Heartless December❄️ ZG versi...

Galing kay Novella_1001

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... Higit pa

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၂၉ : stalker ကျွန်တော်

13 2 0
Galing kay Novella_1001

❄️❄️❄️

အစ်ကိုတော်မန္တလေးမှာမရှိတာက သူ့ကြွက်သိုက်ကို ဝင်ရှင်းမပေးရ၊ ပါးစပ်ပေါက်အရောက် စားတော်မဆက်ရလို့ တစ်ချက်ကောင်းပေမယ့် ဘာတဲ့ဆိုသတင်းနှိုက်လို့ရမယ့် searching machine ကြီး service ပျောက်နေသလိုလိုပဲ လို့တွေးလိုက်တော့ တစ်ချက်မကောင်းပြန်ဘူး။

'မိန်းမဟူဘိ၊ ထိုဣထိကား၊
မရှိမကောင်း၊ ရှိမကောင်း။' လို့ပြောရအောင်လည်း ဟိုကအထီးကြီးဆိုတော့...။

"ဟယ်လို... အစ်ကို အားလား... နည်းနည်းပါးပါး မိနစ်၅၀လောက် ဖုန်းပြောချင်လို့..."

အဲ့သလိုပဲ ဘေလ်အကုန်ခံပြီး ဖုန်းဆက်လို့တစ်မျိုး၊ ကြုံရင်ကြုံသလို  messenger call ကတစ်ဖုံ၊ Chat ရင်းတစ်လီနဲ့ အောင်သွယ်တော် ဖိုးလမင်းဆီ... မဟုတ်ဘူး... လပေါ်ကတွင်းထဲမှာ အိပ်ပျော်နေတဲ့ ကြွက်မင်းသားဆီ ဆက်သွယ်ပြီး ကျွန်တော့်ရဲ့ ကိုကိုအဘိဓာန်ပြုစုရေးမှာ လိုအပ်တာတွေ ပြင်ဆင်ဖြည့်စွက်နေရတာပေါ့။ 

"ဝှါး... call center မှာ အလုပ်ဝင်ထားတာလားဟ...
ဖုန်းလာလို့မကြည့်လိုက်နဲ့ မင်းချည်းပဲ... ငါ့သူငယ်ချင်းတွေတောင် အဲ့လောက်မဆက်ဘူး"

ဘယ်သူငယ်ချင်းက အားအားယားယား သူ့ဆီဆက်မလဲ။
သူတို့ရည်းစားမှမဟုတ်တာ။

"ဖုန်းခေါ်ရင် တစ်ခါနဲ့တန်းကိုင်စမ်းပါဗျာ... အစ်ကိုဖုန်းကိုင်တာစောင့်ရတာ ပဲကြီးဟင်းတစ်အိုးချက်လောက် ကြာတယ်"

"ဝှါး... အဲ့လောက်တောင် မစောင့်နိုင်မပြုနိုင် ငါ့အသံကို ကြားချင်နေတယ်ပေါ့... ငခန့်ရာ မင်းငါ့ကို ဒီလောက်ချစ်မှန်း အခုမှသိရတော့တယ်"

"ဝေါ့..."

"အစာမကြေဘူးလား... အဲ့ဒါကြောင့် ထမင်းစားရင်မြန်မြန်မစားနဲ့လို့ ပြောတာ..."

"အခွက်ပြောင်မနေနဲ့..."

"လင်းတလေး... အစ်ကိုကို အဲ့လိုပဲပြောရလား..."

ဘယ်တော့မှအကြောမတည့်တဲ့ တစ်ဝမ်းကွဲအစ်ကိုက
ကိုယ့် crush ရဲ့ အရင်းနှီးဆုံး၊ အကြောင်းအသိဆုံးသူငယ်ချင်း ဖြစ်နေတာကလည်း သူ့ကိုသည်းခံလို့ ချော့ပြီးအစ်အောက်နေရတာနဲ့တင် 'မချစ်သော်လည်း အောင့်ကာနမ်း' ဆိုတာလို တကယ်မသက်သာချက်ပဲ။

အစ်ကိုတွေဆိုတာက တစ်ဝမ်းတည်းကထွက်ထွက်မထွက်ထွက် တစ်နည်းမဟုတ်တစ်နည်းတော့ အမြင်ကပ်စရာပုဒ်မကိုယ်စီနဲ့ရယ်။ စစ်မင်းသက် အမြဲထအော်နေတဲ့ 'အစ်ကိုစတိုင်လ်လာမဖမ်းစမ်းနဲ့ကွာ၊ ရွံစရာကြီး...' ဆိုတာက သူပြောဖူးသမျှထဲမှာ credit ပေးပြီးပြန်အသုံးချင်ဆုံးစကားပဲ။

ဒီရက်ပိုင်းမှာ ကျွန်တော်နေ့ခင်းဘက် ကိုကို့ဆီသွားရင် တိုက်ခန်းက တံခါးပိတ်ထားတာနဲ့ချည်းတွေ့နေပြီး ဖုန်းခေါ်ကြည့်တော့လည်း အားတိုင်းယားတိုင်း အကြောင်းအရင်းမရှိလှမ်းဆက်တာများလွန်းလို့ ကျွန်တော့်အဝင်ကောလ်တွေက spam list ထဲဝင်ခါနီးဖြစ်နေပုံရရဲ့။ ကိုကိုက တော်ရုံနဲ့အဖက်မလုပ်။

တစ်ရက်ကတော့ ညနေပိုင်းထိ စောင့်ကြည့်လိုက်တာ
၆နာရီ... ၆နာရီခွဲပတ်ဝန်းကျင်မှ ကိုကိုပြန်လာတယ်။ 'တစ်နေကုန် ဘယ်သွားနေတာလဲ' ဘာညာလုပ်ကြည့်တော့ 'ငါ့ဟာငါဘယ်သွားသွားပေါ့၊ အလုပ်ရှိလို့...' တဲ့။

ဟိုလူအာကာဝေယံက ကိုကို့နား ဂျက်လေယာဉ်လို တဝဲဝဲလုပ်နေနိုင်ပြီး ဘယ်တော့မပြောမဆို ပြန်ပေးဆွဲသွားအုံးမလဲမသိတာကြောင့် စိတ်မချနိုင်လွန်းလို့ ကိုကိုသွားတဲ့နောက် မျက်စိဒေါက်ထောက်လိုက်ကြည့်ချင်ပေမယ့် stalker လုပ်ဖို့ကျတော့လည်း ပစ်မှတ်က ပါဝါပြင်းတဲ့မျက်မှန်ရှင်ဖြစ်တဲ့အပြင် လက်ဆလည်းပြင်းတဲ့သူဆိုတော့ နည်းနည်းရှော့ရှိတယ်။ အဲ့ဒီတော့ ကိုကိုဘယ်လဲညာလဲတီးခေါက်မိဖို့ တစ်ခုတည်းသောနည်းက အတွင်းသိဘရားသားဆီ ဖုန်းဆက်မေးကြည့်တာပဲရှိတော့တာပေါ့။

"အချိန်ပိုင်းအလုပ်လား..."

"အင်း... အယ်လ်ခွန်းက နွေပိတ်ရက်ဆို အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ပိုက်ဆံစုတာ... စီးပွားရေးအတော်အတန်ပြေပုံရတဲ့ သူ့ဦးလေးက အားလုံးထောက်ပံ့ပါ့မယ်ပြောတာတောင် ကိုယ့်ဒူးကိုယ်ချွန်ဝါဒသမားလေးက လက်မခံဘူးလေ..."

"ဪ..."

အစ်ကို့ဆီက ကျွန်တော်ကြားဖူးသလောက်... ကိုကို့ရဲ့ဦးလေးဆိုသူက သူငယ်ရွယ်စဉ်ကတည်းက နိုင်ငံရေးအခြေအနေတစ်ခုကြောင့် တစ်ပြည်တစ်ရွာဆီ လွင့်သွားခဲ့တယ်။ အဲ့သလိုနဲ့ သားပိုက်ကောင်မြေမှာ တစ်ရွာတစ်ကျီဆောက်ရင်း ဆယ်စုနှစ်တစ်ခုကြာတော့ ကုမ္ပဏီအလတ်စားတစ်ခုပိုင်တဲ့အထိ စီးပွားမြောက်လာခဲ့တယ်ပေါ့။ အစ်ကိုတစ်ဝမ်းကွဲဖြစ်တဲ့ ကိုကို့အဖေရှိစဉ်က သူ့အပေါ်အတော်လေး ကျေးဇူးရှိခဲ့တယ်လို့ သိရတယ်။ ကိုကို့အဖေဆုံးပြီးနောက်ပိုင်း သုံးလေးနှစ်အကြာမှာ မထင်မှတ်ဘဲ အဆက်အသွယ်ပြန်ရတော့ အမေတစ်ခုသားတစ်ခုပဲရှိတော့တဲ့ ကိုကိုတို့သားအမိကို ကြုံရင်ကြုံသလို ငွေကြေးပြန်ကူညီပေးခဲ့တယ်တဲ့။

နောက် ကိုကို့အမေပါဆုံးပါးသွားတော့ မြန်မာပြည်ကိုပြန်လာပြီး ဆယ်တန်းဖြေပြီးကာစကိုကို့ကို လာတွေ့ရင်း ဩစတြေးလျကိုလိုက်ခဲ့ပါ၊သူမွေးစားပါ့မယ် လို့ဆိုလာသတဲ့။ ဒါပေမယ့် ကိုကိုက ငြင်းခဲ့တယ်။ ဒါဆိုရင် နိုင်ငံခြားမှာကျောင်းသွားတက်ဖို့ကူညီမယ် လို့ပြောပြန်တယ်။ ပထမကမ်းလှမ်းချက်ထက်စာရင် စိတ်ဝင်စားမှုပိုရခဲ့ပေမယ့်  စေတနာကိုပဲလက်ခံပါရစေ ဆိုတဲ့စကားပဲ ကြားခဲ့ရပြန်ရော။ တကူးတကမြန်မာပြည်ပြန်ချလာရင်း သူကူညီပေးခဲ့နိုင်တာက ကိုကို့ဆုံးဖြတ်ချက်အတိုင်း အိမ်ရောင်းတဲ့ကိစ္စဝင်ကိုင်တွယ်ပေးတာရယ်၊ မန္တလေးမှာအခြေချဖို့ လိုအပ်တာတွေ လိုက်ကြည့်ပေးတာရယ်၊ အမေတစ်ခု သားတစ်ခုနေလာရာက မိခင်ကို ပူပူနွေးနွေးဆုံးရှုံးလိုက်ရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် မွေးရပ်မြေကနေထွက်လာပြီး လူ့အသိုင်းအဝိုင်းထဲ ရပ်တည်ဖို့ရာအတွက် အလုပ်လုပ်ရင်း ဘဝကိုတစ်ယောက်တည်း စဖြတ်သန်းတော့မှာကို သူတတ်နိုင်သလောက် စိတ်အားပေးတာရယ်ပဲ။ နောက်တော့ 'ကျောင်းစရိတ်အတွက် လှမ်းထောက်ပံ့ပေးတာကိုတော့ လက်ခံပါ ကျေးဇူးရှင်လေးရယ်' လို့ ခေါင်းမာတဲ့အဲ့ကောင်လေးကို တောင်းတောင်းပန်ပန် ပြောခဲ့ပုံပဲ။ 'အများကြီးမဟုတ်ရင် လက်ခံပါ့မယ်' ဆိုတာမျိုး ဖြစ်ပုံရတဲ့အဖြေကိုယူလို့ နောက်ဆုံးမှာဟင်းချပြီး အိမ်ပြန်သွားနိုင်ခဲ့တယ်။ အဲ့အချိန်ကစပြီး ကိုကို့ဆီကို ၄လတစ်ခါ ပိုက်ဆံပို့ပေးနေခဲ့တာ အခုထိပဲ ဆိုပါတော့...။

"ဒါဆို... ကိုကိုက ဘယ်နေရာတွေမှာ အလုပ်လုပ်တာလဲ...
ဘယ်အချိန်ကနေ ဘယ်အချိန်တွေလဲ..."

"ဟ... ငါ့ကို သဗ္ဗညုတဉာဏ်ရထားတယ်များမှတ်နေလား...
သူအဆင်ပြေရာမှာ လုပ်မှာပေါ့ကွ... အဲ့လောက်ထိဘယ်သိမလဲ လခွမ်း..."

အမှုစစ်လေသံစပေါက်လာတဲ့ ကျွန်တော့်ကို အမြင်ကပ်ရလို့ နည်းနည်းအိပ်ချင်ပြေသွားပုံရတဲ့ အကိုတော်က ပိတ်ဟောက်ရင်း အဆဲအဆိုလေးတွေနဲ့ မေတ္တာပက်ဖြန်းပေးလေရဲ့။

"နည်းနည်းပါးပါး အဲ့ကနေအဆက်အသွယ်လှမ်းလုပ်ရင်း
ဟိုပြောဒီပြောပြောရင်း အစ်ပေါ့ဗျာ..."

"ဪ အေးအေး... ငါက သူ့ကို... 'အယ်လ်ခွန်းရေ... ငါမင်းကိုသတိရလို့ ဖုန်းဆက်လိုက်တာကွာ... ဒါနဲ့စကားမစပ် မင်းအခု ဘယ်နေရာမှာ အချိန်ပိုင်းလုပ်နေလဲဟင်...' လို့သွားမေးရင် ဟိုကပြောပြမယ်ထင်လို့လား... 'ဘာလုပ်မလို့လဲ၊ ဘာတွေလာမေးနေတာလဲ' ဆိုပြီး အထူးအဆန်းလို ပြန်မေးမယ့်ကောင်ကို... ပြီးရင် 'ဆောရီး၊ ငါမအားလို့ ဒါပဲ' ဆိုပြီး ဖုန်းချသွားလိမ့်မယ်"

ဟုတ်တော့ဟုတ်တယ်။ ကိုကို့ရဲ့ အာလာပသလာပ စွမ်းရည်ကိုလည်း သိသားနဲ့။ ဟိုရောက်ဒီရောက် လျှောက်ပြောတဲ့ စကားဝိုင်းတွေကြောင့်
လေကုန်ရမှာကို အလွန်စိုးတဲ့သူ။

"အာ့ဆို... ကျွန်တော်က stalker လုပ်ရတော့မှာပေါ့...
သေချာပေါက်မိမယ့်ဟာကြီးကို..."

"ပေါ်တင်လိုက်သွားရင်ရော..."

"စိတ်အနှောင့်အယှက်ဖြစ်မှုနဲ့ နဖူးစုတ်လိမ့်မယ်"

"ဝှါး... မသိဘူးကွာ... မနေ့ညက ဇာတ်ကားကြည့်တာမိုးလင်းသွားလို့ ပြန်အိပ်ချင်နေပြီ... "

"ဟွန်း... အစ်ကိုပဲကောင်းတယ် တစ်ချိန်လုံးသေနေတာပဲ"

"သေလက်စကနေ မင်းဖုန်းခေါ်လို့ ထဖြေပေးနေရတာကွ၊ အေး... အခုဆက်သေတော့မှာမို့လို့ ဒါပဲ"

ဘုနဲ့ဘောက်နဲ့ပြောခံလိုက်ရပြီးနောက်တော့ ဖုန်းချသံကတီခနဲ။ ဪ... ကာလနဂါးနဲ့ အလောင်းအစားလုပ်ထားတဲ့ ဒီကြွက်အစ်ကိုနဲ့တော့...။

ကိုကိုနဲ့သူ ဘယ်လိုများ သူငယ်ချင်းဖြစ်လာလဲမသိ။
တကယ့်ကို ပုရွက်ဆိတ်နဲ့နှံကောင်လိုပဲ။ တစ်ယောက်က တစ်ချိန်လုံး တကုပ်ကုပ်နဲ့ စာလုပ်ရင်လုပ်၊ စာမလုပ်ရင် အလုပ်လုပ်နေတယ်။ နောက်တစ်ယောက်က တစ်ချိန်လုံး ကြိုးစားပမ်းစား အိပ်နေတယ်။ အင်း... ဒီနှံကောင်က အိမ်တွင်းပုန်းနှံကောင်မို့ ကစားပျော်ပါးပြီး အချိန်ဖြုန်းတာမဟုတ်ဘူး အိပ်ပြီးအချိန်ဖြုန်းတာ။

အတွေးနဲ့ခေါင်းယမ်းနေမိတုန်း message ဝင်သံကြားတာနဲ့ ဖွင့်ကြည့်လိုက်မိတော့ စစ်မင်းထက်ဆီက...။

'လင်းခန့်... ငါတို့ဘာတွေ့ထားလဲကြည့်စမ်း...'

ခါတိုင်းလိုသူအသစ်ဝယ်ထားတဲ့ဂိမ်းခွေကို ဓာတ်ပုံရိုက်လှမ်းပို့ပြီး ဂိမ်းဆော့ဖို့အဖော်စပ်တာနေမှာပါလို့ ထင်မိပေမယ့် စာနဲ့တွဲပို့ထားတဲ့ပုံကို အမြင်မှာ မျက်ဝန်းအိမ်တွေကျယ်သထက်ကျယ်သွားမိရဲ့။

Zoom ချဲ့ကြည့်လိုက်တော့ ရှပ်အင်္ကျီဖြူလေးကို တံတောင်ဆစ်နားထိ လက်ခေါက်တင်ထားပြီး ဘာဂါတွေကို လင်ဗန်းပေါ်တင်ပေးနေတဲ့ ပုံရိပ်ကလေးက ကိုကိုမှကိုကိုအစစ်။

"ဟေ့ရောင်... အဲ့ဒါဘယ်ဆိုင်မှာလဲ!! "

ချက်ချင်းပဲဖုန်းပြန်ခေါ်ရင်း ဖုန်းဝင်ဝင်ချင်းမှာ ထအော်လိုက်တဲ့အသံက အတော်ကျယ်သွားပုံပဲ ဘေးနားမှာလိမ္မော်သီးစားရင်း ကာတွန်းကားကြည့်နေတဲ့ အငယ်မတောင် လက်ထဲကလိမ္မော်သီးစိတ် ပြုတ်ကျသွားတယ်။

* * *

အဲ့ဒီနေရာမှာ စစ်မင်းထက်ရှိနေတယ်ဆိုကတည်းက စစ်မင်းသက်လည်းရှိနေမှာပဲ။ ကျွန်တော်တောင်အခုမှ ကိုကို့တည်နေရာကို အာရုံခံတုန်းဟာကို အဲ့ဒီနှစ်ယောက်က ကိုကို့ကိုအရင် ရှာတွေ့သွားရတယ်လို့...။

ဘာပြောကောင်းမလဲ... လျှာထိုးဦးထုပ်တစ်လုံးကောက်စွပ်ပြီး
ပြိုင်ပွဲဝင်အဆင့်လောက်ထိလေ့ကျင့်ထားတဲ့ စက်ဘီးစီးစွမ်းရည်တွေကိုအကုန်ထုတ်လို့ ဖုန်းထဲကပုံမှာပါတဲ့ဘာဂါဆိုင်ကို အရောက်သုတ်ခဲ့ရတာပဲ။ ဆိုင်ထဲရောက်တော့ ဟိုအမွှာနှစ်ကောင်ထိုင်နေတဲ့ ဝိုင်းထဲဝင်ထိုင်၊ ဖုန်းကိုတောင်း၊ ခုဏကကိုကို့ပုံကိုဖျက်၊ ကျွန်တော့်ဆီလှမ်းပို့ထားတဲ့ record ကိုပါဖျက်၊ တစ်ခြားရိုက်ထားတဲ့ပုံရှိမရှိစစ်ပြီးမှပဲ ဟင်းချနိုင်တော့တယ်။

"ဘယ်မလဲ ကိုကိုက..."

ဘာဂါကိုက်ရက်ဖြစ်နေတဲ့ နှစ်ယောက်သား ပြိုင်တူညွှန်ပြလိုက်တဲ့ဘက်ကို အကြည့်ပို့လိုက်တော့ ဆုံချက်ထဲကိုဝင်လာတာက ဆိုင်ထောင့်နားက kitchen မှာ အလုပ်များနေတဲ့ အဲ့ဒီလူသား။ မှန်ပါးလေးနှစ်ချပ်နောက်က မျက်နက်ဝန်းလေးတွေက စာကြည့်နေတဲ့ပုံစံလိုပဲ တည်တည်ငြိမ်ငြိမ် စူးစူးစိုက်စိုက်ရှိနေလို့ ပေါင်မုန့်လုံးတွေကို ဓားလေးနဲ့သေသေသပ်သပ်မြန်မြန်ဆန်ဆန်ခွဲပြီး ပန်းကန်တွေပေါ်မှာ စီလိုက်ရင်း၊ စိမ်းလဲ့နေတဲ့ဆလပ်ရွက်တွေနဲ့ ရဲစိုနေတဲ့ခရမ်းချဉ်သီးတွေကို နေရာချ၊ ချိစ်နဲ့ ကျက်ပြီးသားအသားပြားတွေကို ထပ်တင်ရင်း နားထင်တစ်ဝိုက်က ချွေးသီးလေးတွေကို လက်ခုံနဲ့ဖိကပ်ပြီးသုတ်လိုက်တဲ့ ပုံစံလေး။

"ဟဲ့ဟဲ့... ဘာဂါလေးတွေက ချောလိုက်တာနော်..."

"အင်းဆို... မျက်စိကျန်းမာရေးအတွက် နေ့တိုင်းဒီမှာ ဘာဂါလာစားတော့မယ်... ဟိဟိ..."

ကျွန်တော်မျက်တောင်ခတ်ဖို့မေ့နေမိတဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ
ဆိုင်ထဲကအစ်မ၊ နှမတစ်ချို့ရဲ့ တီးတိုးပြောသံတွေ ဟိုတစ်စဒီတစ်စ ထွက်လာရဲ့။

"တစ်ဆိတ်လောက်... ဟိုညီလေးကိုလေ ဒါလေးသွားပေးပေးလို့ရမလား... 'ပြန်မပေးပါနဲ့' လို့လည်း ပြောပေးပါအုံး"

အသံကြားရာလိုက်လှည့်ကြည့်ရင်း ကျွန်တော်ခေါင်း ၁၈၀ဒီဂရီလည်နေတုန်းမှာပဲ ခပ်လှမ်းလှမ်းစားပွဲက ဩရှရှ ယောက်ျားလေးသံတစ်သံကိုပါ ကြားလိုက်ရတယ်။ ဥပဓိရုပ်ကောင်းကောင်းနဲ့ အသက် ၂၇ ၂၈ ဝန်းကျင်လူတစ်ယောက် ကျွန်တော့်ထက်ငယ်ပုံရတဲ့ စားပွဲထိုးကောင်မလေးလက်ထဲကို ထည့်ပေးနေတာက အဝါရောင်တဘက်လက်ကိုင်ပဝါလေး။

ဟေ့... ဟေ့... နေပါအုံး bro။ အဲ့လိုလုပ်လို့မရဘူးလေ။
နောက်ပြီး ဒီလိုချဉ်းကပ်နည်းမျိုးက ၂၀ရာစုမှာကျန်ခဲ့ပြီနော်။

မျက်ခုံးတစ်ဖက်တွန့်ရင်း စိတ်ထဲကနေတစ်ဖက်လူကို အော်ပြောနေမိပေမယ့် သူ့လက်ကိုင်ပဝါက ကြားခံလူကနေတစ်ဆင့် ကိုကို့ဆီကို ခရီးသွားနေပြီမို့ ရွေးချယ်စရာမရှိတော့ဘဲ နေရာကထလို့ အလင်းလိုအရှိန်နဲ့ ကိုကို့နားအရောက်သွားလိုက်ပြီး နေမလှောင်အောင် ကောက်ဝတ်လာတဲ့ အပေါ်ဝတ်အင်္ကျီလက်စလေးကိုဆွဲယူလို့ ချွေးစို့နေတဲ့ကိုကို့မျက်နှာကို အသာလေးဖိသုတ်ပေးလိုက်မိတယ်။

အဲ့ဒီရဲ့အကျိုးဆက်က ဘယ်လိုပြောရမလဲ...။ ဆလိုက်မီးအောက်က အော်ပရာမင်းသားဆီ စင်အောက်ကပရိသတ်တစ်ယောက် ပြေးဝင်သွားသလိုမျိုး ကိုယ်ပါရောယောင်ပြီး တစ်ရုံလုံးရဲ့မျက်လုံးတွေအောက်ကို ရောက်သွားတဲ့ခံစားချက်။

တစ်ဖက်မှာလည်း ရုတ်တရက်ဆန်တဲ့ထိတွေ့မှုကြောင့် ချက်ချင်းဆိုသလို ငဲ့စောင်းလာတဲ့ ကိုကို့အကြည့်တွေက ကျွန်တော့်အပေါ် ကျလာခဲ့တော့ မတတ်နိုင်ဘဲ သွားလေးတစ်ခြမ်းဖြဲပြလိုက်ရတယ်။

"Hi ကိုကို..."

"..."

"အဟဲ... ရာသီဥတုက တဖြည်းဖြည်းပူလာလိုက်တာနော်... ကိုကိုချွေးတွေပြန်နေတယ်"

ကျွန်တော့်လက်ကို သူ့မျက်နှာပေါ်ကနှင်ချလိုက်ရင်း
မျက်မှောင်လေးကုတ်လို့ ပြန်ကြည့်လေရဲ့။

"ဟိုဟာလေ... ကျွန်တော်သူငယ်ချင်းတွေနဲ့ မုန့်လာစားတာ..."

ပုံတူထုထားတဲ့ ကျောက်ဆစ်ရုပ်တွေလို မတုန်မလှုပ်ကြည့်နေကြတဲ့ ဟိုအမွှာကို လက်ညိုးထိုးပြပြီး သူရှိတဲ့နေရာကိုရောက်နေရတဲ့ကိစ္စ အကြောင်းရင်းပြလိုက်မိတော့ ကိုကိုက လုပ်စရာရှိတာဆက်လုပ်ရင်း ဒီလိုပြောတယ်။

"ငါမမေးပါဘူး"

"ဟီး... သိချင်မလားလို့..."

"ဖယ်... ဒီနေရာက ဆိုင်ဝန်ထမ်းတွေပဲ ဝင်လို့ရတာ..."

"အဲ... ဆောရီး၊ ဆောရီး..."

နောက်တစ်မိနစ်မှာတော့ ဆိုင်မန်နေဂျာဖြစ်ပုံရတဲ့ ပုလင်းဖင်မျက်မှန်နဲ့အမျိုးသမီးကြီးရဲ့ မျက်နှာရိပ်ကို လှမ်းအကဲခတ်မိလို့ kitchen အပြင် ပြန်ထွက်လာခဲ့ရတယ်ပေါ့။

တစ်ဖြည်းဖြည်း အကြည့်တွေပြန်ခွာယူသွားကြတဲ့ ဆိုင်ထဲကပရိသတ်ကြီးကတော့ ကျွန်တော့်ကို ဘယ်လိုများ အထင်လွဲကြမလဲမသိ။ ဒါပေမယ့်... အပြုသဘောဆောင်သော အထင်လွဲခြင်းအားလုံးကို ကျွန်တော်ကတော့ လက်ခံပါတယ်။ လူကြီးမင်းတို့ အဆုံးစွန်ထိ အထင်လွဲလိုက်ကြရင် ပိုလို့ကျေနပ်မိမှာပါ။ ဥပမာ... 'မတော်တဆ စင်ပေါ်ရောက်လာတဲ့ ကံကောင်းတဲ့ပရိသတ်လေး မဟုတ်ဘဲ ဆလိုက်မီးအောက်ကမင်းသားလေးရဲ့ ဘာလိုလိုညာလိုလိုလေးများလား...' ဆိုတာတို့ဘာတို့ပေါ့။ အဟားဟား...။

"ဟို... ဟိုထောင့်နားကစားပွဲက customer က အစ်ကို့ကို ဒါလေးပေးခိုင်းလိုက်တာ၊ ပြန်မပေးပါနဲ့တဲ့..."

ဘေးနာကကြားလိုက်ရတဲ့ အသံတစ်သံ။
သူအာရုံနဲ့သူပြန်ဖြစ်သွားကြသူတွေနည်းတူ သတိဝင်လာပုံရတဲ့ ဟိုဆိုင်ဝန်ထမ်းညီမလေးက သူ့တာဝန်ကို မမေ့မလျော့လာထမ်းဆောင်သကိုး။ အဲတော့ ကျွန်တော်လည်း ရူးချင်ယောင်ဆောင်ရတော့တာပေါ့။

"ဪ... အစ်ကို့ကို ပေးတာလား...
ယူလိုက်မယ်နော်"

"ရှင်... အဲ... မဟုတ်..."

ကိုကိုက မထူးလည်း သူစိမ်းပေးတဲ့ဟာကို ယူမှာမဟုတ်တဲ့အတွက် တစ်ဖက်လူရဲ့စေတနာတွေ အလကားမဖြစ်အောင် အနီးအနားမှာရှိပြီး လက်အားနေတဲ့ ကျွန်တော်ပဲလက်ကိုင်ပဝါလေးကို လှမ်းယူလိုက်တယ်။ ကျွန်တော် လူလည်ကျတာ မဟုတ်ရပါဘူး။ နာမည်မှတပ်မခေါ်တဲ့ဟာ ဘယ်အစ်ကိုကိုပြောတာလဲ မကွဲပြားဘူးလေနော်။

" 'ကောင်းကောင်းသုံးပါ့မယ်.. ကျေးဇူးပါ' လို့ ပြန်ပြောပေးလိုက်ပါနော"

"အဲ... ဟိုဟာလေ... အဲ့... အဲ့ဒါက..."

"ဟင်... ဘာလဲ..."

"ဟို..."

ကောင်မလေးက ကို့ကို့ကိုလက်ညိုးလေးထိုးပြီး ကျော်ကြည့်တော့ ရှေ့ကခေါင်းကာပြီးပြုံးပြရင်း မေးလိုက်တယ်။ ခမျာမှာ ခေါင်းတကုပ်ကုပ်နဲ့ တစ်ဟိုဟိုတစ်ဒီဒီဖြစ်နေရာက တစ်နေရာကနေ order bell သံကြားမှပဲ ခန္ဓာကိုယ်အကျင့်အရ လှစ်ခနဲလှည့်ထွက်သွားတော့တာပဲ။

ကိုကိုကတော့ သူ့ဘေးမှာဘာတွေဖြစ်နေလဲ အာရုံမလာတဲ့ပုံစံနဲ့ ခရမ်းချဉ်သီးတွေကိုသာ အလွှာလိုက်လှီးလို့...။

လက်ထဲကလက်ကိုင်ပဝါလေးကို ငုံ့ကြည့်မိလိုက်တော့ သုံးချင်စရာလေးမို့ ချက်ချင်းအသုံးချပေးလိုက်မိပါရဲ့။

အဲ့ဒီတစ်ခဏချင်းအတွင်းမှာ ဟိုစေတနာရှင်အစ်ကိုကြီးရဲ့မျက်နှာဟာ မဲညိုသွားတာပဲ။ အိုဗျာ...။ ကျွန်တော်က သူ့လက်ကိုင်ပဝါအသစ်စက်စက်လေးကို နှပ်ညစ်လိုက်မိရုံလေးပါ။ ကျေးဇူးတင်တဲ့အနေနဲ့ ခေါင်းလေးငြိမ့်ပြီးတောင် ပြုံးပြလိုက်သေးတယ်။

"ဘာမှာမလို့လဲ..."

သဘောတကျ နှုတ်ခမ်းထောင့်ကလေးတစ်ဖက်ကွေးနေမိတုန်း...
နားထဲတိုးဝင်လာတဲ့ မဝဲတဝဲအသံလေးကြောင့် ခေါင်းကိုပြန်လှည့်လိုက်ရတယ်။ ကျွန်တော်က ဘာမှလည်းမမှာဘဲ kitchen နားလာရပ်နေတာကိုး။

"အာ... ဟုတ်သားပဲ၊ ကျွန်တော့်ကို ဘာဂါတစ်လုံးလောက်... အချစ်များများထည့်ပေး..."

"..."

ပြုံးဖြဲဖြဲနဲ့ အဲ့သလိုပြောလိုက်တာ...
ကျွန်တော့်လက်ထဲကို အဆင်သင့်ပြင်ဆင်ပြီးသား ဘာဂါတစ်လုံးထည့်ထားတဲ့ဗန်းနဲ့အတူ အပြည့်ပါတဲ့ ဆော့စ်အချဉ်ဘူးတစ်ဘူးပါ ရောက်လာတာပဲ။

တော်ပါပေတယ် ကိုကို...။
စကားနှစ်လုံး အသံထွက်ခပ်ဆင်ဆင်တူနေတာကို အေးအေးဆေးဆေး အသုံးချသွားတယ်နော်။ ခင်ဗျားကတော့ ခင်ဗျားပါပဲ။

ပွဲကြည့်ပရိသတ်လုပ်နေတဲ့ ဟိုနှစ်ကောင်ရှိတဲ့စားပွဲပေါ် ဗန်းလေးချလို့ ထိုင်လိုက်ပြီး လက်ထဲက အချဉ်များများပါတဲ့အချဉ်ဘူးကိုကြည့်ရင်း နှာခေါင်းရှုံ့လို့ လေမှုတ်ထုတ်လိုက်မိတယ်။

"ဟွန့်..."

"ဘယ်လိုလဲ ငါ့ကောင်... မင်းကိုကိုက 'ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်' တင်မဟုတ်ဘဲ... 'လူမျိုး၊ဘာသာ၊ ကျား၊ မ မရွေးသုံးဆောင်နိုင်သည်'  ဖြစ်နေတာကို..."

"ကိုကိုက မုန့်မဟုတ်ဘူးကွ..."

"အေးပါ... ငါလည်း မုန့်အကြောင်းပြောနေတာ မဟုတ်ပါဘူး... မင်းချိန်နေတဲ့သူကို ခွဲခြမ်းစိတ်ဖြာပြတာပါ"

'ခွဲခြမ်းစိတ်ဖြာတယ်' ဆိုတဲ့စကားလုံး စစ်မင်းထက်ပါးစပ်ကနေ ထွက်လာတာလောက် မဆီမဆိုင်တာမရှိဘူး။ သူရဲ့ ခွဲခြမ်းစိတ်ဖြာတယ်ဆိုတာက ကလေးတစ်ယောက် သူစားမယ့်အချိုမုန့်မှာ သကြားဘယ်နှစ်ဖတ်ပါလဲ လှည့်ပတ်ကြည့်တဲ့အဆင့်မျိုး။

"တုံးခုလို့မှလှမ်းရပါ့မလား လင်းခန့်ရာ... ပြဿနာက တုံးမဟုတ်ဘဲ လှမ်းတဲ့သူတွေ အရမ်းများနေတာလေ... ဆယ်စုနှစ်တစ်ခုနီးပါးရှိတော့မယ့် အတွေ့အကြုံအရပြောရရင် တိုးရင်းတိုက်ရင်းနဲ့ ကျိုးမယ့်ကန်းမယ့်အလားအလာတွေရှိတယ်"

တစ်ရှူးနှစ်ရွက်လောက်ဆွဲယူပြီး လက်နဲ့ပါးစပ်ကို သန့်ရှင်းလိုက်တဲ့ စစ်မင်းသက်က ပါမောက္ခစတိုင်လ်နဲ့ လက်ချာဝင်ချတော့ သူ့ဘေးမှာထိုင်နေတဲ့ သူနဲ့မျက်ခွက်ဆင်တူအကောင်က သူ့ကိုလှမ်းပြီး ပခုံးဖက်ရင်း ပြောပြန်တယ်။

"ငါတို့ကတော့ အထိအခိုက်မရှိအောင် အမြော်အမြင်ရှိရှိ ရှောင်တတ်တိမ်းတတ်ပါတယ်... မနူးမနပ်နဲ့ အတွေ့အကြုံမရှိတဲ့ တစ်ယောက်ယောက်သာ သတိထားရမှာ..."

အဟက်...။ 'အထိအခိုက်မရှိအောင် အမြော်အမြင်ရှိရှိ ရှောင်တတ်တိမ်းတတ်တယ်' ဆိုလို့များ ပြိုင်ဘက်မှန်သမျှနဲ့ တစ်ယောက်ချင်း စီးချင်းထိုးရင်း မြင်းပေါ်ကကျမသွားရအောင် အထာကျကျ ရှောင်တတ်တိမ်းတတ်တဲ့ သူရဲကောင်းပုံစံမျိုးကို သွားမတွေးလေနဲ့။ ချိန်ရင်းချိန်ရင်း မဟန်တော့တဲ့ အခြေအနေရောက်လာမှ 'မမီတဲ့စပျစ်သီးကချဉ်တယ်' ဆိုပြီး လှည့်ထွက်လာတဲ့ ဟို confident level zero နဲ့ မြေခွေးအရူးရဲ့ ရှောင်တတ်တိမ်းတတ်တာမျိုးကိုပြောနေတာ။ သောက်ကျိုးနည်းအမြော်အမြင်ရှိမှုကြီးကိုများ လာကြွားနေသေး။

မြင်ပြင်းကပ်မှုတစ်သောင်းကို စိတ်ထဲမှာအောင်းထားလိုက်ပြီး စားစရာရှိတာပဲ ငုံ့စားနေလိုက်တော့တယ်။ သင်းတို့နှစ်ကောင်မျက်နှာကို ကြည့်ရင်းနဲ့တင် အချဉ်ထပ်ထည့်စရာမလိုသောပဲ။

crush ကိုငေးရင်း အချဉ်ဓာတ်တွေကို နှင်ထုတ်ပစ်ဖို့ အကြည့်တွေကို kitchen ဘက်ပြန်ရွှေ့ကြည့်မိတော့ ခုဏကမှရှိနေသေးတဲ့ကိုကိုက ပျောက်နေပြီး ကိုကို့နေရာမှာ တစ်ခြားမိန်းကလေးဝန်ထမ်းတစ်ယောက် ရောက်နေတယ်။ ဟိုဟိုဒီဒီလိုက်ရှာလိုက်တော့ နံရံနားမှာရပ်လျက်နဲ့ ခေါက်တင်ထားတဲ့ အင်္ကျီလက်ကိုဖြေချ၊ ခါးတဝက်မှာပတ်စည်းထားတဲ့ အေပရွန်အနက်လေးကိုချွတ်၊ မြန်မြန်ဆန်ဆန်ခေါက်လို့ ခုံတန်းပေါ်တင်လိုက်ရင်း ကျောပိုးအိတ်ကိုကောက်ပြီး ဆိုင်တံခါးဝဆီ ဦးတည်ထွက်သွားတဲ့ အရိပ်လေး။

စားလက်စ ဘာဂါကိုချထားခဲ့ရင်း လက်သုတ်ပြီးလိုက်သွားဖို့ ထလိုက်တော့ စစ်မင်းထက်က လှမ်းဆွဲတယ်။

"ဟေ့ကောင်... ဘာဂါဖိုးရှင်းသွားအုံးလေ..."

"ငါက ပိုက်ဆံရှင်းတဲ့နေရာမှာလည်း မနူးမနပ်နဲ့ အတွေ့အကြုံမရှိလို့ မရှင်းတော့ဘူး... မင်းတို့ပဲရှင်းလိုက်တော့... အိုကေ... သွားပြီ"

"ဘာ... ဟေ့ကောင်... လင်းခန့်... အာ... ဒီကောင်တော့ တစ်ခွန်းနှိပ်ကွပ်တာကို ငါ့စကားနဲ့ငါ့ပြန်ပြန်ကြိုးစွပ်ပေးသွားတယ်..."

"counter attack ခံလိုက်ရမှ စားပွဲထုမနေနဲ့... ရှင်း..."

ဟိုနှစ်ယောက်ဘာတွေဖြစ်ပြီးကျန်ခဲ့လဲ မသိတော့ဘူး။
မြန်မြန်လိုက်လာခဲ့တာတောင် ကျွန်တော်အပြင်ရောက်တော့ ကိုကိုက ဆိုင်ကယ်ဦး‌ထုတ် မေးသိုင်းကြိုးတပ်ပြီးလို့ စက်နှိုးနေပြီ။ ဘေးနားကို အပြေးသွားပြီး တားလိုက်လို့သာ...။

"ကိုကို... ခဏလေး... ဘယ်သွားမလို့လဲ... ဟိုဗက်တီးရီးယား ၁နဲ့ ၂ကို ရှောင်တာဆိုရင် ကျွန်တော်ရှိနေတာမို့ အဲ့လောက်ကြီးတော့ ထွက်ပြေးစရာမလို..."

"ငါ့အလုပ်ချိန်ပြီးသွားလို့..."

"ဪ... အလုပ်ချိန်ပြီးတာလား... အခု အိမ်ပြန်မှာပေါ့..."

"မဟုတ်ဘူး"

"ဒါဆို ဘယ်သွားမှာလဲ..."

"နောက်ထပ် အချိန်ပိုင်းအလုပ်တစ်ခု... လိုက်မလာခဲ့နဲ့..."

စိတ်မရှည်သလိုပုံစံနဲ့ တိုတိုတုတ်တုတ်အဖြေတွေပေးပြီးတဲ့နောက် မျက်စိရှေ့ကနေ လှစ်ခနဲပြေးထွက်သွားတဲ့ scoopy အနက်လေး။

ကျွန်တော်လည်း ချက်ချင်းစက်ဘီးပြေးယူရတာပေါ့။
'လိုက်မလာခဲ့နဲ့' လို့ပြောခဲ့တော့ သေချာပေါက်လိုက်သွားရမယ်လေ။

* *

"အာ... စာအုပ်တိုက်လား..."

နေပူကျဲတဲထဲ စက်ဘီးကိုဒရောသောပါးနင်းပြီး လိုက်လာခဲ့ရတာ ချွေးပင်လယ်ဝေသွားလို့ ဦးထုပ်ကိုဆွဲချွတ်၊ ယပ်တောင်လိုလုပ်ခတ်ရင်း ရေရွတ်လိုက်မိတယ်။ ကိုကိုက စာအုပ်တိုက်မှာလည်း အလုပ်လုပ်သေးတာကိုး။

ကျွန်တော့် ပြိုင်ဘီးနီလေးအနားရနေတုန်းမကြာခင်မှာပဲ ကျောပိုးအိတ်ထဲကို ပါကင်ထုပ်တွေထည့်ရင်း ပြန်ထွက်လာတဲ့ အဲ့ဒီလူသားလေး။  စက်ဘီးကို အစကတည်းက ခပ်လှမ်းလှမ်းမှာရပ်ထားပြီး ကြည့်နေတာမို့ ကျွန်တော့်ကိုမမြင်ပုံပဲ ဆိုင်ကယ်နားခဏရပ်လို့ အင်္ကျီအိတ်ထဲက စာရွက်လေးကိုထုတ်ကြည့်ပြီး ပြန်ထည့်လိုက်ရင်း ချက်ချင်းပဲ မြင်ကွင်းထဲကနေ ထွက်သွားပြန်ရဲ့။

ဘာဂါဆိုင်မှာအချိန်ပိုင်း chief ပြီးတော့ book delivery... ။ ပြီးတော့ ညနေ ၆နာရီခွဲ၊ ၇နာရီအထိ တစ်နေကုန်လုံး...။ ကိုကို့အချိန်ပိုင်းအလုပ်တွေက ဘယ်နှစ်ခုတောင်ရှိတာများလဲ။

"ဟူး..."

ကျွန်တော့်စီးတော်ယာဉ်ကို ငုံ့ကြည့်လိုက်မိတော့...
'အရိပ်တောင်မမြင်ရတော့တာကို ဘယ်လိုလိုက်မှာလဲ မာစတာ... အစွမ်းအစကိုသိပေမယ့် လက်လျှော့လိုက်ပါတော့...' လို့ အကြံပေးနေသယောင်...။

ကဲပါလေ...။ ဒီနေ့လယ်အဖို့တော့ လှည့်ပြန်လိုက်မယ်။
stalking plan ကို နောက်နေ့ကျမှ ဗျူဟာချတာပေါ့။

____________________________________
To be continued...

💖💖💖

Khant Khant :  ကိုကိုက ဘာလို့ အလုပ်တွေဒီလောက်များရတာလဲ... ပင်ပန်းနေတော့မှာပဲ 

Novella : အရွယ်ရောက်တဲ့သူဖြစ်လာရင် အလုပ်လုပ်ပြီး ငွေရှာနိုင်စွမ်းရှိရမယ်

Khant Khant : အင်း... ကိုကိုကြိုးစားနေသလို ကျွန်တော်လည်းကြိုးစားမှပဲ... ကောင်းကောင်းအလုပ်လုပ်ပြီး အချစ်ရှာရမယ်

Novella : တစ်ဆိတ်လောက်... နောက်နားကနာမ်လေး မှားနေသလားလို့...

Khant Khant : ကျွန်တော့်အလုပ်က ကိုကို့ကိုချစ်တဲ့အလုပ်လေ... အချစ်ပြန်မရသေးတာပဲရှိတာ  လစာမကောင်း၊  ဘောနပ်စ်နည်းလို့ဆိုပြီး ထွက်တော့မသွားပါဘူး... စံပြလုပ်သားဖြစ်အောင် လုပ်ရအုံးမှာ...

Novella : *ရည်မှန်းချက်ကြီးမှုကို လေးစားသွားရ* ငါ့ရဲ့စံပြလုပ်သားလောင်းလျာလေးရေ... နောက် အပိုင်း ၅၀ လောက် ဆက်ကြိုးစားပေးပါအုံး 👍🏻

ဒီအပိုင်း နည်းနည်းရှည်သွားတယ်။ Novella အရင်က fb မှာတင်တုန်းက အပိုင်းအလိုက် title မပါဘူးကွာ။ အခုကျမှ ထည့်ဖြစ်သွားတော့ ခေါင်းစဉ်နဲ့ခြုံမိအောင် အပိုင်းတွေ mix ပေးနေရလို့  hlhl... (>▿<)

If you left some feedbacks and shared your feelings in cmt box, I'll be truly happy to read those all.

And thank you for coming along with me. You're so sweet, darlings. Here... take my loves!! (⁠つ⁠≧⁠▽⁠≦⁠)⁠つ💓

Novella ✒️

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

1.5M 112K 43
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
15M 460K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...
4.6M 288K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...