နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်...

Von Swae_Nyoe

248K 33.5K 1K

ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင် Mehr

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁.၁
အခန်း ၂၁.၂
အခန်း ၂၂ .၁
အခန်း ၂၂.၂
အခန်း ၂၃.၁
တယ်လီဂရုကြေညာချက်..
အခန်း ၂၃.၂
အခန်း ၂၃.၃
အခန်း ၂၃.၄
အခန်း ၂၄.၁
အခန်း ၂၄.၂
အခန်း ၂၄.၃
အခန်း ၂၅.၁
အခန်း ၂၅.၂
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈.၁
အခန်း ၂၈.၂
အခန်း ၂၉.၁
အခန်း ၂၉.၂
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
Notice!!
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း (၈၁)
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အပိုင်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
Telegram ကို လာခဲ့နော်
အခန်း ၁၁၄
အခန်း ၁၁၅
🥳ဈေးနှုန်းပြောင်းလဲ သတ်မှတ်လိုက်ပါကြောင်း🥳

အခန်း ၄၂

1.6K 258 26
Von Swae_Nyoe

42 01

အခန်း ၄၂.၁

"ကြည့်ရတာ ဒီမကောင်းဆိုးဝါးက အဲ့ဒီလက်ထောက် ပြောလိုက်တဲ့ ခွေးအကို ရည်ညွှန်းချင်တာ ဖြစ်လောက်တယ်"

အကွာအဝေး အလွန်ခြားနေသည့်တိုင်အောင် ကုဝူကျိအနေနှင့် ထိုမကောင်းဆိုးဝါး၏ ကိုယ်မှထွက်လာသော ဖော်ပြ၍မရသည့် ထူးခြားသည့် ခံစားချက်မျိုးကို ခံစားရသည်။ ထိုခံစားချက်မျိုးက ကုဝူကျိ မှန်နယ်မြေတွင် မီးဖိုချောင်သုံးဓားကိုသုံးပြီး အလွယ်တကူ ရင်ဆိုင်၍ရခဲ့သော မကောင်းဆိုးဝါးများနှင့် မတူချေ။

ထိုခွေးအဟုခေါ်သော ကြီးမားလှသည့် အကောင်ကြီးက သာမာန်လူတစ်ယောက် ကိုင်တွယ်နိုင်သည့် လူတစ်ယောက် မဟုတ်ချေ။ ကုဝူကျိကပင် မယှဉ်နိုင်ဟု ခံစားနေရသည်။

"ဒီလိုဆိုရင် ဘာလုပ်ကြမလဲ"

ကုဝူကျိက ထိုနေရာတွင် မြဲမြံစွာရပ်လျှက် စိုက်ကြည့်နေသည်။ သို့သော်သူက အထိတ်တလန့် မဖြစ်သွားချေ။ မည်သို့ပင်ဆိုစေ အထိတ်တလန့် ဖြစ်သွားလျှင် စိတ်ရှင်းရှင်းဖြင့် ဖြေရှင်းနိုင်တော့မည် မဟုတ်ချေ။

ဒီအခန်းထဲတွင်လည်း ထွက်ပြေးလွတ်မြောက်စရာ နေရာရှာမတွေ့သည့်အပြင် သူကိုယ်တိုင်ကလည်း ထိုကဲ့သို့ သရဲကဲ့သို့ ဖြစ်တည်မှုများနှင့် အတွေ့အကြုံ အလွန်ကြွယ်ဝသည့်အလျောက် အခန်းအတွင်းမှ ပြောင်းလဲမှုကို သတိထားမိလိုက်သည်။ အရိပ်များက ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုမျိုး ပြုခဲ့ဖူးသည့်တိုင်အောင် ထိုမကောင်းဆိုးဝါးကြီးက ပေါ်လာသည်နှင့် ချက်ချင်းလိုလို ပျောက်ကွယ်သွားကြသည်။

"ကြည့်ရတာ ဒီမှတ်စုကိုပဲ အရင်ဖတ်တာ ကောင်းမယ်ထင်တယ်"

ကုဝူကျိက သူ၏အရှေ့တွင် မှတ်စုစာအုပ်ကို ဖွင့်လိုက်ပြီး ထိုမကောင်းဆိုးဝါး၏ အားနည်းချက်ကို ရှာလိုက်သည်။ မီးဖိုခန်းအတွင်းမှ သရဲကမူ သူအသက်ရှင်ချိန်က ထိုမကောင်းဆိုးဝါး၏ အားနည်းချက်က မီးဟုတွေးခဲ့သော်လည်း သူကထိုမကောင်းဆိုးဝါး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသေးသည့်အတွက် သူ၏အတွေးက မှားယွင်းနေခြင်း ဖြစ်လောက်သည်။ ဒီမှတ်စုစာအုပ်ထဲတွင် တစ်စုံတစ်ရာကို မှတ်တမ်းတင် ထားကောင်းထားနိုင်သည်။

အခြားတစ်ဖက်ခြမ်းတွင် အမှောင်ထဲတွင် ပုန်းအောင်းနေသည့် သယွမ်ဖေးဆိုသော လူကမူ ကြောက်လန့်လွန်းသဖြင့် တောင့်တင်းနေပြီဖြစ်သည်။ သူက တစ်ဖက်သူကို ဒီနေရာထဲသို့ဝင်အောင် ကြံစည်ခဲ့သူဖြစ်ပြီး ဒီအခြေအနေကို အခွင့်ကောင်းယူကာ ကုဝူကျိကို ရင်ဆိုင်လိုသည်။

ဒါပေမဲ့ အခြေအနေက ဒီလိုကြီး ပြောင်းသွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

ထိုသို့အရေးကြီးသော အခြေအနေမျိုးတွင် ကုဝူကျိက မှတ်စုစာအုပ်ကို ဖွင့်ဖတ်နေရဲသေးသည်။

ဒီလူက ဘာဖြစ်တာလဲ။ ဘာလို့ ဒီအခြေအနေမှာတောင် တည်ငြိမ်နေတာလဲ အာ။

အခန်းထဲတွင်ရှိသည့် အတွင်းပိုင်း တည်ဆောက်ပုံအရ လမ်းကကျဉ်းသည့်အတွက် ကုဝူကျိကသာ သေသွားသည်နှင့် နောက်ထပ် သေရမည့်လူက သူဖြစ်သည်။ သယွမ်ဖေး၏နဖူးတွင် ချွေးစေးများက စိုရွှဲနေပြီဖြစ်သည်။

မဟုတ်သေးဘူး ဒီကောင်က သေချာပေါက် ဒီသားရဲနဲ့ တိုက်ခိုက်နိုင်လောက်မှာပါ ဟုတ်တယ်မလား။

သူကိုယ်တိုင်ပင် ထိုစကားကို မယုံကြည်သော်လည်း ကုဝူကျိက တစ်စုံတစ်ရာ လုပ်နိုင်ရန်သာ မျှော်လင့်လိုက်တော့သည်။

"သူပြန်လာပြီ သူ့ကိုသစ္စာဖောက်ခဲ့တဲ့ ငါ့တို့ကို သတ်ဖို့တော့မဟုတ်ဘဲ ငါတို့ကို တောထဲကိုပဲ ထွက်သွားခိုင်းတယ်"

"ဒါပေမဲ့ဒါက အဆုံးမဟုတ်သေးဘူး... တောထဲကအရာအားလုံးက ပြောင်းသွားပြီ။ သူတို့အားလုံး သေသွားကြပြီ။ ငါတစ်ယောက်ထဲပဲ ကျန်တော့တယ်။ သူငါ့ကို အလွတ်မပေးမှာ သေချာနေပြီ"

"သိပ်မကြာခင်က တစ်ခုခုကငါ့ကို စောင့်ကြည့်နေတယ်လို့ အမြဲခံစားနေရတာ။ ဒါပေမဲ့ ဘာဖြစ်နေနိုင်မလဲ မဟုတ်သေးဘူး ငါအဲ့ဒါကိုသာ ရှာမတွေ့နိုင်ရင် ငါဒီနေရာမှာပဲ သေသွားရလိမ့်မယ်"

"အဲ့ဒါအဲ့ဒီ မကောင်းဆိုးဝါးကြီးပဲ။ သူပေါ်လာပြီ ငါကသာ မီးတုတ်ကို မကိုင်ထားရင် သူငါ့ကို သတ်ပြီးသွားလောက်ပြီ။ သေစမ်း ငါဒီလိုနေရာမျိုးမှာ ဆက်ပြီးမနေချင်တော့ဘူး"

နောက်ပိုင်းပါသော စာရွက်များကမူ အဖြဲခံထားရပြီး သူမီးဖိုခန်းထဲတွင် ရှာတွေ့ခဲ့သော စာရွက်များ ဖြစ်ဟန်တူသည်။

ကုဝူကျိ "..."

ဒီလူဒီနေရာမှာ သေသွားတာ မအံ့သြတော့ပါဘူး။ စာအုပ်ထဲကရတဲ့ သတင်းအချက်အလက်တွေ အားလုံးက လူတစ်ယောက်ကို သစ္စာဖောက်ထားတယ်ဆိုတဲ့ အချက်အလက်ကလွဲပြီး ထူးထူးခြားခြားမှ ရှိမနေတာ။ အသုံးဝင်တဲ့ စာအုပ်ထဲက အချက်အလက်တွေကလည်း မီးဖိုခန်းထဲမှာ ဖျက်ဆီးထားသေးတယ်။

ဖြစ်နိုင်တာက ဒီအခန်းထဲက အရေးကြီးဆုံးအရာက ဒီပုံကလွဲပြီး မရှိဘူးထင်တယ်။

42 02

ထိုသို့တွေးမိပြီးနောက် ကုဝူကျိက မှတ်စုစာအုပ်နှင့်ပုံကို ပြန်သိမ်းထားလိုက်ပြီး သိမ်မဝေးသောနေရာတွင် ခန္ဓာကိုယ် ထင်ရှားစွာ ပေါ်နေပြီဖြစ်သည့် မကောင်းဆိုးဝါး သားရဲကြီးကို ကြည့်လိုက်သည်။

ခွေးအဆိုသော စကားလုံးနှင့် ထိုမကောင်းဆိုးဝါးကို ယှဉ်တွဲဖော်ပြ၍ပင် မရချေ။ ကြောက်မက်ဖွယ် ကောင်းလွန်းသော မျက်နှာကြီး ကြီးမားသော ခန္ဓာကိုယ် သွေးနီရောင်လွှမ်းနေသည့် မျက်လုံးကြီးများအပြင် ချွန်ထက်သော အစွယ်များတွင် သားရည်က တတောက်တောက် ကျနေသေးသည်။ ထိုသွားကြီးများဖြင့်သာ အကိုက်ခံရလျှင် အနောက်ဘက် ကောင်းကင်ဘုံသို့ တစ်ခါထဲ လွင့်ပျံသွားလောက်သည်။

"အာ ငါ ငါ့ကိုယ်ငါပဲ မှီခိုရတော့မယ်"

ကုဝူကျိက ပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီး လှုပ်ရှားရန် တွက်ချက်နေသည်။ သူ၏အကြည့်က ထိုမကောင်းဆိုးဝါးထံ ရောက်သွားပြီး မျက်ဝန်းဝံ့သွားချိန်တွင် အသုံးဝင်ကောင်း ဝင်နိုင်မည့် ပစ္စည်းအချို့ကို ထုတ်ယူလိုက်သည်။ သူက အိတ်ဆောင်နာရီကိုဖွင့်ပြီး ကြိုးကိုအသစ်ပြင်ရန် ပြင်ဆင်လိုက်သည်။ သရဲထိန်းချုပ်သည့် စွမ်းရည်က လျို့ဝှက်စွာ ထုတ်သုံးနိုင်လောက်သေးသည်။ ထို့နောက်သူက ပတ်ဝန်းကျင်မှ သေဆုံးပြီးသော ဝိညာဉ်များကိုသာ ဆင့်ခေါ်လိုက်မည်ဆိုလျှင် အနည်းဆုံး ထိုသားရဲကို အလုပ်များသွားအောင် လုပ်ပြီး အချိန်ရလောက်သည်။

သူကသူလုပ်နိုင်သမျှ အရာအားလုံးကိုသာ လုပ်ရတော့ပေမည်။ နောက်ပိုင်း အခြေအနေကမူ ကံကြမ္မာ လက်ထဲသို့သာ အပ်ရတော့ပေမည်။

ပုန်းအောင်းနေသည့် သယွမ်ဖေးကလည်း ကြောင်တောင်တောင် ဖြစ်နေလေပြီ။ သူက တစ်ချက်ကြည့်ရုံနှင့်တင် ကုဝူကျိက ထိုမကောင်းဆိုးဝါးသားရဲကြီးကို ရင်ဆိုင်တိုက်ခိုက်ချင်နေမှန်း မြင်နိုင်သည်။

ဘယ်လိုဖြစ်နိုင်မှာလဲ အာ။ တစ်ချက်ကြည့်ရုံနဲ့တင် ကုဝူကျိရဲ့ ပိန်ပိန်ပါးပါး အားနည်းတဲ့ ခန္ဓာကိုယ်လေးနဲ့ တစ်ဖက်က အကောင်ကြီးကြီးလူကို ဘယ်လိုရင်ဆိုင်မှာလဲ။ နောက်ပြီး အဲ့ဒီမကောင်းဆိုးဝါး သားရဲကြီးက တစ်ချက်ကိုက်လိုက်ရုံနဲ့တင် သူကသေသွားမှာပဲလေ အာ။

ထို့နောက် တခဏတွင်မူ မကောင်းဆိုးဝါး သားရဲကြီးက အရိပ်ထဲမှ အပြည့်အဝ ထွက်လာလေပြီ။ သို့သော် ကုဝူကျိထံသို့ တိုက်ရိုက် ခုန်ဝင်သွားရမည့်အစား တစ်ဖက်သို့လှည့်ကာ တံခါးဘေးရှိ ဗီဒိုထံသို့ ခေါင်းကိုကွေ့လာသည်။

ထိုဗီဒိုကြီးက ချက်ချင်းလိုလို အပိုင်းပိုင်းအစစဖြစ်အောင် ပေါက်ကွဲသွားပြီးနောက်တွင် ပုန်းနေသောလူက ပေါ်လာသည်။

"သေစမ်း ဘာလို့ငါ့ဆီလာတာလဲ"

သယွမ်ဖေးကလည်း ချက်ချင်းလိုလို ထိတ်လန့်ပြီး ထွက်ပြေးတော့သည်။ သူက အလွန်အမင်း ထိတ်လန့်လွန်းသော်လည်း မရေမတွက်နိုင်သော အတွေ့အကြုံများကို ရရှိခဲ့ပြီးဖြစ်သည့် အလယ်အလတ်အဆင့် ပုံတူလောကကစားသမားတစ်ယောက် ဖြစ်နေလေသည်။ ထို့ကြောင့် သတိလက်လွတ် အခြေအနေဖြင့် သူ၏ပိုင်ဆိုင်သော ပစ္စည်းတစ်ခုကို အသက်သွင်းလိုက်ကာ အလင်းလုံးကြီးက ထင်ရှားစွာ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံပေးသည့် ဒိုင်းအကာအကွယ် ဖြစ်သွားသည်။

ရုတ်တရက် ကံကြမ္မာ အလှည့်အပြောင်းကြောင့် ကြောင်သွားသော ကုဝူကျိ "???"

အာ ဘယ်နေရာကနေ လူပိုက ထွက်လာတာလဲ။ ထိုသားရဲကြီး၏ အစွယ်ကြီးများက ထိုဒိုင်းကြီးကို ချက်ချင်းလိုလို ပေါက်ကွဲသွားစေသည်။ ကွဲအက်သွားသော အသံများနှင့်အတူ ချက်ချင်းလိုလို ဒိုင်းကပျောက်ကွယ်သွားတော့သည်။

"သေစမ်း ငါဒီနေရာမှာ သေရတော့မယ်"

သယွမ်ဖေးကလည်း ထိုအခြေအနေကို မြင်သောအခါ အော်ငိုချင်သွားသည်။ သို့သော် မျက်ရည်က မထွက်ချေ။ ထိုအခြေအနေတွင် အခြားတစ်ဖက်မှ ကုဝူကျိ၏အသံကို ကြားလိုက်ရသည်။

"မစိုးရိမ်နဲ့ နည်းနည်းလောက်ပဲ ထိန်းထားပါ။ ငါမင်းကို လာကယ်မယ်"

သယွမ်ဖေးက သူ၏နားကိုပင် ကိုယ်တိုင် မယုံကြည်နိုင်တော့ချေ။ သာမာန်လူတစ်ယောက်က ထွက်ပြေးရန် အခွင့်အရေးရှိလျှင် သေချာပေါက် ထွက်ပြေးသွားပြီးလောက်ချေပြီ။ မည်သို့ပင်ဆိုစေ ဒီပုံတူလောကဆိုလျှင် လူဆယ်ယောက်ကိုသာ အသက်ရှင်ခွင့်ပြုထားကာ ရိုက်နှက်စရာမလိုဘဲ တစ်စုံတစ်ယောက် လျော့သွားခြင်းကလည်း ကောင်းသောအခွင့်အရေး ဖြစ်လေသည်။ သို့သော် ကုဝူကျိက ထွက်မပြေးသွားခဲ့ချေ။

နောက်ပြီး သူ့ကိုတောင် ကယ်အုံးမှာတဲ့လား။

လုယွမ်ကျိုးက အလွန်ကြင်နာတတ်သည်ဟု သူထင်ခဲ့မိသည့်တိုင်အောင် ထိုတခဏတွင် တစ်စုံတစ်ယောက်က ကိုယ့်ကိုယ်ကိုပင် မနည်းကယ်တင်ရမည့် အခြေအနေမျိုးတွင် တစ်ဖက်က ကူညီမည်ဟု ပြောလာသည့်အခါ မခံစားသွားရဘဲ မနေနိုင်တော့ချေ။

သယွမ်ဖေးကလည်း စိတ်အခြေအနေ ပြောင်းလဲသွားပြီး ကုဝူကျိကိုကြည့်ရင်း မျက်ရည်များ ကျဆင်းလာတော့သည်။

42 03

ကုဝူကျိက အသက်ပြင်းပြင်းရှုပြီး ရုတ်တရက် ရှေ့သို့တက်လှမ်းလာကာ ထိုမကောင်းဆိုးဝါးကြီးကို ပြင်းပြင်းထန်ထန် ဆောင့်ကန်တော့သည်။

မူလက သာမာန်လူတစ်ယောက်၏ တိုက်ကွက်လောက်က ထိုမကောင်းဆိုးဝါး သားရဲကြီးအပေါ် အယားပင် ပြေသွားစေမည် မဟုတ်ချေ။ သို့ရာတွင် သယွမ်ဖေးကမူ ထိုမကောင်းဆိုးဝါး သားရဲကြီး၏ကိုယ်က ရုတ်တရက် ကန်ချက်ကြောင့် တောင့်တင်းသွားကြောင်း မြင်လိုက်ရပြီး ရုတ်တရက် ထအော်တော့သည်။

သားရဲထံမှ အလွန်အမင်း မုန်းတီးသည့်ခံစားချက်ကို ဆွဲဆောင်လိုက်နိုင်သည့် ကုဝူကျိကလည်း စားပွဲပေါ်မှ ဆီမီးအိမ်ကို ခပ်မြန်မြန်ယူပြီး ကြမ်းပြင်ပေါ်တွင် အရှုပ်အထွေးများ ပုံထားသည့်နေရာသို့ သွားလိုက်တော့သည်။ ထိုသားရဲကြီးက အရှေ့ရှိသားကောင်ကို ကရုမစိုက်တော့ဘဲ အလျှင်မြန်ဆုံး အရှိန်နှုန်းဖြင့် ကုဝူကျိဘက်သို့လှည့်ကာ လိုက်တော့သည်။ ကျဉ်းမြောင်းသော အခန်းအတွင်းတွင် သားရဲကြီးနှင့် ကုဝူကျိတို့က ချက်ချင်းလိုလို ပက်ပင်းတိုးကြပြန်သည်။

"နောက်ကိုကြည့်"

သယွမ်ဖေးက ရုတ်တရက် သတိလက်လွတ်အော်ကာ သတိပေးလိုက်သည်။ သူက ကုဝူကျိအတွက်ပင် စိုးရိမ်သွားသေးသည်။

"ငါသိတယ် အခုအချိန်ပဲ"

ကုဝူကျိက ထိုအမှိုက်ပုံနားသို့ ရောက်သွားပြီးသည်နှင့် ယခင်က သူတွေးထားသောအကြည့်ကို အကောင်အထည် ဖော်လိုက်ကာ ဖမ်းကိုင်ထားသည့် ခရီးဆောင်နာရီကို ဖွင့်လိုက်ပြီး ထိုမကောင်းဆိုးဝါး သားရဲကြီးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

တောက်ပလွန်းသည့် အလင်းက ဖြာထွက်လာပြီးနောက်တွင် လူငယ်တစ်ယောက်၏ ဝေဝါးသည့် ပုံရိပ်က ပေါ်လာကာ ထိုသားရဲ၏ လှုပ်ရှားမှုများကို ချက်ချင်းလိုလို ရပ်တန့်သွားလေသည်။

"ကျေးဇူးတင်ပါတယ် အော်စတင်"

ထိုသို့အရေးကြီးသော အခြေအနေတွင်ပင် ကုဝူကျိက ကြိုးကိုချက်ချင်းလိုလို တုန့်ဆိုင်းမနေဘဲ ထုတ်သုံးကာ ထိုသားရဲ၏လည်ပင်းကိုချည်သည်။ ထို့နောက် ဆီမီးအိမ်ကိုလည်း ထိုအမှိုက်ပုံသို့ တုန့်ဆိုင်းမနေဘဲ ပစ်ချလိုက်တော့သည်။

အသုံးမဝင်သော ပစ္စည်းများထဲတွင် ဝါဂွမ်းများ၊ စာအုပ်အဟောင်းများ၊ စာရွက်များ၊ မီးစွဲနိုင်စေသော ပစ္စည်းများပါသည်။ ထို့ကြောင့် ချက်ချင်းလိုလို မီးကတောက်လောင်လာတော့လေရာ ထိုသားရဲ၏ မျက်ဝန်းထဲတွင် ကြောက်လန့်မှုက ကြီးစိုးလာတော့သည့်အတွက် နောက်သို့ ခြေလှမ်းဆုတ်သည်။

"ပြေးနိုင်မယ်မထင်နဲ့" ကုဝူကျိက အေးစက်စွာပြောပြီး အနောက်မှတဆင့် ထိုသားရဲကြီး၏ကိုယ်ကို တားထားသည်။

သူ၏အံ့အားသင့်စရာကောင်းသော အင်အားကြောင့် ထိုသားရဲက ရုန်းကန်လွတ်မြောက်လိုသည့် တိုင်အောင် မလုပ်နိုင်ခဲ့ဘဲ ထိုမီးများ၏ စွဲလောင်ခြင်းကို ခံရတော့သည်။

ကုဝူကျိက ထိုအခါမှသာ သတိထားလိုက်မိသည်။ သားရဲကို မီးသုံးကာ တိုက်ခိုက်ခြင်းက မှန်ကန်သည့် နည်းလမ်းဖြစ်သည်။ သို့သော် သာမာန်မီးတုတ်လောက်က သားရဲတစ်ကောင်ကို သတ်နိုင်မည်မဟုတ်ချေ။ အနှစ်ချုပ်ဆိုရသော် သားရဲကို မသတ်နိုင်ခဲ့ဘဲ ထိုအခွင့်အရေးကိုသာယူပြီး ထိုသားရဲကြီးက မီးဖိုခန်းထဲမှ သရဲကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်လောက်သည်။

သားရဲတစ်ကောင်ကို ရင်ဆိုင်ခြင်းကတင် ကြီးမားသော တာဝန်ကြီးတစ်ခုကဲ့သို့ ဖြစ်သွားသည်။ သူ၏နဖူးတွင်လည်း ချွေးများရွှဲနေလေပြီ။ သူ့တွင်လည်း အခြားသော အကြံအစည်များကို စတင် တွက်ချက်နေရသေးသည်။

"ထွက်လာတော့"

ကုဝူကျိ၏အသံနှင့်အတူ ပတ်ဝန်းကျင်မှ အသိစိတ်မဲ့သော ဝိညာဉ်ပေါင်းများစွာက ရောက်လာပြီး သားရဲ၏ကိုယ်ကို အောက်သို့ဆွဲချကြသည်။

ထိုမြင်ကွင်းကြောင့် သယွမ်ဖေးက ကြောင်အသွားသည်။ သူမနေနိုင်ဘဲ ကုဝူကျိကို ဦးစွာမရင်ဆိုင်သည်က ကောင်းသည်ဟုသာ သတ်မှတ်လိုက်မိသည်။ မဟုတ်လျှင် အရှေ့မှ အခြေအနေကို ခံစားနေရသူက သူဖြစ်သွားနိုင်သည်။ မည်သို့ပင်ဆိုစေ ကုဝူကျိက သာမာန်လူမဟုတ်ချေ။

သားရဲ၏ကိုယ်ကလည်း မီးထဲတွင် ဖောက်ထွင်းမြင်ရမတက် ကြည်လင်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းသံကလည်း တုန်ခါသထက် တုန်ခါလာကာ အခန်း၏နံရံများကပင် ရုန်းခါသလို လှုပ်ခါလာတော့သည်။

"မင်းကဘယ်ကို စိုက်ကြည့်နေတာလဲ"

ကုဝူကျိက တံခါးနားမှလူကို လှမ်းအော်လိုက်ပြီး သူ၏အသံထဲတွင် ရှားပါးသော အလျင်လိုမှုများက ပါဝင်လာသည်။

သယွမ်ဖေးက ချက်ချင်းလိုလို တုန့်ပြန်ကာ အပြေးထွက်လာပြီး သားရဲ၏ကိုယ်ထံသို့ အပြေးရောက်လာကာ နောက်ဆုံးတွင် ကြောက်လန့်မှုကို ဖယ်ခွာလျှက် ကုဝူကျိကို လေးစားမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ သူက မည်သည့်အတွက်ကြောင့် ထိုနေရာသို့ ရောက်နေကြောင်းကိုပင် မေ့သွားလေပြီ။

42 04

သေချာစွာပင် လောင်ကျွမ်းနေသော သားရဲကြီးက တဖြည်းဖြည်းချင်း မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားသည်။ ချောက်ချားဖွယ်ကောင်းသော ခံစားချက်ကလည်း ချက်ချင်းလိုလို ပျောက်ကွယ်သွားတော့သည်။ သို့သော် မီးက ရပ်မည့်အနေအထား မရှိဘဲ တစ်ခန်းလုံးကို လောင်ကျွမ်းလာတော့သည်။

ကုဝူကျိက စိတ်အေးသွားပြီး ချွေးစေးများကို သုတ်လိုက်သည်။ မတိုင်မီက အခြေအနေ တစ်ခုအထိ သူက ချောက်ချားဖွယ်ကောင်းသော အခြေအနေကို ရင်ဆိုင်ခဲ့ရပြီး မတော်တဆ ဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။

"အခုအခြေအနေကို ကြည့်ရတာ ငါတို့မြန်မြန် လှုပ်ရှားမှ ဖြစ်တော့မယ်"

ကုဝူကျိက သယွမ်ဖေးကိုကြည့်ပြီး အလျင်စလိုပြောသည်။

"ငါ့ရဲ့နောက်က လိုက်ခဲ့ပါ"

"အာ"

သယွမ်ဖေးကလည်း မည်သည့်အတွက်ကြောင့် အစ်ကိုကြီးတစ်ယောက် ရလိုက်သလို ခံစားချက်မျိုးကို ရလိုက်ကြောင်း မသေချာတော့ချေ။ ထို့ကြောင့် သတိလက်လွတ်ဖြင့် ခေါင်းညိမ့်ပြီး နောက်မှ လိုက်သွားလိုက်သည်။

နှစ်ယောက်လုံးက မီးဖိုခန်းထဲသို့သွားသည်။ ကုဝူကျိက လေဟာနယ်ပြင်ထဲသို့ ဓာတ်ပုံကို ထုတ်ပြလိုက်ပြီး ပြောလိုက်သည်။

"ခင်ဗျားလိုချင်တာကို ကျွန်တော် ရလာပြီ။ ကတိပေးထားတဲ့ အတိုင်းပဲ အရာအားလုံးကို ပြောပြပါတော့"

အခန်း ၄၂.၂

မီးဖိုချောင်သုံးဓားမှ သွေးအစင်းရာများက နီရဲတောက်ပလာပြီးနောက်တွင် တစ်စုံတစ်ရာက ရုန်းကန်ထွက်ချင်သလို ဖြစ်လာသည်။ ထို့နောက် ဦးစွာပေါ်လာသည်က လက်တစ်ဖက်ဖြစ်သည်။ ထိတ်လန့်သဲဖို ရုပ်ရှင်များ အတွင်းတွင်သာဆိုလျှင် ထိုမြင်ကွင်းက မထူးဆန်းချေ။ သယွမ်ဖေး ကိုယ်တိုင်ကပင် ထိတ်လန့်သွားသေးသည်။

ကုဝူကျိက တခဏခန့် တွေးတောပြီးနောက်တွင် ထိုလက်ကို တုန့်ဆိုင်းမနေဘဲ ဆွဲထုတ်လိုက်သေးသည်။ ထိုနည်းအားဖြင့် သရဲက ချောချောမွေ့မွေ့ သွေးအိုင်ထဲမှ ထွက်လာနိုင်သွားသည်။

သေစမ်း နည်းနည်းပါးပါး ကြွားလို့ရအောင်လေး သရဲကို အခွင့်အရေး မပေးနိုင်ဘူးလား။

"ကောင်းပြီ ကျေးဇူးတင်ဖို့မလိုဘူး"

ကုဝူကျိက တည်ငြိမ်စွာပြောပြီး သရဲကိုကြည့်သည်။

"ကျွန်တော်တို့အားလုံး အလျင်လိုနေတယ်"

သရဲက ဒေါသထွက်ချင်သော်လည်း ရုတ်တရက် တစ်စုံတစ်ရာကိုကြည့်ပြီး အံ့သြသွားလေသည်။ အကြောင်းမူကား ကုဝူကျိလက်ထဲတွင် ဓာတ်ပုံတစ်ပုံ ရှိနေသည်။

"မင်းရလာတာပဲ ဘယ်လိုဖြစ်နိုင်မှာလဲ အပေါ်ထပ်မှာ အဲ့ဒါကြီးက ..."

"ခင်ဗျား မကောင်းဆိုးဝါးလို့ ခေါ်တာက အဲ့ဒီ ခွေးအဆိုတာ မဟုတ်လား။ သူ့ကိုကျွန်တော်တို့ ဖြေရှင်းပြီးပြီ"

ကုဝူကျိကပြောသည်။

သရဲက ထိတ်လန့်သွားသည်။ သူက မဖြစ်နိုင်သော တစ်စုံတစ်ရာကို ကြားလိုက်ရသလိုမျိုး အလွန်အမင်း ချောက်ချားသွားတော့သည်။ ထို့နောက် ခေါင်းကိုချက်ချင်း ပြန်ခါကာ ခါးသီးစွာရယ်တော့သည်။

"မီးကိုသုံးလိုက်တာမဟုတ်လား ဒါပေမဲ့ အဲ့ဒီခွေးအက အလွယ်တကူ သတ်လို့လွယ်တာမှ မဟုတ်တာ။ မင်းတို့သူ့ကို ရင်ဆိုင်ဖို့က ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းတို့က ငါ့ထက်တော်နေရအုံးမှာလား"

သယွမ်ဖေး "..."

သူဘာလို့မှန်းမသိဘူး ရုတ်တရက် ရှက်သွားသလိုပဲ။ ဒီအတိုင်း ပဲငံပြာရည်ပုလင်း ဝယ်လိုက်ပြီး အထဲမှာ ဘာမှမပါသလိုမျိုး။

"ပြောရရင် မင်းတို့က လုပ်နိုင်ပြီဆိုမှတော့ ငါကမင်းတို့ကို အားလုံးပြောပြရမှာပေါ့။ ဒါပေမဲ့ မင်းတို့ တကယ်ပဲ သိချင်ရဲ့လား"

သရဲ၏လေသံက ကျောစိမ့်ဖွယ် ကောင်းသွားသည်။ သယွမ်ဖေးက ထိုစကားကိုကြားသည်နှင့် တစ်စုံတစ်ရာကို သတိရသွားပြီး ကုဝူကျိကို အံ့အားတကြီး တို့ထိလိုက်ကာ ပြောလိုက်သည်။

"ဒါက ဖုံးကွယ်ထားတဲ့တာဝန် ဖြစ်လောက်တယ်"

"အို တစ်ခုခု မှားနေလို့လား"

ကုဝူကျိကလည်း ခေါင်းညိမ့်လိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်ပြီးသလို ဖြစ်သွားသည်။

42 05

သယွမ်ဖေးက စိတ်လှုပ်ရှားနေသည့်တိုင်အောင် မသက်မသာ ဖြစ်နေသေးသည်။

"ဒီလိုဖုံးကွယ်ထားတဲ့ တာဝန်တွေက ပုံတူလောကတိုင်း ရနိုင်တာမှမဟုတ်တာ။ ဒါပေမဲ့ အောင်မြင်အောင် လုပ်နိုင်သမျှ ကာလပတ်လုံး အသက်ရှုမှားလောက်တဲ့ ဆုလဒ်တွေကို ရရှိနိုင်စွမ်းရှိတယ်။ တစ်ချိန်ထဲမှာပဲ ဒါကဒီပုံတူလောက တစ်ခုလုံးရဲ့ ခက်ခဲမှုကို တိုးမြှင့်သွားစေနိုင်စွမ်းရှိလို့ လူသေနှုန်း ပိုများသွားနိုင်တယ်"

"ဒီပုံတူလောကက ဖုံးကွယ်ထားတဲ့ တာဝန်က မလွယ်ကူလောက်ဘူး။ ဒါကြောင့် သတိထားတာ အကောင်းဆုံးပဲ"

ထိုသို့ပြောပြီးနောက် ပုံတူလောကအတွင်းသို့ ရောက်လာသော လူများအားလုံးကလည်း အသက်ကို ကာကွယ်နိုင်ရန် တိုက်ခိုက်ရမည်ဖြစ်ကြောင်း နားလည်သွားသည်။ မည်သူကမှ ဒီလိုတာဝန်မျိုးအတွက် ရလာမည့် ဆုလဒ်များက မက်မောလောက်စရာ ဖြစ်နေလေရာ လက်မလျော့လိုကြပေ။ မည်သို့ပင်ဆိုစေ လူသေများပင်ဆိုလျှင် သေရမည့်လူက သူတို့မဟုတ်ချေ။

"ကျွန်တော် ကြားချင်တယ်"

ကုဝူကျိက ထိုသရဲကိုကြည့်ပြီး ပြောလိုက်သည်။

"အရာအားလုံး ပြောပြပါ"

သယွမ်ဖေးကလည်း ထိုသို့ပြောလာမည်ဖြစ်ကြောင်း မျှော်လင့်ထားပြီးသားဖြစ်သည်။ ကုဝူကျိကဲ့သို့သော အင်အားမျိုး ပိုင်ဆိုင်ထားသည့် လူတစ်ယောက်အနေနှင့် ဒီလိုအခွင့်ကောင်းမျိုးကို လက်လွှတ်ခံမည် မဟုတ်ချေ။

ပြောရလျှင် ကုဝူကျိက အခြေအနေက ထိုမျှအထိ ရောက်ရှိလာပြီဆိုကတည်းက သူ့အနေဖြင့် မဆွေးနွေးဘဲ နောက်ဆုတ်ရန် မဖြစ်နိုင်တော့ချေ။ သူကိုယ်တိုင်ကလည်း ကိစ္စတစ်ခုလုံး၏ အမှန်တရားကို မသိနိုင်လျှင် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း နားလည်နေသည်။

"မင်းကဒီလို တွန်းအားပေးနေမှတော့လည်း..."

သရဲက သက်ပြင်းချသည်။

"ငါမင်းကို ပြောပြလိုက်ပါ့မယ်။ ကိစ္စတွေက ဒီလိုရှိတယ်။ ဒီကျွန်းပေါ်မှာ သက်ရှိသတ္တဝါ တစ်ကောင်မှ မရှိဘူး။ တကယ်တော့ မင်းကိုယ်တိုင်တောင်မှ အစစ်အမှန် ရှင်သန်နေတာ မဟုတ်ဘူး။ တိတိကျကျ ပြောရရင် ရှင်ခြင်းနှင့် သေခြင်းကြားက အခြေအနေမျိုးမှာ ငါတို့က ရှိနေတာ။ မင်းတို့ကောင်တွေ ဒီကျွန်းကို ခေါ်လာခံရတာကိုက ကံဆိုးတာပဲ"

"ဘာ"

သယွမ်ဖေးက ထိုစကားကို ကြားသောအခါ အံ့သြသွားလေသည်။ သူကလည်း ဒီကျွန်းမှ တည်ဆောက်ထားပုံအရ MPCများက လူသားများမဟုတ်ကြောင်း သေချာထားသည့်တိုင်အောင် ဇာတ်ညွှန်းတွင်ပင် သက်ရှိမရှိဟု ပြောလာမည်ဟု မထင်ထားမိချေ။

"ဆိုတော့ ဒီလိုဖြစ်နေတာကိုး"

ကုဝူကျိက ဇာတ်ညွှန်းကိုပင် စတင်သုံးသပ်နေလေပြီ။

"ဒါပေမဲ့ ဒါကအရင်က ကိစ္စပဲ။ အခုဆိုရင် ဒီကျွန်းပေါ်က အထက်တန်းလွှာတွေက စိတ်လှုပ်ရှားမှုကိုပဲ အဓိက အားစိုက်ထားကြတော့တယ်။ အမဲလိုက်ကွင်းပြင်က သယ်ဆောင်လာခံရတဲ့ သားကောင်တွေကို သူတို့အမဲလိုက်တဲ့နေရာပဲ။ သူတို့က နောက်ဆုံး တစ်ယောက်ပဲ ကျန်တဲ့အထိ လူမသတ်ကြပါဘူး။ ဒီတော့ အသတ်ခံရတဲ့ သားကောင်ပမာဏက နည်းတယ်။ ဘာပဲဖြစ်ဖြစ် သက်ရှိလူသား တစ်ယောက်အနေနဲ့လည်း မလွယ်ကူဘူးလေ"

သရဲက ဆက်ပြောသည်။

"ငါလည်း အဲ့ဒီလိုသားကောင်တစ်ကောင် ဖြစ်ခဲ့တယ်"

ကုဝူကျိက ခေါင်းညိမ့်သည်။ သူက ထိုအကြောင်းအရာကို တွေးထားပြီးသားဖြစ်ပြီး ကျွန်း၏ ဇာတ်ညွှန်းအနေနဲ့ ဖော်ပြထားပြီးသားဖြစ်သည်။

"ငါတို့က သာမာန်သားကောင်တွေလိုမျိုး သေသွားခဲ့သင့်တာ။ ဒါပေမဲ့ တစ်ရက်မှာတော့ သူပေါ်လာတယ်"

သရဲက ခံစားချက် ရှုပ်ထွေးသွားဟန်ဖြင့် ထိုပေါ်လာသည်ဆိုသော လူထံ အလွန်အမင်း နှစ်သက်သည့် အမူအရာမျိုးက ပေါ်လာသော်လည်း ကြောက်လန့်မှုနှင့် အပြစ်မကင်းမှုက ကပ်ပါလာသေးသည်။

"အဲ့ဒီလူက အရမ်းကြင်နာတတ်ပြီး ဖြောင့်မတ်မှန်ကန်လွန်းတယ်။ သူက သားကောင် မဖြစ်ချင်ရုံသာ မကဘဲ အခြားလူတွေကိုတောင် ကယ်ဖို့ကြိုးစားခဲ့သေးတယ်။ သူ့ရဲ့အင်အားကြောင့် လူတိုင်းက ရှင်သန်နိုင်ချေ ရှိတာတောင် တွေ့ခဲ့ရတယ်"

"ဒါပေမဲ့ မျှော်လင့်မထားဘဲ သူက အရင်းနှီးဆုံး အပေါင်းအဖော်ရဲ့ သစ္စာဖောက်တာကို ခံလိုက်ရတယ်"

42 06

ကုဝူကျိနှင့် သယွမ်ဖေးတို့ကလည်း စကားတစ်ခွန်းမျှ မဆိုကြချေ။ မည်သို့ပင်ဆိုစေ သစ္စာဖောက်သော လူကလည်း သူတို့၏ရှေ့တွင်ရှိသော သရဲဖြစ်ကြောင်း သိနေလေသည်။

သစ္စာဖောက်သော လူအတွက်မူကား ဒီပုံတူလောကမှ ရက်စက်ကြမ်းတမ်းသော ရန်ငြိုးကြီးဝိညာဉ် တစ်ကောင် ဖြစ်သွားခဲ့ရသည်။

"သူက အထက်တန်းလွှာတွေရဲ့ အသရည်ကို စိန်ခေါ်ပြီး အခြေအနေ အားလုံးကို ကျော်ဖြတ် သတ်ဖြတ်ခဲ့တယ်။ ဒီကျွန်းရဲ့ပိုင်ရှင်က သူ့အပေါ် မကျေနပ် ဖြစ်လွန်းလို့ အမိန့်တစ်ခု ထုတ်ပြန်လိုက်တယ်။ သူသာသေသမျှ ကာလပတ်လုံး ကျန်တဲ့လူတိုင်းက ဆုလက်ဆောင်တွေကို ရမဲ့အပြင် တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း ရမယ်။ နောက်ပြီး ဒီနေရာက အရှင်လတ်လတ် ထွက်သွားနိုင်ကြလိမ့်မယ်"

သရဲက ထိုသို့ပြောလိုက်ပြီးနောက် အမူအရာက ခံစားချက်ပို၍ ရှုပ်ထွေးလာသည်။

"နဂိုကသူ့ကို ယုံကြည်တဲ့ လူတွေအားလုံးက ရုတ်တရက် ခံစားချက် ရှုပ်ထွေးသွားကြတယ်။ အရာအားလုံးရဲ့ နောက်ကွယ်မှာ အထက်တန်းလွှာတွေကို ပုန်ကန်လို့ စိတ်ရှိနေတာက ကိုင်တွယ်ဖို့ ခက်ခဲတဲ့ကိစ္စပဲ။ ဒါပေမဲ့ သူ့ကိုသာသတ်လိုက်ရင် ပိုပြီးလွယ်မသွားနိုင်ဘူးလား။ ဒီတော့ လူတိုင်းရဲ့ အပြုအမူက အပေါ်ယံပဲ ရှိကြတော့တယ်"

သယွမ်ဖေးက ပို၍ပင် ခံစားချက် ရှုပ်ထွေးလာသည်။ ဒီလိုနေရာမျိုးတွင် ထိုကဲ့သို့သော လူကောင်းတစ်ယောက်၏ အဆုံးသတ်က ဆိုးရွားခြင်းကလည်း ပုံမှန်သာဖြစ်သည်။ သို့သော် နားထောင်ရသည့်အခါ လူအများ၏ ခံစားချက်က ဆိုးရွားစေသေးလေသည်။

ကုဝူကျိက နားထောင်နေရင်းမှ လက်ထဲတွင်ကိုင်ထားသည့် ဓာတ်ပုံကို မသိမသာမြှောက်ပြီး အလယ်ရှိ လူငယ်လေးကို ကြည့်လိုက်သည်။ သူကရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မမြင်ရသည့်တိုင်အောင် ထိုအချိန်က ဓာတ်ပုံရိုက်ခဲ့သော အချိန်အတောအတွင်းတွင် ပတ်ဝန်းကျင်ရှိ လူတိုင်းက သံသယဝင်ရန် မလိုလောက်အောင် သူ့အား ယုံကြည်ခဲ့လောက်သည်။ သို့သော် ယုံကြည်မှုက ကြာရှည်မခံခဲ့ချေ။

"အဆုံးမှာသူက သူနဲ့အနီးဆုံးလူတွေက အဆိပ်ခတ်တာကို ခံလိုက်ရလို့ ရုတ်တရက် သေဆုံးသွားခဲ့တယ်"

သရဲကပြောသည်။

"ဒီလူတွေကလည်း အထက်တန်းလွှာတွေက ကတိပေးထားတဲ့အတိုင်း ဆုလဒ်တွေရခဲ့တယ်။ ထွက်ခွာဖို့ သင်္ဘောလည်း ရခဲ့တယ်။ သူတို့ကတော့ သူတို့လွတ်လပ်သွားပြီလို့ ထင်ခဲ့ကြတာပဲ"

"ဒါပေမဲ့ နောက်တစ်ရက်မှာ အရာအားလုံးက ပြောင်းသွားတယ်"

သရဲ၏မျက်နှာတွင် ထိတ်လန့်မှုက ကြီးစိုးလာသည်။

"သင်္ဘောပေါ်က အဖွဲ့သားတွေအားလုံး သေသွားပြီး သင်္ဘောကလည်း ကျွန်းရဲ့ဆိပ်ကမ်းကို ပြန်ဆိုက်ကပ်လာတယ်။ ကျွန်းပေါ်က လူတွေအတွက်ကတော့ သူတို့သေနှင့်နေကြပြီ။ သူတို့ သေရုံတင်မကဘဲ အဲ့ဒီသရဲတွေက အဆိုးရွားဆုံးနည်းလမ်းနဲ့ နှိပ်စက်ခံခဲ့ရသေးတယ်"

"ဒါပေမဲ့ အသက်ရှင်နေသေးတဲ့ သင်္ဘောပေါ်က ကျန်ရစ်တဲ့လူတွေကတော့ တောအုပ်ထဲကို အတွန်းပို့ခံရတယ်။ ထိတ်လန့်မှုတွေအပြည့်နဲ့ ရှင်သန်နေရပြီး ထပ်ခါတလဲလဲ အမဲလိုက် ခံကြရတယ်။ သူတို့ကို အမဲလိုက်တဲ့လူက ဒီတစ်ကြိမ်မှာတော့ သက်ရှိမဟုတ်တော့ဘူး"

"အဲ့ဒီကိစ္စတွေ အားလုံးကို ဖြစ်ပေါ်စေခဲ့တဲ့လူက ... အဲ့ဒီလူပဲ"

[ကစားသမားက ဒီကျွန်းရဲ့ အမှန်တရားကို ရှာဖွေတွေ့ရှိသွားပြီ။ အခြေအနေတွေ အားလုံးကလည်း တိုက်ဆိုင်နေတဲ့အတွက်ကြောင့် ဖုံးကွယ်ထားတဲ့တောင်ပေါ်က ရုတ်တရက် အသက်ဝင်သွားပါပြီ။ ဒီကျွန်းရဲ့ကျိန်စာကို ဖယ်ရှားပါ]

[ဖုံးကွယ်ထားတဲ့တာဝန်က ရုတ်တရက် ပေါ်လာတဲ့အတွက်ကြောင့် ဒီပုံတူလောကရဲ့ ခက်ခဲမှုနှုန်းက ဒီကစားသမားအတွက် သီးသန့်မြင့်တက်သွားပါတယ်။ ဒါကြောင့် ကစားသမားအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ အကြံပေးပါတယ်]

[ထပ်တိုးသတိပေးချက်.. ကစာသမား ကုဝူကျိက အခုအချိန်ကစပြီး အခြားသူတွေနဲ့ တူညီတဲ့ အဓိက တာဝန်ကို ကိုင်တွယ်ဖြေရှင်းရတော့မှာ မဟုတ်ပါဘူး]

ကုဝူကျိက ထိုစကားကို ကြားချိန်တွင် တစ်စုံတစ်ရာကိုပင် ကြိုမြင်လာမိသည်။

သယွမ်ဖေး၏ အမူအရာကမူ မပြောင်းလဲချေ။ ထိုကတည်းက ထိုအမှန်တရားကို တစ်ဖက်သူက သိသွားသော်လည်း ဖုံးကွယ်ထားသည့် တာဝန်ကို အသက်သွင်းခဲ့သူက သူဖြစ်နေသောကြောင့် ထိုစနစ်၏အသံကို သူကသာ ကြားရခြင်းဖြစ်လောက်ပြီး အခြားသူများကမူ မသိလောက်ချေ။

မည်သို့ပင်ဆိုစေ ဒါကလည်း အခြားသူများအတွက် မျှတသည်ဟုထင်သည်။ သူတစ်ယောက်ကြောင့် လူတိုင်းက ခက်ခဲမှုကို ရင်ဆိုင်ရမည်ဆိုလျှင် မဖြစ်သင့်ချေ။

ပြောရလျှင် ဖုံးကွယ်ထားသည့် တာဝန်ကို အသက်သွင်းရန်အလို့ငှာ အဓိက အခြေအနေတစ်ခု လိုအပ်သည်။ ထိုလူက မကောင်းသော ရည်ရွယ်ချက်ရှိ၍ မရခြင်းဖြစ်သည်။

သဘာဝကျကျပင် လူအများစု၏စိတ်က ဒီလိုအခြေအနေမျိုးတွင် သန့်ရှင်းစင်ကြယ်နေရန် ခက်ခဲလေပြီး စနစ်ကလည်း ရည်ရွယ်ချက်ရှိရှိ ထိုသို့လမ်းကြောင်းပေးထားသည့်တိုင် ပို၍ဆိုးနေသည်။ သို့ရာတွင် အိမ်အပြင်ဘက်မှ သရဲများက သန့်စင်ခံရပြီးလျှင် ကုဝူကျိကို ကျေးဇူးတင်စိတ်အပြည့်ဖြင့် ထွက်ခွာသွားရသည့်အတွက် ဒါကသူ့အတွက် သက်သေပြချက် တစ်ခုလိုမျိုး ရရှိလာခြင်းလည်းဖြစ်သည်။

42 07

အခြေအနေက အလွန်ရှုပ်ထွေးနေပြီး သက်သေခံရသည့် သရဲများကို သန့်စင်ခြင်းက သာမာန်လူတစ်ယောက် လုပ်နိုင်သော အချက်မဟုတ်ချေ။ သူတို့ကသာ သန့်စင်သည့် စွမ်းရည် သို့မဟုတ် အလားတူသော ပစ္စည်းများကို ပိုင်ဆိုင်ထားလျှင်မူ တစ်မျိုးဖြစ်သည်။ ပြောရလျှင် ထိုမီးဖိုခန်းအတွင်းသို့ သူတို့က ဝင်ရောက်ရန်လိုအပ်ပြီး သရဲထံမှ တာဝန်ကိုလည်း လက်ခံရယူရအုံးမည်ဖြစ်ကာ အပေါ်ထပ်သို့ တက်သည့်အပြင် ထိုခွေးအကိုလည်း ရင်ဆိုင်ရအုံးမည်ဖြစ်သည်။ ထိုအချက်အလက်များ အားလုံးကို ပြီးမြောက်ပြီးမှသာလျှင် ဖုံးကွယ်ထားသည့်တာဝန်က အလိုလို အသက်ဝင်လာမည်ဖြစ်သည်။

ထိုအချက်အလက်များကြောင့် ကုဝူကျိကသာလျှင် အားလုံးကို လုပ်ဆောင်နိုင်ခဲ့ပြီး အသက်သွင်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ကံကြမ္မာ အလှည့်အပြောင်း မဟုတ်သော်လည်း သာမာန်အားဖြင့် မလုပ်နိုင်သည့် ကိစ္စတစ်ခု ဖြစ်နေသည်။ သူကသာ အစပိုင်းကတည်းက ထိုကဲ့သို့သော ဝန်းကျင်တွင် ကျင်လည်ခဲ့ရသော လူဖြစ်သည့်အလျောက် ဖုံးကွယ်ထားသည့် တာဝန်ဆိုသည်မှာ သူ့အတွက် ကိုယ်တိုင်းချုပ်ထားသည့် ဝတ်စုံကဲ့သို့ ဖြစ်နေခြင်းလည်းဖြစ်သည်။

"ဆိုတော့ ဒီကိုဖြစ်ပျက်ခဲ့တာပဲ။ ကျွန်တော် နားလည်ပြီ"

ကုဝူကျိက သရဲကိုကြည့်ပြီး ဆက်ပြောသည်။

"ဒါပေမဲ့ ဒီသစ်လုံးအိမ်က အချိန်မရွေး မီးလောင်ပြာကျသွားနိုင်တယ်။ ခင်ဗျား ဒီနေရာမှာ ဆက်နေရင် ဘာဖြစ်သွားနိုင်လဲ"

"ငါခန့်မှန်းပြီးသားပါ။ ငါက ဒီကျွန်းမှာပဲ ဆက်နေရအုံးမှာပဲ"

ထိုသရဲကပြောသည်။ သူ၏လေသံထဲတွင် ခါးသီးမှုများကပါသည်။ ဘယ်လိုနည်းနဲ့မဆို ဒါကငါနဲ့တန်တဲ့ အပြစ်ပေးမှုပါပဲ။

"အင်း"

ကုဝူကျိကလည်း ခေါင်းညိမ့်လိုက်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။ သူကလည်း တစ်ဖက်သူကို ဖိအားပေးပြီး မသန့်စင်ပေးချင်ချေ။ ထပ်ပြောရန် မလိုလောက်အောင် ဒီကျွန်း၏ အခြေအနေကို ကြည့်ချင်အားဖြင့် ထိုဗီလိန်ခေါင်းဆောင်ကြီးကပင် အလွယ်တကူ သန့်စင်၍မရမှန်း သေချာနေသည်။ ထိုကဲ့သို့ အလားတူမျိုး ဖြစ်တည်မှုမျိုး ရှိနေနိုင်သေးသည်။ သူတို့၏ အခြေအနေအရ ယခင်တစ်ခေါက်က ကြုံခဲ့ဖူးသော တစ္တေသင်္ဘော ပုံတူလောကနှင့်ပင် တူနေသေးလေသည်။

ဒီလူတွေကို ထွက်သွားနိုင်အောင် လုပ်ပေးဖို့အတွက်ဆိုရင် ဒီကျွန်းက ကိစ္စတွေအားလုံးကိုပဲ အောင်မြင်အောင် လုပ်ရတော့မယ်။ သရဲက သွေးအိုင်အတွင်းသို့ ပြန်ရောက်သွားလေပြီ။ သယွမ်ဖေးက ချက်ချင်းလိုလို မတ်တပ်ပြန်ထရပ်ကာ ကုဝူကျိနောက်သို့ ကပ်လာလေသည်။ ကုဝူကျိအနားတွင် နေမှသာလျှင် လုံခြုံသည်ဟု ခံစားရသည်။

"ဟုတ်သားပဲ ငါမေးချင်နေခဲ့တာ"

ကုဝူကျိက သူ့ကိုကြည့်ပြီး သံသယအပြည့်ဖြင့် မေးလာသည်။

"မင်းကဘယ်သူလဲ"

သယွမ်ဖေး "..."

အာ မင်းဘာလို့ အခုမှ လာမေးနေတာလဲ။

အခန်း ၄၂.၃

တောင်ထိပ်ခန်းမထဲတွင်... ခန်းမထဲရှိ လူအုပ်က တိတ်ဆိတ်နေကြပြီး စံအိမ်ပိုင်ရှင်ကို မျက်နှာသေများဖြင့် ကြည့်နေကြသည်။

အစပိုင်းကတည်းက သူတို့ထဲမှ မည်သူကမှ ဒီကျွန်းမှလူများ မဟုတ်ကြပေ။ သူတို့က အမဲလိုက်ပွဲကို ဆင်နွဲရန်အလို့ငှာ ဖိတ်ကြားခံရသော ဧည့်သည်များ ဖြစ်ကြသည်။ သို့ရာတွင် သူတို့မသိသည်မှာ စံအိမ်ပိုင်ရှင်၏ အတိတ်အကြောင်းကို ရုတ်တရက် ကြားလိုက်ရပြီး သူတို့အတွက် မသက်မသာ ဖြစ်သွားရတော့သည်။ သူတို့ တိတ်တိတ်နေသင့်လား စိုးရိမ်ပေးသင့်လားပင် မသေချာတော့ချေ။

"ဒီအခြေအနေထိ ရောက်သွားနိုင်တဲ့ လူတစ်ယောက်ရှိမယ်လို့ ငါမထင်ထားခဲ့ဘူး"

စံအိမ်ပိုင်ရှင်က အေးစက်သော မျက်ဝန်းများဖြင့် ဖန်သားပြင်ကိုကြည့်သည်။

"ဒါကငါ့ကို တကယ်အံ့သြသွားစေတယ်"

အခြားသူများကလည်း မျက်နှာသေဖြင့် လူတစ်ယောက်က အံ့သြသည်ဟု ပြောလာသော်လည်း မည်သည့်ထောင့်မှကြည့်ကြည့် ထိုအံ့သြသည့် ခံစားချက်ကို မမြင်ရသည့်အတွက် ကြောင်တောင်တောင် ဖြစ်သွားကြသည်။

"မင်းပြောတာလည်း ဖြစ်နိုင်တာပဲ"

လူတစ်ယောက်က ပြောလာသည်။

42 08

"ဒီသားကောင်က တကယ်သန်မာတယ်။ သူက ခွေးအကိုတောင် ကိုင်တွယ်နိုင်စွမ်းရှိတယ်။ သူ့ရဲ့ အင်အားကလည်း ဒီသားကောင် အဖွဲ့ထဲမှာ အမြင့်ဆုံးပဲ။ ဒီအတိုင်း ဆက်ဖြစ်နေရင် သူကပဲ နောက်ဆုံး ကျန်တဲ့အဖွဲ့ထဲက ဖြစ်လာလိမ့်မယ်"

"ဒါ့အပြင် ဒီသားကောင်က အခြားသူတွေကို ဒုက္ခပေးတာမျိုး မရှိဘူး။ ဒီတော့ ဒီပွဲထဲမှာ ကိုင်တွယ်ဖို့ မလွယ်ကူလာလောက်ဘူး။ သူ့ရဲ့အင်အားကြောင့် အခြားလူတွေကိုသတ်တာက ခက်ခဲတဲ့တာဝန်မှ မဟုတ်တာ"

အခြားလူတစ်ယောက်က ဝင်ပြောသည်။ သူကလည်း ထိုသားကောင်အပေါ် သဘောကျနေမိသည်။

ဒီအထူးအခြေအနေတွင် ကုဝူကျိက လူများကို ကယ်နေခြင်းဖြစ်သည်။ ဒါကသူတို့အား မျက်စိပွင့်နားပွင့် ဖြစ်လာစေသေးသည်။ သို့ရာတွင် သူတို့က မပြောရဲသော်လည်း ကုဝူကျိ၏ လုပ်ဆောင်မှုများက စံအိမ်ပိုင်ရှင် လုပ်ခဲ့သော အခြေအနေမျိုးနှင့် တူညီနေလေသည်။

"ဒါကစည်းမျဉ်းဖောက်တာပဲ"

စံအိမ်ပိုင်ရှင်က ကြေညာသည်။

"သူကငါ့ရဲ့ အတိတ်အကြောင်းကို သိသွားပြီဆိုကတည်းက ဒီနေရာက အလွယ်တကူ ထွက်သွားလို့ မရတော့ဘူး"

အခြားသူများက စကားတစ်ခွန်းမျှ မဆိုကြဘဲ စံအိမ်ပိုင်ရှင်ကိုသာ ကြည့်နေကြသည်။ သူတို့က ကံအဆိုးဆုံးလူများ ဖြစ်လောက်လေသည်။ သူတို့က ဒီအတိုင်း ပျော်ပွဲရွှင်ပွဲ လာရောက်ဆင်နွဲသော်လည်း ရလဒ်အနေဖြင့် အခြေအနေဆိုးတစ်ခုထဲ ပါဝင်ပတ်သတ်မိသွားသည်။

"ကစားပွဲရဲ့ စည်းမျဉ်းတွေက ပြောင်းသွားပြီ"

စံအိမ်ပိုင်ရှင်က မတ်တပ်ထရပ်ပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့သည်။

"သူ့ကိုသတ်နိုင်တဲ့ ဘယ်သူကမဆို ငါအဲ့ဒီသားကောင်တိုင်းကို အရှင်လတ်လတ် ထွက်သွားခွင့် ပြုမဲ့အပြင် ကစားပွဲနောက်ဆုံးမှာ အနိုင်ရသွားမဲ့လူ ရသင့်တဲ့ ဆုလဒ်တိုင်းကိုပေးမယ်"

သူ၏ပတ်ဝန်းကျင်မှ လူတိုင်းကမူ ကျောချမ်းသွားကြသည်။

စံအိမ်ပိုင်ရှင်၏ အပြာရင့်ရောင် အေးစက်သည့် မျက်ဝန်းများက ကုဝူကျိ၏ ပုံရိပ်ထံသို့ ရောက်လာပြီး ကျောချမ်းဖွယ်ကောင်းသော အမူအရာမျိုးဖြင့် လူသေတစ်ယောက်ကို စကားပြောလာသလိုမျိုး ပြောလာသည်။

"အဲ့ဒီလိုဆိုရင်တောင်မှ မင်းကဆက်ပြီး ရှင်နိုင်အုံးမှာလား"

ဟုတ်သားပဲ ဒီလိုလူမျိုးက ဒီလိုနေရာမျိုးမှာ မရှင်သန်နိုင်သင့်ဘူး။

သူ၏အရှေ့က လူအနေနှင့် ထိုအချက်ကို နားလည်ရန် မျှော်လင့်သည်။

...

ဧည့်ခန်းထဲတွင် ရှိသည့်လူတစ်အုပ်ကမူ မျက်နှာကျက်မှ သရဲနှင့် ရင်ဆိုင်နေသေးသည်။

ထိုသရဲ၏ ဆံပင်ရှည်များက အောက်သို့ကျဆင်းနေပြီး လူတိုင်းကို ပင့်ကူအိမ်များကဲ့သို့ ရစ်ပတ်ထားသည်။

သူတို့က အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြပြီး အမျိုးမျိုးသော ပစ္စည်းများကို ထုတ်ကြသည့်တိုင်အောင် ထိုသရဲကိုရင်ဆိုင်ရန် မလုံလောက်ခဲ့ချေ။ သူတို့အားလုံးက ထိုသရဲနှင့် အလွန်အမင်း နီးကပ်နေသောကြောင့်လည်း ဖြစ်လောက်သည်။

"သေစမ်း ဒီသရဲမက ဘာဖြစ်နေတာလဲ"

"ဘာလို့ငါတို့ကိုပဲ ပစ်မှတ်ထားနေပြီး အဲ့ဒီကောင်ကိုတော့ မတိုက်ခိုက်ကြတာလဲ။ သူတစ်ခုခုလုပ်ထားတာ သေချာတယ်"

"မုန်းဖို့ကောင်းလိုက်တာ ဒီနေရာမှာ သေရတော့မယ်"

လုယွမ်ကျိုးကလည်း ဘေးဘက်မှ မျှော်လင့်တကြီး ကြည့်နေလေသည်။ သူက မုန့်အချို့ပင်ထုတ်ပြီး ဝါးကာ ပွဲကြီးပွဲကောင်း ကြည့်သလို စောင့်ကြည့်နေသေးသည်။

သူက ထိုကစားသမားများက ဒီအိမ်တွင် ပုန်းအောင်းနေကြောင်း အစပိုင်းကတည်းက သိထားပြီးသားဖြစ်သည်။ သို့ရာတွင်သူက ထုတ်မပြောခဲ့ချေ။ လျို့ဝှက်စွာဖြင့်သာ ကြိုတင်ပြင်ဆင်မှု လုပ်ခဲ့သည်။ ထို့ကြောင့် ထိုလူများက ထောင်ချောက်အတွင်း ကျဆင်းသွားခဲ့ခြင်းလည်း ဖြစ်သည်။

တကယ်တော့ ထိုသရဲမဆိုသည်မှာ လုယွမ်ကျိုး ယခင်ပုံတူလောကတစ်ခုမှ ယူလာခဲ့ခြင်းဖြစ်သည်။ ထိုသရဲမက ယခုအခါ မည်သည့် အသိစိတ်မှမရှိဘဲ လုယွမ်ကျိုး၏ အမိန့်ကိုသာ နာခံသည့်အတွက် သူ၏ဝှက်ဖဲဖြစ်လာသည်။

ထိုသရဲမက လုယွမ်ကျိုး၏ စွမ်းရည်များကို မပိုင်ဆိုင်ထားသည့်အပြင် တူညီသော ပစ္စည်းများကဲ့သို့သော တည်ရှိမှုအဖြစ် တက်နိုင်စွမ်းရှိနေသေးသည်။ ထိုသရဲမက ဒီပုံတူလောကထဲတွင် ဖိနှိပ်ခံထားရသည့်အတွက် အခြားသော ကစားသမားများကို မသတ်နိုင်သော်လည်း ခြောက်လန့်ရန်အတွက်မူကား လုံလောက်သည်။

42 09

သို့ရာတွင် အလယ်အလတ်အဆင့် ပုံတူလောကမှ ကစားသမားများကလည်း အမျိုးမျိုးသော သရဲများ၏ အမဲလိုက်ခြင်း၊ ခြောက်ခံရခြင်းများကိုမူ တွေ့ကြုံခဲ့ရပြီး သရဲများ၏ သတ်ဖြတ်ခံရသည့် တစ္ဆေသရဲများကိုလည်း မြင်ခဲ့ဖူးနေကြလေသည်။ ထို့ကြောင့် သူတို့၏ စိတ်အတွင်းတွင် သရဲများကိုမြင်လျှင် ကြောက်လန့်သည့်စိတ်က အရိုးဆွဲနေလေပြီ။ ယခုအခါ ထိုသရဲမက အလွန်အမင်း နီးကပ်စွာ ရှိနေသည့် အနေအထားမျိုးဖြင့် မြင်လိုက်ရလေရာ သေလုနီးပါး ကြောက်လန့်သွားကြခြင်း ဖြစ်သည်။

ဒီလိုအခြေအနေမျိုးမှာ သူတို့မှာ မေးခွန်းမေးဖို့ ဘယ်လိုအချိန်ရှိမှာလဲ။

သူတို့တွေးမိသည်မှာ လုယွမ်ကျိုးက သူတို့ကို တစ်စုံတစ်ရာလုပ်သွားပြီး ထိုသရဲမက သူတို့ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်ဟုသာလျှင် ဖြစ်သည်။

"ကုဝူကျိ ပြန်လာလောက်ပြီလို့ ငါထင်တယ်"

လုယွမ်ကျိုးကပြောသည်။

"ငါအခုရပ်လိုက်သင့်ပြီ။ ဒီလူတွေကိုဖမ်းပြီး စကားအေးဆေး ပြောရမယ်။ တကယ်လို့ ဒါကသာ ကုဝူကျိကို ကြောက်သွားစေရင် အခြေအနေမကောင်းဘူး"

ကုဝူကျိက အင်အားကို ပြသခဲ့ပြီးဖြစ်သည့်တိုင်အောင် သူ၏အမြင်အရ တစ်ဖက်သူကို ညီငယ်လေးအဖြစ်သာ ဆက်ဆံသင့်သည်ဟု သတ်မှတ်ထားသည့်အတွက် သူက ကာကွယ်ပေးသင့်သည်ဟု ခံစားမိသည်။

ကုဝူကျိက လူအများစုကို ကယ်တတ်သော စိတ်ကောင်း စေတနာကောင်း ရှိသူလည်း ဖြစ်နေသေးသည်။ သူ၏ခံစားချက် အခြေအနေက အထိမခံ ဖြစ်လောက်သည်။ ထို့ကြောင့် ဒီလိုရက်စက်သော မြင်ကွင်းကို မြင်ခွင့်မပြုနိုင်ချေ။

လုယွမ်ကျိုးက ထိုသို့တွေးလိုက်မိပြီး ချက်ချင်းလိုလို ကုဝူကျိကသာ အပေါ်မှ ဆင်းလာခဲ့ပြီး သရဲများကို မြင်ချိန်တွင် ဖြစ်သွားမည့် အနေအထားကို သတိရလိုက်သည်။

လုယွမ်ကျိုးက သရဲမကို ပြန်ခေါ်တော့မည့် အချိန်တွင်ပင် ဧည့်ခန်းတံခါးက ရုတ်တရက် ကန်ဖွင့်ခံရပြီး ကုဝူကျိက ပေါ်လာသည်။

"ဝမ်ကော် အဲ့ဒီလို ဆက်မလုပ်သင့်တော့ဘူး။ ကျွန်တော်တို့..."

သယွမ်ဖေးကလည်း ဆွဲဆောင်သိမ်းသွင်းတော့မည့် အချိန်တွင် သူ၏အရှေ့မှ မြင်ကွင်းကို မြင်လိုက်ရကာ ထိတ်လန့်လွန်းပြီး မေ့မျောလုနီးပါး ဖြစ်သွားတော့သည်။ ကုဝူကျိက ပုခုံးကိုပုတ်ပေးသည်။

"မကြောက်နဲ့"

ထိုသို့ပြောပြီးနောက် သူက ထိုအဖွဲ့ရှိရာထံသို့ တိုက်ရိုက်သွားပြီး သွေးစွန်းနေသောကြိုးကို ထုတ်လိုက်သည်။

လုယွမ်ကျိုး "..."

နေပါအုံး ဒီသရဲမကို ခေါ်မသွားပါနဲ့ အာ။

အခြေအနေက မကောင်းသောဘက်သို့ ဦးတည်နေခြင်း မပြုနိုင်ခင်မှာတင် လုယွမ်ကျိုးက တိုက်ရိုက်ပဲ သရဲမကို အမြန်ဆုံး ပြန်ခေါ်လိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော သရဲပုံရိပ်က ဖြေးညှင်းစွာဖြင့် ပျောက်ကွယ်သွားပြီး ချက်ချင်းလိုလို မြင်ကွင်းကလည်း လင်းချင်းသွားတော့သည်။

ထိုအခါမှသာ လူအများက စိတ်အေးသွားကြသည်။ သူတို့က သေခြင်းတရားမှ ကပ်သီးလေး လွတ်မြောက်သွားခဲ့လေပြီ။ သို့ရာတွင် သူတို့ဘာမှ မလုပ်နိုင်ခင်မှာတင် ကုဝူကျိက ကြိုးဖြင့်ချည်ခြင်းကို ခံလိုက်ရသည်။

ပုံမှန်အားဖြင့် ထိုကြိုးက သရဲများကို ချည်လိုက်ချိန်တွင် တစ်ဖက်သရဲများ၏ အင်အားများက လျော့ကျသွားသော်လည်း လူတစ်ယောက်အတွက်ဆိုလျှင် ပို၍ဆိုးရွားသည်။ ထိုလူသုံးယောက်၏ အင်အားက ချက်ချင်းလိုလို ဆွဲစုပ်ခံရသလိုမျိုး အားအင်မဲ့သွားကြပြီး ခြေတစ်လှမ်းပင် မလှမ်းနိုင်ကြတော့ပေ။ ထို့ကြောင့် ကုဝူကျိကို သူတို့က ထိတ်လန့်တကြား ကြည့်ကြတော့သည်။

တစ်ချိန်ထဲတွင်ပင် ဧည့်ခန်းထဲသို့ လောင်ကျွမ်းခံရသည့် အနံ့ကြီးက ပြန့်လွင့်လာကာ ချောက်ချားဖွယ် မီးတောက်ကလည်း ကပ်ပါလာသည်။

"မင်းဘာလုပ်ခဲ့တာလဲ"

လုယွမ်ကျိုးက ကုဝူကျိကို အံ့အားတကြီးကြည့်သည်။

သူကဘယ်လိုလုပ် သစ်လုံးအိမ်ကို မီးပတ်ရှို့နေတာလဲ။

"နောက်ပြီး မင်းရဲ့နောက်က လူကရော ဘယ်သူလဲ"

"ဒီလူက ရန်သူဘက်က မဟုတ်ဘူးလား။ ဘာလို့ ကုဝူကျိရဲ့ ညီငယ်လေးလို ဟန်ဆောင်နေတာလဲ"

"အာ ရှင်းပြဖို့ အချိန်မရှိဘူး။ အရင်အပြင်ထွက်ရအောင်"

ထိုသို့ပြောပြီး ထိုကြိုးချည်ထားသည့် လူသုံးယောက်ကို အပြင်သို့ဆွဲခေါ်သည်။ ရွေးချယ်စရာ မရှိတော့သည့် လုယွမ်ကျိုးကလည်း မေ့မျောနေသော ခြေကျင်းဝတ်လည်နေသည့် ကစားသမားကို ကျောကုန်းပေါ်ထမ်းလျှက် အပြင်သို့ ထွက်လိုက်ရသည်။

42 10

သူတို့အဖွဲ့က တံခါးဝမှ ထွက်လိုက်ချိန်မှာတင် စနစ်မှ အသံတစ်သံက ထွက်လာသည်။

[ကျွန်းအရှင်က အခုလေးတင် အမိန့်ထုတ်လိုက်တယ်။ စည်းမျဉ်းဖောက်တဲ့ ကစားသမားကို သတ်နိုင်သမျှ ကာလပတ်လုံး အခြားသားကောင်တွေအားလုံး လွတ်မြောက်ခွင့်ရမယ်။ နောက်ပြီး အဲ့ဒီလူတိုင်းကလည်း ဆုလဒ်ကိုရရှိမယ်]

[အဓိကတာဝန်အသစ်.. ကျွန်းကလွတ်မြောက်ဖို့အတွက် ကုဝူကျိကိုသတ်ပါ]

ကုဝူကျိ "???"

Zawgyi

42 01
အခန္း ၄၂.၁

"ၾကည့္ရတာ ဒီမေကာင္းဆိုးဝါးက အဲ့ဒီလက္ေထာက္ ေျပာလိုက္တဲ့ ေခြးအကို ရည္ၫႊန္းခ်င္တာ ျဖစ္ေလာက္တယ္"

အကြာအေဝး အလြန္ျခားေနသည့္တိုင္ေအာင္ ကုဝူက်ိအေနႏွင့္ ထိုမေကာင္းဆိုးဝါး၏ ကိုယ္မွထြက္လာေသာ ေဖာ္ျပ၍မရသည့္ ထူးျခားသည့္ ခံစားခ်က္မ်ိဳးကို ခံစားရသည္။ ထိုခံစားခ်က္မ်ိဳးက ကုဝူက်ိ မွန္နယ္ေျမတြင္ မီးဖိုေခ်ာင္သုံးဓားကိုသုံးၿပီး အလြယ္တကူ ရင္ဆိုင္၍ရခဲ့ေသာ မေကာင္းဆိုးဝါးမ်ားႏွင့္ မတူေခ်။

ထိုေခြးအဟုေခၚေသာ ႀကီးမားလွသည့္ အေကာင္ႀကီးက သာမာန္လူတစ္ေယာက္ ကိုင္တြယ္ႏိုင္သည့္ လူတစ္ေယာက္ မဟုတ္ေခ်။ ကုဝူက်ိကပင္ မယွဥ္ႏိုင္ဟု ခံစားေနရသည္။

"ဒီလိုဆိုရင္ ဘာလုပ္ၾကမလဲ"

ကုဝူက်ိက ထိုေနရာတြင္ ၿမဲၿမံစြာရပ္လွ်က္ စိုက္ၾကည့္ေနသည္။ သို႔ေသာ္သူက အထိတ္တလန႔္ မျဖစ္သြားေခ်။ မည္သို႔ပင္ဆိုေစ အထိတ္တလန႔္ ျဖစ္သြားလွ်င္ စိတ္ရွင္းရွင္းျဖင့္ ေျဖရွင္းႏိုင္ေတာ့မည္ မဟုတ္ေခ်။

ဒီအခန္းထဲတြင္လည္း ထြက္ေျပးလြတ္ေျမာက္စရာ ေနရာရွာမေတြ႕သည့္အျပင္ သူကိုယ္တိုင္ကလည္း ထိုကဲ့သို႔ သရဲကဲ့သို႔ ျဖစ္တည္မႈမ်ားႏွင့္ အေတြ႕အႀကဳံ အလြန္ႂကြယ္ဝသည့္အေလ်ာက္ အခန္းအတြင္းမွ ေျပာင္းလဲမႈကို သတိထားမိလိုက္သည္။ အရိပ္မ်ားက ပုံမွန္မဟုတ္သည့္ လႈပ္ရွားမႈမ်ိဳး ျပဳခဲ့ဖူးသည့္တိုင္ေအာင္ ထိုမေကာင္းဆိုးဝါးႀကီးက ေပၚလာသည္ႏွင့္ ခ်က္ခ်င္းလိုလို ေပ်ာက္ကြယ္သြားၾကသည္။

"ၾကည့္ရတာ ဒီမွတ္စုကိုပဲ အရင္ဖတ္တာ ေကာင္းမယ္ထင္တယ္"

ကုဝူက်ိက သူ၏အေရွ႕တြင္ မွတ္စုစာအုပ္ကို ဖြင့္လိုက္ၿပီး ထိုမေကာင္းဆိုးဝါး၏ အားနည္းခ်က္ကို ရွာလိုက္သည္။ မီးဖိုခန္းအတြင္းမွ သရဲကမူ သူအသက္ရွင္ခ်ိန္က ထိုမေကာင္းဆိုးဝါး၏ အားနည္းခ်က္က မီးဟုေတြးခဲ့ေသာ္လည္း သူကထိုမေကာင္းဆိုးဝါး၏ သတ္ျဖတ္ျခင္းကို ခံခဲ့ရေသးသည့္အတြက္ သူ၏အေတြးက မွားယြင္းေနျခင္း ျဖစ္ေလာက္သည္။ ဒီမွတ္စုစာအုပ္ထဲတြင္ တစ္စုံတစ္ရာကို မွတ္တမ္းတင္ ထားေကာင္းထားႏိုင္သည္။

အျခားတစ္ဖက္ျခမ္းတြင္ အေမွာင္ထဲတြင္ ပုန္းေအာင္းေနသည့္ သယြမ္ေဖးဆိုေသာ လူကမူ ေၾကာက္လန႔္လြန္းသျဖင့္ ေတာင့္တင္းေနၿပီျဖစ္သည္။ သူက တစ္ဖက္သူကို ဒီေနရာထဲသို႔ဝင္ေအာင္ ႀကံစည္ခဲ့သူျဖစ္ၿပီး ဒီအေျခအေနကို အခြင့္ေကာင္းယူကာ ကုဝူက်ိကို ရင္ဆိုင္လိုသည္။

ဒါေပမဲ့ အေျခအေနက ဒီလိုႀကီး ေျပာင္းသြားမယ္လို႔ ဘယ္သူက ထင္ထားမွာလဲ။

ထိုသို႔အေရးႀကီးေသာ အေျခအေနမ်ိဳးတြင္ ကုဝူက်ိက မွတ္စုစာအုပ္ကို ဖြင့္ဖတ္ေနရဲေသးသည္။

ဒီလူက ဘာျဖစ္တာလဲ။ ဘာလို႔ ဒီအေျခအေနမွာေတာင္ တည္ၿငိမ္ေနတာလဲ အာ။

အခန္းထဲတြင္ရွိသည့္ အတြင္းပိုင္း တည္ေဆာက္ပုံအရ လမ္းကက်ဥ္းသည့္အတြက္ ကုဝူက်ိကသာ ေသသြားသည္ႏွင့္ ေနာက္ထပ္ ေသရမည့္လူက သူျဖစ္သည္။ သယြမ္ေဖး၏နဖူးတြင္ ေခြၽးေစးမ်ားက စို႐ႊဲေနၿပီျဖစ္သည္။

မဟုတ္ေသးဘူး ဒီေကာင္က ေသခ်ာေပါက္ ဒီသားရဲနဲ႔ တိုက္ခိုက္ႏိုင္ေလာက္မွာပါ ဟုတ္တယ္မလား။

သူကိုယ္တိုင္ပင္ ထိုစကားကို မယုံၾကည္ေသာ္လည္း ကုဝူက်ိက တစ္စုံတစ္ရာ လုပ္ႏိုင္ရန္သာ ေမွ်ာ္လင့္လိုက္ေတာ့သည္။

"သူျပန္လာၿပီ သူ႔ကိုသစၥာေဖာက္ခဲ့တဲ့ ငါ့တို႔ကို သတ္ဖို႔ေတာ့မဟုတ္ဘဲ ငါတို႔ကို ေတာထဲကိုပဲ ထြက္သြားခိုင္းတယ္"

"ဒါေပမဲ့ဒါက အဆုံးမဟုတ္ေသးဘူး... ေတာထဲကအရာအားလုံးက ေျပာင္းသြားၿပီ။ သူတို႔အားလုံး ေသသြားၾကၿပီ။ ငါတစ္ေယာက္ထဲပဲ က်န္ေတာ့တယ္။ သူငါ့ကို အလြတ္မေပးမွာ ေသခ်ာေနၿပီ"

"သိပ္မၾကာခင္က တစ္ခုခုကငါ့ကို ေစာင့္ၾကည့္ေနတယ္လို႔ အၿမဲခံစားေနရတာ။ ဒါေပမဲ့ ဘာျဖစ္ေနႏိုင္မလဲ မဟုတ္ေသးဘူး ငါအဲ့ဒါကိုသာ ရွာမေတြ႕ႏိုင္ရင္ ငါဒီေနရာမွာပဲ ေသသြားရလိမ့္မယ္"

"အဲ့ဒါအဲ့ဒီ မေကာင္းဆိုးဝါးႀကီးပဲ။ သူေပၚလာၿပီ ငါကသာ မီးတုတ္ကို မကိုင္ထားရင္ သူငါ့ကို သတ္ၿပီးသြားေလာက္ၿပီ။ ေသစမ္း ငါဒီလိုေနရာမ်ိဳးမွာ ဆက္ၿပီးမေနခ်င္ေတာ့ဘူး"

ေနာက္ပိုင္းပါေသာ စာ႐ြက္မ်ားကမူ အၿဖဲခံထားရၿပီး သူမီးဖိုခန္းထဲတြင္ ရွာေတြ႕ခဲ့ေသာ စာ႐ြက္မ်ား ျဖစ္ဟန္တူသည္။

ကုဝူက်ိ "..."

ဒီလူဒီေနရာမွာ ေသသြားတာ မအံ့ၾသေတာ့ပါဘူး။ စာအုပ္ထဲကရတဲ့ သတင္းအခ်က္အလက္ေတြ အားလုံးက လူတစ္ေယာက္ကို သစၥာေဖာက္ထားတယ္ဆိုတဲ့ အခ်က္အလက္ကလြဲၿပီး ထူးထူးျခားျခားမွ ရွိမေနတာ။ အသုံးဝင္တဲ့ စာအုပ္ထဲက အခ်က္အလက္ေတြကလည္း မီးဖိုခန္းထဲမွာ ဖ်က္ဆီးထားေသးတယ္။

ျဖစ္ႏိုင္တာက ဒီအခန္းထဲက အေရးႀကီးဆုံးအရာက ဒီပုံကလြဲၿပီး မရွိဘူးထင္တယ္။
42 02
ထိုသို႔ေတြးမိၿပီးေနာက္ ကုဝူက်ိက မွတ္စုစာအုပ္ႏွင့္ပုံကို ျပန္သိမ္းထားလိုက္ၿပီး သိမ္မေဝးေသာေနရာတြင္ ခႏၶာကိုယ္ ထင္ရွားစြာ ေပၚေနၿပီျဖစ္သည့္ မေကာင္းဆိုးဝါး သားရဲႀကီးကို ၾကည့္လိုက္သည္။

ေခြးအဆိုေသာ စကားလုံးႏွင့္ ထိုမေကာင္းဆိုးဝါးကို ယွဥ္တြဲေဖာ္ျပ၍ပင္ မရေခ်။ ေၾကာက္မက္ဖြယ္ ေကာင္းလြန္းေသာ မ်က္ႏွာႀကီး ႀကီးမားေသာ ခႏၶာကိုယ္ ေသြးနီေရာင္လႊမ္းေနသည့္ မ်က္လုံးႀကီးမ်ားအျပင္ ခြၽန္ထက္ေသာ အစြယ္မ်ားတြင္ သားရည္က တေတာက္ေတာက္ က်ေနေသးသည္။ ထိုသြားႀကီးမ်ားျဖင့္သာ အကိုက္ခံရလွ်င္ အေနာက္ဘက္ ေကာင္းကင္ဘုံသို႔ တစ္ခါထဲ လြင့္ပ်ံသြားေလာက္သည္။

"အာ ငါ ငါ့ကိုယ္ငါပဲ မွီခိုရေတာ့မယ္"

ကုဝူက်ိက ပတ္ဝန္းက်င္ကို တစ္ခ်က္ေဝွ႔ၾကည့္လိုက္ၿပီး လႈပ္ရွားရန္ တြက္ခ်က္ေနသည္။ သူ၏အၾကည့္က ထိုမေကာင္းဆိုးဝါးထံ ေရာက္သြားၿပီး မ်က္ဝန္းဝံ့သြားခ်ိန္တြင္ အသုံးဝင္ေကာင္း ဝင္ႏိုင္မည့္ ပစၥည္းအခ်ိဳ႕ကို ထုတ္ယူလိုက္သည္။ သူက အိတ္ေဆာင္နာရီကိုဖြင့္ၿပီး ႀကိဳးကိုအသစ္ျပင္ရန္ ျပင္ဆင္လိုက္သည္။ သရဲထိန္းခ်ဳပ္သည့္ စြမ္းရည္က လ်ိဳ႕ဝွက္စြာ ထုတ္သုံးႏိုင္ေလာက္ေသးသည္။ ထို႔ေနာက္သူက ပတ္ဝန္းက်င္မွ ေသဆုံးၿပီးေသာ ဝိညာဥ္မ်ားကိုသာ ဆင့္ေခၚလိုက္မည္ဆိုလွ်င္ အနည္းဆုံး ထိုသားရဲကို အလုပ္မ်ားသြားေအာင္ လုပ္ၿပီး အခ်ိန္ရေလာက္သည္။

သူကသူလုပ္ႏိုင္သမွ် အရာအားလုံးကိုသာ လုပ္ရေတာ့ေပမည္။ ေနာက္ပိုင္း အေျခအေနကမူ ကံၾကမၼာ လက္ထဲသို႔သာ အပ္ရေတာ့ေပမည္။

ပုန္းေအာင္းေနသည့္ သယြမ္ေဖးကလည္း ေၾကာင္ေတာင္ေတာင္ ျဖစ္ေနေလၿပီ။ သူက တစ္ခ်က္ၾကည့္႐ုံႏွင့္တင္ ကုဝူက်ိက ထိုမေကာင္းဆိုးဝါးသားရဲႀကီးကို ရင္ဆိုင္တိုက္ခိုက္ခ်င္ေနမွန္း ျမင္ႏိုင္သည္။

ဘယ္လိုျဖစ္ႏိုင္မွာလဲ အာ။ တစ္ခ်က္ၾကည့္႐ုံနဲ႔တင္ ကုဝူက်ိရဲ႕ ပိန္ပိန္ပါးပါး အားနည္းတဲ့ ခႏၶာကိုယ္ေလးနဲ႔ တစ္ဖက္က အေကာင္ႀကီးႀကီးလူကို ဘယ္လိုရင္ဆိုင္မွာလဲ။ ေနာက္ၿပီး အဲ့ဒီမေကာင္းဆိုးဝါး သားရဲႀကီးက တစ္ခ်က္ကိုက္လိုက္႐ုံနဲ႔တင္ သူကေသသြားမွာပဲေလ အာ။

ထို႔ေနာက္ တခဏတြင္မူ မေကာင္းဆိုးဝါး သားရဲႀကီးက အရိပ္ထဲမွ အျပည့္အဝ ထြက္လာေလၿပီ။ သို႔ေသာ္ ကုဝူက်ိထံသို႔ တိုက္႐ိုက္ ခုန္ဝင္သြားရမည့္အစား တစ္ဖက္သို႔လွည့္ကာ တံခါးေဘးရွိ ဗီဒိုထံသို႔ ေခါင္းကိုေကြ႕လာသည္။

ထိုဗီဒိုႀကီးက ခ်က္ခ်င္းလိုလို အပိုင္းပိုင္းအစစျဖစ္ေအာင္ ေပါက္ကြဲသြားၿပီးေနာက္တြင္ ပုန္းေနေသာလူက ေပၚလာသည္။

"ေသစမ္း ဘာလို႔ငါ့ဆီလာတာလဲ"

သယြမ္ေဖးကလည္း ခ်က္ခ်င္းလိုလို ထိတ္လန႔္ၿပီး ထြက္ေျပးေတာ့သည္။ သူက အလြန္အမင္း ထိတ္လန႔္လြန္းေသာ္လည္း မေရမတြက္ႏိုင္ေသာ အေတြ႕အႀကဳံမ်ားကို ရရွိခဲ့ၿပီးျဖစ္သည့္ အလယ္အလတ္အဆင့္ ပုံတူေလာကကစားသမားတစ္ေယာက္ ျဖစ္ေနေလသည္။ ထို႔ေၾကာင့္ သတိလက္လြတ္ အေျခအေနျဖင့္ သူ၏ပိုင္ဆိုင္ေသာ ပစၥည္းတစ္ခုကို အသက္သြင္းလိုက္ကာ အလင္းလုံးႀကီးက ထင္ရွားစြာ ထြက္ေပၚလာၿပီး သူ၏ခႏၶာကိုယ္တစ္ခုလုံးကို လႊမ္းၿခဳံေပးသည့္ ဒိုင္းအကာအကြယ္ ျဖစ္သြားသည္။

႐ုတ္တရက္ ကံၾကမၼာ အလွည့္အေျပာင္းေၾကာင့္ ေၾကာင္သြားေသာ ကုဝူက်ိ "???"

အာ ဘယ္ေနရာကေန လူပိုက ထြက္လာတာလဲ။ ထိုသားရဲႀကီး၏ အစြယ္ႀကီးမ်ားက ထိုဒိုင္းႀကီးကို ခ်က္ခ်င္းလိုလို ေပါက္ကြဲသြားေစသည္။ ကြဲအက္သြားေသာ အသံမ်ားႏွင့္အတူ ခ်က္ခ်င္းလိုလို ဒိုင္းကေပ်ာက္ကြယ္သြားေတာ့သည္။

"ေသစမ္း ငါဒီေနရာမွာ ေသရေတာ့မယ္"

သယြမ္ေဖးကလည္း ထိုအေျခအေနကို ျမင္ေသာအခါ ေအာ္ငိုခ်င္သြားသည္။ သို႔ေသာ္ မ်က္ရည္က မထြက္ေခ်။ ထိုအေျခအေနတြင္ အျခားတစ္ဖက္မွ ကုဝူက်ိ၏အသံကို ၾကားလိုက္ရသည္။

"မစိုးရိမ္နဲ႔ နည္းနည္းေလာက္ပဲ ထိန္းထားပါ။ ငါမင္းကို လာကယ္မယ္"

သယြမ္ေဖးက သူ၏နားကိုပင္ ကိုယ္တိုင္ မယုံၾကည္ႏိုင္ေတာ့ေခ်။ သာမာန္လူတစ္ေယာက္က ထြက္ေျပးရန္ အခြင့္အေရးရွိလွ်င္ ေသခ်ာေပါက္ ထြက္ေျပးသြားၿပီးေလာက္ေခ်ၿပီ။ မည္သို႔ပင္ဆိုေစ ဒီပုံတူေလာကဆိုလွ်င္ လူဆယ္ေယာက္ကိုသာ အသက္ရွင္ခြင့္ျပဳထားကာ ႐ိုက္ႏွက္စရာမလိုဘဲ တစ္စုံတစ္ေယာက္ ေလ်ာ့သြားျခင္းကလည္း ေကာင္းေသာအခြင့္အေရး ျဖစ္ေလသည္။ သို႔ေသာ္ ကုဝူက်ိက ထြက္မေျပးသြားခဲ့ေခ်။

ေနာက္ၿပီး သူ႔ကိုေတာင္ ကယ္အုံးမွာတဲ့လား။

လုယြမ္က်ိဳးက အလြန္ၾကင္နာတတ္သည္ဟု သူထင္ခဲ့မိသည့္တိုင္ေအာင္ ထိုတခဏတြင္ တစ္စုံတစ္ေယာက္က ကိုယ့္ကိုယ္ကိုပင္ မနည္းကယ္တင္ရမည့္ အေျခအေနမ်ိဳးတြင္ တစ္ဖက္က ကူညီမည္ဟု ေျပာလာသည့္အခါ မခံစားသြားရဘဲ မေနႏိုင္ေတာ့ေခ်။

သယြမ္ေဖးကလည္း စိတ္အေျခအေန ေျပာင္းလဲသြားၿပီး ကုဝူက်ိကိုၾကည့္ရင္း မ်က္ရည္မ်ား က်ဆင္းလာေတာ့သည္။
42 03
ကုဝူက်ိက အသက္ျပင္းျပင္းရႈၿပီး ႐ုတ္တရက္ ေရွ႕သို႔တက္လွမ္းလာကာ ထိုမေကာင္းဆိုးဝါးႀကီးကို ျပင္းျပင္းထန္ထန္ ေဆာင့္ကန္ေတာ့သည္။

မူလက သာမာန္လူတစ္ေယာက္၏ တိုက္ကြက္ေလာက္က ထိုမေကာင္းဆိုးဝါး သားရဲႀကီးအေပၚ အယားပင္ ေျပသြားေစမည္ မဟုတ္ေခ်။ သို႔ရာတြင္ သယြမ္ေဖးကမူ ထိုမေကာင္းဆိုးဝါး သားရဲႀကီး၏ကိုယ္က ႐ုတ္တရက္ ကန္ခ်က္ေၾကာင့္ ေတာင့္တင္းသြားေၾကာင္း ျမင္လိုက္ရၿပီး ႐ုတ္တရက္ ထေအာ္ေတာ့သည္။

သားရဲထံမွ အလြန္အမင္း မုန္းတီးသည့္ခံစားခ်က္ကို ဆြဲေဆာင္လိုက္ႏိုင္သည့္ ကုဝူက်ိကလည္း စားပြဲေပၚမွ ဆီမီးအိမ္ကို ခပ္ျမန္ျမန္ယူၿပီး ၾကမ္းျပင္ေပၚတြင္ အရႈပ္အေထြးမ်ား ပုံထားသည့္ေနရာသို႔ သြားလိုက္ေတာ့သည္။ ထိုသားရဲႀကီးက အေရွ႕ရွိသားေကာင္ကို က႐ုမစိုက္ေတာ့ဘဲ အလွ်င္ျမန္ဆုံး အရွိန္ႏႈန္းျဖင့္ ကုဝူက်ိဘက္သို႔လွည့္ကာ လိုက္ေတာ့သည္။ က်ဥ္းေျမာင္းေသာ အခန္းအတြင္းတြင္ သားရဲႀကီးႏွင့္ ကုဝူက်ိတို႔က ခ်က္ခ်င္းလိုလို ပက္ပင္းတိုးၾကျပန္သည္။

"ေနာက္ကိုၾကည့္"

သယြမ္ေဖးက ႐ုတ္တရက္ သတိလက္လြတ္ေအာ္ကာ သတိေပးလိုက္သည္။ သူက ကုဝူက်ိအတြက္ပင္ စိုးရိမ္သြားေသးသည္။

"ငါသိတယ္ အခုအခ်ိန္ပဲ"

ကုဝူက်ိက ထိုအမႈိက္ပုံနားသို႔ ေရာက္သြားၿပီးသည္ႏွင့္ ယခင္က သူေတြးထားေသာအၾကည့္ကို အေကာင္အထည္ ေဖာ္လိုက္ကာ ဖမ္းကိုင္ထားသည့္ ခရီးေဆာင္နာရီကို ဖြင့္လိုက္ၿပီး ထိုမေကာင္းဆိုးဝါး သားရဲႀကီးႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

ေတာက္ပလြန္းသည့္ အလင္းက ျဖာထြက္လာၿပီးေနာက္တြင္ လူငယ္တစ္ေယာက္၏ ေဝဝါးသည့္ ပုံရိပ္က ေပၚလာကာ ထိုသားရဲ၏ လႈပ္ရွားမႈမ်ားကို ခ်က္ခ်င္းလိုလို ရပ္တန႔္သြားေလသည္။

"ေက်းဇူးတင္ပါတယ္ ေအာ္စတင္"

ထိုသို႔အေရးႀကီးေသာ အေျခအေနတြင္ပင္ ကုဝူက်ိက ႀကိဳးကိုခ်က္ခ်င္းလိုလို တုန႔္ဆိုင္းမေနဘဲ ထုတ္သုံးကာ ထိုသားရဲ၏လည္ပင္းကိုခ်ည္သည္။ ထို႔ေနာက္ ဆီမီးအိမ္ကိုလည္း ထိုအမႈိက္ပုံသို႔ တုန႔္ဆိုင္းမေနဘဲ ပစ္ခ်လိုက္ေတာ့သည္။

အသုံးမဝင္ေသာ ပစၥည္းမ်ားထဲတြင္ ဝါဂြမ္းမ်ား၊ စာအုပ္အေဟာင္းမ်ား၊ စာ႐ြက္မ်ား၊ မီးစြဲႏိုင္ေစေသာ ပစၥည္းမ်ားပါသည္။ ထို႔ေၾကာင့္ ခ်က္ခ်င္းလိုလို မီးကေတာက္ေလာင္လာေတာ့ေလရာ ထိုသားရဲ၏ မ်က္ဝန္းထဲတြင္ ေၾကာက္လန႔္မႈက ႀကီးစိုးလာေတာ့သည့္အတြက္ ေနာက္သို႔ ေျခလွမ္းဆုတ္သည္။

"ေျပးႏိုင္မယ္မထင္နဲ႔" ကုဝူက်ိက ေအးစက္စြာေျပာၿပီး အေနာက္မွတဆင့္ ထိုသားရဲႀကီး၏ကိုယ္ကို တားထားသည္။

သူ၏အံ့အားသင့္စရာေကာင္းေသာ အင္အားေၾကာင့္ ထိုသားရဲက ႐ုန္းကန္လြတ္ေျမာက္လိုသည့္ တိုင္ေအာင္ မလုပ္ႏိုင္ခဲ့ဘဲ ထိုမီးမ်ား၏ စြဲေလာင္ျခင္းကို ခံရေတာ့သည္။

ကုဝူက်ိက ထိုအခါမွသာ သတိထားလိုက္မိသည္။ သားရဲကို မီးသုံးကာ တိုက္ခိုက္ျခင္းက မွန္ကန္သည့္ နည္းလမ္းျဖစ္သည္။ သို႔ေသာ္ သာမာန္မီးတုတ္ေလာက္က သားရဲတစ္ေကာင္ကို သတ္ႏိုင္မည္မဟုတ္ေခ်။ အႏွစ္ခ်ဳပ္ဆိုရေသာ္ သားရဲကို မသတ္ႏိုင္ခဲ့ဘဲ ထိုအခြင့္အေရးကိုသာယူၿပီး ထိုသားရဲႀကီးက မီးဖိုခန္းထဲမွ သရဲကို သတ္ျဖတ္ခဲ့ျခင္း ျဖစ္ေလာက္သည္။

သားရဲတစ္ေကာင္ကို ရင္ဆိုင္ျခင္းကတင္ ႀကီးမားေသာ တာဝန္ႀကီးတစ္ခုကဲ့သို႔ ျဖစ္သြားသည္။ သူ၏နဖူးတြင္လည္း ေခြၽးမ်ား႐ႊဲေနေလၿပီ။ သူ႔တြင္လည္း အျခားေသာ အႀကံအစည္မ်ားကို စတင္ တြက္ခ်က္ေနရေသးသည္။

"ထြက္လာေတာ့"

ကုဝူက်ိ၏အသံႏွင့္အတူ ပတ္ဝန္းက်င္မွ အသိစိတ္မဲ့ေသာ ဝိညာဥ္ေပါင္းမ်ားစြာက ေရာက္လာၿပီး သားရဲ၏ကိုယ္ကို ေအာက္သို႔ဆြဲခ်ၾကသည္။

ထိုျမင္ကြင္းေၾကာင့္ သယြမ္ေဖးက ေၾကာင္အသြားသည္။ သူမေနႏိုင္ဘဲ ကုဝူက်ိကို ဦးစြာမရင္ဆိုင္သည္က ေကာင္းသည္ဟုသာ သတ္မွတ္လိုက္မိသည္။ မဟုတ္လွ်င္ အေရွ႕မွ အေျခအေနကို ခံစားေနရသူက သူျဖစ္သြားႏိုင္သည္။ မည္သို႔ပင္ဆိုေစ ကုဝူက်ိက သာမာန္လူမဟုတ္ေခ်။

သားရဲ၏ကိုယ္ကလည္း မီးထဲတြင္ ေဖာက္ထြင္းျမင္ရမတက္ ၾကည္လင္လာၿပီး ေၾကာက္မက္ဖြယ္ေကာင္းသည့္ ဟိန္းသံကလည္း တုန္ခါသထက္ တုန္ခါလာကာ အခန္း၏နံရံမ်ားကပင္ ႐ုန္းခါသလို လႈပ္ခါလာေတာ့သည္။

"မင္းကဘယ္ကို စိုက္ၾကည့္ေနတာလဲ"

ကုဝူက်ိက တံခါးနားမွလူကို လွမ္းေအာ္လိုက္ၿပီး သူ၏အသံထဲတြင္ ရွားပါးေသာ အလ်င္လိုမႈမ်ားက ပါဝင္လာသည္။

သယြမ္ေဖးက ခ်က္ခ်င္းလိုလို တုန႔္ျပန္ကာ အေျပးထြက္လာၿပီး သားရဲ၏ကိုယ္ထံသို႔ အေျပးေရာက္လာကာ ေနာက္ဆုံးတြင္ ေၾကာက္လန႔္မႈကို ဖယ္ခြာလွ်က္ ကုဝူက်ိကို ေလးစားမႈအျပည့္ျဖင့္ စိုက္ၾကည့္လိုက္သည္။ သူက မည္သည့္အတြက္ေၾကာင့္ ထိုေနရာသို႔ ေရာက္ေနေၾကာင္းကိုပင္ ေမ့သြားေလၿပီ။
42 04
ေသခ်ာစြာပင္ ေလာင္ကြၽမ္းေနေသာ သားရဲႀကီးက တျဖည္းျဖည္းခ်င္း မီးခိုးေငြ႕အျဖစ္ ေျပာင္းလဲသြားသည္။ ေခ်ာက္ခ်ားဖြယ္ေကာင္းေသာ ခံစားခ်က္ကလည္း ခ်က္ခ်င္းလိုလို ေပ်ာက္ကြယ္သြားေတာ့သည္။ သို႔ေသာ္ မီးက ရပ္မည့္အေနအထား မရွိဘဲ တစ္ခန္းလုံးကို ေလာင္ကြၽမ္းလာေတာ့သည္။

ကုဝူက်ိက စိတ္ေအးသြားၿပီး ေခြၽးေစးမ်ားကို သုတ္လိုက္သည္။ မတိုင္မီက အေျခအေန တစ္ခုအထိ သူက ေခ်ာက္ခ်ားဖြယ္ေကာင္းေသာ အေျခအေနကို ရင္ဆိုင္ခဲ့ရၿပီး မေတာ္တဆ ျဖစ္လုနီးပါး ျဖစ္သြားခဲ့သည္။

"အခုအေျခအေနကို ၾကည့္ရတာ ငါတို႔ျမန္ျမန္ လႈပ္ရွားမွ ျဖစ္ေတာ့မယ္"

ကုဝူက်ိက သယြမ္ေဖးကိုၾကည့္ၿပီး အလ်င္စလိုေျပာသည္။

"ငါ့ရဲ႕ေနာက္က လိုက္ခဲ့ပါ"

"အာ"

သယြမ္ေဖးကလည္း မည္သည့္အတြက္ေၾကာင့္ အစ္ကိုႀကီးတစ္ေယာက္ ရလိုက္သလို ခံစားခ်က္မ်ိဳးကို ရလိုက္ေၾကာင္း မေသခ်ာေတာ့ေခ်။ ထို႔ေၾကာင့္ သတိလက္လြတ္ျဖင့္ ေခါင္းညိမ့္ၿပီး ေနာက္မွ လိုက္သြားလိုက္သည္။

ႏွစ္ေယာက္လုံးက မီးဖိုခန္းထဲသို႔သြားသည္။ ကုဝူက်ိက ေလဟာနယ္ျပင္ထဲသို႔ ဓာတ္ပုံကို ထုတ္ျပလိုက္ၿပီး ေျပာလိုက္သည္။

"ခင္ဗ်ားလိုခ်င္တာကို ကြၽန္ေတာ္ ရလာၿပီ။ ကတိေပးထားတဲ့ အတိုင္းပဲ အရာအားလုံးကို ေျပာျပပါေတာ့"

အခန္း ၄၂.၂

မီးဖိုေခ်ာင္သုံးဓားမွ ေသြးအစင္းရာမ်ားက နီရဲေတာက္ပလာၿပီးေနာက္တြင္ တစ္စုံတစ္ရာက ႐ုန္းကန္ထြက္ခ်င္သလို ျဖစ္လာသည္။ ထို႔ေနာက္ ဦးစြာေပၚလာသည္က လက္တစ္ဖက္ျဖစ္သည္။ ထိတ္လန႔္သဲဖို ႐ုပ္ရွင္မ်ား အတြင္းတြင္သာဆိုလွ်င္ ထိုျမင္ကြင္းက မထူးဆန္းေခ်။ သယြမ္ေဖး ကိုယ္တိုင္ကပင္ ထိတ္လန႔္သြားေသးသည္။

ကုဝူက်ိက တခဏခန႔္ ေတြးေတာၿပီးေနာက္တြင္ ထိုလက္ကို တုန႔္ဆိုင္းမေနဘဲ ဆြဲထုတ္လိုက္ေသးသည္။ ထိုနည္းအားျဖင့္ သရဲက ေခ်ာေခ်ာေမြ႕ေမြ႕ ေသြးအိုင္ထဲမွ ထြက္လာႏိုင္သြားသည္။

ေသစမ္း နည္းနည္းပါးပါး ႂကြားလို႔ရေအာင္ေလး သရဲကို အခြင့္အေရး မေပးႏိုင္ဘူးလား။

"ေကာင္းၿပီ ေက်းဇူးတင္ဖို႔မလိုဘူး"

ကုဝူက်ိက တည္ၿငိမ္စြာေျပာၿပီး သရဲကိုၾကည့္သည္။

"ကြၽန္ေတာ္တို႔အားလုံး အလ်င္လိုေနတယ္"

သရဲက ေဒါသထြက္ခ်င္ေသာ္လည္း ႐ုတ္တရက္ တစ္စုံတစ္ရာကိုၾကည့္ၿပီး အံ့ၾသသြားေလသည္။ အေၾကာင္းမူကား ကုဝူက်ိလက္ထဲတြင္ ဓာတ္ပုံတစ္ပုံ ရွိေနသည္။

"မင္းရလာတာပဲ ဘယ္လိုျဖစ္ႏိုင္မွာလဲ အေပၚထပ္မွာ အဲ့ဒါႀကီးက ..."

"ခင္ဗ်ား မေကာင္းဆိုးဝါးလို႔ ေခၚတာက အဲ့ဒီ ေခြးအဆိုတာ မဟုတ္လား။ သူ႔ကိုကြၽန္ေတာ္တို႔ ေျဖရွင္းၿပီးၿပီ"

ကုဝူက်ိကေျပာသည္။

သရဲက ထိတ္လန႔္သြားသည္။ သူက မျဖစ္ႏိုင္ေသာ တစ္စုံတစ္ရာကို ၾကားလိုက္ရသလိုမ်ိဳး အလြန္အမင္း ေခ်ာက္ခ်ားသြားေတာ့သည္။ ထို႔ေနာက္ ေခါင္းကိုခ်က္ခ်င္း ျပန္ခါကာ ခါးသီးစြာရယ္ေတာ့သည္။

"မီးကိုသုံးလိုက္တာမဟုတ္လား ဒါေပမဲ့ အဲ့ဒီေခြးအက အလြယ္တကူ သတ္လို႔လြယ္တာမွ မဟုတ္တာ။ မင္းတို႔သူ႔ကို ရင္ဆိုင္ဖို႔က ဘယ္လိုျဖစ္ႏိုင္မွာလဲ။ မင္းတို႔က ငါ့ထက္ေတာ္ေနရအုံးမွာလား"

သယြမ္ေဖး "..."

သူဘာလို႔မွန္းမသိဘူး ႐ုတ္တရက္ ရွက္သြားသလိုပဲ။ ဒီအတိုင္း ပဲငံျပာရည္ပုလင္း ဝယ္လိုက္ၿပီး အထဲမွာ ဘာမွမပါသလိုမ်ိဳး။

"ေျပာရရင္ မင္းတို႔က လုပ္ႏိုင္ၿပီဆိုမွေတာ့ ငါကမင္းတို႔ကို အားလုံးေျပာျပရမွာေပါ့။ ဒါေပမဲ့ မင္းတို႔ တကယ္ပဲ သိခ်င္ရဲ႕လား"

သရဲ၏ေလသံက ေက်ာစိမ့္ဖြယ္ ေကာင္းသြားသည္။ သယြမ္ေဖးက ထိုစကားကိုၾကားသည္ႏွင့္ တစ္စုံတစ္ရာကို သတိရသြားၿပီး ကုဝူက်ိကို အံ့အားတႀကီး တို႔ထိလိုက္ကာ ေျပာလိုက္သည္။

"ဒါက ဖုံးကြယ္ထားတဲ့တာဝန္ ျဖစ္ေလာက္တယ္"

"အို တစ္ခုခု မွားေနလို႔လား"

ကုဝူက်ိကလည္း ေခါင္းညိမ့္လိုက္ၿပီး ဆုံးျဖတ္ခ်က္ ခ်လိုက္ၿပီးသလို ျဖစ္သြားသည္။
42 05
သယြမ္ေဖးက စိတ္လႈပ္ရွားေနသည့္တိုင္ေအာင္ မသက္မသာ ျဖစ္ေနေသးသည္။

"ဒီလိုဖုံးကြယ္ထားတဲ့ တာဝန္ေတြက ပုံတူေလာကတိုင္း ရႏိုင္တာမွမဟုတ္တာ။ ဒါေပမဲ့ ေအာင္ျမင္ေအာင္ လုပ္ႏိုင္သမွ် ကာလပတ္လုံး အသက္ရႈမွားေလာက္တဲ့ ဆုလဒ္ေတြကို ရရွိႏိုင္စြမ္းရွိတယ္။ တစ္ခ်ိန္ထဲမွာပဲ ဒါကဒီပုံတူေလာက တစ္ခုလုံးရဲ႕ ခက္ခဲမႈကို တိုးျမႇင့္သြားေစႏိုင္စြမ္းရွိလို႔ လူေသႏႈန္း ပိုမ်ားသြားႏိုင္တယ္"

"ဒီပုံတူေလာကက ဖုံးကြယ္ထားတဲ့ တာဝန္က မလြယ္ကူေလာက္ဘူး။ ဒါေၾကာင့္ သတိထားတာ အေကာင္းဆုံးပဲ"

ထိုသို႔ေျပာၿပီးေနာက္ ပုံတူေလာကအတြင္းသို႔ ေရာက္လာေသာ လူမ်ားအားလုံးကလည္း အသက္ကို ကာကြယ္ႏိုင္ရန္ တိုက္ခိုက္ရမည္ျဖစ္ေၾကာင္း နားလည္သြားသည္။ မည္သူကမွ ဒီလိုတာဝန္မ်ိဳးအတြက္ ရလာမည့္ ဆုလဒ္မ်ားက မက္ေမာေလာက္စရာ ျဖစ္ေနေလရာ လက္မေလ်ာ့လိုၾကေပ။ မည္သို႔ပင္ဆိုေစ လူေသမ်ားပင္ဆိုလွ်င္ ေသရမည့္လူက သူတို႔မဟုတ္ေခ်။

"ကြၽန္ေတာ္ ၾကားခ်င္တယ္"

ကုဝူက်ိက ထိုသရဲကိုၾကည့္ၿပီး ေျပာလိုက္သည္။

"အရာအားလုံး ေျပာျပပါ"

သယြမ္ေဖးကလည္း ထိုသို႔ေျပာလာမည္ျဖစ္ေၾကာင္း ေမွ်ာ္လင့္ထားၿပီးသားျဖစ္သည္။ ကုဝူက်ိကဲ့သို႔ေသာ အင္အားမ်ိဳး ပိုင္ဆိုင္ထားသည့္ လူတစ္ေယာက္အေနႏွင့္ ဒီလိုအခြင့္ေကာင္းမ်ိဳးကို လက္လႊတ္ခံမည္ မဟုတ္ေခ်။

ေျပာရလွ်င္ ကုဝူက်ိက အေျခအေနက ထိုမွ်အထိ ေရာက္ရွိလာၿပီဆိုကတည္းက သူ႔အေနျဖင့္ မေဆြးေႏြးဘဲ ေနာက္ဆုတ္ရန္ မျဖစ္ႏိုင္ေတာ့ေခ်။ သူကိုယ္တိုင္ကလည္း ကိစၥတစ္ခုလုံး၏ အမွန္တရားကို မသိႏိုင္လွ်င္ ေျဖရွင္းႏိုင္မည္မဟုတ္ေၾကာင္း နားလည္ေနသည္။

"မင္းကဒီလို တြန္းအားေပးေနမွေတာ့လည္း..."

သရဲက သက္ျပင္းခ်သည္။

"ငါမင္းကို ေျပာျပလိုက္ပါ့မယ္။ ကိစၥေတြက ဒီလိုရွိတယ္။ ဒီကြၽန္းေပၚမွာ သက္ရွိသတၱဝါ တစ္ေကာင္မွ မရွိဘူး။ တကယ္ေတာ့ မင္းကိုယ္တိုင္ေတာင္မွ အစစ္အမွန္ ရွင္သန္ေနတာ မဟုတ္ဘူး။ တိတိက်က် ေျပာရရင္ ရွင္ျခင္းႏွင့္ ေသျခင္းၾကားက အေျခအေနမ်ိဳးမွာ ငါတို႔က ရွိေနတာ။ မင္းတို႔ေကာင္ေတြ ဒီကြၽန္းကို ေခၚလာခံရတာကိုက ကံဆိုးတာပဲ"

"ဘာ"

သယြမ္ေဖးက ထိုစကားကို ၾကားေသာအခါ အံ့ၾသသြားေလသည္။ သူကလည္း ဒီကြၽန္းမွ တည္ေဆာက္ထားပုံအရ MPCမ်ားက လူသားမ်ားမဟုတ္ေၾကာင္း ေသခ်ာထားသည့္တိုင္ေအာင္ ဇာတ္ၫႊန္းတြင္ပင္ သက္ရွိမရွိဟု ေျပာလာမည္ဟု မထင္ထားမိေခ်။

"ဆိုေတာ့ ဒီလိုျဖစ္ေနတာကိုး"

ကုဝူက်ိက ဇာတ္ၫႊန္းကိုပင္ စတင္သုံးသပ္ေနေလၿပီ။

"ဒါေပမဲ့ ဒါကအရင္က ကိစၥပဲ။ အခုဆိုရင္ ဒီကြၽန္းေပၚက အထက္တန္းလႊာေတြက စိတ္လႈပ္ရွားမႈကိုပဲ အဓိက အားစိုက္ထားၾကေတာ့တယ္။ အမဲလိုက္ကြင္းျပင္က သယ္ေဆာင္လာခံရတဲ့ သားေကာင္ေတြကို သူတို႔အမဲလိုက္တဲ့ေနရာပဲ။ သူတို႔က ေနာက္ဆုံး တစ္ေယာက္ပဲ က်န္တဲ့အထိ လူမသတ္ၾကပါဘူး။ ဒီေတာ့ အသတ္ခံရတဲ့ သားေကာင္ပမာဏက နည္းတယ္။ ဘာပဲျဖစ္ျဖစ္ သက္ရွိလူသား တစ္ေယာက္အေနနဲ႔လည္း မလြယ္ကူဘူးေလ"

သရဲက ဆက္ေျပာသည္။

"ငါလည္း အဲ့ဒီလိုသားေကာင္တစ္ေကာင္ ျဖစ္ခဲ့တယ္"

ကုဝူက်ိက ေခါင္းညိမ့္သည္။ သူက ထိုအေၾကာင္းအရာကို ေတြးထားၿပီးသားျဖစ္ၿပီး ကြၽန္း၏ ဇာတ္ၫႊန္းအေနနဲ႔ ေဖာ္ျပထားၿပီးသားျဖစ္သည္။

"ငါတို႔က သာမာန္သားေကာင္ေတြလိုမ်ိဳး ေသသြားခဲ့သင့္တာ။ ဒါေပမဲ့ တစ္ရက္မွာေတာ့ သူေပၚလာတယ္"

သရဲက ခံစားခ်က္ ရႈပ္ေထြးသြားဟန္ျဖင့္ ထိုေပၚလာသည္ဆိုေသာ လူထံ အလြန္အမင္း ႏွစ္သက္သည့္ အမူအရာမ်ိဳးက ေပၚလာေသာ္လည္း ေၾကာက္လန႔္မႈႏွင့္ အျပစ္မကင္းမႈက ကပ္ပါလာေသးသည္။

"အဲ့ဒီလူက အရမ္းၾကင္နာတတ္ၿပီး ေျဖာင့္မတ္မွန္ကန္လြန္းတယ္။ သူက သားေကာင္ မျဖစ္ခ်င္႐ုံသာ မကဘဲ အျခားလူေတြကိုေတာင္ ကယ္ဖို႔ႀကိဳးစားခဲ့ေသးတယ္။ သူ႔ရဲ႕အင္အားေၾကာင့္ လူတိုင္းက ရွင္သန္ႏိုင္ေခ် ရွိတာေတာင္ ေတြ႕ခဲ့ရတယ္"

"ဒါေပမဲ့ ေမွ်ာ္လင့္မထားဘဲ သူက အရင္းႏွီးဆုံး အေပါင္းအေဖာ္ရဲ႕ သစၥာေဖာက္တာကို ခံလိုက္ရတယ္"
42 06
ကုဝူက်ိႏွင့္ သယြမ္ေဖးတို႔ကလည္း စကားတစ္ခြန္းမွ် မဆိုၾကေခ်။ မည္သို႔ပင္ဆိုေစ သစၥာေဖာက္ေသာ လူကလည္း သူတို႔၏ေရွ႕တြင္ရွိေသာ သရဲျဖစ္ေၾကာင္း သိေနေလသည္။

သစၥာေဖာက္ေသာ လူအတြက္မူကား ဒီပုံတူေလာကမွ ရက္စက္ၾကမ္းတမ္းေသာ ရန္ၿငိဳးႀကီးဝိညာဥ္ တစ္ေကာင္ ျဖစ္သြားခဲ့ရသည္။

"သူက အထက္တန္းလႊာေတြရဲ႕ အသရည္ကို စိန္ေခၚၿပီး အေျခအေန အားလုံးကို ေက်ာ္ျဖတ္ သတ္ျဖတ္ခဲ့တယ္။ ဒီကြၽန္းရဲ႕ပိုင္ရွင္က သူ႔အေပၚ မေက်နပ္ ျဖစ္လြန္းလို႔ အမိန႔္တစ္ခု ထုတ္ျပန္လိုက္တယ္။ သူသာေသသမွ် ကာလပတ္လုံး က်န္တဲ့လူတိုင္းက ဆုလက္ေဆာင္ေတြကို ရမဲ့အျပင္ တန္ဖိုးႀကီး ပစၥည္းေတြကိုလည္း ရမယ္။ ေနာက္ၿပီး ဒီေနရာက အရွင္လတ္လတ္ ထြက္သြားႏိုင္ၾကလိမ့္မယ္"

သရဲက ထိုသို႔ေျပာလိုက္ၿပီးေနာက္ အမူအရာက ခံစားခ်က္ပို၍ ရႈပ္ေထြးလာသည္။

"နဂိုကသူ႔ကို ယုံၾကည္တဲ့ လူေတြအားလုံးက ႐ုတ္တရက္ ခံစားခ်က္ ရႈပ္ေထြးသြားၾကတယ္။ အရာအားလုံးရဲ႕ ေနာက္ကြယ္မွာ အထက္တန္းလႊာေတြကို ပုန္ကန္လို႔ စိတ္ရွိေနတာက ကိုင္တြယ္ဖို႔ ခက္ခဲတဲ့ကိစၥပဲ။ ဒါေပမဲ့ သူ႔ကိုသာသတ္လိုက္ရင္ ပိုၿပီးလြယ္မသြားႏိုင္ဘူးလား။ ဒီေတာ့ လူတိုင္းရဲ႕ အျပဳအမူက အေပၚယံပဲ ရွိၾကေတာ့တယ္"

သယြမ္ေဖးက ပို၍ပင္ ခံစားခ်က္ ရႈပ္ေထြးလာသည္။ ဒီလိုေနရာမ်ိဳးတြင္ ထိုကဲ့သို႔ေသာ လူေကာင္းတစ္ေယာက္၏ အဆုံးသတ္က ဆိုး႐ြားျခင္းကလည္း ပုံမွန္သာျဖစ္သည္။ သို႔ေသာ္ နားေထာင္ရသည့္အခါ လူအမ်ား၏ ခံစားခ်က္က ဆိုး႐ြားေစေသးေလသည္။

ကုဝူက်ိက နားေထာင္ေနရင္းမွ လက္ထဲတြင္ကိုင္ထားသည့္ ဓာတ္ပုံကို မသိမသာေျမႇာက္ၿပီး အလယ္ရွိ လူငယ္ေလးကို ၾကည့္လိုက္သည္။ သူက႐ုပ္ရည္ကို ရွင္းရွင္းလင္းလင္း မျမင္ရသည့္တိုင္ေအာင္ ထိုအခ်ိန္က ဓာတ္ပုံ႐ိုက္ခဲ့ေသာ အခ်ိန္အေတာအတြင္းတြင္ ပတ္ဝန္းက်င္ရွိ လူတိုင္းက သံသယဝင္ရန္ မလိုေလာက္ေအာင္ သူ႔အား ယုံၾကည္ခဲ့ေလာက္သည္။ သို႔ေသာ္ ယုံၾကည္မႈက ၾကာရွည္မခံခဲ့ေခ်။

"အဆုံးမွာသူက သူနဲ႔အနီးဆုံးလူေတြက အဆိပ္ခတ္တာကို ခံလိုက္ရလို႔ ႐ုတ္တရက္ ေသဆုံးသြားခဲ့တယ္"

သရဲကေျပာသည္။

"ဒီလူေတြကလည္း အထက္တန္းလႊာေတြက ကတိေပးထားတဲ့အတိုင္း ဆုလဒ္ေတြရခဲ့တယ္။ ထြက္ခြာဖို႔ သေဘၤာလည္း ရခဲ့တယ္။ သူတို႔ကေတာ့ သူတို႔လြတ္လပ္သြားၿပီလို႔ ထင္ခဲ့ၾကတာပဲ"

"ဒါေပမဲ့ ေနာက္တစ္ရက္မွာ အရာအားလုံးက ေျပာင္းသြားတယ္"

သရဲ၏မ်က္ႏွာတြင္ ထိတ္လန႔္မႈက ႀကီးစိုးလာသည္။

"သေဘၤာေပၚက အဖြဲ႕သားေတြအားလုံး ေသသြားၿပီး သေဘၤာကလည္း ကြၽန္းရဲ႕ဆိပ္ကမ္းကို ျပန္ဆိုက္ကပ္လာတယ္။ ကြၽန္းေပၚက လူေတြအတြက္ကေတာ့ သူတို႔ေသႏွင့္ေနၾကၿပီ။ သူတို႔ ေသ႐ုံတင္မကဘဲ အဲ့ဒီသရဲေတြက အဆိုး႐ြားဆုံးနည္းလမ္းနဲ႔ ႏွိပ္စက္ခံခဲ့ရေသးတယ္"

"ဒါေပမဲ့ အသက္ရွင္ေနေသးတဲ့ သေဘၤာေပၚက က်န္ရစ္တဲ့လူေတြကေတာ့ ေတာအုပ္ထဲကို အတြန္းပို႔ခံရတယ္။ ထိတ္လန႔္မႈေတြအျပည့္နဲ႔ ရွင္သန္ေနရၿပီး ထပ္ခါတလဲလဲ အမဲလိုက္ ခံၾကရတယ္။ သူတို႔ကို အမဲလိုက္တဲ့လူက ဒီတစ္ႀကိမ္မွာေတာ့ သက္ရွိမဟုတ္ေတာ့ဘူး"

"အဲ့ဒီကိစၥေတြ အားလုံးကို ျဖစ္ေပၚေစခဲ့တဲ့လူက ... အဲ့ဒီလူပဲ"

[ကစားသမားက ဒီကြၽန္းရဲ႕ အမွန္တရားကို ရွာေဖြေတြ႕ရွိသြားၿပီ။ အေျခအေနေတြ အားလုံးကလည္း တိုက္ဆိုင္ေနတဲ့အတြက္ေၾကာင့္ ဖုံးကြယ္ထားတဲ့ေတာင္ေပၚက ႐ုတ္တရက္ အသက္ဝင္သြားပါၿပီ။ ဒီကြၽန္းရဲ႕က်ိန္စာကို ဖယ္ရွားပါ]

[ဖုံးကြယ္ထားတဲ့တာဝန္က ႐ုတ္တရက္ ေပၚလာတဲ့အတြက္ေၾကာင့္ ဒီပုံတူေလာကရဲ႕ ခက္ခဲမႈႏႈန္းက ဒီကစားသမားအတြက္ သီးသန႔္ျမင့္တက္သြားပါတယ္။ ဒါေၾကာင့္ ကစားသမားအေနနဲ႔ စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ထားဖို႔ အႀကံေပးပါတယ္]

[ထပ္တိုးသတိေပးခ်က္.. ကစာသမား ကုဝူက်ိက အခုအခ်ိန္ကစၿပီး အျခားသူေတြနဲ႔ တူညီတဲ့ အဓိက တာဝန္ကို ကိုင္တြယ္ေျဖရွင္းရေတာ့မွာ မဟုတ္ပါဘူး]

ကုဝူက်ိက ထိုစကားကို ၾကားခ်ိန္တြင္ တစ္စုံတစ္ရာကိုပင္ ႀကိဳျမင္လာမိသည္။

သယြမ္ေဖး၏ အမူအရာကမူ မေျပာင္းလဲေခ်။ ထိုကတည္းက ထိုအမွန္တရားကို တစ္ဖက္သူက သိသြားေသာ္လည္း ဖုံးကြယ္ထားသည့္ တာဝန္ကို အသက္သြင္းခဲ့သူက သူျဖစ္ေနေသာေၾကာင့္ ထိုစနစ္၏အသံကို သူကသာ ၾကားရျခင္းျဖစ္ေလာက္ၿပီး အျခားသူမ်ားကမူ မသိေလာက္ေခ်။

မည္သို႔ပင္ဆိုေစ ဒါကလည္း အျခားသူမ်ားအတြက္ မွ်တသည္ဟုထင္သည္။ သူတစ္ေယာက္ေၾကာင့္ လူတိုင္းက ခက္ခဲမႈကို ရင္ဆိုင္ရမည္ဆိုလွ်င္ မျဖစ္သင့္ေခ်။

ေျပာရလွ်င္ ဖုံးကြယ္ထားသည့္ တာဝန္ကို အသက္သြင္းရန္အလို႔ငွာ အဓိက အေျခအေနတစ္ခု လိုအပ္သည္။ ထိုလူက မေကာင္းေသာ ရည္႐ြယ္ခ်က္ရွိ၍ မရျခင္းျဖစ္သည္။

သဘာဝက်က်ပင္ လူအမ်ားစု၏စိတ္က ဒီလိုအေျခအေနမ်ိဳးတြင္ သန႔္ရွင္းစင္ၾကယ္ေနရန္ ခက္ခဲေလၿပီး စနစ္ကလည္း ရည္႐ြယ္ခ်က္ရွိရွိ ထိုသို႔လမ္းေၾကာင္းေပးထားသည့္တိုင္ ပို၍ဆိုးေနသည္။ သို႔ရာတြင္ အိမ္အျပင္ဘက္မွ သရဲမ်ားက သန႔္စင္ခံရၿပီးလွ်င္ ကုဝူက်ိကို ေက်းဇူးတင္စိတ္အျပည့္ျဖင့္ ထြက္ခြာသြားရသည့္အတြက္ ဒါကသူ႔အတြက္ သက္ေသျပခ်က္ တစ္ခုလိုမ်ိဳး ရရွိလာျခင္းလည္းျဖစ္သည္။
42 07
အေျခအေနက အလြန္ရႈပ္ေထြးေနၿပီး သက္ေသခံရသည့္ သရဲမ်ားကို သန႔္စင္ျခင္းက သာမာန္လူတစ္ေယာက္ လုပ္ႏိုင္ေသာ အခ်က္မဟုတ္ေခ်။ သူတို႔ကသာ သန႔္စင္သည့္ စြမ္းရည္ သို႔မဟုတ္ အလားတူေသာ ပစၥည္းမ်ားကို ပိုင္ဆိုင္ထားလွ်င္မူ တစ္မ်ိဳးျဖစ္သည္။ ေျပာရလွ်င္ ထိုမီးဖိုခန္းအတြင္းသို႔ သူတို႔က ဝင္ေရာက္ရန္လိုအပ္ၿပီး သရဲထံမွ တာဝန္ကိုလည္း လက္ခံရယူရအုံးမည္ျဖစ္ကာ အေပၚထပ္သို႔ တက္သည့္အျပင္ ထိုေခြးအကိုလည္း ရင္ဆိုင္ရအုံးမည္ျဖစ္သည္။ ထိုအခ်က္အလက္မ်ား အားလုံးကို ၿပီးေျမာက္ၿပီးမွသာလွ်င္ ဖုံးကြယ္ထားသည့္တာဝန္က အလိုလို အသက္ဝင္လာမည္ျဖစ္သည္။

ထိုအခ်က္အလက္မ်ားေၾကာင့္ ကုဝူက်ိကသာလွ်င္ အားလုံးကို လုပ္ေဆာင္ႏိုင္ခဲ့ၿပီး အသက္သြင္းႏိုင္ခဲ့ျခင္းလည္း ျဖစ္သည္။ ကံၾကမၼာ အလွည့္အေျပာင္း မဟုတ္ေသာ္လည္း သာမာန္အားျဖင့္ မလုပ္ႏိုင္သည့္ ကိစၥတစ္ခု ျဖစ္ေနသည္။ သူကသာ အစပိုင္းကတည္းက ထိုကဲ့သို႔ေသာ ဝန္းက်င္တြင္ က်င္လည္ခဲ့ရေသာ လူျဖစ္သည့္အေလ်ာက္ ဖုံးကြယ္ထားသည့္ တာဝန္ဆိုသည္မွာ သူ႔အတြက္ ကိုယ္တိုင္းခ်ဳပ္ထားသည့္ ဝတ္စုံကဲ့သို႔ ျဖစ္ေနျခင္းလည္းျဖစ္သည္။

"ဆိုေတာ့ ဒီကိုျဖစ္ပ်က္ခဲ့တာပဲ။ ကြၽန္ေတာ္ နားလည္ၿပီ"

ကုဝူက်ိက သရဲကိုၾကည့္ၿပီး ဆက္ေျပာသည္။

"ဒါေပမဲ့ ဒီသစ္လုံးအိမ္က အခ်ိန္မေ႐ြး မီးေလာင္ျပာက်သြားႏိုင္တယ္။ ခင္ဗ်ား ဒီေနရာမွာ ဆက္ေနရင္ ဘာျဖစ္သြားႏိုင္လဲ"

"ငါခန႔္မွန္းၿပီးသားပါ။ ငါက ဒီကြၽန္းမွာပဲ ဆက္ေနရအုံးမွာပဲ"

ထိုသရဲကေျပာသည္။ သူ၏ေလသံထဲတြင္ ခါးသီးမႈမ်ားကပါသည္။ ဘယ္လိုနည္းနဲ႔မဆို ဒါကငါနဲ႔တန္တဲ့ အျပစ္ေပးမႈပါပဲ။

"အင္း"

ကုဝူက်ိကလည္း ေခါင္းညိမ့္လိုက္ၿပီး ထြက္သြားရန္ ျပင္ဆင္လိုက္သည္။ သူကလည္း တစ္ဖက္သူကို ဖိအားေပးၿပီး မသန႔္စင္ေပးခ်င္ေခ်။ ထပ္ေျပာရန္ မလိုေလာက္ေအာင္ ဒီကြၽန္း၏ အေျခအေနကို ၾကည့္ခ်င္အားျဖင့္ ထိုဗီလိန္ေခါင္းေဆာင္ႀကီးကပင္ အလြယ္တကူ သန႔္စင္၍မရမွန္း ေသခ်ာေနသည္။ ထိုကဲ့သို႔ အလားတူမ်ိဳး ျဖစ္တည္မႈမ်ိဳး ရွိေနႏိုင္ေသးသည္။ သူတို႔၏ အေျခအေနအရ ယခင္တစ္ေခါက္က ႀကဳံခဲ့ဖူးေသာ တေစၱသေဘၤာ ပုံတူေလာကႏွင့္ပင္ တူေနေသးေလသည္။

ဒီလူေတြကို ထြက္သြားႏိုင္ေအာင္ လုပ္ေပးဖို႔အတြက္ဆိုရင္ ဒီကြၽန္းက ကိစၥေတြအားလုံးကိုပဲ ေအာင္ျမင္ေအာင္ လုပ္ရေတာ့မယ္။ သရဲက ေသြးအိုင္အတြင္းသို႔ ျပန္ေရာက္သြားေလၿပီ။ သယြမ္ေဖးက ခ်က္ခ်င္းလိုလို မတ္တပ္ျပန္ထရပ္ကာ ကုဝူက်ိေနာက္သို႔ ကပ္လာေလသည္။ ကုဝူက်ိအနားတြင္ ေနမွသာလွ်င္ လုံၿခဳံသည္ဟု ခံစားရသည္။

"ဟုတ္သားပဲ ငါေမးခ်င္ေနခဲ့တာ"

ကုဝူက်ိက သူ႔ကိုၾကည့္ၿပီး သံသယအျပည့္ျဖင့္ ေမးလာသည္။

"မင္းကဘယ္သူလဲ"

သယြမ္ေဖး "..."

အာ မင္းဘာလို႔ အခုမွ လာေမးေနတာလဲ။

အခန္း ၄၂.၃

ေတာင္ထိပ္ခန္းမထဲတြင္... ခန္းမထဲရွိ လူအုပ္က တိတ္ဆိတ္ေနၾကၿပီး စံအိမ္ပိုင္ရွင္ကို မ်က္ႏွာေသမ်ားျဖင့္ ၾကည့္ေနၾကသည္။

အစပိုင္းကတည္းက သူတို႔ထဲမွ မည္သူကမွ ဒီကြၽန္းမွလူမ်ား မဟုတ္ၾကေပ။ သူတို႔က အမဲလိုက္ပြဲကို ဆင္ႏြဲရန္အလို႔ငွာ ဖိတ္ၾကားခံရေသာ ဧည့္သည္မ်ား ျဖစ္ၾကသည္။ သို႔ရာတြင္ သူတို႔မသိသည္မွာ စံအိမ္ပိုင္ရွင္၏ အတိတ္အေၾကာင္းကို ႐ုတ္တရက္ ၾကားလိုက္ရၿပီး သူတို႔အတြက္ မသက္မသာ ျဖစ္သြားရေတာ့သည္။ သူတို႔ တိတ္တိတ္ေနသင့္လား စိုးရိမ္ေပးသင့္လားပင္ မေသခ်ာေတာ့ေခ်။

"ဒီအေျခအေနထိ ေရာက္သြားႏိုင္တဲ့ လူတစ္ေယာက္ရွိမယ္လို႔ ငါမထင္ထားခဲ့ဘူး"

စံအိမ္ပိုင္ရွင္က ေအးစက္ေသာ မ်က္ဝန္းမ်ားျဖင့္ ဖန္သားျပင္ကိုၾကည့္သည္။

"ဒါကငါ့ကို တကယ္အံ့ၾသသြားေစတယ္"

အျခားသူမ်ားကလည္း မ်က္ႏွာေသျဖင့္ လူတစ္ေယာက္က အံ့ၾသသည္ဟု ေျပာလာေသာ္လည္း မည္သည့္ေထာင့္မွၾကည့္ၾကည့္ ထိုအံ့ၾသသည့္ ခံစားခ်က္ကို မျမင္ရသည့္အတြက္ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားၾကသည္။

"မင္းေျပာတာလည္း ျဖစ္ႏိုင္တာပဲ"

လူတစ္ေယာက္က ေျပာလာသည္။
42 08
"ဒီသားေကာင္က တကယ္သန္မာတယ္။ သူက ေခြးအကိုေတာင္ ကိုင္တြယ္ႏိုင္စြမ္းရွိတယ္။ သူ႔ရဲ႕ အင္အားကလည္း ဒီသားေကာင္ အဖြဲ႕ထဲမွာ အျမင့္ဆုံးပဲ။ ဒီအတိုင္း ဆက္ျဖစ္ေနရင္ သူကပဲ ေနာက္ဆုံး က်န္တဲ့အဖြဲ႕ထဲက ျဖစ္လာလိမ့္မယ္"

"ဒါ့အျပင္ ဒီသားေကာင္က အျခားသူေတြကို ဒုကၡေပးတာမ်ိဳး မရွိဘူး။ ဒီေတာ့ ဒီပြဲထဲမွာ ကိုင္တြယ္ဖို႔ မလြယ္ကူလာေလာက္ဘူး။ သူ႔ရဲ႕အင္အားေၾကာင့္ အျခားလူေတြကိုသတ္တာက ခက္ခဲတဲ့တာဝန္မွ မဟုတ္တာ"

အျခားလူတစ္ေယာက္က ဝင္ေျပာသည္။ သူကလည္း ထိုသားေကာင္အေပၚ သေဘာက်ေနမိသည္။

ဒီအထူးအေျခအေနတြင္ ကုဝူက်ိက လူမ်ားကို ကယ္ေနျခင္းျဖစ္သည္။ ဒါကသူတို႔အား မ်က္စိပြင့္နားပြင့္ ျဖစ္လာေစေသးသည္။ သို႔ရာတြင္ သူတို႔က မေျပာရဲေသာ္လည္း ကုဝူက်ိ၏ လုပ္ေဆာင္မႈမ်ားက စံအိမ္ပိုင္ရွင္ လုပ္ခဲ့ေသာ အေျခအေနမ်ိဳးႏွင့္ တူညီေနေလသည္။

"ဒါကစည္းမ်ဥ္းေဖာက္တာပဲ"

စံအိမ္ပိုင္ရွင္က ေၾကညာသည္။

"သူကငါ့ရဲ႕ အတိတ္အေၾကာင္းကို သိသြားၿပီဆိုကတည္းက ဒီေနရာက အလြယ္တကူ ထြက္သြားလို႔ မရေတာ့ဘူး"

အျခားသူမ်ားက စကားတစ္ခြန္းမွ် မဆိုၾကဘဲ စံအိမ္ပိုင္ရွင္ကိုသာ ၾကည့္ေနၾကသည္။ သူတို႔က ကံအဆိုးဆုံးလူမ်ား ျဖစ္ေလာက္ေလသည္။ သူတို႔က ဒီအတိုင္း ေပ်ာ္ပြဲ႐ႊင္ပြဲ လာေရာက္ဆင္ႏြဲေသာ္လည္း ရလဒ္အေနျဖင့္ အေျခအေနဆိုးတစ္ခုထဲ ပါဝင္ပတ္သတ္မိသြားသည္။

"ကစားပြဲရဲ႕ စည္းမ်ဥ္းေတြက ေျပာင္းသြားၿပီ"

စံအိမ္ပိုင္ရွင္က မတ္တပ္ထရပ္ၿပီးေနာက္ ေအးစက္စြာ ႏွာေခါင္းရႈံ႕သည္။

"သူ႔ကိုသတ္ႏိုင္တဲ့ ဘယ္သူကမဆို ငါအဲ့ဒီသားေကာင္တိုင္းကို အရွင္လတ္လတ္ ထြက္သြားခြင့္ ျပဳမဲ့အျပင္ ကစားပြဲေနာက္ဆုံးမွာ အႏိုင္ရသြားမဲ့လူ ရသင့္တဲ့ ဆုလဒ္တိုင္းကိုေပးမယ္"

သူ၏ပတ္ဝန္းက်င္မွ လူတိုင္းကမူ ေက်ာခ်မ္းသြားၾကသည္။

စံအိမ္ပိုင္ရွင္၏ အျပာရင့္ေရာင္ ေအးစက္သည့္ မ်က္ဝန္းမ်ားက ကုဝူက်ိ၏ ပုံရိပ္ထံသို႔ ေရာက္လာၿပီး ေက်ာခ်မ္းဖြယ္ေကာင္းေသာ အမူအရာမ်ိဳးျဖင့္ လူေသတစ္ေယာက္ကို စကားေျပာလာသလိုမ်ိဳး ေျပာလာသည္။

"အဲ့ဒီလိုဆိုရင္ေတာင္မွ မင္းကဆက္ၿပီး ရွင္ႏိုင္အုံးမွာလား"

ဟုတ္သားပဲ ဒီလိုလူမ်ိဳးက ဒီလိုေနရာမ်ိဳးမွာ မရွင္သန္ႏိုင္သင့္ဘူး။

သူ၏အေရွ႕က လူအေနႏွင့္ ထိုအခ်က္ကို နားလည္ရန္ ေမွ်ာ္လင့္သည္။

...

ဧည့္ခန္းထဲတြင္ ရွိသည့္လူတစ္အုပ္ကမူ မ်က္ႏွာက်က္မွ သရဲႏွင့္ ရင္ဆိုင္ေနေသးသည္။

ထိုသရဲ၏ ဆံပင္ရွည္မ်ားက ေအာက္သို႔က်ဆင္းေနၿပီး လူတိုင္းကို ပင့္ကူအိမ္မ်ားကဲ့သို႔ ရစ္ပတ္ထားသည္။

သူတို႔က အလြန္အမင္း ထိတ္လန႔္တုန္လႈပ္ေနၾကၿပီး အမ်ိဳးမ်ိဳးေသာ ပစၥည္းမ်ားကို ထုတ္ၾကသည့္တိုင္ေအာင္ ထိုသရဲကိုရင္ဆိုင္ရန္ မလုံေလာက္ခဲ့ေခ်။ သူတို႔အားလုံးက ထိုသရဲႏွင့္ အလြန္အမင္း နီးကပ္ေနေသာေၾကာင့္လည္း ျဖစ္ေလာက္သည္။

"ေသစမ္း ဒီသရဲမက ဘာျဖစ္ေနတာလဲ"

"ဘာလို႔ငါတို႔ကိုပဲ ပစ္မွတ္ထားေနၿပီး အဲ့ဒီေကာင္ကိုေတာ့ မတိုက္ခိုက္ၾကတာလဲ။ သူတစ္ခုခုလုပ္ထားတာ ေသခ်ာတယ္"

"မုန္းဖို႔ေကာင္းလိုက္တာ ဒီေနရာမွာ ေသရေတာ့မယ္"

လုယြမ္က်ိဳးကလည္း ေဘးဘက္မွ ေမွ်ာ္လင့္တႀကီး ၾကည့္ေနေလသည္။ သူက မုန႔္အခ်ိဳ႕ပင္ထုတ္ၿပီး ဝါးကာ ပြဲႀကီးပြဲေကာင္း ၾကည့္သလို ေစာင့္ၾကည့္ေနေသးသည္။

သူက ထိုကစားသမားမ်ားက ဒီအိမ္တြင္ ပုန္းေအာင္းေနေၾကာင္း အစပိုင္းကတည္းက သိထားၿပီးသားျဖစ္သည္။ သို႔ရာတြင္သူက ထုတ္မေျပာခဲ့ေခ်။ လ်ိဳ႕ဝွက္စြာျဖင့္သာ ႀကိဳတင္ျပင္ဆင္မႈ လုပ္ခဲ့သည္။ ထို႔ေၾကာင့္ ထိုလူမ်ားက ေထာင္ေခ်ာက္အတြင္း က်ဆင္းသြားခဲ့ျခင္းလည္း ျဖစ္သည္။

တကယ္ေတာ့ ထိုသရဲမဆိုသည္မွာ လုယြမ္က်ိဳး ယခင္ပုံတူေလာကတစ္ခုမွ ယူလာခဲ့ျခင္းျဖစ္သည္။ ထိုသရဲမက ယခုအခါ မည္သည့္ အသိစိတ္မွမရွိဘဲ လုယြမ္က်ိဳး၏ အမိန႔္ကိုသာ နာခံသည့္အတြက္ သူ၏ဝွက္ဖဲျဖစ္လာသည္။

ထိုသရဲမက လုယြမ္က်ိဳး၏ စြမ္းရည္မ်ားကို မပိုင္ဆိုင္ထားသည့္အျပင္ တူညီေသာ ပစၥည္းမ်ားကဲ့သို႔ေသာ တည္ရွိမႈအျဖစ္ တက္ႏိုင္စြမ္းရွိေနေသးသည္။ ထိုသရဲမက ဒီပုံတူေလာကထဲတြင္ ဖိႏွိပ္ခံထားရသည့္အတြက္ အျခားေသာ ကစားသမားမ်ားကို မသတ္ႏိုင္ေသာ္လည္း ေျခာက္လန႔္ရန္အတြက္မူကား လုံေလာက္သည္။
42 09
သို႔ရာတြင္ အလယ္အလတ္အဆင့္ ပုံတူေလာကမွ ကစားသမားမ်ားကလည္း အမ်ိဳးမ်ိဳးေသာ သရဲမ်ား၏ အမဲလိုက္ျခင္း၊ ေျခာက္ခံရျခင္းမ်ားကိုမူ ေတြ႕ႀကဳံခဲ့ရၿပီး သရဲမ်ား၏ သတ္ျဖတ္ခံရသည့္ တေစၦသရဲမ်ားကိုလည္း ျမင္ခဲ့ဖူးေနၾကေလသည္။ ထို႔ေၾကာင့္ သူတို႔၏ စိတ္အတြင္းတြင္ သရဲမ်ားကိုျမင္လွ်င္ ေၾကာက္လန႔္သည့္စိတ္က အ႐ိုးဆြဲေနေလၿပီ။ ယခုအခါ ထိုသရဲမက အလြန္အမင္း နီးကပ္စြာ ရွိေနသည့္ အေနအထားမ်ိဳးျဖင့္ ျမင္လိုက္ရေလရာ ေသလုနီးပါး ေၾကာက္လန႔္သြားၾကျခင္း ျဖစ္သည္။

ဒီလိုအေျခအေနမ်ိဳးမွာ သူတို႔မွာ ေမးခြန္းေမးဖို႔ ဘယ္လိုအခ်ိန္ရွိမွာလဲ။

သူတို႔ေတြးမိသည္မွာ လုယြမ္က်ိဳးက သူတို႔ကို တစ္စုံတစ္ရာလုပ္သြားၿပီး ထိုသရဲမက သူတို႔ကို ပစ္မွတ္ထားေနျခင္း ျဖစ္သည္ဟုသာလွ်င္ ျဖစ္သည္။

"ကုဝူက်ိ ျပန္လာေလာက္ၿပီလို႔ ငါထင္တယ္"

လုယြမ္က်ိဳးကေျပာသည္။

"ငါအခုရပ္လိုက္သင့္ၿပီ။ ဒီလူေတြကိုဖမ္းၿပီး စကားေအးေဆး ေျပာရမယ္။ တကယ္လို႔ ဒါကသာ ကုဝူက်ိကို ေၾကာက္သြားေစရင္ အေျခအေနမေကာင္းဘူး"

ကုဝူက်ိက အင္အားကို ျပသခဲ့ၿပီးျဖစ္သည့္တိုင္ေအာင္ သူ၏အျမင္အရ တစ္ဖက္သူကို ညီငယ္ေလးအျဖစ္သာ ဆက္ဆံသင့္သည္ဟု သတ္မွတ္ထားသည့္အတြက္ သူက ကာကြယ္ေပးသင့္သည္ဟု ခံစားမိသည္။

ကုဝူက်ိက လူအမ်ားစုကို ကယ္တတ္ေသာ စိတ္ေကာင္း ေစတနာေကာင္း ရွိသူလည္း ျဖစ္ေနေသးသည္။ သူ၏ခံစားခ်က္ အေျခအေနက အထိမခံ ျဖစ္ေလာက္သည္။ ထို႔ေၾကာင့္ ဒီလိုရက္စက္ေသာ ျမင္ကြင္းကို ျမင္ခြင့္မျပဳႏိုင္ေခ်။

လုယြမ္က်ိဳးက ထိုသို႔ေတြးလိုက္မိၿပီး ခ်က္ခ်င္းလိုလို ကုဝူက်ိကသာ အေပၚမွ ဆင္းလာခဲ့ၿပီး သရဲမ်ားကို ျမင္ခ်ိန္တြင္ ျဖစ္သြားမည့္ အေနအထားကို သတိရလိုက္သည္။

လုယြမ္က်ိဳးက သရဲမကို ျပန္ေခၚေတာ့မည့္ အခ်ိန္တြင္ပင္ ဧည့္ခန္းတံခါးက ႐ုတ္တရက္ ကန္ဖြင့္ခံရၿပီး ကုဝူက်ိက ေပၚလာသည္။

"ဝမ္ေကာ္ အဲ့ဒီလို ဆက္မလုပ္သင့္ေတာ့ဘူး။ ကြၽန္ေတာ္တို႔..."

သယြမ္ေဖးကလည္း ဆြဲေဆာင္သိမ္းသြင္းေတာ့မည့္ အခ်ိန္တြင္ သူ၏အေရွ႕မွ ျမင္ကြင္းကို ျမင္လိုက္ရကာ ထိတ္လန႔္လြန္းၿပီး ေမ့ေမ်ာလုနီးပါး ျဖစ္သြားေတာ့သည္။ ကုဝူက်ိက ပုခုံးကိုပုတ္ေပးသည္။

"မေၾကာက္နဲ႔"

ထိုသို႔ေျပာၿပီးေနာက္ သူက ထိုအဖြဲ႕ရွိရာထံသို႔ တိုက္႐ိုက္သြားၿပီး ေသြးစြန္းေနေသာႀကိဳးကို ထုတ္လိုက္သည္။

လုယြမ္က်ိဳး "..."

ေနပါအုံး ဒီသရဲမကို ေခၚမသြားပါနဲ႔ အာ။

အေျခအေနက မေကာင္းေသာဘက္သို႔ ဦးတည္ေနျခင္း မျပဳႏိုင္ခင္မွာတင္ လုယြမ္က်ိဳးက တိုက္႐ိုက္ပဲ သရဲမကို အျမန္ဆုံး ျပန္ေခၚလိုက္ရသည္။ ေၾကာက္မက္ဖြယ္ေကာင္းေသာ သရဲပုံရိပ္က ေျဖးညႇင္းစြာျဖင့္ ေပ်ာက္ကြယ္သြားၿပီး ခ်က္ခ်င္းလိုလို ျမင္ကြင္းကလည္း လင္းခ်င္းသြားေတာ့သည္။

ထိုအခါမွသာ လူအမ်ားက စိတ္ေအးသြားၾကသည္။ သူတို႔က ေသျခင္းတရားမွ ကပ္သီးေလး လြတ္ေျမာက္သြားခဲ့ေလၿပီ။ သို႔ရာတြင္ သူတို႔ဘာမွ မလုပ္ႏိုင္ခင္မွာတင္ ကုဝူက်ိက ႀကိဳးျဖင့္ခ်ည္ျခင္းကို ခံလိုက္ရသည္။

ပုံမွန္အားျဖင့္ ထိုႀကိဳးက သရဲမ်ားကို ခ်ည္လိုက္ခ်ိန္တြင္ တစ္ဖက္သရဲမ်ား၏ အင္အားမ်ားက ေလ်ာ့က်သြားေသာ္လည္း လူတစ္ေယာက္အတြက္ဆိုလွ်င္ ပို၍ဆိုး႐ြားသည္။ ထိုလူသုံးေယာက္၏ အင္အားက ခ်က္ခ်င္းလိုလို ဆြဲစုပ္ခံရသလိုမ်ိဳး အားအင္မဲ့သြားၾကၿပီး ေျခတစ္လွမ္းပင္ မလွမ္းႏိုင္ၾကေတာ့ေပ။ ထို႔ေၾကာင့္ ကုဝူက်ိကို သူတို႔က ထိတ္လန႔္တၾကား ၾကည့္ၾကေတာ့သည္။

တစ္ခ်ိန္ထဲတြင္ပင္ ဧည့္ခန္းထဲသို႔ ေလာင္ကြၽမ္းခံရသည့္ အနံ႔ႀကီးက ျပန႔္လြင့္လာကာ ေခ်ာက္ခ်ားဖြယ္ မီးေတာက္ကလည္း ကပ္ပါလာသည္။

"မင္းဘာလုပ္ခဲ့တာလဲ"

လုယြမ္က်ိဳးက ကုဝူက်ိကို အံ့အားတႀကီးၾကည့္သည္။

သူကဘယ္လိုလုပ္ သစ္လုံးအိမ္ကို မီးပတ္ရႈိ႕ေနတာလဲ။

"ေနာက္ၿပီး မင္းရဲ႕ေနာက္က လူကေရာ ဘယ္သူလဲ"

"ဒီလူက ရန္သူဘက္က မဟုတ္ဘူးလား။ ဘာလို႔ ကုဝူက်ိရဲ႕ ညီငယ္ေလးလို ဟန္ေဆာင္ေနတာလဲ"

"အာ ရွင္းျပဖို႔ အခ်ိန္မရွိဘူး။ အရင္အျပင္ထြက္ရေအာင္"

ထိုသို႔ေျပာၿပီး ထိုႀကိဳးခ်ည္ထားသည့္ လူသုံးေယာက္ကို အျပင္သို႔ဆြဲေခၚသည္။ ေ႐ြးခ်ယ္စရာ မရွိေတာ့သည့္ လုယြမ္က်ိဳးကလည္း ေမ့ေမ်ာေနေသာ ေျခက်င္းဝတ္လည္ေနသည့္ ကစားသမားကို ေက်ာကုန္းေပၚထမ္းလွ်က္ အျပင္သို႔ ထြက္လိုက္ရသည္။
42 10
သူတို႔အဖြဲ႕က တံခါးဝမွ ထြက္လိုက္ခ်ိန္မွာတင္ စနစ္မွ အသံတစ္သံက ထြက္လာသည္။

[ကြၽန္းအရွင္က အခုေလးတင္ အမိန႔္ထုတ္လိုက္တယ္။ စည္းမ်ဥ္းေဖာက္တဲ့ ကစားသမားကို သတ္ႏိုင္သမွ် ကာလပတ္လုံး အျခားသားေကာင္ေတြအားလုံး လြတ္ေျမာက္ခြင့္ရမယ္။ ေနာက္ၿပီး အဲ့ဒီလူတိုင္းကလည္း ဆုလဒ္ကိုရရွိမယ္]

[အဓိကတာဝန္အသစ္.. ကြၽန္းကလြတ္ေျမာက္ဖို႔အတြက္ ကုဝူက်ိကိုသတ္ပါ]

ကုဝူက်ိ "???"

Weiterlesen

Das wird dir gefallen

80.9K 12.6K 100
Traslation all credit to Original Author and E Translator horror type uodate -mon.wed and Friday
49.6K 6K 98
Hello ... မဂ်လာညချမ်းလေးပါ ချစ်တို့ရေ... New novel New Gp အချိန်လေးရောက်လာပြန်ပါပြီ ဒီခါတော့ မင်မင်က review လေးထည့်ပေးလိုက်ပါတယ် (သူများဟာကူးလာတာပါ�...
449K 69.7K 185
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...