Switch

By Hay_Mern_Ko

7.1K 747 319

When an Unexpected Change Occurred Between You and Your Rival. Start Date - 4 Oct 2023 ( Wed ) End Date - 12... More

Prologue
Chapter - 1
Chapter - 2
Chapter - 3
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Epilogue
Farewell

Chapter - 4

208 27 5
By Hay_Mern_Ko

Unicode

အပိုင်း ၄။ လူချမ်းသာများ၏နေထိုင်မှု

မျက်နှာမှ ဒဏ်ရာဒဏ်ချက်များမှအပ အခြားထိခိုက်မှုမရှိသွားသည့် ရှောင်းကျန့်၏ ခန္ဓာကိုယ်နှင့် ဝမ်ရိပေါ်က ဆေးရုံဆေးခွင့်ရသွားပြီဖြစ်သော်လည်း ခေါင်းကွဲသွားသည့် ဝမ်မျိုးရိုးခန္ဓာကိုယ်ထဲရောက်နေသည့် ရှောင်းကျန့်ကတော့ ဆေးရုံကုတင်ပေါ်မှာ လူမမာသဖွယ် လှဲနေရဆဲပင်။

" ဆန်ပြုတ်ပူပူနွေးနွေးလေးလာပါပြီ "

စကားသံနှင့်အတူ သူ့ရှေ့ရောက်လာသည့် အငွေ့တထောင်းထောင်းနှင့် ဆန်ပြုတ်ခွက်။ ရှောင်းကျန့်က ဆန်ပြုတ်ခွက်ကိုကြည့်သည်၊ ထို့နောက် ချိုင့်ခွက်ကိုကိုင်ထားသည့် ဝမ်ရိပေါ်၏ဖခင်ဖြစ်သူကိုကြည့်သည်။ သူ၏နှလုံးသားလေးက ဝမ်းနည်းမှုတို့ ပြည့်နှက်လာသောကြောင့် ငိုချင်လာပြီ။ သူ သည်ဆန်ပြုတ်ပဲ သောက်နေရတာ ဘယ်နှနပ်ရှိသွားပြီလဲ။ ဆန်ပြုတ်ဆိုသည့် အသံပင်မကြားချင်လောက်သည်အထိ ဆန်ပြုတ်ကို အီနေပါပြီ။

" ဗိုက်မဆာသေးဘူးလား "

သူတုပ်တုပ်မျှမလှုပ်သည်ကိုမြင်တော့ ဝမ်ရိပေါ်၏အဖေက စိတ်ပူသွားဟန်နှင့် သူ့နဖူးနှင့်လည်ပင်းမှ အပူချိန်ကို လာစမ်းသည်။ ပုံမှန်ဖြစ်သည်မှ သေချာမှ စိတ်အေးသွားဟန်နှင့် သက်ပြင်းသဲ့သဲ့ချသည်။

" ဆန်ပြုတ်ကြီး မစားချင်တော့ဘူး "

အသံသေးသေးနှင့်ပြောလာသည့် ရှောင်းကျန့်က သနားစဖွယ်။ သူ့ကိုသာ ဆန်ပြုတ်ထပ်တိုက်ရင် ဆေးရုံကြမ်းပြင်ပေါ်ထိုင်ပြီး အော်ငိုတော့မည့်သဘောတွင်ရှိသည်။

ဝမ်ရိပေါ်ခန္ဓာကိုယ်နှင့် ရှောင်းကျန့်ပြုမူနေသည့်ပုံစံက အဖေဝမ်ကို အံ့အားသင့်စေပုံရသည်။ ထို့နောက် အဖေဝမ်က တိတ်တခိုးပြုံး၍ ရှောင်းကျန့်၏ ခေါင်းလေးကို ခပ်ဖွဖွ ပွတ်သပ်လာသည်။

" ဒါဆို သားက ဘာစားချင်လို့လဲ။ အဖေဘာလုပ်ပေးရမလဲ "

" ကြေးအိုး "

ရှောင်းကျန့်က မနေ့က ဝမ်ရိပေါ်စားတာမြင်ကတည်းက စားချင်နေခဲ့သည့်အရာကို ထုတ်ပြောလိုက်သည့်အခါ ဖခင်ဖြစ်သူက မျက်နှာပျက်သွားသည်ကို မြင်လိုက်ရသည်။ ထိုအဖြစ်အပျက်က အလွန့်အလွန်ကို တိုတောင်းသောကြောင့် အာရုံများနေသည့်ရှောင်းကျန့်က သတိမထားမိလိုက်ပေ။

မျှော်လင့်ချက်များပြည့်နှက်နေသည့် မျက်ဝန်းများကို ဖခင်ဖြစ်သူက ငြင်းဆန်နိုင်စွမ်းမရှိပါချေ။ သူက သား၏ခေါင်းကို ထပ်မံပွတ်သပ်ပေး၍ သူ့သားဆန္ဒအတိုင်းဖြစ်စေရမည်ဖြစ်ကြောင်းကို ကတိပေးသည်။ ဆေးရုံပြင်ပသို့ထွက်လာသည့်အခါ သူ့အိပ်ကပ်ထဲရှိ ပိုက်ဆံများကို ထုတ်ရေရင်း လေးပင်စွာနှင့် သက်ပြင်းချသည်။ သို့သော် သူ့သား၏ ပျော်ရွှင်နေသည့် မျက်နှာလေးကို ပြန်မြင်ယောင်လာသည့်အခါ သူ့လက်ထဲမှ ပိုက်ဆံရွက်များကို ကျစ်ကျစ်ဆုပ်လို့ အနီးရှိ ကြေးအိုးဆိုင်ဆီသို့ ခြေဦးလှည့်လိုက်တော့သည်။

ရှောင်းကျန့်က သူကြေးအိုးအား မြိန်ရေယှက်ရေစားနေသည်ကို ပြုံး၍ ကြည့်နေသည့် အဖေဝမ်ကို ပြန်လည်ပြုံးပြလိုက်သည်။ ဗိုက်အင့်သွားသည့်အခါ ဗိုက်လေးကို ပွတ်သပ်၍ အနောက်ရှိ နံရံကိုမှီကာ အနားယူသည့်အခါ ဝမ်ရိပေါ်၏အဖေက သူနှင့်နံရံကြားတွင် ခေါင်းအုံးလေးတစ်ခု ခံပေးသည်။ သူ့ကို ဂရုစိုက်နေရန်မှာကြားပြီး အလုပ်လုပ်ရန်ထွက်သွားသည့် အဖေဝမ်၏နောက်ကျောကိုငေးကြည့်ရင်း သူ၏အတွေးများက ထွေရာလေးပါး။

ကျောင်းပြန်တက်ခွင့်ရပြီဖြစ်သည့် ဝမ်ရိပေါ်အကြောင်းတွေးမိသည့်အခါ သူ၏ မျက်ခုံးများက အလိုလိုတွန့်ချိုးသွားသည်။ ထိုဝမ်မျိုးရိုးနှင့်ကောင်ကတော့ သူမရှိချိန်အတွင်းမှာ စာတွေအသေအလဲကြိုးစားနေလောက်ပြီပေါ့။ သောက်ကျိုးမပေးသည့် ဝမ်မျိုးရိုးနှင့်ကောင်ကို အကြောမပေးချင်သည်မို့ ရှောင်းကျန့်က ဆေးရုံမှမြန်မြန်ဆင်းနိုင်ရန်ဆုတောင်းသည်။ ဆေးရုံမှာနေရသည့်တစ်ရက်တစ်ရက်က သူ့စာလုပ်ချိန်များကို လျော့ကျစေသည်ဟု ရှောင်းကျန့်ထင်သည်။ ဝမ်မျိုးရိုးနှင့်ကျောင်းသားအား သူထပ်ပြီး သူ့နေရာကို ဖယ်မပေးနိုင်တော့ပါ။

တစ်ဖက်တွင်လည်း ရှောင်းကျန့်ခန္ဓာကိုယ်နှင့် ကျောင်းတက်နေရသည့် ဝမ်ရိပေါ်က ပုံမှန်မဟုတ်သည့် နေ့ရက်များကို ဖြတ်သန်းနေရသည်။ ကျောင်းမှာ သူ့ကို တွေ့သည့် ကျောင်းသားတိုင်းက အချင်းချင်းတီးတိုးပြောဆိုကြသည်၊ ရှောင်းကျန့်၏ သူငယ်ချင်းဖြစ်သူများကလည်း သူ့ကို လာစနောက်ကြသည်မို့ တစ်ယောက်တည်းသာအနေသာသည့်ဝမ်ရိပေါ်က တော်တော်လေးကို စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ဒါတင်မကသေးဘဲ ကျောင်းပြီးလို့ အိမ်ပြန်ရောက်သည့်အခါတိုင်း ကြီးမားလွန်းသည့်အိမ်ကြီးထဲမှာ အိမ်တော်ထိန်းနှင့် အလုပ်သမားများက သူ့ကို လိုသည်ထက် ပိုဂရုစိုက်နေကြသည်။

ဤအိမ်တော်တွင် နေရသည်က အလွန့်အလွန်ကို ကသိကအောက်ဖြစ်စေသည်ဟု ဝမ်ရိပေါ်က ထမင်းစားပွဲတွင် တစ်ယောက်တည်းထိုင်ရင်း တွေးမိသည်။ ရှောင်းကျန့်၏ မိဘများက အလုပ်များလွန်းသောကြောင့်ပင်မကဘဲ အိမ်တွင်ရှိနေစဉ်တွင်လည်း အချိန်အများစုကို အလုပ်လုပ်ရာမှာသာ သုံးသောကြောင့် တစ်ယောက်နှင့်တစ်ယောက် စားချိန်မတူကြဘဲ ထမင်းဝိုင်းမှာလူစုံသည်က တစ်လတွင် အကြိမ်အနည်းငယ်သာရှိသည်ဟု သူကြားသည်။ ယခုတွင်လည်း သူတစ်ယောက်တည်းစားမည်ကို သိသိလျက်နှင့်ပင် ဟင်းပန်းကန်များကို တစ်ပွဲပြီးတစ်ပွဲ စားပွဲအပြည့်ခင်းနေသည့် အလုပ်သမားများကို ဝမ်ရိပေါ်က နားမလည်နိုင်စွာကြည့်သည်။

" ကျွန်တော် နည်းနည်းပဲစားမှာမလို့ ဒီလောက်အများကြီးမလိုပါဘူး "

" သခင်လေး စားနိုင်သလောက်ပဲစားပါ။ ကျန်ခဲ့တာတွေကို ကျွန်မတို့ သိမ်းလိုက်ပါမယ် "

" .... "

ဝမ်ရိပေါ်၏ မျက်ခုံးများက အလိုမကျစွာ တွန့်ချိုးသွား၏။ စားပွဲပေါ်မှ ဟင်းအများစုက အစပ်များဖြစ်သောကြောင့် အစပ်မစားနိုင်သည့်ဝမ်ရိပေါ်က ငရုတ်သီးမပါသည့် ဟင်းများကိုသာ ရွေးစားသည်။ ထမင်းစားပြီးသွားသည့်အခါ သူ၏ကိုယ်ပိုင်အခန်းကိုသာ မြန်မြန်ပြန်၍ ခဏအနားယူရန်စဉ်းစားထားသော်လည်း ဂိုက်ဆိုသူက သူ့အခန်းထဲမှာ ရောက်ရှိနေပြီဖြစ်ပြီး သူ့ကို စာပြပေးသည်။ ထိုဂိုက်ပြန်သွားသည့်အခါ နာရီကိုကြည့်လိုက်တော့ ရှစ်နာရီထိုးနေလေပြီ။ သူအနားယူလို့ရပြီဟုထင်ထားခဲ့သော်လည်း ထွက်ပေါ်လာသည့် တံခါးခေါက်သံကြောင့် အနှောင့်အယှက်ဖြစ်သွားခဲ့သည်။

" သခင်လေး အင်္ဂလိပ်စာဆရာ ရောက်နေပါပြီ "

" .... "

ဤသို့နှင့် စာသင်ချိန်က ဆယ်နာရီတွင် ပြီးသွားခဲ့ပြီး ဝမ်ရိပေါ်က လူရောစိတ်ပါပင်ပန်းနေလေပြီ။ ပုံမှန်ဆိုလျှင် အားလပ်ချိန်မှာ သူ့ဘာသာ တစ်ယောက်တည်းစာလေ့လာလေ့ရှိသည့်ဝမ်ရိပေါ်က ဂိုက်များနှင့် လေ့လာရသည့်အခြေအနေမျိုးနှင့်ကြုံရသည့်အခါ တော်တော်စိတ်ပင်ပန်းရသည်။

ဆယ်နာရီခွဲက ရှောင်းကျန့်၏အိပ်ချိန်ဖြစ်ပြီး မအိပ်ခင် မိနစ်အချို့အလိုတွင် နွားနို့နွေးနွေးတစ်ခွက်ကို သောက်ရသေးသည်။ သူ၏ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးရန်အတွက်တဲ့လေ။ ဝမ်ရိပေါ်က အရင်ကတည်းက လူချမ်းသာများကို နားမလည်ခဲ့သော်လည်း ယခုတွင် ပို၍တောင် နားမလည်ဖြစ်နေတော့သည်။ ဆယ်နာရီခွဲအချိန်သို့ရောက်သည့်အခါ အိမ်တော်ထိန်းဖြစ်သူက သူ့ကို အိပ်ရန် လာသတိပေးပြီး သူကုတင်ပေါ်သို့ တက်လှဲသည်ကိုစောင့်ကြည့်ပြီးနောက် မီးပိတ်၍ ထွက်သွားတော့သည်။

ကျောင်းပိတ်ရက်တွင်တော့ သူအေးအေးဆေးဆေးနားနိုင်ပြီဟု ထင်ထားခဲ့သော်လည်း သူ၏အတွေးများက စိတ်ကူးယဉ်မှုသက်သပ်သာ ဖြစ်ကုန်၏။ ကျောင်းပိတ်ရက်များပါ မနားရဘဲ အတန်းချိန်များဆက်တိုက်ရှိနေသည့် သူ့အချိန်စာရင်းကို ကြည့်ပြီး ဝမ်ရိပေါ်၏ဦးနှောက်က အရည်ပျော်တော့မယောင်ခံစားလိုက်ရသည်။ အင်္ဂလိပ်စာ၊ စန္ဒယား၊ သင်္ချာ၊ ကိုယ်ကာယလေ့ကျင့်ခန်း စသည်တို့က ကိုးနာရီမှ သုံးနာရီကြားရှိ အတန်းချိန်များဖြစ်ပြီး ညနေပိုင်းတွင်လည်း လက်ရေးလှနှင့် အခြားဘာသာစကားသင်တန်းများလည်း ရှိနေသေးသည်။ ထို့အပြင် ရန်ပွဲပြီးမှ ထပ်တိုးသင်ရသည့် ကိုယ်ခံပညာသင်တန်းလည်း ရှိပါသေး၏။ တစ်နေကုန်ပင်ပန်းလာသည့် ဝမ်ရိပေါ်က ညဘက် နားချိန်ပြန်ရသည့်အခါ နူးညံ့ပျော့အိနေသည့် အိပ်ရာပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်တော့သည်။

စိတ်ရှုပ်ထွေးလာသည့်အခါ မည်သည်ကိုမျှ အာရုံမစိုက်နိုင်တော့သည့် ဝမ်ရိပေါ်က သွားခဲ့ရသမျှ သင်တန်းများတွင် တစ်ခုမှ အဆင်မပြေခဲ့ပေ။ အမှားများစွာလုပ်မိ၍ အကြိမ်ကြိမ်၊ အဖန်ဖန် ပြန်ပြင်ခဲ့ရသောကြောင့် နှစ်ဆပိုပင်ပန်းရသည်။ စိတ်ကျဉ်းကြပ်လာသည့် ဝမ်ရိပေါ်က ခန္ဓာကိုယ်ပြန်လဲနိုင်ရန်နည်းလမ်းကို အမြန်ဆုံး ထုတ်ဖော်မှဖြစ်တော့မည်ဟု တွေးလိုက်သည်။ မဟုတ်လျှင် ဤပုံမှန်မဟုတ်သည့် သခင်လေးရှောင်း၏ဘဝနေထိုင်မှုပုံစံကြောင့် သူရူးသွားပါလိမ့်မည်။

*  *  *  *  *

Zawgyi

အပိုင္း ၄။ လူခ်မ္းသာမ်ား၏ေနထိုင္မႈ

မ်က္ႏွာမွ ဒဏ္ရာဒဏ္ခ်က္မ်ားမွအပ အျခားထိခိုက္မႈမရွိသြားသည့္ ေရွာင္းက်န့္၏ ခႏၶာကိုယ္ႏွင့္ ဝမ္ရိေပၚက ေဆး႐ုံေဆးခြင့္ရသြားၿပီျဖစ္ေသာ္လည္း ေခါင္းကြဲသြားသည့္ ဝမ္မ်ိဳးရိုးခႏၶာကိုယ္ထဲေရာက္ေနသည့္ ေရွာင္းက်န့္ကေတာ့ ေဆး႐ုံကုတင္ေပၚမွာ လူမမာသဖြယ္ လွဲေနရဆဲပင္။

" ဆန္ျပဳတ္ပူပူႏြေးႏြေးေလးလာပါၿပီ "

စကားသံႏွင့္အတူ သူ႕ေရွ႕ေရာက္လာသည့္ အေငြ႕တေထာင္းေထာင္းႏွင့္ ဆန္ျပဳတ္ခြက္။ ေရွာင္းက်န့္က ဆန္ျပဳတ္ခြက္ကိုၾကည့္သည္၊ ထို႔ေနာက္ ခ်ိဳင့္ခြက္ကိုကိုင္ထားသည့္ ဝမ္ရိေပၚ၏ဖခင္ျဖစ္သူကိုၾကည့္သည္။ သူ၏ႏွလုံးသားေလးက ဝမ္းနည္းမႈတို႔ ျပည့္ႏွက္လာေသာေၾကာင့္ ငိုခ်င္လာၿပီ။ သူ သည္ဆန္ျပဳတ္ပဲ ေသာက္ေနရတာ ဘယ္ႏွနပ္ရွိသြားၿပီလဲ။ ဆန္ျပဳတ္ဆိုသည့္ အသံပင္မၾကားခ်င္ေလာက္သည္အထိ ဆန္ျပဳတ္ကို အီေနပါၿပီ။

" ဗိုက္မဆာေသးဘူးလား "

သူတုပ္တုပ္မွ်မလႈပ္သည္ကိုျမင္ေတာ့ ဝမ္ရိေပၚ၏အေဖက စိတ္ပူသြားဟန္ႏွင့္ သူ႕နဖူးႏွင့္လည္ပင္းမွ အပူခ်ိန္ကို လာစမ္းသည္။ ပုံမွန္ျဖစ္သည္မွ ေသခ်ာမွ စိတ္ေအးသြားဟန္ႏွင့္ သက္ျပင္းသဲ့သဲ့ခ်သည္။

" ဆန္ျပဳတ္ႀကီး မစားခ်င္ေတာ့ဘူး "

အသံေသးေသးႏွင့္ေျပာလာသည့္ ေရွာင္းက်န့္က သနားစဖြယ္။ သူ႕ကိုသာ ဆန္ျပဳတ္ထပ္တိုက္ရင္ ေဆး႐ုံၾကမ္းျပင္ေပၚထိုင္ၿပီး ေအာ္ငိုေတာ့မည့္သေဘာတြင္ရွိသည္။

ဝမ္ရိေပၚခႏၶာကိုယ္ႏွင့္ ေရွာင္းက်န့္ျပဳမူေနသည့္ပုံစံက အေဖဝမ္ကို အံ့အားသင့္ေစပုံရသည္။ ထို႔ေနာက္ အေဖဝမ္က တိတ္တခိုးၿပဳံး၍ ေရွာင္းက်န့္၏ ေခါင္းေလးကို ခပ္ဖြဖြ ပြတ္သပ္လာသည္။

" ဒါဆို သားက ဘာစားခ်င္လို႔လဲ။ အေဖဘာလုပ္ေပးရမလဲ "

" ေၾကးအိုး "

ေရွာင္းက်န့္က မေန႕က ဝမ္ရိေပၚစားတာျမင္ကတည္းက စားခ်င္ေနခဲ့သည့္အရာကို ထုတ္ေျပာလိုက္သည့္အခါ ဖခင္ျဖစ္သူက မ်က္ႏွာပ်က္သြားသည္ကို ျမင္လိုက္ရသည္။ ထိုအျဖစ္အပ်က္က အလြန့္အလြန္ကို တိုေတာင္းေသာေၾကာင့္ အာ႐ုံမ်ားေနသည့္ေရွာင္းက်န့္က သတိမထားမိလိုက္ေပ။

ေမွ်ာ္လင့္ခ်က္မ်ားျပည့္ႏွက္ေနသည့္ မ်က္ဝန္းမ်ားကို ဖခင္ျဖစ္သူက ျငင္းဆန္နိုင္စြမ္းမရွိပါေခ်။ သူက သား၏ေခါင္းကို ထပ္မံပြတ္သပ္ေပး၍ သူ႕သားဆႏၵအတိုင္းျဖစ္ေစရမည္ျဖစ္ေၾကာင္းကို ကတိေပးသည္။ ေဆး႐ုံျပင္ပသို႔ထြက္လာသည့္အခါ သူ႕အိပ္ကပ္ထဲရွိ ပိုက္ဆံမ်ားကို ထုတ္ေရရင္း ေလးပင္စြာႏွင့္ သက္ျပင္းခ်သည္။ သို႔ေသာ္ သူ႕သား၏ ေပ်ာ္႐ႊင္ေနသည့္ မ်က္ႏွာေလးကို ျပန္ျမင္ေယာင္လာသည့္အခါ သူ႕လက္ထဲမွ ပိုက္ဆံ႐ြက္မ်ားကို က်စ္က်စ္ဆုပ္လို႔ အနီးရွိ ေၾကးအိုးဆိုင္ဆီသို႔ ေျခဦးလွည့္လိုက္ေတာ့သည္။

ေရွာင္းက်န့္က သူေၾကးအိုးအား ၿမိန္ေရယွက္ေရစားေနသည္ကို ၿပဳံး၍ ၾကည့္ေနသည့္ အေဖဝမ္ကို ျပန္လည္ၿပဳံးျပလိုက္သည္။ ဗိုက္အင့္သြားသည့္အခါ ဗိုက္ေလးကို ပြတ္သပ္၍ အေနာက္ရွိ နံရံကိုမွီကာ အနားယူသည့္အခါ ဝမ္ရိေပၚ၏အေဖက သူႏွင့္နံရံၾကားတြင္ ေခါင္းအုံးေလးတစ္ခု ခံေပးသည္။ သူ႕ကို ဂ႐ုစိုက္ေနရန္မွာၾကားၿပီး အလုပ္လုပ္ရန္ထြက္သြားသည့္ အေဖဝမ္၏ေနာက္ေက်ာကိုေငးၾကည့္ရင္း သူ၏အေတြးမ်ားက ေထြရာေလးပါး။

ေက်ာင္းျပန္တက္ခြင့္ရၿပီျဖစ္သည့္ ဝမ္ရိေပၚအေၾကာင္းေတြးမိသည့္အခါ သူ၏ မ်က္ခုံးမ်ားက အလိုလိုတြန့္ခ်ိဳးသြားသည္။ ထိုဝမ္မ်ိဳးရိုးႏွင့္ေကာင္ကေတာ့ သူမရွိခ်ိန္အတြင္းမွာ စာေတြအေသအလဲႀကိဳးစားေနေလာက္ၿပီေပါ့။ ေသာက္က်ိဳးမေပးသည့္ ဝမ္မ်ိဳးရိုးႏွင့္ေကာင္ကို အေၾကာမေပးခ်င္သည္မို႔ ေရွာင္းက်န့္က ေဆး႐ုံမွျမန္ျမန္ဆင္းနိုင္ရန္ဆုေတာင္းသည္။ ေဆး႐ုံမွာေနရသည့္တစ္ရက္တစ္ရက္က သူ႕စာလုပ္ခ်ိန္မ်ားကို ေလ်ာ့က်ေစသည္ဟု ေရွာင္းက်န့္ထင္သည္။ ဝမ္မ်ိဳးရိုးႏွင့္ေက်ာင္းသားအား သူထပ္ၿပီး သူ႕ေနရာကို ဖယ္မေပးနိုင္ေတာ့ပါ။

တစ္ဖက္တြင္လည္း ေရွာင္းက်န့္ခႏၶာကိုယ္ႏွင့္ ေက်ာင္းတက္ေနရသည့္ ဝမ္ရိေပၚက ပုံမွန္မဟုတ္သည့္ ေန႕ရက္မ်ားကို ျဖတ္သန္းေနရသည္။ ေက်ာင္းမွာ သူ႕ကို ေတြ႕သည့္ ေက်ာင္းသားတိုင္းက အခ်င္းခ်င္းတီးတိုးေျပာဆိုၾကသည္၊ ေရွာင္းက်န့္၏ သူငယ္ခ်င္းျဖစ္သူမ်ားကလည္း သူ႕ကို လာစေနာက္ၾကသည္မို႔ တစ္ေယာက္တည္းသာအေနသာသည့္ဝမ္ရိေပၚက ေတာ္ေတာ္ေလးကို စိတ္အႏွောင့္အယွက္ျဖစ္ရသည္။ ဒါတင္မကေသးဘဲ ေက်ာင္းၿပီးလို႔ အိမ္ျပန္ေရာက္သည့္အခါတိုင္း ႀကီးမားလြန္းသည့္အိမ္ႀကီးထဲမွာ အိမ္ေတာ္ထိန္းႏွင့္ အလုပ္သမားမ်ားက သူ႕ကို လိုသည္ထက္ ပိုဂ႐ုစိုက္ေနၾကသည္။

ဤအိမ္ေတာ္တြင္ ေနရသည္က အလြန့္အလြန္ကို ကသိကေအာက္ျဖစ္ေစသည္ဟု ဝမ္ရိေပၚက ထမင္းစားပြဲတြင္ တစ္ေယာက္တည္းထိုင္ရင္း ေတြးမိသည္။ ေရွာင္းက်န့္၏ မိဘမ်ားက အလုပ္မ်ားလြန္းေသာေၾကာင့္ပင္မကဘဲ အိမ္တြင္ရွိေနစဥ္တြင္လည္း အခ်ိန္အမ်ားစုကို အလုပ္လုပ္ရာမွာသာ သုံးေသာေၾကာင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ စားခ်ိန္မတူၾကဘဲ ထမင္းဝိုင္းမွာလူစုံသည္က တစ္လတြင္ အႀကိမ္အနည္းငယ္သာရွိသည္ဟု သူၾကားသည္။ ယခုတြင္လည္း သူတစ္ေယာက္တည္းစားမည္ကို သိသိလ်က္ႏွင့္ပင္ ဟင္းပန္းကန္မ်ားကို တစ္ပြဲၿပီးတစ္ပြဲ စားပြဲအျပည့္ခင္းေနသည့္ အလုပ္သမားမ်ားကို ဝမ္ရိေပၚက နားမလည္နိုင္စြာၾကည့္သည္။

" ကြၽန္ေတာ္ နည္းနည္းပဲစားမွာမလို႔ ဒီေလာက္အမ်ားႀကီးမလိုပါဘူး "

" သခင္ေလး စားနိုင္သေလာက္ပဲစားပါ။ က်န္ခဲ့တာေတြကို ကြၽန္မတို႔ သိမ္းလိုက္ပါမယ္ "

" .... "

ဝမ္ရိေပၚ၏ မ်က္ခုံးမ်ားက အလိုမက်စြာ တြန့္ခ်ိဳးသြား၏။ စားပြဲေပၚမွ ဟင္းအမ်ားစုက အစပ္မ်ားျဖစ္ေသာေၾကာင့္ အစပ္မစားနိုင္သည့္ဝမ္ရိေပၚက င႐ုတ္သီးမပါသည့္ ဟင္းမ်ားကိုသာ ေ႐ြးစားသည္။ ထမင္းစားၿပီးသြားသည့္အခါ သူ၏ကိုယ္ပိုင္အခန္းကိုသာ ျမန္ျမန္ျပန္၍ ခဏအနားယူရန္စဥ္းစားထားေသာ္လည္း ဂိုက္ဆိုသူက သူ႕အခန္းထဲမွာ ေရာက္ရွိေနၿပီျဖစ္ၿပီး သူ႕ကို စာျပေပးသည္။ ထိုဂိုက္ျပန္သြားသည့္အခါ နာရီကိုၾကည့္လိုက္ေတာ့ ရွစ္နာရီထိုးေနေလၿပီ။ သူအနားယူလို႔ရၿပီဟုထင္ထားခဲ့ေသာ္လည္း ထြက္ေပၚလာသည့္ တံခါးေခါက္သံေၾကာင့္ အႏွောင့္အယွက္ျဖစ္သြားခဲ့သည္။

" သခင္ေလး အဂၤလိပ္စာဆရာ ေရာက္ေနပါၿပီ "

" .... "

ဤသို႔ႏွင့္ စာသင္ခ်ိန္က ဆယ္နာရီတြင္ ၿပီးသြားခဲ့ၿပီး ဝမ္ရိေပၚက လူေရာစိတ္ပါပင္ပန္းေနေလၿပီ။ ပုံမွန္ဆိုလွ်င္ အားလပ္ခ်ိန္မွာ သူ႕ဘာသာ တစ္ေယာက္တည္းစာေလ့လာေလ့ရွိသည့္ဝမ္ရိေပၚက ဂိုက္မ်ားႏွင့္ ေလ့လာရသည့္အေျခအေနမ်ိဳးႏွင့္ႀကဳံရသည့္အခါ ေတာ္ေတာ္စိတ္ပင္ပန္းရသည္။

ဆယ္နာရီခြဲက ေရွာင္းက်န့္၏အိပ္ခ်ိန္ျဖစ္ၿပီး မအိပ္ခင္ မိနစ္အခ်ိဳ႕အလိုတြင္ ႏြားနို႔ႏြေးႏြေးတစ္ခြက္ကို ေသာက္ရေသးသည္။ သူ၏ခႏၶာကိုယ္ ႀကီးထြားဖြံ႕ၿဖိဳးရန္အတြက္တဲ့ေလ။ ဝမ္ရိေပၚက အရင္ကတည္းက လူခ်မ္းသာမ်ားကို နားမလည္ခဲ့ေသာ္လည္း ယခုတြင္ ပို၍ေတာင္ နားမလည္ျဖစ္ေနေတာ့သည္။ ဆယ္နာရီခြဲအခ်ိန္သို႔ေရာက္သည့္အခါ အိမ္ေတာ္ထိန္းျဖစ္သူက သူ႕ကို အိပ္ရန္ လာသတိေပးၿပီး သူကုတင္ေပၚသို႔ တက္လွဲသည္ကိုေစာင့္ၾကည့္ၿပီးေနာက္ မီးပိတ္၍ ထြက္သြားေတာ့သည္။

ေက်ာင္းပိတ္ရက္တြင္ေတာ့ သူေအးေအးေဆးေဆးနားနိုင္ၿပီဟု ထင္ထားခဲ့ေသာ္လည္း သူ၏အေတြးမ်ားက စိတ္ကူးယဥ္မႈသက္သပ္သာ ျဖစ္ကုန္၏။ ေက်ာင္းပိတ္ရက္မ်ားပါ မနားရဘဲ အတန္းခ်ိန္မ်ားဆက္တိုက္ရွိေနသည့္ သူ႕အခ်ိန္စာရင္းကို ၾကည့္ၿပီး ဝမ္ရိေပၚ၏ဦးႏွောက္က အရည္ေပ်ာ္ေတာ့မေယာင္ခံစားလိုက္ရသည္။ အဂၤလိပ္စာ၊ စႏၵယား၊ သခၤ်ာ၊ ကိုယ္ကာယေလ့က်င့္ခန္း စသည္တို႔က ကိုးနာရီမွ သုံးနာရီၾကားရွိ အတန္းခ်ိန္မ်ားျဖစ္ၿပီး ညေနပိုင္းတြင္လည္း လက္ေရးလွႏွင့္ အျခားဘာသာစကားသင္တန္းမ်ားလည္း ရွိေနေသးသည္။ ထို႔အျပင္ ရန္ပြဲၿပီးမွ ထပ္တိုးသင္ရသည့္ ကိုယ္ခံပညာသင္တန္းလည္း ရွိပါေသး၏။ တစ္ေနကုန္ပင္ပန္းလာသည့္ ဝမ္ရိေပၚက ညဘက္ နားခ်ိန္ျပန္ရသည့္အခါ ႏူးညံ့ေပ်ာ့အိေနသည့္ အိပ္ရာေပၚသို႔ ေျခပစ္လက္ပစ္ လွဲခ်လိဳက္ေတာ့သည္။

စိတ္ရႈပ္ေထြးလာသည့္အခါ မည္သည္ကိုမွ် အာ႐ုံမစိုက္နိုင္ေတာ့သည့္ ဝမ္ရိေပၚက သြားခဲ့ရသမွ် သင္တန္းမ်ားတြင္ တစ္ခုမွ အဆင္မေျပခဲ့ေပ။ အမွားမ်ားစြာလုပ္မိ၍ အႀကိမ္ႀကိမ္၊ အဖန္ဖန္ ျပန္ျပင္ခဲ့ရေသာေၾကာင့္ ႏွစ္ဆပိုပင္ပန္းရသည္။ စိတ္က်ဥ္းၾကပ္လာသည့္ ဝမ္ရိေပၚက ခႏၶာကိုယ္ျပန္လဲနိုင္ရန္နည္းလမ္းကို အျမန္ဆုံး ထုတ္ေဖာ္မွျဖစ္ေတာ့မည္ဟု ေတြးလိုက္သည္။ မဟုတ္လွ်င္ ဤပုံမွန္မဟုတ္သည့္ သခင္ေလးေရွာင္း၏ဘဝေနထိုင္မႈပုံစံေၾကာင့္ သူ႐ူးသြားပါလိမ့္မည္။

*  *  *  *  *

Continue Reading

You'll Also Like

54.2K 1K 94
Continuation of Modesto story who happens to intercourse with friends,mature,classmates,strangers and even family...
31K 766 14
Y/n has always had a knack for helping people, and because she is a famous singer moving to Paris, France to help others, a certain Master has decide...
3.8K 191 39
Can she steal the playboy's heart?
151K 3.3K 11
Penny, a young beta, no pack, no family. A orphan, beta. She was grabbed by the Alphas, she won't kill. The alphas keep her for one reason she's inno...