Switch

By Hay_Mern_Ko

7.1K 747 319

When an Unexpected Change Occurred Between You and Your Rival. Start Date - 4 Oct 2023 ( Wed ) End Date - 12... More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Epilogue
Farewell

Prologue

881 33 4
By Hay_Mern_Ko

Unicode

[ Note: Prologue is just for you to know which type of story this is. You, of course, can skip this part if you don't want to get any spoiler. You won't miss any information by skipping this. ]

SWITCH

ကျောင်းကိုရောက်လာသည်မှာ သိပ်မကြာသေးသည့် ကျောင်းသားသစ်က ရှောင်းကျန့်၏ အဆင့်တစ် ဆိုသည့် မူပိုင်နေရာကို လုယူသည်မှာ နှစ်ကြိမ်မြောက်ရှိပြီ။ ရှောင်းကျန့်က ဒါကို န​ည်းနည်းလေးမှ မကျေနပ်ပါချေ။ သူသိတတ်သည့်အရွယ်ကတည်းက သူက အမြဲတမ်း အဆင့်တစ် ဆိုသည့် နေရာကို မောင်ပိုင်စီးထားခဲ့ခြင်းဖြစ်သည်။ ဘယ်လိုဖြစ်လို့ ဤဝမ်မျိုးရိုးနှင့်ကျောင်းသားနှင့်တွေ့မှ သူ့လိုသခင်လေးက သူ့ကိုယ်ပိုင်နေရာက ဆင်းပေးလိုက်ရတာလဲ။ ဒါက နည်းနည်းလေးမှ ယုတ္တိရှိမနေဘူး။

မကျေမချမ်းဖြစ်နေသည့် ရှောင်းကျန့်က သူ့စိတ်သူဖြေလျှော့နိုင်ဖို့ ထိုဝမ်မျိုးရိုးကျောင်းသားသစ်ကို သွားရှာသည်။ သူ ထိုကျောင်းသားဝမ်ကြောင့် မိခင်ဖြစ်သူဆီမှာ ဘယ်လောက်တောင် အဆူခံရပြီးပြီလဲ။ သူ၏ မူလရည်ရွယ်ချက်က ထိုကျောင်းသားကို သူ၏တရားဝင်ပြိုင်ဘက်အဖြစ် သတ်မှတ်ကြေညာချင်ရုံသာ။ သို့သော် ကိစ္စများက သူထင်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ မမျှော်လင့်ထားသော ရန်ပွဲတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီး အတွေ့အကြုံမရှိသည့် နှစ်ဖက်လုံးက တော်တော်လေးအထိနာခဲ့သည်။

သူသတိပြန်လည်လာချိန်မှာ ခံစားလာရသည့် ခေါင်းမှ နာကျင်ကိုက်ခဲမှုကြောင့် အာမေဋိတ်သံတစ်ချက်ပြုပြီး လက်ဖြင့် အသာအယာ အုပ်ကိုင်မိသည့်အခါ စိုးရိမ်ပူပန်နေပုံရသည့် ယောက်ျားတစ်ယောက်အသံက သူလှဲနေရာ ကုတင်ဘေးမှ ထွက်ပေါ်လာသည်။ နှာခေါင်းထဲ တိုးဝင်လာသည့် ဆေးနံ့ကြောင့် သူဆေးရုံရောက်နေကြောင်းကို အလွယ်တကူပင် ခန့်မှန်းမိလိုက်သည်။

" သား သတိရလာပြီလား "

သေချာတာက ထိုအသံက သူ့အဖေအသံဟုတ်မနေချေ။ မျက်ခွံများကို ကျယ်ကျယ်ဖွင့်၍ သူမြင်နေရသည့် အခြေအနေကို နားလည်အောင် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။

သူ့အာရုံက ဘေးရှိ စားပွဲပေါ်မှ မှန်ငယ်လေးပေါ်သို့ ကျရောက်သွားသည်။ မျက်နှာပြင်ထက်တွင် ထင်ဟပ်နေသည့် သူ့ပုံရိပ်သူ ရှောင်းကျန့်မြင်လိုက်ရသည့်အခါ မျက်ဝန်းများက နှစ်ဆပြူးကျယ်သွား၏။ တုန်ယင်နေသည့် လက်များက သူ့မျက်နှာသူ ထိကိုင်ကြည့်နေမိသည်မှာ အလွန်ထိတ်လန့်နေပုံပေါ်သည်။

သူက ဟိုဝမ်မျိုးရိုးကိုပဲ နည်းနည်းလောက် ခြိမ်းခြောက်ပြီး သတိပေးချင်ခဲ့ရုံလေ။ သူက ဘာလို့...ဘာလို့များ...သူက ဝမ်ရိပေါ်ဖြစ်သွားရတာလဲ!?

မှန်သားမျက်နှာပြင်ကို တုန်လှုပ်ချောက်ချားစွာ စိုက်ကြည့်နေသည့် ရှောင်းကျန့်က တစ်ဖန်ပြန်၍ သတိမေ့သွားခဲ့တော့သည်။

သောက်ကျိုးမပေးတဲ့ ဝမ်မျိုးရိုးနဲ့ကောင်!

*  *  *  *  *

Genre မှာ drama တောင် မထည့်ထားတာမလို့ drama မကြိုက်တဲ့ရီဒါတွေ စိတ်အေးလက်အေးဖတ်လို့ရပါတယ်🤭 အစက ကိုကို့မွေးနေ့ရောက်မှ ရေးမယ်စဉ်းစားထားတာ။ ဒါပေမယ့် ဒါကို plot ချရင်းပဲ နောက် plot အသစ်ရလာလို့TvT မတင်ရင် မရေးဖြစ်တော့မှာသိနေပြီ:"( ဟေမာန်က modern ပိုင်းသိပ်မရေးဖြစ်တဲ့အပြင် အခုက school-life လည်းဖြစ်နေတော့ စာဖတ်သူတွေ ပျင်းစရာမကောင်းအောင် အတတ်နိုင်ဆုံးကြိုးစားရေးသွားပါမယ်နော်။ ကြိုက်နှစ်သက်ဖို့မျှော်လင့်ပါတယ်။ update ကတော့ တစ်ရက်ခြားတစ်ခါ ဖြစ်မယ်ထင်ပါတယ်။

Zawgyi

[ Note: Prologue is just for you to know which type of story this is. You, of course, can skip this part if you don't want to get any spoiler. You won't miss any information by skipping this. ]

SWITCH

ေက်ာင္းကိုေရာက္လာသည္မွာ သိပ္မၾကာေသးသည့္ ေက်ာင္းသားသစ္က ေရွာင္းက်န့္၏ အဆင့္တစ္ ဆိုသည့္ မူပိုင္ေနရာကို လုယူသည္မွာ ႏွစ္ႀကိမ္ေျမာက္ရွိၿပီ။ ေရွာင္းက်န့္က ဒါကို န​ည္းနည္းေလးမွ မေက်နပ္ပါေခ်။ သူသိတတ္သည့္အ႐ြယ္ကတည္းက သူက အၿမဲတမ္း အဆင့္တစ္ ဆိုသည့္ ေနရာကို ေမာင္ပိုင္စီးထားခဲ့ျခင္းျဖစ္သည္။ ဘယ္လိုျဖစ္လို႔ ဤဝမ္မ်ိဳးရိုးႏွင့္ေက်ာင္းသားႏွင့္ေတြ႕မွ သူ႕လိုသခင္ေလးက သူ႕ကိုယ္ပိုင္ေနရာက ဆင္းေပးလိုက္ရတာလဲ။ ဒါက နည္းနည္းေလးမွ ယုတၱိရွိမေနဘူး။

မေက်မခ်မ္းျဖစ္ေနသည့္ ေရွာင္းက်န့္က သူ႕စိတ္သူေျဖေလွ်ာ့နိုင္ဖို႔ ထိုဝမ္မ်ိဳးရိုးေက်ာင္းသားသစ္ကို သြားရွာသည္။ သူ ထိုေက်ာင္းသားဝမ္ေၾကာင့္ မိခင္ျဖစ္သူဆီမွာ ဘယ္ေလာက္ေတာင္ အဆူခံရၿပီးၿပီလဲ။ သူ၏ မူလရည္႐ြယ္ခ်က္က ထိုေက်ာင္းသားကို သူ၏တရားဝင္ၿပိဳင္ဘက္အျဖစ္ သတ္မွတ္ေၾကညာခ်င္႐ုံသာ။ သို႔ေသာ္ ကိစၥမ်ားက သူထင္ထားသည္ထက္ ေက်ာ္လြန္သြားခဲ့သည္။ မေမွ်ာ္လင့္ထားေသာ ရန္ပြဲတစ္ခု ျဖစ္ေပၚသြားခဲ့ၿပီး အေတြ႕အႀကဳံမရွိသည့္ ႏွစ္ဖက္လုံးက ေတာ္ေတာ္ေလးအထိနာခဲ့သည္။

သူသတိျပန္လည္လာခ်ိန္မွာ ခံစားလာရသည့္ ေခါင္းမွ နာက်င္ကိုက္ခဲမႈေၾကာင့္ အာေမဋိတ္သံတစ္ခ်က္ျပဳၿပီး လက္ျဖင့္ အသာအယာ အုပ္ကိုင္မိသည့္အခါ စိုးရိမ္ပူပန္ေနပုံရသည့္ ေယာက္်ားတစ္ေယာက္အသံက သူလွဲေနရာ ကုတင္ေဘးမွ ထြက္ေပၚလာသည္။ ႏွာေခါင္းထဲ တိုးဝင္လာသည့္ ေဆးနံ႕ေၾကာင့္ သူေဆး႐ုံေရာက္ေနေၾကာင္းကို အလြယ္တကူပင္ ခန့္မွန္းမိလိုက္သည္။

" သား သတိရလာၿပီလား "

ေသခ်ာတာက ထိုအသံက သူ႕အေဖအသံဟုတ္မေနေခ်။ မ်က္ခြံမ်ားကို က်ယ္က်ယ္ဖြင့္၍ သူျမင္ေနရသည့္ အေျခအေနကို နားလည္ေအာင္ ခက္ခက္ခဲခဲ ႀကိဳးစားေနရသည္။

သူ႕အာ႐ုံက ေဘးရွိ စားပြဲေပၚမွ မွန္ငယ္ေလးေပၚသို႔ က်ေရာက္သြားသည္။ မ်က္ႏွာျပင္ထက္တြင္ ထင္ဟပ္ေနသည့္ သူ႕ပုံရိပ္သူ ေရွာင္းက်န့္ျမင္လိုက္ရသည့္အခါ မ်က္ဝန္းမ်ားက ႏွစ္ဆျပဴးက်ယ္သြား၏။ တုန္ယင္ေနသည့္ လက္မ်ားက သူ႕မ်က္ႏွာသူ ထိကိုင္ၾကည့္ေနမိသည္မွာ အလြန္ထိတ္လန့္ေနပုံေပၚသည္။

သူက ဟိုဝမ္မ်ိဳးရိုးကိုပဲ နည္းနည္းေလာက္ ၿခိမ္းေျခာက္ၿပီး သတိေပးခ်င္ခဲ့႐ုံေလ။ သူက ဘာလို႔...ဘာလို႔မ်ား...သူက ဝမ္ရိေပၚျဖစ္သြားရတာလဲ!?

မွန္သားမ်က္ႏွာျပင္ကို တုန္လႈပ္ေခ်ာက္ခ်ားစြာ စိုက္ၾကည့္ေနသည့္ ေရွာင္းက်န့္က တစ္ဖန္ျပန္၍ သတိေမ့သြားခဲ့ေတာ့သည္။

ေသာက္က်ိဳးမေပးတဲ့ ဝမ္မ်ိဳးရိုးနဲ႕ေကာင္!

*  *  *  *  *

Genre မွာ drama ေတာင္ မထည့္ထားတာမလို႔ drama မႀကိဳက္တဲ့ရီဒါေတြ စိတ္ေအးလက္ေအးဖတ္လို႔ရပါတယ္🤭 အစက ကိုကို႔ေမြးေန႕ေရာက္မွ ေရးမယ္စဥ္းစားထားတာ။ ဒါေပမယ့္ ဒါကို plot ခ်ရင္းပဲ ေနာက္ plot အသစ္ရလာလို႔TvT မတင္ရင္ မေရးျဖစ္ေတာ့မွာသိေနၿပီ:"( ေဟမာန္က modern ပိုင္းသိပ္မေရးျဖစ္တဲ့အျပင္ အခုက school-life လည္းျဖစ္ေနေတာ့ စာဖတ္သူေတြ ပ်င္းစရာမေကာင္းေအာင္ အတတ္နိုင္ဆုံးႀကိဳးစားေရးသြားပါမယ္ေနာ္။ ႀကိဳက္ႏွစ္သက္ဖို႔ေမွ်ာ္လင့္ပါတယ္။ update ကေတာ့ တစ္ရက္ျခားတစ္ခါ ျဖစ္မယ္ထင္ပါတယ္။

Continue Reading

You'll Also Like

1.3K 1K 27
Najella Contessa & Lorence Earl Morales Book Cover Credit To The Rightful Owner
3.8K 191 39
Can she steal the playboy's heart?
15.2K 688 10
Bought from her mother to be the bride of the son of a very rich family, Katniss Everdeen has never felt more alone. Before her wedding, she had bare...