ပန်းချီတွေငိုခြင်း
By JeonMyat-01
124K 11.4K 809
နိဒါန်း
ပန်းချီတွေငိုခြင်း{၁}
ပန်းချီတွေငိုခြင်း{၂}
ပန်းချီတွေငိုခြင်း{၃္}
ပန်းချီတွေငိုခြင်း{၄}
ပန်းချီတွေငိုခြင်း{၅}
ပန်းချီတွေငိုခြင်း{၆}
ပန်းချီတွေငိုခြင်း{၇}
ပန်းချီတွေငိုခြင်း{၈}
ပန်းချီတွေငိုခြင်း{၉}
ပန်းချီတွေငိုခြင်း{၁၀}
ပန်းချီတွေငိုခြင်း{၁၁}
ပန်းချီတွေငိုခြင်း{၁၂}
ပန်းချီတွေငိုခြင်း (၁၃)
ပန်းချီတွေငိုခြင်း (၁၄)
ပန်းချီတွေငိုခြင်း {၁၅}
ပန်းချီတွေငိုခြင်း {၁၆}
ပန်းချီတွေငိုခြင်း {၁၇}
ပန်းချီတွေငိုခြင်း {၁၈}
ပန်းချီတွေငိုခြင်း {၁၉}
ပန်းချီတွေငိုခြင်း {၂၀}
ပန်းချီတွေငိုခြင်း {၂၁ }
ပန်းချီတွေငိုခြင်း{၂၂}
ပန်းချီတွေငိုခြင်း {၂၄}
ပန်းချီတွေငိုခြင်း {၂၅}
ပန်းချီတွေငိုခြင်း {၂၆}
ပန်းချီတွေငိုခြင်း {၂၇}
ပန်းချီတွေငိုခြင်း { ၂၈}
ပန်းချီတွေငိုခြင်း{ ၂၉ }
ပန်းချီတွေငိုခြင်း {၃၀ }
ပန်းချီတွေငိုခြင်း {၃၁}
ပန်းချီတွေငိုခြင်း { ၃၂ }
ပန်းချီတွေငိုခြင်း {၃၃}
ပန်းချီတွေငိုခြင်း {၃၄}
ပန်းချီတွေငိုခြင်း {၃၅}
ပန်းချီတွေငိုခြင်း {၃၆}
ပန်းချီတွေငိုခြင်း {၃၇}
ပန်းချီတွေငိုခြင်း {၃၈}
ပန်းချီတွေငိုခြင်း {၃၉}
ပန်းချီတွေငိုခြင်း {၄၀}
{ဇာတ်သိမ်းပိုင်း} 🍎
ပန်းချီတွေငိုခြင်း (Extra)
ပန်းချီတွေငိုခြင်း {၂၃}
2.7K 255 9
By JeonMyat-01
ဟိုတယ်ရောက်ကတည်းကတစ်ဦးထဲ
ဖြစ်နေသည်မို့အချိန်ကုန်တာကြာနေသလိုပင်
ခံစားမိသည်။
အထွေအထူး လုပ်စရာလည်းမရှိသလို
ရောက်ကတည်းက အသင့်ပြင်ဆင်ပေးထားသောအစားအသောက်တွေကိုလည်း စားပြီးနောက်မှာ
တိုကျိုထိသယ်ချလာသော ပစ္စည်းတချို့ကို
နေရာချလိုက်သည်
ထိုပစ္စည်းတွေကအထွေအထူးတော့မဟုတ်ပါ။
ဆွဲလက်စပန်းချီကားတစ်ချပ်နဲ့လိုအပ်သည့်
ပစ္စည်းများပင်ဖြစ်သည်။
ဒီရက်တွေထဲ အပြီးလက်စသတ်ရန် အတွေးရှိသည်မို့
စုတ်တံလေးကိုကြွကြွရွရွကိုင်ရင်းရေးဆွဲနေခဲ့တာ
အတော်ကြာသည်။
ပန်းချီတွေနဲ့ထိတွေ့နေရခြင်းဟာ
ပျင်းရိစရာတော့မရှိပါ။
ပါးချိုင့်တွေနဲ့အမျိုးသားရဲ့ပုံပန်းသဏ္ဍာန်တွေဟာ
ရုပ်လုံးကြွပြီးနေပြီးဖြစ်သည်။
ထိုနေရာတွင်ထိုင်နေခဲ့တာလည်းအတော်ကြာသည်။
အတော်လေးအချိန်ယူ၍ လက်စသတ်
ရေးဆွဲရသောပန်းချီတွေသည် ဒီနေ့မှာပင်
လတ်စသတ်ပြီးခဲ့သည်။
လိုအပ်သည့်နေရာများကိုဆေးရောင်တွေ
ထပ်ဖြည့်ရင်း လက်ရာမြောက်သော
ပန်းချီတစ်ခုဖြစ်ပေါ်လာသည်။
ပါးချိုင့်ကြီးနဲ့ပြုံးနေသောပန်းချီတွေထဲက
ထိုလူသည် အတိတ်ကချစ်ရသောပင်ဖြစ်သည်။
ပြုံးရင်းပင် ပန်းချီတွေကိုငေးစိုက်နေမိတုန်း
အခန်းထဲဝင်ရောက်လာသူရဲ့ခြေသံတွေကို
ကြားလိုက်ရသည်။
ကိုယ်သင်းနံ့ကအစရင်းနှီးပြီးသားမို့
မောင်ဆိုတာ မကြည့်လဲသိပါသည်။
လျစ်လျူရှုကာပင် လုပ်လက်စကို
ဆက်လုပ်နေသည်။
" Honey မောင်ပြန်လာပြီ..."
မကြားဟန်ဆောင်နေသူသည် ဘာတွေများ
လုပ်နေသလဲဟု ကဲကြည့်မိတော့ စုတ်တံလေး
ကိုင်လျက်ရည်းစားဟောင်းရဲ့ပုံတူကိုစိတ်နှစ်
ရေးဆွဲနေသည်။
အနားနားကပ်ကာ ချစ်ကြည်နူးရအောင်လည်း
အချိန်ကောင်းမဟုတ်ပါ။
ရည်းစားဟောင်းရဲ့ပုံတူကိုရှေ့ထားပြီး
ပန်းချီတွေနားကပ်နေရအောင်ထိလည်း
မောင်က သဘောမကောင်းနိုင်။
အဆင်ပြေပြေရှိနေပြီ ထင်ရပေမယ့်လည်း
ဒီလိုတွေပြုမူတိုင်း မောင်အများကြီး
သိမ်ငယ်သွားရပါသည်။
ပန်းချီတွေသည် အရင်လူကိုများ
စိတ်တွေရှိနေသေးတာလား ဆိုသည့်
အတွေးတွေဟာ မောင့်အတွေးတွေကို
ညအမှောင်ကျသွားစေသည်။
အရင်လူနဲ့ပတ်သတ်သောအရာတွေကို
ပြန်လည်မြင်တွေ့လိုက်တိုင်း မောင့်စိတ်တွေဟာ
အတိတ်တွေဆီ သံသရာလည်သည်။
" မောင် ရေချိုးလိုက်ဦးမယ်..."
ထိုမျှလောက်နဲ့သာ အပေါ်ထပ်အက်ျီကို
ချွတ်ရင်းမောင်သည် ရေချိုးခန်းထဲငူငူငိုင်ငိုင်ပဲ
ဝင်သွားခဲ့သည်။
Jimiinကတော့ မျက်ခုံးလေးပင့်လျက်ပင်
ရေချိုးခန်းထဲဝင်သွားသူအားမသိမသာ
ခိုးကြည့်လိုက်သေးသည်။
ပြီးနောက်တွင် လက်စသတ်ပြီးစီးသွားသည့်
ပန်းချီတွေချန်ရစ်ကာ စားပွဲတွေဆီမှာ
အသင့်ရှိနေသောဝိုင်ပုလင်းထဲမှဝိုင်တချို့ကို
ငှဲ့ထည့်လိုက်သည်။
မောင်နဲ့အဆင်ပြေသွားပြီဖြစ်သည့်
အချိန်တွေမှစ၍Alcohol တွေနဲ့
Jiminဝေးခဲ့တာကြာပါပြီ။
ဘားတွေလည်းမရောက်ဖြစ်တော့သလို
ကလပ်တွေဆိုတာလည်းဝေးသထက်
ဝေးသွားသည်။
ဝိုင်တွေကိုအရသာခံသောက်နေရင်းမှ တစ်ချက်
ပြုံးမိသွားသေးသည်။
တစ်ဦးကိုတစ်ဦးကြင်နာမိသွားသည့်နောက်မှာ
မသိမသာဖြင့်တိတ်တိတ်လေးတွေ
လိမ်မာခဲ့ကြလေသလားဆိုတာတော့
ကာယကံရှင်တွေကသာပို၍ သိပါလိမ့်မည်။
ဝိုင်တွေသောက်ရင်း ဖုန်းလဲသုံးကာ
ဟိုဟိုဒီဒီလျှောက်ကြည့်နေမိသေးသည်။
အထွေအထူးသတင်းတွေလည်းမဟုတ်ပါဘဲ
အရာရာဟာ စိတ်ဝင်စားစရာလည်းမကောင်းခဲ့ပါ။
ဒါကြောင့်ပဲ လက်ထဲမှဖုန်းအားနံဘေးချကာ
ထိုစဥ်ရေချိုးခန်းထဲက ထွက်လာသူသည်
ခါးအောက်ပိုင်းကိုသဘက်တစ်ထည်ပတ်လျက်သာ။
အကြည့်ချင်းတွေဆုံမိသွားတော့ စိတ်ဆိုးနေသူက
မောင့်အားမျက်စောင်းတွေ ထိုးနေသေးသည်။
" ဘာလဲ မကျေနပ်ဘူးလား..."
မောင်သည် ရေစိုနေသောဆံစတွေကို
ပင့်သပ်တင်လျက်မေးလိုက်ပုံက
JeonJungKookဆန်ဆန်
ပေစောင်းစောင်းရယ်။
" မကျေနပ်ဘူး...."
" ထိုးမလား...ဟျောင့် နှုတ်ခမ်းနဲ့..."
မေးငေါ့ပြီးမေးနေပုံကလည်း စိတ်ရှိတိုင်း
ရင်ဘတ်ကြီးကိုတဖျန်းဖျန်းပြေးရိုက်ကာ
ဖျစ်ညှစ်ချင်ပေမယ့်လည်း JeonJiminက
စိတ်ကောက်နေတာလေ။
မျက်လုံးလေးနဲ့ပဲစွေကြည့်လိုက်ပါသည်။
" လာပြောင်မနေနဲ့ စိတ်တွေကြည်နေတာ
မဟုတ်ဘူး....."
" မောင့်အသဲက ဘာတွေ
မကြည်မလင်ဖြစ်နေတာလဲ...ပြော
ဘယ်ကောင်လုပ်တာလဲ မောင်သွားရှင်းပေးမယ် "
" ကြောင်တောင်တောင်လာလုပ်မနေနဲ့နော် မင်း "
မျက်စောင်းတွေထိုးရင်း ဝိုင်ခွက်တွေကို
စားပွဲပေါ်ဆောင့်ချကာ မောင့်နံဘေးမှ
ထွက်သွားရန်ပြင်တော့ မောင်ကလက်တွေကို
ဆွဲ၍ရူးချင်ယောင်ဆောင်ကာ အတင်းတွေ
လာဖက်ထားပြန်သည်။
" စတာပါ...စတာ မောင်ချော့ရမှာ
မောင်သိတာပေါ့ "
" ဖယ်...လွှတ် ဒေါသထွက်အောင်
လာမလုပ်နဲ့နော် "
" Jiminကလည်း...ဒေါသထွက်စရာမှ
မဟုတ်တာကို...."
" သြော်...ဒေါသထွက်စရာမဟုတ်ဘူးတဲ့လား
ငါကတခြားမိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်က
ကြယ်သီးတွေကို တပ်ပေးနေရင်ရော
မင်းအတွက်အေးဆေးပဲလား.... "
" သတ်ပစ်မှာပေါ့ အဲ့ကောင်မကို..."
ပြောစရာစကားတွေပျောက်ရှသွားတာမို့
အံကြိတ်ရင်းသာမောင့်ရင်ဘတ်ကို အားနဲ့
ရိုက်ချလိုက်သည်။
" Jiminရာ မောင်သေချာရှင်းပြပြီးပြီလေ
ဒီတိုင်းသူက အကူအညီတောင်းလို့ပါ
မောင်ဘာစိတ်မှမရှိပါဘူး ဆိုတာကို...."
" သူကအကူအညီတောင်းတိုင်း မင်းက
လုပ်ပေးစရာလား တခြားတစ်ယောက်က
အိပ်ဖို့အကူအညီတောင်းရင်ရော မင်းအဲ့လိုပဲ
ကူညီပေးဦးမှာလား....... "
" ဟာ...ရှုပ်ကုန်ပြီ...."
" မင်းကိုက ရှုပ်ချင်နေတာလေ..."
" ဒါလေးပါပဲကွာ ဒီတိုင်းနောက်ကျောက
ကြယ်သီးလေးပြုတ်နေလို့ တပ်ပေးဖို့
အကူအညီတောင်းလို့ လုပ်ပေးလိုက်ရုံလေးပါ
ရှုပ်တယ်ဆိုတာကြီးကတော့ များသွားပြီလေ..."
ရင်ခွင်ထဲကနေ တစ်ခွန်းမကျန်ရန်တွေ့နေသူနဲ့
အတင်းတွေသိုင်းဖက်ထားရင်းမောင်ကချော့ရ၊
ရှင်းရပင်ဖြစ်သည်။
" ဘယ်မိန်းကလေးက သူစိမ်းယောက်ျား
တစ်ယောက်ကိုကြယ်သီးတပ်ဖို့ အကူအညီ
တောင်းမှာလဲ အထာတွေပေးနေတာ
သိသာနေတာပဲ မင်းကိုက
ကြိတ်ကျေနပ်နေတာ ..... "
" မဟုတ်ရပါဘူးကွာ...."
" ဘာမဟုတ်ရမှာလဲ မင်းကအဲ့ထပ်တောင်
အထာပိုနပ်တဲ့ကောင်ပါ ငါ့ရှေ့လာပြီး
ဇွတ်ဖြူစင်ပြမနေနဲ့...."
" သေရောဟေ့...."
မောင်ရှင်းပြ၍လည်းမရသလို
စကားတစ်ခွန်းခြင်းစီကိုပြန်တုန့်ပြန်ပြောနေသော
နှုတ်ခမ်းထူထူတွေဟာ အပြစ်ပေးပစ်ချင်စရာ။
မောင်ကပြုံးရင်းသာ ပန်းချီငယ်အားငုံ့မိုး
ကြည့်နေခဲ့သည်။
" ငါပြန်မယ် အခုချက်ချင်း ဆိုးလ်ကို
ပြန်မယ်... !! "
မောင့်ရင်ခွင်တွေထဲမှရုန်းကန်နေလည်း
သိုင်းဖက်ထားသူနဲ့အားခြင်းမမျှသည့်အခါ
အချည်းနှီးသာဖြစ်သည်။
" မောင်ပြောပြမယ် ခဏလေးငြိမ်ငြိမ်နေ
ခဏလေး..."
ဒီတော့လည်းနားလေးစွင့်ရင်းရှုံ့မဲ့လျက်ပင်
ရင်ခွင်ထဲငြိမ်ကျသွားခဲ့ပြန်သည်။
" Jiminရယ် မောင်ရှုပ်ချင်ပွေချင်မှတော့
မင်းကိုဒီအထိခေါ်လာပါဦးမလား.....
သေချာလည်းစဥ်းစားကြည့်ပါဦး.... "
" မင်းစိတ်ကိုငါသိတာမှမဟုတ်တာ...."
" မောင် မင်းနဲ့ပဲအတူတူရှိချင်တာပါ
မင်းကလွဲရင် ဘာမှအာရုံမလာတာကြာနေပြီ
မောင်ပြောတယ်မလား မင်းမှမင်းဖြစ်နေပါပြီဆို..."
" ငါ ယုံမယ်ထင်နေလား..."
" ဟော..."
ကလန်ကဆန်လေးကလည်း နှုတ်လှန်ပြန်ထိုးနေတာ
ရင်ခွင်ထဲကနေ ကြိတ်ပြုံးနေမိခြင်းကိုတော့
မောင်မသိလောက်ပါ။
မောင်သည်ရင်ခွင်ထဲမှ မျက်နှာလေးဆွဲယူရင်း
မျက်နှာချင်းဆိုင်မှာမျက်လုံးချင်းဆုံသည်။
မျက်လုံးဝိုင်းဝိုင်းတွေနဲ့ မျက်လုံးအိမ်
ကျဥ်းကျဥ်းတွေဟာကွဲပြားစွာဖြင့်
လိုက်ဖက်နေသည်။
ချစ်ခြင်းမေတ္တာတွေ သိုသိပ်ထည့်ထားကြပုံပါပဲ
ဘယ်ချိန်ကြည့်ကြည့် မျက်ဝန်းအိမ်တွေဟာလည်း
နွေးထွေးခဲ့သည်။
" မောင်လေ ဒီနှုတ်ခမ်းတွေကိုပဲ
ရူးနေအောင် စွဲလမ်းသွားတာ.....
ဘယ်နေရာကြည့်ကြည့် အလွတ်ရသွားတဲ့
မင်းရဲ့အစိတ်အပိုင်းတွေက မောင့်ကိုစိုးမိုးတယ်
ဒါနဲ့များ ဘယ်လိုလုပ်ပြီး တခြားတစ်ယောက်ကို
ရှုပ်နိုင်ပွေနိုင်ဦးမှာလဲ....."
မျက်လုံးကျဥ်းလေးတွေငြိမ်သက်သွားသည်။
တွန့်ချိုးနေသောမျက်ခုံးတန်းတွေ
ပြေလျော့သွားသည်။
မောင့် လက်မလေးသည် နှုတ်ခမ်းထူထူတွေကို
ဖိပွတ်ဆွဲသွားသည်။
ပြုံးရိပ်လေးတွေသန်းသွားခြင်းကို
မောင်ရိပ်မိသွားမည်စိုး၍ မောင်ရင်ခွင်ထဲမှ
ဖယ်ခွာလိုက်သည်။
" အက်ျီသွားဝတ်တော့... "
" မဝတ်တော့ဘူး ဒီတိုင်းပဲအိပ်တော့မှာ..."
မောင့်အဖြေကိုအလိုမကျဟန်ဖြင့်
မျက်လုံးလေးတွေ မှေးကျဥ်း၍ကြည့်သည်။
အသည်းယားစရာကောင်းသူက သဘက်တစ်ထည်
ပတ်လျက်သားဖြင့် ပြီတီတီလုပ်ပြနေသေးသည်။
" သဘောပဲ....."
" ပင်ပန်းလိုက်တာ...ဒီညတော့စောစော
အိပ်ရာဝင်ဦးမှပဲ...."
အပျင်းကြောတွေဆွဲဆန့်ရင်းဖြင့်မောင်က
အကွက်ဆင်နေခြင်းသာဖြစ်သည်။
ဒါကိုသိနေသူကလည်း စားပွဲဆီမှဝိုင်တွေကို
ခွက်လေးထဲဖြည့်ထည့်ရင်း ဆိုဖာရှည်ဆီတွင်
နေရာယူကာခြေထောက်တွေကို
ချိတ်ထိုင်လိုက်သည်။
" အိပ်ချင်သွားအိပ်လေ ငါတော့
မအိပ်သေးဘူး..."
" ဝိုင်တွေတော်သင့်ပြီထင်တယ်နော်..."
" ဘာလို့လဲ တစ်ခါတစ်လေပဲကို...."
" တစ်ခါတစ်လေလည်းမရပါဘူး...
ချထားလိုက်တော့...."
" ဒီပုလင်းကို ဒီညအပြတ်ဖြတ်မှာ..."
မောင်သည်ပြောမရသူကိုခဏမျှ
လွှတ်ပေးထားကာ မှန်တင်ခုံရှေ့နေရာယူ၍
မျက်နှာနဲ့ခန္ဓာကိုယ်အနှံ့အား
ဟိုဟိုဒီဒီလိမ်းကျံသည်။
" ပြောစကားနားမထောင်ရင် အပြစ်ပေးခံရမှာနော် "
" အိုး.... သိပ်ကြိုက်တာပေါ့...."
နှုတ်ခမ်းတွေကိုခပ်လှလှလေးကွေးညွှတ်
ပြုံးသွားပုံကတော်ရုံလူမြင်လျှင်ရူးသွားနိုင်မည့်
အဆင့်မျိုး။
မောင်ကတော့ပြောစရာမလိုအောင်
အရူးရဆုံးပင်ဖြစ်သည်။
" JeonJiminက စမ်းနေတာပဲ.."
မောင်သည် မှန်တင်ခုံဆီမှထလာပြီး
ဆံစတွေကိုပင့်သပ်တင်ကာခြေလှမ်းတွေသည်
ဆိုဖာဆီကပန်းချီတွေဆီဦးတည်ခဲ့သည်။
မောင့်ခြေလှမ်းတွေတိုင်းကိုရင်ဖိုစွာဖြင့်ပဲ
ဝိုင်တွေကိုမော့ချရင်းမျက်ခြေမပြတ်တမ်း
ကြည့်နေမိပြန်သည်။
မကြာလိုက်ပါ၊ မောင်သည် ရုတ်တရက်ကြီး
အပြေးရောက်လာကာ Jiminအား
ပွေ့ချီလိုက်တော့လက်ထဲမှ ဝိုင်နီနီတွေဟာ
မောင့် ရင်အုပ်တွေဆီ ဖိတ်စင်စီးဆင်းကုန်သည်။
" ဟာ...မောင့်..."
အာမေဋိတ်သံလေးသော်ငြား မောင့်ရဲ့
ခါးစပ်တွေပေါ်မှာJiminကခွထိုင်လျက်သား
ရှိနေပြီး မောင်ကတော့ဆိုဖာတွေပေါ်မှာ
လဲလျောင်းလျက်သာ။
" ပေကုန်ပြီ....မောင်ရေချိုးပြီးသားကို..."
" ပြီးမှ ရေထပ်ချိုးတော့မယ်လေ မရဘူးလား "
" ဘာတွေပြော..."
" မောင် တစ်နေ့လုံးပင်ပန်းနေတာ...
မင်းက စိတ်ကောက်နေတော့ မောင့်မှာ
တစ်နေ့လုံးဘာလုပ်လုပ်အဆင်ပြေမနေဘူး...
သိလားအဲ့ဒါတွေ "
" မောင် ဖန်တီးတာတွေပဲလေ...."
" မကောက်ပါနဲ့ အချိန်တိုင်းမှာမောင် မင်းနဲ့
ချစ်ပဲချစ်နေချင်တယ်..."
မောင့်ရင်အုပ်တွေပေါ်ထောက်ထားသော
လက်လေးတစ်ဖက်ကိုမောင်ကဆွဲယူရင်း
မောင့်ပါးပြင်တွေဆီမှာ ထိကပ်ထားသည်။
" ပြန်ရောက်ကတည်းက မောင်ဒါတွေပဲ
ပြောနေတာ ဘာတွေဖြစ်နေတာလဲ
ပုံမှန်ရောဟုတ်သေးရဲ့လား....."
" မသိတော့ဘူးကွာ ချစ်တာပဲသိတော့တယ်..."
ခါးစပ်တွေဆီမှာခွထိုင်နေသူရဲ့
လက်လေးတွေကိုဆွဲလိုက်ပြန်တော့
မောင်ရင်အုပ်ကြားထဲပြိုကျသွားသူကပန်းချီတွေပါ။
မောင်သည်ကျောပြင်ငယ်အား တင်းကျပ်အောင်
ဖက်ထားခဲ့သည်။
" မွန်းတယ်..."
" ချစ်လား..."
" မသိဘူး...."
" မပြောရင် မလွှတ်ပေးဘူး..."
" မောင်နော်..."
" ချစ်လား မောင့်ကို...."
" ချစ်တယ် ချစ်တယ် လွှတ်တော့..."
ဒါလည်းမလွှတ်ပေးသေးပါဘဲ မောင်က
မျက်နှာဖူးဖူးလေးအားအတင်းတွေဆွဲယူ၍
နမ်းရှိုက်နေပြန်တာကြောင့်တစ်ခစ်ခစ်နဲ့
ပန်းချီငယ်ရဲ့ ရယ်သံတွေဟာ အခန်းလေးထဲ
ပျံ့လွင့်သည်။
" မောင့်....!!! "
" ချစ်တယ်...JeonJimin..... "
" လွှတ်တော့ ငါအသက်ရှုကြပ်နေပြီ... "
" မင်းဘာလို့ ဒီလောက်တောင်
အသည်းယားစရာကောင်းနေရတာလဲ...
ဟမ်...ပြောစမ်း..."
" မောင် ချစ်အောင်လို့လေ...."
မောင့်ဝမ်းဗိုက်တွေဆီလက်လေးထောက်လျက်
ပြောပြနေသော မောင့်အပိုင်အား မောင်က
တစိမ့်စိမ့်ကြည့်သည်။
" ဘာတွေကြည့်..."
" Jimin..."
" အင်း...."
" မောင့်ကိုပဲ ချစ်ပေးပါ..."
" မင်းလို မြင်မြင်သမျှကိုချစ်ချင်နေတယ်များ
ထင်နေလား "
" KimNamJoonကို ချစ်နေသေးတာလား..."
Jiminသည် ခေတ္တမျှငြိမ်သက်သွားသည်။
မောင့်မျက်လုံးလေးတွေကိုငေးစိုက်သည်။
မောင့်မျက်လုံးတွေထဲ တစ်စုံတစ်ရာကို
စိုးရိမ်နေဟန်တူသည်။
ပန်းချီတွေက နူးညံ့စွာပြုံးလျက်။
" မောင်ကဘယ်လိုထင်လို့လဲ..."
" မောင် မထင်ရဲပါဘူး..."
မောင်မျက်နှာသည်ပုံမှန်ထပ်ပို၍
တည်ငြိမ်သွားသည်။
လေသံချိုချိုတွေဟာ တိုးတိမ်သွားသည်။
မျက်လုံးအိမ်ဝိုင်းဝိုင်းတွေဟာလည်း
သနားဖွယ်ရာယုန်ငယ်လေးတစ်ကောင်ကဲ့သို့ပင်မို့
စချင်စိတ်လေးတွေက ဖြစ်တည်လာသည်။
" Hyungနဲ့ငါ တွဲခဲ့တာနှစ်တွေမှမနည်းဘဲ
မချစ်တော့ပါဘူးဆိုရင်တောင်
အငွေ့အသက်လေးတွေကတော့ကျန်ဦးမှာပဲလေ...
ဒါကိုမောင်နားလည်ပေးရမှာပေါ့...."
ပျက်ယွင်းသွားသည့်မျက်နှာသည်
သိသိသာသာပါပဲ။
အပြစ်ပြော၍လည်းမရပါဘူး။
ဘယ်သူကများအရင်လူနဲ့ပတ်သတ်သော
သံယောဇဥ်လက်ကျန်တွေအကြောင်း
နားထောင်ချင်ပါ့မလဲ။
JeonJungKookဆိုတော့ပိုဆိုးသည်လေ။
လဲလျောင်းနေသောဆိုဖာဆီမှထဟန်ပြင်လိုက်ပုံက
ဟန်တောင်မဆောင်နိုင် ။
" ဖယ်ဦးခဏ...."
ဗိုက်သားချပ်ချပ်ဆီခွထိုင်နေသူအား
ဖယ်ခွာခိုင်းနေပြီး မောင်ကဆိုဖာတွေဆီ
လဲလျောင်းနေရာမှထဟန်ပြန်သည်။
မျက်နှာကတော့ ရှစ်ခေါက်ချိုးလျက်ပင်။
" ဘာလဲ ဘာဖြစ်သွားတာလဲ..."
" ဘာမှမဖြစ်ဘူး အိပ်တော့မလို့..."
" ချက်ချင်းကြီးအိပ်ချင်သွားတာလား..."
" ဒီမှာ ဝိုင်တွေပေနေတာလဲ ဆေးရဦးမယ်..."
" မဆေးရပါဘူး ငါလည်းမဖယ်ဘူး..."
" နေရတာ အဆင်မပြေတော့ဘူး ဖယ်..."
အရင်လူနဲ့ဘာဘာညာညာတွေမေးပြီးရင်
ဖြစ်သွားတတ်သည့်မျက်နှာသည်ထိုကဲ့သို့ပင်။
စချင်သူသည်လည်း ဖယ်မပေးပါဘဲလက်လေး
ပိုက်လျက်ကြည့်နေသေးသည်။
" ဘာကအဆင်မပြေတာလဲ..."
" ဝိုင်တွေပေနေတာလေ..."
" ဝိုင်တွေမရှိတော့ရင် ရပြီမလား..."
ဆိုဖာတွေဆီမှထထိုင်လာသူအား တစ်ဖန်ပြန်၍
ဆိုဖာတွေဆီလဲလျောင်းစေသည်။
မောင်ကတော့မကြည်မသာမျက်နှာဖြင့်သာ
ကိုယ်ပေါ်က ပန်းချီတွေအားကြည့်သည်။
" ဝိုင်တွေ...မရှိတော့အောင် လုပ်ပေးလို့ရတယ်... "
ခပ်တိုးတိုးစကားသံတွေဖြင့် မောင့်အပိုင်လေးက
ဘာတွေကြံနေပြန်လဲမသိဟုတွေးနေတုန်း
ရှိသေးသည်။
ဝိုင်တွေဖိတ်စင်စီးဆင်းသွားသည်
မောင့်ရင်ဘတ်တွေကိုစတင်၍နှုတ်ခမ်းထူထူတွေက ပွတ်တိုက်ဖိဆွဲသည်။
" ဘာ...ဘာလုပ်နေတာလဲ..."
" ဝိုင်တွေမရှိတော့အောင်လေ...."
ထပ်မံ၍ထူထူထေးထေးနှုတ်ခမ်းတွေက
ဝိုင်စီးဆင်းရာ လမ်းကြောင်းတစ်လျှောက်ကို
ပွတ်တိုက်ရင်း ဝိုင်အရသာကိုခံစားပြနေပုံက
နှုတ်ခမ်းတွေကို လျှာဖြင့်သပ်လျက်။
" တော်ရအောင်..."
" ဒီဝိုင်တွေက ပိုကောင်းနေတယ်..."
" Jimin.."
" မောင် မြည်းကြည့်ချင်လား.."
သိပ်ကဲနေပြန်သူသည် လှလှလေးပြုံးရင်း
နှုတ်ခမ်းတွေကိုလဲလျောင်းနေသူမောင့်အနား
တိုးကပ်လာသည်။
Jiminဆိုတာနဲ့ကိုစိတ်တွေမခိုင်တော့သူက
နှုတ်ခမ်းတွေကိုကြီး သီးသန့်ကြာကြာ
စိုက်မကြည့်နိုင်ပါ။
မျက်နှာနုနုကိုဆွဲယူရင်း မောင်က
နှုတ်ခမ်းဖူးဖူးတွေကိုစတင်မြည်းစမ်းသည်။
ဝိုင်တွေထပ်ပိုမိုက်လွန်း၍
လွှတ်မပေးချင်ခဲ့သော်လည်း
ပန်းချီတွေကသဘောကျစွာဖြင့်ရယ်ရင်းပင်
မောင့်နှုတ်ခမ်းတွေကြားမှရုန်းသည်။
" မြည်းခိုင်းတာလေ မောင်ရဲ့ ဘယ်လိုလုပ်
စားပစ်ချင်နေတာလဲ..... "
" မစနဲ့ကွာ...."
" မောင် .... "
" ဘာလဲ..."
" ငါ လက်ရှိအခြေအနေလေးကို
သဘောကျတယ် ... ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
ငါရွေးချယ်ခဲ့တာက မောင့်ကိုလေ
Hyungကအေးချမ်းတဲ့ကမ္ဘာတစ်ခုကို
သူဖန်တီးနိုင်မှာပါ.... ငါလေ မောင့်ကိုပဲ
သေချာလေး ချစ်တော့မှာ...."
အခြေမခိုင်တဲ့စိတ်တွေနဲ့လူပါ။
နွေးထွေးပေးရုံနဲ့စိတ်တွေကယိမ်းယိုင်ခဲ့သည်။
မသေသပ်တဲ့ အတိတ်တွေကြောင့်သာ
ဘဝတစ်ခုလုံးအရွဲ့တိုက်နေခဲ့တာ
နူးညံ့လွန်းသောစိတ်အပိုင်းအလွှာလေးတွေကတော့
ပန်းချီတွေထံသိုသိပ်စွာ ကိန်းအောင်းသည်။
Hyungဆိုတော့လည်း Hyungကိုပဲ
နှစ်တွေအကြာကြီးဘယ်လောက်တောင်
မြတ်နိုးခဲ့သလဲ။
တစ်ဦးတစ်ယောက်ကိုသာ
သိတတ်သောစိတ်တွေက ငယ်စဥ်ကတည်းက
အကျင့်ပါလာတာလေ၊ ဒါကြောင့်လည်း
မာမီတစ်ယောက်ထဲကိုသာသိပြီး ဒယ်ဒီနဲ့
JiHoHyung ကိုဘယ်လိုတွေဆက်ဆံခဲ့သလဲ။
ရှင်းပါတယ်၊မောင်ဆိုတော့လည်း
မောင်တစ်ယောက်ကိုပဲဦးတည်သွားမည်ဆိုတာ
အသေအချာ။
" မောင်လည်း သေချာလေးချစ်ကြည့်ဦးမယ်..."
မောင်သည် သူလိုချင်သည့်အဖြေမျိုး
ကြားလိုက်ရပြီမို့ ပြောင်းလဲသွားသည့်မျက်နှာသည်
မှိုရသလိုပင်။
မကြာလိုက်ပါ ၊ ဗိုက်တွေပေါ်ခွထိုင်နေသူအား
ဆွဲချလိုက်တာက ဆိုဖာတွေဆီပင်ဖြစ်သည်။
မောင်သည်Jiminကိုအုံ့မိုးလျက်
ရင်ခွင်အောက်ကမျက်လုံးကျဥ်းတွေကတော့
ပိတ်ကျအောင်ထိပြုံးရယ်နေပြန်သည်။
" ဘာလဲ အိပ်တော့မှာဆို..."
" မောင်လည်း ဝိုင်တွေမြည်းကြည့်ချင်တယ်..."
" မြည်းကြည့်ရုံပဲလား...မောင်..."
" နည်းနည်းလေးတော့ ပိုဦးမှာပေါ့..."
လက်ညိုးနဲ့လက်မလေးကိုကွေးရင်း
လုပ်ပြနေသော မောင့်အမူအရာတွေကို
သဘောကျသူက မောင်ရင်ခွင်အောက်မှ
တခစ်ခစ်ရယ်သည်။
သို့သော်ပြုံးရယ်ခြင်းတွေရပ်တန့်ကာ
ရယ်သံသဲ့သဲ့တွေတိတ်ကျသွားသည်။
နှုတ်ခမ်းထူထူဆီက ဝိုင်အနံ့နဲ့ဝိုင်အရသာတွေကို
မောင်က မက်မက်မောမောခံစားသည်။
ကြာငြောင်းလာသည်နဲ့အမျှ ယစ်မူးစေသောဒီဝိုင်၊
အသွေးအသားထဲကနေထိ ပူပြင်းပြင်း
ခံစားမိစေသော ဒီဝိုင်ကတန်ဖိုးကြီးဝိုင်။
ရပ်တန့်ပစ်ဖို့ရာနှမြောစရာပင်မို့ မောင်က
ဒီဝိုင်တွေဖြင့် ညလုံးပေါက်ယစ်မူးခဲ့သည်။
---------------------------------------
ဒီကနေ့ရဲ့SungWoonအတွက်
အလုပ်ပြန်ချိန်ဟာပုံမှန်ပင်ဖြစ်သည်။
စီနီယာတွေနဲ့ဂျူနီယာတွေအသီးသီးကို
နှုတ်ဆက်ပြီးနောက်မှာSungWoonတစ်ယောက်
ရုံးဆင်းခဲ့သည်။
ထိုစဉ် ရုံးရှေ့တွင် မထင်မှတ်ထားသော
လူတစ်ဦးကြောင့်SungWoonမျက်ခုံးတန်းတွေ
တွန့်ချိုးသွားသည်။
အမှတ်တမဲ့တွေ့ဆုံခြင်းမျိုးမဟုတ်လောက်ပါ။
ထိုလူသည် SungWoon ထံကို
ဆိုက်ဆိုက်မြိုက်မြိုက်ဦးတည်လာနေခဲ့တာ။
" ဟိုင်း SungWoon..."
" ဟုတ်ကဲ့...မတွေ့စဖူးတွေ လာတွေ့နေကြပါလား "
SungWoon သည်ရွဲ့စောင်းလျက်သာ
ဖြေကြားလိုက်တော့ ထိုလူကခပ်ယဲ့ယဲ့ပြုံးသည်။
ထူးထူးဆန်းဆန်းမျက်နှာပေးပါပဲ။
" ဟုတ်တယ် SungWoon နဲ့တွေ့ချင်လို့
လာခဲ့တယ်...."
" JiHoHyungကကျွန်တော့်ကို ဘာလို့များ..."
တစ်ဆက်ထဲမှာပဲအံ့သြသွားမိတော့
JiHoHyungကထပ်မံပြုံးပြန်သည်။
SungWoon နားမလည်တော့ပါ၊
JiHoHyungတစ်ယောက်အပများမှီလားသလား၊
မပြုံးစဖူးတွေပြုံးပြနေပြန်သည်။
" ခဏလောက်အချိန်ပေးမလား စကားလေး
နည်းနည်းပြောချင်လို့...."
ကြောင်ကြည့်နေရင်းမှပင်JiHoHyung
နောက်ပါးဆီမှလိုက်ပါသွားမိတော့
မလှမ်းမကမ်းက Coffee barတစ်ခုထဲ
ဝင်သွားခဲ့သည်။
" Hyungနဲ့ကျွန်တော့်မှာ ပြောစရာ
အထွေအထူးမရှိကြဘူးထင်တယ်နော်...."
" တစ်ခုခုမှာလေ..."
" တော်ပြီ ကျွန်တော့်မှာအချိန်မရှိဘူး...
ပြောစရာရှိတာပဲပြောပါ...."
SungWoon ကလည်း
Jiminသူငယ်ချင်းပီသပေသည်။
အပြောအဆိုကမပြေပြစ်သလို
မျက်နှာကြောကလည်းတင်းလျက်၊
JiHoHyung ကိုသူအမြင်မကြည်တာတွေလည်း
ပါပါလိမ့်မည်။
" ဘယ်ကစပြောရမှန်းမသိဘူး..."
" ................ "
" Jimin နဲ့အဆက်အသွယ်ရလား..."
SungWoon မျက်ခုံးတွေပို၍တွန့်ချိုးသွားသည်။
JiHoHyung က ထူးထူးဆန်းဆန်းတွေ
Jiminကိုလာမေးနေပါသည်။
ကောင်းသောသဘောမျိုးနဲ့မဟုတ်ဖို့ကများသည်ဟု
SungWoonကတစ်ထစ်ချတွေးသည်။
" Hyungဘာလုပ်မို့လဲ...."
" ဒီတိုင်း..မေးကြည့်တဲ့သဘောပါ..."
" Hyungထူးထူးဆန်းဆန်းတွေ လာလုပ်နေတာပဲ
ဘယ်တုန်းကများJiminကိုဒီလိုတွေ
ဂရုတစိုက်ရှိသွားရတာလဲ...."
" JeonJungKookကကြည့်ရတာ
တစ်မျိုးပဲ အဆင်မှပြေနေရဲ့လားလို့ပါ
သိတဲ့အတ်ိုင်းပဲ Jiminကဆိုးတယ်လေ...."
" ဘယ်သူကပြောလဲ Jiminဆိုးတယ်လို့
ဘယ်သူကပြောလဲ..... "
JiHoHyung သည်သက်ပြင်းတွေ
အကြိမ်ကြိမ်ချသည်။
သွေးကစကားပြောတယ်ဆိုတာဒါမျိုးပဲလား။
ကိုယ့်လက်ထဲမှာသာ ရိုက်ချင်ရိုက်မယ်
သတ်ချင်သတ်မယ်။
သူတစ်ပါးလက်ထဲရောက်သွားသည့်အခါ
အဆင်မှပြေလေရဲ့လားဆိုသည့်အတွေးတွေနဲ့
စိတ်ပူပန်ခြင်းတွေဟာဘယ်လောက်ပဲ
မုန်းပါတယ်ပြောပြော အကိုတစ်ယောက်ရဲ့
မေတ္တာစိတ်သေးသေးလေးမှာ
JiHoHyung မနေတတ်ခဲ့ပါ။
" သူစိမ်းတွေကြားထဲမှာမို့ နည်းနည်း
.စိတ်ပူမိသွားတယ်SungWoon...."
" Hyungသာစိတ်ပူတတ်ခဲ့ရင် Jiminဒီလိုတွေ
ဖြစ်လာပါ့မလား...အခုမှ ပူပန်နေလည်း
နောက်ကျသွားပြီ..... "
JiHoHyung ကငြိမ်သက်စွာဖြင့်ပဲရှိနေခဲ့သည်။
SungWoon ကဒေါသတကြီး
ပြောနေတာတောင်ပြန်မတုန့်ပြန်ပုံကလည်း
ထူးဆန်းသည်။
ဘာပဲဖြစ်ဖြစ် ၊ဘာတွေပဲပြောပြော
ညီအကိုအရင်းအချာတွေမလား။
တစ်သွေးတစ်သားထဲစီးဆင်းနေကြသူတွေလေ
SungWoon သည်JiHoHyungရဲ့
မျက်လုံးတွေကိုကြည့်ကာစိတ်တွေ
လျှော့ချလိုက်မိသည်။
သူမျက်လုံးတွေသည် မြင်ဖူးသမျှတွေထဲ
ဒီနေ့ဟာအဖျော့တော့ဆုံး။
" သူအဆင်ပြေနေတယ်တော့ ပြောတယ်
အဆင်မပြေတာကို ကြိတ်ဟန်ဆောင်နေမယ့်
သူမျိုးမဟုတ်တာမို့ အဆင်ပြေတယ်လို့ပဲ
မှတ်ထားလိုက်ပါ JiHoHyung လည်း
တတ်နိုင်တာမျိုးဘာမှမရှိလို့ နောက်ဘာမှ
လာမမေးပါနဲ့....."
" SungWoon.... "
SungWoon တစ်ယောက်ထိုနေရာမှ
ခပ်မြန်မြန်ပဲထွက်လာခဲ့သည်။
JiHoHyung ကိုကြည့်ကာလည်း
နားမလည်ခြင်းများစွာဖြင့်ပါ။
ကားထဲရောက်သည်နဲ့ဟိုတွေးဒီတွေးနဲ့
ဘော်ဒါကြီးကိုသတိရမိသည်။
အဆင်ပြေနေပါသည်ဟုပြောခဲ့သည်မို့
အဆင်မှပြေနေရဲ့လား ဖုန်းဆက်တီးခေါက်ကြည့်ရန်
ဖုန်းနံပါတ်လေးအားစတင်ခေါ်ဆိုခဲ့သည်။
တိုကျိုမြို့ရဲ့ တစ်နေရာမှာ ဒိတ်လှလှလေးကို
ဖန်တီးနေသူရဲ့ဖုန်းလေးဟာ
ဆက်သွယ်မှုဧရိယာပြင်ပ ပါတဲ့...။
--------------------------------------
" The Wrong Tea " ကို
Runမယ်ဆိုပြီးဒီကိုပဲရောက်လာပြန်တယ်။
ဘာပဲဖြစ်ဖြစ် နှစ်ခုလုံးကိုပြီးဆုံးသည့်တိုင်
သေချာလေးလုပ်သွားမှာပါ။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
[ညီလေး say: I love myanmar! ]
ခံစားမိသည်။
နေရာချလိုက်သည်
အတော်ကြာသည်။
လတ်စသတ်ပြီးခဲ့သည်။
ကြားလိုက်ရသည်။
ဆက်လုပ်နေသည်။
" Honey မောင်ပြန်လာပြီ..."
ရေးဆွဲနေသည်။
အချိန်ကောင်းမဟုတ်ပါ။
သိမ်ငယ်သွားရပါသည်။
ညအမှောင်ကျသွားစေသည်။
ဝင်သွားခဲ့သည်။
ငှဲ့ထည့်လိုက်သည်။
ဝေးသွားသည်။
ပြုံးမိသွားသေးသည်။
ဝ်ိဳင်တွေကိုအားရပါးရေမာ့ခႀလိဳက်သည်။
" ဘာလဲ မကျေနပ်ဘူးလား..."
JeonJungKookဆန်ဆန်
ပေစောင်းစောင်းရယ်။
" မကျေနပ်ဘူး...."
စိတ်ကောက်နေတာလေ။
မဟုတ်ဘူး....."
" မောင့်အသဲက ဘာတွေ
လာဖက်ထားပြန်သည်။
မောင်သိတာပေါ့ "
လာမလုပ်နဲ့နော် "
မဟုတ်တာကို...."
ရိုက်ချလိုက်သည်။
ကူညီပေးဦးမှာလား....... "
" ဟာ...ရှုပ်ကုန်ပြီ...."
ရှင်းရပင်ဖြစ်သည်။
သိသာနေတာပဲ မင်းကိုက
ကြိတ်ကျေနပ်နေတာ ..... "
" မဟုတ်ရပါဘူးကွာ...."
ဇွတ်ဖြူစင်ပြမနေနဲ့...."
" သေရောဟေ့...."
ကြည့်နေခဲ့သည်။
ပြန်မယ်... !! "
အချည်းနှီးသာဖြစ်သည်။
ခဏလေး..."
" ငါ ယုံမယ်ထင်နေလား..."
" ဟော..."
မောင်မသိလောက်ပါ။
လိုက်ဖက်နေသည်။
နွေးထွေးခဲ့သည်။
ပြေလျော့သွားသည်။
ဖိပွတ်ဆွဲသွားသည်။
ဖယ်ခွာလိုက်သည်။
" အက်ျီသွားဝတ်တော့... "
" သဘောပဲ....."
အိပ်ရာဝင်ဦးမှပဲ...."
ချိတ်ထိုင်လိုက်သည်။
မအိပ်သေးဘူး..."
ချထားလိုက်တော့...."
အဆင့်မျိုး။
အရူးရဆုံးပင်ဖြစ်သည်။
ကြည့်နေမိပြန်သည်။
" ဟာ...မောင့်..."
လဲလျောင်းလျက်သာ။
" ဘာတွေပြော..."
သိလားအဲ့ဒါတွေ "
ချစ်ပဲချစ်နေချင်တယ်..."
ဖက်ထားခဲ့သည်။
" မွန်းတယ်..."
" ချစ်လား..."
" မသိဘူး...."
" မောင်နော်..."
" ချစ်လား မောင့်ကို...."
ပျံ့လွင့်သည်။
" မောင့်....!!! "
" ချစ်တယ်...JeonJimin..... "
ဟမ်...ပြောစမ်း..."
တစိမ့်စိမ့်ကြည့်သည်။
" ဘာတွေကြည့်..."
" Jimin..."
" အင်း...."
ထင်နေလား "
စိုးရိမ်နေဟန်တူသည်။
" မောင် မထင်ရဲပါဘူး..."
တည်ငြိမ်သွားသည်။
သိသိသာသာပါပဲ။
နားထောင်ချင်ပါ့မလဲ။
ဟန်တောင်မဆောင်နိုင် ။
" ဖယ်ဦးခဏ...."
" ဘာလဲ ဘာဖြစ်သွားတာလဲ..."
" ဘာကအဆင်မပြေတာလဲ..."
" ဝိုင်တွေပေနေတာလေ..."
ရှိသေးသည်။
" ဘာ...ဘာလုပ်နေတာလဲ..."
" တော်ရအောင်..."
" Jimin.."
တိုးကပ်လာသည်။
စိုက်မကြည့်နိုင်ပါ။
စားပစ်ချင်နေတာလဲ..... "
" မစနဲ့ကွာ...."
" မောင် .... "
" ဘာလဲ..."
သေချာလေး ချစ်တော့မှာ...."
မြတ်နိုးခဲ့သလဲ။
တစ်ဦးတစ်ယောက်ကိုသာ
အသေအချာ။
မှိုရသလိုပင်။
" ဘာလဲ အိပ်တော့မှာဆို..."
တခစ်ခစ်ရယ်သည်။
---------------------------------------
ရုံးဆင်းခဲ့သည်။
တွန့်ချိုးသွားသည်။
" ဟိုင်း SungWoon..."
လာခဲ့တယ်...."
ဝင်သွားခဲ့သည်။
" တစ်ခုခုမှာလေ..."
SungWoon ကလည်း
ပါပါလိမ့်မည်။
" ................ "
" Hyungဘာလုပ်မို့လဲ...."
သိတဲ့အတျိုငျးပဲ Jiminကဆိုးတယ်လေ...."
ဘယ်သူကပြောလဲ..... "
အကြိမ်ကြိမ်ချသည်။
သတ်ချင်သတ်မယ်။
နောက်ကျသွားပြီ..... "
SungWoon ကဒေါသတကြီး
ထူးဆန်းသည်။
လျှော့ချလိုက်မိသည်။
လာမမေးပါနဲ့....."
" SungWoon.... "
--------------------------------------
" The Wrong Tea " ကို
Continue Reading
You'll Also Like
278K 48.5K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
321K 43.3K 39
#Romance #Drama #How much love is worth
190K 27.1K 32
(Unicode + Zawgyi) Unicode ; ပန်းအတုက ပန်းအစစ်နဲ့ တူရင် လူတွေဆီက လှတယ်လို့ ချီးကျူးခံရတတ်တယ်... ပန်းအစစ်က ပန်းအတုနဲ့ တူရင်လည်း လူတွေက လှတယ်ဆို ချီးကျ...
247K 36K 32
(Unicode + Zawgyi) Unicode, အရှင်ဘုရင်နဲ့ ချစ်ကျွမ်းဝင်ခဲ့မိတဲ့ ကောင်လေးတစ်ယောက်အတွက် ပြစ်ဒဏ်က နှစ်ခြောက်ရာကျော်တိုင် အိပ်စက်ခြင်းတဲ့... ကျိန်စာပယ်ဖျ...