နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်...

By Swae_Nyoe

249K 33.5K 1K

ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင် More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁.၁
အခန်း ၂၁.၂
အခန်း ၂၂ .၁
အခန်း ၂၂.၂
အခန်း ၂၃.၁
တယ်လီဂရုကြေညာချက်..
အခန်း ၂၃.၂
အခန်း ၂၃.၃
အခန်း ၂၃.၄
အခန်း ၂၄.၁
အခန်း ၂၄.၂
အခန်း ၂၄.၃
အခန်း ၂၅.၁
အခန်း ၂၅.၂
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈.၁
အခန်း ၂၈.၂
အခန်း ၂၉.၁
အခန်း ၂၉.၂
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
Notice!!
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း (၈၁)
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အပိုင်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
Telegram ကို လာခဲ့နော်
အခန်း ၁၁၄
အခန်း ၁၁၅
🥳ဈေးနှုန်းပြောင်းလဲ သတ်မှတ်လိုက်ပါကြောင်း🥳

အခန်း ၄၃

1.5K 256 8
By Swae_Nyoe

43 01

အခန်း ၄၃.၁

ကုဝူကျိ၏ ပတ်ဝန်းကျင်မှ လူများက သူ့အား အံ့အားတကြီး ကြည့်လာကြသည်။ သယွမ်ဖေးဆိုလျှင် ယခင်က အဖြစ်အပျက်ကို သတိရမိပြီး သူတို့တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များ အားလုံးကို မှတ်မိသွားကာ ကျိုးကြောင်းသင့်လျော်သည့် အကြောင်းပြချက်ကို ခန့်မှန်းမိသွားသည်။

သို့ရာတွင် စနစ်မှ ကြေညာချက်က မပြီးဆုံးသေးပေ။

[သတ်မှတ်ထားတဲ့ ပစ်မှတ်ကို ကိုယ်တိုင်ကိုယ်ကျ သတ်နိုင်ခဲ့တဲ့ လူအတွက်ကတော့ ကျွန်းအရှင်ဆီမှာ ကြိုက်ရာတောင်းဆိုခွင့် ရရှိမှာဖြစ်ပါတယ်]

ဒါက အလယ်အလတ် ပုံတူလောကတစ်ခုမှ ဗီလိန်ခေါင်းဆောင်ထံမှ ကတိစကားတစ်ခုကို လက်ခံရရှိမည်ဖြစ်သည်။

အာ ဘယ်လောက်တောင် အင်အားကြီးတဲ့ ပစ္စည်းမျိုးမဆို ရရှိနိုင်မှာ သေချာနေတာပဲ။

အထူးသဖြင့် ကုဝူကျိ၏ ချည်နှောင်ခံလိုက်ရသူများ ဖြစ်ကြပြီး ယခင်ကသူတို့က အားအင်မဲ့သလို ဖြစ်နေကြသော်လည်း ယခုအခါတွင်မူ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ သူတို့က ကစားသမား တစ်ယောက်ကို သတ်လိုက်ရုံမျှနှင့် ဒီပုံတူလောကမှ လွတ်မြောက်နိုင်မည်ဖြစ်ပြီး ပစ္စည်းကောင်းကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

အာ ဒါက အရင်ရွေးချယ်မှုအတိုင်း ကစားသမား အချင်းချင်း သတ်နေရတာထက် ပိုကောင်းတာပေါ့။

သူတို့က အချုပ်အနှောင် ခံထားရသည့်တိုင်အောင် သူတို့၏ ကိုယ်ပိုင်ပစ္စည်းများက အသုံးပြုနိုင်စွမ်း ရှိနေသေးသည်။ ထို့ကြောင့် လူတစ်ယောက်က အသက်ပြင်းပြင်း ရှုပြီးသည်နှင့် သူ၏ဝှက်ဖဲကို ကုဝူကျိရှိရာဘက်သို့ ပစ်လွှတ်လိုက်သည်။ ထိုပစ္စည်းက လုယွမ်ကျိုး၏ သရဲကို ရင်ဆိုင်ရစဉ်က အသုံးမပြုနိုင်ခဲ့ချေ။ ယခုမူ ကုဝူကျိကို အသုံးပြုရလေပြီ။

သို့ရာတွင် ကုဝူကျိက တိုက်ရိုက်ပင် လက်ဆန့်တန်းကာဖမ်းသည်။ သူက အံ့အားတကြီး ကြည့်လိုက်ချိန်တွင် လက်ညိုးတစ်ချောင်း ဖြစ်နေကြောင်း မြင်လိုက်ရလေသည်။ သူက အရှေ့မှလူကို အံ့အားတကြီး ကြည့်လိုက်လေသည်။

"မင်းက ဒီလိုအရာမျိုးကိုတောင် သွားလေရာ သယ်သွားတာလား။ မင်း..."

ထိုလူက ချက်ချင်းလိုလို ရန်စခံရသည်ဟု ခံစားရပြီး ပြောတော့သည်။

"မင်းသေသေချာချာ ဂရုစိုက်ကြည့်စမ်းပါ။ ဒါက ပစ္စည်းကွ"

"မကောင်းတော့ဘူး အဲ့ဒါကို မြန်မြန်လွင့်ပစ်လိုက်"

သယွမ်ဖေးက ထိုလက်ညိုးကို မြင်သွားချိန်တွင် အလျင်စလို ပြောလာပြီး ကုဝူကျိကို သတိပေးသည်။

"ဒီပစ္စည်းရဲ့ ရည်ရွယ်ချက်က ထိတွေ့တဲ့လူကို ကျိန်စာသင့်စေတယ်။ ဒါက မရေမတွက်နိုင်တဲ့ တစ္ဆေသရဲတွေနဲ့ ထိတွေ့မှုမျိုးကိုတောင် ဖြစ်လာစေနိုင်သေးတာ"

အခြားသုံးယောက်လုံးက သယွမ်ဖေးကို အံ့အားတကြီး ကြည့်လိုက်ကြသည်။ ထိုလူက သူတို့ကို ထိုသို့ ခပ်မြန်မြန် ရင်ဆိုင်လာမည်ဟု မထင်ထားမိချေ။ သူတို့က အစပိုင်းတွင် ဆက်နွယ်မှု မရှိသည့်တိုင်အောင် ယခုကဲ့သို့ မလုပ်သင့်သေးချေ။ ခေါင်းဆောင်ဝမ်ကော်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

"နောက်ကျသွားပြီ။ ဒီပစ္စည်းကို ထိတွေ့လိုက်မိတာနဲ့ သေရမှာပဲ"

"ဪ"

ကုဝူကျိက တည်ငြိမ်နေသေးသည်။ သူက ထိုပစ္စည်းကိုပင် သိမ်းလိုက်ပြီးနောက် ပြောသည်။

"ဒီပစ္စည်းက အသုံးဝင်မယ်လို့ ငါလည်းထင်တယ်"

ငယ်ရွယ်စဉ်ကတည်းက တစ္ဆေသရဲများနှင့် နေ့စဉ် တွေ့ကြုံနေရသော လူတစ်ယောက်အနေနှင့် ကုဝူကျိက ထိုကဲ့သို့သော ပစ္စည်းမျိုးအပေါ် ထူးခြားသည့် ခံစားချက်ရှိသည်။

အရှေ့ဘက်မှ သုံးယောက်အတွက်ကမူ ထိုလက်ညိုးကို ထိလိုက်မိသဖြင့် ကျိန်စာသင့်ကာ အမျိုးမျိုးသော ဆိုးရွားသည့် သေဆုံးနည်းများဖြင့် သေဆုံးခဲ့ဖူးသူများကို မြင်ခဲ့ဖူးကြပြီးသား ဖြစ်လေသည့်အတွက် ကုဝူကျိကို အထင်တသေး နှာခေါင်းရှုံ့နေကြတော့သည်။

43 02

သို့ရာတွင် မိနစ်အနည်းငယ် ကုန်လွန်သွားသည့်တိုင်အောင် ဘာမှဖြစ်မလာခဲ့ချေ။

လူသုံးယောက် "..."

"ဘာလို့ သရဲတွေ ပေါ်မလာလဲလို့ မင်းတို့တွေ စဉ်းစားနေကြပြီမဟုတ်လား"

ကုဝူကျိက ပြောသည်။

"ဒီလိုအရာမျိုးက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် သရဲတွေ မပေါ်လာတာပဲ"

ပထမဦးဆုံး အချက်အနေနှင့် ပတ်ဝန်းကျင်ရှိ သရဲတိုင်းကို ကုဝူကျိက သန့်စင်ပြီးဖြစ်သည်။ အသိစိတ်မဲ့သော တစ္ဆေသရဲများ အားလုံးကိုလည်း သူက ထပ်မံသန့်စင်ခဲ့ပြီးသားဖြစ်သည်။

ကုဝူကျိက မည်သည့်နေရာသို့ သွားစေကာမူ ကြုံရာသရဲများကို သန့်စင်ပေးလေ့ရှိသည်။ သူက ထိုကဲ့သို့သော လူစားမျိုးဖြစ်သည်။

"အာ"

"မင်းဘာလုပ်ထားတာလဲ"

ထိုအဖွဲ့က ချက်ချင်းလိုလို ကြောင်အသွားပြီး သိပ်မကြာခင်မှာတင် ကုဝူကျိက အကာအကွယ် ပစ္စည်း တစ်မျိုးမျိုးကို သယ်ဆောင်ထားခြင်းဖြစ်ရမည်ဟု တွေးမိသွားကာ မျက်နှာများက တည်တင်းသွားကြသည်။

ပစ်မှတ်က သူတို့၏အရှေ့တွင် ရှိနေသော်လည်း သူတို့က တက်နိုင်စွမ်းအား မဲ့မည်ဟု မထင်ထားမိကြချေ။

ကုဝူကျိက ထိုသုံးယောက်လုံးကို သတိမေ့သွားအောင် ရိုက်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

လုယွမ်ကျိုးကလည်း ကုဝူကျိ၏ ယခင်လုပ်ခဲ့သော ကိစ္စကို ကရုမစိုက်ဘဲ အခြားကိစ္စတစ်ခုကို မေးမြန်းလာခြင်းဖြစ်သည်။

"မင်းဘာလုပ်ခဲ့တာလဲ။ ဘယ်လိုဖြစ်လို့ အဓိကတာဝန်က ပြောင်းသွားတာလဲ"

"ငါဒီတိုင်း ဖုံးကွယ်ထားတဲ့ တာဝန်တစ်ခုကို အသက်သွင်းမိရုံပဲ"

ကုဝူကျိက စနစ်၏ ယခင်သတိပေးချက်ကို ပြန်တွေးမိပြီးနောက်တွင် မမျှော်လင့်ထားဘဲ ခက်ခဲမှုက ထိုမျှအထိ မြင့်တက်သွားမည်ဟု မထင်ထားခဲ့ချေ။

"ဒီတော့ ကိစ္စတွေ ပြောင်းလဲတယ်ဆိုတာ ဒီလိုမျိုးကိုး"

စနစ်၏စကားကသာ ကျွန်းအရှင်၏ ရည်ရွယ်ချက်အတိုင်း ပြန်ပြောခြင်းဆိုလျှင် ဒီပုံတူလောကမှ ဗီလိန်ခေါင်းဆောင်က သူက အမှန်တရားကို သိသွားသောကြောင့် နှုတ်ပိတ်ချင်နေတာ ဖြစ်လောက်သည်။

ကုဝူကျိကလည်း သက်ပြင်းချမိတော့သည်။

"မင်းတို့သာ ဆန္ဒရှိရင် အခုသတ်သွားဖို့ အချိန်မီသေးတယ်။ နောက်ပြီး ဆက်ဖြစ်လာမဲ့ ကိစ္စတွေက ဘာပဲဖြစ်ဖြစ် ကိုင်တွယ်ဖို့ ခက်ခဲလိမ့်မယ်"

ဒီပုံတူလောကက စနေသည်မှာ ကြာနေလေပြီ။ ယခုပုံတူလောကက အန္တရာယ်များသော ပုံတူလောကကြီး ဖြစ်နေသည့်တိုင်အောင် ကစားသမားပေါင်းများစွာ ကျန်ရစ်နေသေးလေသည်။

လုယွမ်ကျိုးက ကုဝူကျိ၏ ပုခုံးကို ပုတ်ပြီးနောက်တွင် ဂုဏ်ယူမှုအပြည့်ဖြင့် ပြောလာသည်။

"တကယ်ကို ဖုံးကွယ်ထားတဲ့ တာဝန်ပဲ။ မင်းကတကယ် အံ့သြဖို့ကောင်းလိုက်တာ။ ငါ့ရဲ့အဖွဲ့ဝင်ဖြစ်ဖို့ ထိုက်တန်တယ်"

လုယွမ်ကျိုးက သူ၏အဖွဲ့ဝင်ကို ရွေးချယ်ခဲ့မိသည့်အပေါ် အလွန်လေးစားမိသွားလေသည်။ ဖုံးကွယ်ထားသည့် ထိုတာဝန်များက သာမာန်လူများ ကြုံသလို အသက်သွင်း၍ရသော အရာများ မဟုတ်ချေ။ ထို့အပြင် သူကလည်း ထိုသို့ဖုံးကွယ်ထားသည့် တာဝန်တစ်ခု ပြီးဆုံးသွားမည့်အရေးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရအုံးမည်ဖြစ်လေရာ သူပြန်သွားသည့် အချိန်တွင် ကြွား၍ရသွားသည်။

ကုဝူကျိ "လုယွမ်ကျိုး"

"ဘာလဲ ငါကအဖွဲ့သားကို ရွေးချယ်ပြီးကတည်းက ဖြစ်လာနိုင်တဲ့ အလှည့်အပြောင်းတွေ အားလုံးအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပဲ"

လုယွမ်ကျိုးက ကုဝူကျိ၏ ပုခုံးကိုပုတ်ပြီး တုန့်ဆိုင်းမနေဘဲ ပြောလိုက်သည်။ သူ၏မျက်နှာတွင်လည်း ဖြောင့်မတ်မှန်ကန်မှုက အထင်းသား ပေါ်နေတော့သည်။

ဘေးဘက်မှ သယွမ်ဖေးကလည်း ခပ်မြန်မြန် ဝင်ပြောသည်။

"ကျွန်တော်လည်း ပြောချင်တယ်။ ကုတကော် ကျွန်တော်ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျွန်တော်က ပြန်ပေးဆပ်ရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အခုနေရာက မီးလောင်နေပြီဆိုတော့ ဒီနေရာက မြန်မြန်ထွက်ပြီး အခြားတစ်နေရာမှာ သွားပုန်းသင့်တယ်ထင်တယ်"

43 03

ကုဝူကျိက ထိုနှစ်ယောက်ကို ကြည့်ပြီးနောက်တွင် ခံစားသွားရသည်။ ကောင်းမွန်သော ကိစ္စများကို လုပ်ခြင်းက ဆုလဒ်ကောင်းများကို ပြန်ရစေနိုင်စွမ်းရှိသည်။ မဟုတ်လျှင် အခုကဲ့သို့ အဖွဲ့သားကောင်းများနှင့် ရင်ဆိုင်ရလိမ့်မည် မဟုတ်ချေ။

"မဟုတ်ဘူး ပုန်းစရာ မလိုတော့ဘူး။ ရက်စက်ကြမ်းတမ်းတဲ့ ရန်ငြိုးကြီးဝိညာဉ်ခေါင်းဆောင်က ငါ့ကို အလွယ်တကူ ပုန်းခိုင်းမှာမဟုတ်ဘူး"

ကုဝူကျိက မီးလောင်နေသော အိမ်ကိုကြည့်ပြီးနောက်တွင် စိတ်ထဲတွင် အကြံတစ်ခု ရလာသည်။ ထို့နောက် ညင်သာစွာ ပြောလိုက်သည်။

"ငါတို့ဘာလို့ ဒီနေရာမှာပဲ မစောင့်နေမှာလဲ"

"ဒီနေရာမှာ စောင့်နေမယ်ဟုတ်လား အခြားသူတွေလာဖို့လား။ ဒါကအန္တရာယ် များလွန်းတယ်"

သယွမ်ဖေးက မနေနိုင်ဘဲ မျက်မှောင်ကျုံ့ကာ ဆက်ပြောသည်။

"ကစားသမားတွေ အားလုံးက လာကြမှာပဲ။ သူတို့ရဲ့ စွမ်းရည်တွေက ဒီပုံတူလောကကြောင့် ဖိနှိပ်ခံထားရတယ်ဆိုရင်တောင်မှ သူတို့နဲ့အတူ ပါလာတဲ့ ပစ္စည်းတွေကို အသုံးပြုနိုင်စွမ်း ရှိနေသေးတယ်။ ဒီတော့ ကျွန်တော်တို့တွေ အလွယ်တကူ ရင်မဆိုင်နိုင်လောက်ဘူး"

"အဲ့ဒီလိုတော့ မဟုတ်ဘူး"

ကုဝူကျိက ပြောသည်။ သူ့အတွက် ဒီလိုကြီးကြီးမားမား မတော်တဆမှုများက ပုံမှန်ပင်ဖြစ်သည်။ ယခင် အပျော်ခရီးသင်္ဘော ပုံတူလောကတွင်လည်း ထိုသို့ကြီးမားသည့် ကပ်ဘေးစိုက်ဖူးလေသည်။

ကုဝူကျိ၏ တည်ငြိမ်မှုကို ရင်ဆိုင်ရချိန်တွင် သယွမ်ဖေးတွင်လည်း သူပင်မသိသော ယုံကြည်မှုများက အလိုလို ပြည့်လာသည်။

အာ တကယ်ကို ကျွမ်းကျင်ပညာရှင် ပီသပါပေတယ်။

"ငါ့မှာအကြံရှိတယ်။ ဒါပေမဲ့ ငါမိတ်ဆွေအချို့ရဲ့ အကူအညီတော့ လိုတယ်"

ကုဝူကျိက ရင်းနှီးကျွမ်းဝင်သော အမူအရာမျိုးဖြင့် ပြောသည်။

"အင်း သူတို့တွေ အထွတ်မတက်လောက်ဘူးလို့ ငါလည်း သေချာတယ်"

ထိုအချိန်တွင် ကောင်းကင်က စတင်ကာ လင်းချင်းလာလေပြီ။

အခြားသော သစ်လုံးအိမ်တွင် ပုန်းနေသည့် ဖန်းဟောင်ခမ်းနှင့် ကစားသမားများက အပြင်သို့ အလောတကြီး မထွက်ရဲကြသေးချေ။ တောအုပ်ထဲတွင် သစ်လုံးအိမ်က မများချေ။ အရေးကြီးဆုံး အချက်မှာ မြူထုအတွင်းတွင်ရှိသည့် အန္တရာယ်များကို ထိုလူများက ကောင်းစွာ နားလည်နေကြခြင်းဖြစ်ပြီး ညအချိန်အတွက် သစ်လုံးအိမ်ကိုသာ မရှာနိုင်လျှင် တဖြောင့်ထဲ သေသွားမည်မှန်း နားလည်နေကြသည်။

"ကုဝူကျိက ဘာများလုပ်လိုက်လို့ အဓိက တာဝန်ကတောင် ပြောင်းလဲသွားတာလဲ။ တကယ် အံ့သြစရာပဲ"

ပြောလိုက်သူ၏ မျက်နှာတွင် မည်းမှောင်မှုက ပြည့်နှက်နေတော့သည်။ မည်သို့ပင်ဆိုစေ သူတို့၏ ရှု့ထောင့်မှကြည့်လျှင် ကုဝူကျိက သူတို့၏ သားကောင်ဖြစ်သည့်အခါ အခြားသူများက စတင်ကာ အမဲလိုက်မည့်အရေးကို လက်သင့်မခံနိုင်ချေ။

"ငါတို့အနေနဲ့ အခြားလူတွေက မြန်မြန် အဆုံးမသတ်နိုင်ဖို့ပဲ ဆုတောင်းရမယ်"

အခြားသူတစ်ယောက်က ဝင်ပြောသည်။

"အရေးကြီးဆုံးအချက်က သူ့ကိုသတ်သွားတဲ့လူက ဒီပုံတူလောကခေါင်းဆောင်ရဲ့ ဆုတစ်ခုကို လက်ခံရရှိနိုင်တာပဲ။ သေချာပေါက် ငါတို့ လက်သင့်မခံနိုင်လောက်တဲ့ ဆုံးရှုံးမှုကြီး ဖြစ်သွားလိမ့်မယ်"

"ဖန်းဟောင်ခမ်း ကုဝူကျိကို မင်းမသိဘူးလား"

"သူဘယ်နေရာမှာ ရှိသလို ငါသိတာပေါ့" ဖန်းဟောင်ခမ်းကလည်း ချွေးပြန်နေလေပြီ။ ဒါက ဘာတွေ ဖြစ်နေတာလဲ။ အာ ဒီအလှည့်အပြောင်းက သူမျှော်လင့်ထားတာကို ကျော်လွန်နေပါပြီ။ သူဘာကိုမှ မထိန်းချုပ်နိုင်တော့ဘူး။

လက်ရှိ အဓိကတာဝန်က ကုဝူကျိကို သတ်ရန်ဖြစ်သည်။

ဒါဆိုရင် သူဘယ်လိုများ ရှင်သန်နိုင်တော့မှာလဲ။

အခန်း ၄၃.၂

သို့ရာတွင် ထိုအဖွဲ့က ရုတ်တရက် တစ်စုံတစ်ရာက မှားယွင်းသည်ဟု ခံစားရပြီး ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်ချိန်တွင် အဝေးမှ လောင်ကျွမ်းနေသည့်မီးကို မြင်လိုက်ရသည်။

"ဒါကဘာလဲ တစ်ခုခု ဖြစ်နေတာလား"

43 04

ဖန်းဟောင်ခမ်းက မျက်လွှာချပြီးနောက်တွင် သူဆက်လက် ဖုံးကွယ်မည်ဆိုလျှင်ပင် ပေါ်တော့မည်မှန်း သေချာသွားသည့်အတွက် ချက်ချင်းလိုလို အံ့အားတကြီး ပြောလိုက်သည်။

"ကုဝူကျိက အဲ့ဒီမှာပဲ"

လူတိုင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားကြသည်။ သူတို့က ထိုနေရာ၏ တည်နေရာကိုသာ သတိထားမိလျှင် အခြားသူများကလည်း သတိထားမိပေလိမ့်မည်။

"သောက်ကျိုးနည်း ဒီကုဝူကျိက ပြဿနာအရမ်းရှာတယ်။ ဘာလို့ ငြိမ်ငြိမ်ထိုင်မနေနိုင်တာလဲ။ လူတွေ အများကြီးက အခုဆိုရင် သူ့ကိုသတ်ဖို့ အဲ့ဒီကို ဦးတည်သွားကြတော့မယ်"

"ငါတို့တွေ ဒီမြူတွေမပျောက်ခင် အမြန်ဆုံး သွားသင့်တယ်။ အခြားသူတွေ ဦးဆောင်သွားတာကို ခွင့်ပြုလို့မဖြစ်ဘူး"

ထိုညတွင် လူတိုင်းက ထိုမြင်ကွင်းကို သတိထားမိကြပြီး အားလုံးက စိုးရိမ်သောက ရောက်နေကြတော့သည်။

သူတို့ကလည်း ကုဝူကျိကို အမြင်ကောင်းရှိသည်။ ထိုလူက အလွန်အင်အား ကြီးမားကြောင်း သိနေကြပြီး လက်ထောက်ကိုပင် ရန်စခဲ့ဖူးလေသည်။ ယခုအခါတွင်သူက တစ်စုံတစ်ရာကို ဒုက္ခဖြစ်အောင် လုပ်လိုက်သဖြင့် အဓိကတာဝန်ကပင် ပြောင်းလဲသွားလေပြီ။

ထို့အပြင် ပို၍ဆိုးသည်မှာ အဓိကတာဝန်က ကုဝူကျိကို သတ်ရန်ဖြစ်နေသည်။ ရိုးရှင်းစွာဖြင့်ပင် အဆင့်နိမ့် ပုံတူလောကများတွင် လုပ်ရခြင်းထက်ပင် လွယ်ကူနေတော့သည်။ သူတို့က စိန်ခေါ်ရမည့်အပိုင်းက သူတို့လမ်းတွင် တွေ့နိုင်မည့် အမျိုးမျိုးသော တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါး သားရဲများဖြစ်သည်။

ဒါပေမဲ့ သူတို့ရမဲ့ ဆုနဲ့ယှဉ်ရင် ဒီအခက်အခဲက မပြောပ့လောက်ပါဘူး။

"ဆိုတော့ မနေ့ညက မီးလောင်နေတဲ့နေရာမှာ သူရှိလောက်တယ်"

သစ်ပင်အနောက်တွင် ပုန်းအောင်းနေသည့် လူတစ်ယောက်ကပြောသည်။ သူက အရှေ့ရှိ သစ်လုံးအိမ်ကို သတိထားကာ စိုက်ကြည့်နေသည်။ သိပ်မကြာခင် အခြေအနေတွင် ပျက်စီးနေသော သစ်လုံးအိမ်၏ အရှေ့ဘက်တွင် မြေပြင်ပေါ် ဖင်ချထိုင်ကာ ခပ်အေးအေး မနက်စာစားနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူ၏ ခပ်အေးအေး အမူအရာအရ ကိုယ့်အိမ်ကိုယ်ယာတွင် နေနေသည့်အလား ထင်ရသည်။

"ဒါကကုဝူကျိမဟုတ်လား"

ဘေးဘက်မှ အပေါင်းအဖော်က အထင်တသေး ပြောလိုက်သည်။

"ဒီလိုအခြေအနေ ဖြစ်နေတာတောင်မှ သူက ဒီနေရာက မထွက်သွားဘဲ နေရဲသေးတယ်။ မနက်စာတောင် စားနေသေးတယ်"

"အလျင်စလို မလုပ်နဲ့။ ငါတို့ကို ထောင်ချောက်တွေ စောင့်နေလောက်တယ်"

ထိုလူက ထိတ်လန့်စွာပြောသည်။

"ထောက်ချောက်ရှိရင်တောင်မှ ငါတို့ လုပ်ရအုံးမှာပဲ။ မဟုတ်ရင် အခြားသူတွေက ငါတို့ကို ကျော်သွားတော့မယ်"

ဖြစ်နိုင်ချေများကို ကောင်းခြင်း၊ဆိုးခြင်း ဆုံးဖြတ်ပြီးနောက်တွင် ထိုနှစ်ယောက်လုံးက အလျှင်အမြန် ရှေ့သို့ တက်သွားကြသည်။ သို့သော် လမ်းတွင် မမျှော်လင့်ထားသည့် အဖြစ်အပျက်များ မတွေ့ကြုံရဘဲ သူတို့ကပင် တစ်စုံတစ်ရာက လွဲမှားသလို ခံစားရလာလေသည်။

ကုဝူကျိက ရောက်လာသည့် နှစ်ယောက်ကိုကြည့်ပြီးပြောသည်။

"မင်းတို့က အရမ်းသတိကြီးလွန်းတယ်။ ဒီနေရာက အလွယ်တကူ လျှောက်သွားနိုင်တဲ့ နေရာမျိုး မဟုတ်ဘူး။ မင်းတို့ကသာ တစ်ခုခုပေါ် မှားပြီးတက်နင်းလိုက်မိရင် ဒုက္ခရောက်သွားလိမ့်မယ်"

"ဒီလိုပေါက်ကရ စကားတွေလောက်နဲ့ ငါတို့ကို ခြောက်လို့ရမယ်လို့ မထင်နဲ့"

နှစ်ယောက်လုံးက နှာခေါင်းရှုံ့ကြသော်လည်း ရုတ်တရက် မြေပြင်တွင် ထူးဆန်းသည့် တစ်စုံတစ်ရာ ရှိနေကြောင်း သတိထားမိလိုက်ကြသည်။ တောင့်တင်းစွာဖြင့် အောက်သို့ ကြည့်လိုက်ချိန်တွင် သွေးအိုင်ကြီးကို မြင်လိုက်ရပြီး နှစ်ယောက်လုံး၏ ခြေထောက်ကို လက်တစ်စုံက ဖမ်းချုပ်ထားလေသည်။

ထို့နောက် တခဏတွင် သူတို့ကို တုန့်ပြန်ရန် အချိန်မပေးလေဘဲ ထိုလက်မှအားက သန်မာသထက် သန်မာလာပြီး နှစ်ယောက်လုံးကို သွေးကန်ထဲသို့ တိုက်ရိုက် ဆွဲချသွားတော့သည်။

ကုဝူကျိက သက်ပြင်းချသည်။

"ငါသူတို့ကို သတိထားပါလို့ သတိပေးလိုက်သေးတာကို ဘာလို့ အခြားသူရဲ့စကားကို နားမထောင်တာလဲ"

43 05

မူလက ထိုသွေးအိုင်ထဲမှ သရဲက မီးဖိုခန်းထဲတွင် တည်ရှိခြင်းဖြစ်သော်လည်း ဖုံးကွယ်ထားသည့် တာဝန်က အသက်သွင်းလိုက်သည့်အခါ ကုဝူကျိက မီးဖိုခန်းထဲသို့ တကူးတကသွားပြီး ထိုသရဲနှင့် ညှိနှိုင်းလိုက်ခြင်းဖြစ်သည်။ တစ်ဖက်သူကလည်း လွန်ဆွဲနေသည့် ခံစားချက်များကြောင့် သဘောတူခဲ့လေသည်။

ပိုဆိုးတာက အဲ့ဒီသွေးအိုင်ထဲမှာနေတဲ့ မီးဖိုချောင်သရဲမှာ နောက်ထပ် စွမ်းရည်တစ်မျိုး ရှိနေတာပဲ။ ကုဝူကျိက ကံကောင်းစွာနှင့် အတွင်းသို့ ဆွဲချခြင်းမခံခဲ့ရချေ။ မဟုတ်လျှင်...သူက သွေးအိုင်၏ အခြားတစ်ဖက်ခြမ်းသို့ ဆွဲချခံရပေလိမ့်မည်။

ကုဝူကျိက သူကိုယ်တိုင် ကစားသမားများ အားလုံးကို ရင်ဆိုင်ရန် ခက်ခဲနိုင်သည်။ သို့ရာတွင် သူ၏ ပတ်ပတ်လည်တွင် သရဲများ ရှိနေလျှင်မူ ပြဿနာ မရှိတော့ချေ။

ထပ်ပေါင်းဆိုရသော် ကစားသမားများက အခက်အခဲ မတွေ့ရန်အတွက် ကုဝူကျိက ပတ်ဝန်းကျင်မှ သရဲများကိုပင် သန့်စင်ပေးထားသေးသည်။ ထို့ကြောင့် သယွမ်ဖေးနှင့် လုယွမ်ကျိုးတို့ကပင် စွံ့အရသေးသည်။ ပို၍ဆိုးသည်မှာ သူက ဒီလိုအခြေအနေတွင် ကစားသမားများအတွက် တွေးပေးတတ်လွန်းလေသည်။

ထို့နောက် သွေးကန်ထဲမှ ကစားသမားနှစ်ယောက်က ထွက်လာပြီး ကြောက်လန့်တကြား ရူးမတတ် ဖြစ်သွားကြတော့သည်။ သူတို့က သတိမေ့နေကြသည့်တိုင်အောင် မျက်နှာတွင် ထိတ်လန့်မှုများက ကြီးစိုးနေကာ တစ်စုံတစ်ရာကို တွေ့ခဲ့ရသည့်အလား ဖြစ်နေသည်။

ကုဝူကျိကမူ သူတို့မြင်ခဲ့သည့် အရာကို စိတ်မဝင်စားဘဲ ချက်ချင်းညွှန်ကြားလိုက်သည်။

"သယွမ်ဖေး သူတို့ကို ကြိုးချည်ထားလိုက်ပါ။ သူတို့ရဲ့ကိုယ်ပေါ်ရှာပြီး ဒီကျွန်းပေါ်နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေ ရှိမရှိ စစ်ဆေးကြည့်လိုက်"

"နားလည်ပါပြီ"

သယွမ်ဖေးက ယခင်က အပျက်အစီးပုံ၏နောက်တွင် ပုန်းအောင်းနေသူဖြစ်သည်။ သူက ချက်ချင်းလိုလို ခေါင်းညိမ့်ပြီးသည်နှင့် ညီငယ်တစ်ယောက်၏ တာဝန်ကို လုပ်ဆောင်ရန် ထွက်လာတော့သည်။ သူက ကစားသမား နှစ်ယောက်လုံးကို တရွတ်ဆွဲပြီး ကြိုးချည်ရန် ပြင်ဆင်တော့သည်။ ထိုသူများက တစ်စုံတစ်ရာ လုပ်ချင်ကြသော်လည်း နောက်ဆုံးတွင်မူ အကျိုးမဲ့သွားရပေသည်။

ခြေကျင်းဝတ်လည်ထားသော ကစားသမားက အသိစိတ် မဲ့နေသေးသည်။ သယွမ်ဖေးက တာဝန်သတိဖြင့် ထိုတစ်ယောက်ကိုလည်း အနားသို့ ရွေ့ထားလိုက်သည်။ ထို့နောက် မြေပုံကိုထုတ်ကာ တာဝန်သိစွာ ယူလာလေသည်။

ရိက္ခာအတွက်ကမူ ရက်အနည်းငယ်ကြာအောင် စားနိုင်သည်ထိ လုံလောက်အောင် ရှာဖွေထားပြီးသားဖြစ်သည်။

ထို့ကြောင့် စားစရာ သောက်စရာက ပူစရာမလိုပေ။

ကုဝူကျိက မည်သူ့ကိုမျှ မသတ်ချေ။ မလိုအပ်ရုံသာ မကလေဘဲ သူက လူကောင်းတစ်ယောက် ဖြစ်နေသောကြောင့်ဖြစ်သည်။ သေချာစွာပင် ထိုလူများအပေါ် သက်ရောက်သွားမည့် စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာအတွက်ကတူ သူထိန်းချုပ်နိုင်သော အရာလည်းမဟုတ်ချေ။

ဘေးဘက်တွင်ရှိနေသည့် လုယွမ်ကျိုးက အရာအားလုံးကို အပေါ်စီးမှ ငုံ့ကြည့်နေသည်။ အခြေအနေ အလှည့်အပြောင်းကသာ ပြောင်းလဲသွားလျှင် သူက လျို့ဝှက်စွာဖြင့် ထိုနှစ်ယောက်ကို အချက်ပြနိုင်မည်ဖြစ်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ လူတိုင်းကို အတူစုရုံးထားလိုက်တာက ပိုပြီးနည်းလမ်းကျတယ်"

ကုဝူကျိက စားပွဲပေါ်မှ ကျွန်းမြေပုံကို ကြည့်လိုက်သည်။ ထိုမြေပုံကို ကစားသမားထံမှ ယူထားခဲ့ခြင်းဖြစ်ပြီး ရိက္ခာများနှင့်အတူ သူတို့က လက်ခံရရှိခြင်းဖြစ်ဟန်တူသည်။ ထိုမြေပုံ တစ်ပိုင်းချင်းစီကို သူကပေါင်းစပ်လိုက်သည့်အခါ မြေပုံက ပြီးပြည့်စုံသွားလေသည်။

ထိုမြေပုံထဲတွင် တစ်ကျွန်းလုံး၏ မြေမျက်နှာသွင်ပြင်ကို ဖော်ပြထားပြီး သစ်လုံးအိမ်များ၏ နေရာများအပြင် အန္တရာယ်များသော နေရာများ၊ လျို့ဝှက်လမ်းများကိုလည်း မြင်ရသည်။

မြေပုံကို ရထားသမျှ ကာလပတ်လုံး အမဲလိုက်ရာတွင် အားသာချက် ရရှိပေလိမ့်မည်။

သို့သော် ကျွန်းမှကျိန်စာကို ဖယ်ရှားရန်အတွက်ကမူ ဘာလုပ်သင့်မှန်း မသိချေ။

ကုဝူကျိက ထိုအကြောင်းအရာကို တွေးတောလိုက်မိသည်။

သူ့အနေနဲ့ နည်းနည်းလေးပိုပြီး တက်ကြွပြီး ပတ်ဝန်းကျင်က သရဲတွေကို သန့်စင်လိုက်ပေးသင့်တာ။

ထိုအချိန်တွင် အဝေးတွင် ပုန်းအောင်းနေသူများ ရှိနေကြသည်။

"မင်းတို့မြင်တဲ့အတိုင်းပဲ။ ဒီကုဝူကျိက မရိုးရှင်းဘူး။ သူက သရဲကိုတောင် အမိန့်ပေးနိုင်တယ်"

လူတစ်ယောက်၏ မျက်နှာတွင် ချွေးစေးများက ပြန်နေတော့သည်။

"သူဘာနည်းလမ်းကို သုံးသလဲ မသိပေမဲ့ ငါတို့ကသာ အလောတကြီး ဝင်သွားရင် သေချာပေါက် အသာလေး ရှင်းခံရမှာပဲ"

43 06

"ဒါပေမဲ့ ကုဝူကျိတစ်ယောက်ထဲက ဘာလုပ်နိုင်မှာလဲ။ တစ်ယောက်ယောက်ကသာ အဲ့ဒီသရဲရဲ့ အာရုံကို ဆွဲဆောင်ထားနိုင်ရင် သရဲက ဘာမှမလုပ်နိုင်ဘဲ အာရုံလွင့်ပျယ်သွားလိမ့်မယ်။ အဲ့ဒီအချိန်မှာ ငါတို့က ကုဝူကျိကို ဖမ်းနိုင်ပြီ"

"ဒါလည်း ဟုတ်တာပဲ"

နောက်တစ်ယောက်ကလည်း သဘောတူကာ ခေါင်းညိမ့်သည်။ ထို့နောက် အဖွဲ့၏ အားအနည်းဆုံး အဖွဲ့သားကိုကြည့်သည်။ တစ်ဖက်သူကလည်း ဘာဖြစ်လာတော့မည်မှန်း သိလိုက်သည့်အခါ ထိတ်လန့်သော အမူအရာ ပြလိုက်သည်။

"နေပါအုံး ငါတို့မှာ အခြားနည်းလမ်း ရှိမှာပါ ဟုတ်ပြီလား။ ဒီသရဲက ငါ့ကိုသတ်လိမ့်မယ်"

အခြားသုံးယောက်ကမူ ထိုကိစ္စကို ထိုသို့မထင်ချေ။ မည်သို့ပင်ဆိုစေ သူတို့က အဖွဲ့သားများကို ကျောပေးသည့်ဖြစ်စဉ်က ရင်းနှီးကျွမ်းဝင်လွန်းနေခဲ့လေပြီ။ ထို့ကြောင့် ထိုအဖွဲ့သားကို ခြေထောက်ဖြင့် တိုက်ရိုက် ကန်ထုတ်လိုက်ကြလေသည်။ တစ်ဖက်သူက အလွန်အမင်း ထိတ်လန့်နေသော်လည်း ရွေးချယ်စရာ မရှိသည့်အတွက် သက်သေကိုယူကာ ရှေ့သို့ ဝင်ရောက်လာလိုက်သည်။ သူရှင်သန်နိုင်ရန် မျှော်လင့်နေတော့သည်။

သို့သော် ထို့နောက် တခဏတွင် ကျန်ရှိသော သုံးယောက်ကလည်း သူတို့၏ လည်ပင်းပေါ်သို့ ရေခဲ့ကဲ့သို့ အေးစက်နေသည့် တစ်စုံတစ်ရာက ကျလာကြောင်း ခံစားလိုက်ရသည်။

"ဘာဖြစ်တာလဲ"

သူတို့၏ခေါင်းကို မသက်မသာဖြစ်သော အမူအရာမျိုးဖြင့် မော့ကြည့်လိုက်ချိန်တွင် သူတို့၏အပေါ်တွင် ရှိနေသည့် သရဲမကို မြင်လိုက်ရသည်။ ထိုသရဲမ၏မျက်လုံးက ပြူးကျယ်နေပြီး ရေခဲ့ကဲ့သို့ အေးစက်နေသည့် ဆံပင်များက သူတို့၏ လည်ပင်းများကို ရစ်ခွေထားပြီးဖြစ်သည်။

ထိုသို့ဖြင့် ငယ်သံပါအောင် အော်ဟစ်သံများက မထွက်နိုင်တော့ချေ။ အရာအားလုံးက အဆုံးသတ်သွားပြီဟု ထင်ရသည်။

သူတို့၏အနောက်တွင် လုယွမ်ကျိုး၏ ပုံရိပ်က ပေါ်လာသည်။ သူက မျက်နှာတွင် ပေါင်းသင်းရလွယ်သည့် အပြုံးမျိုးကို ပြုံးထားသေးသော်လည်း အကြည့်ကမူ ကျောချမ်းဖွယ် ကောင်းနေသည်။

"မင်းတို့လို အမှိုက်တွေက အသက်ရှင်ဖို့မလိုဘူး"

ကုဝူကျိအရှေ့တွင်သာ ဖြစ်မည်ဆိုလျှင် ဘာမျှမဟုတ်လောက်သော်လည်း သူ၏အရှေ့တွင်မူ ဒါက မျက်စိဆံပင်မွှေးစူးစရာ ကောင်းနေသည်။

ပိုဆိုးတာက ကုဝူကျိက သူတို့ကို သတ်မှာမဟုတ်တာပဲ။ ဒီတော့ သူပဲဒီအမှိုက်တွေကို ကိုင်တွယ်ပေးလိုက်တော့မယ်။

...

အခန်း ၄၃.၃

တောင်ထိပ်တွင်ရှိသော စံအိမ်ကြီး၏ အတွင်းတွင် လူတိုင်းက ဖန်သားပြင်တွင် ပေါ်နေသည့် ထိုမြင်ကွင်းကို အံ့အားတကြီး ကြည့်ကြသည်။

ယခင်က ကျွန်းအရှင်က စည်းမျဉ်းကို ပြောင်းလဲလိုက်ပြီးနောက်တွင် ကုဝူကျိအနေဖြင့် ဆက်လက် ရှင်သန်ရန် မဖြစ်နိုင်တော့ဟု ခံစားမိသွားသည်။ မည်သို့ပင်ဆိုစေ သူကလူတိုင်း၏ ပစ်မှတ်ထားခြင်းကို ခံရမည်ဖြစ်သည်။ သို့ရာတွင် သူက ကစားသမားများကိုပင် ပြန်ဖမ်းမည်ဟု မည်သူကမှ မထင်ထားကြချေ။ ထပ်ပေါင်းဆိုရသော် သူကသရဲနှင့်ပင် သဘောတူညီမှု ယူထားသေးသည်။

...

ကောင်းပြီ သူကလူကောင်းပါ။ ဒါပေမဲ့ ဦးနှောက်မရှိတာတော့ မဟုတ်ဘူးပဲ အာ။

သူတို့က ကျွန်းအရှင်၏ စိတ်အခြေအနေကို စဉ်းစားကြည့်ရန် မလိုအပ်လျှင် ထိုသူများ အားလုံးက ကုဝူကျိကို အသိအမှတ်ပြုမိကြပေလိမ့်မည်။

ကျွန်းအရှင်က ကုဝူကျိကို အလွန်မကျေမနပ် ဖြစ်နေနိုင်လေသည်။

တစ်ချိန်လုံး အလွန်ပြင်းထန်သည့် အမူအရာမျိုးဖြင့် သူကထိုမြင်ကွင်းကို စိုက်ကြည့်နေပြီး အခြားသူများကို မသေချာမှုများ ခံစားလာစေသည်။

"ကြည့်ရတာ ဒီအမှိုက်တွေကို အသုံးပြုလို့ မရတော့ဘူးပဲ"

လုယွမ်ကျိုးက ခပ်အေးအေး အမူအရာမျိုးဖြင့် တောအုပ်ထဲမှ ထွက်လိုက်သည်။

"မင်းပြန်လာပြီလား"

ကုဝူကျိက မသေချာစွာ ကြည့်လာသည်။

"တစ်ခုခု ဖြစ်ထားသေးလား"

43 07

"မဖြစ်ပါဘူး ဒီကျွန်းထဲမှာ ကစားသမားတွေ အများကြီး မကျန်တော့တာ ဖြစ်နိုင်တယ်"

လုယွမ်ကျိုးကပြောသည်။

"ထွက်လာသင့်တဲ့ လူတွေအားလုံးက ထွက်လာလောက်ပြီးပြီ။ ဒါကြောင့် ငါပြန်လာတာပဲ"

"မင်းပြောတာလည်း ဟုတ်တာပဲ"

ကုဝူကျိက စဉ်းစားပြီး ခေါင်းညိမ့်သည်။ ထို့နောက် သူတို့ဖမ်းမိထားသည့် လူများကို ပြန်တွေးမိသွားသည်။ သူကမြေပုံကို ပြန်ကြည့်ပြီးနောက်တွင် ကျွန်း၏ မြေမျက်နှာသွင်ပြင် တစ်ခုလုံးကို ထင်ရှားစွာ သုံးသပ်လိုက်တော့သည်။

"ဒါဆိုရင် ငါတို့တွေ အခြားသူတွေကိုရှာဖို့ နည်းလမ်းရှာရအောင်။ သူတို့တွေ တစ်နေရာရာမှာ အန္တရာယ် တွေ့နေနိုင်တယ်"

သူ၏အနားရှိ သယွမ်ဖေးကမူ တုန်ယင်သွားတော့သည်။ သူကုဝူကျိနဲ့ ဆုံလိုက်တာနဲ့ ကိစ္စတွေအားလုံးက အလှည့်အပြောင်း ဖြစ်သွားတာပဲ အာ။

ဒါက မြင့်မြတ်တဲ့ တိုက်ပွဲဆိုတာမျိုးလား။ အရာအားလုံးက အခုဆိုရင် ပြောင်းပြန် အနေအထားထိ ရောက်သွားပြီ။ ကုဝူကျိကသာ အန္တရာယ်များတဲ့ အခြေအနေကို ရောက်နေတာ သေချာနေတာပဲ။ ဒါပေမဲ့အခု တစ်ခြားသူတွေကပဲ သူ့ရဲ့ပစ်မှတ် ဖြစ်သွားတယ်။

"ဒါပေမဲ့ ကုတကော်" သယွမ်ဖေးက ရိုသေလေးစားစွာ ပြောလာသည်။ သူ၏လေသံကပင် ယခင်နှင့်မတူဘဲ ပြောင်းလဲသွားလေပြီ။

"ကျွန်တော်တို့ ဖမ်းမိထားတဲ့ လူတွေကို ဘာလုပ်ကြမလဲ"

သူ၏အကြည့်ထဲတွင် လေးစားမှုများက ပါဝင်နေသေးသည်။ သူက ကုဝူကျိက သဘောကျစရာကောင်းသော တစ်စုံတစ်ရာကို ပြောလာရန် မျှော်လင့်နေဟန်ရလေသည်။ မည်သို့ပင်ဆိုစေ ကုဝူကျိကဲ့သို့သော မှီခိုရသည့် အပေါင်းအဖော်ကသာ အဆင့်မြင့်သော အကြံအစည်များကို ထုတ်ပေးနိုင်ပေလိမ့်မည်။

"သဘာဝကိုပဲ ကိုင်တွယ်ခိုင်းလိုက်ရအောင်"

ကုဝူကျိက ထိုသို့ပြောပြီး မတ်တပ်ထရပ်သည်။

သယွမ်ဖေး "..." ဘာကိုဆိုလိုချင်တာလဲ။

အချိန်တစ်ခုကြာပြီးနောက် ကုဝူကျိကလည်း ရုတ်တရက် သူ၏လက်ကောက်ဝတ်မှ ယားယံသည့် ခံစားချက်ကို ရလိုက်သဖြင့် ငုံ့ကြည့်လိုက်ချိန်တွင် ပိုးကောင်တစ်ကောင်ကို တွေ့လိုက်ရလေသည်။

"ဘယ်တုန်းက တွားတက်လာတာလဲ"

ကုဝူကျိက များများစားစား မတွေးဘဲ မောင်းထုတ်လိုက်သည်။ သို့သော် ထို့နောက် တခဏတွင် သူ၏မျက်စိရှေ့တွင်ပင် ပန်းတစ်ပွင့် ပွင့်လာလေသည်။ ထို့နောက် သူက သိပ်သည်းသော တောအုပ်ထဲတွင် တိုက်ရိုက်ပေါ်လာပြီး ရက်စက်ကြမ်းတမ်းသော အမူအရာမျိုးဖြင့် ရှိနေကြသည့် လူများစွာကို မြင်လိုက်ရလေသည်။

"ဒါက မင်းတို့က ဘယ်သူတွေလဲ"

ကုဝူကျိကလည်း အံ့သြသွားသည်။ သူကနဂိုနေရာတွင် ချက်ချင်း ပြန်ရပ်လိုက်သည့် တခဏတွင် သူ၏အကြည့်က ရင်းနှီးကျွမ်းဝင်သော ဖန်းဟောင်ခမ်းထံ ရောက်သွားသည်။

ကြည့်ရတာ ဒီလူတွေက ဖန်းဟောင်ခမ်းရဲ့ အဖွဲ့အစည်းကပဲ။ အရင်က ကိစ္စတွေ အများအပြား ဖြစ်ခဲ့တယ်ဆိုပေမဲ့ ဒီလူတွေက ပေါ်မလာလို့ သူအံ့သြနေခဲ့တာ။ ကြည့်ရတာ သူတို့အခု ပေါ်လာဖို့ ပြင်ဆင်ထားတဲ့ပုံပဲ။

ဖန်းဟောင်ခမ်းကလည်း ကုဝူကျိကိုကြည့်ပြီး ခါးသီးစွာ ပြုံးပြသည်။ သူက ဘာမှမလုပ်နိုင်တော့ချေ။ အခြေအနေက ထိုမျှအထိ ရောက်လာလေပြီ။ သူက ကုဝူကျိအပေါ် အမြင်ကောင်း ရှိနေသေးသည့်တိုင်အောင် သူကလည်း အခြားတစ်ယောက်ကို ရှင်သန်စေချင်သည့်တိုင်အောင် သူကူညီနိုင်သည့် အခြေအနေက မရှိတော့ချေ။

"မင်းလိုကောင်မျိုးက လုယွမ်ကျိုးရဲ့ အပေါင်းအဖော် ဖြစ်နေမယ်လို့ ငါမထင်ထားမိဘူး"

တစ်ယောက်ကပြောသည်။ သူက အခြေအနေကို အာရုံစိုက်ထားခဲ့ပြီး ကုဝူကျိထံ အလျင်စလို မတိုက်ခိုက်ခဲ့မိသည့်အတွက် ဝမ်းသာသွားသည်။

သူတို့က လုယွမ်ကျိုး၏ အဖွဲ့အစည်းကို ရန်မစရဲကြချေ။ သူတို့က လုယွမ်ကျိုးကိုသာ သွားရှုပ်လိုက်လျှင် အနာဂတ် ကောင်းတော့မည်မဟုတ်ချေ။

သို့ရာတွင် သူတို့က ကုဝူကျိကို ကြောက်ရန်မလိုချေ။ ကုဝူကျိက သူတို့၏အရှေ့တွင် သရဲနှင့် ကိုင်တွယ်ပြသော်လည်း ယခုမူ ပတ်ဝန်းကျင်တွင် သရဲမရှိတော့ချေ။

43 08

"ကံကောင်းစွာနဲ့ ငါတို့က လူတွေကို ခေါ်ဆောင်လာနိုင်တဲ့ ပစ္စည်းကို ပိုင်ဆိုင်ထားတယ်။ နှမြောစရာကောင်းတာက တစ်ခါပဲ သုံးလို့ရတယ်။ အခု မင်းအပေါ်မှာ သုံးလိုက်ပြီ"

"ဪ ဒီလိုကိုး"

ကုဝူကျိက ခေါင်းညိမ့်သည်။

"ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောပြီးနောက် သူကပုံတူလောကမှ အမျိုးမျိုးသော ပစ္စည်းများကို မြင်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ ပစ္စည်းအသစ်အဆန်းကို မြင်လိုက်ရသည့်အတွက် အံ့သြသွားမိလေသည်။ ထို့ကြောင့် တစ်ဖက်က ရှင်းပြပေးသည့်အခါ သူကနားလည်သွားခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ဖက်သူများက ဒီလိုပစ္စည်းမျိုးကို ပိုင်ဆိုင်ထားလေရာ သူတို့၏ စွမ်းရည်ကလည်း သာမာန်မဟုတ်နိုင်တော့ချေ။

"လွယ်တယ်ထင်မနေစမ်းပါနဲ့ ဒီနေရာက အဲ့ဒီသစ်လုံးအိမ်နဲ့ အရမ်းဝေးတယ်။ လုယွမ်ကျိုးက မင်းကို လာကယ်မယ် မထင်ထားနဲ့။ ပိုဆိုးတာက သူက မင်းကိုတောင် မကာကွယ်ချင်လောက်ဘူး"

အခြားတစ်ယောက်က နှာခေါင်းရှုံ့ပြီး ကုဝူကျိကို သနားစဖွယ် သတ္တဝါတစ်ကောင်ကို ကြည့်သလို ကြည့်လာသည်။

"မင်းအခုပြောလိုက်ရင်ကောင်းမယ်။ အစပိုင်းမှာ အဲ့ဒီပုံတူလောကက မင်းဘာရခဲ့တာလဲ"

"ငါကမပြောရင် ဘာဖြစ်မှာလဲ"

ကုဝူကျိက ခေါင်းကိုခါသည်။ သူက အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်နေလေပြီ။ ပထမပုံတူလောကတွင် ရခဲ့သည့် သရဲထိန်းချုပ်နိုင်စွမ်းရည်က ထိုလူများအလွယ်တကူ တောင်း၍ရသော အရာမျိုးမဟုတ်ချေ။

ပြောရလျှင် ထိုစွမ်းရည်ကို ပိုးကောင်ကြီးအဖြစ်ပင် သတ်မှတ်နိုင်သေးလေသည်။

"ဒါဆိုရင် သွားသေလိုက်လေ"

ထိုမေးလိုက်သူက ရုတ်တရက် လက်ထဲမှ လက်နက်ကို ထုတ်လာပြီး ကုဝူကျိကို သေစေနိုင်လောက်သည့် ဒဏ်ရာတစ်ခု ဖန်တီးရန် ကြံစည်လိုက်သည်။ သို့သော် ထို့နောက် တခဏတွင် ရုတ်တရက် သူကျောချမ်းသွားရတော့သည်။ သူက လက်နက်ကို ခပ်တင်းတင်းသာ ဆုပ်ကိုင်လိုက်မိတော့၏။ သို့ရာတွင် အဆုံးတွင် ထိုလက်နက်က သူ၏လက်၏ တုန်ယင်မှုကြောင့် မြေပြင်သို့သာ ပြုတ်ကျသွားတော့သည်။

"ဘာဖြစ်တာလဲ"

ထိုလူက ဘာမှမပြောနိုင်ခင်မှာတင် ပတ်ဝန်းကျင် လေထုအခြေအနေက ပြောင်းလဲသွားသည်။ သူက နောက်လှည့်ကြည့်လိုက်သောအခါ သူ၏အဖွဲ့သားများ၏ ပါးစပ်အဟောင်းသား ဖြစ်နေသော အမူအရာများကို မြင်လိုက်ရလေသည်။

"သ သ သကော် မင်းရဲ့အနောက်မှာ သရဲတွေ"

"ဘာ"

ထိုလူက အလွန်အံ့သြသွားပြီး ချွေးစေးများ ရွှဲသွားတော့သည်။ သူ၏ခေါင်းနှင့် လည်ပင်းက အကိုက်ခံရသလိုမျိုး အေးစိမ့်မှုကို ချက်ချင်းလိုလို ခံစားရပြီး အနောက်ဘက်သို့ သူမထိရဲတော့ဘဲ ချက်ချင်းလိုလို တစ်ပတ်လှည့်လိုက်တော့သည်။

ထိုအချိန်တွင် မည်သည့်အချိန်ကမှန်းမသိ မြူထုက သူ့ကိုဝိုင်းနေလေပြီ။ အတွင်းတွင် အနက်ရောင် အရိပ်ပေါင်းများစွာ ရှိနေပြီး သူ၏အဖွဲ့သားများအတွက်မူ ပတ်ပတ်လည်တွင် ရှိနေသည့် မြူအတွင်းမှ တစ္ဆေသရဲများနှင့် အဝိုင်းခံထားရသည်။

ထိုမြင်ကွင်းက ချောက်ချားဖွယ် ကောင်းလွန်းသဖြင့် သူ၏မျက်နှာတွင် အထိတ်တလန့် ဖြစ်မှုက ပေါ်လာသည်။

"မြန်မြန် မင်းတို့ရဲ့ ပတ်ဝန်းကျင်ကိုကြည့်"

"ဘယ်လို ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ"

အခြားသူများကလည်း ဒီအခြေအနေကို ကောင်းကောင်း သတိပြုမိကြသည်။ ထို့ကြောင့် မြင်ကွင်းက ဝရုန်းသုန်းကား ဖြစ်သွားတော့သည်။ သူတို့က မြူအတွင်းမှ အန္တရာယ်ကို ကောင်းကောင်း နားလည်ထားကြသည့်အလျောက် သူတို့ကိုင်တွယ်နိုင်သည့် အဆင့်မဟုတ်မှန်း နားလည်နေကြသည်။ ထို့ကြောင့် ထိုသရဲများ၏ အရည်အသွေးကို သူတို့မယှဉ်နိုင်ချေ။

တစ်ယောက်ချင်းစီတိုင်းက ခုခံခြင်း ပစ္စည်းများကို သယ်ဆောင်ထားသည့်တိုင်အောင် ထိုပစ္စည်းများက သရဲအများကြီးကို မရင်ဆိုင်နိုင်ချေ။

"ဒီနေရာထိ မြူတွေက လွှမ်းလာပြီလား။ ငါတို့ကို အမဲလိုက်ခွင့် ပေးထားတဲ့နေရာက ကျုံ့သွားတာ ဖြစ်လောက်တယ်။ ဒါကြောင့်ပဲ ဒီမြူတွေက ဒီနေရာထိ ရောက်လာတာ ဖြစ်လောက်တယ်။ ဒါပေမဲ့ ပုံမှန်အတိုင်းဆိုရင် ဒီလိုမဖြစ်သင့်သေးဘူး မဟုတ်လား"

"မြန်မြန် ကုဝူကျိကိုသတ် သူ့ကိုသတ်မှပဲ ငါတို့ဒီနေရာက ချက်ချင်း ထွက်နိုင်လိမ့်မယ်။ မဟုတ်ရင် ငါတို့လည်း သေသွားရလိမ့်မယ်"

43 09

တစ်စုံတစ်ယောက်က အလျင်စလိုပြောသည်။

"ငါလည်း သတ်ချင်ပါတယ်။ ဒါပေမဲ့ ငါအဲ့ဒီကို ဘယ်လိုသွားရမှာလဲ"

"နှမြောစရာပဲ"

ကုဝူကျိက သူ၏လက်ပေါ်ရှိ လက်ညိုးလေးကိုပြကာ အခြားသူများကိုကြည့်ပြီး အပြစ်မကင်းသလို အမူအရာမျိုးဖြင့် ပြောသည်။

"တကယ်တော့ ဒီသရဲတွေက ငါ့ဆီကိုလာတာ ဖြစ်လောက်တယ်။ မမျှော်လင့်ထားဘဲ ဒီလက်ညိုးက ကျိန်စာက တကယ်ကြီးတာပဲ အာ"

ထိုလက်ညိုးမှ ကျိန်စာကသာ သာမာန်လူတစ်ယောက်အပေါ်တွင် ပတ်ဝန်းကျင်ရှိ သရဲတိုင်းက ထိုလူများကို ဆွဲလားယမ်းလားသာ လုပ်လောက်ပြီး ကြည့်၍မကောင်းသော အခြေအနေမျိုးသာ ဖြစ်လာလောက်သည်။

သို့ရာတွင် ကုဝူကျိအပေါ်တွင်မူ သူက ထိုသရဲများအပေါ် ထူးခြားသည့် ဆွဲဆောင်မှု ရှိနေသည်။ ထို့အပြင် လက်ညိုး၏ကျိန်စာနှင့် ပေါင်းလိုက်သော် သူ၏အင်အားကပင် တဆင့်ပို၍ မြင့်သွားသလို ဖြစ်သွားလေသည်။ သရဲများအတွက်ကလည်း အလွန်ဆွဲဆောင်မှု ပြင်းလာသည်။ ထို့ကြောင့် နှစ်ဖက်စလုံးက အင်အားတိုးတက်သွားသလို ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြင့် ဒီနေရာတွင် သရဲများ ဝိုင်းသွားခြင်းလည်းဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သရဲအုပ်က များသထက် များလာပြီး ထိုနေရာတစ်ခုလုံးက ချောက်ချားဖွယ် ကောင်းလာတော့သည်။

"ဒီကောင်ဟာ..."

အခြားသူများကလည်း ကုဝူကျိကိုကြည့်ပြီး ကြောင်အသွားကြသည်။ ဖန်းဟောင်ခမ်းသည်ပင် ချွင်းချက်မရှိတော့ပေ။ ယခင်တစ်ခေါက် သူကုဝူကျိနှင့် ဆုံခဲ့ချိန်ကနှင့် မတူညီသော ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေ အလှည့်အပြောင်းက ဖြစ်လာသေးသည်။

ဒါကဘယ်လိုများ အန္တရာယ်မရှိနိုင်တဲ့ ရုပ်လှတဲ့ သာမာန်ကောင်လေးတစ်ယောက် ဖြစ်ရမှာလဲ အာ။

...

စာရေးသူမှာ ပြောစရာရှိပါတယ်.. ငါဒီနေ့ ရုပ်ရှင်သွားကြည့်တာ။ အခုမှပြန်လာလို့ အခုမှ စာရိုက်ဖြစ်တာပဲ။ ဒီတော့ ဒီတစ်ကြိမ်မှာ...

ဒီပုံတူလောကက သိပ်မကြာခင်မှာ ပြီးတော့မယ်လို့ ထင်ရတယ်။ ဘယ်လိုဖြစ်ပြီး ရုတ်တရက် တိုက်ခိုက်တဲ့ ပုံစံအဖြစ် ပြောင်းသွားလဲ ငါလည်းမသိတော့ပါဘူး။

Zawgyi

43 01
အခန္း ၄၃.၁

ကုဝူက်ိ၏ ပတ္ဝန္းက်င္မွ လူမ်ားက သူ႔အား အံ့အားတႀကီး ၾကည့္လာၾကသည္။ သယြမ္ေဖးဆိုလွ်င္ ယခင္က အျဖစ္အပ်က္ကို သတိရမိၿပီး သူတို႔ေတြ႕ႀကဳံခဲ့ရသည့္ အျဖစ္အပ်က္မ်ား အားလုံးကို မွတ္မိသြားကာ က်ိဳးေၾကာင္းသင့္ေလ်ာ္သည့္ အေၾကာင္းျပခ်က္ကို ခန႔္မွန္းမိသြားသည္။

သို႔ရာတြင္ စနစ္မွ ေၾကညာခ်က္က မၿပီးဆုံးေသးေပ။

[သတ္မွတ္ထားတဲ့ ပစ္မွတ္ကို ကိုယ္တိုင္ကိုယ္က် သတ္ႏိုင္ခဲ့တဲ့ လူအတြက္ကေတာ့ ကြၽန္းအရွင္ဆီမွာ ႀကိဳက္ရာေတာင္းဆိုခြင့္ ရရွိမွာျဖစ္ပါတယ္]

ဒါက အလယ္အလတ္ ပုံတူေလာကတစ္ခုမွ ဗီလိန္ေခါင္းေဆာင္ထံမွ ကတိစကားတစ္ခုကို လက္ခံရရွိမည္ျဖစ္သည္။

အာ ဘယ္ေလာက္ေတာင္ အင္အားႀကီးတဲ့ ပစၥည္းမ်ိဳးမဆို ရရွိႏိုင္မွာ ေသခ်ာေနတာပဲ။

အထူးသျဖင့္ ကုဝူက်ိ၏ ခ်ည္ေႏွာင္ခံလိုက္ရသူမ်ား ျဖစ္ၾကၿပီး ယခင္ကသူတို႔က အားအင္မဲ့သလို ျဖစ္ေနၾကေသာ္လည္း ယခုအခါတြင္မူ လႈပ္လႈပ္ရွားရွား ျဖစ္လာၾကသည္။ သူတို႔က ကစားသမား တစ္ေယာက္ကို သတ္လိုက္႐ုံမွ်ႏွင့္ ဒီပုံတူေလာကမွ လြတ္ေျမာက္ႏိုင္မည္ျဖစ္ၿပီး ပစၥည္းေကာင္းကိုလည္း ရရွိႏိုင္မည္ျဖစ္သည္။

အာ ဒါက အရင္ေ႐ြးခ်ယ္မႈအတိုင္း ကစားသမား အခ်င္းခ်င္း သတ္ေနရတာထက္ ပိုေကာင္းတာေပါ့။

သူတို႔က အခ်ဳပ္အေႏွာင္ ခံထားရသည့္တိုင္ေအာင္ သူတို႔၏ ကိုယ္ပိုင္ပစၥည္းမ်ားက အသုံးျပဳႏိုင္စြမ္း ရွိေနေသးသည္။ ထို႔ေၾကာင့္ လူတစ္ေယာက္က အသက္ျပင္းျပင္း ရႈၿပီးသည္ႏွင့္ သူ၏ဝွက္ဖဲကို ကုဝူက်ိရွိရာဘက္သို႔ ပစ္လႊတ္လိုက္သည္။ ထိုပစၥည္းက လုယြမ္က်ိဳး၏ သရဲကို ရင္ဆိုင္ရစဥ္က အသုံးမျပဳႏိုင္ခဲ့ေခ်။ ယခုမူ ကုဝူက်ိကို အသုံးျပဳရေလၿပီ။

သို႔ရာတြင္ ကုဝူက်ိက တိုက္႐ိုက္ပင္ လက္ဆန႔္တန္းကာဖမ္းသည္။ သူက အံ့အားတႀကီး ၾကည့္လိုက္ခ်ိန္တြင္ လက္ညိဳးတစ္ေခ်ာင္း ျဖစ္ေနေၾကာင္း ျမင္လိုက္ရေလသည္။ သူက အေရွ႕မွလူကို အံ့အားတႀကီး ၾကည့္လိုက္ေလသည္။

"မင္းက ဒီလိုအရာမ်ိဳးကိုေတာင္ သြားေလရာ သယ္သြားတာလား။ မင္း..."

ထိုလူက ခ်က္ခ်င္းလိုလို ရန္စခံရသည္ဟု ခံစားရၿပီး ေျပာေတာ့သည္။

"မင္းေသေသခ်ာခ်ာ ဂ႐ုစိုက္ၾကည့္စမ္းပါ။ ဒါက ပစၥည္းကြ"

"မေကာင္းေတာ့ဘူး အဲ့ဒါကို ျမန္ျမန္လြင့္ပစ္လိုက္"

သယြမ္ေဖးက ထိုလက္ညိဳးကို ျမင္သြားခ်ိန္တြင္ အလ်င္စလို ေျပာလာၿပီး ကုဝူက်ိကို သတိေပးသည္။

"ဒီပစၥည္းရဲ႕ ရည္႐ြယ္ခ်က္က ထိေတြ႕တဲ့လူကို က်ိန္စာသင့္ေစတယ္။ ဒါက မေရမတြက္ႏိုင္တဲ့ တေစၦသရဲေတြနဲ႔ ထိေတြ႕မႈမ်ိဳးကိုေတာင္ ျဖစ္လာေစႏိုင္ေသးတာ"

အျခားသုံးေယာက္လုံးက သယြမ္ေဖးကို အံ့အားတႀကီး ၾကည့္လိုက္ၾကသည္။ ထိုလူက သူတို႔ကို ထိုသို႔ ခပ္ျမန္ျမန္ ရင္ဆိုင္လာမည္ဟု မထင္ထားမိေခ်။ သူတို႔က အစပိုင္းတြင္ ဆက္ႏြယ္မႈ မရွိသည့္တိုင္ေအာင္ ယခုကဲ့သို႔ မလုပ္သင့္ေသးေခ်။ ေခါင္းေဆာင္ဝမ္ေကာ္က ေအးစက္စြာ ႏွာေခါင္းရႈံ႕ၿပီး ေျပာလိုက္သည္။

"ေနာက္က်သြားၿပီ။ ဒီပစၥည္းကို ထိေတြ႕လိုက္မိတာနဲ႔ ေသရမွာပဲ"

"ဪ"

ကုဝူက်ိက တည္ၿငိမ္ေနေသးသည္။ သူက ထိုပစၥည္းကိုပင္ သိမ္းလိုက္ၿပီးေနာက္ ေျပာသည္။

"ဒီပစၥည္းက အသုံးဝင္မယ္လို႔ ငါလည္းထင္တယ္"

ငယ္႐ြယ္စဥ္ကတည္းက တေစၦသရဲမ်ားႏွင့္ ေန႔စဥ္ ေတြ႕ႀကဳံေနရေသာ လူတစ္ေယာက္အေနႏွင့္ ကုဝူက်ိက ထိုကဲ့သို႔ေသာ ပစၥည္းမ်ိဳးအေပၚ ထူးျခားသည့္ ခံစားခ်က္ရွိသည္။

အေရွ႕ဘက္မွ သုံးေယာက္အတြက္ကမူ ထိုလက္ညိဳးကို ထိလိုက္မိသျဖင့္ က်ိန္စာသင့္ကာ အမ်ိဳးမ်ိဳးေသာ ဆိုး႐ြားသည့္ ေသဆုံးနည္းမ်ားျဖင့္ ေသဆုံးခဲ့ဖူးသူမ်ားကို ျမင္ခဲ့ဖူးၾကၿပီးသား ျဖစ္ေလသည့္အတြက္ ကုဝူက်ိကို အထင္တေသး ႏွာေခါင္းရႈံ႕ေနၾကေတာ့သည္။
43 02
သို႔ရာတြင္ မိနစ္အနည္းငယ္ ကုန္လြန္သြားသည့္တိုင္ေအာင္ ဘာမွျဖစ္မလာခဲ့ေခ်။

လူသုံးေယာက္ "..."

"ဘာလို႔ သရဲေတြ ေပၚမလာလဲလို႔ မင္းတို႔ေတြ စဥ္းစားေနၾကၿပီမဟုတ္လား"

ကုဝူက်ိက ေျပာသည္။

"ဒီလိုအရာမ်ိဳးက အလုပ္ျဖစ္မွာ မဟုတ္ဘူး။ ဒါေၾကာင့္ သရဲေတြ မေပၚလာတာပဲ"

ပထမဦးဆုံး အခ်က္အေနႏွင့္ ပတ္ဝန္းက်င္ရွိ သရဲတိုင္းကို ကုဝူက်ိက သန႔္စင္ၿပီးျဖစ္သည္။ အသိစိတ္မဲ့ေသာ တေစၦသရဲမ်ား အားလုံးကိုလည္း သူက ထပ္မံသန႔္စင္ခဲ့ၿပီးသားျဖစ္သည္။

ကုဝူက်ိက မည္သည့္ေနရာသို႔ သြားေစကာမူ ႀကဳံရာသရဲမ်ားကို သန႔္စင္ေပးေလ့ရွိသည္။ သူက ထိုကဲ့သို႔ေသာ လူစားမ်ိဳးျဖစ္သည္။

"အာ"

"မင္းဘာလုပ္ထားတာလဲ"

ထိုအဖြဲ႕က ခ်က္ခ်င္းလိုလို ေၾကာင္အသြားၿပီး သိပ္မၾကာခင္မွာတင္ ကုဝူက်ိက အကာအကြယ္ ပစၥည္း တစ္မ်ိဳးမ်ိဳးကို သယ္ေဆာင္ထားျခင္းျဖစ္ရမည္ဟု ေတြးမိသြားကာ မ်က္ႏွာမ်ားက တည္တင္းသြားၾကသည္။

ပစ္မွတ္က သူတို႔၏အေရွ႕တြင္ ရွိေနေသာ္လည္း သူတို႔က တက္ႏိုင္စြမ္းအား မဲ့မည္ဟု မထင္ထားမိၾကေခ်။

ကုဝူက်ိက ထိုသုံးေယာက္လုံးကို သတိေမ့သြားေအာင္ ႐ိုက္လိုက္သည္။

"ဘာေတြျဖစ္ေနတာလဲ"

လုယြမ္က်ိဳးကလည္း ကုဝူက်ိ၏ ယခင္လုပ္ခဲ့ေသာ ကိစၥကို က႐ုမစိုက္ဘဲ အျခားကိစၥတစ္ခုကို ေမးျမန္းလာျခင္းျဖစ္သည္။

"မင္းဘာလုပ္ခဲ့တာလဲ။ ဘယ္လိုျဖစ္လို႔ အဓိကတာဝန္က ေျပာင္းသြားတာလဲ"

"ငါဒီတိုင္း ဖုံးကြယ္ထားတဲ့ တာဝန္တစ္ခုကို အသက္သြင္းမိ႐ုံပဲ"

ကုဝူက်ိက စနစ္၏ ယခင္သတိေပးခ်က္ကို ျပန္ေတြးမိၿပီးေနာက္တြင္ မေမွ်ာ္လင့္ထားဘဲ ခက္ခဲမႈက ထိုမွ်အထိ ျမင့္တက္သြားမည္ဟု မထင္ထားခဲ့ေခ်။

"ဒီေတာ့ ကိစၥေတြ ေျပာင္းလဲတယ္ဆိုတာ ဒီလိုမ်ိဳးကိုး"

စနစ္၏စကားကသာ ကြၽန္းအရွင္၏ ရည္႐ြယ္ခ်က္အတိုင္း ျပန္ေျပာျခင္းဆိုလွ်င္ ဒီပုံတူေလာကမွ ဗီလိန္ေခါင္းေဆာင္က သူက အမွန္တရားကို သိသြားေသာေၾကာင့္ ႏႈတ္ပိတ္ခ်င္ေနတာ ျဖစ္ေလာက္သည္။

ကုဝူက်ိကလည္း သက္ျပင္းခ်မိေတာ့သည္။

"မင္းတို႔သာ ဆႏၵရွိရင္ အခုသတ္သြားဖို႔ အခ်ိန္မီေသးတယ္။ ေနာက္ၿပီး ဆက္ျဖစ္လာမဲ့ ကိစၥေတြက ဘာပဲျဖစ္ျဖစ္ ကိုင္တြယ္ဖို႔ ခက္ခဲလိမ့္မယ္"

ဒီပုံတူေလာကက စေနသည္မွာ ၾကာေနေလၿပီ။ ယခုပုံတူေလာကက အႏၲရာယ္မ်ားေသာ ပုံတူေလာကႀကီး ျဖစ္ေနသည့္တိုင္ေအာင္ ကစားသမားေပါင္းမ်ားစြာ က်န္ရစ္ေနေသးေလသည္။

လုယြမ္က်ိဳးက ကုဝူက်ိ၏ ပုခုံးကို ပုတ္ၿပီးေနာက္တြင္ ဂုဏ္ယူမႈအျပည့္ျဖင့္ ေျပာလာသည္။

"တကယ္ကို ဖုံးကြယ္ထားတဲ့ တာဝန္ပဲ။ မင္းကတကယ္ အံ့ၾသဖို႔ေကာင္းလိုက္တာ။ ငါ့ရဲ႕အဖြဲ႕ဝင္ျဖစ္ဖို႔ ထိုက္တန္တယ္"

လုယြမ္က်ိဳးက သူ၏အဖြဲ႕ဝင္ကို ေ႐ြးခ်ယ္ခဲ့မိသည့္အေပၚ အလြန္ေလးစားမိသြားေလသည္။ ဖုံးကြယ္ထားသည့္ ထိုတာဝန္မ်ားက သာမာန္လူမ်ား ႀကဳံသလို အသက္သြင္း၍ရေသာ အရာမ်ား မဟုတ္ေခ်။ ထို႔အျပင္ သူကလည္း ထိုသို႔ဖုံးကြယ္ထားသည့္ တာဝန္တစ္ခု ၿပီးဆုံးသြားမည့္အေရးကို ကိုယ္တိုင္ကိုယ္က် ျမင္ေတြ႕ခဲ့ရအုံးမည္ျဖစ္ေလရာ သူျပန္သြားသည့္ အခ်ိန္တြင္ ႂကြား၍ရသြားသည္။

ကုဝူက်ိ "လုယြမ္က်ိဳး"

"ဘာလဲ ငါကအဖြဲ႕သားကို ေ႐ြးခ်ယ္ၿပီးကတည္းက ျဖစ္လာႏိုင္တဲ့ အလွည့္အေျပာင္းေတြ အားလုံးအတြက္ ႀကိဳတင္ျပင္ဆင္ထားၿပီးသားပဲ"

လုယြမ္က်ိဳးက ကုဝူက်ိ၏ ပုခုံးကိုပုတ္ၿပီး တုန႔္ဆိုင္းမေနဘဲ ေျပာလိုက္သည္။ သူ၏မ်က္ႏွာတြင္လည္း ေျဖာင့္မတ္မွန္ကန္မႈက အထင္းသား ေပၚေနေတာ့သည္။

ေဘးဘက္မွ သယြမ္ေဖးကလည္း ခပ္ျမန္ျမန္ ဝင္ေျပာသည္။

"ကြၽန္ေတာ္လည္း ေျပာခ်င္တယ္။ ကုတေကာ္ ကြၽန္ေတာ္ရဲ႕အသက္ကို ကယ္တင္ခဲ့တဲ့အတြက္ ကြၽန္ေတာ္က ျပန္ေပးဆပ္ရမယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ရဲ႕ အခုေနရာက မီးေလာင္ေနၿပီဆိုေတာ့ ဒီေနရာက ျမန္ျမန္ထြက္ၿပီး အျခားတစ္ေနရာမွာ သြားပုန္းသင့္တယ္ထင္တယ္"
43 03
ကုဝူက်ိက ထိုႏွစ္ေယာက္ကို ၾကည့္ၿပီးေနာက္တြင္ ခံစားသြားရသည္။ ေကာင္းမြန္ေသာ ကိစၥမ်ားကို လုပ္ျခင္းက ဆုလဒ္ေကာင္းမ်ားကို ျပန္ရေစႏိုင္စြမ္းရွိသည္။ မဟုတ္လွ်င္ အခုကဲ့သို႔ အဖြဲ႕သားေကာင္းမ်ားႏွင့္ ရင္ဆိုင္ရလိမ့္မည္ မဟုတ္ေခ်။

"မဟုတ္ဘူး ပုန္းစရာ မလိုေတာ့ဘူး။ ရက္စက္ၾကမ္းတမ္းတဲ့ ရန္ၿငိဳးႀကီးဝိညာဥ္ေခါင္းေဆာင္က ငါ့ကို အလြယ္တကူ ပုန္းခိုင္းမွာမဟုတ္ဘူး"

ကုဝူက်ိက မီးေလာင္ေနေသာ အိမ္ကိုၾကည့္ၿပီးေနာက္တြင္ စိတ္ထဲတြင္ အႀကံတစ္ခု ရလာသည္။ ထို႔ေနာက္ ညင္သာစြာ ေျပာလိုက္သည္။

"ငါတို႔ဘာလို႔ ဒီေနရာမွာပဲ မေစာင့္ေနမွာလဲ"

"ဒီေနရာမွာ ေစာင့္ေနမယ္ဟုတ္လား အျခားသူေတြလာဖို႔လား။ ဒါကအႏၲရာယ္ မ်ားလြန္းတယ္"

သယြမ္ေဖးက မေနႏိုင္ဘဲ မ်က္ေမွာင္က်ဳံ႕ကာ ဆက္ေျပာသည္။

"ကစားသမားေတြ အားလုံးက လာၾကမွာပဲ။ သူတို႔ရဲ႕ စြမ္းရည္ေတြက ဒီပုံတူေလာကေၾကာင့္ ဖိႏွိပ္ခံထားရတယ္ဆိုရင္ေတာင္မွ သူတို႔နဲ႔အတူ ပါလာတဲ့ ပစၥည္းေတြကို အသုံးျပဳႏိုင္စြမ္း ရွိေနေသးတယ္။ ဒီေတာ့ ကြၽန္ေတာ္တို႔ေတြ အလြယ္တကူ ရင္မဆိုင္ႏိုင္ေလာက္ဘူး"

"အဲ့ဒီလိုေတာ့ မဟုတ္ဘူး"

ကုဝူက်ိက ေျပာသည္။ သူ႔အတြက္ ဒီလိုႀကီးႀကီးမားမား မေတာ္တဆမႈမ်ားက ပုံမွန္ပင္ျဖစ္သည္။ ယခင္ အေပ်ာ္ခရီးသေဘၤာ ပုံတူေလာကတြင္လည္း ထိုသို႔ႀကီးမားသည့္ ကပ္ေဘးစိုက္ဖူးေလသည္။

ကုဝူက်ိ၏ တည္ၿငိမ္မႈကို ရင္ဆိုင္ရခ်ိန္တြင္ သယြမ္ေဖးတြင္လည္း သူပင္မသိေသာ ယုံၾကည္မႈမ်ားက အလိုလို ျပည့္လာသည္။

အာ တကယ္ကို ကြၽမ္းက်င္ပညာရွင္ ပီသပါေပတယ္။

"ငါ့မွာအႀကံရွိတယ္။ ဒါေပမဲ့ ငါမိတ္ေဆြအခ်ိဳ႕ရဲ႕ အကူအညီေတာ့ လိုတယ္"

ကုဝူက်ိက ရင္းႏွီးကြၽမ္းဝင္ေသာ အမူအရာမ်ိဳးျဖင့္ ေျပာသည္။

"အင္း သူတို႔ေတြ အထြတ္မတက္ေလာက္ဘူးလို႔ ငါလည္း ေသခ်ာတယ္"

ထိုအခ်ိန္တြင္ ေကာင္းကင္က စတင္ကာ လင္းခ်င္းလာေလၿပီ။

အျခားေသာ သစ္လုံးအိမ္တြင္ ပုန္းေနသည့္ ဖန္းေဟာင္ခမ္းႏွင့္ ကစားသမားမ်ားက အျပင္သို႔ အေလာတႀကီး မထြက္ရဲၾကေသးေခ်။ ေတာအုပ္ထဲတြင္ သစ္လုံးအိမ္က မမ်ားေခ်။ အေရးႀကီးဆုံး အခ်က္မွာ ျမဴထုအတြင္းတြင္ရွိသည့္ အႏၲရာယ္မ်ားကို ထိုလူမ်ားက ေကာင္းစြာ နားလည္ေနၾကျခင္းျဖစ္ၿပီး ညအခ်ိန္အတြက္ သစ္လုံးအိမ္ကိုသာ မရွာႏိုင္လွ်င္ တေျဖာင့္ထဲ ေသသြားမည္မွန္း နားလည္ေနၾကသည္။

"ကုဝူက်ိက ဘာမ်ားလုပ္လိုက္လို႔ အဓိက တာဝန္ကေတာင္ ေျပာင္းလဲသြားတာလဲ။ တကယ္ အံ့ၾသစရာပဲ"

ေျပာလိုက္သူ၏ မ်က္ႏွာတြင္ မည္းေမွာင္မႈက ျပည့္ႏွက္ေနေတာ့သည္။ မည္သို႔ပင္ဆိုေစ သူတို႔၏ ရႈ႕ေထာင့္မွၾကည့္လွ်င္ ကုဝူက်ိက သူတို႔၏ သားေကာင္ျဖစ္သည့္အခါ အျခားသူမ်ားက စတင္ကာ အမဲလိုက္မည့္အေရးကို လက္သင့္မခံႏိုင္ေခ်။

"ငါတို႔အေနနဲ႔ အျခားလူေတြက ျမန္ျမန္ အဆုံးမသတ္ႏိုင္ဖို႔ပဲ ဆုေတာင္းရမယ္"

အျခားသူတစ္ေယာက္က ဝင္ေျပာသည္။

"အေရးႀကီးဆုံးအခ်က္က သူ႔ကိုသတ္သြားတဲ့လူက ဒီပုံတူေလာကေခါင္းေဆာင္ရဲ႕ ဆုတစ္ခုကို လက္ခံရရွိႏိုင္တာပဲ။ ေသခ်ာေပါက္ ငါတို႔ လက္သင့္မခံႏိုင္ေလာက္တဲ့ ဆုံးရႈံးမႈႀကီး ျဖစ္သြားလိမ့္မယ္"

"ဖန္းေဟာင္ခမ္း ကုဝူက်ိကို မင္းမသိဘူးလား"

"သူဘယ္ေနရာမွာ ရွိသလို ငါသိတာေပါ့" ဖန္းေဟာင္ခမ္းကလည္း ေခြၽးျပန္ေနေလၿပီ။ ဒါက ဘာေတြ ျဖစ္ေနတာလဲ။ အာ ဒီအလွည့္အေျပာင္းက သူေမွ်ာ္လင့္ထားတာကို ေက်ာ္လြန္ေနပါၿပီ။ သူဘာကိုမွ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး။

လက္ရွိ အဓိကတာဝန္က ကုဝူက်ိကို သတ္ရန္ျဖစ္သည္။

ဒါဆိုရင္ သူဘယ္လိုမ်ား ရွင္သန္ႏိုင္ေတာ့မွာလဲ။

အခန္း ၄၃.၂

သို႔ရာတြင္ ထိုအဖြဲ႕က ႐ုတ္တရက္ တစ္စုံတစ္ရာက မွားယြင္းသည္ဟု ခံစားရၿပီး ျပတင္းေပါက္ အျပင္ဘက္သို႔ ၾကည့္လိုက္ခ်ိန္တြင္ အေဝးမွ ေလာင္ကြၽမ္းေနသည့္မီးကို ျမင္လိုက္ရသည္။

"ဒါကဘာလဲ တစ္ခုခု ျဖစ္ေနတာလား"
43 04
ဖန္းေဟာင္ခမ္းက မ်က္လႊာခ်ၿပီးေနာက္တြင္ သူဆက္လက္ ဖုံးကြယ္မည္ဆိုလွ်င္ပင္ ေပၚေတာ့မည္မွန္း ေသခ်ာသြားသည့္အတြက္ ခ်က္ခ်င္းလိုလို အံ့အားတႀကီး ေျပာလိုက္သည္။

"ကုဝူက်ိက အဲ့ဒီမွာပဲ"

လူတိုင္း၏ မ်က္ႏွာအမူအရာက ေျပာင္းလဲသြားၾကသည္။ သူတို႔က ထိုေနရာ၏ တည္ေနရာကိုသာ သတိထားမိလွ်င္ အျခားသူမ်ားကလည္း သတိထားမိေပလိမ့္မည္။

"ေသာက္က်ိဳးနည္း ဒီကုဝူက်ိက ျပႆနာအရမ္းရွာတယ္။ ဘာလို႔ ၿငိမ္ၿငိမ္ထိုင္မေနႏိုင္တာလဲ။ လူေတြ အမ်ားႀကီးက အခုဆိုရင္ သူ႔ကိုသတ္ဖို႔ အဲ့ဒီကို ဦးတည္သြားၾကေတာ့မယ္"

"ငါတို႔ေတြ ဒီျမဴေတြမေပ်ာက္ခင္ အျမန္ဆုံး သြားသင့္တယ္။ အျခားသူေတြ ဦးေဆာင္သြားတာကို ခြင့္ျပဳလို႔မျဖစ္ဘူး"

ထိုညတြင္ လူတိုင္းက ထိုျမင္ကြင္းကို သတိထားမိၾကၿပီး အားလုံးက စိုးရိမ္ေသာက ေရာက္ေနၾကေတာ့သည္။

သူတို႔ကလည္း ကုဝူက်ိကို အျမင္ေကာင္းရွိသည္။ ထိုလူက အလြန္အင္အား ႀကီးမားေၾကာင္း သိေနၾကၿပီး လက္ေထာက္ကိုပင္ ရန္စခဲ့ဖူးေလသည္။ ယခုအခါတြင္သူက တစ္စုံတစ္ရာကို ဒုကၡျဖစ္ေအာင္ လုပ္လိုက္သျဖင့္ အဓိကတာဝန္ကပင္ ေျပာင္းလဲသြားေလၿပီ။

ထို႔အျပင္ ပို၍ဆိုးသည္မွာ အဓိကတာဝန္က ကုဝူက်ိကို သတ္ရန္ျဖစ္ေနသည္။ ႐ိုးရွင္းစြာျဖင့္ပင္ အဆင့္နိမ့္ ပုံတူေလာကမ်ားတြင္ လုပ္ရျခင္းထက္ပင္ လြယ္ကူေနေတာ့သည္။ သူတို႔က စိန္ေခၚရမည့္အပိုင္းက သူတို႔လမ္းတြင္ ေတြ႕ႏိုင္မည့္ အမ်ိဳးမ်ိဳးေသာ တေစၦသရဲမ်ားႏွင့္ မေကာင္းဆိုးဝါး သားရဲမ်ားျဖစ္သည္။

ဒါေပမဲ့ သူတို႔ရမဲ့ ဆုနဲ႔ယွဥ္ရင္ ဒီအခက္အခဲက မေျပာပ့ေလာက္ပါဘူး။

"ဆိုေတာ့ မေန႔ညက မီးေလာင္ေနတဲ့ေနရာမွာ သူရွိေလာက္တယ္"

သစ္ပင္အေနာက္တြင္ ပုန္းေအာင္းေနသည့္ လူတစ္ေယာက္ကေျပာသည္။ သူက အေရွ႕ရွိ သစ္လုံးအိမ္ကို သတိထားကာ စိုက္ၾကည့္ေနသည္။ သိပ္မၾကာခင္ အေျခအေနတြင္ ပ်က္စီးေနေသာ သစ္လုံးအိမ္၏ အေရွ႕ဘက္တြင္ ေျမျပင္ေပၚ ဖင္ခ်ထိုင္ကာ ခပ္ေအးေအး မနက္စာစားေနသည့္ လူတစ္ေယာက္ကို ေတြ႕လိုက္ရသည္။ ထိုလူ၏ ခပ္ေအးေအး အမူအရာအရ ကိုယ့္အိမ္ကိုယ္ယာတြင္ ေနေနသည့္အလား ထင္ရသည္။

"ဒါကကုဝူက်ိမဟုတ္လား"

ေဘးဘက္မွ အေပါင္းအေဖာ္က အထင္တေသး ေျပာလိုက္သည္။

"ဒီလိုအေျခအေန ျဖစ္ေနတာေတာင္မွ သူက ဒီေနရာက မထြက္သြားဘဲ ေနရဲေသးတယ္။ မနက္စာေတာင္ စားေနေသးတယ္"

"အလ်င္စလို မလုပ္နဲ႔။ ငါတို႔ကို ေထာင္ေခ်ာက္ေတြ ေစာင့္ေနေလာက္တယ္"

ထိုလူက ထိတ္လန႔္စြာေျပာသည္။

"ေထာက္ေခ်ာက္ရွိရင္ေတာင္မွ ငါတို႔ လုပ္ရအုံးမွာပဲ။ မဟုတ္ရင္ အျခားသူေတြက ငါတို႔ကို ေက်ာ္သြားေတာ့မယ္"

ျဖစ္ႏိုင္ေခ်မ်ားကို ေကာင္းျခင္း၊ဆိုးျခင္း ဆုံးျဖတ္ၿပီးေနာက္တြင္ ထိုႏွစ္ေယာက္လုံးက အလွ်င္အျမန္ ေရွ႕သို႔ တက္သြားၾကသည္။ သို႔ေသာ္ လမ္းတြင္ မေမွ်ာ္လင့္ထားသည့္ အျဖစ္အပ်က္မ်ား မေတြ႕ႀကဳံရဘဲ သူတို႔ကပင္ တစ္စုံတစ္ရာက လြဲမွားသလို ခံစားရလာေလသည္။

ကုဝူက်ိက ေရာက္လာသည့္ ႏွစ္ေယာက္ကိုၾကည့္ၿပီးေျပာသည္။

"မင္းတို႔က အရမ္းသတိႀကီးလြန္းတယ္။ ဒီေနရာက အလြယ္တကူ ေလွ်ာက္သြားႏိုင္တဲ့ ေနရာမ်ိဳး မဟုတ္ဘူး။ မင္းတို႔ကသာ တစ္ခုခုေပၚ မွားၿပီးတက္နင္းလိုက္မိရင္ ဒုကၡေရာက္သြားလိမ့္မယ္"

"ဒီလိုေပါက္ကရ စကားေတြေလာက္နဲ႔ ငါတို႔ကို ေျခာက္လို႔ရမယ္လို႔ မထင္နဲ႔"

ႏွစ္ေယာက္လုံးက ႏွာေခါင္းရႈံ႕ၾကေသာ္လည္း ႐ုတ္တရက္ ေျမျပင္တြင္ ထူးဆန္းသည့္ တစ္စုံတစ္ရာ ရွိေနေၾကာင္း သတိထားမိလိုက္ၾကသည္။ ေတာင့္တင္းစြာျဖင့္ ေအာက္သို႔ ၾကည့္လိုက္ခ်ိန္တြင္ ေသြးအိုင္ႀကီးကို ျမင္လိုက္ရၿပီး ႏွစ္ေယာက္လုံး၏ ေျခေထာက္ကို လက္တစ္စုံက ဖမ္းခ်ဳပ္ထားေလသည္။

ထို႔ေနာက္ တခဏတြင္ သူတို႔ကို တုန႔္ျပန္ရန္ အခ်ိန္မေပးေလဘဲ ထိုလက္မွအားက သန္မာသထက္ သန္မာလာၿပီး ႏွစ္ေယာက္လုံးကို ေသြးကန္ထဲသို႔ တိုက္႐ိုက္ ဆြဲခ်သြားေတာ့သည္။

ကုဝူက်ိက သက္ျပင္းခ်သည္။

"ငါသူတို႔ကို သတိထားပါလို႔ သတိေပးလိုက္ေသးတာကို ဘာလို႔ အျခားသူရဲ႕စကားကို နားမေထာင္တာလဲ"
43 05
မူလက ထိုေသြးအိုင္ထဲမွ သရဲက မီးဖိုခန္းထဲတြင္ တည္ရွိျခင္းျဖစ္ေသာ္လည္း ဖုံးကြယ္ထားသည့္ တာဝန္က အသက္သြင္းလိုက္သည့္အခါ ကုဝူက်ိက မီးဖိုခန္းထဲသို႔ တကူးတကသြားၿပီး ထိုသရဲႏွင့္ ညႇိႏႈိင္းလိုက္ျခင္းျဖစ္သည္။ တစ္ဖက္သူကလည္း လြန္ဆြဲေနသည့္ ခံစားခ်က္မ်ားေၾကာင့္ သေဘာတူခဲ့ေလသည္။

ပိုဆိုးတာက အဲ့ဒီေသြးအိုင္ထဲမွာေနတဲ့ မီးဖိုေခ်ာင္သရဲမွာ ေနာက္ထပ္ စြမ္းရည္တစ္မ်ိဳး ရွိေနတာပဲ။ ကုဝူက်ိက ကံေကာင္းစြာႏွင့္ အတြင္းသို႔ ဆြဲခ်ျခင္းမခံခဲ့ရေခ်။ မဟုတ္လွ်င္...သူက ေသြးအိုင္၏ အျခားတစ္ဖက္ျခမ္းသို႔ ဆြဲခ်ခံရေပလိမ့္မည္။

ကုဝူက်ိက သူကိုယ္တိုင္ ကစားသမားမ်ား အားလုံးကို ရင္ဆိုင္ရန္ ခက္ခဲႏိုင္သည္။ သို႔ရာတြင္ သူ၏ ပတ္ပတ္လည္တြင္ သရဲမ်ား ရွိေနလွ်င္မူ ျပႆနာ မရွိေတာ့ေခ်။

ထပ္ေပါင္းဆိုရေသာ္ ကစားသမားမ်ားက အခက္အခဲ မေတြ႕ရန္အတြက္ ကုဝူက်ိက ပတ္ဝန္းက်င္မွ သရဲမ်ားကိုပင္ သန႔္စင္ေပးထားေသးသည္။ ထို႔ေၾကာင့္ သယြမ္ေဖးႏွင့္ လုယြမ္က်ိဳးတို႔ကပင္ စြံ႕အရေသးသည္။ ပို၍ဆိုးသည္မွာ သူက ဒီလိုအေျခအေနတြင္ ကစားသမားမ်ားအတြက္ ေတြးေပးတတ္လြန္းေလသည္။

ထို႔ေနာက္ ေသြးကန္ထဲမွ ကစားသမားႏွစ္ေယာက္က ထြက္လာၿပီး ေၾကာက္လန႔္တၾကား ႐ူးမတတ္ ျဖစ္သြားၾကေတာ့သည္။ သူတို႔က သတိေမ့ေနၾကသည့္တိုင္ေအာင္ မ်က္ႏွာတြင္ ထိတ္လန႔္မႈမ်ားက ႀကီးစိုးေနကာ တစ္စုံတစ္ရာကို ေတြ႕ခဲ့ရသည့္အလား ျဖစ္ေနသည္။

ကုဝူက်ိကမူ သူတို႔ျမင္ခဲ့သည့္ အရာကို စိတ္မဝင္စားဘဲ ခ်က္ခ်င္းၫႊန္ၾကားလိုက္သည္။

"သယြမ္ေဖး သူတို႔ကို ႀကိဳးခ်ည္ထားလိုက္ပါ။ သူတို႔ရဲ႕ကိုယ္ေပၚရွာၿပီး ဒီကြၽန္းေပၚနဲ႔ ပတ္သတ္တဲ့ သတင္းအခ်က္အလက္ေတြ ရွိမရွိ စစ္ေဆးၾကည့္လိုက္"

"နားလည္ပါၿပီ"

သယြမ္ေဖးက ယခင္က အပ်က္အစီးပုံ၏ေနာက္တြင္ ပုန္းေအာင္းေနသူျဖစ္သည္။ သူက ခ်က္ခ်င္းလိုလို ေခါင္းညိမ့္ၿပီးသည္ႏွင့္ ညီငယ္တစ္ေယာက္၏ တာဝန္ကို လုပ္ေဆာင္ရန္ ထြက္လာေတာ့သည္။ သူက ကစားသမား ႏွစ္ေယာက္လုံးကို တ႐ြတ္ဆြဲၿပီး ႀကိဳးခ်ည္ရန္ ျပင္ဆင္ေတာ့သည္။ ထိုသူမ်ားက တစ္စုံတစ္ရာ လုပ္ခ်င္ၾကေသာ္လည္း ေနာက္ဆုံးတြင္မူ အက်ိဳးမဲ့သြားရေပသည္။

ေျခက်င္းဝတ္လည္ထားေသာ ကစားသမားက အသိစိတ္ မဲ့ေနေသးသည္။ သယြမ္ေဖးက တာဝန္သတိျဖင့္ ထိုတစ္ေယာက္ကိုလည္း အနားသို႔ ေ႐ြ႕ထားလိုက္သည္။ ထို႔ေနာက္ ေျမပုံကိုထုတ္ကာ တာဝန္သိစြာ ယူလာေလသည္။

ရိကၡာအတြက္ကမူ ရက္အနည္းငယ္ၾကာေအာင္ စားႏိုင္သည္ထိ လုံေလာက္ေအာင္ ရွာေဖြထားၿပီးသားျဖစ္သည္။

ထို႔ေၾကာင့္ စားစရာ ေသာက္စရာက ပူစရာမလိုေပ။

ကုဝူက်ိက မည္သူ႔ကိုမွ် မသတ္ေခ်။ မလိုအပ္႐ုံသာ မကေလဘဲ သူက လူေကာင္းတစ္ေယာက္ ျဖစ္ေနေသာေၾကာင့္ျဖစ္သည္။ ေသခ်ာစြာပင္ ထိုလူမ်ားအေပၚ သက္ေရာက္သြားမည့္ စိတ္ပိုင္းဆိုင္ရာ စိတ္ဒဏ္ရာအတြက္ကတူ သူထိန္းခ်ဳပ္ႏိုင္ေသာ အရာလည္းမဟုတ္ေခ်။

ေဘးဘက္တြင္ရွိေနသည့္ လုယြမ္က်ိဳးက အရာအားလုံးကို အေပၚစီးမွ ငုံ႔ၾကည့္ေနသည္။ အေျခအေန အလွည့္အေျပာင္းကသာ ေျပာင္းလဲသြားလွ်င္ သူက လ်ိဳ႕ဝွက္စြာျဖင့္ ထိုႏွစ္ေယာက္ကို အခ်က္ျပႏိုင္မည္ျဖစ္သည္။

"ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ လူတိုင္းကို အတူစု႐ုံးထားလိုက္တာက ပိုၿပီးနည္းလမ္းက်တယ္"

ကုဝူက်ိက စားပြဲေပၚမွ ကြၽန္းေျမပုံကို ၾကည့္လိုက္သည္။ ထိုေျမပုံကို ကစားသမားထံမွ ယူထားခဲ့ျခင္းျဖစ္ၿပီး ရိကၡာမ်ားႏွင့္အတူ သူတို႔က လက္ခံရရွိျခင္းျဖစ္ဟန္တူသည္။ ထိုေျမပုံ တစ္ပိုင္းခ်င္းစီကို သူကေပါင္းစပ္လိုက္သည့္အခါ ေျမပုံက ၿပီးျပည့္စုံသြားေလသည္။

ထိုေျမပုံထဲတြင္ တစ္ကြၽန္းလုံး၏ ေျမမ်က္ႏွာသြင္ျပင္ကို ေဖာ္ျပထားၿပီး သစ္လုံးအိမ္မ်ား၏ ေနရာမ်ားအျပင္ အႏၲရာယ္မ်ားေသာ ေနရာမ်ား၊ လ်ိဳ႕ဝွက္လမ္းမ်ားကိုလည္း ျမင္ရသည္။

ေျမပုံကို ရထားသမွ် ကာလပတ္လုံး အမဲလိုက္ရာတြင္ အားသာခ်က္ ရရွိေပလိမ့္မည္။

သို႔ေသာ္ ကြၽန္းမွက်ိန္စာကို ဖယ္ရွားရန္အတြက္ကမူ ဘာလုပ္သင့္မွန္း မသိေခ်။

ကုဝူက်ိက ထိုအေၾကာင္းအရာကို ေတြးေတာလိုက္မိသည္။

သူ႔အေနနဲ႔ နည္းနည္းေလးပိုၿပီး တက္ႂကြၿပီး ပတ္ဝန္းက်င္က သရဲေတြကို သန႔္စင္လိုက္ေပးသင့္တာ။

ထိုအခ်ိန္တြင္ အေဝးတြင္ ပုန္းေအာင္းေနသူမ်ား ရွိေနၾကသည္။

"မင္းတို႔ျမင္တဲ့အတိုင္းပဲ။ ဒီကုဝူက်ိက မ႐ိုးရွင္းဘူး။ သူက သရဲကိုေတာင္ အမိန႔္ေပးႏိုင္တယ္"

လူတစ္ေယာက္၏ မ်က္ႏွာတြင္ ေခြၽးေစးမ်ားက ျပန္ေနေတာ့သည္။

"သူဘာနည္းလမ္းကို သုံးသလဲ မသိေပမဲ့ ငါတို႔ကသာ အေလာတႀကီး ဝင္သြားရင္ ေသခ်ာေပါက္ အသာေလး ရွင္းခံရမွာပဲ"
43 06
"ဒါေပမဲ့ ကုဝူက်ိတစ္ေယာက္ထဲက ဘာလုပ္ႏိုင္မွာလဲ။ တစ္ေယာက္ေယာက္ကသာ အဲ့ဒီသရဲရဲ႕ အာ႐ုံကို ဆြဲေဆာင္ထားႏိုင္ရင္ သရဲက ဘာမွမလုပ္ႏိုင္ဘဲ အာ႐ုံလြင့္ပ်ယ္သြားလိမ့္မယ္။ အဲ့ဒီအခ်ိန္မွာ ငါတို႔က ကုဝူက်ိကို ဖမ္းႏိုင္ၿပီ"

"ဒါလည္း ဟုတ္တာပဲ"

ေနာက္တစ္ေယာက္ကလည္း သေဘာတူကာ ေခါင္းညိမ့္သည္။ ထို႔ေနာက္ အဖြဲ႕၏ အားအနည္းဆုံး အဖြဲ႕သားကိုၾကည့္သည္။ တစ္ဖက္သူကလည္း ဘာျဖစ္လာေတာ့မည္မွန္း သိလိုက္သည့္အခါ ထိတ္လန႔္ေသာ အမူအရာ ျပလိုက္သည္။

"ေနပါအုံး ငါတို႔မွာ အျခားနည္းလမ္း ရွိမွာပါ ဟုတ္ၿပီလား။ ဒီသရဲက ငါ့ကိုသတ္လိမ့္မယ္"

အျခားသုံးေယာက္ကမူ ထိုကိစၥကို ထိုသို႔မထင္ေခ်။ မည္သို႔ပင္ဆိုေစ သူတို႔က အဖြဲ႕သားမ်ားကို ေက်ာေပးသည့္ျဖစ္စဥ္က ရင္းႏွီးကြၽမ္းဝင္လြန္းေနခဲ့ေလၿပီ။ ထို႔ေၾကာင့္ ထိုအဖြဲ႕သားကို ေျခေထာက္ျဖင့္ တိုက္႐ိုက္ ကန္ထုတ္လိုက္ၾကေလသည္။ တစ္ဖက္သူက အလြန္အမင္း ထိတ္လန႔္ေနေသာ္လည္း ေ႐ြးခ်ယ္စရာ မရွိသည့္အတြက္ သက္ေသကိုယူကာ ေရွ႕သို႔ ဝင္ေရာက္လာလိုက္သည္။ သူရွင္သန္ႏိုင္ရန္ ေမွ်ာ္လင့္ေနေတာ့သည္။

သို႔ေသာ္ ထို႔ေနာက္ တခဏတြင္ က်န္ရွိေသာ သုံးေယာက္ကလည္း သူတို႔၏ လည္ပင္းေပၚသို႔ ေရခဲ့ကဲ့သို႔ ေအးစက္ေနသည့္ တစ္စုံတစ္ရာက က်လာေၾကာင္း ခံစားလိုက္ရသည္။

"ဘာျဖစ္တာလဲ"

သူတို႔၏ေခါင္းကို မသက္မသာျဖစ္ေသာ အမူအရာမ်ိဳးျဖင့္ ေမာ့ၾကည့္လိုက္ခ်ိန္တြင္ သူတို႔၏အေပၚတြင္ ရွိေနသည့္ သရဲမကို ျမင္လိုက္ရသည္။ ထိုသရဲမ၏မ်က္လုံးက ျပဴးက်ယ္ေနၿပီး ေရခဲ့ကဲ့သို႔ ေအးစက္ေနသည့္ ဆံပင္မ်ားက သူတို႔၏ လည္ပင္းမ်ားကို ရစ္ေခြထားၿပီးျဖစ္သည္။

ထိုသို႔ျဖင့္ ငယ္သံပါေအာင္ ေအာ္ဟစ္သံမ်ားက မထြက္ႏိုင္ေတာ့ေခ်။ အရာအားလုံးက အဆုံးသတ္သြားၿပီဟု ထင္ရသည္။

သူတို႔၏အေနာက္တြင္ လုယြမ္က်ိဳး၏ ပုံရိပ္က ေပၚလာသည္။ သူက မ်က္ႏွာတြင္ ေပါင္းသင္းရလြယ္သည့္ အၿပဳံးမ်ိဳးကို ၿပဳံးထားေသးေသာ္လည္း အၾကည့္ကမူ ေက်ာခ်မ္းဖြယ္ ေကာင္းေနသည္။

"မင္းတို႔လို အမႈိက္ေတြက အသက္ရွင္ဖို႔မလိုဘူး"

ကုဝူက်ိအေရွ႕တြင္သာ ျဖစ္မည္ဆိုလွ်င္ ဘာမွ်မဟုတ္ေလာက္ေသာ္လည္း သူ၏အေရွ႕တြင္မူ ဒါက မ်က္စိဆံပင္ေမႊးစူးစရာ ေကာင္းေနသည္။

ပိုဆိုးတာက ကုဝူက်ိက သူတို႔ကို သတ္မွာမဟုတ္တာပဲ။ ဒီေတာ့ သူပဲဒီအမႈိက္ေတြကို ကိုင္တြယ္ေပးလိုက္ေတာ့မယ္။

...

အခန္း ၄၃.၃

ေတာင္ထိပ္တြင္ရွိေသာ စံအိမ္ႀကီး၏ အတြင္းတြင္ လူတိုင္းက ဖန္သားျပင္တြင္ ေပၚေနသည့္ ထိုျမင္ကြင္းကို အံ့အားတႀကီး ၾကည့္ၾကသည္။

ယခင္က ကြၽန္းအရွင္က စည္းမ်ဥ္းကို ေျပာင္းလဲလိုက္ၿပီးေနာက္တြင္ ကုဝူက်ိအေနျဖင့္ ဆက္လက္ ရွင္သန္ရန္ မျဖစ္ႏိုင္ေတာ့ဟု ခံစားမိသြားသည္။ မည္သို႔ပင္ဆိုေစ သူကလူတိုင္း၏ ပစ္မွတ္ထားျခင္းကို ခံရမည္ျဖစ္သည္။ သို႔ရာတြင္ သူက ကစားသမားမ်ားကိုပင္ ျပန္ဖမ္းမည္ဟု မည္သူကမွ မထင္ထားၾကေခ်။ ထပ္ေပါင္းဆိုရေသာ္ သူကသရဲႏွင့္ပင္ သေဘာတူညီမႈ ယူထားေသးသည္။

...

ေကာင္းၿပီ သူကလူေကာင္းပါ။ ဒါေပမဲ့ ဦးေႏွာက္မရွိတာေတာ့ မဟုတ္ဘူးပဲ အာ။

သူတို႔က ကြၽန္းအရွင္၏ စိတ္အေျခအေနကို စဥ္းစားၾကည့္ရန္ မလိုအပ္လွ်င္ ထိုသူမ်ား အားလုံးက ကုဝူက်ိကို အသိအမွတ္ျပဳမိၾကေပလိမ့္မည္။

ကြၽန္းအရွင္က ကုဝူက်ိကို အလြန္မေက်မနပ္ ျဖစ္ေနႏိုင္ေလသည္။

တစ္ခ်ိန္လုံး အလြန္ျပင္းထန္သည့္ အမူအရာမ်ိဳးျဖင့္ သူကထိုျမင္ကြင္းကို စိုက္ၾကည့္ေနၿပီး အျခားသူမ်ားကို မေသခ်ာမႈမ်ား ခံစားလာေစသည္။

"ၾကည့္ရတာ ဒီအမႈိက္ေတြကို အသုံးျပဳလို႔ မရေတာ့ဘူးပဲ"

လုယြမ္က်ိဳးက ခပ္ေအးေအး အမူအရာမ်ိဳးျဖင့္ ေတာအုပ္ထဲမွ ထြက္လိုက္သည္။

"မင္းျပန္လာၿပီလား"

ကုဝူက်ိက မေသခ်ာစြာ ၾကည့္လာသည္။

"တစ္ခုခု ျဖစ္ထားေသးလား"
43 07
"မျဖစ္ပါဘူး ဒီကြၽန္းထဲမွာ ကစားသမားေတြ အမ်ားႀကီး မက်န္ေတာ့တာ ျဖစ္ႏိုင္တယ္"

လုယြမ္က်ိဳးကေျပာသည္။

"ထြက္လာသင့္တဲ့ လူေတြအားလုံးက ထြက္လာေလာက္ၿပီးၿပီ။ ဒါေၾကာင့္ ငါျပန္လာတာပဲ"

"မင္းေျပာတာလည္း ဟုတ္တာပဲ"

ကုဝူက်ိက စဥ္းစားၿပီး ေခါင္းညိမ့္သည္။ ထို႔ေနာက္ သူတို႔ဖမ္းမိထားသည့္ လူမ်ားကို ျပန္ေတြးမိသြားသည္။ သူကေျမပုံကို ျပန္ၾကည့္ၿပီးေနာက္တြင္ ကြၽန္း၏ ေျမမ်က္ႏွာသြင္ျပင္ တစ္ခုလုံးကို ထင္ရွားစြာ သုံးသပ္လိုက္ေတာ့သည္။

"ဒါဆိုရင္ ငါတို႔ေတြ အျခားသူေတြကိုရွာဖို႔ နည္းလမ္းရွာရေအာင္။ သူတို႔ေတြ တစ္ေနရာရာမွာ အႏၲရာယ္ ေတြ႕ေနႏိုင္တယ္"

သူ၏အနားရွိ သယြမ္ေဖးကမူ တုန္ယင္သြားေတာ့သည္။ သူကုဝူက်ိနဲ႔ ဆုံလိုက္တာနဲ႔ ကိစၥေတြအားလုံးက အလွည့္အေျပာင္း ျဖစ္သြားတာပဲ အာ။

ဒါက ျမင့္ျမတ္တဲ့ တိုက္ပြဲဆိုတာမ်ိဳးလား။ အရာအားလုံးက အခုဆိုရင္ ေျပာင္းျပန္ အေနအထားထိ ေရာက္သြားၿပီ။ ကုဝူက်ိကသာ အႏၲရာယ္မ်ားတဲ့ အေျခအေနကို ေရာက္ေနတာ ေသခ်ာေနတာပဲ။ ဒါေပမဲ့အခု တစ္ျခားသူေတြကပဲ သူ႔ရဲ႕ပစ္မွတ္ ျဖစ္သြားတယ္။

"ဒါေပမဲ့ ကုတေကာ္" သယြမ္ေဖးက ႐ိုေသေလးစားစြာ ေျပာလာသည္။ သူ၏ေလသံကပင္ ယခင္ႏွင့္မတူဘဲ ေျပာင္းလဲသြားေလၿပီ။

"ကြၽန္ေတာ္တို႔ ဖမ္းမိထားတဲ့ လူေတြကို ဘာလုပ္ၾကမလဲ"

သူ၏အၾကည့္ထဲတြင္ ေလးစားမႈမ်ားက ပါဝင္ေနေသးသည္။ သူက ကုဝူက်ိက သေဘာက်စရာေကာင္းေသာ တစ္စုံတစ္ရာကို ေျပာလာရန္ ေမွ်ာ္လင့္ေနဟန္ရေလသည္။ မည္သို႔ပင္ဆိုေစ ကုဝူက်ိကဲ့သို႔ေသာ မွီခိုရသည့္ အေပါင္းအေဖာ္ကသာ အဆင့္ျမင့္ေသာ အႀကံအစည္မ်ားကို ထုတ္ေပးႏိုင္ေပလိမ့္မည္။

"သဘာဝကိုပဲ ကိုင္တြယ္ခိုင္းလိုက္ရေအာင္"

ကုဝူက်ိက ထိုသို႔ေျပာၿပီး မတ္တပ္ထရပ္သည္။

သယြမ္ေဖး "..." ဘာကိုဆိုလိုခ်င္တာလဲ။

အခ်ိန္တစ္ခုၾကာၿပီးေနာက္ ကုဝူက်ိကလည္း ႐ုတ္တရက္ သူ၏လက္ေကာက္ဝတ္မွ ယားယံသည့္ ခံစားခ်က္ကို ရလိုက္သျဖင့္ ငုံ႔ၾကည့္လိုက္ခ်ိန္တြင္ ပိုးေကာင္တစ္ေကာင္ကို ေတြ႕လိုက္ရေလသည္။

"ဘယ္တုန္းက တြားတက္လာတာလဲ"

ကုဝူက်ိက မ်ားမ်ားစားစား မေတြးဘဲ ေမာင္းထုတ္လိုက္သည္။ သို႔ေသာ္ ထို႔ေနာက္ တခဏတြင္ သူ၏မ်က္စိေရွ႕တြင္ပင္ ပန္းတစ္ပြင့္ ပြင့္လာေလသည္။ ထို႔ေနာက္ သူက သိပ္သည္းေသာ ေတာအုပ္ထဲတြင္ တိုက္႐ိုက္ေပၚလာၿပီး ရက္စက္ၾကမ္းတမ္းေသာ အမူအရာမ်ိဳးျဖင့္ ရွိေနၾကသည့္ လူမ်ားစြာကို ျမင္လိုက္ရေလသည္။

"ဒါက မင္းတို႔က ဘယ္သူေတြလဲ"

ကုဝူက်ိကလည္း အံ့ၾသသြားသည္။ သူကနဂိုေနရာတြင္ ခ်က္ခ်င္း ျပန္ရပ္လိုက္သည့္ တခဏတြင္ သူ၏အၾကည့္က ရင္းႏွီးကြၽမ္းဝင္ေသာ ဖန္းေဟာင္ခမ္းထံ ေရာက္သြားသည္။

ၾကည့္ရတာ ဒီလူေတြက ဖန္းေဟာင္ခမ္းရဲ႕ အဖြဲ႕အစည္းကပဲ။ အရင္က ကိစၥေတြ အမ်ားအျပား ျဖစ္ခဲ့တယ္ဆိုေပမဲ့ ဒီလူေတြက ေပၚမလာလို႔ သူအံ့ၾသေနခဲ့တာ။ ၾကည့္ရတာ သူတို႔အခု ေပၚလာဖို႔ ျပင္ဆင္ထားတဲ့ပုံပဲ။

ဖန္းေဟာင္ခမ္းကလည္း ကုဝူက်ိကိုၾကည့္ၿပီး ခါးသီးစြာ ၿပဳံးျပသည္။ သူက ဘာမွမလုပ္ႏိုင္ေတာ့ေခ်။ အေျခအေနက ထိုမွ်အထိ ေရာက္လာေလၿပီ။ သူက ကုဝူက်ိအေပၚ အျမင္ေကာင္း ရွိေနေသးသည့္တိုင္ေအာင္ သူကလည္း အျခားတစ္ေယာက္ကို ရွင္သန္ေစခ်င္သည့္တိုင္ေအာင္ သူကူညီႏိုင္သည့္ အေျခအေနက မရွိေတာ့ေခ်။

"မင္းလိုေကာင္မ်ိဳးက လုယြမ္က်ိဳးရဲ႕ အေပါင္းအေဖာ္ ျဖစ္ေနမယ္လို႔ ငါမထင္ထားမိဘူး"

တစ္ေယာက္ကေျပာသည္။ သူက အေျခအေနကို အာ႐ုံစိုက္ထားခဲ့ၿပီး ကုဝူက်ိထံ အလ်င္စလို မတိုက္ခိုက္ခဲ့မိသည့္အတြက္ ဝမ္းသာသြားသည္။

သူတို႔က လုယြမ္က်ိဳး၏ အဖြဲ႕အစည္းကို ရန္မစရဲၾကေခ်။ သူတို႔က လုယြမ္က်ိဳးကိုသာ သြားရႈပ္လိုက္လွ်င္ အနာဂတ္ ေကာင္းေတာ့မည္မဟုတ္ေခ်။

သို႔ရာတြင္ သူတို႔က ကုဝူက်ိကို ေၾကာက္ရန္မလိုေခ်။ ကုဝူက်ိက သူတို႔၏အေရွ႕တြင္ သရဲႏွင့္ ကိုင္တြယ္ျပေသာ္လည္း ယခုမူ ပတ္ဝန္းက်င္တြင္ သရဲမရွိေတာ့ေခ်။
43 08
"ကံေကာင္းစြာနဲ႔ ငါတို႔က လူေတြကို ေခၚေဆာင္လာႏိုင္တဲ့ ပစၥည္းကို ပိုင္ဆိုင္ထားတယ္။ ႏွေျမာစရာေကာင္းတာက တစ္ခါပဲ သုံးလို႔ရတယ္။ အခု မင္းအေပၚမွာ သုံးလိုက္ၿပီ"

"ဪ ဒီလိုကိုး"

ကုဝူက်ိက ေခါင္းညိမ့္သည္။

"ရွင္းျပတဲ့အတြက္ ေက်းဇူးတင္ပါတယ္"

ထိုသို႔ေျပာၿပီးေနာက္ သူကပုံတူေလာကမွ အမ်ိဳးမ်ိဳးေသာ ပစၥည္းမ်ားကို ျမင္ခဲ့ဖူးေသာ္လည္း ယခုကဲ့သို႔ ပစၥည္းအသစ္အဆန္းကို ျမင္လိုက္ရသည့္အတြက္ အံ့ၾသသြားမိေလသည္။ ထို႔ေၾကာင့္ တစ္ဖက္က ရွင္းျပေပးသည့္အခါ သူကနားလည္သြားျခင္းျဖစ္သည္။ ထို႔ေၾကာင့္ တစ္ဖက္သူမ်ားက ဒီလိုပစၥည္းမ်ိဳးကို ပိုင္ဆိုင္ထားေလရာ သူတို႔၏ စြမ္းရည္ကလည္း သာမာန္မဟုတ္ႏိုင္ေတာ့ေခ်။

"လြယ္တယ္ထင္မေနစမ္းပါနဲ႔ ဒီေနရာက အဲ့ဒီသစ္လုံးအိမ္နဲ႔ အရမ္းေဝးတယ္။ လုယြမ္က်ိဳးက မင္းကို လာကယ္မယ္ မထင္ထားနဲ႔။ ပိုဆိုးတာက သူက မင္းကိုေတာင္ မကာကြယ္ခ်င္ေလာက္ဘူး"

အျခားတစ္ေယာက္က ႏွာေခါင္းရႈံ႕ၿပီး ကုဝူက်ိကို သနားစဖြယ္ သတၱဝါတစ္ေကာင္ကို ၾကည့္သလို ၾကည့္လာသည္။

"မင္းအခုေျပာလိုက္ရင္ေကာင္းမယ္။ အစပိုင္းမွာ အဲ့ဒီပုံတူေလာကက မင္းဘာရခဲ့တာလဲ"

"ငါကမေျပာရင္ ဘာျဖစ္မွာလဲ"

ကုဝူက်ိက ေခါင္းကိုခါသည္။ သူက အေျခအေနကို ရွင္းရွင္းလင္းလင္း နားလည္ေနေလၿပီ။ ပထမပုံတူေလာကတြင္ ရခဲ့သည့္ သရဲထိန္းခ်ဳပ္ႏိုင္စြမ္းရည္က ထိုလူမ်ားအလြယ္တကူ ေတာင္း၍ရေသာ အရာမ်ိဳးမဟုတ္ေခ်။

ေျပာရလွ်င္ ထိုစြမ္းရည္ကို ပိုးေကာင္ႀကီးအျဖစ္ပင္ သတ္မွတ္ႏိုင္ေသးေလသည္။

"ဒါဆိုရင္ သြားေသလိုက္ေလ"

ထိုေမးလိုက္သူက ႐ုတ္တရက္ လက္ထဲမွ လက္နက္ကို ထုတ္လာၿပီး ကုဝူက်ိကို ေသေစႏိုင္ေလာက္သည့္ ဒဏ္ရာတစ္ခု ဖန္တီးရန္ ႀကံစည္လိုက္သည္။ သို႔ေသာ္ ထို႔ေနာက္ တခဏတြင္ ႐ုတ္တရက္ သူေက်ာခ်မ္းသြားရေတာ့သည္။ သူက လက္နက္ကို ခပ္တင္းတင္းသာ ဆုပ္ကိုင္လိုက္မိေတာ့၏။ သို႔ရာတြင္ အဆုံးတြင္ ထိုလက္နက္က သူ၏လက္၏ တုန္ယင္မႈေၾကာင့္ ေျမျပင္သို႔သာ ျပဳတ္က်သြားေတာ့သည္။

"ဘာျဖစ္တာလဲ"

ထိုလူက ဘာမွမေျပာႏိုင္ခင္မွာတင္ ပတ္ဝန္းက်င္ ေလထုအေျခအေနက ေျပာင္းလဲသြားသည္။ သူက ေနာက္လွည့္ၾကည့္လိုက္ေသာအခါ သူ၏အဖြဲ႕သားမ်ား၏ ပါးစပ္အေဟာင္းသား ျဖစ္ေနေသာ အမူအရာမ်ားကို ျမင္လိုက္ရေလသည္။

"သ သ သေကာ္ မင္းရဲ႕အေနာက္မွာ သရဲေတြ"

"ဘာ"

ထိုလူက အလြန္အံ့ၾသသြားၿပီး ေခြၽးေစးမ်ား ႐ႊဲသြားေတာ့သည္။ သူ၏ေခါင္းႏွင့္ လည္ပင္းက အကိုက္ခံရသလိုမ်ိဳး ေအးစိမ့္မႈကို ခ်က္ခ်င္းလိုလို ခံစားရၿပီး အေနာက္ဘက္သို႔ သူမထိရဲေတာ့ဘဲ ခ်က္ခ်င္းလိုလို တစ္ပတ္လွည့္လိုက္ေတာ့သည္။

ထိုအခ်ိန္တြင္ မည္သည့္အခ်ိန္ကမွန္းမသိ ျမဴထုက သူ႔ကိုဝိုင္းေနေလၿပီ။ အတြင္းတြင္ အနက္ေရာင္ အရိပ္ေပါင္းမ်ားစြာ ရွိေနၿပီး သူ၏အဖြဲ႕သားမ်ားအတြက္မူ ပတ္ပတ္လည္တြင္ ရွိေနသည့္ ျမဴအတြင္းမွ တေစၦသရဲမ်ားႏွင့္ အဝိုင္းခံထားရသည္။

ထိုျမင္ကြင္းက ေခ်ာက္ခ်ားဖြယ္ ေကာင္းလြန္းသျဖင့္ သူ၏မ်က္ႏွာတြင္ အထိတ္တလန႔္ ျဖစ္မႈက ေပၚလာသည္။

"ျမန္ျမန္ မင္းတို႔ရဲ႕ ပတ္ဝန္းက်င္ကိုၾကည့္"

"ဘယ္လို ဘယ္လိုျဖစ္ၿပီး ဒီလိုျဖစ္သြားတာလဲ"

အျခားသူမ်ားကလည္း ဒီအေျခအေနကို ေကာင္းေကာင္း သတိျပဳမိၾကသည္။ ထို႔ေၾကာင့္ ျမင္ကြင္းက ဝ႐ုန္းသုန္းကား ျဖစ္သြားေတာ့သည္။ သူတို႔က ျမဴအတြင္းမွ အႏၲရာယ္ကို ေကာင္းေကာင္း နားလည္ထားၾကသည့္အေလ်ာက္ သူတို႔ကိုင္တြယ္ႏိုင္သည့္ အဆင့္မဟုတ္မွန္း နားလည္ေနၾကသည္။ ထို႔ေၾကာင့္ ထိုသရဲမ်ား၏ အရည္အေသြးကို သူတို႔မယွဥ္ႏိုင္ေခ်။

တစ္ေယာက္ခ်င္းစီတိုင္းက ခုခံျခင္း ပစၥည္းမ်ားကို သယ္ေဆာင္ထားသည့္တိုင္ေအာင္ ထိုပစၥည္းမ်ားက သရဲအမ်ားႀကီးကို မရင္ဆိုင္ႏိုင္ေခ်။

"ဒီေနရာထိ ျမဴေတြက လႊမ္းလာၿပီလား။ ငါတို႔ကို အမဲလိုက္ခြင့္ ေပးထားတဲ့ေနရာက က်ဳံ႕သြားတာ ျဖစ္ေလာက္တယ္။ ဒါေၾကာင့္ပဲ ဒီျမဴေတြက ဒီေနရာထိ ေရာက္လာတာ ျဖစ္ေလာက္တယ္။ ဒါေပမဲ့ ပုံမွန္အတိုင္းဆိုရင္ ဒီလိုမျဖစ္သင့္ေသးဘူး မဟုတ္လား"

"ျမန္ျမန္ ကုဝူက်ိကိုသတ္ သူ႔ကိုသတ္မွပဲ ငါတို႔ဒီေနရာက ခ်က္ခ်င္း ထြက္ႏိုင္လိမ့္မယ္။ မဟုတ္ရင္ ငါတို႔လည္း ေသသြားရလိမ့္မယ္"
43 09
တစ္စုံတစ္ေယာက္က အလ်င္စလိုေျပာသည္။

"ငါလည္း သတ္ခ်င္ပါတယ္။ ဒါေပမဲ့ ငါအဲ့ဒီကို ဘယ္လိုသြားရမွာလဲ"

"ႏွေျမာစရာပဲ"

ကုဝူက်ိက သူ၏လက္ေပၚရွိ လက္ညိဳးေလးကိုျပကာ အျခားသူမ်ားကိုၾကည့္ၿပီး အျပစ္မကင္းသလို အမူအရာမ်ိဳးျဖင့္ ေျပာသည္။

"တကယ္ေတာ့ ဒီသရဲေတြက ငါ့ဆီကိုလာတာ ျဖစ္ေလာက္တယ္။ မေမွ်ာ္လင့္ထားဘဲ ဒီလက္ညိဳးက က်ိန္စာက တကယ္ႀကီးတာပဲ အာ"

ထိုလက္ညိဳးမွ က်ိန္စာကသာ သာမာန္လူတစ္ေယာက္အေပၚတြင္ ပတ္ဝန္းက်င္ရွိ သရဲတိုင္းက ထိုလူမ်ားကို ဆြဲလားယမ္းလားသာ လုပ္ေလာက္ၿပီး ၾကည့္၍မေကာင္းေသာ အေျခအေနမ်ိဳးသာ ျဖစ္လာေလာက္သည္။

သို႔ရာတြင္ ကုဝူက်ိအေပၚတြင္မူ သူက ထိုသရဲမ်ားအေပၚ ထူးျခားသည့္ ဆြဲေဆာင္မႈ ရွိေနသည္။ ထို႔အျပင္ လက္ညိဳး၏က်ိန္စာႏွင့္ ေပါင္းလိုက္ေသာ္ သူ၏အင္အားကပင္ တဆင့္ပို၍ ျမင့္သြားသလို ျဖစ္သြားေလသည္။ သရဲမ်ားအတြက္ကလည္း အလြန္ဆြဲေဆာင္မႈ ျပင္းလာသည္။ ထို႔ေၾကာင့္ ႏွစ္ဖက္စလုံးက အင္အားတိုးတက္သြားသလို ျဖစ္ခဲ့ျခင္းျဖစ္သည္။ ထိုသို႔ျဖင့္ ဒီေနရာတြင္ သရဲမ်ား ဝိုင္းသြားျခင္းလည္းျဖစ္သည္။ ထိုကဲ့သို႔ေသာ အေျခအေနမ်ိဳးတြင္ သရဲအုပ္က မ်ားသထက္ မ်ားလာၿပီး ထိုေနရာတစ္ခုလုံးက ေခ်ာက္ခ်ားဖြယ္ ေကာင္းလာေတာ့သည္။

"ဒီေကာင္ဟာ..."

အျခားသူမ်ားကလည္း ကုဝူက်ိကိုၾကည့္ၿပီး ေၾကာင္အသြားၾကသည္။ ဖန္းေဟာင္ခမ္းသည္ပင္ ခြၽင္းခ်က္မရွိေတာ့ေပ။ ယခင္တစ္ေခါက္ သူကုဝူက်ိႏွင့္ ဆုံခဲ့ခ်ိန္ကႏွင့္ မတူညီေသာ ေၾကာက္မက္ဖြယ္ေကာင္းသည့္ အေျခအေန အလွည့္အေျပာင္းက ျဖစ္လာေသးသည္။

ဒါကဘယ္လိုမ်ား အႏၲရာယ္မရွိႏိုင္တဲ့ ႐ုပ္လွတဲ့ သာမာန္ေကာင္ေလးတစ္ေယာက္ ျဖစ္ရမွာလဲ အာ။

...

စာေရးသူမွာ ေျပာစရာရွိပါတယ္.. ငါဒီေန႔ ႐ုပ္ရွင္သြားၾကည့္တာ။ အခုမွျပန္လာလို႔ အခုမွ စာ႐ိုက္ျဖစ္တာပဲ။ ဒီေတာ့ ဒီတစ္ႀကိမ္မွာ...

ဒီပုံတူေလာကက သိပ္မၾကာခင္မွာ ၿပီးေတာ့မယ္လို႔ ထင္ရတယ္။ ဘယ္လိုျဖစ္ၿပီး ႐ုတ္တရက္ တိုက္ခိုက္တဲ့ ပုံစံအျဖစ္ ေျပာင္းသြားလဲ ငါလည္းမသိေတာ့ပါဘူး။

Continue Reading

You'll Also Like

449K 69.7K 185
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...
49.7K 6.1K 98
Hello ... မဂ်လာညချမ်းလေးပါ ချစ်တို့ရေ... New novel New Gp အချိန်လေးရောက်လာပြန်ပါပြီ ဒီခါတော့ မင်မင်က review လေးထည့်ပေးလိုက်ပါတယ် (သူများဟာကူးလာတာပါ�...
221K 46.6K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
257K 47.2K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.