နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်...

By Swae_Nyoe

248K 33.5K 1K

ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင် More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁.၁
အခန်း ၂၁.၂
အခန်း ၂၂ .၁
အခန်း ၂၂.၂
အခန်း ၂၃.၁
တယ်လီဂရုကြေညာချက်..
အခန်း ၂၃.၂
အခန်း ၂၃.၃
အခန်း ၂၃.၄
အခန်း ၂၄.၁
အခန်း ၂၄.၂
အခန်း ၂၄.၃
အခန်း ၂၅.၁
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈.၁
အခန်း ၂၈.၂
အခန်း ၂၉.၁
အခန်း ၂၉.၂
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
Notice!!
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း (၈၁)
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အပိုင်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
Telegram ကို လာခဲ့နော်
အခန်း ၁၁၄
အခန်း ၁၁၅
🥳ဈေးနှုန်းပြောင်းလဲ သတ်မှတ်လိုက်ပါကြောင်း🥳

အခန်း ၂၅.၂

1.6K 277 6
By Swae_Nyoe

Unicode
အပိုင်း ၂၅.၂ 

၎င်းကို ကြားသောအခါ လူအများ၏ အသက်ရှူသံများ အောင့်လိုက်ပြီး သူတို့အားလုံးက ကုဝူကျိကို ထူးဆန်းသောအမူအရာမျိုးဖြင့် ကြည့်လိုက်ကြသည်။ သို့သော် သူတို့ မည်သို့ပင်ကြည့်စေကာမူ ခေါင်းဆောင်က သက်ရှိလူသားတစ်ယောက် ဖြစ်နေသေးသည်။

ကုဝူကျိ ဘာများတွေ့လိုက်လို့လဲ။

“သေချာတာပေါ့”

ခေါင်းဆောင်၏လေသံက အေးစက်လာပြီးပြောသည်။

“ငါက ခမ်းနားကြီးကျယ်တဲ့မြင်ကွင်းကို ကိုယ်တိုင်မြင်ရအုံးမှာ ဘာကြောင့် သေရမှာလဲ”

သို့သော်အသံက ဖျော့တော့သွားသည်နှင့် ချက်ချင်းပင် သည်အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ တစ်ဖက်မှ ပုံရိပ်ကလည်း ပျောက်ကွယ်သွားတော့၏။

“ဘာဖြစ်တာလဲ၊ မင်း ထူးဆန်းတဲ့နေရာတွေကို ရှာတွေ့လိုက်လို့လား”

ချန်းလင်က ကုဝူကျိကို မေးသည်။

“ငါ တစ်ခုခုကို သတိထားမိထားတာ၊ တကယ်တော့ ထူးဆန်းတဲ့နေရာတွေ အများကြီးရှိနေတာပဲ”

ကုဝူကျိက စပြောလိုက်သည်။

“အကြံတစ်ခု ထုတ်ရမယ်ဆိုရင် …”

“အခုက ဒါတွေ တွေးနေရမယ့်အချိန် မဟုတ်ဘူး၊ ငါတို့အရင်ဆုံး ဒီနေရာကနေ လွတ်မြောက်ဖို့ နည်းလမ်းရှာတွေ့မယ်ဆိုရင်တောင်မှ ကြောက်မက်ဖွယ်ကောင်းတဲ့ သရဲတွေအားလုံး သည်နေရာကို ပြုံတိုးဝင်လာမှာပဲ”

ကျန်းကော၏မျက်နှာက ချွေးစေးများဖြင့် စိုရွှဲနေသည်။ 

“ပြဿနာမရှိဘူး၊ ငါ ဘာလုပ်ရမလဲ ငါ သိတယ်”

ကုဝူကျိက စားပွဲပေါ်မှ စာအုပ်ကိုကောက်ကိုင်ပြီးနောက် ဆင့်ခေါ်ခြင်းအစီအရင်ကို ကြည့်လိုက်သည်။ ယုံကြည်မှုရှိစွာဖြင့်ပြော၏။

“ခေါင်းဆောင် မလုပ်ခင်ပြီးနိုင်မယ်ဆိုရင် နတ်ဆိုးနတ်ဘုရားကို ငါတို့အရင်ဆုံး ဆင့်ခေါ်လိုက်တာက မကောင်းဘူးလား”

သူ၏စကားသံထွက်လာသည်နှင့် အခြားသူများ ဆွံ့အသွားကြသည်။ သူတို့ ကုဝူကျိကို သရဲတစ်ကောင်မြင်လိုက်ရသကဲ့သို့ ကြည့်ကြ၏။

“ဒါ မင်း မင်း ဘယ်လိုများ ပြောလိုက်တာလဲ”

ချန်းလင်ကိုယ်တိုင်ပင် သူ ကြားလိုက်ရသည်ကို မယုံကြည်နိုင်တော့ပေ။

နတ်ဆိုးနတ်ဘုရားကို ဆင့်ခေါ်ခြင်းက သည်ပုံတူလောကမှ ကြောက်မက်ဖွယ် အကောင်းဆုံးသော သတ္တဝါကြီးကို ဖိတ်ခေါ်ခြင်းဖြစ်ကာ ရန်ငြှိုးကြီးဝိညာဉ်များထက် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်ကာ လွတ်မြောက်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

“အဆင်ပြေပါတယ်၊ ငါ မှတ်စုတွေကိုဖတ်ပြီးပြီ၊ လုပ်ဖို့က ဒီအခန်းထဲမှာရှိတဲ့ မှော်အခင်းအကျင်းကို ပြီးပြည့်စုံအောင် လုပ်လိုက်ဖို့ပဲ”

ကုဝူကျိက တည်ငြိမ်စွာဖြင့်ပြောပြီးနောက် အနည်းငယ်ပြုံးလိုက်ကာ ချောမွေ့စွာ ဆက်ပြောလိုက်၏။

“တကယ်တော့ မှော်အခင်းအကျင်းဆွဲဖို့ လိုအပ်တဲ့အချက်အလက်တွေအားလုံးက ခေါင်းဆောင်က လုပ်ထားပေးပြီးသား၊ ဒီတော့ ငါတို့ ဘာမှတောင် လုပ်ဖို့ မလိုအပ်တော့ဘူး”

တကယ်ပဲ ဒီလိုလား။

သို့သော် သည်တစ်ခဏတွင် သူတို့ ကုဝူကျိကို မတားနိုင်တော့ပေ။ ပြောရမည်ဆိုလျှင် သူတို့ကိုယ်တိုင်လည်း အပြင်ဘက်မှသရဲတွေ ရောက်လာသည်နှင့် သေရတော့မည်ဖြစ်လေရာ ကုဝူကျိကိုသာ ယုံကြည်ရန်ဆုံးဖြတ်လိုက်ကြ၏။

အနည်းဆုံး သူတို့ ရှင်နိုင်စွမ်းရှိလာလောက်တာပဲ။

ကုဝူကျိက စာအုပ်ကို ဘေးဘက်တွင်ထားပြီးနောက် စာအုပ်စင်နားသို့သွားသည်။ ထို့နောက် ဖုန်ထူနေသော စာအုပ်များကိုဆွဲထုတ်လိုက်ပြီး နောက်ဆုံးတစ်ဆင့်သာ ကျန်ရစ်တော့သော မှော်အခင်းအကျင်းကို ကြမ်းပြင်တွင် ထွက်ပေါ်လာစေလိုက်သည်။

“မျှော်လင့်ထားတဲ့အတိုင်း မှတ်စုစာအုပ်ထဲမှာ ရေးသားထားတဲ့အတိုင်းပဲ၊ ခေါင်းဆောင်က မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ မဖြစ်လာစေဖို့အတွက် နောက်ဆုံးတစ်ဆင့်ကိုချန်ပြီး အခန်းတိုင်းမှာ ဒီသင်္ကေတတွေကို ရေးဆွဲထားပြီးသား”

ကုဝူကျိကပြောသည်။

“ဒီတော့ လိုအပ်ချက်က ဝိညာဉ်စွမ်းအား၊ ဒါမှမဟုတ် သရဲနဲ့ ဆက်သွယ်နိုင်မယ့်လူတစ်ယောက်”

သည်အချက်က ခက်ခဲနိုင်သည်။ သို့သော် ကစားသမားများ၏ စိုးရိမ်မှုက ရိုးရှင်းစွာဖြင့် ကြီးမားခြင်းမရှိတော့ပေ။

အရေးကြီးဆုံးအချက်က နတ်ဆိုးနတ်ဘုရားနှင့် ဆက်သွယ်နိုင်စွမ်းရှိမည့် လူတစ်ယောက် လိုအပ်နေခြင်းဖြစ်သည်။ ကုဝူကျိက သူ၏လက်မောင်းပေါ်မှ နွယ်ပင်သင်္ကေတကို တွေးတောပြီးနောက် ပြဿနာမရှိဟု ခန့်မှန်းမိလိုက်၏။

ချန်းလင်တွင်လည်း ရွေးချယ်စရာမရှိတော့ပေ။ သူ့ကို ကူညီရုံမှလွဲပြီး အခြားရွေးချယ်စရာ မရှိတော့သည့်အတွက် မှတ်စုစာအုပ်ကို ကောက်ကိုင်ပြီးနောက် အခြားလိုအပ်သည်များကို ဖတ်ကြည့်လိုက်၏။ သူ လုပ်နိုင်တာရှိမည်ဆိုလျှင် …။

သို့သော် အချက်တစ်ခုကို မြင်သောအခါ သူ ကြောင်သွားသည်။

“ကောင်းပြီ ပြီးပြီ”

ကုဝူကျိက ထိုသို့ပြောလိုက်ပြီးနောက်တွင် စားပွဲပေါ်မှ ဓါးကိုကောက်ကိုင်ပြီး သူ၏လက်ညှိုးထိပ်ကို ဖောက်လိုက်သည်။

လတ်ဆတ်သောသွေးများက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသော လက်ချောင်းထိပ်မှတစ်ဆင့် မြေပြင်တွင်ရှိနေသော အခင်းအကျင်းထံသို့ ကျဆင်းသွားခဲ့ကာ နတ်ဆိုးဆန်သောလွှမ်းမိုးမှုများက ပျံ့နှံ့လာခဲ့၏။ တစ်စုံတစ်ရာက အသက်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုတစ်ခဏတွင် အခန်းထဲတွင်ရှိသော လေထုကပင် ရန်စလိုသောအရှိန်အဝါမျိုး ထွက်ပေါ်လာခဲ့သည်။ မည်သည့်သရဲမှ ထွက်မပေါ်လာသေးသည့်တိုင်အောင် သည်မြင်ကွင်းကပင် ခြောက်ခြားဖွယ်ကောင်းပြီး ထိတ်လန့်ဖွယ်ခံစားချက်ကို ဖြစ်ပေါ်လာစေ၏။ သည်နေရာတွင်ရှိသောလူတိုင်း၏ နှလုံးခုန်သံများက နှေးကွေးသွားကြသည်။

မမြင်ရသော သတ္တဝါတစ်ကောင်က သူတို့၏ အသက်သွေးကြောများကို ဆုပ်ကိုင်ထားသည့်အလား…။

ကျင်းလင်၏မျက်နှာက ဖြူဖျော့သွားသည်။ သူ၏စိတ်ထဲတွင် နောင်တရနေခဲ့ချေပြီ။ သူက ကုဝူကျိကို တားလိုသော်လည်း နောက်ကျသွားခဲ့၏။

လတ်ဆတ်သောသွေးများနှင့် ဝိညာဉ်သဘာဝကို ဝါးမြိုပြီးနောက်တွင် မှော်အခင်းအကျင်းက ပြီးပြည့်စုံသွားလေပြီ။ ဒါက အလိုအလျောက် ပြီးပြည့်စုံသွားခြင်းဖြစ်၏။

ရုတ်တရက် အမည်မသိရသောနေရာမှ အပြာရောင်အလင်းက ထိုးဖောက်လာခဲ့ကာ အခန်းအတွင်းသို့ ဝင်ရောက်လာခဲ့၏။  ဒါက ဖျတ်ခနဲ လင်းလက်သွားပြီးသည်နှင့် အပြင်ဘက်ရှိ သရဲများအားလုံး၏ လုပ်ဆောင်မှုက နှေးကျသွားသည်။ အခန်းနှင့်အပြင်နှစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

သူတို့ လုံခြုံသွားသည်ဟုခံစားရသည်။ မျှော်လင့်ထားသည့်အတိုင်း သူတို့ ထိုသရဲများအနိုင်ကျင့်ပြီး အသေခံရတော့မည့်အနေအထားမှ လွတ်မြောက်သွားခဲ့လေ သည်။

ကျန်းကောနှင့်အခြားသူများ၏ စိတ်အခြေအနေက တစ်ခဏခန့် ငြိမ်သက်သွားအောင် တစ်စုံတစ်ရာက ခွင့်မပြုပေ။ အကြောင်းမူကား ဖျတ်ခနဲ လင်းလက်ပြီးနောက် သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် ဆွဲအားပြင်းထန်သော ပင်လယ်ရေမျက်နှာပြင်အတွင်းသို့ ဆွဲချခံလိုက်ရသော ခံစားချက်မျိုးကို ရလိုက်၍ဖြစ်သည်။ သူတို့၏ နှာခေါင်းနှင့်ပါးစပ်မှ ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ကြရသည်။

မှော်အခင်းအကျင်းကို အသက်ဝင်စေသည့်ကုဝူကျိသည်လည်း တည်ငြိမ်သော ပုံရိပ်ယောင်အတွေ့အကြုံကိုရသည်။ သူက ပင်လယ်ရေအောက် ဟိုးအနက်ရှိုင်းဆုံး အပိုင်းမှ တစ်စုံတစ်ရာ၏ဖျော့တော့သော စိုက်ကြည့်ခြင်းကို ခံလိုက်ရ၏။ သူ၏ နားအနားကပ်ကာ တစ်စုံတစ်ရာက ခပ်တိုးတိုးပြောပြနေသည်။ သို့သော် ထိုထူးဆန်းသည့် အသံကြီးများနှင့်အတူ အလွန်အမင်း သတိထားမည်ဆိုလျှင်ပင် အဆုံးတွင် ဘာကိုမျှ နားလည်လိမ့်မည်မဟုတ်ပေ။

ပင်လယ်ရေအောက် အနက်ရှိုင်းဆုံးအပိုင်းတွင် သူ နောက်ဆုံးတွင် မြင်လိုက်ရသည်မှာ …။


မျက်လုံးကို ရုတ်တရက်ဖွင့်လိုက်ပြီးနောက် ကုဝူကျိက သူ့ကိုထိန်းပေးထားသော ချန်းလင်ကို မြင်လိုက်ရသည်။ သူ၏တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲ့နေကာ ဘာကိုမျှ မမှတ်မိနိုင်ပြန်ပေ။

သူ ဘာကိုမြင်လိုက်ရမှန်း သူ မမှတ်မိပြန်ပေ။

“ဆင့်ခေါ်တာ အောင်မြင်သွားလား”

သူက ပြောသည်။

“အောင်မြင်တာပေါ့”

ချန်းလင်၏အသံက အားနည်းနေသည်။ ကျန်းကောနှင့် အခြားသူများကလည်း နံရံတွင်ကပ်နေကြသည်။ သူတို့ သေလုနီးပါးပင်ပန်းနေကြ၏။ တစ်စုံတစ်ရာကသာ ဖြစ်ပျက်မလာခဲ့လျှင် သူတို့ ထွက်သွားခဲ့ပြန်လောက်ချေပြီ။

ကုဝူကျိက ခေါင်းလှည့်ပြီးနောက် ယခင်က အသိစိတ်မဲ့ကာလဲနေသော ဩစတင်က သူ့အနားတွင်ကပ်ကာ ရပ်နေကြောင်းမြင်လိုက်ရ၏။ တစ်ဖက်သူက သူရှိရာသို့ မျက်နှာသေနှင့် စိုက်ကြည့်နေသည်။ ထိုတစ်ခဏတွင် သူ၏မျက်လုံးတစ်ဖက်က သွေးများ စိုရွှဲကာနီရဲနေပြီး ထိုထဲတွင် ထူးဆန်းသော          သင်္ကေတတစ်ခုက ရှိနေခဲ့သည်။ အခြားတစ်ဖက်ကမူ ပုံမှန်အတိုင်း အပြာရောင်ဖြစ်၏။

“ငါ့ကို ဆင့်ခေါ်လိုက်တဲ့သူ ဘာမေးချင်လဲ”

ဩစတင်၏အသံက အာကာသပြင်ကို ထိုးဖောက်လာကာ ကုဝူကျိ၏နားအတွင်း ရောက်လာ၏။ ဒါက သူ့ကို တိုးတိုးပျပျ ပြောလာသည်နှင့် တူနေသေးသည်။ ထိုအချိန်တွင် ဒါက ရင်းနှီးကျွမ်းဝင်သော ပုံမှန်အသံမဟုတ်တော့ဘဲ လူအများ၏ စိတ်ကို စိတ်ရှုပ်ထွေးစေသော၊ အသိစိတ်မဲ့နေသော၊ မရှင်းလင်းသောအသံမျိုး ဖြစ်လာခဲ့သည်။ လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းကိုငုံ့လိုက်ကာ ကုဝူကျိနှင့်ဩစတင်တို့၏ အဖြစ်အပျက်ကို မမြင်နိုင်ရန် ရှောင်ရှားလိုက်ကြသည်။ ကုဝူကျိက ထိုသို့ဖြင့် သာမန်ကာလျှံကာ လုပ်လိုက်ရုံမျှဖြင့် အောင်မြင်စွာ ဆင့်ခေါ်လိုက်နိုင်သည်ဟု သူတို့မထင်ထားမိပေ။ ကံကောင်းစွာဖြင့်ပင် သည်ကျွမ်းကျင်မှုက နတ်ဆိုးနတ်ဘုရား၏ စွမ်းအားကိုအ များအပြားအားနည်းသွားစေရန် မျှော်လင့်နေသည်။ သို့မဟုတ်လျှင် ထိုအကောင်က သူတို့ကို သတ်ပြီးလောက်ချေပြီ။

လက်ရှိဩစတင်က သူတို့ကို ကြည့်သောအကြည့်က ဖုန်သဲများကို ကြည့်သောအကြည့်ထက်ပင် သာလွန်ခြင်းမရှိပေ။ သူတို့၏အသက်များက ဖုန်သဲလောက်ပင် အသုံးမဝင်သည့်အလား ထင်ရ၏။

“ငါ ဘာမေးချင်လဲဆိုတော့ ဘယ်လိုနည်းလမ်းမျိုးနဲ့ ငါတို့တွေ အရှင်လတ်လတ် ထွက်သွားနိုင်မှာလဲ”

ကုဝူကျိက မေးလိုက်သည်။


လူတိုင်း တံခါးကိုဖွင့်လိုက်သည်။

ထိုတစ်ခဏတွင် အပြင်ဘက်ရှိ သရဲတစ်ကောင်ချင်းစီတိုင်းက ထိတ်လန့်တုန်ယင်နေခဲ့ကြကာ ကြောက်လန့်နေသော ယုန်သူငယ်များကဲ့သို့ အဝေးသို့ ဆုတ်သွားကြပြီး အနားမတိုးရဲကြတော့ပေ။ မည်သို့ပင်ဆိုစေ ကုဝူကျိတို့နှင့်အတူ ကြောက်မက်ဖွယ်အကောင်းဆုံး ခေါင်းဆောင်ကြီးက ရှိနေသည်။ မည်သည့်သရဲမှ အနားမကပ်ရဲကြပေ။

“ခေါင်းဆောင်ကို အမြန်ဆုံးရှာတွေ့ဖို့ လိုအပ်တယ်”

ကုဝူကျိက အသိစိတ်မဲ့နေသော ဩစတင်ကို ကျောပေါ်တွင် သယ်ထားပြန်သည်။ သူက သဘောတကျပြော၏။

“ဒါပေမယ့် ခေါင်းဆောင် ဘယ်နေရာမှာ ရှိနေနိုင်မှာလဲ”

မည်သို့ပင်ဆိုစေ သည်နေ့က နောက်ဆုံးနေ့ဖြစ်သည်။ ခေါင်းဆောင်ကို ရှာမတွေ့လျှင် ပြဿနာကို ဖြေရှင်းနိုင်တော့မည် မဟုတ်သည့်အပြင် နတ်ဆိုးနတ်ဘုရားကိုလည်း ကိုင်တွယ်နိုင်တော့မည်မဟုတ်ပေ။

တစ်ဖက်သူ၏အသားအရေက ဖြူဖျော့နေကာ မည်သူကမျှ ကုဝူကျိနှင့်ဩစတင်နား မကပ်ရဲကြပေ။ သို့သော် အနားရှိသရဲများက အလွန်ထိတ်လန့်စွာဖြင့် ခပ်ဝေးဝေးပြေးကြသည်။ ထို့ကြောင့် သူတို့အနေဖြင့် အနောက်မှသာ နီးကပ်စွာလိုက်လိုက်ရ၏။ သူတို့ဒူးများက လမ်းလျှောက်ချိန်တွင် တုန်ယင်နေလေတော့သည်။

ဩစတင်၏ကိုယ်ထဲတွင်ရှိနေသော နတ်ဆိုးနတ်ဘုရားက ထွက်သွားခြင်း မရှိသေးပေ။

ကောင်းကင်မှသာ သိပေလိမ့်မည်။ ကုဝူကျိက မည်သို့သော သတ္တိမျိုးဖြင့် နတ်ဆိုးနတ်ဘုရားကို ကျောပေါ်တွင် တင်ထားကြောင်း သူတို့ နားမလည်နိုင်တော့ပေ။ မတိုင်မီက ကုဝူကျိနှင့်နတ်ဆိုးနတ်ဘုရား၏စကားက သူတို့ကို လက်ရှိအချိန်အထိ အံ့ဩစေခဲ့သေးသည်။ သို့သော် ထိုနတ်ဆိုးနတ်ဘုရားက ကုဝူကျိ၏တောင်းဆိုမှုကို မည်သည့်အတွက်ကြောင့် လိုက်လျောကြောင်း နားမလည်နိုင်ပေ။

ကုဝူကျိက လမ်းလျှောက်နေရင်းမှ အနီးအနားရှိသရဲများထံမှ သတင်းအချက်အလက်များကို တောင်းခံသည်။ ထိုသရဲများက အလွန်ကြောက်လန့်ကာ သူတို့၏တစ်ကိုယ်လုံးက အရောင်မရှိတော့သည်အထိ ဖြူစုတ်နေ၏။ နောက်ဆုံးတွင် ကုဝူကျိ၏မေးခွန်းနှင့် ရင်ဆိုင်ရသောအခါ သူတို့ ကြောင်သွားကြသည်။ သူတို့အချင်းချင်း အခြေအနေကိုမရှင်းလင်းကြပေ။ ထိုအချိန်တွင်ပင် အဝေးမှ အဖြူရောင်ပုံရိပ်တစ်ခုက ထွက်ပေါ်လာတော့၏။

ဒါက ကုဝူကျိ ပထမဆုံးနေ့က ကယ်ခဲ့ဖူးသော အဖြူရောင်ဝတ်စုံနှင့် ကောင်မလေးဖြစ်ကာ ကုဝူကျိပေးထားသော အနောက်တိုင်းစတိုင် အပေါ်ဝတ်ကုတ်ကို သူမ၏ကိုယ်ပေါ်တွင် ခြုံထားသေးသည်။ သူမက ထိုတစ်ခဏတွင် သက်ရှိလူနှင့်ပင် ခြားနားခြင်းမရှိပေ။ သည်အပျော်ခရီးသင်္ဘောပေါ်တွင် ရိုးရှင်းသော တည်ရှိမှုတစ်ခုအလား ထင်ရ၏။ ထိုကောင်မလေးက ဘေးတစ်ဖက်မှကြည့်သည်။ ထို့နောက် အခြားတစ်နေရာသို့သွား၏။ ဒါက ကုဝူကျိကို ရှင်းလင်းစွာဖြင့်ပင် သူမက နေရာကို ပြနေကြောင်း နားလည်သွားစေ၏။

“သူမ နောက်ကလိုက်”

ကုဝူကျိက ချက်ချင်းပြေးတော့သည်။ သူ၏မသိစိတ်အရ လိုက်မှလိုက်၍ ပြောနေရုံသာမကလေဘဲ ထိုကောင်မလေး၏ကြင်နာမှုကိုလည်း ခံစားမိနေသေး၏။

အခြားသူများက သည်အခြေအနေကိုမြင်သောအခါ ပြေးလိုက်ကြသည်။ သူတို့မည်သို့သောစွမ်းအားမျိုးဖြင့် မည်သည့်နေရာကမှန်းမသိ ထွက်လာတတ်သည့် သရဲမနောက်သို့ ဆက်လိုက်နေကြောင်း နားမလည်သည့်တိုင်အောင်  သည်လိုအရှိန်နှုန်းနှင့်ဆိုလျှင် ကုဝူကျိကိုယ်ပေါ်တွင်ရှိသော ခေါင်းဆောင်က ပါနေသေးသည့်အတွက် ဘာကိုမှ ထိတ်လန့်ရန်မလိုအပ်တော့ဟု သူတို့ထင်သည်။ ကုဝူကျိ၏ကျောပေါ်မှ တစ်စုံတစ်ရာထက်ပိုပြီး ထိတ်လန့်ရန်မရှိတော့ပါပေ။

အကွေ့အကောက် အလှည့်အပြောင်း ပြေးလွှားပြီးနောက်တွင် သူတို့အားလုံးက လျှို့ဝှက်နေရာတစ်ခုထံသို့ ရောက်သွားခဲ့၏။ အဖြူရောင်ဝတ်စုံနှင့်ကောင်မလေးက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူမက ခေါင်းလှည့်ပြီး ကုဝူကျိကို ကြည့်၏။ သူမက ကိုယ်ပေါ်မှ အပေါ်ဝတ်ကုတ်ကိုဆုပ်ကိုင်ကာ အသနားခံသောလေသံဖြင့်ပြောသည်။

“ကျေးဇူးပြုပြီး ငါ တောင်းပန်ပါတယ်၊ နင် တစ်ယောက်ပဲ ငါတို့ကိုလွတ်အောင် လုပ်ပေးနိုင်မှာ”

ချန်းလင်၏မျက်နှာတွင် ချွေးစေးများက စိုရွှဲနေလေပြီ။ သူက ခပ်စူးစူးကြည့်လိုက်၏။

ဒီသရဲမ ဘာတွေ သိထားတာလဲ။

အရင် စကားပြောခန်းက မှန်ကန်နေခဲ့မယ်ဆိုလျှင် သူမ ပြောချင်တာက ဘယ်လောက်လုပ်ဖို့ခက်ခဲသလဲ ဘယ်သူသိနိုင်မှာလဲ။

ကုဝူကျိက လူကောင်းတစ်ယောက်ဆိုလျှင်တောင်မှ ဒီလိုသေခြင်းရှင်ခြင်းမျိုးကို အခြားသူတွေအတွက်တော့ ရင်းမှာမဟုတ်ဘူး။

“ငါ သေချာပေါက် လုပ်ပေးမယ်”

ကုဝူကျိက သည်ကိစ္စကို စိုးရိမ်ရန်မလိုဘဲ ချက်ချင်းပြောသည်။ တစ်ဖက်သူကိုကြည့်ပြီးပြောလိုက်၏။

“ငါ့မှာ နဂိုကတည်းက ဒီလိုအကြံရှိပြီးသားပါ”

ကောင်မလေး၏ ကျေးဇူးတင်သည့်အကြည့်ကို ရပြီးနောက်တွင် သူမက ကုဝူကျိကို ကြည့်ပြီးခေါင်းငြိမ့်ပြသည်။ ထို့နောက် အခြားတစ်ဖက်သို့ပြေးသွား၏။ စိတ်သက်သာရာရဟန်လည်း ပေါ်နေသေးသည်။ သို့သော် ကုဝူကျိ၏ ခံစားရသော ဖိအားက အလွန်ကြီးသွားသည်။ 

“ကောင်းပြီ ခေါင်းဆောင်ပုန်းနေတာက ဒီမှာပဲ၊ ငါတို့အခု သေချာပေါက် ဒါကို ဖြေရှင်းရအောင် မင်းတို့ မစိုးရိမ်ပါနဲ့တော့”

ကုဝူကျိက တံခါးရှိရာဘက်သို့ ကြည့်လိုက်သည်။ ချန်းလင်တို့ကိုလည်းကြည့်ကာ နှစ်သိမ့်ပေးလိုက်၏။

ကုဝူကျိ၏နွေးထွေးသော လက်ဖဝါးက ချန်းလင်၏ပုခုံးပေါ်သို့ ရောက်သွားသောအခါ ချန်းလင်၏နှလုံးသားထဲမှ ကြောက်လန့်မှုများက ပြေလျော့သွားသည်။ ကုဝူကျိ လုပ်ဆောင်သမျှက ကျိုးကြောင်းသင့်လျော်ခြင်း မရှိသည်များ ပါဝင်နေသည့်တိုင်အောင် သူ၏နှလုံးသားကမူ ရှင်းလင်းစွာဖြင့် နားလည်နေ၏။ ကုဝူကျိပေးသော နွေးထွေးသောအပြုံးက လူတိုင်း၏နှလုံးသားကို ထိုးဖောက်နိုင်စွမ်းရှိနေခဲ့ကာ အလိုလိုပင် ယုံကြည်မှုရှိလာစေသည်။

အမှောင်ထဲမှာ လျှောက်သွားနေတဲ့ခရီးသွားတွေက နောက်ဆုံးတော့ အာသီတကို ရှာတွေ့သွားသလိုမျိုး၊ အလှတရားတစ်ခုကို ရှာတွေ့သွားသလိုမျိုး ….။

သည်အချိန်တွင် ကုဝူကျိ၏ကျောပေါ်မှ နတ်ဆိုးနတ်ဘုရားကပင် ကြောက်လန့်ဖွယ် မကောင်းတော့ဟု သူ ခံစားလိုက်ရသည်။

“ငါလည်း အဲ့ဒီလိုပဲမျှော်လင့်ပါတယ်”

သူ မနေနိုင်ဘဲ ကုဝူကျိအနားသို့ ကပ်သွားလိုက်၏။ သို့သော် သူ ခြေတစ်လှမ်းခန့် လှမ်းရုံမျှဖြင့်ပင် သိပ်မကြာခင်က ခံစားရသောပင်လယ်ပြင်ထဲမှ လာသည့် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး ရန်စလိုသော ပြင်းထန်သည့်စွမ်းအားများက လှိုင်တက်လာသည်။

ဩစတင်၏ မျက်လုံးများက ပွင့်လာကြောင့် သူ မြင်နေရသေး၏။ သွေးနီရောင်သန်းနေသော ထိုမျက်ဝန်းမှ နွယ်ပင်သင်္ကေတကြီးက သူ့ကို သတိပေးနေသည့်အလား ခံစားချက်မဲ့စွာစိုက်ကြည့်လာသည်။

ချန်းလင်၏အသားရောင်က ဖြူဖျော့သွားပြန်သည်။ သူ နှာခေါင်းနှင့်ပါးစပ်ကို အုပ်ထားပြီး ချက်ချင်းအနောက်ဆုတ်လိုက်၏။ သူ ကုဝူကျိ၏အနားမှ ခြေငါးလှမ်းခန့် ဆုတ်လိုက်ပြီးမှသာလျှင် ထိုဖိအားက ပျောက်ကွယ်သွားတော့သည်။

ကုဝူကျိက ခေါင်းလှည့်ပြီး ကြည့်လိုက်သည့်တိုင်အောင် ဘာကိုမှ မြင်နိုင်စွမ်းမရှိပေ။ ချန်းလင်က ပြုံးပြလိုက်သည်။ ကုဝူကျိက ပြော၏။

“ကောင်းပြီ အရေးကြီးဆုံးက ခေါင်းဆောင်ကို အရင်ကိုင်တွယ်ဖို့ပဲ”

သည်နေရာက အနည်းငယ်ကွယ်နေသည့် အနေအထားတွင်ရှိနေသည့် ဝန်ထမ်းတစ်ယောက်၏ အခန်းဖြစ်ကာ ကျန်သောအခန်းများနှင့် ထူးထူးခြားခြားကွာခြားချက် မရှိပေ။ အပြင်ဘက်လမ်းကြောင်းက အလွန်ရှုပ်ထွေးကာ ကောင်မလေးကသာ လမ်းမပြခဲ့လျှင် သူသည်နေရာသို့ ရောက်လာလိမ့်မည်မဟုတ်ပေ။

ကုဝူကျိက တံခါးကိုကြည့်ပြီးနောက် ခေါင်းဆောင်က သူတို့ ရောက်လာနိုင်မည်မဟုတ်ဟု ယုံကြည်မှုရှိနေကတည်းက တံခါးကို တိုက်ရိုက်ဖွင့်ပြီး ပြဿနာကို ခက်ခက်ခဲခဲဖြေရှင်းရန် လိုအပ်မည်ဖြစ်ကြောင်း နားလည်နေခဲ့သည်။

လူတိုင်း ဝင်သွားလိုက်လျှင် ပိန်းပိတ်အောင်မဲမှောင်နေသော အခန်းအလယ်တွင် ခေါင်းဆောင်က အရှေ့ရှိ မှော်အခင်းအကျင်းကို စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည်။ သူတို့ ဝင်လာခြင်းကို မြင်နေရသည့်တိုင်အောင် ထိတ်လန့်ဟန်လည်းမရှိဘဲ အထင်တသေးပြောလာ၏။

“ငါ တကယ်ကို မမျှော်လင့်ထားမိဘူး၊ မင်းတို့တကယ်ပဲ ဒီနေရာကို ရောက်လာနိုင်တယ်၊ ဒါပေမယ့် မင်းတို့ရောက်လာတာက နောက်ကျသွားပြီ၊ မျှော်အခင်းအကျင်းက အောင်မြင်သွားပြီ”

“မအောင်မြင်ဘူး”

ကုဝူကျိက ပြောသည်။ တစ်စုံတစ်ရာ တွေးတောပြီးနောက် သူက ထပ်ဖြည့်ပြော၏။

“ငါဆိုလိုတာက ခင်ဗျား ဆင့်ခေါ်တာကို ပြောတာပါ”

“မင်း ဘာကိုပြောတာလဲ”

ခေါင်းဆောင်က ကုဝူကျိ၏စကားကို ကြားသောအခါ ဘာတုန့်ပြန်မှုမှ မပြခဲ့ပေ။ သူ၏မှော်အခင်းအကျင်းက အောင်မြင်သွားသည်မှာ သေချာနေသည်။ သူက အထင်တသေးပြောလိုက်၏။

“အပိုတွေ ပြောမနေစမ်းပါနဲ့၊ နတ်ဆိုးနတ်ဘုရား ထွက်ပေါ်လာတာနဲ့ မင်းတို့တွေ သေဖို့ပဲစောင့်နေ …”

ချန်းလင်နှင့်ကျန်းကောတို့အားလုံးက ခေါင်းဆောင်ကို အရူးတစ်ယောက်လို ကြည့်လိုက်ကြသည်။

Zawgyi

အပိုင္း ၂၅.၂ 

၎ကို ၾကားေသာအခါ လူအမ်ား၏ အသက္ရႉသံမ်ား ေအာင့္လိုက္ၿပီး သူတို႔အားလုံးက ကုဝူက်ိကို ထူးဆန္းေသာအမူအရာမ်ိဳးျဖင့္ ၾကည့္လိုက္ၾကသည္။ သို႔ေသာ္ သူတို႔ မည္သို႔ပင္ၾကည့္ေစကာမူ ေခါင္းေဆာင္က သက္ရွိလူသားတစ္ေယာက္ ျဖစ္ေနေသးသည္။

ကုဝူက်ိ ဘာမ်ားေတြ႕လိုက္လို႔လဲ။

“ေသခ်ာတာေပါ့”

ေခါင္းေဆာင္၏ေလသံက ေအးစက္လာၿပီးေျပာသည္။

“ငါက ခမ္းနားႀကီးက်ယ္တဲ့ျမင္ကြင္းကို ကိုယ္တိုင္ျမင္ရအုံးမွာ ဘာေၾကာင့္ ေသရမွာလဲ”

သို႔ေသာ္အသံက ေဖ်ာ့ေတာ့သြားသည္ႏွင့္ ခ်က္ခ်င္းပင္ သည္အခန္းတစ္ခုလုံးက တိတ္ဆိတ္သြားသည္။ တစ္ဖက္မွ ပုံရိပ္ကလည္း ေပ်ာက္ကြယ္သြားေတာ့၏။

“ဘာျဖစ္တာလဲ၊ မင္း ထူးဆန္းတဲ့ေနရာေတြကို ရွာေတြ႕လိုက္လို႔လား”

ခ်န္းလင္က ကုဝူက်ိကို ေမးသည္။

“ငါ တစ္ခုခုကို သတိထားမိထားတာ၊ တကယ္ေတာ့ ထူးဆန္းတဲ့ေနရာေတြ အမ်ားႀကီးရွိေနတာပဲ”

ကုဝူက်ိက စေျပာလိုက္သည္။

“အႀကံတစ္ခု ထုတ္ရမယ္ဆိုရင္ …”

“အခုက ဒါေတြ ေတြးေနရမယ့္အခ်ိန္ မဟုတ္ဘူး၊ ငါတို႔အရင္ဆုံး ဒီေနရာကေန လြတ္ေျမာက္ဖို႔ နည္းလမ္းရွာေတြ႕မယ္ဆိုရင္ေတာင္မွ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ သရဲေတြအားလုံး သည္ေနရာကို ၿပဳံတိုးဝင္လာမွာပဲ”

က်န္းေကာ၏မ်က္ႏွာက ေခြၽးေစးမ်ားျဖင့္ စို႐ႊဲေနသည္။ 

“ျပႆနာမရွိဘူး၊ ငါ ဘာလုပ္ရမလဲ ငါ သိတယ္”

ကုဝူက်ိက စားပြဲေပၚမွ စာအုပ္ကိုေကာက္ကိုင္ၿပီးေနာက္ ဆင့္ေခၚျခင္းအစီအရင္ကို ၾကည့္လိုက္သည္။ ယုံၾကည္မႈရွိစြာျဖင့္ေျပာ၏။

“ေခါင္းေဆာင္ မလုပ္ခင္ၿပီးနိုင္မယ္ဆိုရင္ နတ္ဆိုးနတ္ဘုရားကို ငါတို႔အရင္ဆုံး ဆင့္ေခၚလိုက္တာက မေကာင္းဘူးလား”

သူ၏စကားသံထြက္လာသည္ႏွင့္ အျခားသူမ်ား ဆြံ႕အသြားၾကသည္။ သူတို႔ ကုဝူက်ိကို သရဲတစ္ေကာင္ျမင္လိုက္ရသကဲ့သို႔ ၾကည့္ၾက၏။

“ဒါ မင္း မင္း ဘယ္လိုမ်ား ေျပာလိုက္တာလဲ”

ခ်န္းလင္ကိုယ္တိုင္ပင္ သူ ၾကားလိုက္ရသည္ကို မယုံၾကည္နိုင္ေတာ့ေပ။

နတ္ဆိုးနတ္ဘုရားကို ဆင့္ေခၚျခင္းက သည္ပုံတူေလာကမွ ေၾကာက္မက္ဖြယ္ အေကာင္းဆုံးေသာ သတၱဝါႀကီးကို ဖိတ္ေခၚျခင္းျဖစ္ကာ ရန္ျငႇိုးႀကီးဝိညာဥ္မ်ားထက္ ေၾကာက္မက္ဖြယ္အေကာင္းဆုံးျဖစ္ကာ လြတ္ေျမာက္နိုင္စြမ္းရွိလိမ့္မည္မဟုတ္ေပ။

“အဆင္ေျပပါတယ္၊ ငါ မွတ္စုေတြကိုဖတ္ၿပီးၿပီ၊ လုပ္ဖို႔က ဒီအခန္းထဲမွာရွိတဲ့ ေမွာ္အခင္းအက်င္းကို ၿပီးျပည့္စုံေအာင္ လုပ္လိုက္ဖို႔ပဲ”

ကုဝူက်ိက တည္ၿငိမ္စြာျဖင့္ေျပာၿပီးေနာက္ အနည္းငယ္ၿပဳံးလိုက္ကာ ေခ်ာေမြ႕စြာ ဆက္ေျပာလိုက္၏။

“တကယ္ေတာ့ ေမွာ္အခင္းအက်င္းဆြဲဖို႔ လိုအပ္တဲ့အခ်က္အလက္ေတြအားလုံးက ေခါင္းေဆာင္က လုပ္ထားေပးၿပီးသား၊ ဒီေတာ့ ငါတို႔ ဘာမွေတာင္ လုပ္ဖို႔ မလိုအပ္ေတာ့ဘူး”

တကယ္ပဲ ဒီလိုလား။

သို႔ေသာ္ သည္တစ္ခဏတြင္ သူတို႔ ကုဝူက်ိကို မတားနိုင္ေတာ့ေပ။ ေျပာရမည္ဆိုလွ်င္ သူတို႔ကိုယ္တိုင္လည္း အျပင္ဘက္မွသရဲေတြ ေရာက္လာသည္ႏွင့္ ေသရေတာ့မည္ျဖစ္ေလရာ ကုဝူက်ိကိုသာ ယုံၾကည္ရန္ဆုံးျဖတ္လိုက္ၾက၏။

အနည္းဆုံး သူတို႔ ရွင္နိုင္စြမ္းရွိလာေလာက္တာပဲ။

ကုဝူက်ိက စာအုပ္ကို ေဘးဘက္တြင္ထားၿပီးေနာက္ စာအုပ္စင္နားသို႔သြားသည္။ ထို႔ေနာက္ ဖုန္ထူေနေသာ စာအုပ္မ်ားကိုဆြဲထုတ္လိုက္ၿပီး ေနာက္ဆုံးတစ္ဆင့္သာ က်န္ရစ္ေတာ့ေသာ ေမွာ္အခင္းအက်င္းကို ၾကမ္းျပင္တြင္ ထြက္ေပၚလာေစလိုက္သည္။

“ေမွ်ာ္လင့္ထားတဲ့အတိုင္း မွတ္စုစာအုပ္ထဲမွာ ေရးသားထားတဲ့အတိုင္းပဲ၊ ေခါင္းေဆာင္က မေမွ်ာ္လင့္ထားတဲ့ အျဖစ္အပ်က္ေတြ မျဖစ္လာေစဖို႔အတြက္ ေနာက္ဆုံးတစ္ဆင့္ကိုခ်န္ၿပီး အခန္းတိုင္းမွာ ဒီသေကၤတေတြကို ေရးဆြဲထားၿပီးသား”

ကုဝူက်ိကေျပာသည္။

“ဒီေတာ့ လိုအပ္ခ်က္က ဝိညာဥ္စြမ္းအား၊ ဒါမွမဟုတ္ သရဲနဲ႕ ဆက္သြယ္နိုင္မယ့္လူတစ္ေယာက္”

သည္အခ်က္က ခက္ခဲနိုင္သည္။ သို႔ေသာ္ ကစားသမားမ်ား၏ စိုးရိမ္မႈက ရိုးရွင္းစြာျဖင့္ ႀကီးမားျခင္းမရွိေတာ့ေပ။

အေရးႀကီးဆုံးအခ်က္က နတ္ဆိုးနတ္ဘုရားႏွင့္ ဆက္သြယ္နိုင္စြမ္းရွိမည့္ လူတစ္ေယာက္ လိုအပ္ေနျခင္းျဖစ္သည္။ ကုဝူက်ိက သူ၏လက္ေမာင္းေပၚမွ ႏြယ္ပင္သေကၤတကို ေတြးေတာၿပီးေနာက္ ျပႆနာမရွိဟု ခန႔္မွန္းမိလိုက္၏။

ခ်န္းလင္တြင္လည္း ေ႐ြးခ်ယ္စရာမရွိေတာ့ေပ။ သူ႕ကို ကူညီ႐ုံမွလြဲၿပီး အျခားေ႐ြးခ်ယ္စရာ မရွိေတာ့သည့္အတြက္ မွတ္စုစာအုပ္ကို ေကာက္ကိုင္ၿပီးေနာက္ အျခားလိုအပ္သည္မ်ားကို ဖတ္ၾကည့္လိုက္၏။ သူ လုပ္နိုင္တာရွိမည္ဆိုလွ်င္ …။

သို႔ေသာ္ အခ်က္တစ္ခုကို ျမင္ေသာအခါ သူ ေၾကာင္သြားသည္။

“ေကာင္းၿပီ ၿပီးၿပီ”

ကုဝူက်ိက ထိုသို႔ေျပာလိုက္ၿပီးေနာက္တြင္ စားပြဲေပၚမွ ဓါးကိုေကာက္ကိုင္ၿပီး သူ၏လက္ညွိုးထိပ္ကို ေဖာက္လိုက္သည္။

လတ္ဆတ္ေသာေသြးမ်ားက ေက်ာက္စိမ္းကဲ့သို႔ ျဖဴေဖြးေနေသာ လက္ေခ်ာင္းထိပ္မွတစ္ဆင့္ ေျမျပင္တြင္ရွိေနေသာ အခင္းအက်င္းထံသို႔ က်ဆင္းသြားခဲ့ကာ နတ္ဆိုးဆန္ေသာလႊမ္းမိုးမႈမ်ားက ပ်ံ့ႏွံ႕လာခဲ့၏။ တစ္စုံတစ္ရာက အသက္ဝင္လာသကဲ့သို႔ ခံစားလိုက္ရသည္။ ထိုတစ္ခဏတြင္ အခန္းထဲတြင္ရွိေသာ ေလထုကပင္ ရန္စလိုေသာအရွိန္အဝါမ်ိဳး ထြက္ေပၚလာခဲ့သည္။ မည္သည့္သရဲမွ ထြက္မေပၚလာေသးသည့္တိုင္ေအာင္ သည္ျမင္ကြင္းကပင္ ေျခာက္ျခားဖြယ္ေကာင္းၿပီး ထိတ္လန႔္ဖြယ္ခံစားခ်က္ကို ျဖစ္ေပၚလာေစ၏။ သည္ေနရာတြင္ရွိေသာလူတိုင္း၏ ႏွလုံးခုန္သံမ်ားက ေႏွးေကြးသြားၾကသည္။

မျမင္ရေသာ သတၱဝါတစ္ေကာင္က သူတို႔၏ အသက္ေသြးေၾကာမ်ားကို ဆုပ္ကိုင္ထားသည့္အလား…။

က်င္းလင္၏မ်က္ႏွာက ျဖဴေဖ်ာ့သြားသည္။ သူ၏စိတ္ထဲတြင္ ေနာင္တရေနခဲ့ေခ်ၿပီ။ သူက ကုဝူက်ိကို တားလိုေသာ္လည္း ေနာက္က်သြားခဲ့၏။

လတ္ဆတ္ေသာေသြးမ်ားႏွင့္ ဝိညာဥ္သဘာဝကို ဝါးၿမိဳၿပီးေနာက္တြင္ ေမွာ္အခင္းအက်င္းက ၿပီးျပည့္စုံသြားေလၿပီ။ ဒါက အလိုအေလ်ာက္ ၿပီးျပည့္စုံသြားျခင္းျဖစ္၏။

႐ုတ္တရက္ အမည္မသိရေသာေနရာမွ အျပာေရာင္အလင္းက ထိုးေဖာက္လာခဲ့ကာ အခန္းအတြင္းသို႔ ဝင္ေရာက္လာခဲ့၏။  ဒါက ဖ်တ္ခနဲ လင္းလက္သြားၿပီးသည္ႏွင့္ အျပင္ဘက္ရွိ သရဲမ်ားအားလုံး၏ လုပ္ေဆာင္မႈက ေႏွးက်သြားသည္။ အခန္းႏွင့္အျပင္ႏွစ္ခုလုံး တိတ္ဆိတ္သြားေတာ့၏။

သူတို႔ လုံၿခဳံသြားသည္ဟုခံစားရသည္။ ေမွ်ာ္လင့္ထားသည့္အတိုင္း သူတို႔ ထိုသရဲမ်ားအနိုင္က်င့္ၿပီး အေသခံရေတာ့မည့္အေနအထားမွ လြတ္ေျမာက္သြားခဲ့ေလ သည္။

က်န္းေကာႏွင့္အျခားသူမ်ား၏ စိတ္အေျခအေနက တစ္ခဏခန႔္ ၿငိမ္သက္သြားေအာင္ တစ္စုံတစ္ရာက ခြင့္မျပဳေပ။ အေၾကာင္းမူကား ဖ်တ္ခနဲ လင္းလက္ၿပီးေနာက္ သူတို႔အားလုံး တစ္ေယာက္ၿပီးတစ္ေယာက္ ဆြဲအားျပင္းထန္ေသာ ပင္လယ္ေရမ်က္ႏွာျပင္အတြင္းသို႔ ဆြဲခ်ခံလိုက္ရေသာ ခံစားခ်က္မ်ိဳးကို ရလိုက္၍ျဖစ္သည္။ သူတို႔၏ ႏွာေခါင္းႏွင့္ပါးစပ္မွ ျပင္းထန္ေသာနာက်င္မႈကို ခံစားလိုက္ၾကရသည္။

ေမွာ္အခင္းအက်င္းကို အသက္ဝင္ေစသည့္ကုဝူက်ိသည္လည္း တည္ၿငိမ္ေသာ ပုံရိပ္ေယာင္အေတြ႕အႀကဳံကိုရသည္။ သူက ပင္လယ္ေရေအာက္ ဟိုးအနက္ရွိုင္းဆုံး အပိုင္းမွ တစ္စုံတစ္ရာ၏ေဖ်ာ့ေတာ့ေသာ စိုက္ၾကည့္ျခင္းကို ခံလိုက္ရ၏။ သူ၏ နားအနားကပ္ကာ တစ္စုံတစ္ရာက ခပ္တိုးတိုးေျပာျပေနသည္။ သို႔ေသာ္ ထိုထူးဆန္းသည့္ အသံႀကီးမ်ားႏွင့္အတူ အလြန္အမင္း သတိထားမည္ဆိုလွ်င္ပင္ အဆုံးတြင္ ဘာကိုမွ် နားလည္လိမ့္မည္မဟုတ္ေပ။

ပင္လယ္ေရေအာက္ အနက္ရွိုင္းဆုံးအပိုင္းတြင္ သူ ေနာက္ဆုံးတြင္ ျမင္လိုက္ရသည္မွာ …။


မ်က္လုံးကို ႐ုတ္တရက္ဖြင့္လိုက္ၿပီးေနာက္ ကုဝူက်ိက သူ႕ကိုထိန္းေပးထားေသာ ခ်န္းလင္ကို ျမင္လိုက္ရသည္။ သူ၏တစ္ကိုယ္လုံးက နာက်င္ကိုက္ခဲ့ေနကာ ဘာကိုမွ် မမွတ္မိနိုင္ျပန္ေပ။

သူ ဘာကိုျမင္လိုက္ရမွန္း သူ မမွတ္မိျပန္ေပ။

“ဆင့္ေခၚတာ ေအာင္ျမင္သြားလား”

သူက ေျပာသည္။

“ေအာင္ျမင္တာေပါ့”

ခ်န္းလင္၏အသံက အားနည္းေနသည္။ က်န္းေကာႏွင့္ အျခားသူမ်ားကလည္း နံရံတြင္ကပ္ေနၾကသည္။ သူတို႔ ေသလုနီးပါးပင္ပန္းေနၾက၏။ တစ္စုံတစ္ရာကသာ ျဖစ္ပ်က္မလာခဲ့လွ်င္ သူတို႔ ထြက္သြားခဲ့ျပန္ေလာက္ေခ်ၿပီ။

ကုဝူက်ိက ေခါင္းလွည့္ၿပီးေနာက္ ယခင္က အသိစိတ္မဲ့ကာလဲေနေသာ ဩစတင္က သူ႕အနားတြင္ကပ္ကာ ရပ္ေနေၾကာင္းျမင္လိုက္ရ၏။ တစ္ဖက္သူက သူရွိရာသို႔ မ်က္ႏွာေသႏွင့္ စိုက္ၾကည့္ေနသည္။ ထိုတစ္ခဏတြင္ သူ၏မ်က္လုံးတစ္ဖက္က ေသြးမ်ား စို႐ႊဲကာနီရဲေနၿပီး ထိုထဲတြင္ ထူးဆန္းေသာ          သေကၤတတစ္ခုက ရွိေနခဲ့သည္။ အျခားတစ္ဖက္ကမူ ပုံမွန္အတိုင္း အျပာေရာင္ျဖစ္၏။

“ငါ့ကို ဆင့္ေခၚလိုက္တဲ့သူ ဘာေမးခ်င္လဲ”

ဩစတင္၏အသံက အာကာသျပင္ကို ထိုးေဖာက္လာကာ ကုဝူက်ိ၏နားအတြင္း ေရာက္လာ၏။ ဒါက သူ႕ကို တိုးတိုးပ်ပ် ေျပာလာသည္ႏွင့္ တူေနေသးသည္။ ထိုအခ်ိန္တြင္ ဒါက ရင္းႏွီးကြၽမ္းဝင္ေသာ ပုံမွန္အသံမဟုတ္ေတာ့ဘဲ လူအမ်ား၏ စိတ္ကို စိတ္ရႈပ္ေထြးေစေသာ၊ အသိစိတ္မဲ့ေနေသာ၊ မရွင္းလင္းေသာအသံမ်ိဳး ျဖစ္လာခဲ့သည္။ လူတိုင္း တစ္ေယာက္ၿပီးတစ္ေယာက္ ေခါင္းကိုငုံ႕လိုက္ကာ ကုဝူက်ိႏွင့္ဩစတင္တို႔၏ အျဖစ္အပ်က္ကို မျမင္နိုင္ရန္ ေရွာင္ရွားလိုက္ၾကသည္။ ကုဝူက်ိက ထိုသို႔ျဖင့္ သာမန္ကာလွ်ံကာ လုပ္လိုက္႐ုံမွ်ျဖင့္ ေအာင္ျမင္စြာ ဆင့္ေခၚလိုက္နိုင္သည္ဟု သူတို႔မထင္ထားမိေပ။ ကံေကာင္းစြာျဖင့္ပင္ သည္ကြၽမ္းက်င္မႈက နတ္ဆိုးနတ္ဘုရား၏ စြမ္းအားကိုအ မ်ားအျပားအားနည္းသြားေစရန္ ေမွ်ာ္လင့္ေနသည္။ သို႔မဟုတ္လွ်င္ ထိုအေကာင္က သူတို႔ကို သတ္ၿပီးေလာက္ေခ်ၿပီ။

လက္ရွိဩစတင္က သူတို႔ကို ၾကည့္ေသာအၾကည့္က ဖုန္သဲမ်ားကို ၾကည့္ေသာအၾကည့္ထက္ပင္ သာလြန္ျခင္းမရွိေပ။ သူတို႔၏အသက္မ်ားက ဖုန္သဲေလာက္ပင္ အသုံးမဝင္သည့္အလား ထင္ရ၏။

“ငါ ဘာေမးခ်င္လဲဆိုေတာ့ ဘယ္လိုနည္းလမ္းမ်ိဳးနဲ႕ ငါတို႔ေတြ အရွင္လတ္လတ္ ထြက္သြားနိုင္မွာလဲ”

ကုဝူက်ိက ေမးလိုက္သည္။


လူတိုင္း တံခါးကိုဖြင့္လိုက္သည္။

ထိုတစ္ခဏတြင္ အျပင္ဘက္ရွိ သရဲတစ္ေကာင္ခ်င္းစီတိုင္းက ထိတ္လန႔္တုန္ယင္ေနခဲ့ၾကကာ ေၾကာက္လန႔္ေနေသာ ယုန္သူငယ္မ်ားကဲ့သို႔ အေဝးသို႔ ဆုတ္သြားၾကၿပီး အနားမတိုးရဲၾကေတာ့ေပ။ မည္သို႔ပင္ဆိုေစ ကုဝူက်ိတို႔ႏွင့္အတူ ေၾကာက္မက္ဖြယ္အေကာင္းဆုံး ေခါင္းေဆာင္ႀကီးက ရွိေနသည္။ မည္သည့္သရဲမွ အနားမကပ္ရဲၾကေပ။

“ေခါင္းေဆာင္ကို အျမန္ဆုံးရွာေတြ႕ဖို႔ လိုအပ္တယ္”

ကုဝူက်ိက အသိစိတ္မဲ့ေနေသာ ဩစတင္ကို ေက်ာေပၚတြင္ သယ္ထားျပန္သည္။ သူက သေဘာတက်ေျပာ၏။

“ဒါေပမယ့္ ေခါင္းေဆာင္ ဘယ္ေနရာမွာ ရွိေနနိုင္မွာလဲ”

မည္သို႔ပင္ဆိုေစ သည္ေန႕က ေနာက္ဆုံးေန႕ျဖစ္သည္။ ေခါင္းေဆာင္ကို ရွာမေတြ႕လွ်င္ ျပႆနာကို ေျဖရွင္းနိုင္ေတာ့မည္ မဟုတ္သည့္အျပင္ နတ္ဆိုးနတ္ဘုရားကိုလည္း ကိုင္တြယ္နိုင္ေတာ့မည္မဟုတ္ေပ။

တစ္ဖက္သူ၏အသားအေရက ျဖဴေဖ်ာ့ေနကာ မည္သူကမွ် ကုဝူက်ိႏွင့္ဩစတင္နား မကပ္ရဲၾကေပ။ သို႔ေသာ္ အနားရွိသရဲမ်ားက အလြန္ထိတ္လန႔္စြာျဖင့္ ခပ္ေဝးေဝးေျပးၾကသည္။ ထို႔ေၾကာင့္ သူတို႔အေနျဖင့္ အေနာက္မွသာ နီးကပ္စြာလိုက္လိုက္ရ၏။ သူတို႔ဒူးမ်ားက လမ္းေလွ်ာက္ခ်ိန္တြင္ တုန္ယင္ေနေလေတာ့သည္။

ဩစတင္၏ကိုယ္ထဲတြင္ရွိေနေသာ နတ္ဆိုးနတ္ဘုရားက ထြက္သြားျခင္း မရွိေသးေပ။

ေကာင္းကင္မွသာ သိေပလိမ့္မည္။ ကုဝူက်ိက မည္သို႔ေသာ သတၱိမ်ိဳးျဖင့္ နတ္ဆိုးနတ္ဘုရားကို ေက်ာေပၚတြင္ တင္ထားေၾကာင္း သူတို႔ နားမလည္နိုင္ေတာ့ေပ။ မတိုင္မီက ကုဝူက်ိႏွင့္နတ္ဆိုးနတ္ဘုရား၏စကားက သူတို႔ကို လက္ရွိအခ်ိန္အထိ အံ့ဩေစခဲ့ေသးသည္။ သို႔ေသာ္ ထိုနတ္ဆိုးနတ္ဘုရားက ကုဝူက်ိ၏ေတာင္းဆိုမႈကို မည္သည့္အတြက္ေၾကာင့္ လိုက္ေလ်ာေၾကာင္း နားမလည္နိုင္ေပ။

ကုဝူက်ိက လမ္းေလွ်ာက္ေနရင္းမွ အနီးအနားရွိသရဲမ်ားထံမွ သတင္းအခ်က္အလက္မ်ားကို ေတာင္းခံသည္။ ထိုသရဲမ်ားက အလြန္ေၾကာက္လန႔္ကာ သူတို႔၏တစ္ကိုယ္လုံးက အေရာင္မရွိေတာ့သည္အထိ ျဖဴစုတ္ေန၏။ ေနာက္ဆုံးတြင္ ကုဝူက်ိ၏ေမးခြန္းႏွင့္ ရင္ဆိုင္ရေသာအခါ သူတို႔ ေၾကာင္သြားၾကသည္။ သူတို႔အခ်င္းခ်င္း အေျခအေနကိုမရွင္းလင္းၾကေပ။ ထိုအခ်ိန္တြင္ပင္ အေဝးမွ အျဖဴေရာင္ပုံရိပ္တစ္ခုက ထြက္ေပၚလာေတာ့၏။

ဒါက ကုဝူက်ိ ပထမဆုံးေန႕က ကယ္ခဲ့ဖူးေသာ အျဖဴေရာင္ဝတ္စုံႏွင့္ ေကာင္မေလးျဖစ္ကာ ကုဝူက်ိေပးထားေသာ အေနာက္တိုင္းစတိုင္ အေပၚဝတ္ကုတ္ကို သူမ၏ကိုယ္ေပၚတြင္ ၿခဳံထားေသးသည္။ သူမက ထိုတစ္ခဏတြင္ သက္ရွိလူႏွင့္ပင္ ျခားနားျခင္းမရွိေပ။ သည္အေပ်ာ္ခရီးသေဘၤာေပၚတြင္ ရိုးရွင္းေသာ တည္ရွိမႈတစ္ခုအလား ထင္ရ၏။ ထိုေကာင္မေလးက ေဘးတစ္ဖက္မွၾကည့္သည္။ ထို႔ေနာက္ အျခားတစ္ေနရာသို႔သြား၏။ ဒါက ကုဝူက်ိကို ရွင္းလင္းစြာျဖင့္ပင္ သူမက ေနရာကို ျပေနေၾကာင္း နားလည္သြားေစ၏။

“သူမ ေနာက္ကလိုက္”

ကုဝူက်ိက ခ်က္ခ်င္းေျပးေတာ့သည္။ သူ၏မသိစိတ္အရ လိုက္မွလိုက္၍ ေျပာေန႐ုံသာမကေလဘဲ ထိုေကာင္မေလး၏ၾကင္နာမႈကိုလည္း ခံစားမိေနေသး၏။

အျခားသူမ်ားက သည္အေျခအေနကိုျမင္ေသာအခါ ေျပးလိုက္ၾကသည္။ သူတို႔မည္သို႔ေသာစြမ္းအားမ်ိဳးျဖင့္ မည္သည့္ေနရာကမွန္းမသိ ထြက္လာတတ္သည့္ သရဲမေနာက္သို႔ ဆက္လိုက္ေနေၾကာင္း နားမလည္သည့္တိုင္ေအာင္  သည္လိုအရွိန္ႏႈန္းႏွင့္ဆိုလွ်င္ ကုဝူက်ိကိုယ္ေပၚတြင္ရွိေသာ ေခါင္းေဆာင္က ပါေနေသးသည့္အတြက္ ဘာကိုမွ ထိတ္လန႔္ရန္မလိုအပ္ေတာ့ဟု သူတို႔ထင္သည္။ ကုဝူက်ိ၏ေက်ာေပၚမွ တစ္စုံတစ္ရာထက္ပိုၿပီး ထိတ္လန႔္ရန္မရွိေတာ့ပါေပ။

အေကြ႕အေကာက္ အလွည့္အေျပာင္း ေျပးလႊားၿပီးေနာက္တြင္ သူတို႔အားလုံးက လွ်ို႔ဝွက္ေနရာတစ္ခုထံသို႔ ေရာက္သြားခဲ့၏။ အျဖဴေရာင္ဝတ္စုံႏွင့္ေကာင္မေလးက ေျခလွမ္းမ်ားကို ရပ္တန႔္လိုက္သည္။ သူမက ေခါင္းလွည့္ၿပီး ကုဝူက်ိကို ၾကည့္၏။ သူမက ကိုယ္ေပၚမွ အေပၚဝတ္ကုတ္ကိုဆုပ္ကိုင္ကာ အသနားခံေသာေလသံျဖင့္ေျပာသည္။

“ေက်းဇူးျပဳၿပီး ငါ ေတာင္းပန္ပါတယ္၊ နင္ တစ္ေယာက္ပဲ ငါတို႔ကိုလြတ္ေအာင္ လုပ္ေပးနိုင္မွာ”

ခ်န္းလင္၏မ်က္ႏွာတြင္ ေခြၽးေစးမ်ားက စို႐ႊဲေနေလၿပီ။ သူက ခပ္စူးစူးၾကည့္လိုက္၏။

ဒီသရဲမ ဘာေတြ သိထားတာလဲ။

အရင္ စကားေျပာခန္းက မွန္ကန္ေနခဲ့မယ္ဆိုလွ်င္ သူမ ေျပာခ်င္တာက ဘယ္ေလာက္လုပ္ဖို႔ခက္ခဲသလဲ ဘယ္သူသိနိုင္မွာလဲ။

ကုဝူက်ိက လူေကာင္းတစ္ေယာက္ဆိုလွ်င္ေတာင္မွ ဒီလိုေသျခင္းရွင္ျခင္းမ်ိဳးကို အျခားသူေတြအတြက္ေတာ့ ရင္းမွာမဟုတ္ဘူး။

“ငါ ေသခ်ာေပါက္ လုပ္ေပးမယ္”

ကုဝူက်ိက သည္ကိစၥကို စိုးရိမ္ရန္မလိုဘဲ ခ်က္ခ်င္းေျပာသည္။ တစ္ဖက္သူကိုၾကည့္ၿပီးေျပာလိုက္၏။

“ငါ့မွာ နဂိုကတည္းက ဒီလိုအႀကံရွိၿပီးသားပါ”

ေကာင္မေလး၏ ေက်းဇူးတင္သည့္အၾကည့္ကို ရၿပီးေနာက္တြင္ သူမက ကုဝူက်ိကို ၾကည့္ၿပီးေခါင္းၿငိမ့္ျပသည္။ ထို႔ေနာက္ အျခားတစ္ဖက္သို႔ေျပးသြား၏။ စိတ္သက္သာရာရဟန္လည္း ေပၚေနေသးသည္။ သို႔ေသာ္ ကုဝူက်ိ၏ ခံစားရေသာ ဖိအားက အလြန္ႀကီးသြားသည္။ 

“ေကာင္းၿပီ ေခါင္းေဆာင္ပုန္းေနတာက ဒီမွာပဲ၊ ငါတို႔အခု ေသခ်ာေပါက္ ဒါကို ေျဖရွင္းရေအာင္ မင္းတို႔ မစိုးရိမ္ပါနဲ႕ေတာ့”

ကုဝူက်ိက တံခါးရွိရာဘက္သို႔ ၾကည့္လိုက္သည္။ ခ်န္းလင္တို႔ကိုလည္းၾကည့္ကာ ႏွစ္သိမ့္ေပးလိုက္၏။

ကုဝူက်ိ၏ေႏြးေထြးေသာ လက္ဖဝါးက ခ်န္းလင္၏ပုခုံးေပၚသို႔ ေရာက္သြားေသာအခါ ခ်န္းလင္၏ႏွလုံးသားထဲမွ ေၾကာက္လန႔္မႈမ်ားက ေျပေလ်ာ့သြားသည္။ ကုဝူက်ိ လုပ္ေဆာင္သမွ်က က်ိဳးေၾကာင္းသင့္ေလ်ာ္ျခင္း မရွိသည္မ်ား ပါဝင္ေနသည့္တိုင္ေအာင္ သူ၏ႏွလုံးသားကမူ ရွင္းလင္းစြာျဖင့္ နားလည္ေန၏။ ကုဝူက်ိေပးေသာ ေႏြးေထြးေသာအၿပဳံးက လူတိုင္း၏ႏွလုံးသားကို ထိုးေဖာက္နိုင္စြမ္းရွိေနခဲ့ကာ အလိုလိုပင္ ယုံၾကည္မႈရွိလာေစသည္။

အေမွာင္ထဲမွာ ေလွ်ာက္သြားေနတဲ့ခရီးသြားေတြက ေနာက္ဆုံးေတာ့ အာသီတကို ရွာေတြ႕သြားသလိုမ်ိဳး၊ အလွတရားတစ္ခုကို ရွာေတြ႕သြားသလိုမ်ိဳး ….။

သည္အခ်ိန္တြင္ ကုဝူက်ိ၏ေက်ာေပၚမွ နတ္ဆိုးနတ္ဘုရားကပင္ ေၾကာက္လန႔္ဖြယ္ မေကာင္းေတာ့ဟု သူ ခံစားလိုက္ရသည္။

“ငါလည္း အဲ့ဒီလိုပဲေမွ်ာ္လင့္ပါတယ္”

သူ မေနနိုင္ဘဲ ကုဝူက်ိအနားသို႔ ကပ္သြားလိုက္၏။ သို႔ေသာ္ သူ ေျခတစ္လွမ္းခန႔္ လွမ္း႐ုံမွ်ျဖင့္ပင္ သိပ္မၾကာခင္က ခံစားရေသာပင္လယ္ျပင္ထဲမွ လာသည့္ အလြန္အမင္း ေၾကာက္မက္ဖြယ္ေကာင္းၿပီး ရန္စလိုေသာ ျပင္းထန္သည့္စြမ္းအားမ်ားက လွိုင္တက္လာသည္။

ဩစတင္၏ မ်က္လုံးမ်ားက ပြင့္လာေၾကာင့္ သူ ျမင္ေနရေသး၏။ ေသြးနီေရာင္သန္းေနေသာ ထိုမ်က္ဝန္းမွ ႏြယ္ပင္သေကၤတႀကီးက သူ႕ကို သတိေပးေနသည့္အလား ခံစားခ်က္မဲ့စြာစိုက္ၾကည့္လာသည္။

ခ်န္းလင္၏အသားေရာင္က ျဖဴေဖ်ာ့သြားျပန္သည္။ သူ ႏွာေခါင္းႏွင့္ပါးစပ္ကို အုပ္ထားၿပီး ခ်က္ခ်င္းအေနာက္ဆုတ္လိုက္၏။ သူ ကုဝူက်ိ၏အနားမွ ေျခငါးလွမ္းခန႔္ ဆုတ္လိုက္ၿပီးမွသာလွ်င္ ထိုဖိအားက ေပ်ာက္ကြယ္သြားေတာ့သည္။

ကုဝူက်ိက ေခါင္းလွည့္ၿပီး ၾကည့္လိုက္သည့္တိုင္ေအာင္ ဘာကိုမွ ျမင္နိုင္စြမ္းမရွိေပ။ ခ်န္းလင္က ၿပဳံးျပလိုက္သည္။ ကုဝူက်ိက ေျပာ၏။

“ေကာင္းၿပီ အေရးႀကီးဆုံးက ေခါင္းေဆာင္ကို အရင္ကိုင္တြယ္ဖို႔ပဲ”

သည္ေနရာက အနည္းငယ္ကြယ္ေနသည့္ အေနအထားတြင္ရွိေနသည့္ ဝန္ထမ္းတစ္ေယာက္၏ အခန္းျဖစ္ကာ က်န္ေသာအခန္းမ်ားႏွင့္ ထူးထူးျခားျခားကြာျခားခ်က္ မရွိေပ။ အျပင္ဘက္လမ္းေၾကာင္းက အလြန္ရႈပ္ေထြးကာ ေကာင္မေလးကသာ လမ္းမျပခဲ့လွ်င္ သူသည္ေနရာသို႔ ေရာက္လာလိမ့္မည္မဟုတ္ေပ။

ကုဝူက်ိက တံခါးကိုၾကည့္ၿပီးေနာက္ ေခါင္းေဆာင္က သူတို႔ ေရာက္လာနိုင္မည္မဟုတ္ဟု ယုံၾကည္မႈရွိေနကတည္းက တံခါးကို တိုက္ရိုက္ဖြင့္ၿပီး ျပႆနာကို ခက္ခက္ခဲခဲေျဖရွင္းရန္ လိုအပ္မည္ျဖစ္ေၾကာင္း နားလည္ေနခဲ့သည္။

လူတိုင္း ဝင္သြားလိုက္လွ်င္ ပိန္းပိတ္ေအာင္မဲေမွာင္ေနေသာ အခန္းအလယ္တြင္ ေခါင္းေဆာင္က အေရွ႕ရွိ ေမွာ္အခင္းအက်င္းကို စိုက္ၾကည့္ေနေၾကာင္း ျမင္လိုက္ရသည္။ သူတို႔ ဝင္လာျခင္းကို ျမင္ေနရသည့္တိုင္ေအာင္ ထိတ္လန႔္ဟန္လည္းမရွိဘဲ အထင္တေသးေျပာလာ၏။

“ငါ တကယ္ကို မေမွ်ာ္လင့္ထားမိဘူး၊ မင္းတို႔တကယ္ပဲ ဒီေနရာကို ေရာက္လာနိုင္တယ္၊ ဒါေပမယ့္ မင္းတို႔ေရာက္လာတာက ေနာက္က်သြားၿပီ၊ ေမွ်ာ္အခင္းအက်င္းက ေအာင္ျမင္သြားၿပီ”

“မေအာင္ျမင္ဘူး”

ကုဝူက်ိက ေျပာသည္။ တစ္စုံတစ္ရာ ေတြးေတာၿပီးေနာက္ သူက ထပ္ျဖည့္ေျပာ၏။

“ငါဆိုလိုတာက ခင္ဗ်ား ဆင့္ေခၚတာကို ေျပာတာပါ”

“မင္း ဘာကိုေျပာတာလဲ”

ေခါင္းေဆာင္က ကုဝူက်ိ၏စကားကို ၾကားေသာအခါ ဘာတုန႔္ျပန္မႈမွ မျပခဲ့ေပ။ သူ၏ေမွာ္အခင္းအက်င္းက ေအာင္ျမင္သြားသည္မွာ ေသခ်ာေနသည္။ သူက အထင္တေသးေျပာလိုက္၏။

“အပိုေတြ ေျပာမေနစမ္းပါနဲ႕၊ နတ္ဆိုးနတ္ဘုရား ထြက္ေပၚလာတာနဲ႕ မင္းတို႔ေတြ ေသဖို႔ပဲေစာင့္ေန …”

ခ်န္းလင္ႏွင့္က်န္းေကာတို႔အားလုံးက ေခါင္းေဆာင္ကို အ႐ူးတစ္ေယာက္လို ၾကည့္လိုက္ၾကသည္။

Continue Reading

You'll Also Like

574K 106K 131
Name 我在现代做厨子[美食] Wǒ zài xiàndài zuò cr húzi [měishí] Author(s) 桃子苏 (Táozi sū) Translator(s) Exiled Rebels Scanlations Chapter 125chapters(118chapter...
133K 23.2K 108
နဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသ...
80.9K 12.6K 100
Traslation all credit to Original Author and E Translator horror type uodate -mon.wed and Friday
257K 47K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.