Switch

Par Hay_Mern_Ko

7K 747 319

When an Unexpected Change Occurred Between You and Your Rival. Start Date - 4 Oct 2023 ( Wed ) End Date - 12... Plus

Prologue
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Epilogue
Farewell

Chapter - 19

129 15 6
Par Hay_Mern_Ko

Unicode

အပိုင်း ၁၉။ ရေစက်

ပြိုင်ပွဲများစွာတွင် အရွေးချယ်ခံခဲ့ရသည့် ဝမ်ရိပေါ်က ကျောင်းတွင် လွန်စွာကို သတင်းမွှေးနေပြီး ကျောင်းသားများကြားတွင်သာမက ဆရာများကြားတွင်ပါ နာမည်ကျော်ကြားလာသည်။ ဆရာများကလည်း မသိမသာရော၊ သိသိသာသာကိုပါ ဝမ်ရိပေါ်ကို ပိုအလေးပေးလာပြီး အခြားကျောင်းသားများကို စံနမူနာ ယူခိုင်းလေ့ရှိသည်။ ကျောင်းသားအချို့က ဝမ်ရိပေါ်ကို ပိုလေးစားလာကြပါသော်ငြား အချို့ကတော့ ကြက်ကန်းဆန်အိုးတိုးသွားရုံသာပဲဆိုပြီး ပို၍မျက်မုန်းကျိုးလာကြသည်။ လပတ်စာမေးပွဲထပ်ဖြေရသည့်အခါ ဝမ်ရိပေါ်က အဆင့်တစ်နေရာကို ပြန်ရယူသွားခဲ့သည်မို့ သူတို့၏ ပါးစပ်ပေါက်လေးများမှာ ခေတ္တမျှ ပိတ်သွားခဲ့ရပြီး ဆရာများထံမှာ ဝမ်ရိပေါ် ဆိုသည့် နာမနှင့်ပက်သတ်ပြီး ချီးကျူးစကားများကို အတန်းတိုင်းက နားကြားပြင်းကပ်အောင် နားထောင်ခဲ့ရလေ၏။

ရှောင်းကျန့်က ပထမဆုံး သူ့ကြိုးစားမှုကြောင့် ရလာသည့် လုပ်အားခလေးကို သေချာဆုပ်ကိုင်၍ အိမ်သို့ မြောက်ကြွမြောက်ကြွပြန်လာခဲ့သည်။ သူ့ရင်ထဲတွင် ဖော်မပြနိုင်သည့် ပီတိမျိုးကို ခံစားနေရပြီး ဖြစ်နိုင်လျှင် သူ၏ပထမဆုံးလစာကို ရွှေချ၍သာ အလှကြည့်ချင်ပါတော့သည်။ မဖြစ်နိုင်သည့်အရာမှန်းတွေးမိသည့်အခါ ရှောင်းကျန့်က သက်ပြင်းဖွဖွချသည်။ သူ့ကြောင့် ဆုံးရှုံးသွားရသည့် ဝမ်ရိပေါ်၏ အလုပ်ကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက် ဤအလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သောကြောင့် ရရှိလာသောလစာကို အဖေဝမ်ကိုသာ အပ်ရလေမည်။ အကြွေးဆပ်ရန်ကူညီပေးနိုင်လျှင်လည်း နည်းသည်မှမဟုတ်ပါချေ။

ရှောင်းကျန့်က အဖေဝမ်ကို လစာအပ်သည့်အခါ အဖေဝမ်ကို သူ့ကို နားမလည်သည့်ပုံဖြင့် ကြည့်လာသောကြောင့် ရှောင်းကျန့်မှာ ဖြေရှင်းချက်ပေးရသည်။

" ကျွန်တော့်လခနဲ့ အကြွေးတွေကို ကူဆပ်ပေးချင်လို့ "

" ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးဖို့ယူထားပါ။ ဟိုတစ်ခေါက် ပြိုင်ပွဲတွေကရတဲ့ဆုကြေးတွေတောင် အဖေ့ကိုပေးထားတဲ့ဟာကို။ သည်လခတော့ အဖေမယူနိုင်ပါဘူး "

" ကျွန်တော်သုံးဖို့ ချန်ထားတာမလို့ အဖေစိတ်ချလက်ချသိမ်းထားလိုက်ပါ "

ထိုအခါ အဖေဝမ်ကို ဖောင်းကားနေသည့် စာအိတ်ကို ဖွင့်ကြည့်၍ ပိုက်ဆံများကို ထုတ်ရေသည်။

" အလုပ်အသစ်က သည်လောက်အများကြီးတောင် ရတာလား။ သားအတွက်ရော ချန်ထားလို့လား။ အဖေ့ကိုမလိမ်ပါနဲ့ "

ရှောင်းကျန့်က သူ့အတွက် စိတ်ပူနေပုံရသည့် အဖေဝမ်ကို အပြုံးတစ်ခုပါလက်​ဆောင်ထပ်ပေးရင်း သူ့အိပ်ကပ်ထဲမှ သူယူထားသည့် တစ်လမုန့်ဖိုးကို ထုတ်ပြလိုက်သည်။ ထိုအခါ အဖေဝမ်က တော်တော်လေးကို အံ့ဩသွားပုံရသည်။

" သား ဘာအလုပ်တွေလုပ်နေတာလဲ "

စိုးရိမ်စိတ်တွေ မပျောက်သေးသည့် မျက်ဝန်းက သူ့သားမဟုတ်တာတစ်ခုခုလုပ်မည်ကို စိုးရိမ်နေသယောင်။

" သား ပြိုင်ပွဲတွေမှာ အရွေးခံရတော့ သူငယ်ချင်းမလေးတစ်ယောက်က သူလည်း စန္ဒယားဝါသနာပါတာမလို့ သင်ပေးပါဆိုပြီး ကျွန်တော့်ကို ဂိုက်အဖြစ်ငှားလို့။ သူကချမ်းသာတယ်လေ။ အဲ့ဒါကြောင့် ကျွန်တော့်ကို သည်လောက်ပေးနိုင်တာ "

ထိုအခါမှ စိတ်သက်သာရာရသွားပုံရသည့် အဖေဝမ်က ခပ်ဖွဖွပြုံးသည်။

" အဖေ့သားက တကယ့်ကို လူတော်လေးပဲ။ အနာဂတ်မှာ ထွန်းဖောက်မှာသေချာတယ် "

" သေချာတာပေါ့ "

ဂုဏ်ယူဝံ့ကြွားစွာနှင့်ပြောလာသည့် အဖေဝမ်ကို ရှောင်းကျန့်က ယုံကြည်မှုရှိစွာပြန်ပြောလာသည်မို့ အဖေဝမ်က သဘောတကျရယ်သည်။

" ဟုတ်ပါပြီဗျာ။ ညစာအဆင်သင့်ပဲနော်။ အဖေ သားအတွက် နွှေးထားပြီးသား "

" အင်း ကျွန်တော် ခဏနေ လာစားလိုက်မယ် "

ရှောင်းကျန့်က သူ၏နေ့ရက်များကို ကိုယ်တိုင်ဆွဲထားသည့် နေ့စဉ်အချိန်ဇယားအတိုင်း လုပ်ဆောင်သည်။ မနက်ဖြန်ကျလျှင်တော့ ပိတ်ရက်ပြန်ရောက်ပြီမို့ သူ့မှာ အားလပ်ချိန်ပေါများလာတော့မည်ဖြစ်ပါသော်လည်း အင်္ဂလိပ်စာအတွက် အဖွဲ့လိုက်ပရောဂျက်လုပ်စရာရှိသောကြောင့် သူအိမ်မှာနားနားနေနေတော့ နေနိုင်မယ်မဟုတ်ပါချေ။ သူတို့အဖွဲ့ထဲတွင် သူ၏ရှောင်းသခင်လေးခန္ဓာကိုယ်နှင့် ဝမ်ရိပေါ်နှင့် မော့ပေကျစ်တို့ပါ ပါနေသောကြောင့် သူတို့က ရှောင်းအိမ်တော်မှာတွေ့ရန် ချိန်းဆိုထားကြသည်။ သူတို့နှင့်ဆုံသည်ကလည်း တော်ရုံရေစက်တော့ မဟုတ်ပါပေ ဟု ရှောင်းကျန့်က တိတ်တဆိတ်တွေးလိုက်မိသည်။

နောက်တစ်ရက်တွင် ရှောင်းကျန့်က ပရောဂျက်အကူအညီနှင့် ရှောင်းအိမ်တော်ကို ပြန်လည်ရောက်ရှိလာနိုင်ခဲ့ပြီး သူ့ပါးနှင့်မားတို့နှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။ သူရောက်သည့်အချိန်တွင် သူ့မိဘများက ကုမ္ပဏီသွားရန်ပြင်နေသောကြောင့် ခဏသာ တွေ့ခဲ့ရပါသော်လည်း သူ၏ရင်ထဲ၌ ဖော်မပြနိုင်သည့်လွမ်းဆွတ်မှုဝေဒနာကို သယ်ပိုးထားရသည်။ ဆက်ပြီးသာတွေ့နေရပါက သူ ရှောင်းပါးနှင့်မားတို့ကို ပြေးဖက်မိမည်ထင်ပါသည်။

" ကျန်တဲ့နှစ်ယောက်က မလာကြတော့ဘူးလားဟ "

ပရောဂျက်အဖွဲ့တစ်ဖွဲ့စီတွင် အဖွဲ့ဝင်ငါး​​ယောက်ပါရှိပြီး ရှောင်းကျန့်၊ ဝမ်ရိပေါ်နှင့် မော့ပေကျစ်တို့က ရောက်ရှိနေပြီဖြစ်ပါသော်လည်း ကျန်နှစ်ယောက်ကတော့ အရိပ်ပင်မမြင်ရသေးပါချေ။ မော့ပေကျစ်၏ စိတ်မရှည်သံကိုကြည့်ပြီး ရှောင်းကျန့်က ခေါင်းခါ၍ သက်ပြင်းချသည်။

" သူတို့လာမှာမဟုတ်တော့ဘူးလို့ငါပြောသားပဲ။ အဲ့နှစ်ယောက်က ပရောဂျက်လုပ်တိုင်း သိပ်ပြီးမပါဝင်ကြဘူး။ အရင်နှစ်တွေက ငါတို့အတူတူလုပ်ရတုန်းကလည်း အကြောင်းပြချက်ကိုယ်စီနဲ့ မလာကြဘူး။ သည်လို ပိတ်ရက်မျိုး ချိန်းတာဆို ပြောစရာတောင်မလိုဘူး။ မျှော်မနေနဲ့ "

သူ၏စကားကြောင့် မော့ပေကျစ်က ဒေါသထွက်နေပုံမှ အံ့ဩသွားဟန်ပြောင်းသွားသည်။

" မင်းက ဒီနှစ်မှကျောင်းပြောင်းလာတာမလား "

" .... "

ရှောင်းကျန့်၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူ့ရင်ဘတ်ထဲမှ နှလုံးက ကြောက်စရာကောင်းလောက်အောင်ပင် တုန်လှုပ်နေပြီး အပြင်သို့ ထွက်ကျလာမလိုပင် ခံစားနေရသည်။ သူက အခု ဝမ်ရိပေါ်ခန္ဓာကိုယ်နှင့်ဆိုသည်ကိုမေ့လျော့သွားပြီး လက်လွတ်စပယ်ပြောလိုက်မိလေပြီ။ ရှောင်းကျန့်က တံတွေးတစ်ချက်မျိုချ၍ ဝမ်ရိပေါ်အစစ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ ဝမ်ရိပေါ်ကလည်း သူ့လိုပဲ စိတ်လှုပ်ရှားနေဟန်ပေါ်၏။

" ငါ...ငါပြောတာက မူလတန်းတုန်းက သူတို့နဲ့တစ်ခန်းတည်းကျဖူးတယ် "

ထိုအခါ ​မော့ပေကျစ်က မျက်ခုံးတစ်ဖက်ပင့်ကြည့်ပြီးနောက် ခေါင်းညိတ်ပြလာသည်။ ပြောရင်းဆိုရင်းနှင့်ပင် ပရောဂျက်အတွက် ဖွဲ့ထားသည့်အဖွဲ့ထဲမှ စာဝင်လာသည်။

[ ရော့ပင်း ] ငါသည်နေ့ နေမကောင်းလို့ မလာနိုင်တော့ဘူး။ အားနာပါတယ်နော်။

[ ဝေ့ချီ ] သည်နေ့ မိသားစုလိုက် အပြင်သွားစရာရှိတာမလို့ မလာနိုင်တော့ဘူးထင်ပါတယ်။ တောင်းပန်ပါတယ်။

သူတို့အားလုံး မက်ဆေ့ဝင်သံကြောင့် ဖုန်းဖွင့်ကြည့်လိုက်ပြီးနောက် မော့ပေကျစ်က စိတ်မဝင်စားစွာနှင့် မျက်စံကို လှိမ့်လိုက်သည်။

" ပရောဂျက်မှာ သူတို့နာမည်တွေမထည့်နဲ့တော့ "

" မထည့်လို့မှမရတာ။ ဆရာမက အဖွဲ့ဝင်တွေအကုန်မထည့်ဘူးဆိုပြီး ပြောမှာပေါ့ "

မော့ပေကျစ်၏စကားကို ရှောင်းကျန့်က စိတ်ဓာ​တ်ကျစွာ ပြန်ထောက်သည့်အခါ မော့ပေကျစ်က ပိုလို့တောင် မျက်မှောင်ကြုတ်သွားသည်။

" သူတို့မလုပ်လို့မထည့်တာလေ။ လုပ်ရင်ထည့်မှာပေါ့။ ဆရာမမေးရင် ငါ့နာမည်သာပြောလိုက်။ မကျေနပ်လို့ အုပ်ထိန်းသူခေါ်လည်း ရှင်းရမှာပဲ။ မလုပ်တဲ့လူတွေကို အမှတ်ခွဲမပေးနိုင်ဘူး "

မော့ပေကျစ်၏ ပေကပ်ကပ်စကားကြောင့် ရှောင်းကျန့်က ရယ်သာရယ်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူလည်း မပါဝင်သည့်လူများကို အမှတ်ခွဲပေးရသည်ကို မကြိုက်ပါချေ။ သို့သော် ထိုကိစ္စကို မိဘများအား ပြောပြစဉ်တိုင်း သူ့မိဘများက ကိုယ်လုပ်လျှင်ကိုယ်ပိုရသည် ဟူ၍သာ အမြဲနှစ်သိမ့်လေ့ရှိသောကြောင့်သာ နောက်ပိုင်းတွင် ထိုလူများကို လျစ်လျူရှုခဲ့ခြင်းဖြစ်သည်။

*  *  *  *  *

Zawgyi

အပိုင္း ၁၉။ ေရစက္

ၿပိဳင္ပြဲမ်ားစြာတြင္ အေ႐ြးခ်ယ္ခံခဲ့ရသည့္ ဝမ္ရိေပၚက ေက်ာင္းတြင္ လြန္စြာကို သတင္းေမႊးေနၿပီး ေက်ာင္းသားမ်ားၾကားတြင္သာမက ဆရာမ်ားၾကားတြင္ပါ နာမည္ေက်ာ္ၾကားလာသည္။ ဆရာမ်ားကလည္း မသိမသာေရာ၊ သိသိသာသာကိုပါ ဝမ္ရိေပၚကို ပိုအေလးေပးလာၿပီး အျခားေက်ာင္းသားမ်ားကို စံနမူနာ ယူခိုင္းေလ့ရွိသည္။ ေက်ာင္းသားအခ်ိဳ႕က ဝမ္ရိေပၚကို ပိုေလးစားလာၾကပါေသာ္ျငား အခ်ိဳ႕ကေတာ့ ၾကက္ကန္းဆန္အိုးတိုးသြား႐ုံသာပဲဆိုၿပီး ပို၍မ်က္မုန္းက်ိဳးလာၾကသည္။ လပတ္စာေမးပြဲထပ္ေျဖရသည့္အခါ ဝမ္ရိေပၚက အဆင့္တစ္ေနရာကို ျပန္ရယူသြားခဲ့သည္မို႔ သူတို႔၏ ပါးစပ္ေပါက္ေလးမ်ားမွာ ေခတၱမွ် ပိတ္သြားခဲ့ရၿပီး ဆရာမ်ားထံမွာ ဝမ္ရိေပၚ ဆိုသည့္ နာမႏွင့္ပက္သတ္ၿပီး ခ်ီးက်ဴးစကားမ်ားကို အတန္းတိုင္းက နားၾကားျပင္းကပ္ေအာင္ နားေထာင္ခဲ့ရေလ၏။

ေရွာင္းက်န့္က ပထမဆုံး သူ႕ႀကိဳးစားမႈေၾကာင့္ ရလာသည့္ လုပ္အားခေလးကို ေသခ်ာဆုပ္ကိုင္၍ အိမ္သို႔ ေျမာက္ႂကြေျမာက္ႂကြျပန္လာခဲ့သည္။ သူ႕ရင္ထဲတြင္ ေဖာ္မျပနိုင္သည့္ ပီတိမ်ိဳးကို ခံစားေနရၿပီး ျဖစ္နိုင္လွ်င္ သူ၏ပထမဆုံးလစာကို ေ႐ႊခ်၍သာ အလွၾကည့္ခ်င္ပါေတာ့သည္။ မျဖစ္နိုင္သည့္အရာမွန္းေတြးမိသည့္အခါ ေရွာင္းက်န့္က သက္ျပင္းဖြဖြခ်သည္။ သူ႕ေၾကာင့္ ဆုံးရႈံးသြားရသည့္ ဝမ္ရိေပၚ၏ အလုပ္ကို ျပန္လည္ျဖည့္တင္းေပးဖို႔အတြက္ ဤအလုပ္ကို လုပ္ခဲ့ျခင္းျဖစ္ေသာေၾကာင့္ ရရွိလာေသာလစာကို အေဖဝမ္ကိုသာ အပ္ရေလမည္။ အေႂကြးဆပ္ရန္ကူညီေပးနိုင္လွ်င္လည္း နည္းသည္မွမဟုတ္ပါေခ်။

ေရွာင္းက်န့္က အေဖဝမ္ကို လစာအပ္သည့္အခါ အေဖဝမ္ကို သူ႕ကို နားမလည္သည့္ပုံျဖင့္ ၾကည့္လာေသာေၾကာင့္ ေရွာင္းက်န့္မွာ ေျဖရွင္းခ်က္ေပးရသည္။

" ကြၽန္ေတာ့္လခနဲ႕ အေႂကြးေတြကို ကူဆပ္ေပးခ်င္လို႔ "

" ကိုယ္ရွာတဲ့ပိုက္ဆံကိုယ္သုံးဖို႔ယူထားပါ။ ဟိုတစ္ေခါက္ ၿပိဳင္ပြဲေတြကရတဲ့ဆုေၾကးေတြေတာင္ အေဖ့ကိုေပးထားတဲ့ဟာကို။ သည္လခေတာ့ အေဖမယူနိုင္ပါဘူး "

" ကြၽန္ေတာ္သုံးဖို႔ ခ်န္ထားတာမလို႔ အေဖစိတ္ခ်လက္ခ်သိမ္းထားလိုက္ပါ "

ထိုအခါ အေဖဝမ္ကို ေဖာင္းကားေနသည့္ စာအိတ္ကို ဖြင့္ၾကည့္၍ ပိုက္ဆံမ်ားကို ထုတ္ေရသည္။

" အလုပ္အသစ္က သည္ေလာက္အမ်ားႀကီးေတာင္ ရတာလား။ သားအတြက္ေရာ ခ်န္ထားလို႔လား။ အေဖ့ကိုမလိမ္ပါနဲ႕ "

ေရွာင္းက်န့္က သူ႕အတြက္ စိတ္ပူေနပုံရသည့္ အေဖဝမ္ကို အၿပဳံးတစ္ခုပါလက္​ေဆာင္ထပ္ေပးရင္း သူ႕အိပ္ကပ္ထဲမွ သူယူထားသည့္ တစ္လမုန့္ဖိုးကို ထုတ္ျပလိုက္သည္။ ထိုအခါ အေဖဝမ္က ေတာ္ေတာ္ေလးကို အံ့ဩသြားပုံရသည္။

" သား ဘာအလုပ္ေတြလုပ္ေနတာလဲ "

စိုးရိမ္စိတ္ေတြ မေပ်ာက္ေသးသည့္ မ်က္ဝန္းက သူ႕သားမဟုတ္တာတစ္ခုခုလုပ္မည္ကို စိုးရိမ္ေနသေယာင္။

" သား ၿပိဳင္ပြဲေတြမွာ အေ႐ြးခံရေတာ့ သူငယ္ခ်င္းမေလးတစ္ေယာက္က သူလည္း စႏၵယားဝါသနာပါတာမလို႔ သင္ေပးပါဆိုၿပီး ကြၽန္ေတာ့္ကို ဂိုက္အျဖစ္ငွားလို႔။ သူကခ်မ္းသာတယ္ေလ။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္ကို သည္ေလာက္ေပးနိုင္တာ "

ထိုအခါမွ စိတ္သက္သာရာရသြားပုံရသည့္ အေဖဝမ္က ခပ္ဖြဖြၿပဳံးသည္။

" အေဖ့သားက တကယ့္ကို လူေတာ္ေလးပဲ။ အနာဂတ္မွာ ထြန္းေဖာက္မွာေသခ်ာတယ္ "

" ေသခ်ာတာေပါ့ "

ဂုဏ္ယူဝံ့ႂကြားစြာႏွင့္ေျပာလာသည့္ အေဖဝမ္ကို ေရွာင္းက်န့္က ယုံၾကည္မႈရွိစြာျပန္ေျပာလာသည္မို႔ အေဖဝမ္က သေဘာတက်ရယ္သည္။

" ဟုတ္ပါၿပီဗ်ာ။ ညစာအဆင္သင့္ပဲေနာ္။ အေဖ သားအတြက္ ႏႊေးထားၿပီးသား "

" အင္း ကြၽန္ေတာ္ ခဏေန လာစားလိုက္မယ္ "

ေရွာင္းက်န့္က သူ၏ေန႕ရက္မ်ားကို ကိုယ္တိုင္ဆြဲထားသည့္ ေန႕စဥ္အခ်ိန္ဇယားအတိုင္း လုပ္ေဆာင္သည္။ မနက္ျဖန္က်လွ်င္ေတာ့ ပိတ္ရက္ျပန္ေရာက္ၿပီမို႔ သူ႕မွာ အားလပ္ခ်ိန္ေပါမ်ားလာေတာ့မည္ျဖစ္ပါေသာ္လည္း အဂၤလိပ္စာအတြက္ အဖြဲ႕လိုက္ပေရာဂ်က္လုပ္စရာရွိေသာေၾကာင့္ သူအိမ္မွာနားနားေနေနေတာ့ ေနနိုင္မယ္မဟုတ္ပါေခ်။ သူတို႔အဖြဲ႕ထဲတြင္ သူ၏ေရွာင္းသခင္ေလးခႏၶာကိုယ္ႏွင့္ ဝမ္ရိေပၚႏွင့္ ေမာ့ေပက်စ္တို႔ပါ ပါေနေသာေၾကာင့္ သူတို႔က ေရွာင္းအိမ္ေတာ္မွာေတြ႕ရန္ ခ်ိန္းဆိုထားၾကသည္။ သူတို႔ႏွင့္ဆုံသည္ကလည္း ေတာ္႐ုံေရစက္ေတာ့ မဟုတ္ပါေပ ဟု ေရွာင္းက်န့္က တိတ္တဆိတ္ေတြးလိုက္မိသည္။

ေနာက္တစ္ရက္တြင္ ေရွာင္းက်န့္က ပေရာဂ်က္အကူအညီႏွင့္ ေရွာင္းအိမ္ေတာ္ကို ျပန္လည္ေရာက္ရွိလာနိုင္ခဲ့ၿပီး သူ႕ပါးႏွင့္မားတို႔ႏွင့္ ျပန္လည္ဆုံေတြ႕ခဲ့သည္။ သူေရာက္သည့္အခ်ိန္တြင္ သူ႕မိဘမ်ားက ကုမၸဏီသြားရန္ျပင္ေနေသာေၾကာင့္ ခဏသာ ေတြ႕ခဲ့ရပါေသာ္လည္း သူ၏ရင္ထဲ၌ ေဖာ္မျပနိုင္သည့္လြမ္းဆြတ္မႈေဝဒနာကို သယ္ပိုးထားရသည္။ ဆက္ၿပီးသာေတြ႕ေနရပါက သူ ေရွာင္းပါးႏွင့္မားတို႔ကို ေျပးဖက္မိမည္ထင္ပါသည္။

" က်န္တဲ့ႏွစ္ေယာက္က မလာၾကေတာ့ဘူးလားဟ "

ပေရာဂ်က္အဖြဲ႕တစ္ဖြဲ႕စီတြင္ အဖြဲ႕ဝင္ငါး​​ေယာက္ပါရွိၿပီး ေရွာင္းက်န့္၊ ဝမ္ရိေပၚႏွင့္ ေမာ့ေပက်စ္တို႔က ေရာက္ရွိေနၿပီျဖစ္ပါေသာ္လည္း က်န္ႏွစ္ေယာက္ကေတာ့ အရိပ္ပင္မျမင္ရေသးပါေခ်။ ေမာ့ေပက်စ္၏ စိတ္မရွည္သံကိုၾကည့္ၿပီး ေရွာင္းက်န့္က ေခါင္းခါ၍ သက္ျပင္းခ်သည္။

" သူတို႔လာမွာမဟုတ္ေတာ့ဘူးလို႔ငါေျပာသားပဲ။ အဲ့ႏွစ္ေယာက္က ပေရာဂ်က္လုပ္တိုင္း သိပ္ၿပီးမပါဝင္ၾကဘူး။ အရင္ႏွစ္ေတြက ငါတို႔အတူတူလုပ္ရတုန္းကလည္း အေၾကာင္းျပခ်က္ကိုယ္စီနဲ႕ မလာၾကဘူး။ သည္လို ပိတ္ရက္မ်ိဳး ခ်ိန္းတာဆို ေျပာစရာေတာင္မလိုဘူး။ ေမွ်ာ္မေနနဲ႕ "

သူ၏စကားေၾကာင့္ ေမာ့ေပက်စ္က ေဒါသထြက္ေနပုံမွ အံ့ဩသြားဟန္ေျပာင္းသြားသည္။

" မင္းက ဒီႏွစ္မွေက်ာင္းေျပာင္းလာတာမလား "

" .... "

ေရွာင္းက်န့္၏ လႈပ္ရွားမႈမ်ား ရပ္တန့္သြားသည္။ သူ႕ရင္ဘတ္ထဲမွ ႏွလုံးက ေၾကာက္စရာေကာင္းေလာက္ေအာင္ပင္ တုန္လႈပ္ေနၿပီး အျပင္သို႔ ထြက္က်လာမလိုပင္ ခံစားေနရသည္။ သူက အခု ဝမ္ရိေပၚခႏၶာကိုယ္ႏွင့္ဆိုသည္ကိုေမ့ေလ်ာ့သြားၿပီး လက္လြတ္စပယ္ေျပာလိုက္မိေလၿပီ။ ေရွာင္းက်န့္က တံေတြးတစ္ခ်က္မ်ိဳခ်၍ ဝမ္ရိေပၚအစစ္ရွိရာသို႔ လွမ္းၾကည့္လိုက္သည္။ ဝမ္ရိေပၚကလည္း သူ႕လိုပဲ စိတ္လႈပ္ရွားေနဟန္ေပၚ၏။

" ငါ...ငါေျပာတာက မူလတန္းတုန္းက သူတို႔နဲ႕တစ္ခန္းတည္းက်ဖဴးတယ္ "

ထိုအခါ ​ေမာ့ေပက်စ္က မ်က္ခုံးတစ္ဖက္ပင့္ၾကည့္ၿပီးေနာက္ ေခါင္းညိတ္ျပလာသည္။ ေျပာရင္းဆိုရင္းႏွင့္ပင္ ပေရာဂ်က္အတြက္ ဖြဲ႕ထားသည့္အဖြဲ႕ထဲမွ စာဝင္လာသည္။

[ ေရာ့ပင္း ] ငါသည္ေန႕ ေနမေကာင္းလို႔ မလာနိုင္ေတာ့ဘူး။ အားနာပါတယ္ေနာ္။

[ ေဝ့ခ်ီ ] သည္ေန႕ မိသားစုလိုက္ အျပင္သြားစရာရွိတာမလို႔ မလာနိုင္ေတာ့ဘူးထင္ပါတယ္။ ေတာင္းပန္ပါတယ္။

သူတို႔အားလုံး မက္ေဆ့ဝင္သံေၾကာင့္ ဖုန္းဖြင့္ၾကည့္လိုက္ၿပီးေနာက္ ေမာ့ေပက်စ္က စိတ္မဝင္စားစြာႏွင့္ မ်က္စံကို လွိမ့္လိုက္သည္။

" ပေရာဂ်က္မွာ သူတို႔နာမည္ေတြမထည့္နဲ႕ေတာ့ "

" မထည့္လို႔မွမရတာ။ ဆရာမက အဖြဲ႕ဝင္ေတြအကုန္မထည့္ဘူးဆိုၿပီး ေျပာမွာေပါ့ "

ေမာ့ေပက်စ္၏စကားကို ေရွာင္းက်န့္က စိတ္ဓာ​တ္က်စြာ ျပန္ေထာက္သည့္အခါ ေမာ့ေပက်စ္က ပိုလို႔ေတာင္ မ်က္ေမွာင္ၾကဳတ္သြားသည္။

" သူတို႔မလုပ္လို႔မထည့္တာေလ။ လုပ္ရင္ထည့္မွာေပါ့။ ဆရာမေမးရင္ ငါ့နာမည္သာေျပာလိုက္။ မေက်နပ္လို႔ အုပ္ထိန္းသူေခၚလည္း ရွင္းရမွာပဲ။ မလုပ္တဲ့လူေတြကို အမွတ္ခြဲမေပးနိုင္ဘူး "

ေမာ့ေပက်စ္၏ ေပကပ္ကပ္စကားေၾကာင့္ ေရွာင္းက်န့္က ရယ္သာရယ္လိုက္သည္။ အမွန္အတိုင္းေျပာရလွ်င္ သူလည္း မပါဝင္သည့္လူမ်ားကို အမွတ္ခြဲေပးရသည္ကို မႀကိဳက္ပါေခ်။ သို႔ေသာ္ ထိုကိစၥကို မိဘမ်ားအား ေျပာျပစဥ္တိုင္း သူ႕မိဘမ်ားက ကိုယ္လုပ္လွ်င္ကိုယ္ပိုရသည္ ဟူ၍သာ အၿမဲႏွစ္သိမ့္ေလ့ရွိေသာေၾကာင့္သာ ေနာက္ပိုင္းတြင္ ထိုလူမ်ားကို လ်စ္လ်ဴရႈခဲ့ျခင္းျဖစ္သည္။

*  *  *  *  *

Continuer la Lecture

Vous Aimerez Aussi

51.6K 131 16
My wlw thoughts Men DNI 🚫 If you don't like these stories just block don't report
236K 826 26
its all in the title babes 😋
284K 8.1K 136
"𝑻𝒉𝒆𝒓𝒆'𝒔 𝒓𝒆𝒂𝒍𝒍𝒚 𝒏𝒐 𝒘𝒂𝒚 𝒐𝒇 𝒘𝒊𝒏𝒏𝒊𝒏𝒈 𝒊𝒇 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒆𝒚𝒆𝒔 𝒚𝒐𝒖'𝒍𝒍 𝒂𝒍𝒘𝒂𝒚𝒔 𝒃𝒆 𝒂 𝒅𝒖𝒎𝒃 𝒃𝒍𝒐𝒏𝒅𝒆."
31K 766 14
Y/n has always had a knack for helping people, and because she is a famous singer moving to Paris, France to help others, a certain Master has decide...