နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်...

By Swae_Nyoe

249K 33.5K 1K

ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင် More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁.၁
အခန်း ၂၁.၂
အခန်း ၂၂ .၁
အခန်း ၂၂.၂
အခန်း ၂၃.၁
တယ်လီဂရုကြေညာချက်..
အခန်း ၂၃.၂
အခန်း ၂၃.၃
အခန်း ၂၃.၄
အခန်း ၂၄.၁
အခန်း ၂၄.၂
အခန်း ၂၄.၃
အခန်း ၂၅.၁
အခန်း ၂၅.၂
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈.၁
အခန်း ၂၈.၂
အခန်း ၂၉.၁
အခန်း ၂၉.၂
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
Notice!!
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း (၈၁)
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အပိုင်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
Telegram ကို လာခဲ့နော်
အခန်း ၁၁၄
အခန်း ၁၁၅
🥳ဈေးနှုန်းပြောင်းလဲ သတ်မှတ်လိုက်ပါကြောင်း🥳

အခန်း ၄၄

1.6K 244 4
By Swae_Nyoe

44 01

အခန်း ၄၄.၁

ထိုအချိန်တွင် သူတို့အားလုံးက သရဲများ၏ အဝိုင်းခံထားရတော့သည်။ သူတို့၏ဘက်ခြမ်းတွင် ကိုယ်စီသရဲများကို ရင်ဆိုင်နေရသည့်အတွက် ကုဝူကျိထံသွားရောက်ကာ ရင်ဆိုင်လိုလျှင် စိန်ခေါ်မှုတစ်ခုကို ဆင်နွဲရသလို ဖြစ်သွားပေလိမ့်မည်။

ကုဝူကျိက ထိုသရဲများက အသိစိတ်မရှိကြောင်း အာရုံခံမိနိုင်သည်။ သို့သော် ထိုသရဲများ၏ တစ်စုံတစ်ရာ၏ ဆွဲဆောင်မှုကြောင့် ဒီနေရာသို့ ရောက်လာကြခြင်းဖြစ်သည်။ သူ့ထံရောက်လာရမည့်အစား မည်သည့်အတွက်ကြောင့် ထိုလူများထံ ဝင်ရောက်သွားသည်ဆိုသည့် အကြောင်းပြချက်မူကား...

ဒါက...

ကုဝူကျိက သူ၏ရင်ဘက်ထဲမှ အနည်းငယ် ပူနွေးနေသည့် အဖွဲ့ဓာတ်ပုံလေးကို ထုတ်လိုက်သည်။ မြူထုများ၏ အလယ်တွင် အဖွဲ့ဓာတ်ပုံအပေါ်တွင်ရှိသည့် ခြစ်ရာအမှတ်များက မမျှော်လင့်ထားစွာပင် ဖျော့တော့လာသည်။

ခွေးအဟုခေါ်ကြသည့် ထိုမကောင်းဆိုးဝါး သားရဲကြီးက ဒီအဖွဲ့ဓာတ်ပုံရှိရာ အခန်းထဲတွင် နေခဲ့သည်။ ထိုမကောင်းဆိုးဝါးက ဒီတခဏတွင် မတည်ရှိတော့သည့်တိုင်အောင် အရှိန်အဝါက ကျွင်းကျန်ရစ်နေသေးသည်။ ထို့ကြောင့် ထိုအသိစိတ်မဲ့သော သရဲများက သတိလက်လွတ်ဖြင့် ထိုအကောင်ကြီးနှင့် ရင်မဆိုင်လိုကြဘဲ အခြားသူများထံသို့ သွားကြခြင်းဖြစ်လောက်သည်။

"ဒီအဖွဲ့ဓာတ်ပုံက အခြားနေရာတွေမှာ အသုံးဝင်နိုင်လောက်သေးတယ်"

ထို့နောက် တစ်စက္ကန့်တွင် အကူပစ္စည်း ပိုင်ဆိုင်ထားသည့် လူတစ်ယောက်က ဆက်လက် မတောင့်ခံနိုင်တော့ဘဲ သေခြင်း၊ရှင်ခြင်း အခြေအနေသို့ ရောက်ရှိလာသည့်အခါ သူ၏နှလုံးသားက မာကြောသွားပြီး အခြားသူများ၏ ကိစ္စကို မကိုင်တွယ်နိုင်တော့သည့်အတွက် ကုဝူကျိထံ တိုက်ရိုက် ပြေးလာတော့သည်။ သူ၏ သန်မာသော တည်ဆောက်ပုံကတင် အားကိုးနိုင်လောက်သည်ဆိုသော ခံစားချက်မျိုးကို ပေးစွမ်းလေသည်။

သူ၏အပေါင်းအဖော်များ အားလုံးကလည်း မျှော်လင့်စောင့်စားလာကြသည်။ ကုဝူကျိက ဒီလိုအခြေအနေမျိုးမှ လွတ်မြောက်နိုင်မည်ဟု မယုံကြည်ချေ။

ရုတ်တရက် လေးလံသည့် ကြီးမားသည့် ပစ္စည်းတစ်ခုက မြေပြင်ကို ရိုက်မိသွားသည့် အသံထွက်လာပြီးနောက်တွင် ကုဝူကျိက သူ့အား ချောင်းတိုက်လာသည့်လူကို မြေပြင်ကို ဖိချထားပြီး ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး မင်းက ငါတစ်ချိန်က ရင်ဆိုင်ခဲ့ဖူးတဲ့ သက်တော်စောင့်တွေနဲ့ယှဉ်ရင် နည်းနည်းတော့ ပိုပြီးတော်တယ်"

"မင်း..."

ထိုလူက ကုဝူကျိ၏ မြေပြင်ကို အဖိချခံထားရလေရာ သူ၏ကိုယ်ပေါ်သို့ ရောက်နေသည့် ကြောက်မက်ဖွယ်ကောင်းသည့် အားကို ရှင်းလင်းစွာ ခံစားမိနေသည်။ သူကလည်း ချက်ချင်းလိုလို အံ့အားသင့်သွားသော အမူအရာကို ထုတ်ပြလာပြီးနောက် အလန့်တကြား ဖြစ်သွားသော မျက်နှာအမူအရာ ဖြစ်သွားသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ မင်းက မင်းက လူသားမဟုတ်တော့ဘူးလား"

"မင်းရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ မြင်နေရတာတောင်မှ နားမလည်ဘူးလား"

ကုဝူကျိက ထိုသို့မေးလိုက်ပြီးသည်နှင့် ခေါင်းကိုမော့ကာ သူ၏အရှေ့ မနီးမဝေးတွင် ရှိနေသည့် သရဲကိုကြည့်လိုက်သည်။ ထိုသရဲက ယခင်ကသူ့ထံ ရောက်လာသောလူနှင့် ရင်ဆိုင်နေသော သရဲဖြစ်သည်။ သို့သော် ကုဝူကျိ ပိုင်ထားသည့် ဓာတ်ပုံကြောင့် အနားမကပ်လာရဲခြင်းလည်းဖြစ်သည်။

"အရင်ကကိစ္စအတွက် ကျေးဇူးတင်ပါတယ်"

ကုဝူကျိကလည်း ထိုသရဲက သူ၏စကားကို နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ စိတ်ထဲမထားပေ။ မည်သို့ပင်ဆိုစေ သူ၏ကျေးဇူးတင်စိတ်ကို ဖော်ပြနိုင်ခြင်းကပင် ကောင်းမွန်သည့်ကိစ္စ ဖြစ်နေလေပြီ။ သိပ်မကြာခင်အချိန်တွင် သူက သူနှင့်အတူ သယ်ဆောင်လာသည့်ကြိုးကို ထုတ်လိုက်သည်။

ကံကောင်းသည်မှာ ထိုကြိုးရှိနေခဲ့သည့်အတွက် အသိစိတ်မဲ့နေသည့် အပေါင်းအဖော်များကို သူက ချည်နှောင်ရန် အသုံးပြုခဲ့ပြီးနောက်တွင် ယခုကဲ့သို့ တဖန်ပြန်လည် ယူလာနိုင်ခဲ့သည်။ မဟုတ်လျှင် ဒီအဖွဲ့ကို ရင်ဆိုင်ရန် ခက်ခဲသွားပေလိမ့်မည်။

44 02

ထိုအဖွဲ့ကတည်း တောင့်တင်းသန်မာသော ကြွက်သားအပြည့်နှင့်လူကတင် ကုဝူကျိ၏ အသာအယာ အောက်သို့လှဲချခြင်းကို ခံရကြောင်း မြင်ပြီးနောက် သူတို့၏ လောကအပေါ် သုံးဘက်မြင် အမြင်များအားလုံးက လဲကျသွားတော့သည်။ ကုဝူကျိက သရဲတစ်ကောင်က ဝင်ပူးထားသည်ဟုပင် သူတို့က သုံးသပ်နှင့်ပြီးလေပြီ။ ထို့ကြောင့် ကုဝူကျိအပေါ် ရင်ဆိုင်နိုင်မည်ဟု မျှော်လင့်ချက်မထားတော့ချေ။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကုဝူကျိက ကျွမ်းကျင်စွာဖြင့် ထိုတစ်ဖွဲ့လုံးကို အားအင်များများစားစား စိုက်ထုတ်ခြင်းမရှိဘဲ ကြိုးဖြင့်တွဲချည်လိုက်နိုင်သည်။ မည်သို့ပင်ဆိုစေ သူတို့အားလုံးပေါ်တွင်ရှိသည့် ပစ္စည်းများအားလုံးက ဒီတစ်ကြိမ်တွင် အသုံးပြုခဲ့ပြီးကြလေရာ ကုဝူကျိ၏ အင်အားကိုလည်း သူတို့က ရင်မဆိုင်နိုင်ကြတော့ချေ။

ဖန်းဟောင်ခမ်း၏အလှည့် ရောက်လာသည့်အခါ ကုဝူကျိကို အားနည်းဖျော့တော့စွာ ပြုံးပြလာသည်။

သူကရုတ်တရက် ကုဝူကျိ ယခင်ပုံတူလောကတွင် လုပ်ခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသည့် ကိစ္စများကို ပြန်လည်သတိရသွားသည်။ ကုဝူကျိ၏ ထူးချွန်ပြောင်မြောက်သော ရုပ်ရည်က အရာအားလုံးကို နားလည်မှု လွဲမှားစေခြင်းဖြစ်သည်။ သူနှင့်အတူလာသော လူများ၏ ပြောစကားများကြောင့် သူကိုယ်တိုင်ကပင် ထိုသို့သော ကိစ္စများကို မေ့လျော့သွားပြီး သတိလက်လွတ် ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

ကုဝူကျိကလည်း ဖန်းဟောင်ခမ်းကို ပြန်လည်ပြုံးပြသည်။ ထို့နောက်သူက အခြားသူများနှင့် ပူးချည်လိုက်သည်။ ဒီနည်းအားဖြင့် အခြားလူများက သံသယဝင်တော့မည် မဟုတ်ချေ။

ကုဝူကျိက ထိုသို့လုပ်လိုက်ပြီးနောက်တွင် ပတ်ဝန်းကျင်တွင် စုစည်းနေကြသော သရဲများအားလုံးက ကုဝူကျိက မတော်တဆ သူတို့ကိုယ်အား ထိတွေ့လာမိမည်ကို ထိတ်လန့်စွာဖြင့် နောက်ကိုဆုတ်လိုက်ကြသည်။

ထိုသို့ဆုတ်လိုက်သည့် မြင်ကွင်းကိုလည်း ကြိုးချည်ခံလိုက်ရသော လူတိုင်းက မြင်လိုက်ကြပြီး အားလုံးက ထိတ်လန့်သွားကြပြန်ကာ ထိုသရဲများ၏ ကုဝူကျိကို ကြည့်လာသောအကြည့်ကတင် သူတို့၏စိတ်အား ကယောင်ချောက်ချား ဖြစ်စေလောက်ပေလေသည်။ ဆိုလိုသည်မှာ ကုဝူကျိက ဒီပုံတူလောကထဲသို့ ဝင်ရောက်လာနိုင်ခြင်းက ကံကောင်း၍မဟုတ်လေဘဲ သူ၏အင်အားကြောင့် ဖြစ်နေလောက်လေသည်။

ဟွန်း သူကအခြားသူတွေရှေ့မှာ သူ့ရဲ့အားနည်းတဲ့ ပုံစံလေးကိုပြပြီး လူတိုင်းကို သတိလက်လွတ်ဖြစ်အောင် လုပ်နေတာပဲ။

ဟုတ်တယ် အဲ့ဒီလိုပဲ ဖြစ်ရမယ်။ မဟုတ်ရင် သူကဘယ်လိုများ လုယွမ်ကျိုးနဲ့ ဆက်ဆံရေး ကောင်းနေရမှာလဲ။ ဒါ့အပြင် ဒီပုံတူလောကရဲ့ ခေါင်းဆောင်ကိုယ်တိုင်ကတောင် ပစ်မှတ်ထားတာကို ခံနေရသေးတယ်။ ဆိုလိုတာက သူ့မှာ ထူးခြားတဲ့ တစ်စုံတစ်ရာ ရှိနေလို့ပဲ။

ပြိုင်ဘက်က အတန်ငယ် အင်အားကြီးမားလာခြင်းဆိုလျှင် အခြားသူများက ပြန်လည်တိုက်ခိုက်ရန် နည်းလမ်း တွေးကောင်းတွေးနိုင်သည်။ သို့သော် ပြိုင်ဘက်က သူတို့၏ မျှော်လင့်ထားမှုကို ကျော်လွန်ပြီး အလွန်အမင်း အင်အားကြီးမားသွားခြင်းဆိုလျှင်မူ ထိုအဖွဲ့က သူတို့၏ ဘဝရှင်သန် နေထိုင်မှုကိုပင် သံသယဝင်နေပြီဖြစ်သည်။

သူတို့က ဒီပုံတူလောကထဲကိုဝင်လာပြီး ကုဝူကျိကို ပြဿနာရှာချင်ကြတာ မဟုတ်လား။ ဒါပေမဲ့ ဘာလို့လဲ ကိုယ့်သေလမ်းကိုယ် ရှာနေတာ ဖြစ်သွားပြီ ဟုတ်ပြီလား။

ထိုမျှအင်အားကြီးမားသော လူတစ်ယောက်က သူတို့၏ ထောင်ချောက်အတွင်း ကျဆင်းခဲ့ခြင်းကလည်း ကုဝူကျိက ဆင်ထားသည့် ထောင်ချောက်တစ်ခု ပြန်ဖြစ်နေနိုင်သည်။ ဒီနည်းအားဖြင့် သူက သူတို့အားလုံးက တစ်ချိန်ထဲတွင် ဖမ်းနိုင်ပေလိမ့်မည်။

ထိုလူများ၏ အတွေးများကို တောင်ရောက်မြောက်ရောက် စေလွှတ်တတ်သည့် အလေ့အကျင့်အတိုင်း သူတို့၏အမြင်တွင် ကုဝူကျိက ကြောက်မက်ဖွယ်ကောင်းသထက် ကောင်းလာတော့သည်။

"ဒီအထဲက သရဲတွေက ငါတို့ရင်ဆိုင်တဲ့ အဆင့်မဟုတ်ဘူး။ ဒီတော့ အရေးအကြီးဆုံး သရဲကိုရှာပြီး ငါတို့ထွက်သွားဖို့ ကြိုးစားရလိမ့်မယ်"

ထိုနေရာတွင် သရဲက အလွန်များလွန်းနေပြီး သန့်စင်သည့်စွမ်းရည်ကို အသုံးပြုနိုင်သည့်တိုင်အောင် သိပ်မကြာခင်မှာတင် သူကအကန့်အသတ်သို့ ရောက်ရှိသွားပေလိမ့်မည်။

ဒီလိုအခြေအနေမျိုးမှာဆိုရင် ဒါက သေလမ်းရှာသလို ဖြစ်သွားမှာပေါ့။

ပို၍ဆိုးသည်မှာ ထိုသရဲများက အဖွဲ့ဓာတ်ပုံတွင်ပါသည့် ခွေးအ၏ အရှိန်အဝါကို ကြောက်နေသည့်တိုင်တောင် ထိုအရှိန်အဝါက ထာဝရတည်မည် မဟုတ်ချေ။ သိပ်မကြာခင်မှာတင် အရှိန်အဝါက ပျောက်ပျယ်သွားပေလိမ့်မည်။

"မင်းပြောတာမှန်တယ် ဒါပေမဲ့ ငါတို့ဘယ်လို ရှာကြမှာလဲ"

44 03

ကြိုးချည်ခံထားရသော အဖွဲ့ထဲမှ လူတစ်ယောက်က သတ္တိကိုမွေးကာ ပြောသည်။ သူက ပြောပြီးသည်နှင့် ကုဝူကျိက သူတို့အား သတ်ချင်စိတ်မရှိကြောင်း သေချာသွားတော့သည်။

"ဒီနေရာနဲ့ ရင်းနှီးကျွမ်းဝင်တဲ့လူကို ငါရှာရမှာပေါ့"

ကုဝူကျိက ထိုသို့ပြန်ဖြေသည်။ သရဲများ ထိန်းချုပ်စွမ်းရည်က သူတစ်ယောက်ထဲ ရှိချိန်တွင်သာ အသုံးပြုနိုင်လေသည်။ သို့သော် သူက မကြာခဏ အသုံးပြုသောကြောင့် သူကထိုသို့ ထိန်းချုပ်ရန် ဆင့်ခေါ်လိုက်လျှင် အောင်မြင်နိုင်သည့် အရှိန်နှုန်းကလည်း ပို၍မြင့်မားလာသည်ဟု ခံစားနေရသည်။

လူတိုင်း အံ့အားသင့်နေသော အကြည့်အောက်တွင် မြူထုထဲမှ ဖြေးညှင်းစွာ ရွေ့လျားလာသော အနက်ရောင် အရိပ်တစ်ခုကို အားလုံးက အံ့အားတသင့် မြင်လိုက်ကြရသည်။ ထိုအရိပ်က ကုဝူကျိရှေ့တွင် ရပ်သွားလေသည်။ ထိုသရဲ၏ ထိုင်းမှိုင်းနေသော မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုများကို အားလုံးက မြင်လိုက်ကြရသည်။

"ငါဒီနေရာက ထွက်သွားဖို့ နည်းလမ်းများ မရှိဘူးလား"

ကုဝူကျိက တိုက်ရိုက်မေးလိုက်သည်။

"ဒါမှမဟုတ် ဒီနေရာရဲ့ အင်အားအကြီးဆုံး သရဲဆီကို ခေါ်သွားပေးရင်လည်းရတယ်"

ထိုသရဲက ခေါင်းညိမ့်ပြီးနောက် မြူထုထဲသို့ ပြန်ဝင်သွားသည်။ ကုဝူကျိက နောက်သို့ လှည့်လိုက်သည်။

ကျန်သောသူများ အားလုံးက သူ့အား ထိတ်လန့်တကြား ကြည့်လာကြသည်။

သူတို့ရဲ့လက်ရှိ အခြေအနေမျိုးနဲ့ ရက်စက်ကြမ်းတမ်းတဲ့ ရန်ငြိုးကြီးဝိညာဉ်တွေကို သူတို့မှာ ဘယ်လိုများ ကိုင်တွယ်နိုင်စွမ်းရည် ရှိနေမှာလဲ။ သူတို့က မြူထဲကို ရောက်နေတာကို ထည့်မပြောနဲ့အုံး။

"နေပါအုံး ကုအဘိုးရဲ့ ငါတို့ကို ဒီနေရာမှာ လွှတ်ပေးပါ ဟုတ်ပြီလား"

"ကောင်းပြီလေ ဒီလိုအန္တရာယ်များတဲ့ နေရာမျိုးမှာ ငါတို့အနေနဲ့ ဒီနေရာမှာပဲ နေခဲ့တာ ကောင်းလိမ့်မယ်။ မင်းငါတို့ကို ခေါ်မသွားသင့်ဘူး။ ဒီလိုဆိုရင်မင်းအတွက် ပိုပြီးလုံခြုံလိမ့်မယ်"

"မဟုတ်ဘူး ငါဒီလိုလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ"

ကုဝူကျိက သူတို့ကိုကြည့်ပြီးနောက်တွင် ရန်စခံရသလိုမျိုး အေးစက်စွာ ကြုံးဝါးလာသည်။

"ငါကမင်းတို့ကို ဒီနေရာမှာထားပြီး အသေခံခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ။ ဒီတော့ ငါ့အနေနဲ့ အတူတူထွက်သွားဖို့ ကူညီပေးတာက ပိုကောင်းတယ်"

ထိုလူများ "..."

ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ရုတ်တရက် သူတို့သင်ခန်းစာ ပေးခံရသလို ခံစားလိုက်ရတာလဲ။

အနှစ်ချုပ်ဆိုရသော် ဖန်းဟောင်ခမ်းကမူ ယခင်ပုံတူလောကမှ ကုဝူကျိ၏ အပြုအမူကို ပြန်လည် သတိရသွားလေသည်။ သူကလည်း ထိုအကြံကို မငြင်းတော့ချေ။ သူကိုယ်တိုင်ကလည်း ကုဝူကျိတွင် ထိုရက်စက်ကြမ်းတမ်းသည့် ရန်ငြိုးကြီးဝိညာဉ်ကို ကိုင်တွယ်နိုင်သည့် နည်းလမ်း ရှိနေသည်ဟု ခံစားလိုက်ရသည်။

သိပ်မကြာခင် အချိန်တွင် ကြိုးချည်ထားသော လူတိုင်းကို ကုဝူကျိက ကြိုးစကိုခွဲလျှက် အရှေ့မှ ဦးဆောင်ခေါ်သွားသည်။ အဖွဲ့က အနောက်မှ သရဲ၏လမ်းကြောင်းအတိုင်း လိုက်ကြလေသည်။ ထိုသို့အားဖြင့် သူတို့က မြူထဲသို့ ဝင်ရောက်သွားကြတော့သည်။

ထိုသိပ်သည်းသော မြူများကြောင့် သူတို့အနေဖြင့် အရှေ့မှ အခြေအနေကို ထင်ရှားစွာ မြင်နိုင်ခြင်း မရှိကြချေ။ သူတို့အဖွဲ့ကိုသာ တစ်စုတစ်စည်းထဲရှိအောင် ကြိုးဖြင့်မချည်ထားခဲ့လျှင် သူတို့က ဦးတည်ရာဘက် အစုံသို့ လျှောက်သွားမိပြီး တစ်ယောက်ကိုတစ်ယောက် မရှာနိုင်တော့သည်အထိ ဖြစ်သွားနိုင်သေးသည်။

ထိုနေရာတွင်ရှိနေသည့် တိတ်ဆိတ်မှုက ချောက်ချားဖွယ် ကောင်းလွန်းလှပြီး ပတ်ဝန်းကျင်တွင် အချိန်တိုင်း ရွေ့လျားနေသည့် အရိပ်ပေါင်းများစွာကိုသာ သူတို့က မြင်နေရတော့သည်။ သို့သော် သူတို့၏မြင်ကွင်းက အကန့်အသတ် ရှိနေသည့်အလား ပုံရိပ်ယောင်များအတွင်းသို့ နစ်မြုပ်သွားလေပြီး သိပ်မကြာခင်မှာတင် ဆံပင်ကို ထောင်တက်စေလောက်သည့် ချောက်ချားဖွယ် ခံစားချက်တစ်မျိုးက သူတို့၏ စိတ်အတွင်းသို့ ဝင်ရောက်လာသည်။

အခန်း ၄၄.၂

ကုဝူကျိကသာ လမ်းကို ဦးဆောင်နေသောကြောင့်သာ မဟုတ်လျှင် ထိုသရဲများ အားလုံးက သူတို့ထံသို့ ခုန်ဝင်လာပြီးလောက်လေပြီ။

ထိုအချိန်တွင် ရှေ့မှ ဦးဆောင်နေသည့် ကုဝူကျိက ရုတ်တရက် ရပ်လိုက်သည်။ သူကလှုပ်ရှားမည့် အရိပ်အယောင် မရှိတော့ချေ။

အခြားသူများကလည်း သေလုနီးပါး ချောက်ချားသွားကြသည်။ သို့သော် သူတို့တွင်လည်း လွတ်မြောက်စရာနည်းလမ်း မရှိတော့ချေ။ သူတို့ကို ကြိုးမချည်ထားလျှင်ပင် ထိုသရဲအုပ်က သူတို့ကို သေရန် အာမခံချက်အပြည့် ပေးနိုင်လေသည်။

44 04

"ဘာဖြစ်တာလဲ ကုဝူကျိက လူသားပဲ ဖြစ်နေတာလား။ သူငါတို့ကို ဘာလုပ်စေချင်နေတာလဲ"

"နေအုံး မင်းတို့ကောင်တွေ မှတ်မိကြလား။ ငါတို့ရိက္ခာတွေ ရှာနေတုန်းက ရှာတွေ့ထားတဲ့ သဲလွန်စလေ"

လူတစ်ယောက်က ရုတ်တရက် ပြောလာသည်။

"အဲ့ဒီသဲလွန်စက ပြောထားတဲ့အတိုင်းဆိုရင် ငါတို့မြူထဲကို ဝင်ရောက်ပြီးရင် လွတ်မြောက်နိုင်တဲ့ အခွင့်အရေးတော့ ရှိတယ်။ ဒါပေမဲ့ ဒီမြူထုက သရဲပေါင်း မြောက်များစွာကို ထိန်းချုပ်ထားနိုင်တဲ့အပြင် တစ္ဆေပုံရိပ်တွေကိုလည်း ဖန်တီးနိုင်တယ်"

စံအိမ်ကြီး၏ ခန်းမထဲတွင်ရှိသော လူတိုင်းကလည်း ဖန်သားပြင်ကို စိတ်ဝင်တစား ကြည့်နေကြသည်။ လက်ရှိ အမဲလိုက်ကွင်း၏ အခြေအနေက ယခင်အတွေးများနှင့် ကွာခြားနေခဲ့သည်။ ထို့ကြောင့် သူတို့အား ပို၍သိချင်စိတ် ပြင်းပြလာစေကာ ထိုသားကောင်က ကျွန်းအရှင်၏ လက်အောက်မှ မည်သို့ လွတ်မြောက်မည်ဆိုသည့် အကြောင်းအရာကို သိချင်စိတ် ပြင်းပြနေကြသည်။

လက်ထောက်တစ်ယောက်က ရှေ့တက်လာပြီး ဖန်သားပြင်ကိုကြည့်ကာ ရှင်းပြပေးသည်။

"မြူထုက အန္တရာယ်အများဆုံး နေရာပါပဲ။ မြူထုတွေထဲမှာတောင်မှ ဒီနေရာက ပိုပြီးအန္တရာယ်အများဆုံး နေရာဖြစ်နေတယ်။ လူတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲကို မြူထုစွမ်းအားတွေက ဝင်ရောက်ပြီး အဲ့ဒီလူရဲ့ မှတ်ဉာဏ်ထဲမှာရှိနေတဲ့ အရင်းနှီးဆုံး ပုံရိပ်ကို တစ္ဆေပုံရိပ်အဖြစ် ပြောင်းလဲဖန်တီးပေးနိုင်စွမ်း ရှိနေပါတယ်။ ဒါ့အပြင် အသက်ရှုတာ ကြာလေလေ အဲ့ဒီမြူထဲကို ရောက်နေတဲ့လူက ပို၍စိတ်ရှုပ်ထွေးလာလေလေ ဖြစ်ပြီး သူတို့ရဲ့ တွေးခေါ်နိုင်စွမ်းတွေကလည်း ထိုင်းမှိုင်းသွားပါလိမ့်မယ်။ အဲ့ဒီနောက် သူတို့က အဓိက ပြဿနာကို မစဉ်းစားနိုင်တော့ဘဲ အသိစိတ်မဲ့ပြီး တဖြည်းဖြည်း မြူထုရဲ့ ဝါးမြိုတာကို ခံရပါလိမ့်မယ်။ ဒီလိုဆိုရင် အဲ့ဒီတစ်ယောက်ကလည်း ဒီမြူထုရဲ့ သရဲတစ်ကောင် ဖြစ်သွားမှာပါ"

"တကယ်စိတ်ဝင်စားဖို့ ကောင်းတာပဲ"

လူတစ်ယောက်က ပြောသည်။

"ဒီမြူထဲက ထွက်ရမဲ့ တစ်ခုတည်းသော နည်းလမ်းက ပုံရိပ်ယောင်တွေရဲ့ ဝါးမြိုမှုကို မခံရဖို့ပါပဲ။ ပြောဖို့ကလွယ်ပေမဲ့ တကယ်တန်းတော့ ခက်ခဲပါတယ်"

ဖန်သားပြင်တွင် လက်ရှိအခြေအနေကို ပြနေပြီး မြူထုအတွင်းရှိ အရာအားလုံးကို မြင်နေရသည်။

လူတိုင်းက ကုဝူကျိကို ကြည့်နေကြပြီး ကြောက်လန့်မှုနှင့် မျှော်လင့်စောင့်စားမှုတို့က ပြည့်နှက်နေကာ အနည်းငယ်တောင်မှ မလှုပ်ရှားရဲကြတော့ချေ။ သူတို့က ကြိုးချည်ခံထားရသောကြောင့် မြူထု၏ အာရုံအားလုံးက ကုဝူကျိထံသို့ ရောက်သွားခဲ့ခြင်း ဖြစ်လောက်သည်။

ထိုအခိုက် လူတိုင်း၏ မျက်လုံးအရှေ့ ကုဝူကျိ၏ဘေးတွင် ပုံရိပ်တစ်ခုက ဖြေးညှင်းစွာဖြင့် ပေါ်လာသည်။ ထိုပုံရိပ်က သူတို့အား ထိတ်လန့်သွားစေလေသည်။

"ဒါ ဒါ ဒါက သူနဲ့ အသိစိတ်အရ အနီးကပ်ဆုံးလို့ ဖြစ်ခဲ့တဲ့ လူတစ်ယောက်ကို မြူထုက ပုံဖော်ထားပေးတာ မဟုတ်လား"

"မဟုတ်သေးဘူး တစ်ခုခုတော့ မှားနေပြီ"

ခန်းမထဲရှိ ဧည့်သည်တော်များကပင် ထိုမြင်ကွင်းကိုမြင်ပြီး စွံ့အသွားကြတော့သည်။

ကုဝူကျိ၏ အရှေ့တွင် ပေါ်ထွက်လာသည့် တည်ရှိမှုက ခေါင်းငုံ့ထားသော လူငယ်တစ်ယောက် ဖြစ်လေသည်။

သူ၏မျက်နှာသွင်ပြင်က ထင်ရှားစွာမြင်ရခြင်း မရှိသော်လည်း ခန္ဓာကိုယ်မှသွေးများက ဆက်တိုက် စီးကျနေပြီး ရင်ဘက်နေရာက တစ်စုံတစ်ရာဖြင့် အထိုးဖောက်ခံထားရသလို ဖြစ်နေသည်။

ဒါသေချာပေါက် လူသေပဲ။ မဟုတ်ဘူး ဒါကသရဲ။

မြူနှင့်ပတ်သတ်၍ ပြဿနာမရှိသည်မှာ သေချာသည်။ ဆိုလိုသည်မှာ ကုဝူကျိ၏ နှလုံးသားထဲမှ အနီးစပ်ဆုံးလူက သရဲတစ်ကောင် ဖြစ်နေသည်။

တခဏခန့် စိတ်လွတ်သွားသော ကုဝူကျိကလည်း အသိပြန်ဝင်လာသည်။ သူကရုတ်တရက် အနားရှိ သရဲကို မြင်လိုက်ရသဖြင့် အံ့သြသွားတော့သည်။

"ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ သရဲရှိနေတာလဲ"

အခြားသူများ "..."

သောက်ကျိုးနည်း ဒါကမင်းကိုယ်မင်း မေးသင့်တာ မဟုတ်ဘူးလား။

"ဟလို ကျွန်တော် ကူညီပေးနိုင်တာများရှိလား"

ကုဝူကျိက မေးမြန်းရန် ကြိုးစားလိုက်သည်။

44 05

"အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့ ဆက်သွားလိုက်တော့မယ်"

သူ၏အနားတွင်ရှိသော သရဲကို အနည်းငယ် ရင်းနှီးသည်ဟု ခံစားနေရသည့်တိုင်အောင် အခြားတစ်ဖက်နှင့် ဆက်နွယ်နေသည့် ထူးခြားသည့် မှတ်ဉာဏ်မျိုးကို သူက မမှတ်မိချေ။ ထပ်ပြောရန်ပင် မလိုလောက်အောင် ဒီအချိန်က အလွန်အရေးကြီးနေခဲ့သည့်အပြင် သူ့တွင်လည်း လူအများအပြားကို ခေါ်လာရသေးလေရာ သူ၏ကောင်းမွန်သည့် ကိစ္စများကို သေချာလုပ်ကိုင်ရန်က ခက်ခဲလွန်းနေသည်။

ပုံရိပ်ယောင် "..."

လူတိုင်း "..."

ထိုသရဲပုံရိပ်ယောင်က ကုဝူကျိရှိရာဘက်သို့ ဖြေးညှင်းစွာဖြင့် ခေါင်းကိုမော့လာသည်။ ထိုအချိန်တွင်ပင် လူတိုင်းက သူတို့၏ကိုယ်ပေါ် ကျရောက်လာသည့် အလွန်ကြီးမားသည့် ကပ်ဘေး ဆိုက်ရောက်နိုင်သော ခံစားချက်မျိုးကို ရလိုက်ကြသည်။ ထိုကဲ့သို့သော စွမ်းအင်မျိုးက မည်သည့်နေရာကမှန်းမသိ ထွက်လာခဲ့ခြင်းမျိုးဖြစ်ပြီး လူတိုင်းက အကြည့်မလွှဲနိုင်ကြတော့ဘဲ သူတို့၏မျက်လုံးက ထိုသရဲထံသို့သာ ရောက်နေတော့သည်။

ကုဝူကျိကလည်း ခံစားချက် မကောင်းတော့ချေ။ သူက အရှေ့တွင်ရှိသော သရဲကို ကရုမစိုက်တော့ဘဲ ထိုသူခေါင်းမော့လာ၍ မဖြစ်ကြောင်းကိုသာ သေချာသွားတော့သည်။ မဟုတ်လျှင် ဒီနေရာတွင် အလွန်ဆိုးရွားသော အဖြစ်အပျက်ကြီးက ဖြစ်ပျက်လာပေတော့မည်။

သူကအသက်ကို ပြင်းပြင်းရှုပြီးနောက်တွင် ရှေ့ကိုတက်လိုက်သည်။ ထို့နောက် တစ်ဖက်သူ၏ ခန္ဓာကိုယ်ကို ပြေးတိုက်လိုက်တော့သည်။

ထိုသရဲ၏ ပုံရိပ်က အပြည့်အဝ အကောင်အထည် မပေါ်လာသေးသည့်အတွက် ကုဝူကျိ၏ ပြေးဆောင့် တိုက်ခံရသည့်အခါ တိုက်ရိုက်ပင် မြူအဖြစ် ပြန်ပြောင်းသွားတော့သည်။

ထိုအခါမှသာ လူတိုင်းကလည်း ထူးဆန်းသည့် စိတ်အခြေအနေမျိုးမှ ရုန်းထွက်လာနိုင်ကြပြီး အသိပြန်ဝင်လာကြကာ ချွေးစေးများ ပြန်သွားကြတော့သည်။ ကုဝူကျိကပေးသော အသက်စွမ်းအားများကိုပင် ခံစားလိုက်ရသလို ဖြစ်သွားသည်။

"သေစမ်း ဒါကကြောက်ဖို့ ကောင်းလွန်းတယ်။ အခုက ဘာလဲ..."

"ငါ ငါ တစ်စုံတစ်ရာကို ကြိုမြင်လိုက်သလို ခံစားလိုက်ရတယ်။ ငါတို့အားလုံးက သေချာပေါက် ကျိန်စာသင့်သွားကြမှာပဲ။ ငါတို့သာ အဲ့ဒီသရဲရဲ့ မျက်နှာကို မြင်လိုက်မယ်ဆိုရင် ဆိုးရွားတဲ့အရာ တစ်ခုခု ဖြစ်လာလိမ့်မယ်။ ငါအရင်က ကြုံတွေ့ခဲ့ဖူးတဲ့ ပုံတူလောကတစ်ခုကလည်း ဒီလိုဇာတ်ညွှန်း ရေးထားတာမျိုးရှိတယ်။ အထဲမှာရှိတဲ့ သရဲရဲ့မျက်နှာကို အပြည့်အဝ မြင်လိုက်တဲ့ လူတွေအားလုံးက ကမ္ဘာဆုံးတဲ့အထိ အမဲလိုက်ခံရတယ်"

လူတိုင်းက စိတ်အေးစွာ သက်ပြင်းချနေကြချိန်တွင် ကုဝူကျိ၏ မျက်နှာထဲမှ ထွက်လာသည်ဟု ထင်ရသော ထိုသရဲကို ပြန်လည်တွေးတောမိသွားကြသည်။ သူတို့၏ ကုဝူကျိထံသို့ ရောက်သွားသော အကြည့်များထဲတွင် ကျေးဇူးတင်စိတ်နှင့် စိတ်ရှုပ်ထွေးမှုများက ပြည့်နှက်ကာ ရှုပ်ထွေးနေတော့သည်။

သူအတိတ်မှာ ဘယ်လို အတွေ့အကြုံတွေများ ရှိခဲ့လို့ သူနဲ့အရင်းနှီးဆုံးလူက ရက်စက်ကြမ်းတမ်းတဲ့ ရန်ငြိုးကြီးဝိညာဉ် ရှိနေတာလဲ အာ မဟုတ်သေးဘူး။ အဲ့ဒီကောင်က ဒီတိုင်း ကြောင်တောင်တောင်နိုင်တဲ့ အချစ်သရဲပဲဖြစ်လောက်တယ် ဟုတ်တယ်မလား။

ဖန်းဟောင်ခမ်းဆိုလျှင် ကုဝူကျိနှင့် အတူရှိဖူးသည့် အတွေ့အကြုံရှိလေရာ မျက်နှာတစ်ခုလုံး ချွေးများရွှဲနေပြီဖြစ်သည်။ ထိုသရဲ၏ တစ္တေပုံရိပ်က ကုဝူကျိ၏ အရင်က ရည်စားကောင်လေးဟုပင် သူက ခန့်မှန်းနေမိလေသည်။ ယခင်က သရဲနှင့် ကုဝူကျိ၏ စိတ်လှုပ်ရှားစွာ စကားပြောကြသည့် ပုံရိပ်ကို ပြန်တွေးကြည့်ပြီးနောက်တွင် လူသေတစ်ယောက်ကလည်း ပြဿနာမရှိနိုင်ဟု ခံစားမိသွားပြန်သည်။

အနှစ်ချုပ်ဆိုရသော် လူတိုင်း၏ စိတ်ထဲတွင် မျိုးစုံသော အတွေးများက ရှုပ်ထွေးနေတော့သည်။ သူတို့၏ ကုဝူကျိထံသို့ ရှု့မြင်သည့် အမြင်ကပင် ရန်စရန်မဖြစ်နိုင်သောလူဟူ၍ တံဆိပ်ကပ်ပြီးသား ဖြစ်သွားသည်။

ဒီလူက သာမာန်လူမှ မဟုတ်တာ။

"အားလုံးအဆင်ပြေလို့ တော်ပါသေးတယ်"

ကုဝူကျိက အားလုံး၏ အတွေးများကို နားမလည်သည့်အတွက် အဆုံးတွင် မည်သူမှန်းမသိရသည့် တစ္ဆေတစ်ကောင်က ပျောက်ကွယ်သွားကြောင်း မြင်သည့်အတွက် စိတ်အေးသွားတော့သည်။ သူက လူတိုင်းကို ညင်သာစွာ ပြုံးပြသည်။

"ငါကမင်းတို့အားလုံးကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးမှာပါ"

လူတိုင်းကလည်း ထိုအပြုံးကြောင့် ချွေးစေးပြန်သွားကြပြန်သည်။

ထိုခရီးက အားအင်ကုန်ခမ်းလွန်းသည်။ ထိုနောက်ပိုင်းတွင်မူ ကုဝူကျိ၏ ဦးဆောင်မှုကြောင့် မမျှော်လင့်ထားသော အဖြစ်အပျက်များ အားလုံးက လျော့ပါးသွားပြီး သူတို့က သူတို့၏ ရင်းနှီးကျွမ်းဝင်သော တောအုပ်ထဲသို့ ပြန်ရောက်သွားကြသည်။

44 06

ဖန်းဟောင်ခမ်းတို့ အားလုံးကလည်း ပြန်လည်မွေးဖွားလာခဲ့သလို ခံစားလိုက်ကြရသည်။ သူတို့က ကုဝူကျိကို တုန့်ဆိုင်းစွာ ကြည့်ပြီးသည်နှင့် မြူထုထဲမှ အကြောင်းအရာကို ပြောသင့်မပြောသင့် မတွေးတောနိုင်တော့ချေ။ သို့သော် ဒါကအချိန်ကောင်း မဟုတ်သေးချေ။

"ကောင်းပြီ ငါတို့ လုယွမ်ကျိုးဆီကို ပြန်သွားရအောင်"

ကုဝူကျိကပြောသည်။

"မမှောင်ခင် နေရာတစ်ခုရှာပြီး နားမှဖြစ်မယ်။ မဟုတ်ရင် ဒုက္ခများသွားလိမ့်မယ်"

...

"အဆုံးမှာ အဲ့ဒါဘာဖြစ်သွားတာလဲ"

ခန်းမထဲရှိ လူတိုင်းက အံ့သြနေကြသည်။ လက်ထောက်၏ မျက်နှာကလည်း ချွေးစေးပြန်နေလေပြီ။

"မြူမှာတော့ ပြဿနာမရှိတာ သေချာပါတယ်။ တစ်ခုတည်းသော ဖြစ်နိုင်ချေက အဲ့ဒီသားကောင်နဲ့ သားကောင်ရဲ့ နှလုံးသားထဲက အနီးကပ်ဆုံးလူက တကယ့်သရဲဖြစ်နေတာပါ"

မြူမှလွှတ်သော တစ္ဆေပုံရိပ်က ထိုကဲ့သို့သော စွမ်းအင်မရှိချေ။

အာ မှတ်ဉာဏ်ထဲကသရဲက ဒီလောကကို သက်ရောက်အောင် လုပ်နိုင်တာက ဖြစ်နိုင်လို့လား။

"ဒီလူသားက တကယ်ကို ထူးခြားတယ်"

ပြောလိုက်သောသူက စိတ်ဝင်စားနေသည်။ ကုဝူကျိကသာ ယခုအချိန်ထိ အသက်ရှင်နေသေး သောကြောင့်သာ မဟုတ်လျှင် သူက ခန္ဓာကိုယ်ကို ပြန်သယ်ကာ သုတေသန လုပ်ချင်နေလေပြီ။

"အချိန်အများကြီး မကျန်တော့ဘူး။ သုံးရက်ကုန်သွားရင် ဘယ်သူမှ မသေရင်တောင်မှ အမဲလိုက်ပွဲကတော့ ရပ်တန့်ရလိမ့်မယ်"

"ဘာပဲဖြစ်ဖြစ် ဒါကအရင်ကတည်းက ချမှတ်ခဲ့တဲ့ စည်းမျဉ်းပဲ။ ဘယ်သူကမှ ရင်ဆိုင်လို့မရဘူး"

တိတ်ဆိတ်သော အခန်းထဲတွင် လူအချို့က စကားဖလှယ်နေကြသည်။ သဘာဝကျကျပင် သတင်း အချက်အလက်များ အားလုံးကို သူတို့က သိထားပြီးသားဖြစ်ပြီး သူတို့က ကုဝူကျိကို အထင်မသေးကြတော့ချေ။

"ကိစ္စမရှိဘူး"

ကျွန်းပိုင်ရှင်က မတ်တပ်ထရပ်ပြီး ပြောလာသည်။

"ဒါပြီးရင် ငါကိုယ်တိုင်ကိုယ်ကျ အမဲလိုက်မယ်"

"ဘာ ဘာ သခင်"

လက်ထောက်ကပင် ထိတ်လန့်သွားသည်။

"တကယ်တော့ တကယ်တော့..."

သိထားရမည်မှာ ကျွန်းအရှင်က အမဲလိုက်ပွဲများတွင် တစ်ကြိမ်သော်မျှ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ဖူးခြင်း မရှိသေးချေ။

"ငါအရင်က မပါခဲ့တာက အဲ့ဒီသားကောင်တွေက ငါကိုယ်တိုင် အမဲလိုက်ရအောင် အဆင့်မမီလို့ဘဲ"

သို့သော် ဖန်သားပြင်ပေါ်တွင် မြင်နေရသည့် အခြားသူများနှင့်အတူ ထွက်သွားသည့် ကုဝူကျိ၏ ကျောပြင်ကို ကြည့်လိုက်ပြီးနောက် သူကပြောသည်။

"ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ ငါအရမ်း စိတ်ဝင်စားမိတယ်"

ကုဝူကျိက လုယွမ်ကျိုးတို့ကို အောင်အောင်မြင်မြင် ရှာတွေ့သွားသည်။

အခန်း ၄၄.၃

ဖန်းဟောင်ခမ်းတို့ကလည်း ထိုနေရာတွင် လက်များကို အချည်ခံထားရသည့် လူဆယ်ယောက် ဝန်းကျင်ကို မြင်လိုက်ရချိန်တွင် စွံ့အသွားကြတော့သည်။

အာ ဒီကျွန်းက သက်ရှိတွေအားလုံးက ဒီမှာပဲ။

"နောက်တစ်ဆင့်အနေနဲ့ ငါတို့တွေ အနားယူဖို့ သစ်လုံးအိမ်တစ်ခုကို လိုက်ရှာရလိမ့်မယ်"

ကုဝူကျိက မြေပုံကိုကြည့်ပြီး ပြောသည်။

"ဒီအမြင့်ဆုံးနေရာမှာဆိုရင် စောင့်ကြပ်ခံရဖို့ လွယ်သလို မြူထုနဲ့လည်း အရမ်းဝေးတယ်"

44 07

"ဒါပေမဲ့ လူအများကြီး နေဖို့ကတော့ မသင့်လျော်သေးဘူး"

လုယွမ်ကျိုးကလည်း လူများကို မျက်မှောင်ကျုံ့ကာကြည့်သည်။

ထိုလူများ အားလုံးကလည်း တောင့်တင်းသွားသလို ခံစားလိုက်ရကာ အလျဉ်းမသင့်မှုကို ဖယ်ရှောင်နိုင်ရန် အလို့ငှာ သူတို့အား သတ်သွားမည်ကို စိုးရိမ်သွားကြသည်။ သူတို့ကသာ သေဆုံးသွားလျှင် စိုးရိမ်ရန် မလိုအပ်တော့ချေ။

"ငါတွေးပါရစေအုံး"

"မင်းတွေးဖို့ မလိုတော့ဘူး"

ရုတ်တရက် အသံတစ်သံက ထွက်လာသည်။

"ဘယ်သူလဲ"

လုယွမ်ကျိုးကလည်း သတိအနေအထား ဖြစ်သွားသည်။

အသံထွက်လာပြီးသည်နှင့် ခန့်ညားချောမောကာ ချစ်စဖွယ်ကောင်းသည့် ကောင်လေးတစ်ယောက်က ပေါ်လာသည်။ ထိုလူက ဒီကျွန်းမှ လက်ထောက်ဖြစ်ပြီး ကုဝူကျိတို့ အားလုံးကို ကျွန်းပေါ်သို့ ခေါ်ဆောင်လာပေးခဲ့သူလည်းဖြစ်သည်။ ထိုသူ၏လက်ပေါ်တွင် လင်ဗန်းတစ်ခုကို ကိုင်ထားကာ အရှေ့ရှိ အဖွဲ့ဝင်သားတိုင်းကို ကြည့်ပြီးနောက်တွင် သူ၏အကြည့်က ကုဝူကျိထံသို့ ရောက်သွားသည်။ လူတိုင်းကလည်း တခဏခန့်အထိ ကြောင်အသွားကြတော့သည်။

"ကိစ္စရှိလို့လား"

ကုဝူကျိကမေးသည်။

"ဂုဏ်ယူပါတယ် မင်းက မင်းရဲ့ပြောင်မြောက်တဲ့ ဖျော်ဖြေမှုကြောင့် သခင်ရဲ့တန်ဖိုးထားခြင်းကို ခံလိုက်ရပြီ"

လက်ထောက်ကလည်း ပြောသည်။

"ကျေးဇူးတင်ပါတယ်"

ကုဝူကျိကလည်း တစ်ဖက်သူက သူ့ကိုချီးကျူးနေကြောင်း နားလည်လိုက်သည်။ လက်ထောက်က ဆက်ပြောသည်။

"သူက သိပ်မကြာခင်က မင်းကို ကိုယ်တိုင်ကိုယ်ကျ အမဲလိုက်ဖို့ ရွေးချယ်လိုက်တယ်။ နေ့တစ်ဝက်လောက် မင်းနဲ့အတူ အမဲလိုက်ပွဲကို ကစားပေးလိမ့်မယ်။ မင်းကသာ အဲ့ဒီအချိန် အဆုံးသတ်သွားတဲ့အထိ အဖမ်းမခံရဘူးဆိုရင် ဒီပွဲမှာမင်းနိုင်ပြီ"

ထိုသို့ပြောင်းလဲမှုအတွက် ကုဝူကျိက အနည်းငယ်မျှ အံ့သြခြင်းမရှိချေ။

ကိစ္စတွေက သိပ်မကြာခင်မှာ ဒီလိုဖြစ်လာမယ်မှန်း ကြိုသိထားပြီးသား။ ဘာပဲဖြစ်ဖြစ် သူက ဖုံးကွယ်ထားတဲ့ တာဝန်ကို အသက်သွင်းလိုက်တာကိုး။

လက်ထောက်က ဆက်ပြောသည်။

"မင်းကအချိန်အတန်ကြာထိ ပြင်းပြင်းထန်ထန် ကြိုးစားထားမှတော့ မင်းကိုအနားယူဖို့ အချိန်ပေးရမှာပေါ့။ ဒီအမဲလိုက်ပွဲက နေဝင်ပြီးမှ စလိမ့်မယ်"

"ဒါဆိုရင် အခြားသူတွေက ဘယ်လိုလုပ်မလဲ"

ကုဝူကျိက ဆက်မေးသည်။

လက်ထောက်ကလည်း စွံ့အသွားတော့သည်။

ကုဝူကျိက ဒီလိုအချိန်တွင် အခြားသူများအတွက် စိုးရိမ်နေမည်ဟု မထင်ထားမိချေ။ သို့ရာတွင် တစ်ဖက်သူကလည်း ထိုကဲ့သို့သောလူမျိုး ဖြစ်နေခဲ့သည်။

"အခြားသူတွေကတော့ အမဲဆက်လိုက်ခံရဖို့ အရည်အချင်း မရှိတော့ဘူး။ သူတို့က ဒီနေရာမှာပဲ ငြိမ်ငြိမ်ဆိမ်ဆိမ် စောင့်နေလို့ရပါတယ်"

လက်ထောက်၏ လေသံက မထူခြားနားသလို ပြန်ပြောင်းသွားပြီးနောက်တွင် အခြားသူများက အမှိုက်များကဲ့သို့ သတ်မှတ်ထားသည့်အလား ဆက်ပြောလာသည်။

"မင်းရှုံးရင် သူတို့အားလုံး ကွက်မျက်ခံရမယ်။ ဒါပေမဲ့ အတူတူပဲ မင်းနိုင်ရင် သူတို့အားလုံးကလည်း ဒီနေရာကနေ ထွက်သွားခွင့်ရမှာပါ"

[အဓိကတာဝန် အဆင့်မြှင့်တင်ခြင်း.. အမဲလိုက်ကစားပွဲရဲ့ နောက်ဆုံးရလဒ်အဖြေကို စောင့်မျှော်နေပါပြီ...]

အခြားသော ကစားသမားများ အားလုံးကလည်း ဘေးတစ်ဖက်မှနေပြီး ထိုအပြန်အလှန် ပြောစကားများကို နားထောင်ကာ တုန်ယင်နေကြတော့သည်။

ဒါကဘယ်လိုတောင် ကြောက်ဖို့ကောင်းတဲ့ တိုးတက်မှုလဲ။ သူတို့ရဲ့အသက်က အခုကုဝူကျိနဲ့ တွဲချည်နှောင်ထားပြီးသား ဖြစ်သွားပြီပေါ့။

အာ ဒါကသူတို့သေမှာကို ကြေညာလိုက်သလို ဖြစ်မသွားဘူးလား။

44 08

ကုဝူကျိက သူတို့အားလုံးကို အောင်မြင်စွာဖြင့် ဖမ်းနိုင်ခဲ့သည့်တိုင်အောင် အရှက်ရဖွယ်ကောင်းသည့် အခြေအနေထိ ရောက်ရှိသွားခဲ့ရသည်။ သူ့အနေဖြင့် ခေါင်းဆောင်ကို ပြန်တိုက်နိုင်စွမ်းအား မရှိလောက်ချေ။

"ကျွန်တော်မှာ မေးစရာ ရှိနေသေးတယ်"

ကုဝူကျိက ဆက်ပြောသည်။

"မင်းပြောနိုင်ပါတယ်"

လက်ထောက်ကလည်း ဆက်ပြောသည်။

"သခင်က မင်းရဲ့မေးခွန်းတိုင်းကို ဖြေဖို့ပြောထားပြီးသား"

ကုဝူကျိနှင့် တစ်ဖက်သူ၏ကြားမှ အင်အားက အလွန်ကွာခြားသည်မှာ သိသာထင်ရှားပြီးသားဖြစ်သည်။ ထို့ကြောင့် သတင်းအချက်အလက် များများရထားခြင်းကလည်း အသုံးမဝင်ချေ။ ထို့ကြောင့်လည်း သခင်က သဘောကောင်းနေခြင်း ဖြစ်လောက်လေသည်။

ကုဝူကျိက အသက်ပြင်းပြင်းရှုပြီး အခြားတစ်ဖက်သို့ အကြည့်ပို့လိုက်ကာ အလွန်အမင်း လေးနက် ရိုးသားလွန်းသော လေသံဖြင့် ပြောလာသည်။

"မင်းရဲ့နာမည်ကို မေးမလို့ပါ"

လက်ထောက် "..."

အခြားလူများ "..."

အာ ကုဝူကျိရဲ့ ခေါင်းထဲမှာ ဘာတွေများ တွေးနေတာလဲ။

"မေးခွန်းတွေအားလုံး ဖြေရမယ်လို့ ပြောထားတာ မဟုတ်ဘူးလား"

ကုဝူကျိကလည်း သံသယဝင်ဟန်ဖြင့် ဆက်ပြောသည်။

"ဒါမှမဟုတ် ကျွန်တော်ရဲ့မေးခွန်းက မသင့်လျော်လို့လား"

"မဟုတ်ပါဘူး"

လက်ထောက်ကလည်း ဖျော့တော့စွာ ပြန်ဖြေလာသည်။

"ငါ့ရဲ့နာမည်က ကျိုးရီ"

သူထိုစကားလုံးနှစ်လုံးကို မပြောရသည်မှာ မည်မျှကြာပြီးကိုပင် မမှတ်မိတော့ချေ။ ထို့ကြောင့် သူ၏ စိတ်အခြေအနေကပင် အနည်းငယ် ပြောင်းလဲသွားသည်။

"ခင်ဗျားအနေနဲ့ ကျွန်တော်တို့ကို အများကြီး ကူညီခဲ့ရပါပြီ"

ကုဝူကျိက ဆက်ပြောသည်။

"ဒီတော့ ကျွန်တော် ခင်ဗျားရဲ့နာမည်ကိုသိပြီး ကျေးဇူးတင်ကြောင်း ပြန်ပြသင့်တယ်လို့ ခံစားမိလို့ပါ။ လူကြီးမင်းကျိူးရီကို ကျေးဇူးအများကြီးတင်ပါတယ်"

ကုဝူကျိ၏ သူ့အားပြောသော စကားများက သူ့အား ရှက်သွားစေလို့လားမသိချေ သူက အလျင်စလို ပြောလာသည်။

"မေးစရာမရှိတော့ဘူးဆိုရင် ငါ့ကိုထွက်သွားခွင့်ပြုပါ"

"ကိစ္စမရှိပါဘူး"

ကုဝူကျိက ပြန်ဖြေသည်။

လက်ထောက်က ဒီနေရာတွင် ဆက်နေလျှင်လည်း သူကဘာမှ ဆက်သိရတော့မည် မဟုတ်မှန်း နားလည်နေသည်။ ထို့ပြင်သူ့တွင်လည်း မေးစရာ မရှိတော့ချေ။ သူက ခေါင်းဆောင်ထံမှသာ ကိုယ်တိုင်ကိုယ်ကျ အဖြေကို တောင်းခံရတော့ပေမည်။

"ဒါက သခင်ကမင်းကို ပေးလိုက်တဲ့ပစ္စည်းပါ"

လက်ထောက်က လင်ဗန်းကို ကမ်းပေးလာသည်။ အတွင်းတွင် ယခင်ရထားသော ဝတ်စုံများထက် ပို၍ အရည်အသွေးမြင့်ဟန်ရသည့် ယူနီဖောင်းတစ်စုံပါသည်။ ကြည့်ရုံဖြင့်ပင် ပို၍အဆင့်အတန်း မြင့်ဟန်ရလေသည်။ ထို့ပြင် တောအုပ်ထဲတွင် လှုပ်ရှားသွားလာလျှင် အသုံးဝင်နိုင်သည့် လက်နက် ကိရိယာများလည်းပါသည်။

ဒါက ခေါင်းဆောင်ကသူ့အား လှောင်နေခြင်းဖြစ်သည်။

ကုဝူကျိက မည်သို့မျှ မတုန့်ပြန်ချေ။ သူက ထိုပစ္စည်းများ အားလုံးကို ယူလိုက်ပြီးသည့် တခဏတွင် ရုတ်တရက် ထိတွေ့မိလိုက်သည့်အခါ သူ၏စိတ်အတွင်း ကြောင်အသွားစေသည့် ခံစားချက်ကို ရလိုက်သည်။ သို့သော်သူက အပေါ်ယံတွင် မည်သည့်ခံစားချက်ကိုမျှ မပြဘဲ ပစ္စည်းများအားလုံးကိုသာ ယူလိုက်တော့သည်။

"ကောင်းပြီ ငါ့ရဲ့တာဝန်က ပြီးသွားပြီ"

လက်ထောက်က ထိုသို့အေးစက်စွာ သာမာန်ကျသော လေသံမျိုးဖြင့် ပြောပြီးသည်နှင့် နောက်ဆုံး တစ်ကြိမ် လှည့်ကြည့်လိုက်သည်။ သူ၏အကြည့်က ကုဝူကျိအပေါ်တွင် တခဏခန့် ရပ်တန့်သွားလေသည်။

44 09

"မင်းကံကောင်းဖို့ ဆုတောင်းပေးပါတယ်"

ကုဝူကျိကလည်း ထွက်သွားသော ကျောပြင်ကိုကြည့်ပြီး ခေါင်းညိမ့်လိုက်ကာ လက်ဝါးထဲရှိအရာကို ဆုပ်လိုက်သည်။ ထိုအရာကို လင်ဗန်းအောက်ခြေမှတဆင့် တစ်ဖက်သူက ထည့်ပေးခဲ့ခြင်းလည်းဖြစ်သည်။

"ကံကောင်းပါစေလို့ပြောတာက ဘာများအသုံးဝင်လို့လဲ"

သယွမ်ဖေးက စိတ်အခြေအနေ မကောင်းတော့ချေ။

"ကုသကောက ဘာမှလုပ်နိုင်မှာမှမဟုတ်တာ"

"အဲ့ဒီလိုမဟုတ်တာလည်း ဖြစ်နိုင်တာပဲ"

ကုဝူကျိက ကစားသမားများကို ကြည့်လာသည်။ ထို့နောက် ပြောလိုက်သည်။

"လွတ်မြောက်နိုင်ချေက ကျဉ်းမြောင်းနေမယ်ဆိုရင်တောင်မှ အကောင်းဆုံးကြိုးစားပြီး ဒီလမ်းကို ချိတ်ရမှာပဲ"

"အာ"

လုယွမ်ကျိုးက သူ့ကိုကြည့်သည်။

"လူတိုင်းရဲ့ အကူအညီကိုလည်း လိုအပ်လောက်တယ်"

ကုဝူကျိက ညင်သာစွာ ပြုံးလိုက်သည်။

"ဘယ်သူကမှ မငြင်းဘူးလို့ ငါယုံကြည်တယ်"

လူတိုင်း "..."

ဘာလို့ဒီလို ဖြစ်လာတာလဲ။ ဘာလို့ ကုဝူကျိက ဒီလိုညင်ညင်သာသာ ပြုံးပြလာတဲ့အချိန်တိုင်း မကောင်းတဲ့ ကိစ္စတွေ ဖြစ်တော့မယ်လို့ ခံစားနေရတာလဲ။

Telegram မှာ အပိုင်း ၁၁၆ အထိ ရောက်ပါပြီနော်

Zawgyi

44 01
အခန္း ၄၄.၁

ထိုအခ်ိန္တြင္ သူတို႔အားလုံးက သရဲမ်ား၏ အဝိုင္းခံထားရေတာ့သည္။ သူတို႔၏ဘက္ျခမ္းတြင္ ကိုယ္စီသရဲမ်ားကို ရင္ဆိုင္ေနရသည့္အတြက္ ကုဝူက်ိထံသြားေရာက္ကာ ရင္ဆိုင္လိုလွ်င္ စိန္ေခၚမႈတစ္ခုကို ဆင္ႏြဲရသလို ျဖစ္သြားေပလိမ့္မည္။

ကုဝူက်ိက ထိုသရဲမ်ားက အသိစိတ္မရွိေၾကာင္း အာ႐ုံခံမိႏိုင္သည္။ သို႔ေသာ္ ထိုသရဲမ်ား၏ တစ္စုံတစ္ရာ၏ ဆြဲေဆာင္မႈေၾကာင့္ ဒီေနရာသို႔ ေရာက္လာၾကျခင္းျဖစ္သည္။ သူ႔ထံေရာက္လာရမည့္အစား မည္သည့္အတြက္ေၾကာင့္ ထိုလူမ်ားထံ ဝင္ေရာက္သြားသည္ဆိုသည့္ အေၾကာင္းျပခ်က္မူကား...

ဒါက...

ကုဝူက်ိက သူ၏ရင္ဘက္ထဲမွ အနည္းငယ္ ပူေႏြးေနသည့္ အဖြဲ႕ဓာတ္ပုံေလးကို ထုတ္လိုက္သည္။ ျမဴထုမ်ား၏ အလယ္တြင္ အဖြဲ႕ဓာတ္ပုံအေပၚတြင္ရွိသည့္ ျခစ္ရာအမွတ္မ်ားက မေမွ်ာ္လင့္ထားစြာပင္ ေဖ်ာ့ေတာ့လာသည္။

ေခြးအဟုေခၚၾကသည့္ ထိုမေကာင္းဆိုးဝါး သားရဲႀကီးက ဒီအဖြဲ႕ဓာတ္ပုံရွိရာ အခန္းထဲတြင္ ေနခဲ့သည္။ ထိုမေကာင္းဆိုးဝါးက ဒီတခဏတြင္ မတည္ရွိေတာ့သည့္တိုင္ေအာင္ အရွိန္အဝါက ကြၽင္းက်န္ရစ္ေနေသးသည္။ ထို႔ေၾကာင့္ ထိုအသိစိတ္မဲ့ေသာ သရဲမ်ားက သတိလက္လြတ္ျဖင့္ ထိုအေကာင္ႀကီးႏွင့္ ရင္မဆိုင္လိုၾကဘဲ အျခားသူမ်ားထံသို႔ သြားၾကျခင္းျဖစ္ေလာက္သည္။

"ဒီအဖြဲ႕ဓာတ္ပုံက အျခားေနရာေတြမွာ အသုံးဝင္ႏိုင္ေလာက္ေသးတယ္"

ထို႔ေနာက္ တစ္စကၠန႔္တြင္ အကူပစၥည္း ပိုင္ဆိုင္ထားသည့္ လူတစ္ေယာက္က ဆက္လက္ မေတာင့္ခံႏိုင္ေတာ့ဘဲ ေသျခင္း၊ရွင္ျခင္း အေျခအေနသို႔ ေရာက္ရွိလာသည့္အခါ သူ၏ႏွလုံးသားက မာေၾကာသြားၿပီး အျခားသူမ်ား၏ ကိစၥကို မကိုင္တြယ္ႏိုင္ေတာ့သည့္အတြက္ ကုဝူက်ိထံ တိုက္႐ိုက္ ေျပးလာေတာ့သည္။ သူ၏ သန္မာေသာ တည္ေဆာက္ပုံကတင္ အားကိုးႏိုင္ေလာက္သည္ဆိုေသာ ခံစားခ်က္မ်ိဳးကို ေပးစြမ္းေလသည္။

သူ၏အေပါင္းအေဖာ္မ်ား အားလုံးကလည္း ေမွ်ာ္လင့္ေစာင့္စားလာၾကသည္။ ကုဝူက်ိက ဒီလိုအေျခအေနမ်ိဳးမွ လြတ္ေျမာက္ႏိုင္မည္ဟု မယုံၾကည္ေခ်။

႐ုတ္တရက္ ေလးလံသည့္ ႀကီးမားသည့္ ပစၥည္းတစ္ခုက ေျမျပင္ကို ႐ိုက္မိသြားသည့္ အသံထြက္လာၿပီးေနာက္တြင္ ကုဝူက်ိက သူ႔အား ေခ်ာင္းတိုက္လာသည့္လူကို ေျမျပင္ကို ဖိခ်ထားၿပီး ေျပာလိုက္သည္။

"စိတ္မေကာင္းပါဘူး မင္းက ငါတစ္ခ်ိန္က ရင္ဆိုင္ခဲ့ဖူးတဲ့ သက္ေတာ္ေစာင့္ေတြနဲ႔ယွဥ္ရင္ နည္းနည္းေတာ့ ပိုၿပီးေတာ္တယ္"

"မင္း..."

ထိုလူက ကုဝူက်ိ၏ ေျမျပင္ကို အဖိခ်ခံထားရေလရာ သူ၏ကိုယ္ေပၚသို႔ ေရာက္ေနသည့္ ေၾကာက္မက္ဖြယ္ေကာင္းသည့္ အားကို ရွင္းလင္းစြာ ခံစားမိေနသည္။ သူကလည္း ခ်က္ခ်င္းလိုလို အံ့အားသင့္သြားေသာ အမူအရာကို ထုတ္ျပလာၿပီးေနာက္ အလန႔္တၾကား ျဖစ္သြားေသာ မ်က္ႏွာအမူအရာ ျဖစ္သြားသည္။

"ဘယ္လိုျဖစ္ႏိုင္မွာလဲ မင္းက မင္းက လူသားမဟုတ္ေတာ့ဘူးလား"

"မင္းရဲ႕ကိုယ္ပိုင္မ်က္လုံးနဲ႔ ျမင္ေနရတာေတာင္မွ နားမလည္ဘူးလား"

ကုဝူက်ိက ထိုသို႔ေမးလိုက္ၿပီးသည္ႏွင့္ ေခါင္းကိုေမာ့ကာ သူ၏အေရွ႕ မနီးမေဝးတြင္ ရွိေနသည့္ သရဲကိုၾကည့္လိုက္သည္။ ထိုသရဲက ယခင္ကသူ႔ထံ ေရာက္လာေသာလူႏွင့္ ရင္ဆိုင္ေနေသာ သရဲျဖစ္သည္။ သို႔ေသာ္ ကုဝူက်ိ ပိုင္ထားသည့္ ဓာတ္ပုံေၾကာင့္ အနားမကပ္လာရဲျခင္းလည္းျဖစ္သည္။

"အရင္ကကိစၥအတြက္ ေက်းဇူးတင္ပါတယ္"

ကုဝူက်ိကလည္း ထိုသရဲက သူ၏စကားကို နားလည္သည္ျဖစ္ေစ နားမလည္သည္ျဖစ္ေစ စိတ္ထဲမထားေပ။ မည္သို႔ပင္ဆိုေစ သူ၏ေက်းဇူးတင္စိတ္ကို ေဖာ္ျပႏိုင္ျခင္းကပင္ ေကာင္းမြန္သည့္ကိစၥ ျဖစ္ေနေလၿပီ။ သိပ္မၾကာခင္အခ်ိန္တြင္ သူက သူႏွင့္အတူ သယ္ေဆာင္လာသည့္ႀကိဳးကို ထုတ္လိုက္သည္။

ကံေကာင္းသည္မွာ ထိုႀကိဳးရွိေနခဲ့သည့္အတြက္ အသိစိတ္မဲ့ေနသည့္ အေပါင္းအေဖာ္မ်ားကို သူက ခ်ည္ေႏွာင္ရန္ အသုံးျပဳခဲ့ၿပီးေနာက္တြင္ ယခုကဲ့သို႔ တဖန္ျပန္လည္ ယူလာႏိုင္ခဲ့သည္။ မဟုတ္လွ်င္ ဒီအဖြဲ႕ကို ရင္ဆိုင္ရန္ ခက္ခဲသြားေပလိမ့္မည္။
44 02
ထိုအဖြဲ႕ကတည္း ေတာင့္တင္းသန္မာေသာ ႂကြက္သားအျပည့္ႏွင့္လူကတင္ ကုဝူက်ိ၏ အသာအယာ ေအာက္သို႔လွဲခ်ျခင္းကို ခံရေၾကာင္း ျမင္ၿပီးေနာက္ သူတို႔၏ ေလာကအေပၚ သုံးဘက္ျမင္ အျမင္မ်ားအားလုံးက လဲက်သြားေတာ့သည္။ ကုဝူက်ိက သရဲတစ္ေကာင္က ဝင္ပူးထားသည္ဟုပင္ သူတို႔က သုံးသပ္ႏွင့္ၿပီးေလၿပီ။ ထို႔ေၾကာင့္ ကုဝူက်ိအေပၚ ရင္ဆိုင္ႏိုင္မည္ဟု ေမွ်ာ္လင့္ခ်က္မထားေတာ့ေခ်။

ထိုကဲ့သို႔ေသာ အေျခအေနမ်ိဳးတြင္ ကုဝူက်ိက ကြၽမ္းက်င္စြာျဖင့္ ထိုတစ္ဖြဲ႕လုံးကို အားအင္မ်ားမ်ားစားစား စိုက္ထုတ္ျခင္းမရွိဘဲ ႀကိဳးျဖင့္တြဲခ်ည္လိုက္ႏိုင္သည္။ မည္သို႔ပင္ဆိုေစ သူတို႔အားလုံးေပၚတြင္ရွိသည့္ ပစၥည္းမ်ားအားလုံးက ဒီတစ္ႀကိမ္တြင္ အသုံးျပဳခဲ့ၿပီးၾကေလရာ ကုဝူက်ိ၏ အင္အားကိုလည္း သူတို႔က ရင္မဆိုင္ႏိုင္ၾကေတာ့ေခ်။

ဖန္းေဟာင္ခမ္း၏အလွည့္ ေရာက္လာသည့္အခါ ကုဝူက်ိကို အားနည္းေဖ်ာ့ေတာ့စြာ ၿပဳံးျပလာသည္။

သူက႐ုတ္တရက္ ကုဝူက်ိ ယခင္ပုံတူေလာကတြင္ လုပ္ခဲ့သည့္ ေၾကာက္မက္ဖြယ္ေကာင္းသည့္ ကိစၥမ်ားကို ျပန္လည္သတိရသြားသည္။ ကုဝူက်ိ၏ ထူးခြၽန္ေျပာင္ေျမာက္ေသာ ႐ုပ္ရည္က အရာအားလုံးကို နားလည္မႈ လြဲမွားေစျခင္းျဖစ္သည္။ သူႏွင့္အတူလာေသာ လူမ်ား၏ ေျပာစကားမ်ားေၾကာင့္ သူကိုယ္တိုင္ကပင္ ထိုသို႔ေသာ ကိစၥမ်ားကို ေမ့ေလ်ာ့သြားၿပီး သတိလက္လြတ္ ျဖစ္သြားခဲ့ျခင္းျဖစ္သည္။

ကုဝူက်ိကလည္း ဖန္းေဟာင္ခမ္းကို ျပန္လည္ၿပဳံးျပသည္။ ထို႔ေနာက္သူက အျခားသူမ်ားႏွင့္ ပူးခ်ည္လိုက္သည္။ ဒီနည္းအားျဖင့္ အျခားလူမ်ားက သံသယဝင္ေတာ့မည္ မဟုတ္ေခ်။

ကုဝူက်ိက ထိုသို႔လုပ္လိုက္ၿပီးေနာက္တြင္ ပတ္ဝန္းက်င္တြင္ စုစည္းေနၾကေသာ သရဲမ်ားအားလုံးက ကုဝူက်ိက မေတာ္တဆ သူတို႔ကိုယ္အား ထိေတြ႕လာမိမည္ကို ထိတ္လန႔္စြာျဖင့္ ေနာက္ကိုဆုတ္လိုက္ၾကသည္။

ထိုသို႔ဆုတ္လိုက္သည့္ ျမင္ကြင္းကိုလည္း ႀကိဳးခ်ည္ခံလိုက္ရေသာ လူတိုင္းက ျမင္လိုက္ၾကၿပီး အားလုံးက ထိတ္လန႔္သြားၾကျပန္ကာ ထိုသရဲမ်ား၏ ကုဝူက်ိကို ၾကည့္လာေသာအၾကည့္ကတင္ သူတို႔၏စိတ္အား ကေယာင္ေခ်ာက္ခ်ား ျဖစ္ေစေလာက္ေပေလသည္။ ဆိုလိုသည္မွာ ကုဝူက်ိက ဒီပုံတူေလာကထဲသို႔ ဝင္ေရာက္လာႏိုင္ျခင္းက ကံေကာင္း၍မဟုတ္ေလဘဲ သူ၏အင္အားေၾကာင့္ ျဖစ္ေနေလာက္ေလသည္။

ဟြန္း သူကအျခားသူေတြေရွ႕မွာ သူ႔ရဲ႕အားနည္းတဲ့ ပုံစံေလးကိုျပၿပီး လူတိုင္းကို သတိလက္လြတ္ျဖစ္ေအာင္ လုပ္ေနတာပဲ။

ဟုတ္တယ္ အဲ့ဒီလိုပဲ ျဖစ္ရမယ္။ မဟုတ္ရင္ သူကဘယ္လိုမ်ား လုယြမ္က်ိဳးနဲ႔ ဆက္ဆံေရး ေကာင္းေနရမွာလဲ။ ဒါ့အျပင္ ဒီပုံတူေလာကရဲ႕ ေခါင္းေဆာင္ကိုယ္တိုင္ကေတာင္ ပစ္မွတ္ထားတာကို ခံေနရေသးတယ္။ ဆိုလိုတာက သူ႔မွာ ထူးျခားတဲ့ တစ္စုံတစ္ရာ ရွိေနလို႔ပဲ။

ၿပိဳင္ဘက္က အတန္ငယ္ အင္အားႀကီးမားလာျခင္းဆိုလွ်င္ အျခားသူမ်ားက ျပန္လည္တိုက္ခိုက္ရန္ နည္းလမ္း ေတြးေကာင္းေတြးႏိုင္သည္။ သို႔ေသာ္ ၿပိဳင္ဘက္က သူတို႔၏ ေမွ်ာ္လင့္ထားမႈကို ေက်ာ္လြန္ၿပီး အလြန္အမင္း အင္အားႀကီးမားသြားျခင္းဆိုလွ်င္မူ ထိုအဖြဲ႕က သူတို႔၏ ဘဝရွင္သန္ ေနထိုင္မႈကိုပင္ သံသယဝင္ေနၿပီျဖစ္သည္။

သူတို႔က ဒီပုံတူေလာကထဲကိုဝင္လာၿပီး ကုဝူက်ိကို ျပႆနာရွာခ်င္ၾကတာ မဟုတ္လား။ ဒါေပမဲ့ ဘာလို႔လဲ ကိုယ့္ေသလမ္းကိုယ္ ရွာေနတာ ျဖစ္သြားၿပီ ဟုတ္ၿပီလား။

ထိုမွ်အင္အားႀကီးမားေသာ လူတစ္ေယာက္က သူတို႔၏ ေထာင္ေခ်ာက္အတြင္း က်ဆင္းခဲ့ျခင္းကလည္း ကုဝူက်ိက ဆင္ထားသည့္ ေထာင္ေခ်ာက္တစ္ခု ျပန္ျဖစ္ေနႏိုင္သည္။ ဒီနည္းအားျဖင့္ သူက သူတို႔အားလုံးက တစ္ခ်ိန္ထဲတြင္ ဖမ္းႏိုင္ေပလိမ့္မည္။

ထိုလူမ်ား၏ အေတြးမ်ားကို ေတာင္ေရာက္ေျမာက္ေရာက္ ေစလႊတ္တတ္သည့္ အေလ့အက်င့္အတိုင္း သူတို႔၏အျမင္တြင္ ကုဝူက်ိက ေၾကာက္မက္ဖြယ္ေကာင္းသထက္ ေကာင္းလာေတာ့သည္။

"ဒီအထဲက သရဲေတြက ငါတို႔ရင္ဆိုင္တဲ့ အဆင့္မဟုတ္ဘူး။ ဒီေတာ့ အေရးအႀကီးဆုံး သရဲကိုရွာၿပီး ငါတို႔ထြက္သြားဖို႔ ႀကိဳးစားရလိမ့္မယ္"

ထိုေနရာတြင္ သရဲက အလြန္မ်ားလြန္းေနၿပီး သန႔္စင္သည့္စြမ္းရည္ကို အသုံးျပဳႏိုင္သည့္တိုင္ေအာင္ သိပ္မၾကာခင္မွာတင္ သူကအကန႔္အသတ္သို႔ ေရာက္ရွိသြားေပလိမ့္မည္။

ဒီလိုအေျခအေနမ်ိဳးမွာဆိုရင္ ဒါက ေသလမ္းရွာသလို ျဖစ္သြားမွာေပါ့။

ပို၍ဆိုးသည္မွာ ထိုသရဲမ်ားက အဖြဲ႕ဓာတ္ပုံတြင္ပါသည့္ ေခြးအ၏ အရွိန္အဝါကို ေၾကာက္ေနသည့္တိုင္ေတာင္ ထိုအရွိန္အဝါက ထာဝရတည္မည္ မဟုတ္ေခ်။ သိပ္မၾကာခင္မွာတင္ အရွိန္အဝါက ေပ်ာက္ပ်ယ္သြားေပလိမ့္မည္။

"မင္းေျပာတာမွန္တယ္ ဒါေပမဲ့ ငါတို႔ဘယ္လို ရွာၾကမွာလဲ"
44 03
ႀကိဳးခ်ည္ခံထားရေသာ အဖြဲ႕ထဲမွ လူတစ္ေယာက္က သတၱိကိုေမြးကာ ေျပာသည္။ သူက ေျပာၿပီးသည္ႏွင့္ ကုဝူက်ိက သူတို႔အား သတ္ခ်င္စိတ္မရွိေၾကာင္း ေသခ်ာသြားေတာ့သည္။

"ဒီေနရာနဲ႔ ရင္းႏွီးကြၽမ္းဝင္တဲ့လူကို ငါရွာရမွာေပါ့"

ကုဝူက်ိက ထိုသို႔ျပန္ေျဖသည္။ သရဲမ်ား ထိန္းခ်ဳပ္စြမ္းရည္က သူတစ္ေယာက္ထဲ ရွိခ်ိန္တြင္သာ အသုံးျပဳႏိုင္ေလသည္။ သို႔ေသာ္ သူက မၾကာခဏ အသုံးျပဳေသာေၾကာင့္ သူကထိုသို႔ ထိန္းခ်ဳပ္ရန္ ဆင့္ေခၚလိုက္လွ်င္ ေအာင္ျမင္ႏိုင္သည့္ အရွိန္ႏႈန္းကလည္း ပို၍ျမင့္မားလာသည္ဟု ခံစားေနရသည္။

လူတိုင္း အံ့အားသင့္ေနေသာ အၾကည့္ေအာက္တြင္ ျမဴထုထဲမွ ေျဖးညႇင္းစြာ ေ႐ြ႕လ်ားလာေသာ အနက္ေရာင္ အရိပ္တစ္ခုကို အားလုံးက အံ့အားတသင့္ ျမင္လိုက္ၾကရသည္။ ထိုအရိပ္က ကုဝူက်ိေရွ႕တြင္ ရပ္သြားေလသည္။ ထိုသရဲ၏ ထိုင္းမႈိင္းေနေသာ မ်က္ဝန္းမ်ားထဲတြင္ ႐ိုေသေလးစားမႈမ်ားကို အားလုံးက ျမင္လိုက္ၾကရသည္။

"ငါဒီေနရာက ထြက္သြားဖို႔ နည္းလမ္းမ်ား မရွိဘူးလား"

ကုဝူက်ိက တိုက္႐ိုက္ေမးလိုက္သည္။

"ဒါမွမဟုတ္ ဒီေနရာရဲ႕ အင္အားအႀကီးဆုံး သရဲဆီကို ေခၚသြားေပးရင္လည္းရတယ္"

ထိုသရဲက ေခါင္းညိမ့္ၿပီးေနာက္ ျမဴထုထဲသို႔ ျပန္ဝင္သြားသည္။ ကုဝူက်ိက ေနာက္သို႔ လွည့္လိုက္သည္။

က်န္ေသာသူမ်ား အားလုံးက သူ႔အား ထိတ္လန႔္တၾကား ၾကည့္လာၾကသည္။

သူတို႔ရဲ႕လက္ရွိ အေျခအေနမ်ိဳးနဲ႔ ရက္စက္ၾကမ္းတမ္းတဲ့ ရန္ၿငိဳးႀကီးဝိညာဥ္ေတြကို သူတို႔မွာ ဘယ္လိုမ်ား ကိုင္တြယ္ႏိုင္စြမ္းရည္ ရွိေနမွာလဲ။ သူတို႔က ျမဴထဲကို ေရာက္ေနတာကို ထည့္မေျပာနဲ႔အုံး။

"ေနပါအုံး ကုအဘိုးရဲ႕ ငါတို႔ကို ဒီေနရာမွာ လႊတ္ေပးပါ ဟုတ္ၿပီလား"

"ေကာင္းၿပီေလ ဒီလိုအႏၲရာယ္မ်ားတဲ့ ေနရာမ်ိဳးမွာ ငါတို႔အေနနဲ႔ ဒီေနရာမွာပဲ ေနခဲ့တာ ေကာင္းလိမ့္မယ္။ မင္းငါတို႔ကို ေခၚမသြားသင့္ဘူး။ ဒီလိုဆိုရင္မင္းအတြက္ ပိုၿပီးလုံၿခဳံလိမ့္မယ္"

"မဟုတ္ဘူး ငါဒီလိုလုပ္လို႔ ဘယ္ျဖစ္ပါ့မလဲ"

ကုဝူက်ိက သူတို႔ကိုၾကည့္ၿပီးေနာက္တြင္ ရန္စခံရသလိုမ်ိဳး ေအးစက္စြာ ႀကဳံးဝါးလာသည္။

"ငါကမင္းတို႔ကို ဒီေနရာမွာထားၿပီး အေသခံခိုင္းလို႔ ဘယ္ျဖစ္ပါ့မလဲ။ ဒီေတာ့ ငါ့အေနနဲ႔ အတူတူထြက္သြားဖို႔ ကူညီေပးတာက ပိုေကာင္းတယ္"

ထိုလူမ်ား "..."

ဘာေတြျဖစ္ေနတာလဲ။ ဘာလို႔ ႐ုတ္တရက္ သူတို႔သင္ခန္းစာ ေပးခံရသလို ခံစားလိုက္ရတာလဲ။

အႏွစ္ခ်ဳပ္ဆိုရေသာ္ ဖန္းေဟာင္ခမ္းကမူ ယခင္ပုံတူေလာကမွ ကုဝူက်ိ၏ အျပဳအမူကို ျပန္လည္ သတိရသြားေလသည္။ သူကလည္း ထိုအႀကံကို မျငင္းေတာ့ေခ်။ သူကိုယ္တိုင္ကလည္း ကုဝူက်ိတြင္ ထိုရက္စက္ၾကမ္းတမ္းသည့္ ရန္ၿငိဳးႀကီးဝိညာဥ္ကို ကိုင္တြယ္ႏိုင္သည့္ နည္းလမ္း ရွိေနသည္ဟု ခံစားလိုက္ရသည္။

သိပ္မၾကာခင္ အခ်ိန္တြင္ ႀကိဳးခ်ည္ထားေသာ လူတိုင္းကို ကုဝူက်ိက ႀကိဳးစကိုခြဲလွ်က္ အေရွ႕မွ ဦးေဆာင္ေခၚသြားသည္။ အဖြဲ႕က အေနာက္မွ သရဲ၏လမ္းေၾကာင္းအတိုင္း လိုက္ၾကေလသည္။ ထိုသို႔အားျဖင့္ သူတို႔က ျမဴထဲသို႔ ဝင္ေရာက္သြားၾကေတာ့သည္။

ထိုသိပ္သည္းေသာ ျမဴမ်ားေၾကာင့္ သူတို႔အေနျဖင့္ အေရွ႕မွ အေျခအေနကို ထင္ရွားစြာ ျမင္ႏိုင္ျခင္း မရွိၾကေခ်။ သူတို႔အဖြဲ႕ကိုသာ တစ္စုတစ္စည္းထဲရွိေအာင္ ႀကိဳးျဖင့္မခ်ည္ထားခဲ့လွ်င္ သူတို႔က ဦးတည္ရာဘက္ အစုံသို႔ ေလွ်ာက္သြားမိၿပီး တစ္ေယာက္ကိုတစ္ေယာက္ မရွာႏိုင္ေတာ့သည္အထိ ျဖစ္သြားႏိုင္ေသးသည္။

ထိုေနရာတြင္ရွိေနသည့္ တိတ္ဆိတ္မႈက ေခ်ာက္ခ်ားဖြယ္ ေကာင္းလြန္းလွၿပီး ပတ္ဝန္းက်င္တြင္ အခ်ိန္တိုင္း ေ႐ြ႕လ်ားေနသည့္ အရိပ္ေပါင္းမ်ားစြာကိုသာ သူတို႔က ျမင္ေနရေတာ့သည္။ သို႔ေသာ္ သူတို႔၏ျမင္ကြင္းက အကန႔္အသတ္ ရွိေနသည့္အလား ပုံရိပ္ေယာင္မ်ားအတြင္းသို႔ နစ္ျမဳပ္သြားေလၿပီး သိပ္မၾကာခင္မွာတင္ ဆံပင္ကို ေထာင္တက္ေစေလာက္သည့္ ေခ်ာက္ခ်ားဖြယ္ ခံစားခ်က္တစ္မ်ိဳးက သူတို႔၏ စိတ္အတြင္းသို႔ ဝင္ေရာက္လာသည္။

အခန္း ၄၄.၂

ကုဝူက်ိကသာ လမ္းကို ဦးေဆာင္ေနေသာေၾကာင့္သာ မဟုတ္လွ်င္ ထိုသရဲမ်ား အားလုံးက သူတို႔ထံသို႔ ခုန္ဝင္လာၿပီးေလာက္ေလၿပီ။

ထိုအခ်ိန္တြင္ ေရွ႕မွ ဦးေဆာင္ေနသည့္ ကုဝူက်ိက ႐ုတ္တရက္ ရပ္လိုက္သည္။ သူကလႈပ္ရွားမည့္ အရိပ္အေယာင္ မရွိေတာ့ေခ်။

အျခားသူမ်ားကလည္း ေသလုနီးပါး ေခ်ာက္ခ်ားသြားၾကသည္။ သို႔ေသာ္ သူတို႔တြင္လည္း လြတ္ေျမာက္စရာနည္းလမ္း မရွိေတာ့ေခ်။ သူတို႔ကို ႀကိဳးမခ်ည္ထားလွ်င္ပင္ ထိုသရဲအုပ္က သူတို႔ကို ေသရန္ အာမခံခ်က္အျပည့္ ေပးႏိုင္ေလသည္။
44 04
"ဘာျဖစ္တာလဲ ကုဝူက်ိက လူသားပဲ ျဖစ္ေနတာလား။ သူငါတို႔ကို ဘာလုပ္ေစခ်င္ေနတာလဲ"

"ေနအုံး မင္းတို႔ေကာင္ေတြ မွတ္မိၾကလား။ ငါတို႔ရိကၡာေတြ ရွာေနတုန္းက ရွာေတြ႕ထားတဲ့ သဲလြန္စေလ"

လူတစ္ေယာက္က ႐ုတ္တရက္ ေျပာလာသည္။

"အဲ့ဒီသဲလြန္စက ေျပာထားတဲ့အတိုင္းဆိုရင္ ငါတို႔ျမဴထဲကို ဝင္ေရာက္ၿပီးရင္ လြတ္ေျမာက္ႏိုင္တဲ့ အခြင့္အေရးေတာ့ ရွိတယ္။ ဒါေပမဲ့ ဒီျမဴထုက သရဲေပါင္း ေျမာက္မ်ားစြာကို ထိန္းခ်ဳပ္ထားႏိုင္တဲ့အျပင္ တေစၦပုံရိပ္ေတြကိုလည္း ဖန္တီးႏိုင္တယ္"

စံအိမ္ႀကီး၏ ခန္းမထဲတြင္ရွိေသာ လူတိုင္းကလည္း ဖန္သားျပင္ကို စိတ္ဝင္တစား ၾကည့္ေနၾကသည္။ လက္ရွိ အမဲလိုက္ကြင္း၏ အေျခအေနက ယခင္အေတြးမ်ားႏွင့္ ကြာျခားေနခဲ့သည္။ ထို႔ေၾကာင့္ သူတို႔အား ပို၍သိခ်င္စိတ္ ျပင္းျပလာေစကာ ထိုသားေကာင္က ကြၽန္းအရွင္၏ လက္ေအာက္မွ မည္သို႔ လြတ္ေျမာက္မည္ဆိုသည့္ အေၾကာင္းအရာကို သိခ်င္စိတ္ ျပင္းျပေနၾကသည္။

လက္ေထာက္တစ္ေယာက္က ေရွ႕တက္လာၿပီး ဖန္သားျပင္ကိုၾကည့္ကာ ရွင္းျပေပးသည္။

"ျမဴထုက အႏၲရာယ္အမ်ားဆုံး ေနရာပါပဲ။ ျမဴထုေတြထဲမွာေတာင္မွ ဒီေနရာက ပိုၿပီးအႏၲရာယ္အမ်ားဆုံး ေနရာျဖစ္ေနတယ္။ လူတစ္ေယာက္ရဲ႕ မွတ္ဉာဏ္ထဲကို ျမဴထုစြမ္းအားေတြက ဝင္ေရာက္ၿပီး အဲ့ဒီလူရဲ႕ မွတ္ဉာဏ္ထဲမွာရွိေနတဲ့ အရင္းႏွီးဆုံး ပုံရိပ္ကို တေစၦပုံရိပ္အျဖစ္ ေျပာင္းလဲဖန္တီးေပးႏိုင္စြမ္း ရွိေနပါတယ္။ ဒါ့အျပင္ အသက္ရႈတာ ၾကာေလေလ အဲ့ဒီျမဴထဲကို ေရာက္ေနတဲ့လူက ပို၍စိတ္ရႈပ္ေထြးလာေလေလ ျဖစ္ၿပီး သူတို႔ရဲ႕ ေတြးေခၚႏိုင္စြမ္းေတြကလည္း ထိုင္းမႈိင္းသြားပါလိမ့္မယ္။ အဲ့ဒီေနာက္ သူတို႔က အဓိက ျပႆနာကို မစဥ္းစားႏိုင္ေတာ့ဘဲ အသိစိတ္မဲ့ၿပီး တျဖည္းျဖည္း ျမဴထုရဲ႕ ဝါးၿမိဳတာကို ခံရပါလိမ့္မယ္။ ဒီလိုဆိုရင္ အဲ့ဒီတစ္ေယာက္ကလည္း ဒီျမဴထုရဲ႕ သရဲတစ္ေကာင္ ျဖစ္သြားမွာပါ"

"တကယ္စိတ္ဝင္စားဖို႔ ေကာင္းတာပဲ"

လူတစ္ေယာက္က ေျပာသည္။

"ဒီျမဴထဲက ထြက္ရမဲ့ တစ္ခုတည္းေသာ နည္းလမ္းက ပုံရိပ္ေယာင္ေတြရဲ႕ ဝါးၿမိဳမႈကို မခံရဖို႔ပါပဲ။ ေျပာဖို႔ကလြယ္ေပမဲ့ တကယ္တန္းေတာ့ ခက္ခဲပါတယ္"

ဖန္သားျပင္တြင္ လက္ရွိအေျခအေနကို ျပေနၿပီး ျမဴထုအတြင္းရွိ အရာအားလုံးကို ျမင္ေနရသည္။

လူတိုင္းက ကုဝူက်ိကို ၾကည့္ေနၾကၿပီး ေၾကာက္လန႔္မႈႏွင့္ ေမွ်ာ္လင့္ေစာင့္စားမႈတို႔က ျပည့္ႏွက္ေနကာ အနည္းငယ္ေတာင္မွ မလႈပ္ရွားရဲၾကေတာ့ေခ်။ သူတို႔က ႀကိဳးခ်ည္ခံထားရေသာေၾကာင့္ ျမဴထု၏ အာ႐ုံအားလုံးက ကုဝူက်ိထံသို႔ ေရာက္သြားခဲ့ျခင္း ျဖစ္ေလာက္သည္။

ထိုအခိုက္ လူတိုင္း၏ မ်က္လုံးအေရွ႕ ကုဝူက်ိ၏ေဘးတြင္ ပုံရိပ္တစ္ခုက ေျဖးညႇင္းစြာျဖင့္ ေပၚလာသည္။ ထိုပုံရိပ္က သူတို႔အား ထိတ္လန႔္သြားေစေလသည္။

"ဒါ ဒါ ဒါက သူနဲ႔ အသိစိတ္အရ အနီးကပ္ဆုံးလို႔ ျဖစ္ခဲ့တဲ့ လူတစ္ေယာက္ကို ျမဴထုက ပုံေဖာ္ထားေပးတာ မဟုတ္လား"

"မဟုတ္ေသးဘူး တစ္ခုခုေတာ့ မွားေနၿပီ"

ခန္းမထဲရွိ ဧည့္သည္ေတာ္မ်ားကပင္ ထိုျမင္ကြင္းကိုျမင္ၿပီး စြံ႕အသြားၾကေတာ့သည္။

ကုဝူက်ိ၏ အေရွ႕တြင္ ေပၚထြက္လာသည့္ တည္ရွိမႈက ေခါင္းငုံ႔ထားေသာ လူငယ္တစ္ေယာက္ ျဖစ္ေလသည္။

သူ၏မ်က္ႏွာသြင္ျပင္က ထင္ရွားစြာျမင္ရျခင္း မရွိေသာ္လည္း ခႏၶာကိုယ္မွေသြးမ်ားက ဆက္တိုက္ စီးက်ေနၿပီး ရင္ဘက္ေနရာက တစ္စုံတစ္ရာျဖင့္ အထိုးေဖာက္ခံထားရသလို ျဖစ္ေနသည္။

ဒါေသခ်ာေပါက္ လူေသပဲ။ မဟုတ္ဘူး ဒါကသရဲ။

ျမဴႏွင့္ပတ္သတ္၍ ျပႆနာမရွိသည္မွာ ေသခ်ာသည္။ ဆိုလိုသည္မွာ ကုဝူက်ိ၏ ႏွလုံးသားထဲမွ အနီးစပ္ဆုံးလူက သရဲတစ္ေကာင္ ျဖစ္ေနသည္။

တခဏခန႔္ စိတ္လြတ္သြားေသာ ကုဝူက်ိကလည္း အသိျပန္ဝင္လာသည္။ သူက႐ုတ္တရက္ အနားရွိ သရဲကို ျမင္လိုက္ရသျဖင့္ အံ့ၾသသြားေတာ့သည္။

"ဘယ္လိုျဖစ္ၿပီး ဒီေနရာမွာ သရဲရွိေနတာလဲ"

အျခားသူမ်ား "..."

ေသာက္က်ိဳးနည္း ဒါကမင္းကိုယ္မင္း ေမးသင့္တာ မဟုတ္ဘူးလား။

"ဟလို ကြၽန္ေတာ္ ကူညီေပးႏိုင္တာမ်ားရွိလား"

ကုဝူက်ိက ေမးျမန္းရန္ ႀကိဳးစားလိုက္သည္။
44 05
"အဆင္ေျပတယ္ဆိုရင္ ကြၽန္ေတာ္တို႔ ဆက္သြားလိုက္ေတာ့မယ္"

သူ၏အနားတြင္ရွိေသာ သရဲကို အနည္းငယ္ ရင္းႏွီးသည္ဟု ခံစားေနရသည့္တိုင္ေအာင္ အျခားတစ္ဖက္ႏွင့္ ဆက္ႏြယ္ေနသည့္ ထူးျခားသည့္ မွတ္ဉာဏ္မ်ိဳးကို သူက မမွတ္မိေခ်။ ထပ္ေျပာရန္ပင္ မလိုေလာက္ေအာင္ ဒီအခ်ိန္က အလြန္အေရးႀကီးေနခဲ့သည့္အျပင္ သူ႔တြင္လည္း လူအမ်ားအျပားကို ေခၚလာရေသးေလရာ သူ၏ေကာင္းမြန္သည့္ ကိစၥမ်ားကို ေသခ်ာလုပ္ကိုင္ရန္က ခက္ခဲလြန္းေနသည္။

ပုံရိပ္ေယာင္ "..."

လူတိုင္း "..."

ထိုသရဲပုံရိပ္ေယာင္က ကုဝူက်ိရွိရာဘက္သို႔ ေျဖးညႇင္းစြာျဖင့္ ေခါင္းကိုေမာ့လာသည္။ ထိုအခ်ိန္တြင္ပင္ လူတိုင္းက သူတို႔၏ကိုယ္ေပၚ က်ေရာက္လာသည့္ အလြန္ႀကီးမားသည့္ ကပ္ေဘး ဆိုက္ေရာက္ႏိုင္ေသာ ခံစားခ်က္မ်ိဳးကို ရလိုက္ၾကသည္။ ထိုကဲ့သို႔ေသာ စြမ္းအင္မ်ိဳးက မည္သည့္ေနရာကမွန္းမသိ ထြက္လာခဲ့ျခင္းမ်ိဳးျဖစ္ၿပီး လူတိုင္းက အၾကည့္မလႊဲႏိုင္ၾကေတာ့ဘဲ သူတို႔၏မ်က္လုံးက ထိုသရဲထံသို႔သာ ေရာက္ေနေတာ့သည္။

ကုဝူက်ိကလည္း ခံစားခ်က္ မေကာင္းေတာ့ေခ်။ သူက အေရွ႕တြင္ရွိေသာ သရဲကို က႐ုမစိုက္ေတာ့ဘဲ ထိုသူေခါင္းေမာ့လာ၍ မျဖစ္ေၾကာင္းကိုသာ ေသခ်ာသြားေတာ့သည္။ မဟုတ္လွ်င္ ဒီေနရာတြင္ အလြန္ဆိုး႐ြားေသာ အျဖစ္အပ်က္ႀကီးက ျဖစ္ပ်က္လာေပေတာ့မည္။

သူကအသက္ကို ျပင္းျပင္းရႈၿပီးေနာက္တြင္ ေရွ႕ကိုတက္လိုက္သည္။ ထို႔ေနာက္ တစ္ဖက္သူ၏ ခႏၶာကိုယ္ကို ေျပးတိုက္လိုက္ေတာ့သည္။

ထိုသရဲ၏ ပုံရိပ္က အျပည့္အဝ အေကာင္အထည္ မေပၚလာေသးသည့္အတြက္ ကုဝူက်ိ၏ ေျပးေဆာင့္ တိုက္ခံရသည့္အခါ တိုက္႐ိုက္ပင္ ျမဴအျဖစ္ ျပန္ေျပာင္းသြားေတာ့သည္။

ထိုအခါမွသာ လူတိုင္းကလည္း ထူးဆန္းသည့္ စိတ္အေျခအေနမ်ိဳးမွ ႐ုန္းထြက္လာႏိုင္ၾကၿပီး အသိျပန္ဝင္လာၾကကာ ေခြၽးေစးမ်ား ျပန္သြားၾကေတာ့သည္။ ကုဝူက်ိကေပးေသာ အသက္စြမ္းအားမ်ားကိုပင္ ခံစားလိုက္ရသလို ျဖစ္သြားသည္။

"ေသစမ္း ဒါကေၾကာက္ဖို႔ ေကာင္းလြန္းတယ္။ အခုက ဘာလဲ..."

"ငါ ငါ တစ္စုံတစ္ရာကို ႀကိဳျမင္လိုက္သလို ခံစားလိုက္ရတယ္။ ငါတို႔အားလုံးက ေသခ်ာေပါက္ က်ိန္စာသင့္သြားၾကမွာပဲ။ ငါတို႔သာ အဲ့ဒီသရဲရဲ႕ မ်က္ႏွာကို ျမင္လိုက္မယ္ဆိုရင္ ဆိုး႐ြားတဲ့အရာ တစ္ခုခု ျဖစ္လာလိမ့္မယ္။ ငါအရင္က ႀကဳံေတြ႕ခဲ့ဖူးတဲ့ ပုံတူေလာကတစ္ခုကလည္း ဒီလိုဇာတ္ၫႊန္း ေရးထားတာမ်ိဳးရွိတယ္။ အထဲမွာရွိတဲ့ သရဲရဲ႕မ်က္ႏွာကို အျပည့္အဝ ျမင္လိုက္တဲ့ လူေတြအားလုံးက ကမာၻဆုံးတဲ့အထိ အမဲလိုက္ခံရတယ္"

လူတိုင္းက စိတ္ေအးစြာ သက္ျပင္းခ်ေနၾကခ်ိန္တြင္ ကုဝူက်ိ၏ မ်က္ႏွာထဲမွ ထြက္လာသည္ဟု ထင္ရေသာ ထိုသရဲကို ျပန္လည္ေတြးေတာမိသြားၾကသည္။ သူတို႔၏ ကုဝူက်ိထံသို႔ ေရာက္သြားေသာ အၾကည့္မ်ားထဲတြင္ ေက်းဇူးတင္စိတ္ႏွင့္ စိတ္ရႈပ္ေထြးမႈမ်ားက ျပည့္ႏွက္ကာ ရႈပ္ေထြးေနေတာ့သည္။

သူအတိတ္မွာ ဘယ္လို အေတြ႕အႀကဳံေတြမ်ား ရွိခဲ့လို႔ သူနဲ႔အရင္းႏွီးဆုံးလူက ရက္စက္ၾကမ္းတမ္းတဲ့ ရန္ၿငိဳးႀကီးဝိညာဥ္ ရွိေနတာလဲ အာ မဟုတ္ေသးဘူး။ အဲ့ဒီေကာင္က ဒီတိုင္း ေၾကာင္ေတာင္ေတာင္ႏိုင္တဲ့ အခ်စ္သရဲပဲျဖစ္ေလာက္တယ္ ဟုတ္တယ္မလား။

ဖန္းေဟာင္ခမ္းဆိုလွ်င္ ကုဝူက်ိႏွင့္ အတူရွိဖူးသည့္ အေတြ႕အႀကဳံရွိေလရာ မ်က္ႏွာတစ္ခုလုံး ေခြၽးမ်ား႐ႊဲေနၿပီျဖစ္သည္။ ထိုသရဲ၏ တေစၱပုံရိပ္က ကုဝူက်ိ၏ အရင္က ရည္စားေကာင္ေလးဟုပင္ သူက ခန႔္မွန္းေနမိေလသည္။ ယခင္က သရဲႏွင့္ ကုဝူက်ိ၏ စိတ္လႈပ္ရွားစြာ စကားေျပာၾကသည့္ ပုံရိပ္ကို ျပန္ေတြးၾကည့္ၿပီးေနာက္တြင္ လူေသတစ္ေယာက္ကလည္း ျပႆနာမရွိႏိုင္ဟု ခံစားမိသြားျပန္သည္။

အႏွစ္ခ်ဳပ္ဆိုရေသာ္ လူတိုင္း၏ စိတ္ထဲတြင္ မ်ိဳးစုံေသာ အေတြးမ်ားက ရႈပ္ေထြးေနေတာ့သည္။ သူတို႔၏ ကုဝူက်ိထံသို႔ ရႈ႕ျမင္သည့္ အျမင္ကပင္ ရန္စရန္မျဖစ္ႏိုင္ေသာလူဟူ၍ တံဆိပ္ကပ္ၿပီးသား ျဖစ္သြားသည္။

ဒီလူက သာမာန္လူမွ မဟုတ္တာ။

"အားလုံးအဆင္ေျပလို႔ ေတာ္ပါေသးတယ္"

ကုဝူက်ိက အားလုံး၏ အေတြးမ်ားကို နားမလည္သည့္အတြက္ အဆုံးတြင္ မည္သူမွန္းမသိရသည့္ တေစၦတစ္ေကာင္က ေပ်ာက္ကြယ္သြားေၾကာင္း ျမင္သည့္အတြက္ စိတ္ေအးသြားေတာ့သည္။ သူက လူတိုင္းကို ညင္သာစြာ ၿပဳံးျပသည္။

"ငါကမင္းတို႔အားလုံးကို ဒီေနရာကေန ေခၚထုတ္သြားေပးမွာပါ"

လူတိုင္းကလည္း ထိုအၿပဳံးေၾကာင့္ ေခြၽးေစးျပန္သြားၾကျပန္သည္။

ထိုခရီးက အားအင္ကုန္ခမ္းလြန္းသည္။ ထိုေနာက္ပိုင္းတြင္မူ ကုဝူက်ိ၏ ဦးေဆာင္မႈေၾကာင့္ မေမွ်ာ္လင့္ထားေသာ အျဖစ္အပ်က္မ်ား အားလုံးက ေလ်ာ့ပါးသြားၿပီး သူတို႔က သူတို႔၏ ရင္းႏွီးကြၽမ္းဝင္ေသာ ေတာအုပ္ထဲသို႔ ျပန္ေရာက္သြားၾကသည္။
44 06
ဖန္းေဟာင္ခမ္းတို႔ အားလုံးကလည္း ျပန္လည္ေမြးဖြားလာခဲ့သလို ခံစားလိုက္ၾကရသည္။ သူတို႔က ကုဝူက်ိကို တုန႔္ဆိုင္းစြာ ၾကည့္ၿပီးသည္ႏွင့္ ျမဴထုထဲမွ အေၾကာင္းအရာကို ေျပာသင့္မေျပာသင့္ မေတြးေတာႏိုင္ေတာ့ေခ်။ သို႔ေသာ္ ဒါကအခ်ိန္ေကာင္း မဟုတ္ေသးေခ်။

"ေကာင္းၿပီ ငါတို႔ လုယြမ္က်ိဳးဆီကို ျပန္သြားရေအာင္"

ကုဝူက်ိကေျပာသည္။

"မေမွာင္ခင္ ေနရာတစ္ခုရွာၿပီး နားမွျဖစ္မယ္။ မဟုတ္ရင္ ဒုကၡမ်ားသြားလိမ့္မယ္"

...

"အဆုံးမွာ အဲ့ဒါဘာျဖစ္သြားတာလဲ"

ခန္းမထဲရွိ လူတိုင္းက အံ့ၾသေနၾကသည္။ လက္ေထာက္၏ မ်က္ႏွာကလည္း ေခြၽးေစးျပန္ေနေလၿပီ။

"ျမဴမွာေတာ့ ျပႆနာမရွိတာ ေသခ်ာပါတယ္။ တစ္ခုတည္းေသာ ျဖစ္ႏိုင္ေခ်က အဲ့ဒီသားေကာင္နဲ႔ သားေကာင္ရဲ႕ ႏွလုံးသားထဲက အနီးကပ္ဆုံးလူက တကယ့္သရဲျဖစ္ေနတာပါ"

ျမဴမွလႊတ္ေသာ တေစၦပုံရိပ္က ထိုကဲ့သို႔ေသာ စြမ္းအင္မရွိေခ်။

အာ မွတ္ဉာဏ္ထဲကသရဲက ဒီေလာကကို သက္ေရာက္ေအာင္ လုပ္ႏိုင္တာက ျဖစ္ႏိုင္လို႔လား။

"ဒီလူသားက တကယ္ကို ထူးျခားတယ္"

ေျပာလိုက္ေသာသူက စိတ္ဝင္စားေနသည္။ ကုဝူက်ိကသာ ယခုအခ်ိန္ထိ အသက္ရွင္ေနေသး ေသာေၾကာင့္သာ မဟုတ္လွ်င္ သူက ခႏၶာကိုယ္ကို ျပန္သယ္ကာ သုေတသန လုပ္ခ်င္ေနေလၿပီ။

"အခ်ိန္အမ်ားႀကီး မက်န္ေတာ့ဘူး။ သုံးရက္ကုန္သြားရင္ ဘယ္သူမွ မေသရင္ေတာင္မွ အမဲလိုက္ပြဲကေတာ့ ရပ္တန႔္ရလိမ့္မယ္"

"ဘာပဲျဖစ္ျဖစ္ ဒါကအရင္ကတည္းက ခ်မွတ္ခဲ့တဲ့ စည္းမ်ဥ္းပဲ။ ဘယ္သူကမွ ရင္ဆိုင္လို႔မရဘူး"

တိတ္ဆိတ္ေသာ အခန္းထဲတြင္ လူအခ်ိဳ႕က စကားဖလွယ္ေနၾကသည္။ သဘာဝက်က်ပင္ သတင္း အခ်က္အလက္မ်ား အားလုံးကို သူတို႔က သိထားၿပီးသားျဖစ္ၿပီး သူတို႔က ကုဝူက်ိကို အထင္မေသးၾကေတာ့ေခ်။

"ကိစၥမရွိဘူး"

ကြၽန္းပိုင္ရွင္က မတ္တပ္ထရပ္ၿပီး ေျပာလာသည္။

"ဒါၿပီးရင္ ငါကိုယ္တိုင္ကိုယ္က် အမဲလိုက္မယ္"

"ဘာ ဘာ သခင္"

လက္ေထာက္ကပင္ ထိတ္လန႔္သြားသည္။

"တကယ္ေတာ့ တကယ္ေတာ့..."

သိထားရမည္မွာ ကြၽန္းအရွင္က အမဲလိုက္ပြဲမ်ားတြင္ တစ္ႀကိမ္ေသာ္မွ် ကိုယ္တိုင္ကိုယ္က် ပါဝင္ခဲ့ဖူးျခင္း မရွိေသးေခ်။

"ငါအရင္က မပါခဲ့တာက အဲ့ဒီသားေကာင္ေတြက ငါကိုယ္တိုင္ အမဲလိုက္ရေအာင္ အဆင့္မမီလို႔ဘဲ"

သို႔ေသာ္ ဖန္သားျပင္ေပၚတြင္ ျမင္ေနရသည့္ အျခားသူမ်ားႏွင့္အတူ ထြက္သြားသည့္ ကုဝူက်ိ၏ ေက်ာျပင္ကို ၾကည့္လိုက္ၿပီးေနာက္ သူကေျပာသည္။

"ဒါေပမဲ့ ဒီတစ္ႀကိမ္ကေတာ့ ငါအရမ္း စိတ္ဝင္စားမိတယ္"

ကုဝူက်ိက လုယြမ္က်ိဳးတို႔ကို ေအာင္ေအာင္ျမင္ျမင္ ရွာေတြ႕သြားသည္။

အခန္း ၄၄.၃

ဖန္းေဟာင္ခမ္းတို႔ကလည္း ထိုေနရာတြင္ လက္မ်ားကို အခ်ည္ခံထားရသည့္ လူဆယ္ေယာက္ ဝန္းက်င္ကို ျမင္လိုက္ရခ်ိန္တြင္ စြံ႕အသြားၾကေတာ့သည္။

အာ ဒီကြၽန္းက သက္ရွိေတြအားလုံးက ဒီမွာပဲ။

"ေနာက္တစ္ဆင့္အေနနဲ႔ ငါတို႔ေတြ အနားယူဖို႔ သစ္လုံးအိမ္တစ္ခုကို လိုက္ရွာရလိမ့္မယ္"

ကုဝူက်ိက ေျမပုံကိုၾကည့္ၿပီး ေျပာသည္။

"ဒီအျမင့္ဆုံးေနရာမွာဆိုရင္ ေစာင့္ၾကပ္ခံရဖို႔ လြယ္သလို ျမဴထုနဲ႔လည္း အရမ္းေဝးတယ္"
44 07
"ဒါေပမဲ့ လူအမ်ားႀကီး ေနဖို႔ကေတာ့ မသင့္ေလ်ာ္ေသးဘူး"

လုယြမ္က်ိဳးကလည္း လူမ်ားကို မ်က္ေမွာင္က်ဳံ႕ကာၾကည့္သည္။

ထိုလူမ်ား အားလုံးကလည္း ေတာင့္တင္းသြားသလို ခံစားလိုက္ရကာ အလ်ဥ္းမသင့္မႈကို ဖယ္ေရွာင္ႏိုင္ရန္ အလို႔ငွာ သူတို႔အား သတ္သြားမည္ကို စိုးရိမ္သြားၾကသည္။ သူတို႔ကသာ ေသဆုံးသြားလွ်င္ စိုးရိမ္ရန္ မလိုအပ္ေတာ့ေခ်။

"ငါေတြးပါရေစအုံး"

"မင္းေတြးဖို႔ မလိုေတာ့ဘူး"

႐ုတ္တရက္ အသံတစ္သံက ထြက္လာသည္။

"ဘယ္သူလဲ"

လုယြမ္က်ိဳးကလည္း သတိအေနအထား ျဖစ္သြားသည္။

အသံထြက္လာၿပီးသည္ႏွင့္ ခန႔္ညားေခ်ာေမာကာ ခ်စ္စဖြယ္ေကာင္းသည့္ ေကာင္ေလးတစ္ေယာက္က ေပၚလာသည္။ ထိုလူက ဒီကြၽန္းမွ လက္ေထာက္ျဖစ္ၿပီး ကုဝူက်ိတို႔ အားလုံးကို ကြၽန္းေပၚသို႔ ေခၚေဆာင္လာေပးခဲ့သူလည္းျဖစ္သည္။ ထိုသူ၏လက္ေပၚတြင္ လင္ဗန္းတစ္ခုကို ကိုင္ထားကာ အေရွ႕ရွိ အဖြဲ႕ဝင္သားတိုင္းကို ၾကည့္ၿပီးေနာက္တြင္ သူ၏အၾကည့္က ကုဝူက်ိထံသို႔ ေရာက္သြားသည္။ လူတိုင္းကလည္း တခဏခန႔္အထိ ေၾကာင္အသြားၾကေတာ့သည္။

"ကိစၥရွိလို႔လား"

ကုဝူက်ိကေမးသည္။

"ဂုဏ္ယူပါတယ္ မင္းက မင္းရဲ႕ေျပာင္ေျမာက္တဲ့ ေဖ်ာ္ေျဖမႈေၾကာင့္ သခင္ရဲ႕တန္ဖိုးထားျခင္းကို ခံလိုက္ရၿပီ"

လက္ေထာက္ကလည္း ေျပာသည္။

"ေက်းဇူးတင္ပါတယ္"

ကုဝူက်ိကလည္း တစ္ဖက္သူက သူ႔ကိုခ်ီးက်ဴးေနေၾကာင္း နားလည္လိုက္သည္။ လက္ေထာက္က ဆက္ေျပာသည္။

"သူက သိပ္မၾကာခင္က မင္းကို ကိုယ္တိုင္ကိုယ္က် အမဲလိုက္ဖို႔ ေ႐ြးခ်ယ္လိုက္တယ္။ ေန႔တစ္ဝက္ေလာက္ မင္းနဲ႔အတူ အမဲလိုက္ပြဲကို ကစားေပးလိမ့္မယ္။ မင္းကသာ အဲ့ဒီအခ်ိန္ အဆုံးသတ္သြားတဲ့အထိ အဖမ္းမခံရဘူးဆိုရင္ ဒီပြဲမွာမင္းႏိုင္ၿပီ"

ထိုသို႔ေျပာင္းလဲမႈအတြက္ ကုဝူက်ိက အနည္းငယ္မွ် အံ့ၾသျခင္းမရွိေခ်။

ကိစၥေတြက သိပ္မၾကာခင္မွာ ဒီလိုျဖစ္လာမယ္မွန္း ႀကိဳသိထားၿပီးသား။ ဘာပဲျဖစ္ျဖစ္ သူက ဖုံးကြယ္ထားတဲ့ တာဝန္ကို အသက္သြင္းလိုက္တာကိုး။

လက္ေထာက္က ဆက္ေျပာသည္။

"မင္းကအခ်ိန္အတန္ၾကာထိ ျပင္းျပင္းထန္ထန္ ႀကိဳးစားထားမွေတာ့ မင္းကိုအနားယူဖို႔ အခ်ိန္ေပးရမွာေပါ့။ ဒီအမဲလိုက္ပြဲက ေနဝင္ၿပီးမွ စလိမ့္မယ္"

"ဒါဆိုရင္ အျခားသူေတြက ဘယ္လိုလုပ္မလဲ"

ကုဝူက်ိက ဆက္ေမးသည္။

လက္ေထာက္ကလည္း စြံ႕အသြားေတာ့သည္။

ကုဝူက်ိက ဒီလိုအခ်ိန္တြင္ အျခားသူမ်ားအတြက္ စိုးရိမ္ေနမည္ဟု မထင္ထားမိေခ်။ သို႔ရာတြင္ တစ္ဖက္သူကလည္း ထိုကဲ့သို႔ေသာလူမ်ိဳး ျဖစ္ေနခဲ့သည္။

"အျခားသူေတြကေတာ့ အမဲဆက္လိုက္ခံရဖို႔ အရည္အခ်င္း မရွိေတာ့ဘူး။ သူတို႔က ဒီေနရာမွာပဲ ၿငိမ္ၿငိမ္ဆိမ္ဆိမ္ ေစာင့္ေနလို႔ရပါတယ္"

လက္ေထာက္၏ ေလသံက မထူျခားနားသလို ျပန္ေျပာင္းသြားၿပီးေနာက္တြင္ အျခားသူမ်ားက အမႈိက္မ်ားကဲ့သို႔ သတ္မွတ္ထားသည့္အလား ဆက္ေျပာလာသည္။

"မင္းရႈံးရင္ သူတို႔အားလုံး ကြက္မ်က္ခံရမယ္။ ဒါေပမဲ့ အတူတူပဲ မင္းႏိုင္ရင္ သူတို႔အားလုံးကလည္း ဒီေနရာကေန ထြက္သြားခြင့္ရမွာပါ"

[အဓိကတာဝန္ အဆင့္ျမႇင့္တင္ျခင္း.. အမဲလိုက္ကစားပြဲရဲ႕ ေနာက္ဆုံးရလဒ္အေျဖကို ေစာင့္ေမွ်ာ္ေနပါၿပီ...]

အျခားေသာ ကစားသမားမ်ား အားလုံးကလည္း ေဘးတစ္ဖက္မွေနၿပီး ထိုအျပန္အလွန္ ေျပာစကားမ်ားကို နားေထာင္ကာ တုန္ယင္ေနၾကေတာ့သည္။

ဒါကဘယ္လိုေတာင္ ေၾကာက္ဖို႔ေကာင္းတဲ့ တိုးတက္မႈလဲ။ သူတို႔ရဲ႕အသက္က အခုကုဝူက်ိနဲ႔ တြဲခ်ည္ေႏွာင္ထားၿပီးသား ျဖစ္သြားၿပီေပါ့။

အာ ဒါကသူတို႔ေသမွာကို ေၾကညာလိုက္သလို ျဖစ္မသြားဘူးလား။
44 08
ကုဝူက်ိက သူတို႔အားလုံးကို ေအာင္ျမင္စြာျဖင့္ ဖမ္းႏိုင္ခဲ့သည့္တိုင္ေအာင္ အရွက္ရဖြယ္ေကာင္းသည့္ အေျခအေနထိ ေရာက္ရွိသြားခဲ့ရသည္။ သူ႔အေနျဖင့္ ေခါင္းေဆာင္ကို ျပန္တိုက္ႏိုင္စြမ္းအား မရွိေလာက္ေခ်။

"ကြၽန္ေတာ္မွာ ေမးစရာ ရွိေနေသးတယ္"

ကုဝူက်ိက ဆက္ေျပာသည္။

"မင္းေျပာႏိုင္ပါတယ္"

လက္ေထာက္ကလည္း ဆက္ေျပာသည္။

"သခင္က မင္းရဲ႕ေမးခြန္းတိုင္းကို ေျဖဖို႔ေျပာထားၿပီးသား"

ကုဝူက်ိႏွင့္ တစ္ဖက္သူ၏ၾကားမွ အင္အားက အလြန္ကြာျခားသည္မွာ သိသာထင္ရွားၿပီးသားျဖစ္သည္။ ထို႔ေၾကာင့္ သတင္းအခ်က္အလက္ မ်ားမ်ားရထားျခင္းကလည္း အသုံးမဝင္ေခ်။ ထို႔ေၾကာင့္လည္း သခင္က သေဘာေကာင္းေနျခင္း ျဖစ္ေလာက္ေလသည္။

ကုဝူက်ိက အသက္ျပင္းျပင္းရႈၿပီး အျခားတစ္ဖက္သို႔ အၾကည့္ပို႔လိုက္ကာ အလြန္အမင္း ေလးနက္ ႐ိုးသားလြန္းေသာ ေလသံျဖင့္ ေျပာလာသည္။

"မင္းရဲ႕နာမည္ကို ေမးမလို႔ပါ"

လက္ေထာက္ "..."

အျခားလူမ်ား "..."

အာ ကုဝူက်ိရဲ႕ ေခါင္းထဲမွာ ဘာေတြမ်ား ေတြးေနတာလဲ။

"ေမးခြန္းေတြအားလုံး ေျဖရမယ္လို႔ ေျပာထားတာ မဟုတ္ဘူးလား"

ကုဝူက်ိကလည္း သံသယဝင္ဟန္ျဖင့္ ဆက္ေျပာသည္။

"ဒါမွမဟုတ္ ကြၽန္ေတာ္ရဲ႕ေမးခြန္းက မသင့္ေလ်ာ္လို႔လား"

"မဟုတ္ပါဘူး"

လက္ေထာက္ကလည္း ေဖ်ာ့ေတာ့စြာ ျပန္ေျဖလာသည္။

"ငါ့ရဲ႕နာမည္က က်ိဳးရီ"

သူထိုစကားလုံးႏွစ္လုံးကို မေျပာရသည္မွာ မည္မွ်ၾကာၿပီးကိုပင္ မမွတ္မိေတာ့ေခ်။ ထို႔ေၾကာင့္ သူ၏ စိတ္အေျခအေနကပင္ အနည္းငယ္ ေျပာင္းလဲသြားသည္။

"ခင္ဗ်ားအေနနဲ႔ ကြၽန္ေတာ္တို႔ကို အမ်ားႀကီး ကူညီခဲ့ရပါၿပီ"

ကုဝူက်ိက ဆက္ေျပာသည္။

"ဒီေတာ့ ကြၽန္ေတာ္ ခင္ဗ်ားရဲ႕နာမည္ကိုသိၿပီး ေက်းဇူးတင္ေၾကာင္း ျပန္ျပသင့္တယ္လို႔ ခံစားမိလို႔ပါ။ လူႀကီးမင္းက်ိဴးရီကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္"

ကုဝူက်ိ၏ သူ႔အားေျပာေသာ စကားမ်ားက သူ႔အား ရွက္သြားေစလို႔လားမသိေခ် သူက အလ်င္စလို ေျပာလာသည္။

"ေမးစရာမရွိေတာ့ဘူးဆိုရင္ ငါ့ကိုထြက္သြားခြင့္ျပဳပါ"

"ကိစၥမရွိပါဘူး"

ကုဝူက်ိက ျပန္ေျဖသည္။

လက္ေထာက္က ဒီေနရာတြင္ ဆက္ေနလွ်င္လည္း သူကဘာမွ ဆက္သိရေတာ့မည္ မဟုတ္မွန္း နားလည္ေနသည္။ ထို႔ျပင္သူ႔တြင္လည္း ေမးစရာ မရွိေတာ့ေခ်။ သူက ေခါင္းေဆာင္ထံမွသာ ကိုယ္တိုင္ကိုယ္က် အေျဖကို ေတာင္းခံရေတာ့ေပမည္။

"ဒါက သခင္ကမင္းကို ေပးလိုက္တဲ့ပစၥည္းပါ"

လက္ေထာက္က လင္ဗန္းကို ကမ္းေပးလာသည္။ အတြင္းတြင္ ယခင္ရထားေသာ ဝတ္စုံမ်ားထက္ ပို၍ အရည္အေသြးျမင့္ဟန္ရသည့္ ယူနီေဖာင္းတစ္စုံပါသည္။ ၾကည့္႐ုံျဖင့္ပင္ ပို၍အဆင့္အတန္း ျမင့္ဟန္ရေလသည္။ ထို႔ျပင္ ေတာအုပ္ထဲတြင္ လႈပ္ရွားသြားလာလွ်င္ အသုံးဝင္ႏိုင္သည့္ လက္နက္ ကိရိယာမ်ားလည္းပါသည္။

ဒါက ေခါင္းေဆာင္ကသူ႔အား ေလွာင္ေနျခင္းျဖစ္သည္။

ကုဝူက်ိက မည္သို႔မွ် မတုန႔္ျပန္ေခ်။ သူက ထိုပစၥည္းမ်ား အားလုံးကို ယူလိုက္ၿပီးသည့္ တခဏတြင္ ႐ုတ္တရက္ ထိေတြ႕မိလိုက္သည့္အခါ သူ၏စိတ္အတြင္း ေၾကာင္အသြားေစသည့္ ခံစားခ်က္ကို ရလိုက္သည္။ သို႔ေသာ္သူက အေပၚယံတြင္ မည္သည့္ခံစားခ်က္ကိုမွ် မျပဘဲ ပစၥည္းမ်ားအားလုံးကိုသာ ယူလိုက္ေတာ့သည္။

"ေကာင္းၿပီ ငါ့ရဲ႕တာဝန္က ၿပီးသြားၿပီ"

လက္ေထာက္က ထိုသို႔ေအးစက္စြာ သာမာန္က်ေသာ ေလသံမ်ိဳးျဖင့္ ေျပာၿပီးသည္ႏွင့္ ေနာက္ဆုံး တစ္ႀကိမ္ လွည့္ၾကည့္လိုက္သည္။ သူ၏အၾကည့္က ကုဝူက်ိအေပၚတြင္ တခဏခန႔္ ရပ္တန႔္သြားေလသည္။
44 09
"မင္းကံေကာင္းဖို႔ ဆုေတာင္းေပးပါတယ္"

ကုဝူက်ိကလည္း ထြက္သြားေသာ ေက်ာျပင္ကိုၾကည့္ၿပီး ေခါင္းညိမ့္လိုက္ကာ လက္ဝါးထဲရွိအရာကို ဆုပ္လိုက္သည္။ ထိုအရာကို လင္ဗန္းေအာက္ေျခမွတဆင့္ တစ္ဖက္သူက ထည့္ေပးခဲ့ျခင္းလည္းျဖစ္သည္။

"ကံေကာင္းပါေစလို႔ေျပာတာက ဘာမ်ားအသုံးဝင္လို႔လဲ"

သယြမ္ေဖးက စိတ္အေျခအေန မေကာင္းေတာ့ေခ်။

"ကုသေကာက ဘာမွလုပ္ႏိုင္မွာမွမဟုတ္တာ"

"အဲ့ဒီလိုမဟုတ္တာလည္း ျဖစ္ႏိုင္တာပဲ"

ကုဝူက်ိက ကစားသမားမ်ားကို ၾကည့္လာသည္။ ထို႔ေနာက္ ေျပာလိုက္သည္။

"လြတ္ေျမာက္ႏိုင္ေခ်က က်ဥ္းေျမာင္းေနမယ္ဆိုရင္ေတာင္မွ အေကာင္းဆုံးႀကိဳးစားၿပီး ဒီလမ္းကို ခ်ိတ္ရမွာပဲ"

"အာ"

လုယြမ္က်ိဳးက သူ႔ကိုၾကည့္သည္။

"လူတိုင္းရဲ႕ အကူအညီကိုလည္း လိုအပ္ေလာက္တယ္"

ကုဝူက်ိက ညင္သာစြာ ၿပဳံးလိုက္သည္။

"ဘယ္သူကမွ မျငင္းဘူးလို႔ ငါယုံၾကည္တယ္"

လူတိုင္း "..."

ဘာလို႔ဒီလို ျဖစ္လာတာလဲ။ ဘာလို႔ ကုဝူက်ိက ဒီလိုညင္ညင္သာသာ ၿပဳံးျပလာတဲ့အခ်ိန္တိုင္း မေကာင္းတဲ့ ကိစၥေတြ ျဖစ္ေတာ့မယ္လို႔ ခံစားေနရတာလဲ။

Telegram မွာ အပိုင္း ၁၁၆ အထိ ေရာက္ပါၿပီေနာ္

Continue Reading

You'll Also Like

450K 69.7K 185
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...
80.9K 12.6K 100
Traslation all credit to Original Author and E Translator horror type uodate -mon.wed and Friday
26.1K 3.2K 39
"ကိုယ်ရပ်တန့်ပစ်ဖို့​ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်​နေတဲ့ အချိန်​တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapt...