီဘယ်ဝယ်မှန်း မသိတော့တာကို သိခဲ့ရတာပင်။

လသာဆောင်တံခါးကို တစ်ခုခု လာမှန်သလိုမျိုး ထူးဆန်းတိုးညှင်းသည့်အသံတစ်ခု ကျွန်တော့်အခန်းအပြင်မှ ရုတ်ခြည်းထွက်ပေါ်လာ​၏။ ယင်းက ကျွန်တော့်ကို မှတ်ဉာဏ်ဟောင်းတွေထဲမှ ဆွဲထုတ်ကာ လက်တွေ့ကို ပြန်ရောက်လာစေခဲ့သည်။

ကျွန်တော် မီး မဖွင့်ရသေး။ ယင်းအစား မျက်မှန်ကောက်တပ်ကာ ဖိနပ်ပါးကို စီးလျက် စစ်ဆေးဖို့ အိပ်ရာထဲမှ ထွက်လာခဲ့သည်။

လသာဆောင်သစ်သားတံခါးအား အခန်းအတွင်းဘကက်သို့ သာသာလေး ဖွင့်ကြည့်လိုက်​၏။ အပြင်ဘက်၌ မိုးစဲနေပြီဖြစ်ပြီး ဆားပါသည့် ပင်လယ်လေညှင်းက ကျွန်တော့်ဆံပင်တွေကို လွင့်ခနဲ့ဖြတ်တိုက်ကာ အောက်ထပ်မှ ဆူညံသံပေါင်းစုံကို သယ်ဆောင်လာခဲ့လျက်။

ဉာဉ့်နက်နေပြီကို ဘာလို့ ခုထိ ဆူနေတုန်းလဲ ?

ကျွန်တော် ခေါင်းထိုး၍ အောက်မှာ ဘာဖြစ်နေသလဲ ကြည့်မည်အပြု ၊ အပြင်ဘက်ခြေတစ်လှမ်းချလိုက်သည်နှင့်ချက်ချင်း လက်ဖဝါးကြီးတစ်ဖက်က ဘေးမှထွက်လာကာ ကျွန်တော့်နှာခေါင်းနှင့်ပါးစပ်ကို တင်းတင်းပိတ်ပစ်လိုက်​၏။လည်ပင်း၌ အေးစက်လှသည့်အထိအတွေ့တစ်ခု။

ဆေးရွက်ကြီးနံ့က မိုးနံ့နှင့် ရောထွေးကာ ကျွန်တော့်နှာခေါင်းထဲတိုးဝင်လာခဲ့သည်။ မျက်လုံးတွေပြူးကျယ်သွားလျက်ကျွန်တော် အလွန်ကြောက်သွားပြီး အသံတစ်ချက်ပင်မထွက်နိုင်တော့။ ခန္ဓာကိုယ်က တောင့်တင်းလွန်းလို့ အသက်ရှုသံတွေပင် ရပ်ကုန်တော့သည်။

လေပြင်းထန်၍ မှောင်မည်းသောည ၊ နှင်းမုန်တိုင်းစံအိမ် ပုံစံမျိုးနှင့်.... လူသူမရှိတဲ့ကျွန်းပေါ်မှာ အသတ်ခံရတော့မှာလား?

စက္ကန့် အနည်းငယ်အတွင်း ရှင်းမပြနိုင်ဖွယ် ကမောက်ကမအတွေးတွေအများကြီး ကျွန်တော့်စိတ်ထဲ ရောက်လို့လာ​၏။

" ဘာသံမှ မထွက်နဲ့ " တစ်ဖက်လူက အက်ရှသည့်အသံနှင့်ဆိုလျက် ကျွန်တော့်ကို အခန်းထဲတွန်းကာ ထောင့်စွန်းသို့တွန်းပို့လိုက်​၏။

ဒီအသံက......

ကျွန်တော် ခေါင်းထောင်ကြည့်လိုက်ရာ အပြင်ဘက်မှ မီးရောင်တွေအကူဖြင့် တစ်ဖက်လူနှင့် မျက်လုံးချင်းဆုံလိုက်ရ​၏။

ရန်ချင်းကျွမ်းသည်လည်း ကျွန်တော်နှင့် တိုက်တိုက်ဆိုင်ဆိုင်တွေ့ရမည်ဟု ထင်ထားဟန်မတူ။ အံ့ဩမှုအရိပ်အယောင်တစ်ချက် သူ့မျက်လုံးထဲ ဖြတ်ပြေးသွားပြီး ကျွန်တော့်လည်ပင်းက ဓားမြှောင်ကို ဆတ်ခနဲ့ဖယ်လိုက်လေသည်။

၁၂နာရီအတွင်းမှာပဲ ကျွန်တော်တို့ ထူးထူးဆန်းဆန်းနေရာမှာ ထပ်ဆုံရပြန်ပြီ။ သို့တိုင် ဉာဉ့်နက်မှ သူက ဘာလို့ ကျွန်တော့်လသာဆောင်မှာ ပေါ်လာရသနည်း ? သူ တွေးလေလေ ၊ သူ ကျွန်တော့်ကို စက်ဆုပ်လေလေဖြစ်မှန်း သဘောပေါက်လိုက်ပြီး နှုတ်ပိတ်သည့်နည်းနှင့် သတ်ဖို့လာတာများလား ?

ကျွန်တော့် စိတ်ကူးတွေ ပိုပြီးမရင့်သန်သေးခင် စင်္ကြံလမ်းတစ်လျှောက်က တံခါးတွေကို တဗိုင်းဗိုင်းထုသည့် အသံများထွက်ပေါ်လာသည်။ တံခါးထုသံများက နီးသထက်နီးလာပြီး အခန်းတွင်း စစ်ဆေးရေးဖြစ်ပုံရသည်။

နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားသော လက်က ရုတ်ခြည်း အားတိုးလာ​၏။ ရန်ချင်းကျွမ်းက စိုးရိမ်နေသည့်အမူအရာမျိူးဖြင့် အခန်းတံခါးကို စိုက်ကြည့်နေခဲ့သည်။

" တံခါးဖွင့်စမ်း ! တံခါးဖွင့် ! "

" အိပ်မနေကြနဲ့ မြန်မြန်တံခါးဖွင့်ကြစမ်း ! "

အပြင်ဘက်၌ ရုတ်ရုတ်သဲသဲဖြစ်နေသည်က ပိုနီးလာ​၏။ ရန်ချင်းကျွမ်း​၏ ကြွက်သားတွေ တဖြည်းဖြည်း တင်းလာသည်မှာ ခုန်ထွက်၍ တိုက်ခိုက်ရန်ပြင်နေသော သတိအပြည့်ရှိ ကျားသစ်တစ်ကောင်ပမာ။

သည်လူတွေက ရန်ချင်းကျွမ်းကို လိုက်ရှာနေတာပင်။ သည်အတွေး ကျွန်တော့်ခေါင်းထဲဝင်လာသည်နှင့်ချက်ချင်း ရန်ချင်းကျွမ်းက ကျွန်တော့်ကိုချုပ်ထားသည်အား လွှတ်ပေးကာ အိပ်ရာဆီဆွဲခေါ်၍ တွန်းလှဲချလိုက်​၏။

ကျွန်တော် အိပ်ရာဖောင်းဖောင်းကြီးပေါ် လဲကျသွားရသည်။ မတုံ့ပြန်န်ိုင်သေးခင် သူက ကျွန်တော့်ကို တက်ခွကာ သူ့အဝတ်ကို စချွတ်လိုက်​၏။

" ငါ့ကိုကူ "

ဟောဟဲလိုက်ရင်း သူက ရှပ်အင်္ကျီကို အမြန်ချွတ်ကာ ဘောင်းဘီကို လျှော့လိုက်သည်။ သူ့အမူအရာမှာ နွမ်းနယ်နေသော်လည်း အသံကတော့ လွန်စွာ တည်ကြည်​၏ : " ဒီညပြီးတာနဲ့ ငါတို့နှစ်ယောက်ကြားမှာ ဖြစ်ပျက်ခဲ့သမျှကိစ္စတိုင်းကိုလျှော်ပေးလိုက်မယ်။ "

ကျွန်တော့်ဦးနှောက်မှာ ရုတ်ခြည်းပြောင်းလဲသွားသောဖြစ်ရပ်တွေနှင့်ပြည့်ကာ ခဏမျှ အလုပ်မလုပ်နိုင်တော့။ထို့ကြောင့်သူဆိုလိုချင်သည်အား အမှန်တကယ် နားမလည်နိုင်သေး။

မည်သို့ဆိုစေ ရန်ချင်းကျွမ်းက ကျွန်တော်ဘာမှ မပြောရသေးခင် ကျွန်တော့်အဝတ်တွေကို ဆွဲချွတ်နေပြီဖြစ်သည်။ သူ့အပြုအမူတွေက မြန်ဆန်လွန်းတာကြောင့် ကျွန်တော့်ရှပ်ကြယ်သီးနှစ်လုံးကိုပင် ဆွဲဖြဲပစ်လိုက်​၏။

" တံခါးဖွင့်စမ်း ! " ထိုအခိုက်ဝယ် အခန်းစစ်ဆေးရေးက ကျွန်တော့်တံခါးအပြင်ဘက်သို့ ရောက်လာပြီပင်။

အဝတ်တွေမှ ဖြတ်၍ ရန်ချင်းကျွမ်း​၏ဓားမြှောင်က စကားလုံးတွေကို သေချာရွေးပြောရန် သတိပေးချက်သဖွယ် ကျွန်တော့်ခါးကို ထောက်ထားမှန်း ခံစားမိနေသည်။

" တံခါးမြန်မြန်ဖွင့်စမ်း ! မင်း မဖွင့်ရင် ငါတို့ အင်အားသုံးဖွင့်ရလိမ့်မယ် ! "

တံခါးအား တဗုန်းဗုန်းရိုက်သံတွေက ပိုဆူလာ​၏။ရန်ချင်းကျွမ်းက အသံတိတ် တံခါးဆီကိုမေးငေါ့ပြကာ ဖြေဖို့အချက်ပြလာသည်။

သူအောက်တွင် ကျောချလှဲနေရရင်း ကျွန်တော် တံတွေးမျိုချလိုက်ပြီး အသံမြှင့်မေးမိ​၏ : " ဘာလို့လဲ ? "

အပြင်ဘက်ရှိလူမှာ တံခါးကို အပြင်းအထန်ထုရိုက်နေပြီး ဆိုသည် : " ငါတို့ဝင်လာပြီး တစ်ချက်ကြည့်မှရမှာမို့ ၊ မြန်မြန်တံခါးဖွင့်ပေး ! "

" အခုက...အ... အဆင်မပြေဘူး "

" ဘာကို စောက်အဆင်မပြေစရာရှိလဲ ? တအားတွေ နုရွပြမနေနဲ့ ! လောင်ဇစ်ကို တံခါးဖွင့်ပေးစမ်း..... "

အပြင်ဘက်၌ တိကနဲ့တိတ်သွားပြီးမှ မတူသည့် အမျိုးသားအသံတစ်သံက ရုတ်တရက် စကားဆိုသည်။ ဤတစ်ယောက်က ကျန်တစ်ယောက်က် ပိုဩ၍ အေးတိအေးစက်နိုင်ပါ​၏ : " အင်အားသုံးဖွင့်လိုက် "

ထိုအသံ စကားပြောလိုက်သည်နှင့်တပြိုင်နက် ရန်ချင်းကျွမ်းဟာ နှုတ်ခမ်းတွေ အတန်ငယ် စေ့တင်းသွား​၏။ ထို့နောက်သူက ကျွန်တော့်လက်ကောက်ဝတ်နှစ်ဖက်လုံးကို စုကိုင်လျက် ခေါင်းအထက်တွင် ချုပ်ထားပြီး ခေါင်းငုံ့ကာ ကျွန်တော့်လည်ပင်းအား ကိုက်ခဲလာတော့သည်။

ကျဉ်းကျုတ်၍ ဖရိုဖရဲဖြစ်နေသော တစ်ယောက်အိပ် ကုတင်လေးပေါ်တွင် ရန်ချင်းကျွမ်းက သူ​၏ တောင့်တင်းလှသောကြွက်သားများနှင့် အပေါ်ပိုင်းကိုယ်ကို ဖော်ထားလျက် ကျွန်တော့်အပေါ်မှာ တက်ခွထားသည်။ ထိုအချိန်၌ ကျွန်တော့်ရင်ဘတ်ကတော့ အကျယ်ကြီးပွင့်နေပြီး အသဲအသန်ပင့်သက်ရှိုက်ရင်း အမည်မသိအကြောင်းအရင်းတချို့ကြောင့် ကျွန်တော့်ခါးကို ခုံးထားမိ​၏။

ကျွန်တော်တို့အခန်းတံခါး အပြင်မှ ကန်ဖွင့်ခံလိုက်ရချိန်၌ ရောက်ရှိလာကြသူများအတွက် ဤသို့သော မရေမရာမြင်ကွင်းတစ်ခုကို တင်ဆက်လိုက်ရလေတော့သည်။

______________________________________________________________________

TN : ဟယ် မဟုတ်သေးပါဘူး:3

Exclusive Love ကျန်တဲ့ တစ်ပိုင်းဖြတ်ပြီးမှ ပြန်လာခဲ့ပါမယ် ဘိုင့် ~




『Zawgyi』

အခန္း ( ၃ ) : ငါတို႔ႏွစ္ေယာက္ၾကားမွာ ျဖစ္ပ်က္ခဲ့သမၽွကိစၥတိုင္းကို ေလၽွာ္ေပးလိုက္မယ္။

※※※※※※※※※※※※※※※※※※※※


ထင္မထားေသာ မိုးသက္မုန္တိုင္းေၾကာင့္ လူအားလုံး ေကသရာဇာကၽြန္းမွာ ေျခခ်ဳပ္မိေနေတာ့သည္။ ကံေကာင္းစြာႏွင့္ ကာစီနိုေဘးတြင္ ၾကယ္ငါးပြင့္ဟိုတယ္တစ္လုံး ရွိေနေသာေၾကာင့္ ဧည့္သည္ေတြအတြက္ တည္းခိုစရာေနရာရွာဖို႔ မပူရေပ။ အခမ္းအနား နိဂုံးခ်ဳပ္သည္ႏွင့္ က်င္မိသားစုက ဇိမ္ခံကားေတြကို လႊတ္၍ ဧည့္သည္ေတြကို တစ္သုတ္ၿပီး တစ္သုတ္ ဟိုတယ္သို႔ ေခၚသြားခဲ့သည္။

ကြဲလြဲစြာပင္ ကၽြန္ေတာ္တို႔ " ျပင္ပအမွုထမ္း " ေတြကေတာ့ သိပ္ကံမေကာင္းလွ။ ကၽြန္ေတာ္တို႔ဟာ ရဲတိုက္ေဘးရွိ ဝန္ထမ္းအေဆာက္အအုံ​၏ ယာယီခန္းတခ်ိဳ႕မွာ ေနခဲ့ရသည္။

ရဲတိုက္မွာ အလုပ္လုပ္ၾကေသာ အလုပ္သမားမ်ားကသာ ဝန္ထမ္းအေဆာက္အအုံကို လုံးဝဥႆုံသိမ္းပိုက္ထားသည္။ အသုံးအေဆာင္ေတြမွာ တည္းခိုခန္းေလာက္ပင္ မေကာင္းသည္မို႔ ၾကယ္ငါးပြင့္ဟိုတယ္ေအာက္ အမ်ားႀကီး နိမ့္က်​၏။ အကယ္၍ ညလယ္ဘက္ သန႔္စင္ခန္းသြားလိုလၽွင္ ဓာတ္မီးတစ္လက္ကိုင္လ်က္ ႏွစ္ဆယ္မီတာေလာက္ ေလၽွာက္ၿပီး ေဟာခန္းအစြန္ဆုံးမွာရွိသည့္ သန႔္စင္ခန္းဆီသို႔ သြားရမည္ျဖစ္သည္။

ကၽြန္ေတာ္တို႔အတြက္ ေနစရာရွာေပးရန္တာဝန္က်ေသာ အလုပ္သမားေရွာင္ခယ့္က ယခု အေဆာက္အအုံ စႀကႍလမ္း​၏ မီးေတြ ပ်က္ေနသည္မွာအခ်ိန္အေတာ္ၾကာၿပီျဖစ္ေၾကာင္း ေျပာျပခဲ့သည္။ အခ်ိန္တစ္ခုေလာက္ကတည္းက ျပင္ေပးရန္ ေတာင္းဆိုထားပါေသာ္လည္း မည္သူမွ လာမျပင္ေပးၾက။ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔က သည္ေနရာမွာတစ္ညပဲ တည္းမွာမို႔ သည္းခံလိုက္ဖို႔ ေျပာလာတာပင္။

တည္းခိုစရာအခန္းက အထင္ႀကီးေလာက္ဖြယ္မဟုတ္ေသာ္လည္း အနည္းဆုံးေတာ့ ကၽြန္ေတာ္တို႔ေတြ တစ္ေယာက္ခန္းေတြ​ရခဲ့ၾကသည္မို႔ အတူ တိုးေဝွ႕ေနစရာမလိုေတာ့ေပ။ ဤသည္ကား ကံဆိုးလွသည့္ အခ်ိန္အခါအတြင္း အေကာင္းဆုံးဟု မွတ္ယူလို႔ရေလာက္ေပ​၏။

ကၽြန္ေတာ္ ေမွာင္မည္းမည္း အခန္းေထာင့္ေလးမွာ Celloကို ေနရာခ်ၿပီး လသာေဆာင္ကိုဖြင့္၍ အျပင္က ရာသီဥတုကို ေလ့လာၾကည့္လိုက္သည္။

လသာေဆာင္ေလးေတြက အလြန္က်ဥ္းသည္မို႔ လူႏွစ္ေယာက္ ဆန႔္ေလာက္ေအာင္သာက်ယ္ပါ​၏။ ၎တို႔ကို ေလယာဥ္ေလွကားကဲ့သို႔ အျပင္နံရံကေန ျပဴထြက္ေနၾကၿပီး တစ္ခုႏွင့္တစ္ခုလည္း အရမ္းနီးကပ္ၾကသည္။

မိုးရြာေနတုန္းေပမယ့္ စဲသြားသလိုလိုပင္။ ေန႔ေရာင္မထြက္ခင္ တိတ္မည့္ပုံရွိ​၏။

ကၽြန္းငယ္ေလးေပၚက ဉာဉ့္သန္းေခါင္မွာ အထူးတလယ္ကို တိတ္ဆိတ္ေနသည္။ အနီးအနားရွိ ေရွးရဲတိုက္ႀကီးမွာ အေမွာင္ထုထဲ နစ္ျမႇုပ္သြားၿပီျဖစ္ကာ ေအာက္ဖက္ရွိ လမ္းမီးမ်ားသာ လင္းက်န္ေနခဲ့လ်က္။ ရံဖန္ရံခါ ပလတ္စတစ္မိုးကာအကၤ်ီေတြဝတ္ထားေသာ လူေတြ ေနရာအႏွံ့ကင္းလွည့္ေနသည္ကိုလည္း ျမင္ေတြနိုင္ေန​၏။

ေရွာင္ခယ့္က ကၽြန္ေတာ္တို႔ကို ဝန္ထမ္းအေဆာက္အအုံထဲ ေခၚမလာခင္က ညဘက္၌ အခန္းအျပင္ကို မိမိ သေဘာရွိသလို မထြက္ဖို႔ အထူးတလည္ သတိေပးခဲ့သည္။ကၽြန္ေတာ္တို႔က အဓိကစံအိမ္ႏွင့္ နီးကပ္ေနတာေၾကာင့္ လုံျခဳံေရးလည္း တင္းက်ပ္ေပသည္။ အကယ္၍ ကၽြန္ေတာ္တို႔သာ ေလၽွာက္ပတ္သြားမည္ဆိုပ္က အမည္မသိဝန္ထမ္းေတြျဖစ္ၾကတာမို႔ အျပစ္ေပးခံရနိုင္ဖြယ္ရွိ​၏။

သူ ထိုသို႔ေျပာလိုက္ေသာအခါ အားလုံး ၿပိဳင္တူ တိတ္ဆိတ္သြားခဲ့ၾကသည္။ " အျပစ္ေပးခံရမည္ " ဟူေသာ ဆိုလိုရင္းကို ေမးျမန္းဖို႔ မည္သူကမွ သတၱိမရွိၾက။

ကၽြန္ေတာ့္​၏ ဘယ္ဘက္မွ တံခါးပြင့္သံတစ္ခ်ပ္ထြက္လာ၍ ေမာ့ၾကည္လိုက္ရာ သားေမြးကုတ္ျခဳံလ်က္ႏွင့္ ဖန္းေလာ့စူးက အခန္းျပင္ထြက္လာတာကို ျမင္လိုက္ရသည္။ သူမ လက္ထဲ၌ စီးကရက္တစ္ဘူး။

သူမလဲ ကၽြန္ေတာ့္ကို အျပင္မွာရွိေနမည္ဟု ေမၽွာ္လင့္မထားပုံပင္။ အနည္းငယ္အံ့ဩသြားၿပီးမွ သူမက ေခါင္းညိတ္ ႏွုတ္ဆက္လာ​၏။

" နင္ ေနရတာ အဆင္ေျပရဲ့လား ? " သူမက စကားေျပာရင္း ဘူးထဲမွ စီးကရက္တစ္လိပ္ႏွင့္ အိတ္ေထာင္ထဲမွ မီးျခစ္ကို စေကးက်က်ထုတ္ယူလိုက္သည္။ ထို႔ေနာက္ ေခါင္းငုံ႔၍ စီးကရက္မီးညႇိလိုက္​၏။

သည္ညမတိုင္ခင္အထိ သူမက ေဆးလိပ္ေသာက္တတ္မွန္း ကၽြန္ေတာ္ မသိခဲ့ရိုးအမွန္။

" ေျပပါတယ္။ "

ကၽြန္ေတာ္ တိမ္ဖုံးေမွာင္မည္းေနေသာ ေကာင္းကင္ယံသို႔ အၾကည့္တစ္ခ်က္ပို႔လိုက္ၿပီးမွ လွည့္ကာ အတြင္းသို႔ ဝင္ရန္ ျပင္လိုက္သည္။

" နင္ ေဆးလိပ္ေသာက္ၿပီးရင္ အိပ္ရာဝင္သင့္တယ္​။အျပင္မွာ ေအးတယ္။ "

ကၽြန္ေတာ့္လက္ တံခါးလက္ကိုင္သို႔အေရာက္ ၊ ဖန္းေလာ့စူးအသံက ထပ္မံထြက္ေပၚလာ​၏။

" နင့္အထင္... ငါက ေတာ္ေတာ္ေလး ေစ်းေပါေနလား ? " 

ကၽြန္ေတာ္ လန႔္သြားၿပီး ၊ မ်က္လုံးေတြကို တံခါးလက္ကိုင္မွာ ေက်ာက္ခ်ရင္း ဘာကိုမွ မဆိုမိ။

" တကယ္....တကယ္ကို အဲ့ဒီ တစ္ႀကိမ္တည္းပါ " ဖန္းေလာ့စူးက တုန္ယင္လ်က္ဆိုသည္ : " က်ိနင္ ဒါငါနင့္ကို ေတာင္းပန္တယ္လို႔ မွတ္လိုက္ပါ။ နန္ရွန္ကို မေျပာပါနဲ႔။ ငါ အဓိက ခ်ဲလိုပညာရွင္ေနရာကို နင့္အတြက္ လက္ေလၽွာ့ေပးပါ့မယ္။ ငါနင္နဲ႔ဘယ္ေတာ့မွ အခ်င္းမပြားေတာ့ပါဘူး "

တံခါးလက္ကိုင္တစ္ဝိုက္မွ ကၽြန္ေတာ္လက္ေခ်ာင္းေတြ တုန္ရီလာရလ်က္ ဖန္းေလာ့စူးကို မယုံသကၤာျဖင့္ ၾကည့္လိုက္သည္ : " ငါက ဒါေတြအားလုံးကို အဓိက ခ်ဲလိုပညာရွင္ေနရာအတြက္ လုပ္ေနတယ္လို႔ ထင္ေနတာလား ? "

မ်က္ဝန္းရဲရဲေတြရယ္ ၊ လက္ေခ်ာင္းၾကားမွ ၿငိမ္းခါနီးစီးကရက္တစ္လိပ္ရယ္ႏွင့္ ဖန္းေလာ့စူးက ကၽြန္ေတာ့္အေမးေၾကာင့္အငိုက္မိသြားေလသည္။

" ငါ..အဲ့လို ဆိုလိုခ်င္တာမဟုတ္ဘူး..." သူမက အသဲအသန္ျငင္းပါ​၏။

ကၽြန္ေတာ္ သက္ျပင္းခ်မိၿပီး မ်က္မွန္ကို ခၽြတ္ကာ နည္းနည္း ႏြမ္းလ်လာသည္။ ႏွာရိုးကို ဖိလ်က္ ကၽြန္ေတာ္ေျပာမိသည္က : " နန္ရွန္လဲ အားလုံးကိုသိပိုင္ခြင့္ရွိတယ္။ ငါက သူ႔သူငယ္ခ်င္း။ဒါေၾကာင့္ ဘာမွ မျဖစ္ခဲ့သလိုမ်ိဴး ငါ မေနနိုင္ဘူး.. "

" ငါ ကိုယ္ဝန္ရွိေနၿပီ "

ႏွာရိုးကိုဖိရင္းတန္းလန္း ကၽြန္ေတာ္ ေတာင့္သြားရၿပီး မွားၿပီးမ်ားၾကားလိုက္မိသလားဟု ဖန္းေလာ့စူးကို အံ့အားတသင့္ လွည့္ၾကည့္လိုက္မိသည္။

ဖန္းေလာ့စူးက စီးကရက္မွ ျပာေတြကို ခါလိုက္ၿပီးမွ ကၽြန္ေတာ့္ကို မခ်ိျပဳံးျပဳံးျပလာ​၏ : " မပူပါနဲ႔။ နန္ရွန္ရဲ့ကေလးပါ။ ငါတို႔အျမဲတမ္း ကေလးယူဖို႔ စီစဥ္ထားၾကတာ။ အကုန္ငါ့အမွားေတြမွန္းသိပါတယ္ ၊ ထပ္ၿပီးလဲ တကယ္ အလားတူ အမွားမ်ိဴး မက်ဴးလြန္ခ်င္ေတာ့ဘူး။ က်ိနင္ ငါ့ကို ယုံေပးပါ။ နန္ရွန္သာ ငါနဲ႔ဒါရိုက္တာရွင္းအေၾကာင္း သိသြားရင္ သူငါ့ကို ေသခ်ာေပါက္ကြာရွင္းလိမ့္မယ္။ က်ိနင္ နင္ ဒီကေလးကို မိဘမျပည့္မစုံနဲ႔ ေမြးလာေစခ်င္လို႔လား ? "

ကၽြန္ေတာ္ သူမမ်က္ႏွာ ျဖဴေလ်ာ္ေလ်ာ္ကို စိုက္ၾကည့္ရင္း ႐ုတ္တရက္ႀကီး ရယ္ခ်င္စိတ္ျဖစ္လာသလို။ အရမ္း ပ်က္လုံးဆန္တာပဲ။ အားလုံးေသာ အလွည့္အေျပာင္းေတြထဲမွာမွ ကၽြန္ေတာ္က သည္ျဖစ္ရပ္ရဲ့ အေရးႀကီးကြင္းဆက္အျဖစ္နဲ႔ ဆုံးခန္းတိုင္ခဲ့သည္တဲ့။ ကၽြန္ေတာ့္ဆုံးျဖတ္ခ်က္က နန္ရွန္ကို ထိခိုက္႐ုံသာမက အျပစ္မရွိေသာ မေမြးရေသးသည့္ကေလးကိုပါ ထိခိုက္ေစလိမ့္မည္။

ဖန္းေလာ့စူး​၏ ဤအကြက္ ; အႀကိဳ ေနာက္ဆုတ္ထားၿပီးကာမွ ႏူးညံ့သည့္စိတ္ကို သိမ္းပိုက္လိုက္ျခင္း။ ေတာ္ေတာ္ေလး စက္ဆုပ္ဖြယ္ပင္။ သို႔တိုင္ ေျပာစရာမလိုေအာင္ ကၽြန္ေတာ့္အေပၚ မွာေတာ့ အလုပ္ျဖစ္ခဲ့ပါသည္။

စုံလင္သည့္ မိသားစုႏွင့္ မိဘေတြ​၏ ခ်စ္ျမတ္နိုးမွုဟာ ကေလးတစ္ေယာက္အတြက္ မည္မၽွ အေရးႀကီးေၾကာင္းကို ကၽြန္ေတာ္ ေကာင္းေကာင္းသိသည္။

ပိုက္ဆံအတြက္ အေမ တရစပ္ေျပးလႊားေနခဲ့ရၿပီး သူမ အိမ္ျပန္ေရာက္သည္ႏွင့္ တၿပိဳင္နက္ အိပ္ေပ်ာ္သြားတတ္ေသာ ညေပါင္းေျမာက္ျမားစြာမွာ ကၽြန္ေတာ္ အေဖအသက္ရွင္ေနဖို႔ကို အျမဲတမ္း ဆုေတာင္းမိခဲ့သည္။ သူက ဆန္ကုန္ေျမေလးတစ္ပိုင္းျဖစ္ေနလၽွင္ေတာင္ ၊ သူက အလိမ္အညာအျပည့္ႏွင့္ ျဖစ္ေနလၽွင္ေတာင္ အနည္းဆုံးေတာ့ အသက္ရွင္ေနပါက စားဝတ္ေနေရးအတြက္ ကူညီေပးေပမည္။ ကၽြန္ေတာ္တို႔ အခက္အခဲေတြ ဒီေလာက္အမ်ားႀကီး မရွိပဲ ျဖတ္သန္းနိုင္မွာပင္။

ကၽြန္ေတာ္ ပါးစပ္ပိတ္ေနၿပီး ဘာမွမသိခ်င္ေယာင္ေဆာင္လိုက္သေရြ႕ အကုန္လုံး ဝမ္းေျမာက္မွု ၊ေက်နပ္မွု အျပည့္ႏွင့္ ေပ်ာ္စရာေကာင္းေသာ မိသားစုတစ္စု ျဖစ္လာနိုင္ပါ​၏။

ဤသည္မွာ ခ်က္ခ်င္းလက္ငင္းဆုံးျဖတ္မရသည့္ ဆုံးျဖတ္ခ်က္ေပမို႔ ကၽြန္ေတာ္ အခန္းကိုသာ အသံတိတ္ျပန္လာကာ ဖန္းေလာ့စူးအား အေျဖမေပးခဲ့။ ဆယ္မိနစ္ခန႔္ၾကာေသာ္ အနီးကတံခါးပိတ္သြားၿပီး ဖန္းေလာ့စူးလဲ အထဲဝင္သြားေတာ့​၏။

လသာေဆာင္တံခါးမွာ ေလေၾကာင့္ ဂေလာက္ဂေလာက္ျမည္ေနသျဖင့္ ကၽြန္ေတာ့္အဖို႔အိပ္ေပ်ာ္ရန္ ခက္ခဲလွသည္။ ထို႔အျပင္ ညေနခင္းအခ်ိန္တုန္းက ရန္ခ်င္းကၽြမ္းႏွင့္ ပက္ပင္းၾကဳံခဲ့ရ၍ ေပလား ၊ ကၽြန္ေတာ့္ စိတ္ထဲမွာ အထက္တန္းေက်ာင္းတုန္းက အျဖစ္အပ်က္ေတြ ဆက္တိုက္တိုးပြားေန​၏။ ကၽြန္ေတာ္ ေတြးေလေလ ၊ အိပ္မရေလေလပင္။

တျခား ဂီတတူရိယားမ်ားလိုပင္ Celloကို ကၽြမ္းက်င္ခ်င္တဲ့အခါ ဝီရိယရွိရွိေလ့က်င့္ဖို႔ လိုအပ္သည္။ ကံမေကာင္းခ်င္ေတာ့ ကၽြန္ေတာ္တို႔ တိုက္ခန္းအေဆာက္အအုံက အသံလုံစနစ္မေကာင္းမြန္တာေၾကာင့္ ဆူဆူညံညံေတြ ျပဳလုပ္လို႔မရေပ။ အသံကို muteၿပီး ေလ့က်င့္နိုင္ေသာ္ျငား အသံဖြင့္ေလ့က်င့္သည္ေလာက္ေတာ့ တိက်မည္မဟုတ္။

( Celloမွာ အသံတိုးေအာင္ လုပ္လို႔ရတဲ့ Muteပါ ပါတယ္ )

ထို႔ေၾကာင့္ အိမ္နီးခ်င္းေတြႏွင့္ ပဋိပကၡမျဖစ္ေစရန္ တစ္ခါတရံ ကၽြန္ေတာ္က ေက်ာင္းကို Celloသယ္လာၿပီး ေက်ာင္းဆင္းလၽွင္ စာသင္ခန္းအလြတ္ထဲမွာ ေလ့က်င့္တတ္သည္။ အခ်ိန္ၾကာလာသည္ႏွင့္ ဆရာက သိရွိသိရွိသြားၿပီး ကၽြန္ေတာ့္Celloေလ့က်င့္နိုင္ရန္ အခန္းလြတ္တစ္ခန္း သီးသန႔္ခြဲေပးဖို႔ ေက်ာင္းကိုေတာင္းဆိုေပးခဲ့​၏။

ကၽြန္ေတာ္ႏွင့္ ရန္ခ်င္းကၽြမ္းတို႔​၏ သိကၽြမ္းမွုကလဲ စာသင္ခန္းအလြတ္မွာ စတင္ခဲ့တာပင္။

အထက္တန္း ဒုတိယႏွစ္​၏ တစ္ေန႔၌ ဆရာက ကၽြန္ေတာ့္ကို တစ္စုံတစ္ရာေဆြးေႏြးခ်င္ေၾကာင္း ေျပာကာ ႐ုတ္တရက္႐ုံးခန္းလာဖို႔ ေခၚလာခဲ့သည္။

စိတ္တထင့္ထင့္ ပူပန္ရင္းျဖင့္ ကၽြန္ေတာ္ အေရးႀကီးကိစၥဟုထင္ခဲ့ေပျငား ဆရာႏွင့္ ခဏ စကားေျပာအၿပီးမွာေတာ့ နားလည္ခဲ့ရပါသည္ ; ကၽြန္ေတာ္တို႔ႏွစ္က ေက်ာင္းသားတစ္ေယာက္ဟာ ေက်ာင္းဝင္းျပင္ပ ရန္ပြဲေၾကာင့္ ေက်ာင္းမွ စည္းကမ္းတက် အေရးယူထား​၏။ ေက်ာင္းက သူ႔ကို ေက်ာင္းဆင္းသည္အထိေန၍ စာသင္ႏွစ္တစ္ခုလုံး သန႔္ရွင္းေရးလုပ္ခိုင္းျခင္းျဖင့္ ဒဏ္ေပးထားသည္။ ထိုအခ်ိန္၌ ဆရာမ်ားထဲမွ တစ္ေယာက္က ကၽြန္ေတာ္တို႔အား တြဲဖက္ေပးဖို႔ ေတြးမိသြားခဲ့သည္။ သူတို႔က ကၽြန္ေတာ့္ကို သူ႔အားႀကီးၾကပ္ေပးရန္ အတန္းပိုင္အားအႀကံျပဳခဲ့ျခင္းပင္။ ကၽြန္ေတာ္က ထိုေက်ာင္းသား​၏ သန႔္ရွင္းေရးတာဝန္ကို ၿပီးေအာင္လုပ္ေစၿပီး သူ အဆင့္တက္လာေစရန္ သင္ခန္းစာမ်ားတြင္လည္း တစ္လက္စတည္း ကူညီေပးရမည္ျဖစ္သည္။

ေက်ာင္းသည္ ကၽြန္ေတာ့္ကို အရင္ကတည္းက အမ်ားႀကီး ကူညီေပးခဲ့ၿပီးသားပင္။ ဤသည္မွာ တရားလြန္ေတာင္းဆိုခ်က္လဲ မဟုတ္တာေၾကာင့္ ကၽြန္ေတာ္ မ်ားမ်ားစားစားမေတြးပဲ လက္ခံလိုက္​၏။ အနည္းဆုံးေတာ့ ကၽြန္ေတာ့္ညီမေလးကို အိမ္စာကူေပးရတာေလာက္ ခက္ခဲလိမ့္မည္မဟုတ္။

ရလဒ္ကေတာ့ ေန႔လယ္ခင္းေက်ာင္းဆင္းၿပီးသည္ႏွင့္ ကၽြန္ေတာ္ Celloေလ့က်င့္ရန္ စာသင္ခန္းအလြတ္သို႔ ေရာက္လာခဲ့သည္။ ကၽြန္ေတာ္ တံခါးတြန္းဖြင့္လိုက္ေသာ္ ရန္ခ်င္းကၽြမ္းက ခုံကို ႏွဲ႕၍ထိုင္ေနၿပီး ပ်င္းရိပ်င္းတြဲႏွင့္ ေဘာပင္လွည့္ေနသည္အား ေတြ႕လိုက္ရ​၏။

ကၽြန္ေတာ္ သူ႔ဆီ ေလၽွာက္သြားၿပီးမိမိကိုယ္ကို ေဖာ္ေရြစြာမိတ္ဆက္လိုက္သည္ : " ဟယ္လို ငါက က်ိနင္ ၊ မင္းနားမလည္တဲ့ေမးခြန္းေတြရွိရင္ ငါ့ကို ေမးလို႔ရတယ္။ငါ တတ္နိုင္သေလာက္ ႀကိဳးစားရွင္းျပပါမယ္ "

ရန္ခ်င္းကၽြမ္းက ကၽြန္ေတာ့္ကို တစ္ခ်က္ၾကည့္ၿပီး ထိုင္ခုံေျခေလးဖက္လုံး ေျမေပၚျပန္ခ်လိုက္​၏။ သူက လက္ပိုက္၍ အေရွ႕စာေရးစားပြဲေပၚ ပစ္လွဲထားၿပီး မပီမသအသံႏွင့္ ဆိုလာသည္ : " မင္းဘာသာ Celloက်င့္။ ငါ တေရးအိပ္ဦးမယ္ ငါ့ကို မေႏွာင့္ယွက္နဲ႔ "

ကနဦးမွာ သူက ေတာ္ေတာ္ႀကီးကို မပူးေပါင္းခဲ့ေပ။ ေန႔စဥ္ေန႔တိုင္း အခ်ိန္မွန္ေရာက္လာေသာ္လည္း ကၽြန္ေတာ့္ႏွင့္ ေျပာဆိုဆက္ဆံသည္မ်ိဴးမရွိသလို အိမ္စာလဲ တစ္ခုမွမလုပ္​။ အိပ္၍သာေနသည္။

ဆရာေတြကလဲ သူ ဘာလုပ္လုပ္ ဂ႐ုစိုက္ဟန္မတူေပ။ " ျပႆနာမရွာရင္ပဲ ေက်းဇူးအထူးတင္ေနရပါ​ၿပီ " ဟူေသာ စိတ္ထားမ်ိဴးျဖင့္ ကၽြန္ေတာ့္​၏ က်ဴရွင္ျပခရီးစဥ္ကို ဘယ္ေသာအခါမွ မေမးၾက။

ကၽြန္ေတာ္က မ်ားေသာအားျဖင့္ ညေနခင္း ၇နာရီအထိေနၿပီးမွ ျပန္တတ္ေလ့ရွိသည္။ ကၽြန္ေတာ္ Celloႏွင့္ ဘိုးတံအားဖယ္လိုက္သည္ႏွင့္ ရန္ခ်င္းကၽြမ္းကလဲ အေၾကာဆန႔္၍ နိူးလာတတ္​၏။ ၿပီးလၽွင္ သူက ေက်ာပိုးအိတ္ကိုလြယ္၍ ကၽြန္ေတာ့္အရင္ထြက္သြားတတ္သည္။

ပထမတုန္းကသူ ဘယ္သူ႔အတြက္ ရွိုးလုပ္ေနသလဲ ကၽြန္ေတာ္ ဇေဝဇဝါႏွင့္နားမလည္ခဲ့။ ေနာက္ပိုင္းမွ သူဟာ သူ႔အဘြားအတြက္ လုပ္ေနခဲ့မွန္း သိခဲ့ရပါသည္။

အဘြားအိုက ရန္ခ်င္းကၽြမ္းတစ္ေယာက္ အလြယ္တကူထိန္းေက်ာင္းလို႔မရမွန္း သတိျပဳမိဟန္တူသည္။ ေက်ာင္းဆင္းသည္ႏွင့္ သူ႔ေျမးအတြက္ အိမ္စာကူေပးရန္ ေက်ာင္းက လူတစ္ေယာက္ရွာေပးထားမွန္း သိေသာ္ သူမ အလြန္ေပ်ာ္ရႊင္ေနခဲ့​၏။ မိုးရြာစဥ္တစ္ခါက သူမဟာ ေက်ာင္းကို ထီးအပိုတစ္လက္ႏွင့္ ေရာက္လာၿပီး ကၽြန္ေတာ့္လက္ကို ဆုပ္ကိုင္ရင္း ေက်းဇူးတင္စကားေတြ အၾကာႀကီးေျပာခဲ့ဖူးသည္။

ေနာက္ပိုင္း ရန္ခ်င္းကၽြမ္း ေက်ာင္းထြက္သြားၿပီးေနာက္ ကၽြန္ေတာ္ သူ႔ကို အိမ္လိုက္ရွာဖို႔ ႀကိဳးစားခဲ့သည္။ ထိုအခါမွ သူ႔အဘြားက ကြယ္လြန္သြားၿပီျဖစ္ကာ သူသည္လည္း ဘယ္ဆီဘယ္ဝယ္မွန္း မသိေတာ့တာကို သိခဲ့ရတာပင္။

လသာေဆာင္တံခါးကို တစ္ခုခု လာမွန္သလိုမ်ိဳး ထူးဆန္းတိုးညႇင္းသည့္အသံတစ္ခု ကၽြန္ေတာ့္အခန္းအျပင္မွ ႐ုတ္ျခည္း ထြက္ေပၚလာ​၏။ ယင္းက ကၽြန္ေတာ့္ကို မွတ္ဉာဏ္ေဟာင္းေတြထဲမွ ဆြဲထုတ္ကာ လက္ေတြ႕ကို ျပန္ေရာက္လာေစခဲ့သည္။

ကၽြန္ေတာ္ မီး မဖြင့္ရေသး။ ယင္းအစား မ်က္မွန္ေကာက္တပ္ကာ ဖိနပ္ပါးကို စီးလ်က္ စစ္ေဆးဖို႔ အိပ္ရာထဲမွ ထြက္လာခဲ့သည္။

လသာေဆာင္သစ္သားတံခါးအား အခန္းအတြင္းဘကက္သို႔ သာသာေလး ဖြင့္ၾကည့္လိုက္​၏။ အျပင္ဘက္၌ မိုးစဲေနၿပီျဖစ္ၿပီး ဆားပါသည့္ ပင္လယ္ေလညႇင္းက ကၽြန္ေတာ့္ဆံပင္ေတြကို လြင့္ခနဲ႔ျဖတ္တိုက္ကာ ေအာက္ထပ္မွ ဆူညံသံေပါင္းစုံကို သယ္ေဆာင္လာခဲ့လ်က္။

ဉာဉ့္နက္ေနၿပီကို ဘာလို႔ ခုထိ ဆူေနတုန္းလဲ ?

ကၽြန္ေတာ္ ေခါင္းထိုး၍ ေအာက္မွာ ဘာျဖစ္ေနသလဲ ၾကည့္မည္အျပဳ ၊ အျပင္ဘက္ေျခတစ္လွမ္းခ်လိုက္သည္ႏွင့္ ခ်က္ခ်င္း လက္ဖဝါးႀကီးတစ္ဖက္က ေဘးမွထြက္လာကာ ကၽြန္ေတာ့္ႏွာေခါင္းႏွင့္ပါးစပ္ကို တင္းတင္းပိတ္ပစ္လိုက္​၏။ လည္ပင္း၌ ေအးစက္လွသည့္အထိအေတြ႕တစ္ခု။

ေဆးရြက္ႀကီးနံ႔က မိုးနံ႔ႏွင့္ ေရာေထြးကာ ကၽြန္ေတာ့္ႏွာေခါင္းထဲတိုးဝင္လာခဲ့သည္။ မ်က္လုံးေတြျပဴးက်ယ္သြားလ်က္ ကၽြန္ေတာ္ အလြန္ေၾကာက္သြားၿပီး အသံတစ္ခ်က္ပင္မထြက္နိုင္ေတာ့။ ခႏၶာကိုယ္က ေတာင့္တင္းလြန္းလို႔ အသက္ရွုသံေတြပင္ ရပ္ကုန္ေတာ့သည္။

ေလျပင္းထန္၍ ေမွာင္မည္းေသာည ၊ ႏွင္းမုန္တိုင္းစံအိမ္ ပုံစံမ်ိဳးႏွင့္.... လူသူမရွိတဲ့ကၽြန္းေပၚမွာ အသတ္ခံရေတာ့မွာလား ?

စကၠန႔္ အနည္းငယ္အတြင္း ရွင္းမျပနိုင္ဖြယ္ ကေမာက္ကမအေတြးေတြအမ်ားႀကီး ကၽြန္ေတာ့္စိတ္ထဲ ေရာက္လို႔လာ​၏။

" ဘာသံမွ မထြက္နဲ႔ " တစ္ဖက္လူက အက္ရွသည့္အသံႏွင့္ဆိုလ်က္ ကၽြန္ေတာ့္ကို အခန္းထဲတြန္းကာ ေထာင့္စြန္းသို႔ တြန္းပို႔လိုက္​၏။

ဒီအသံက......

ကၽြန္ေတာ္ ေခါင္းေထာင္ၾကည့္လိုက္ရာ အျပင္ဘက္မွ မီးေရာင္ေတြအကူျဖင့္ တစ္ဖက္လူႏွင့္ မ်က္လုံးခ်င္းဆုံလိုက္ရ​၏။

ရန္ခ်င္းကၽြမ္းသည္လည္း ကၽြန္ေတာ္ႏွင့္ တိုက္တိုက္ဆိုင္ဆိုင္ေတြ႕ရမည္ဟု ထင္ထားဟန္မတူ။ အံ့ဩမွုအရိပ္အေယာင္တစ္ခ်က္ သူ႔မ်က္လုံးထဲ ျဖတ္ေျပးသြားၿပီး ကၽြန္ေတာ့္လည္ပင္းက ဓားေျမႇာင္ကို ဆတ္ခနဲ႔ဖယ္လိုက္ေလသည္။

၁၂နာရီအတြင္းမွာပဲ ကၽြန္ေတာ္တို႔ ထူးထူးဆန္းဆန္းေနရာမွာ ထပ္ဆုံရျပန္ၿပီ။ သို႔တိုင္ ဉာဉ့္နက္မွ သူက ဘာလို႔ ကၽြန္ေတာ့္လသာေဆာင္မွာ ေပၚလာရသနည္း ? သူ ေတြးေလေလ ၊ သူ ကၽြန္ေတာ့္ကို စက္ဆုပ္ေလေလျဖစ္မွန္း သေဘာေပါက္လိုက္ၿပီး ႏွုတ္ပိတ္သည့္နည္းႏွင့္ သတ္ဖို႔လာတာမ်ားလား ?

ကၽြန္ေတာ့္ စိတ္ကူးေတြ ပိုၿပီးမရင့္သန္ေသးခင္ စႀကႍလမ္းတစ္ေလၽွာက္က တံခါးေတြကို တဗိုင္းဗိုင္းထုသည့္ အသံမ်ား ထြက္ေပၚလာသည္။ တံခါးထုသံမ်ားက နီးသထက္နီးလာၿပီး အခန္းတြင္း စစ္ေဆးေရးျဖစ္ပုံရသည္။

ႏွာေခါင္းႏွင့္ ပါးစပ္ကို အုပ္ထားေသာ လက္က ႐ုတ္ျခည္း အားတိုးလာ​၏။ ရန္ခ်င္းကၽြမ္းက စိုးရိမ္ေနသည့္အမူအရာမ်ိဴးျဖင့္ အခန္းတံခါးကို စိုက္ၾကည့္ေနခဲ့သည္။

" တံခါးဖြင့္စမ္း ! တံခါးဖြင့္ ! "

" အိပ္မေနၾကနဲ႔ ျမန္ျမန္တံခါးဖြင့္ၾကစမ္း ! "

အျပင္ဘက္၌ ႐ုတ္႐ုတ္သဲသဲျဖစ္ေနသည္က ပိုနီးလာ​၏။ ရန္ခ်င္းကၽြမ္း​၏ ႂကြက္သားေတြ တျဖည္းျဖည္း တင္းလာသည္မွာ ခုန္ထြက္၍ တိုက္ခိုက္ရန္ျပင္ေနေသာ သတိအျပည့္ရွိ က်ားသစ္တစ္ေကာင္ပမာ။

သည္လူေတြက ရန္ခ်င္းကၽြမ္းကို လိုက္ရွာေနတာပင္။ သည္အေတြး ကၽြန္ေတာ့္ေခါင္းထဲဝင္လာသည္ႏွင့္ခ်က္ခ်င္း ရန္ခ်င္းကၽြမ္းက ကၽြန္ေတာ့္ကိုခ်ဳပ္ထားသည္အား လႊတ္ေပးကာ အိပ္ရာဆီဆြဲေခၚ၍ တြန္းလွဲခ်လိုက္​၏။

ကၽြန္ေတာ္ အိပ္ရာေဖာင္းေဖာင္းႀကီးေပၚ လဲက်သြားရသည္။ မတုံ႔ျပန္န္ိုင္ေသးခင္ သူက ကၽြန္ေတာ့္ကို တက္ခြကာ သူ႔အဝတ္ကို စခၽြတ္လိုက္​၏။

" ငါ့ကိုကူ "

ေဟာဟဲလိုက္ရင္း သူက ရွပ္အကၤ်ီကို အျမန္ခၽြတ္ကာ ေဘာင္းဘီကို ေလၽွာ့လိုက္သည္။ သူ႔အမူအရာမွာ ႏြမ္းနယ္ေနေသာ္လည္း အသံကေတာ့ လြန္စြာ တည္ၾကည္​၏ : " ဒီညၿပီးတာနဲ႔ ငါတို႔ႏွစ္ေယာက္ၾကားမွာ ျဖစ္ပ်က္ခဲ့သမၽွကိစၥတိုင္းကို ေလၽွာ္ေပးလိုက္မယ္။ "

ကၽြန္ေတာ့္ဦးေႏွာက္မွာ ႐ုတ္ျခည္းေျပာင္းလဲသြားေသာျဖစ္ရပ္ေတြႏွင့္ျပည့္ကာ ခဏမၽွ အလုပ္မလုပ္နိုင္ေတာ့။ထို႔ေၾကာင့္ သူဆိုလိုခ်င္သည္အား အမွန္တကယ္ နားမလည္နိုင္ေသး။

မည္သို႔ဆိုေစ ရန္ခ်င္းကၽြမ္းက ကၽြန္ေတာ္ဘာမွ မေျပာရေသးခင္ ကၽြန္ေတာ့္အဝတ္ေတြကို ဆြဲခၽြတ္ေနၿပီျဖစ္သည္။ သူ႔အျပဳအမူေတြက ျမန္ဆန္လြန္းတာေၾကာင့္ ကၽြန္ေတာ့္ရွပ္ၾကယ္သီးႏွစ္လုံးကိုပင္ ဆြဲျဖဲပစ္လိုက္​၏။

" တံခါးဖြင့္စမ္း ! " ထိုအခိုက္ဝယ္ အခန္းစစ္ေဆးေရးက ကၽြန္ေတာ့္တံခါးအျပင္ဘက္သို႔ ေရာက္လာၿပီပင္။

အဝတ္ေတြမွ ျဖတ္၍ ရန္ခ်င္းကၽြမ္း​၏ဓားေျမႇာင္က စကားလုံးေတြကို ေသခ်ာေရြးေျပာရန္ သတိေပးခ်က္သဖြယ္ ကၽြန္ေတာ့္ခါးကို ေထာက္ထားမွန္း ခံစားမိေနသည္။

" တံခါးျမန္ျမန္ဖြင့္စမ္း ! မင္း မဖြင့္ရင္ ငါတို႔ အင္အားသုံးဖြင့္ရလိမ့္မယ္ ! "

တံခါးအား တဗုန္းဗုန္းရိုက္သံေတြက ပိုဆူလာ​၏။ရန္ခ်င္းကၽြမ္းက အသံတိတ္ တံခါးဆီကိုေမးေငါ့ျပကာ ေျဖဖို႔အခ်က္ျပလာသည္။

သူေအာက္တြင္ ေက်ာခ်လွဲေနရရင္း ကၽြန္ေတာ္ တံေတြးမ်ိဳခ်လိုက္ၿပီး အသံျမႇင့္ေမးမိ​၏ : " ဘာလို႔လဲ ? "

အျပင္ဘက္ရွိလူမွာ တံခါးကို အျပင္းအထန္ထုရိုက္ေနၿပီး ဆိုသည္ : " ငါတို႔ဝင္လာၿပီး တစ္ခ်က္ၾကည့္မွရမွာမို႔ ၊ ျမန္ျမန္ တံခါးဖြင့္ေပး ! "

" အခုက...အ... အဆင္မေျပဘူး "

" ဘာကို ေစာက္အဆင္မေျပစရာရွိလဲ ? တအားေတြ ႏုရြျပမေနနဲ႔ ! ေလာင္ဇစ္ကို တံခါးဖြင့္ေပးစမ္း..... "

အျပင္ဘက္၌ တိကနဲ႔တိတ္သြားၿပီးမွ မတူသည့္ အမ်ိဳးသားအသံတစ္သံက ႐ုတ္တရက္ စကားဆိုသည္။ ဤတစ္ေယာက္က က်န္တစ္ေယာက္က္ ပိုဩ၍ ေအးတိေအးစက္နိုင္ပါ​၏ : " အင္အားသုံးဖြင့္လိုက္ "

ထိုအသံ စကားေျပာလိုက္သည္ႏွင့္တၿပိဳင္နက္ ရန္ခ်င္းကၽြမ္းဟာ ႏွုတ္ခမ္းေတြ အတန္ငယ္ ေစ့တင္းသြား​၏။ ထို႔ေနာက္ သူက ကၽြန္ေတာ့္လက္ေကာက္ဝတ္ႏွစ္ဖက္လုံးကို စုကိုင္လ်က္ ေခါင္းအထက္တြင္ ခ်ဳပ္ထားၿပီး ေခါင္းငုံ႔ကာ ကၽြန္ေတာ့္လည္ပင္းအား ကိုက္ခဲလာေတာ့သည္။

က်ဥ္းက်ဳတ္၍ ဖရိုဖရဲျဖစ္ေနေသာ တစ္ေယာက္အိပ္ ကုတင္ေလးေပၚတြင္ ရန္ခ်င္းကၽြမ္းက သူ​၏ ေတာင့္တင္းလွေသာ ႂကြက္သားမ်ားႏွင့္ အေပၚပိုင္းကိုယ္ကို ေဖာ္ထားလ်က္ ကၽြန္ေတာ့္အေပၚမွာ တက္ခြထားသည္။ ထိုအခ်ိန္၌ ကၽြန္ေတာ့္ ရင္ဘတ္ကေတာ့ အက်ယ္ႀကီးပြင့္ေနၿပီး အသဲအသန္ပင့္သက္ရွိုက္ရင္း အမည္မသိအေၾကာင္းအရင္းတခ်ိဳ႕ေၾကာင့္ ကၽြန္ေတာ့္ခါးကို ခုံးထားမိ​၏။

ကၽြန္ေတာ္တို႔အခန္းတံခါး အျပင္မွ ကန္ဖြင့္ခံလိုက္ရခ်ိန္၌ ေရာက္ရွိလာၾကသူမ်ားအတြက္ ဤသို႔ေသာ မေရမရာျမင္ကြင္းတစ္ခုကို တင္ဆက္လိုက္ရေလေတာ့သည္။

______________________________________________________________________

TN : ဟယ္ မဟုတ္ေသးပါဘူး:3

Exclusive Love က်န္တဲ့ တစ္ပိုင္းျဖတ္ၿပီးမွ ျပန္လာခဲ့ပါမယ္ ဘိုင့္ ~

Continue Reading

You'll Also Like

506K 73.1K 53
I never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်...
423K 10.2K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
422K 35.8K 30
စွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန...
7.7K 511 11
Associated Name- 纸飞机, Paper Plane Author- 潭石 Total Chapter- 119chapters + 2extras