[Complete] [BL ]မင်းအပြုံးလေး...

بواسطة Kyiphyuswe

213K 20.4K 681

[ ဒါက ကော လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်နိုင် တဲ့ အမျိုးသားတွေ အကြောင်းပါမှာ ဖြစ်ပါတယ်။ ဒါကြောင့် B X B မကြိုက်တဲ့... المزيد

မိတ်ဆက်
အပိုင်း (1)
အပိုင်း (2)
အပိုင်း(3)
အပိုင်း(4)
အသိပေးစာ
အပိုင်း (5)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း ( 9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း ( 12)
အပိုင်း (13)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17)
အပိုင်း (18)
အပိုင်း (19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27)
အပိုင်း (28)
အပိုင်း ( 29)
အပိုင်း (30)
အပိုင်း (၁)
အပိုင်း ( ၂ )
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း ( ၁၃)
အပိုင်း (၁၄)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) ဇာတ်သိမ်း

အပိုင်း (၁၆ )

1.6K 189 5
بواسطة Kyiphyuswe

(16)

နောက်တစ်နေ့ အန်းဇီရှို့ နိုးလာတော့ ဘေးနားက စားပွဲတင် နာရီကို ကြည့်လိုက်တဲ့ အခါ မနက် ၇ နာရီကို ညွှန်ပြနေတာ ကြောင့် ထလိုက်ကာ အရင်ဆုံး ရေချိူးခန်း ထဲ သွားပြီးတော့ ရေမိုးချိုးကာ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ပြီးတော့ အိမ်နေရင်း ပေါ့ပေါ့ပါးပါး အဝတ်လေး ဝတ်ကာ အောက်ကို ဆင်းလာလေတယ်။

ဒီနေ့က သူတို့ လက်မထပ်ရသေးခင် ၆ရက် အလိုပဲဖြစ်လေတယ်။

အောက်ထပ်မှာတော့ ကျိူးချီ က အေပရွန်ကို ဝတ်ကာ ချက်ပြုတ်နေတာ ပဲ ဖြစ်လေတယ်။ အန်းဇီရှို့က မီးဖိုချောင် တံခါးကို မှီရပ်ကာ လှုပ်လီ လှုပ်လဲနဲ့ ချက်ပြုတ်နေတဲ့ သူ့ရဲ့ အယ်ဖာလေးကို ကြည့်ကာ အချစ်စိတ်တွေ ယိုဖိတ်လို့လာပါလေတယ်။

အန်းဇီရှို့ က သူ့ထက် အရပ်အနည်းငယ် ပုတဲ့ ကောင်လေး ဆီကို သွားကာ အနောက်ကနေ သိုင်းဖက်ပြီးတော့ ခေါင်းပေါ်ကို မေးစေ့ တင်လိုက်လေတယ်။

'' ပေါင်ပေါင်း က ဘာတွေ ချက်နေတာလဲ? ''

'' ကောကော အတွက် ကိုလာ ကြက်တောင်ပံ ကြော်ရယ်၊ ငါးစွပ်ပြုတ်ရယ်၊ ခရမ်းသီးနှပ် ရယ်၊ ဝက်သား ဖက်ထုတ်ရယ် လုပ်နေတာလေ ''

'' ဝါး ကောကော ကတော့ အရမ်းကို ကံတွေ ကောင်း နေတော့တာ ပဲ နော်။ ကျိုးပေါင်ပေါင်း လေး က အကုန်ကို ချက်ပြုတ်တက် နေတော့တာပဲ။ ''

'' ကောကော ကလည်း.....  ''

ကြည်နူးနေတဲ့ မီးဖိုချောင် လေထုကို ဖျက်ဆီးလိုက်တာ ကတော့ ကျိူးဟန်တို့ လင်မယား ပါပေ။ သူတို့က မနက်အစော သူတို့သားအိမ်ကို လာကာ နှစ်ယောက် စလုံးကို မင်္ဂလာ ဝတ်စုံ ကိုယ်တိုင်း သွားပေးပြီး ချုပ်ဖို့နဲ့ ဖိတ်စာ ရိုက်ဖို့အပြင် မင်္ဂလာပွဲ နဲ့ ပတ်သတ်တဲ့ တစ်ခြား ကိစ္စအဝဝ ကို ကြိုတင် ဆောင်ရွက် ဖို့ရာ လာပြီး ခေါ်တာ ပဲ ဖြစ်လေတယ်။

ကျိုးဟန် နဲ့ ချီရွေ့တို့က သူတို့ရဲ့ လုပ်ငန်းတွေ ဆီကနေ ခွင့်ယူထားပြီးတော့ ကလေးတွေဆီကို မနက်အစောလာခဲ့တာပဲ ဖြစ်လေတယ်။ သူတို့ဆီမှာ ကျိုးချီရဲ့ အိမ်သော့ အပို တစ်ချောင်း ရှိတဲ့ အပြင် လက်ဗွေ စနစ်မှာလည်း ထည့်ထားတာကြောင့် ဒီတိုင်းပဲ ဝင်ချ လာတဲ့ အခါ ထို လှပတဲ့ မြင်ကွင်းလေးကို တွေ့လိုက်ရတာ ပဲ ဖြစ်လေတယ်။

ဗီလာ က အနည်းငယ် သေးတယ်လို့ ဆိုပေမယ့် တကယ်တမ်း ကျတော့ အတော့်ကို ကျယ်ပါတယ်။ မီးဖိုချောင်ကတစ်ဖက်ပွင့် စတိုင် ဖြစ်တာကြောင့် ဧည့်ခန်းထဲက လူတွေက မီးဖိုချောင်ထဲကို လှမ်းမြင်ရလေတယ်။

အစက ကျိုးဟန်ကော ချီရွေ့ပါ သူတို့သား က အန်းဇီရှို့ကို ဖက်ထားတာ လား လို့ ထင်ကြပေမယ့် သူတို့သား က အိုမီဂါအန်း လိုမျိူး အရပ်မရှည်တာ မှန်း ပြန်အမှတ်ရ သွားတဲ့ အခါ ကျိူးဟန် ခမျာ လက်ထဲက ယူလာတဲ့ ထမင်းဘူး အိတ်က မြေပေါ်ကို ဘုန်းကနဲ ပြုတ်ကျ သွားလေတယ်။

ချီရွေ့လည်း ကြောင်အန်း နေပေမယ့် သူ့ခင်ပွန်း က သူကိုယ်တိုင် သူ့သား အတွက် လုပ်လာတဲ့ ထမင်းဘူးကို မြေပေါ် ပစ်ချ လိုက်တာကို တွေ့လိုက်ရတော့ ဗိုက်ကို ချက်ချင်းပဲ လိမ်ဆွဲ ပစ်လိုက်လေတယ်။

'' အားးးးး! ''

ကြည်နှုး တစ်တီတူး နေကြတဲ့ ကျိုးချီ တို့ စုံတွဲ ခမျာ 'ဘုန်း ' ဆိုတဲ့ တစ်ခုခု ပြုတ်ကျ သံကို ကြားလိုက်ရပြီး အားလို့အော်သံ ကြားလိုက်ရတော့ လန့်ပြီး လူချင်းခွာလိုက်ကာ အနောက်ကို ပြန်လှည့်ကြည့်လိုက်တော့ ကျိူးဖေဖေ ကိူ ချီဖေဖေ က ဆွဲလိမ်ထားတာ ကို တွေ့လေတယ်။

'' လောင်ဖော ရယ် ကိုယ်နာတယ်လို့။ အားးးးး အားးးးး လွတ်ပါအုံး။ ''

'' ငါ မနက်အစောကြီး ထပြီးတော့ ငါ့သားအတွက်ချက်ထားတာကို မင်းက လွင့်ပစ်ရဲတယ်ပေါ့လေ ဟမ်!''

'' မဟုတ်ပါဘူးကွာ။ လောင်ဖောရာ ကိုယ်ပြောတာ ကို နားထောင် ပါအုံးနော်။ အား..... ''

'' ပြောစမ်း ၊ ငါ့ကို စိတ်ကျေနပ်စေမယ့် ဖြေရှင်းချက် မရလို့ ကတော့ ခများကြီး ဒီနေ့ သေဖို့သာ ပြင်ထား ''

'' ရှင်းပြပါ့မယ် လွှတ်ပါအုံး လွှတ်ပါအုံး''

'' ပြော!''

'' ကိုယ်တို့ သား က အိုမီဂါ လို့ အထင်မှားသွားလို့ပါ ''

ဖေဖေ ချီ ခမျာလည်း အနည်းငယ်တော့ တွန့်သွားလေတယ်။ အစောတုံး က မြင်ကွင်းကို ပြန်တွေးကြည့်မိတဲ့ အခါ သူ့သားအယ်ဖာလေး ကဟင်းချက်နေတုံး က အိုမီဂါအန်း ရဲ့ ဖက်ထားခြင်းကို ခံထားရတာ ပြန်မြင်ယောင်မိတယ်။

သူ့အမျိုးသား အထင်လွဲ တော့လည်း လွဲ ချင်စရာ ပဲလေ။

အိုမီဂါ အန်းရဲ့ ရှည်လျား လှတဲ့ အရပ်ကြီး ကတော့ တကယ့်ကို အံ့သြ စရာပဲ။

သူတို့မြေးလေး ရရင် သေချာပေါက် အရပ်ရှည်နေတော့ မှာ အသေအချာပဲ။

ဒါနဲ့ နေပါအုံး!

သူ့သားလေး က ဟင်းချက်နေတယ်!

တကယ်ကြီးလား! !

အဲ့ကျမှ ကျိုးလင်မယားလည်း အဓိက အချက်ကို သဘောပေါက် သွားလေတယ်။

အိုမီဂါအန်း နဲ့ ကျိုးချီ တို့က ဟင်းပွဲတွေကို သယ်လာကာ စားပွဲပေါ် တင်ပြီးတော့ ကျိူးလင်မယားကို ပြောလိုက်တယ်။

'' ဖေဖေ တို့လာပြီးတော့ စားလေ။ အခုမှ ၈ နာရီပဲ ရှိသေးတာ မဟုတ်လား ။ပြီးမှ မင်္ဂလာ ပွဲနဲ့ ပတ်သတ် တာတွေ သွား ကြည့် ကြတာပေါ့ ''

'' ဖေဖေလေးချီ ရှောင်အန်းကို လက်ထဲက အိတ်လေး ပေးပါ။ ရှောင်အန်း ဟင်းပွဲတွေကို ထည့်ခဲ့မယ်လေ ''

အန်းဇီရှို့ က ပြောလာတာကြောင့် ချီရွေ့က အစောက အောက်ကို ပြုတ်ကျ သွားလို့ ပြန်ကောက်ထားတဲ့ ဟင်းဘူး အိတ်ကို ကမ်းပေးလိုက်လေတယ်။

အန်းဇီရှို့က သူ့ယောက္ခ မ ဆီ ကနေ အိတ်လေး ယူပြီးတော့ ဟင်းပွဲတွေ သွားထည့်လေတယ်။

ကျိုးလင်မယားက အခုထိ ကြောင်အ နေဆဲပါပေ။

သူတို့ရဲ့ အရူးသားလေး က ဘယ်တုံး ကများ ဟင်းချက်တက် သွားတာလဲ။

ဘယ်သူကဟင်းချက် တာကို သင်ပေး လိုက်တာလဲ။

ပြီးတော့ မိဘတွေ ဖြစ်တဲ့ သူတို့က ရော ဘာလို့ မသိရတာလဲ။

ဒါ့ထက် အဲ့ဟင်းတွေ က တကယ်ရော စားလို့ ရပါ့မလား။

လင်မယား နှစ်ယောက်လုံး က မတိုင်ပင်ထား ပဲနဲ့ အတူတူ စားပွဲပေါ်က အရောင်အသွေး စုံလင် လှတဲ့ ဟင်းပွဲတွေကို တစ်ပြိုက်နက် ထဲ ကြည့်လိုက်ကြတယ်။

ဖေဖေချီ ကတော့ ဟင်းပွဲတွေကို ကြည့်ကာ ပြုံးနေပေမယ့် ဖေဖေ ကျိူး ကတော့ မျက်မှောင်ကြီး ကြုတ်နေလေတယ်။

အတူတူ မိသားစုတွေ ထမင်းစား ကြတဲ့ အချိန်ထိကို အဖေ ကျိုး က မျက်မှောင် ထားဆဲပဲ ဖြစ်လေတယ်။

ချီရွေ့က သူတို့သား ချက်ထားတဲ့ ဟင်းတွေကို မြည်းကြည့် ပြီးတဲ့နောက် အရသာ ရှိတာကို သိခဲ့ ရတယ်။ ဒါပေမယ့် သူ့ခင်ပွန်းက မျက်မှောင်ကြီး ကြုတ်ထား တုံးပဲ။ အရှေ့မှာ အတူတူ ထိုင်စားနေတဲ့ ကလေးနှစ်ယောက် ကလည်း အနေ ကြပ်နေခဲ့ ပါပြီ။

ထမင်းစားပြီးတဲ့နောက် အန်းဇီရှို့က အသီးတွေ လှီးပြီးတော့ သူတို့ ၃ ယောက်ကို စားစေကာ သူကတော့ ပန်းကန်တွေ နဲ့ အိုးတွေကို သွားဆေး ခဲ့လေတယ်။

အခုချိန်ထိ မျက်မှောင်ကြုတ်ထားတာ ကြောင့် ချီရွေ့ က ကျိူးဟန်ရဲ့ ခြေထောက်ကို တက်နင်း လိုက်လေကာ ခပ်တိုးတိုး ပြောလိုက်လေတယ်။

'' ခများကြီး မျက်နှာက ဘာဖြစ်နေတာလဲ? ''

'' ဟွန့် ''

ဧည့်ခန်းထဲမှာ အတူတူ ထိုင်တဲ့ အချိန်မှာတောင် ကျိုးဟန်က မျက်နှာကြီး မဲနေဆဲ ပါပဲ။

နောက်ဆုံး မတက်နိုင်တော့တဲ့ အခါ ကျိူးချီက မျက်နှာငယ်လေး နဲ့ ချော့မော့လာလေတယ်။

''ဖေဖေ့ ဘာဖြစ်နေတာလဲဟင်။ သား ချက်တာကို သဘော မကျလို့လား ''

'' မဟုတ်ဘူး ''

'' အာ့ဆို ဘာဖြစ်တာလဲဟင် ''

'' ဘာမှ မဖြစ်ဘူး။ ''

'' ပါ့ပါ့.... ''

ကျိူးချီ ရဲ့ မျက်လုံးလေး တွေက မျက်ရည်တွေ ဝေ့သီလာခဲ့လေတယ်။

'' မင်း ဟင်းချက် ခဲ့တာက ဒါက ပထမဆုံး အချိန်မဟုတ် ဘူး မလား ''

'' ဟုတ် ''

'' အမလေး ငါ့သား က သူဟင်းချက် တက်တာ ကို ငါတို့ကိုတောင် မပြောဘူးတဲ့။ အခု ငါတို့သာ မလာရင် သူ ဟင်းချက်တက်တာ သိမှာတောင် မဟုတ်ဘူး ''

'' ပါ့ပါ့..... သားက.....သားက မပြောချင်တာ မဟုတ်ပါဘူး။ သားက သေချာချက်တက်မှ ပါ့ပါ့ တို့ ဆီကို လာပြီး နေ့လည်စာ ဘူး လုပ်ပေး မလို့ပါဆို ''

'' တကယ်လား ''

'' တကယ်ပါဆို့ ''

'' အဲ့တာဆို နောက်နေ့ ကစပြီးတော့ ငါ့ရဲ့ ရုံးကိုရော မင်းဖေဖေ ရဲ့ ရုံးကိုရော ရှောင်အန်း အတွက်ပါ နေ့လည်စာ လုပ်ပေး တော့ ''

'' ဟုတ် ''

ဘေးနားက ထိုသားဖ နှစ်ယောက်ကို ကြည့်နေတဲ့ အိုမီဂါ နှစ်ယောက် က ဆွံ့အ နေရင်း နဲ့ပဲ ကြည့်နေမိတော့တယ်။

.................

ကြားထဲမှာ ၁၅ ကို ကျော်ခဲ့ မိတယ် ။

ဟက်ပီး ဘက်ဒေး တူမီ 😄❤

ကိုယ့်မွေးနေ့ မလို့ ၃ ပိုင်း တင်ပေး ထားပါတယ်။ ဒါကို နောက်တစ်ပိုင်းလို့ ပြောပြီး ကျက်သရေ လာယုတ်ရင် ဘယ်သူ့ကို မဆို mute မည် 😀❤

واصل القراءة

ستعجبك أيضاً

1M 105K 138
Author-POWER TIME Born ugly, the emperor had been bullied since his childhood until he met an eunuch... The idiot eunuch save not only the abnormal a...
231K 20.7K 90
Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛 BL love novel (We have PaidGP) 💛💙💜💚❤...
7.9M 462K 48
Wang Li Xun, the Crown Prince, goes out hunting for the Celestial Flower to save his mother from a terminal illness. When he nearly dies from the att...