(20)
ထို ကန့်သတ်ဆေး ကို နှစ်ရက်ကျော် ဖော် စပ် ပြီး တဲ့နောက် ရရှိလာခဲ့တယ်။
ထိုနေ့မှာပဲ ဟွမ်ပေ့ကို ထိုဆေး ထိုးပေးပြီးတော့ ရလဒ်ကို စောင့်ဆိုင်း နေခဲ့တယ်။ နမ်ထုံရော ကျိုးချီပါ ဖန်ကာထားတဲ့ နံရံနောက်ကနေ ကြည့်နေကြပြီးတော့ အထဲက အယ်ဖာ က rut ဝင်လာကာ အခန်းထဲက ပယ်ရိုမုန်း ပမာဏ မြင့်တက်လာပြီ ဆိုတဲ့ အခါမှ ကျိုးချီက နမ်းထုံကို ဟွမ်ပေ့ ရှိရာ အခန်းထဲကို ဝင်သွား ခိုင်းလိုက်တယ်။
အခန်းထံမှာ rut ဝင်နေတဲ့ အယ်ဖာ တစ်ယောက်နဲ့ အိုမီဂါ တစ်ယောက်ဟာ ၁၉ နှစ်အထက် ကြည့်ခွင့် ရှိတဲ့ ကိစ္စရပ်တွေ ဆောင်ရွက်နေပြီးတော့ တစ်ချက် တည်း နဲ့တင် ကလေး ထုတ်လုက်နိုင်ဖို့ အစွမ်းကုန် ကြိုးစား နေကြပါတယ်။
ကျိုးချီ နဲ့ တစ်ခြား သူတွေ က ကြည့်မနေ ကြပေမယ့် သူ့တို့ရဲ့ လက်ပတ်တွေကို အာရုံစိုက်ထားကြပါတယ်။ ထိုဖန်စမ်းသပ် ခန်းထဲက တစ်ခုခု မှားယွင်း နေပြီ ဆိုတာ နဲ့ ထိုလက်ပတ်တွေကို အချက်ပေး လာမှာ ဖြစ်ပြီစတော့ ကျိုးချီ တို့က သွားပြီး ကယ်တင် ရမှာပဲ ဖြစ်လေတယ်။
ထို ဖန်စမ်းသပ်ခန်းထဲ မှာတော့ စားတာ ၊ အိပ်တာ နဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး အချိန်ကလွဲ ပြီးတော့ တစ်ချိန်လုံး ကလေးများ မကြည့်ရ မြင်ကွင်းတွေ ဆက်တိုက် ဖြစ်ပေါ်နေ ခဲ့ပါတယ်။
ကျိုးချီ က နောက်တစ်ရက်လောက် ထိစောင့် ပေးပါသေးတယ်။ ပြီးတော့ နောက်နေ့ ပြီးတော့ နမ်ထုံ လက်အောက်က သုတေသီ တစ်ချို့ဆီကို တာဝန်လွဲ ပြောင်းကာ သူ့အိမ်ကိုသူ ပြန်တော့တယ်။
ဟုတ်တယ်လေ။
ပြန်ရမှာပေါ့။
မနက်ဖြန်ပဲ မင်္ဂလာဆောင်တော့ မှာကို ။
သူများ တွေက ကလေးတွေ ထုတ်လုပ်ပြီး နိုင်ငံတော်ကို တိုးတက် အောင် လုပ်နေပြီ သူလည်း အားကျ မခံ နိုင်ပါပေ။ သူလည်း သူ့ကောကော နဲ့ အတူတူ လူမှုရေးအရင်းမြစ် တိုးတက်အောင် ဆောင်ရွက်ချင်ပါတယ်နော်။
ကျိုးချီ အိမ်ကိုပြန်ရောက်တဲ့ အချိန်မှာတော့ အိမ်တော်ထိန်းက မင်္ဂလာပွဲ လုပ်မယ့် ကျွန်းကို ကိုယ်ပိုင်လေယာဥ် နဲ့ တိုက်ရိုက်ခေါ် သွားခဲ့လေတယ်။
အဖေကျိုးနဲ့ အဖေ ချီ တို့ အပြင် အန်း မိသားစု ကလည်း ကျိုးချီ တစ်ယောက် မင်္ဂလာ အချိန်မှီ မရောက်မှာ စိုးရိမ်နေ ခဲ့ ကြတယ်။
မင်္ဂလာဆောင်ခါနီး လူကိုမှ နိုင်ငံအဆင့် လျှို့ဝှက်ပရောဂျက် ထဲ ဖိတ်သွားတာကြောင့် စိုးရိမ်မိသလို ဂုဏ်လည်း ယူမိလေတယ်။
ဖေဖေကျိူး ကတော့ ' နိုင်ငံ အဆင့် လျှို့ဝှက်ပရောဂျက် ' ဆိုတာ ကို ကြားရုံနဲ့ တင် ဒေါသ ထွက်တက်လေတယ်။ ဘာလို့လဲ ဆိုတော့ ချီရွေ့ ထိခိုက်ခဲ့လို့ပဲ ဖြစ်တယ်။ ဒါပေမယ့် ဘုရင်ကိုယ်တိုင်က တောင်းပန်စာလွှာ ပို့ပြီးတော့ မင်္ဂလာ ပွဲ မတိုင်ခင် ကျိူး အိမ်တော်ကို ပြန်ပို့ ပေးပါ့မယ် ဆိုလို့သာ သဘောတူလိုက်ရတာ ဖြစ်လေတယ်။
မနက်ဖြန်ဆို မင်္ဂလာပွဲ နေ့မလို့ အကုန်လုံး စိတ်လှုပ်ရှားနေပေမယ့် မနက်ဖြန် အစောထပြီးတော့ အလှပြင် ရမယ့် သတို့သား အိုမီဂါအန်း ကတော့ အစောကြီး အိပ်ယာဝင် သွားခဲ့ ပါပြီ။
သူ့ကလေးလေး က အချိန်မှီ ရောက်လာမယ် ဆိုတာ သူယုံပြီးသား ပဲ ဖြစ်လေတယ်။ သူ့ကလေးလေး က သူ့အတွက် လက်ထပ်လက်စွပ် ပြင်ထား ပြီးသား ဆိုတာ ကိုလည်း သိလေတယ်။
ဒါကြောင့် လုံးဝ စိတ်ပူပန်ခြင်း မရှိပဲ မနက်ဖြန် တစ်ချိန်လုံး တက်ကြွ နိုင်အောင်သာ အစောအိပ်ယာ ဝင်ခဲ့တာ ပဲ ဖြစ်လေတယ်။
ည ၁၁ နာရီ ကျတော့ ကျိူးချီ က ကိုယ်ပိုင်လေယာဥ်နဲ့ ကျွန်းကို ရောက်လာခဲ့တယ်။ သူများတွေ ကလည်း အိပ်နေပြီ ဖြစ်တာကြောင့် ကျိုးချီ လည်း အနှောင့်အယှက် မပေးတော့ပဲ သူအိပ်ရမယ့် အခန်းကိုသာ မေးလိုက်ရလေတယ်။
သူများတွေက အယ်ဖာ သတို့သားလေး က အခုလို ညကြီးရောက်ချ လာမယ်လို့ ကျိူးအိမ်တော်က ပါလာတဲ့ အလုပ်သမားတွေက ဘယ်ထင်ခဲ့ပါ့မလဲ။
သူတို့က သူတို့သခင်လေး အတွက် အခန်းကို သီးသန့် မပြင်ထားမိခဲ့ပေ။ ဒါပေမယ့် သူတို့ သခင်လေး ကို ကြည့်ရတာ အရမ်းပင်ပန်း လာတဲ့ ပုံပေါ် လေတော့ အလုပ်သမားတစ်ယောက်က သတို့သား အိုမီဂါ အခန်းထဲကို ပဲ ပို့လိုက်ဖို့ ဆုံးဖြတ်ခဲ့လေတယ်။
မဟုတ်လဲ သူတို့က မနက်ဖြန်ဆိုရင် ယူကြတော့မှာ ပဲဟာ။
အလုပ်သမားတွေက ကျိူးမိသားစုနဲ့ အန်းမိသားစုကို မနိုးတော့ပဲ ကျိုးချီကို အန်းဇီရှို့ အခန်းထဲကို ပို့ချ လိုက်တော့တယ်။
ကျိုးချီ ကလည်း ပင်ပန်း လာပြီ ဖြစ်ပြီး သူ့ကောကော အခန်းထဲ သွားအိပ်ရမှာ ဆိုတော့ ငြင်းမနေတော့ပဲ ဝင်သွားလိုက်လေတယ်။
မင်္ဂလာပွဲ လုပ်မယ့်နေရာက တကယ့် အပန်းဖြေ အိမ်အကြီးတွေ ရှိနေတာ ဖြစ်ပြီးတော့ အခန်းတွေကလည်း ကျယ်လေတယ်။ ကျိူးချီ က အခန်းထဲကို ဝင်ဝင် ချင်း အိပ်ယာ အကြီးကြီးပေါ်မှာ သူ့ကောကော က အိပ်နေတာကို တွေ့လိုက်ရတယ်။
သူ့ရဲ့ မောပန်း နွမ်းနယ် မှုတွေ အကုန် ပျောက်သွားသလို ပါပဲ။
ပြီးတော့ ၃ရက်လောက် ရေမချိုးရသေးတာ ကို သူက ပြန်အမှတ်ရ သွားတာကြောင့် ကျိူးချီ က ထွက်လာတဲ့ မုတ်ဆိတ်မွှေး ရေးရေး လေးတွေကို ရိတ်ဖို့အပြင် တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ဖို့ပါ ရေချိူးခန်းထဲကို ဝင်သွားလေတယ်။
ကျိုးချီ က ရေချိူးခန်း တံခါး ပိတ်သွားတဲ့ အချိန်မှာ အန်းဇီရှို့ က မျက်လုံးတွေ ပွင့်လာခဲ့လေတယ်။
သူက အစောကြီးအိပ်တာ ကြောင့် ညလယ်တစ်ရေး နိုးတာ ဖြစ်ပြီးတော့ နေရာစိမ်းတဲ့ အတွက်ကြောင့်လည်း သတိနဲ့ အိပ်တာပဲ ဖြစ်တယ်။ ဒါကြောင့် ရေချိုးခန်း တံခါး ပိတ်သံက မကျယ်ပေမယ့်လည်း သူက ဆက်ကနဲ နိုးလာတာ ပဲ ဖြစ်တယ်။
သူက မီးတွေ လင်းထန် နေအောင်ဖွင့်ပြီးတော့ အိပ်ယာဘေး မှာ ထားထားတဲ့ ဘေ့စ်ဘော ရိုက်တံ ကို ယူလိုက်တယ်။ ပြီးတော့ အိပ်ယာပေါ်မှာ အခန့်သား ထိုင်စောင့် နေခဲ့တယ်။
သူ့ရဲ့ တိုက်ကွမ်ဒိုနဲ့ ဂျုဂျစ်စု မှာ ရထားတဲ့ လက်မှတ်တွေက အလကား မဟုတ်တာကြောင့် သူက လုံးဝ မှကို မကြောက်ပေ။ ဒါ့အပြင် သူက ထိပ်တန်း အိုမီဂါဖြစ်တဲ့ အတွက်ကြောင့် ဘယ်အယ်ဖာ ရဲ့ ပယ်ရိုမုန်းကိုမှ သူမကြောက်ပါပေ။
အန်းဇီရှို့ရဲ့ အတွေးထဲမှာတော့ ရေချိူးခန်းထဲကနေ ထွက်လာမယ့် သူနဲ့ အကြိမ်တစ်ရာလောက်ကို တိုက်ခိုက် ပြီးပြီ ပဲ ဖြစ်လေတယ်။
ဘယ်သူမလို့ ရေချိူးခန်းထဲ အရင်ဝင်သွား ရတာလဲ။
သူ့အိပ်နေတာ ကို ဝင်လာတာ ဆိုတော့ သူ့မင်္ဂလာ ပွဲကိုလာနှောင့်ယှက် ချင်တာလား။
ဒီလိုဆိုရင်တော့ အန်းဇီရှို့က ဘယ်လောက်စွမ်း သလဲ ဆိုတာ ကို ပြသပေးလိုက်မယ်။
အန်းဇီရှို့ တစ်ယောက် အတွေးများ နေတုံး ရှိသေးတယ် ရေချိူးခန်း တံခါး က ပွင့်လာပြီးတော့ အဲ့ထဲက နေ ကျိုးချီ က ထွက်လာခဲ့တယ်။
ကျိူးချီ တစ်ယောက် ရေမိုးချိူး သန့်ရှင်းရေး လုပ်ပြီးတာနဲ့ သူက ချက်ချင်း အမြန်ထွက်လာတဲ့ အခါ ဘန်ဂလို တစ်ခုလုံး က မီးတွေ လင်းထိန် နေပြီးတော့ သူ့ကောကော ကလည်း ဘေ့စ်ဘော တုတ်ကို ကိုင်ကာ အိပ်ယာ ပေါ်မှာ ခြေထောက်ချိတ် ထိုင်နေပြီးတော့ မျက်မှောင်ကြုတ်ထားလေတယ်။
ဖြစ်နိုင်တာက သူ နောက်ကျမှ ပြန် လာလို့ သူ့ကောကော က စိတ်ဆိုး နေတာပဲ ဖြစ်ရမယ်။
သူ့ကို ရိုက်ဖို့ တုတ်အကြီးကြီး ရှာထားတာကို ကြည့်တော့လေ။
IQ 320 ကျော်ရှိတဲ့ စိန်အဆင့် သုတေသီ ကျိုးချီဟာ အကျိူးနည်း ဦးနှောက်ကို သုံးပြီးတော့ သူသာလျှင် အရင်ဆုံး ဝန်ခံ တောင်းပန် လိုက်ရင် သူ့ကောကော က သူ့ကို စိတ်ဆိုး ပြေမယ်လို့ တွေး မိပြီးတော့ အန်းဇီရှို့ ဆီကို တိုက်ရိုက် ပြေးသွားလေတယ်။
အန်းဇီရှို့ ကလည်း သူ့ကောင်လေး ဆိုတာတွေ့လိုက်ရတော့ လက်တွေကို ဖြန့်ကာ ပွေ့ဖက်ဖို့ လုပ်တုံး သူ့အယ်ဖာလေးက ဒုန်း ဆိုပြီးတော့ ဒူးထောက်ချကာ သူ့ခြေထောက်ကို ဖက်ပြီး တောင်းပန်တော့တယ်။
အန်းဇီရှို့က အပျော်လွန်လွန်းလို့ လက်ထဲက တုတ်ကို မချ မိတာကြောင့် ကျိုးချီ က စိတ်တအားဆိုး နေတယ် ထင်ပြီးတော့ ဒူးထောက်ချ တဲ့ အပြင် ခြေထောက်ကို ပါ ဖက်ပြီးတော့ ငို နေတာပဲ ဖြစ်လေတယ်။
'' ကောကော ရှောင်ကျိူး က မကောင်းတာပါ။ စောစော ပြန်လာသင့်တာကို ။ ရှောင်ကျိူးကို စိတ်မဆိုးပါနဲ့။ ''
'' ငါမင်းကို စိတ်မဆိုးပါဘူး ''
'' အဲ့တာ ဆို ကောကော က ဘာလို့ လက်ထဲမှာ ရှောင်ကျိူး ကို ရိုက်ဖို့ တုတ်ကြီး ယူထားသေးတာလဲ ''
'' ဒါမင်းကို ရိုက်ဖို့ မဟုတ်ပါဘူးကွာ ''
နောက်ဆုံးတော့ အန်းဇီရှို့က ကျိုးချီကို ကုတင်ပေါ် ထိုင်ခိုင်းပြီးတော့ သူထင်နေတာကို ရှင်းပြလိုက်တယ်။ ကျိူးချီ ကလည်း သူထင်နေတာ ကို ရှင်းပြလိုက်ပြီးတော့မှ နှစ်ယောက်သား နားလည်မှု ပြန်ရသွားကာ ရယ်မော ကြတော့တယ်။
'' ရှောင်ကျိူး အိပ်တော့ မနက်ဖြန် တစ်နေကုန် ပင်ပန်းမှာ ။ ''
'' ဟုတ်ကောကော ကောင်းသော ညပါ''
'' အမ်း ကောင်းသောညပါ ''
နောက်ဆုံးတော့ နှစ်ယောက်စလုံး တစ်ကယ် အိပ်ငိုက်နေ ပြီ ဖြစ်တဲ့ အတွက်ကြောင့် အိပ်ယာ တစ်ခုထဲ မှာပဲ အိပ်ပျော်သွားကြတော့တယ်။
..................
နှစ်ပိုင်းတင်သည်