ပန်းချီတွေငိုခြင်း
By JeonMyat-01
124K 11.4K 809
နိဒါန်း
ပန်းချီတွေငိုခြင်း{၁}
ပန်းချီတွေငိုခြင်း{၂}
ပန်းချီတွေငိုခြင်း{၃္}
ပန်းချီတွေငိုခြင်း{၄}
ပန်းချီတွေငိုခြင်း{၅}
ပန်းချီတွေငိုခြင်း{၇}
ပန်းချီတွေငိုခြင်း{၈}
ပန်းချီတွေငိုခြင်း{၉}
ပန်းချီတွေငိုခြင်း{၁၀}
ပန်းချီတွေငိုခြင်း{၁၁}
ပန်းချီတွေငိုခြင်း{၁၂}
ပန်းချီတွေငိုခြင်း (၁၃)
ပန်းချီတွေငိုခြင်း (၁၄)
ပန်းချီတွေငိုခြင်း {၁၅}
ပန်းချီတွေငိုခြင်း {၁၆}
ပန်းချီတွေငိုခြင်း {၁၇}
ပန်းချီတွေငိုခြင်း {၁၈}
ပန်းချီတွေငိုခြင်း {၁၉}
ပန်းချီတွေငိုခြင်း {၂၀}
ပန်းချီတွေငိုခြင်း {၂၁ }
ပန်းချီတွေငိုခြင်း{၂၂}
ပန်းချီတွေငိုခြင်း {၂၃}
ပန်းချီတွေငိုခြင်း {၂၄}
ပန်းချီတွေငိုခြင်း {၂၅}
ပန်းချီတွေငိုခြင်း {၂၆}
ပန်းချီတွေငိုခြင်း {၂၇}
ပန်းချီတွေငိုခြင်း { ၂၈}
ပန်းချီတွေငိုခြင်း{ ၂၉ }
ပန်းချီတွေငိုခြင်း {၃၀ }
ပန်းချီတွေငိုခြင်း {၃၁}
ပန်းချီတွေငိုခြင်း { ၃၂ }
ပန်းချီတွေငိုခြင်း {၃၃}
ပန်းချီတွေငိုခြင်း {၃၄}
ပန်းချီတွေငိုခြင်း {၃၅}
ပန်းချီတွေငိုခြင်း {၃၆}
ပန်းချီတွေငိုခြင်း {၃၇}
ပန်းချီတွေငိုခြင်း {၃၈}
ပန်းချီတွေငိုခြင်း {၃၉}
ပန်းချီတွေငိုခြင်း {၄၀}
{ဇာတ်သိမ်းပိုင်း} 🍎
ပန်းချီတွေငိုခြင်း (Extra)
ပန်းချီတွေငိုခြင်း{၆}
2.8K 305 16
By JeonMyat-01
အချိန်သည် ညနေ5နာရီဝန်းကျင်။
ခပ်စောစောလေးပန်းဆိုင်ကိုပိတ်သိမ်းရန်
အတွက် ကြိုးစားနေခဲ့တာကစိတ်နဲ့လူနဲ့မကပ်ပါဘဲ၊
အဆိုးဆုံးကတော့ ချစ်လှစွာသော
အဆိုးအပေလေးကို
NamJoonစိတ်ပူနေခြင်းပင်ဖြစ်သည်။
SNSမှာရစရာမရှိအောင်ပွပလဲနေသည့်
သတင်းတွေနဲ့ဓာတ်ပုံတွေကိုလည်းတွေ့မြင်ပြီးပြီ၊
ဒီလောက်ဆိုJiminတို့အိမ်က
ငြိမ်နေကြမည်မဟုတ်။
Jiminကိုထိခိုက်နာကျင်အောင်
ပြုလုပ်ကြမည်ဆိုတာသိနေသည်။
ပါးချိုင့်ကြီးတွေးသည်ကဒီလောက်ပါပဲ။
Jiminနဲ့ပတ်သတ်ပြီး ဆိုးပေလွန်းတာကို
အတိုင်းတာတစ်ခုထိသိထားတာမို့
သူ့အတွေးတွေထဲတခြားမရှိ။
သာမာန် Relationship တစ်ခုမှာတော့
ဒီလိုကိစ္စရပ်တွေဟာကြီးမားတဲ့သက်ရောက်မှု
တစ်ခုဖြစ်နိုင်သော်ငြားNamJoonအတွက်ကတော့ Jiminနဲ့ပတ်သတ်ပြီးနားလည်လွန်နေတာမို့
ထူးထူးခြားခြားပြသာနာတွေတော့မရှိ။
စိတ်တွေပူပြီး အတွေးတွေလွန်ရင်း Jiminရဲ့
သူငယ်ချင်းတချို့ကိုလည်းဆက်သွယ်ရင်း
NamJoonသည်မွေးနေ့ကြီးမှာတောင်
အပူတပြင်းဖြစ်နေခဲ့တာ။
ဒီနေ့ထိမရောက်လာပုံထောက်ရင် မကောင်းတဲ့
အငွေ့သက်တွေရနေပြီမို့ ဆိုင်လေး
ပိတ်သိမ်းကာJiminတို့အိမ်ဘက်ကို
အခြေအနေသွားကြည့်ရမည်ဖြစ်သည်။
သိပ်ဆိုးလိုက်တာတွေများ၊
ရင်တွေပူရအောင်လုပ်ပြီး
ဖုန်းလည်းဆက်လို့မရသလို၊ အစအနပါ
ပျောက်သွားသည်။
ParkJiminကသိပ်ကိုချစ်စရာကောင်းသောပါပဲ။
" Hyung..."
တံခါးလေးကိုသော့ခတ်မလို့ဟန်ပြင်တုန်း
နားကြားမမှားနိုင်သည့်Jiminအသံကြောင့်
NamJoonချက်ချင်းပဲလှည့်ကြည့်လိုက်မိသည်။
" ကလေး..."
မျက်နှာကဒဏ်ရာသေးသေးလေးတွေအပြင်
ဘာမှကြီးကြီးမားမားထိခိုက်နေဟန်မပေါ်လို့
NamJoonတွေ့လိုက်ရခြင်းမှာ
အတော်လေး ဝမ်းသာသွားရသည်။
ဘယ်လောက်တောင်မှလွမ်းပြီးစိတ်ပူနေခဲ့ရသလဲ။
မျက်စိရှေ့ကကောင်လေးကတော့ လုပ်ချင်ရာ
လုပ်ထားပြီးပြုံးပြနေသေးသည်။
" လွမ်းနေတာ...ရင်တွေလည်းပူနေရောပဲ
ဘာတွေလျှောက်လုပ်နေတာလဲ
ကလေးရယ်... "
NamJoonကတွေ့တွေ့ချင်းမှာပဲဝမ်းသာအားရ
ထွေးဖက်လိုက်တော့ လက်သေးသေးလေးတွေက
အကျင့်ပါနေပြန်သည်။
ကျောပြင်ကျယ်ကြီးကို လက်လေးတွေဖြင့်
ထိတွေ့ပြီးနောက်မှာ ပါးချိုင့်ကြီးရဲ့
လက်တွေထဲက ရုန်းလိုက်သည်။
" အထဲမှာစကားပြောရအောင်...Hyung "
" ဟုတ်တယ်...လာ လာ အထဲဝင်ရအောင် "
ပန်းဆိုင်လေးထဲနှစ်ယောက်သားဝင်ရောက်လာခဲ့ပြီး
နောက်မှာ မျက်နှာချင်းဆိုင်ခုံလေးတွေဆီ
ဝင်ရောက်ထိုင်ခဲ့သည်။
NamJoonကတော့ Jiminကိုအစအဆုံး
ကြည့်နေတာမျက်တောင်ပင်မခတ်။
" ဖုန်းလည်းဆက်လို့မရဘူး...မဟုတ်ရင်တောင်
အခုပဲဆိုင်သိမ်းတာနဲ့ ကလေးတို့အိမ်ဘက်ကို
ကိုယ်လာကြည့်ဦးမလို့...."
" လာကြည့်တော့ကော ဘာများထူးသွားမှာလဲ
Hyungလုပ်နိုင်တာ ဘာမှဖြင့်မရှိဘဲနဲ့...."
NamJoonနှုတ်ခမ်းလေးတွေဆွံအသွားသည်။
Jiminမျက်နှာဟာတွေ့ဖူးသမျှတွေထဲ
ဒီကနေ့မှာ အေးစက်စက်အဖြစ်ဆုံးပဲ။
လုပ်ချင်တာလုပ်ထားပြီး သူကပဲ
စိတ်ဆိုးနေသည်ထင်ပါရဲ့။
" သတင်းတွေလည်း Hyungသိပြီးလောက်ပြီပေါ့
ပုံတစ်ချို့ကိုလည်းမြင်ပြီးလောက်မှာပါ...."
" ကိုယ်စိတ်မဆိုးပါဘူး ကလေးစိတ်ကို
ကိုယ်သိတာမို့ ကိုယ်နားလည်တယ် ..... "
" Hyungကျွန်တော့်စိတ်ကို ဘယ်တုန်းကမှ
မသိခဲ့ပါဘူး...."
" Jimin..."
" ကျွန်တော် မောင်နဲ့လက်ထပ်တော့မှာ..."
" ဘယ်..လို...မောင်ဆိုတာက..."
မောင်တဲ့ နားကြားများမှားသလား။
NamJoonမယုံကြည်နိုင်စွာဖြင့်
Jiminမျက်လုံးတွေကိုသေချာကြည့်နေမိသည်။
" ကျွန်တော်နဲ့ အတူအိပ်ခဲ့တဲ့တစ်ယောက်လေ
Hyungပုံတွေတွေ့ပြီးပြီမလား...သူလေ...."
" Hyungနဲ့မတူဘူး သိပ်မိုက်တာနော်....
အင်း....ဥပမာပေးရရင် အထိအတွေ့တွေကအစပဲ..."
ခပ်သော့သော့ရီရင်းပြောဆိုနေပုံက
အရွဲ့တိုက်နေမှန်း သိသာနေတာပဲ၊
မယုံပါဘူး ။ ParkJiminသည်
KimNamJoonကိုဘယ်လောက်ထိချစ်ခဲ့လဲဆိုတာ တစ်လောကလုံးသိသည်မို့ ဒါက
ဘယ်လိုများဖြစ်နိုင်မှာလဲ။
" စိတ်ဆိုးနေရင် ကိုယ်တောင်းပန်ပါတယ်
ဒီလိုကြီးတော့ ဒီလိုကြီးတော့မနောက်ပါနဲ့...."
" Hyungမယုံလောက်ပေမယ့် ကျွန်တော်တို့
နှစ်ဖက်မိဘချင်းလဲတွေ့ပြီးကြပြီ မကြာခင်မှာ
မဂ်လာရက်ရွေးကြတာမှာ...... အဲ့ဒါလေး
အသိပေးချင်လို့လာခဲ့တာ "
" ဘယ်လိုလုပ် ဘယ်လိုလုပ်ပြီးတော့..."
အများကြီးတုန်လှုပ်ပြီးအံ့သြသွားသည့်
NamJoonသည်လည်းမျက်ရည်တွေဝဲလျက်။
ဒီပုံရိပ်ကိုမမြင်ချင်တော့ပြီမို့ Jiminဒီနေရာက
အမြန်ဆုံးထွက်သွားချင်ခဲ့သည်။
" ဒါဆို ပြန်ခွင့်ပြုပါဦး...."
ထထွက်သွားသူနောက်ကို ပြာပြာသလဲလိုက်လာပြီး
နောက်ပါးဆီကနေသိုင်းဖက်ထားသူက
NamJoonပါ။
တော်တော်လေးကိုထိတ်လန့်သွားပုံပဲ၊
မငိုမိအောင်ထိန်းထားသည့်မျက်ရည်တွေကို
ပါးချိုင့်ကြီးက ဆွဲချနေပြန်သည်။
" ဖယ်...လွှတ်...!! "
" ကြိုက်သလိုဆိုးလို့ရတယ်Jimin..
ဒါကတော့ မဟုတ်သေးဘူးလေ မင်းကိုယ့်ကို
အရွဲ့တိုက်နေတယ်ဆိုတာ ကိုယ်သိနေတာပဲ...."
နောက်ပါးဆီကဖက်ထားသည့်လူရဲ့
လက်တွေထဲမှအားဖြင့်ရုန်းထွက်လိုက်သည်။
ပါးချိုင့်ကြီးတွေပျောက်ကွယ်သွားသည်ထိကို
Hyungကငိုနေခဲ့တာ။
သိပ်ကိုရင်ကွဲစရာမြင်ကွင်းပါပဲ။
သို့သော်ဒါက အဆိုးလေးရွေးချယ်ခဲ့တဲ့လမ်း။
ParkJiminကိုဆုံးရှုံးလိုက်ရတဲ့အခါ
ဘယ်လိုဘယ်ပုံတွေရှိတယ်ဆိုတာ သူ့ဘဝကြီးနဲ့
အလဲအထပ်လုပ်ပြီးပြသသွားတာ၊
လိုချင်တာကဒါပဲ၊
သူနည်းနည်းလောက်ပြိုလဲခဲ့ရင်
တစ်ဖက်လူကိုလည်း နည်းတူခံစားစေချင်တဲ့
စိတ်က အစွန်းရောက်သည်။
မချစ်လို့မဟုတ်ဘူး ၊ ချစ်လွန်းနေခဲ့လို့။
" အဲ့ဒါကြောင့် ဒီနေရာမှာတစ်ခုခု
မှားယွင်းသွားရင်တောင် Hyungကြောင့်ဆိုတာကို
Hyungဘဝတစ်လျှောက်လုံးအသည်းထဲထိ
စွဲနေအောင်မှတ်သွား....ကျွန်တော့်ဘဝကြီး
တစ်ခုလုံးမှားယွင်းသွားရင်တောင်
Hyungကြောင့်ပဲ အကုန်လုံးHyungကြောင့်...!!! "
" Jimin ဒီလိုတွေမလုပ်ပါနဲ့...ကိုယ်တို့တွေ
ပြန်ပြင်ဆင်လို့ရပါသေးတယ် ကျေးဇူးပြုပြီး..."
" ဟင့်အင်း အရာအားလုံးကပြီးဆုံးသွားပြီ..."
ဒါသည် ပန်းဆိုင်ပိုင်ရှင်ပါးချိုင့်လေးနဲ့
အဆိုးအပေလေးတို့ဇာတ်လမ်းလေး
တစ်ခန်းရပ်သွားခြင်းလည်းဖြစ်နိုင်သည်။
အေးတိအေးစက်ကြီးပေမယ့် ပါးချိုင့်ကြီးတွေ
ပျောက်ကွယ်သွားအောင်ထိငိုနေမိခဲ့သည်။
ယူကျူံးမရတာတွေလည်းပါမည်။
ဒီလောက်ထိဆိုးနိုင်ရလားတွေးမိရင်း
ကြမ်းပြင်တွင်ထိုင်ချငိုနေခဲ့သူဟာNamJoon။
ဒီလိုတွေဖြစ်လာဖို့ ရည်ရွယ်ပြီးချစ်ခဲ့တာမှ
မဟုတ်ဘဲ။
မျက်ရည်တွေနဲ့အတူနှလုံးသားတစ်ခုလုံး
ကွဲကြေသွားတော့မလို။
ဘယ်လိုများလုပ်နိုင်ရလဲ၊မေးရင်ရှင်းသည်၊
သူမလုပ်နိုင်တာဘာမှမှမရှိဘဲ၊
KimNamJoon ကိုလွှတ်ချမယ်လို့
တွေးလိုက်တဲ့နေ့မှာအထိန်းအကွပ်တွေ
မဲ့သွားတော့တာ။
မချစ်တော့ဘူးလို့တွေးလိုက်တဲ့နေ့မှာပဲ
မှားယွင်းသွားတာ။
ဘဝကြီးနဲ့တစ်မျှပါပဲ....။
--------------------------------------
အချိန်သည် ည11နာရီဝန်းကျင်။
" ငါပြောပြမယ် SungWoon..."
အာလေးလျှာလေးဖြင့် အရက်ပုလင်းတွေနဲ့
အရက်ခွက်တွေကြားမှောက်နေပြီဖြစ်သောသူသည်
စိတ်ကြိုက်အမုန်းကိုသောက်နေတာ။
" တော်ပါတော့ Jiminရဲ့ပြန်ရအောင်ကွာ..."
" ငါ....ဒီမှာပဲအိပ်မှာ မပြန်တော့ဘူး
ဒီတစ်ညလုံး ငါမူးအောင်သောက်မှာ..."
" ဒါဆိုလည်း မင်းပဲကျန်ခဲ့တော့ ငါပြန်တော့မယ်
ဒီရက်ပိုင်းအလုပ်တွေများလို့ငါပင်ပန်းနေတာ
မနက်လည်း အလုပ်ရှိသေးတယ် Jiminရ....! "
SungWoonက Jiminနဲ့မူလတန်းလောက်
ကတည်းခင်မင်ခဲ့ကြလည်း SungWoon တို့
မိသားစုကတခြားတစ်မြို့ကိုပြောင်းရွှေ့
နေထိုင်ခဲ့ကြသည်မို့အခုမှပြန်တွေ့တာမကြာသေး။
မတည့်အတူနေတွေပါ၊ ဒီအဆိုးအပေကို
ကြည့်မရလည်း ပေါင်းစရာမရှိလို့ပေါင်းနေမိသည်။
" နားငြီးတယ်..."
" ဒါဆိုထလေ....လက်ထပ်တော့မယ့်
သတို့သားလောင်းတဲ့ ဘယ်လိုတွေတောင်
မူးပြဲနေရတာလဲ....လွှတ်ထားနိုင်တဲ့မင်း
သတို့သားကိုလည်းအံ့သြတယ်....."
" Hyungကိုလွမ်း....လိုက်တာ..."
" Jiminမင်းပြန်မလိုက်ရင် ငါထားခဲ့တော့မှာနော် "
ပေါင်းနေသူအချင်းချင်းအသွင်တူသည်၊
SungWoon ကလည်းစိတ်သိပ်မရှည်၊
မူးပြဲနေသည့်Jiminကိုကြည့်ကာ ထိုင်လိုက်၊
ထလိုက်ဖြစ်နေတော့သည်။
" SungWoon..."
"ဘာလဲ..."
" ဘယ်တော့မှ... မချစ်မိစေနဲ့ သိလား..."
စားပွဲပေါ်တွင်မှောက်ချပြီး မျက်လုံးတွေ
မပွင့်သည်အထိ
အလွန်အကျွံမူးပြဲနေသည်၊
SungWoonလည်းထိုပုံရိပ်ငယ်အား
သက်ပြင်းတွေချရင်းသာရပ်ကြည့်နေမိသည်။
" မင်းအိမ်ကိုငါဖုန်းဆက်လိုက်ရမလား..."
" ငါဒီမှာပဲအိပ်မှာလို့..."
" အဲ့ဒါဆိုလည်း ဒီမှာတစ်ခန်းယူပေးမယ်
ထ လာ...အခုတော့ငါ့ကျောပေါ်တတ်...."
အိမ်ပြန်ဖို့အဆင်မပြေနိုင်သလို၊Jiminအိမ်နဲ့
အဆက်အစပ်တွေလည်း SungWoon
မလုပ်ချင်တာကြောင့်ဒီမှာပဲအခန်းတစ်ခန်းယူပြီး
Jiminကိုထားခဲ့ရန်စဥ်းစားခဲ့သည်။
" ကုန်းပိုးမယ် လာ..."
မျက်စိရှေ့တွင်ရောက်ချလာသောကျောပြင်ကြီးကို
ကြည့်ရင်းထငိုမိကာ SungWoon ကျောပြင်အား
တဖျန်းဖျန်းရိုက်နေမိသည်။
" အ့...ဘာတုန်းဟ..."
" မင်းက NamJoonHyungမှမဟုတ်ဘဲ...!!! "
" ParkJimin ငါစိတ်တွေမရှည်တော့ဘူးနော်..."
" ရူးတော့မယ်....ရူးတော့မလိုပဲ..."
" ငါ NamJoonHyug ကို
ဖုန်းဆက်လိုက်ရမလား..... "
" ငါ...အိပ်ချင်နေပြီ SungWoon ..... "
" အဲ့ဒါကြောင့် လာလို့ခေါ်နေတယ်လေ....!! "
စိတ်မရှည်တော့သည်မို့ ထိုအဆိုးအပေအား
ကောက်ပွေ့လိုက်တော့လည်း အလိုက်သင့်ပါလာပြီး
သေချာလေးသိုင်းဖက်ထားသည်။
" တကယ့်ကို အမူးပါး..."
SungWoonသည် ထိုဟာလေးကိုပွေ့ချီကာ
ပြီးတစ်ချက်မျှပြုံးလိုက်တုန်း လက်မောင်းတစ်ဖက်ကို
ဆောင့်ဆွဲခံလိုက်ရခြင်းကြောင့် လက်ထဲက
အဆိုးအပေလေးလွတ်ကျမသွားအောင်ပင်
မနည်းထိန်းလိုက်ရသည်။
" ဘာလဲဟ..."
" မင်းပြန်လို့ရပြီ... ".
" ဘာ..."
တစ်ဖက်လူကိုSungWoon ပေစောင်းစောင်းပဲ
ကြည့်လိုက်သည်၊အရပ်မြင့်မြင့်နဲ့ထိုလူက
လူမိုက်ရုပ်ဖြင့်ဆွဲလားရမ်းလားတွေလာလုပ်နေသည်။
စိတ်တွေမရှည်ရသည့်အထဲ အာရုံတွေ
နောက်နေရပါပြီ။
" မင်းတို့ဘယ်လိုတွေပတ်သတ်ကြလဲမသိပေမယ့်
မင်းပြန်လို့ရပြီ..."
" ဘာတွေလာစားနေတာလား..."
" ငါက ParkJiminယောက်ျားပဲ....
ဒီလောက်ဆို ရပြီလား..."
SungWoon အနည်းငယ်ကြောင်အသွားသည်။
Jiminနဲ့ပုံစံဆင်တူသည့် ဒီအဆိုးအပေဥပဓိရုပ်မျိုးကParkJiminရဲ့ယောက်ျားပါတဲ့၊
ပထမဆုံးတွေ့ဆုံမှုမှာတင် အချိုးတွေမပြေတာ
လွန်လွန်ကဲကဲ။
Jeonတစ်ကိုယ်လုံးကိုခေါင်းစခြေဆုံး
မျက်မှောင်ကြုတ်ပြီး ကြည့်နေသူကSungWoon။
လက်ထဲကနေ ဆက်'ခနဲ့လွှဲပြောင်း
ပွေ့ချီသွားပြီးနောက်မှာ နှုတ်ဆက်ခြင်းလဲမရှိ၊
ဘယ်လိုအရိုင်းအစိုင်းကိုများJiminတို့ရှာတွေ့
လာသလဲမသိ၊ လိုက်လည်းလိုက်ပါပေသည်။
" စိတ်ပျက်စရာတွေ..."
ထိုနှစ်ယောက်အားကြည့်ရင်းSungWoon
ငြီးတွားရင်းကျန်နေခဲ့သည်။
မူးပြဲနေသောသူသည် မျက်လုံးတွေသာ
ပွင့်မလာတော့တာလက်တွေကJeonအား
တင်းကျပ်နေအောင် သိုင်းဖက်ထားသည်။
စိတ်ရှုပ်စရာကောင်းလိုက်သည့်ParkJimin။
ဘာလို့များဒါတွေအထိလိုက်လုပ်ပေးနေရလဲဆိုတာ
Jeonမသိတော့။
လက်ထပ်ပြီးတဲ့အထိတော့ ဒါတွေသည်းခံရဦးမည်။
လက်ရှိမှာ Jeonအစီအစဥ်တွေပျက်စီးသွားလို့
မဖြစ်တာမို့ အဆိုးအပေရဲ့ဒုက္ခတွေလည်း
ခံနေရဦးမှာပဲ။
" မဂ်လာဆောင်ကိစ္စဘာညာပြီးသွားမှပဲ...
မင်း နဲ့ငါတွေ့ကြတာပေါ့.."
ကားထဲတွင်နေရာချပေးကာ ခါးပတ်လည်း
ပတ်ပေးလိုက်ရင်းJiminမျက်နှာနားတိုးကပ်ကာ
ကြုံးဝါးနေမိသည်။
" Hyung..."
" Hyungလို့..."
" Hyung ကြောင့် .... "
" အကုန်လုံးကHyungကြောင့်ပဲ... "
မူးမူးရူးရူးနဲ့အရင်ရည်းစားဟောင်းကိုတမ်းတရင်း
ငိုနေသော ပုံရိပ်သည် သိပ်မုန်းစရာ။
တကယ့်ကို ခေါင်းအစခြေအဆုံးတစ်နေရာမှ
အဆင်မပြေပါဘဲ ဘယ်လိုတွေတောင်
မုန်းစရာတွေနဲ့ပြည့်နှက်နေရသလဲ။
ကြည့်မိလေလေစိတ်တွေနောက်ရလွန်းလို့
Jiminထံမှအကြည့်တွေလွှဲကာကားမောင်းခြင်းကို
စတင်ခဲ့သည်။
" ဒီနေ့ကစပြီး Hyungကိုမလွမ်းတော့ဘူး..."
" Hyungကို...ထပ်မတွေ့တော့ဘူး....."
" ဘယ်တော့မှ...ဘယ်တော့မှ...."
ကားလေးထဲအမူးသမားရဲ့ ဗလုံးဗထွေး
စကားသံတွေကိုJeonသည်းခံနားထောင်ရင်း
ညဆယ်နှစ်နာရီလောက်မှာ အိမ်ပြန်ရောက်လာခဲ့တာ
အမူးသမားကိုကူတွဲရင်းဖြင့်။
" မာမီမအိပ်သေးဘူးလား...."
" အဲ့ဟာလေးကဘယ်လိုလုပ်များ ဒီလောက်ထိ
သောက်စားလာရတာလဲ...."
" ကျွန်တော် အခန်းထဲနေရာချပေးလိုက်ဦးမယ်
မာမီအိပ်နှင့်တော့လေ...."
မာမီသည်အလိုမကျဟန်ဖြင့် သူမ၏အခန်းဆီကိုသာ
ထထွက်သွားခဲ့သည်။
ပြသာနာတွေကိုရှင်းရန်ဒီအဆိုးအပေကို
လက်ထပ်လိုက်ကာမှ ပိုပြီးရှုပ်ထွေးသွားမလား
တွေးရင်Jeonတစ်ယောက်သက်ပြင်းတွေ
ချနေမိသည်။
အမြဲတမ်းမီးမှန်မှန်နဲ့Jeonအခန်းထဲJiminကို
ကူတွဲရင်းဝင်ရောက်လာတော့ ဘေးကလူ
အမူးသမားကက မျက်လုံးတွေမှိတ်ထားလျက်
အိပ်ပျော်နေပြီထင်သည်။
အမြင်ကပ်စွာဖြင့်မွေ့ယာအိအိပေါ်ပစ်တွန်းချလိုက်
တော့လည်းပုံမပျက်အိပ်ပျော်သွားပြန်သည်။
" ParkJimin..ParkJimin..ရှေ့ဆက်ပြီး
ဘယ်လိုများမင်းနဲ့နှစ်ပါးသွားရပါ့မလဲ..."
Jeonစိတ်ပျက်လက်ပျက်ကိုငြီးငြူနေမိရင်း
မီးခိုရောင်တီရှပ်အားလျင်မြန်စွာဆွဲချွတ်လိုက်သည်။
ဒီချိန်မှလည်း TaeHyungတို့ဆီ
ပြန်မသွားချင်တော့တာကြောင့် အိပ်ပျော်ရန်ပဲ
ကြိုးစားခဲ့တာ အမူးသမားရဲ့နံဘေးမှာ။
---------------------------------
အချိန်သည် မနက်ဆယ်နာရီဝန်းကျင်။
ညကတည်းမူးရူးပြီးအိပ်ပျော်သွားခဲ့တာ
မနက်နိုးလာတော့ခေါင်းတွေကိုက်ခဲပြီး
ကျောတွေပင်ပူနေပြီ။
တစ်မျက်နှာလုံးရှုံ့မဲ့ရင်းနိုးထလာခဲ့တဲ့နောက်မှာ
အိပ်ချင်မူးတူးနဲ့ဘေးဘယ်ညာကို ဦးစွာကြည့်မိသည်။
Jeonအိမ်မှာပဲထင်သည်၊နားထင်တွေကို
ဖိနှိပ်ရင်းမှအိပ်ရာရဲ့ဘေးတစ်ဖက်ကိုကြည့်မိတော့
Jiminမျက်နှာသည် ယခင်ထပ်ပိုပြီး
ရှုံ့မဲ့သွားတော့သည်။
ရုတ်တရက်ပါပဲ၊ဘာမပြောညာမပြောနှင့်
ခေါင်းရင်းကခေါင်းအုံးအားဆွဲချကာ
Jeonမျက်နှာနဲ့တစ်ကိုယ်လုံးကို စိတ်ရှိတိုင်း
ထုရိုက်နေခဲ့သည်။
" ဟ....ဘာလဲကွ...!!! "
ကြောင်အပြီးမျက်လုံးတွေကျယ်သွားမှ
အချိုးမပြေသည့်မျက်နှာနဲ့လူက ခေါင်းအုံးကို
ဘေးကိုချထားလိုက်သည်။
" အိပ်နေတာကို မမြင်ဘူးလား...! "
" ဘာလို့ဒီမှာလာအိပ်နေတာလဲ...မဟုတ်မှလွဲရော
ညကငါ့ကို မင်း...."
" ရူးသွားတာလား ParkJimin...!! "
" ဒါဆိုဘာလို့ဒီမှာ လာအိပ်နေတာလဲ..."
" ဒါငါ့အိမ် ဒါငါ့အခန်း ငါ့ဟာငါဘယ်မှာအိပ်အိပ်လေ..."
" မအိပ်ရပါဘူး...မင်းဟာမင်းသက်သက်
သွားအိပ်...."
Jeonဒေါသငွေ့တွေထောင်းထောင်းထလျက်
အိပ်နေရာမှထထိုင်လိုက်သည်။
အိပ်ချင်မူးတူးဖြင့် စိတ်ရှိတိုင်းထရိုက်ရရင်တော့
မဂ်လာဆောင်မည့်အခန်းကိုပင်ရောက်လိုက်မည်
မဟုတ်ပေ။
" သောက်ပိုတွေလာလုပ်မနေနဲ့...မင်းက
ငါနဲ့အိပ်ပြီးသားဆိုတာတစ်လောကလုံးသိတယ်.."
" မင်းလိုကောင်ကလည်း လူတိုင်းနဲ့အိပ်နေကျဆိုတာ
ငါသိတာမို့ ဝေးဝေးနေငါနဲ့...."
တစ်ယောက်တစ်ခွန်းနှုတ်လှန်ထိုးပြီးနောက်မှာ
Jiminကပဲဦးစွာ ရေချိုးခန်းထဲဝင်သွားတော့သည်။
အိပ်ရာထဲတွင်ထိုင်ကျန်ခဲ့သူကတော့
အိပ်ရေးမဝသည်မို့ မျက်နှာတစ်ခုလုံး
ရှုံ့မဲ့လျက်သာပဲ။
" အကိုလေး Jeonရေ...အောက်ထပ်မှာ
အန်တီကြီးစောင့်နေတာမို့ အကိုလေးJiminနဲ့အတူ
ဆင်းလာခဲ့ပါဦးတဲ့...."
အခန်းအပြင်က အိမ်အကူကောင်မလေးကို
ပြန်လည်ဖြေကြားခြင်းလဲမပြုခဲ့ပါဘဲ၊
ပြတင်းပေါက်နားမှာပဲ ဆေးလိပ်သောက်ခြင်းကို
ပြုခဲ့သည်
Jiminသည်မျက်နှာအနှံ့က
ရေစတွေကိုသဘက်ဖြင့်သုတ်ရင်းရေချိုးခန်းထဲမှ
ထွက်လာခဲ့သည်။
" အောက်ထပ်မှာမာမီစောင့်နေတယ်...
လိုက်ခဲ့..."
ဆေးလိပ်တိုအားလက်စသတ်ကာ Jiminနဲ့အတူ
အောက်ထပ်ကမာမီရှိရာကိုရောက်လာခဲ့သည်။
Jeonမိခင်ဖြစ်သူသည် Jeonလိုပါပဲ၊
ချစ်မွှေးမပါ ရုပ်တည်ကြီးနဲ့မော်ချီနေပြီး
Jiminသိပ်တော့လည်းသဘောကျမနေ။
" နိုးလာကြပြီလား..."
" မောနင်း... မာမီ..."
Jeonသည် မိခင်ဖြစ်သူအား ထွေးပွေ့ရင်း
သူမ၏ပါးတစ်ဖက်ကိုဖွဖွနမ်းသည်၊
ဒီလိုမြင်ကွင်းတွေမြင်ရပြန်ရင် ဆုံးပါးသွားပြီဖြစ်သော
မိခင်ဖြစ်သူအား သတိရလွမ်းဆွတ်မိပါသည်။
မိခင်ဖြစ်သူနဲ့ လက်ပွန်းတတီးမနေခဲ့ရသည်မို့
ဒီလိုလေးတွေမြင်ရတဲ့အခါ ပန်းချီတွေထဲ
ပုန်းဝှက်နေသည့်နူးနူးညံ့ညံ့
စိတ်သေးသေးလေးကတော့ဒါတွေကို
သဘောကျခဲ့သည်။
" ဒီတော့ သားတို့နှစ်ယောက်ကိုမာမီ
စကားလေးနည်းနည်းပြောချင်လို့...."
" ဟုတ်ကဲ့ပြောပါ မာမီ..."
ဆိုဖာတစ်ခုတွင်နှစ်ယောက်အတူဝင်ထိုင်လိုက်ပြီး
သူမဘာတွေပြောမလဲဆိုတာကို Jiminထပ်ပို၍
Jeonကစိတ်ဝင်စားနေခဲ့သည်။
" မဂ်လာပွဲကို သဘက်ခါမှာစီစဥ်ဖို့အတွက်
မာမီအားလုံးပြင်ဆင်ပြီးပြီ ရိုးရိုးသာမာန်
အကျဥ်းချုံးပဲဆိုတော့မာမီ့အသိတွေနဲ့သားရဲ့
သူငယ်ချင်းအနည်းအပါးဒီလောက်ပဲ
ထပ်ပြီးအချိန်မဆွဲတော့ဘူး မြန်လေကောင်းလေပဲ
ဆိုတော့လေ...."
" ကောင်းမယ်ထင်သလိုပဲမာမီစီစဥ်ပါ...."
" ဒါနဲ့ Jiminရဲ့သဘောကိုလဲ မေးကြည့်ဦးလေ..."
Jeonနဲ့သူမရဲ့အကြည့်တွေJiminထံ
ရောက်လာတော့ မတည်ငြိမ်သောစိတ်တွေကို
စုစည်းလိုက်ရသည်၊မဂ်လာပွဲဆိုတာနဲ့
NamJoonHyungဆီရောက်သွားသည့်
စိတ်တွေကိုပြန်ဆွဲခေါ်လိုက်ရသည်။
" အဆင်ပြေသလိုပဲလုပ်လိုက်ကြပါ...."
" ကောင်းပြီ ဒါဆို အသိတစ်ယောက်နဲ့ချိန်းထားလို့
မာမီသွားဦးမယ်...."
" ဟုတ်ကဲ့ မာမီ..."
လူကြီးတွေနဲ့စကားပြောရတာမကြိုက်သည့်
Jiminကတော့Jeonနံဘေးကနေ
သူမမြန်မြန်ထွက်သွားဖို့အတွက်ဆုတောင်းနေမိသည်။
" သြော်..ဒါနဲ့ Jiminရဲ့ အဝတ်အစားနဲ့
ပစ္စည်းတွေ ဟိုဘက်အိမ်ကနေ
ရွှေ့လာပြီးပြီလား...."
" ဒီနေ့သွားယူမလို့ပါပဲ..."
" ဒီရက်ထဲပြောင်းထားတော့လေ ရှေ့မှာ
မဂ်လာပွဲကိစ္စတွေနဲ့အလုပ်တွေကရှုပ်တော့မှာ
ကြားလား..."
" ဟုတ်..."
" သားJeonလည်း လိုက်သွားပေးလိုက်ဦး
တစ်ယောက်ထဲဖြစ်နေလိမ့်မယ်..."
" ဟုတ်ကဲ့မာမီ..."
" ဒါဆိုမာမီ ....သွားပြီ..."
" ဂရုစိုက်သွားဦးမာမီ..."
မိခင်ဖြစ်သူထွက်သွားသည်နဲ့ Jiminတစ်ယောက်
ဆိုဖာပေါ်တွင်ခြေပစ်လက်ပစ်လှဲချလိုက်သည်။
Jeonမိခင်နဲ့ခဏလေးစကားပြောရတာတောင်
သက်တောင့်သက်သာမရှိတာ ဒီလိုသာ
တစ်နှစ်တိတိဒီအမျိုးသမီးနဲ့တစ်အိမ်ထဲနေရရင်
နေရခက်လွန်းလို့Jiminရူးသွားနိုင်သည်။
Jiminက တစ်ယောက်တစ်ပြန်
နှုတ်လှန်ထိုးနေတာကလွဲရင် လူကြီးတွေနဲ့
ရိုရိုသေသေကျိုးကျိုးနွံနွံတွေ သူ မဆက်ဆံတတ်၊
သိတယ်မလား အဆိုးအပေပါဆိုမှ။
" မောင်...."
ရုတ်တရက်ခေါ်သံကြီးကြောင့်
Jeonကြောင်အသွားသည်။
စတွေ့ထဲက လေးလေးနက်နက်မဟုတ်ပါဘဲ
ပါးစပ်ထဲရှိရာခေါ်နေတာကိုသိလည်း
တစ်ကြိမ်ခေါ်ရင် တစ်ကြိမ် ခံစားမှုက
တစ်မျိုးတစ်မည်။
" ဘာလဲ..."
" ငါတို့အိမ်ခွဲနေလို့ မရဘူးလား...."
" ဒီအိမ်မှာ ငါနဲ့မင်းအပြင် မာမီပဲရှိတာကို..
ဘာကအဆင်မပြေလို့လဲ .... "
" မင်းမာမီကအဆင်မပြေတာ..ငါလူကြီးတွေနဲ့
ဒီလိုတွေရင်းရင်းနှီးနှီးမဆက်ဆံတတ်ဘူး..."
" မင်းနဲ့ငါက တစ်နှစ်ပဲအတူနေရမယ့်လူတွေ
အဲ့လောက်ကြီးဘယ်သူ့ကိုမှလည်း ရင်းနှီးစရာ
မလိုဘူး တစ်နှစ်ပြည့်တာနဲ့အားလုံးကပြီးသွားမှာပဲ..."
" အဲ့ဒါလည်း ဟုတ်တယ်....."
ခေါင်းတညိမ့်ညိမ့်ဖြင့်Jeonပြောသည်ကို
ဒီတစ်ခါတော့မငြင်း၊ Jiminသည်
ထိုင်နေရာမှထကာ အခန်းထဲကိုပြန်ဝင်သွားခဲ့သည်။
Jeonကတော့ ထိုဆိုဖာတွင်ထိုင်ရင်းသာ
ကျန်နေခဲ့သည်။
" အကိုလေး...မနက်စာစားတော့မလား..."
" မစားဘူး.."
ဆိုဖာတွင်ထိုင်နေသူသည် နဖူးလေးကိုပွတ်သပ်ရင်း
တစ်ယောက်ထဲအတွေးကမ္ဘာထဲ
ချာချာလည်နေတော့သည်။
ParkJiminနဲ့ရှေ့ဆက်ရမယ့် နေ့ရက်တွေကို
မတွေးချင်လည်းတွေးနေရပါပြီ။
အခန်းထဲကလူကတော့ ဒယ်ဒီ့အိမ်လေးထဲမှ
Jiminရဲ့အဝတ်အစားတွေနဲ့အသုံးအဆောင်
ပစ္စည်းတွေကိုရွှေ့ပြောင်းရမည်မို့ အပြင်သွားရန်
အက်ျီတွေလဲလှယ်နေခဲ့သည်။
Jiminအက်ျီတွေတော့မဟုတ် Jeonဗီဒိုတွေထဲက
အက်ျီတွေကိုမွှေနှောက်နေရင်းသာ။
" လူမှဟုတ်ရဲ့လား ဒီလောက်အကြီးကြီး
ဘယ်လိုများဝတ်တာလဲ..."
Jeonရဲ့တီရှပ်အကြီးကြီးတွေကို ကိုင်ကြည့်ပြီး
နှာခေါင်းရှုံ့နေသေးသည်။
ထို့နောက်တွင် သင့်တင့်မည့်အက်ျီတစ်ထည်ကို
ဆွဲထုတ်ကာဝတ်ဆင်ခဲ့သည်။
မှန်တင်ခုံရှေ့က ဟိုဗူးဒီဗူးတွေကိုဆွတ်ဖျန်း
လိမ်းကျံလိုက်ပြီးနောက်မှာ အပြင်ဘက်က
နေရောင်ခြည်ကိုတစ်ချက်မျှလှမ်းကြည့်လိုက်တော့
အပူချိန်အနည်းငယ်မြင့်နေပုံပေါ်သည်။
ဒါကြောင့်ပဲ မျက်မှန်တွေချည်း ဒီဇိုင်းစုံ၊
ကာလာစုံသိမ်းဆည်းထားရာနေရာမှ
မျက်မှန်တစ်လက်ကို ကောက်တပ်ကာ
မှန်ရှေ့ရပ်ကြည့်လိုက်သည်။
" နှမြောစရာပဲ ဒီလိုအချောအလှလေးက
အိမ်ထောင်ကျသွားတော့မှာဆိုတော့.."
ကိုယ့်ကိုယ်ကိုမှတ်ချက်ပေးပြီးနောက်မှာ
အောက်ထပ်ကိုဆင်းလာခဲ့တာ
မြောက်ကြွမြောက်ကြွ။
အမွှေးနံ့တွေကမွှန်ထွန်နေလိုက်တာအိပ်ငိုက်နေသော
Jeonပင်နိုးသွားသည်အထိ။
မျက်လုံးလေးတွေဖွင့်ကာ မျက်စိရှေ့ကလူအား
ကြည့်လိုက်မိတော့ဒေါသထွက်တာ
အငွေ့ပျံသွားချင်သည် အထိ။
" ParkJimin...!! "
" ဘာလဲ..."
" မင်း...မင်း...ငါ့ဟာတွေကို..."
အနားကိုခြေလှမ်းကျဲကြီးတွေနဲ့ပြေးလာပြီး
တစ်ခုခုကိုပြောရန်အရှိန်ယူနေတာက
မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်အထိ။
" ဒါတွေက ငါတစ်ခါလေးတောင်မသုံးရသေးတဲ့
ဟာတွေ....မဟုတ်ဘူး မသုံးရက်လို့သိမ်းထားတဲ့
ဟာတွေကွ...! "
" သြော်...ဒါတွေလား ဒီတိုင်းဘာဝတ်ရမယ်မှန်း
မသိလို့ ဆွဲထုတ်လာခဲ့တာမရည်ရွယ်ပါဘူး
မောင်ရယ် ..... "
" အခုချက်ချင်းပြန်ချွတ်စမ်း.....အခုချက်ချင်း !!! "
လက်ညှိုးငေါက်ငေါက်ထိုးရင်းအသံကုန်
အော်နေတော့ အိမ်အကူကောင်မလေးတွေပင်
မသိမသာခိုးကြည့်နေကြတော့သည်။
" မင်းနဲ့လက်ထပ်တော့မယ့်အပြင် ငါ့ရဲ့
First time ကိုပါပေးထားတာတောင် ငါက
ဒီလောက်လေးနဲ့ မတန်ဘူးလား
သေချာစဥ်းစားပါဦး မောင်ရဲ့....."
ချစ်စရာကောင်းအောင်လုပ်ပြောနေတာမျိုးမဟုတ်။
အမြင်ကတ်ပြီးထရိုက်ချင်စရာကောင်းအောင်ကို
လုပ်ပြောနေသော ဒီမျက်နှာပေး နဲ့
ဘယ်ဘဝကများ ရေစက်တွေလဲမသိတော့။
လက်သီးတွေကိုတင်းနေအောင်ဆုပ်ထားရင်း
ရှိရှိသမျှဒေါသတွေကိုမျိုချလိုက်ရသည်။
မဂ်လာပွဲမပြီးခင်အထိ သည်းခံ သည်းခံ
JeonJungKook...။
---------------------------------------------------
ပျောက်သွားသည်။
" Hyung..."
" ကလေး..."
ဝမ်းသာသွားရသည်။
အကျင့်ပါနေပြန်သည်။
ရုန်းလိုက်သည်။
ဝင်ရောက်ထိုင်ခဲ့သည်။
ကိုယ်လာကြည့်ဦးမလို့...."
မသိခဲ့ပါဘူး...."
" Jimin..."
" ဘယ်..လို...မောင်ဆိုတာက..."
မယုံပါဘူး ။ ParkJiminသည်
NamJoonပါ။
" ဖယ်...လွှတ်...!! "
Hyungကငိုနေခဲ့တာ။
လိုချင်တာကဒါပဲ၊
စိတ်က အစွန်းရောက်သည်။
မဟုတ်ဘဲ။
ကွဲကြေသွားတော့မလို။
မဲ့သွားတော့တာ။
မှားယွင်းသွားတာ။
ဘဝကြီးနဲ့တစ်မျှပါပဲ....။
--------------------------------------
" ငါပြောပြမယ် SungWoon..."
ငါမူးအောင်သောက်မှာ..."
" နားငြီးတယ်..."
ထလိုက်ဖြစ်နေတော့သည်။
" SungWoon..."
"ဘာလဲ..."
" ကုန်းပိုးမယ် လာ..."
" အ့...ဘာတုန်းဟ..."
" ငါ NamJoonHyug ကို
ဖုန်းဆက်လိုက်ရမလား..... "
" တကယ့်ကို အမူးပါး..."
မနည်းထိန်းလိုက်ရသည်။
" ဘာလဲဟ..."
" မင်းပြန်လို့ရပြီ... ".
" ဘာ..."
နောက်နေရပါပြီ။
မင်းပြန်လို့ရပြီ..."
" ဘာတွေလာစားနေတာလား..."
ဒီလောက်ဆို ရပြီလား..."
လွန်လွန်ကဲကဲ။
" စိတ်ပျက်စရာတွေ..."
Jeonမသိတော့။
ခံနေရဦးမှာပဲ။
ကြုံးဝါးနေမိသည်။
" Hyung..."
" Hyungလို့..."
" Hyung ကြောင့် .... "
စတင်ခဲ့သည်။
" ဘယ်တော့မှ...ဘယ်တော့မှ...."
" မာမီမအိပ်သေးဘူးလား...."
သောက်စားလာရတာလဲ...."
မာမီအိပ်နှင့်တော့လေ...."
ထထွက်သွားခဲ့သည်။
ချနေမိသည်။
---------------------------------
ကျောတွေပင်ပူနေပြီ။
ရှုံ့မဲ့သွားတော့သည်။
ထုရိုက်နေခဲ့သည်။
" ဟ....ဘာလဲကွ...!!! "
ဘေးကိုချထားလိုက်သည်။
ညကငါ့ကို မင်း...."
သွားအိပ်...."
မဟုတ်ပေ။
ရှုံ့မဲ့လျက်သာပဲ။
ဆင်းလာခဲ့ပါဦးတဲ့...."
ပြုခဲ့သည်
ထွက်လာခဲ့သည်။
လိုက်ခဲ့..."
" နိုးလာကြပြီလား..."
" မောနင်း... မာမီ..."
သဘောကျခဲ့သည်။
" ဟုတ်ကဲ့ပြောပါ မာမီ..."
ဆိုတော့လေ...."
မာမီသွားဦးမယ်...."
" ဟုတ်ကဲ့ မာမီ..."
ရွှေ့လာပြီးပြီလား...."
ကြားလား..."
" ဟုတ်..."
" ဟုတ်ကဲ့မာမီ..."
" ဒါဆိုမာမီ ....သွားပြီ..."
" ဂရုစိုက်သွားဦးမာမီ..."
" မောင်...."
Jeonကြောင်အသွားသည်။
တစ်မျိုးတစ်မည်။
" ဘာလဲ..."
ဘာကအဆင်မပြေလို့လဲ .... "
" အဲ့ဒါလည်း ဟုတ်တယ်....."
ကျန်နေခဲ့သည်။
" မစားဘူး.."
ချာချာလည်နေတော့သည်။
အပြင်သွားရန်
ဘယ်လိုများဝတ်တာလဲ..."
မြောက်ကြွမြောက်ကြွ။
" ParkJimin...!! "
" ဘာလဲ..."
" မင်း...မင်း...ငါ့ဟာတွေကို..."
ဟာတွေကွ...! "
မောင်ရယ် ..... "
JeonJungKook...။
---------------------------------------------------
Continue Reading
You'll Also Like
94.1K 11.8K 14
အိမ်ကလေးထဲမှာ ဝက်ဝံသုံးကောင်ရှိတယ်။ အင်း သိပ်တော့မတည့်ကြဘူး။ Highest Rank (14.9.2022) #1 in jikook #8 in kookmin
4.2K 409 3
Bl fan fiction - Kookmin ပတ်ဂျီမင်း^ ဂျွန့်ကို မထိနဲ့ လုံးဝမထိမိစေနဲ့ ဂျွန် တခုခုထိခိုက်တာနဲ့ မင်းတို့တဆွေလုံး တမျိုးလုံးကို ငရဲကဘယ်လိုမျိုးလဲဆိုတာ င...
161K 15.8K 55
ငါမောင့်ကိုမချစ်ဘူးမောင်...
279K 48.5K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)