[Complete] [BL ]မင်းအပြုံးလေး...

By Kyiphyuswe

208K 20.2K 623

[ ဒါက ကော လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်နိုင် တဲ့ အမျိုးသားတွေ အကြောင်းပါမှာ ဖြစ်ပါတယ်။ ဒါကြောင့် B X B မကြိုက်တဲ့... More

မိတ်ဆက်
အပိုင်း (1)
အပိုင်း (2)
အပိုင်း(3)
အပိုင်း(4)
အသိပေးစာ
အပိုင်း (5)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း ( 9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း ( 12)
အပိုင်း (13)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17)
အပိုင်း (18)
အပိုင်း (19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27)
အပိုင်း (28)
အပိုင်း (30)
အပိုင်း (၁)
အပိုင်း ( ၂ )
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း ( ၁၃)
အပိုင်း (၁၄)
အပိုင်း (၁၆ )
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) ဇာတ်သိမ်း

အပိုင်း ( 29)

2.5K 233 0
By Kyiphyuswe

(29) extra 3 ( လီချိန်ဟွာ ၊ ကျင်းရှင်း)

ကျင်းရှင်းဟာ စစ်သူကြီး ကျင်းရဲ့ ကောသားလေး ဖြစ်ပြီးတော့ အသက် တစ်ဆယ့် ခုနှစ် နှစ်မှာတင် ကျန်းနန်ဝမ်ရယ် စီးခုန်ချီယာ့ ဆီကို ကြင်တော်ငယ် အဖြစ် နန်းတော်မှ ပို့ဆောင်ခြင်း ခံလိုက်ရလေတယ်။

ကျင်းရှင်းဟာ သူ့ရဲ့ အိမ်မက်တွေ ပြိုကွဲ သွားပြီ ထင်ခဲ့ပေမယ့် အိမ်မက်တွေက သူနဲ့ လက်တစ်ကမ်း အလိုမှာ ရောက်နေခဲ့တယ်။ ကျန်းနန် ဝမ်ရယ် စီးခုန်ချီယာ့ က သူ့ရဲ့ ကြင်ယာတော် ငယ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူ့ရဲ့အိမ်မက်ကို လဲလှယ်ပေးခြင်း ခံခဲ့ရတယ်။

ကျန်းနန်ဝမ်ရယ် စီးခုန်ချီယာ့က သူ့ကို ကောင်းမွန်တဲ့ ဆရာခေါ် ပေးကာ စစ်ရေးစစ်ရာတွေ သင်ပေးပြီး ကိုယ်ခံ ပညာကို ပါလေ့ကျင့် ပေးခဲ့တယ်။ ဒါတင် မကသေးပဲ သူ့ရဲ့ လက်ထောက်အဖြစ်လည်း ထားခဲ့သေးတယ်။

ကျင်းရှင်းဟာ နိုင်ငံတော်ကို ကာကွယ်လိုတဲ့ ဆန္ဒကို ဖြည့်စည်း ပေးခဲ့တဲ့ စီးခုန်ချီယာ့ကို အရမ်း ကျေးဇူးတင်ပြီးတော့ သစ္စာစောင့် သိခဲ့တယ်။

တစ်နေ့မှာတော့ သူက သူပုန်တွေကို သုတ်သင်နေရင်းနဲ့ မြားမှန်ကာ သေသွားခဲ့လေတယ်။ တကယ့်ကျင်းရှင်း နေရာမှာ ခေတ်သစ် မူရင်း မန်ဟွ ရေးဆွဲသူက အစားထိုး ဝင်ရောက်လာခဲ့တယ်။

မူရင်းမန်ဟွ ရေးဆွဲသူ ' ကိတ်မုန့်ချိုချို ' ဟာ သူ့ရဲ့ မန့်ဟွက ဆွဲထားတာနဲ့ တစ်ခြားဆီ ပြောင်းလဲ သွားတာကို ရှာတွေ့သွားတယ်။ တစ်ခြားသူတွေက မသိကြပေမယ့် ကိုယ်တိုင်ဆွဲတဲ့ သူတော့ သိလေတယ်။ အစကတော့ သူ့ရဲ့ မန်ဟွဆွဲတဲ့ အကောင့်ကို တစ်ခြားသူက ခိုးပြီးတော့ ဇာတ်ကြောင်း ပြောင်းခဲ့တယ် ထင်ခဲ့ပေမယ့် အကောင့် ဟက်ခံထားရတဲ့ အခြေအနေကိုလည်း မတွေ့ခဲ့ပေ။

ဆိုတော့ ဒါက ဒဏ္ဏာရီလာ ထူးဆန်းမှုကြီးပေါ့!

အသစ်ဖြစ်တည်လာတဲ့ ဇာတ်ကြောင်းက သူ့ဆွဲထားတာထက် ပိုရှည်သလို ဇာတ်ကွက်က အပေါက်တွေနဲ့ ပြည့်နေခဲ့တယ်။

လက်ရာကောင်းကောင်းလေး ကနေ မှိုတက်သွားလို့ စားမရတော့တဲ့ မုန့်လိုမျိုး ပြောင်းလဲ သွားခဲ့တယ်။ အဆိုးဆုံးကတော့ ဇာတ်လိုက်မင်းသားနဲ့ ဖိုင်နယ်ဘော့စ် တို့က ရသွားတာပဲ ဖြစ်လေတယ်။

ပိုအဆိုးဆုံးကတော့ ပါ့ပါ့ပါ့တဲ့ မြင်ကွင်းတွေ အကုန် ဆင်ဆာ ဖြတ်ထားတာပဲ!

ငါလူးထဲမှ!

ဒီလောင်ဇီက ကြိုးစားပမ်းစား ဆွဲထားရတဲ့ အဖိုးတန် လက်ရာတွေကွ! !

တစ်ခြားသူတွေ အကုန်လုံး ကလည်း ဟက်ပီးအမ်းဒင်း တွေနဲ့ ချည်းပဲ အဆုံးသတ်ထားတယ်။

စီးခုန်ချီမြန်တောင်မှ အဆုံးသတ် က လုံးဝကို အကောင်းကြီးပဲ! !!

သူက အဲ့လို ရေးဆွဲချင်တာ လုံးဝ လုံးဝ ကို မဟုတ်ရပါဘူးနော်!

သူက ဘယ်လိုပဲ တစ်ဦးတည်းသော ဇာတ်လိုက် ဖြစ်ပါစေ တစ်နေ့ သေမှာပဲ ဆိုတဲ့ အသိကို စာဖက်တဲ့သူတွေ သိစေချင်တာ!

သူတို့ကို စပရိုက် တိုက်ချင်တာလို့!

သူက ဇာတ်လိုက်မင်းသမီး မရှိပဲ နောက်ဆုံးမှာ ဇာတ်လိုက်ကို သတ်ပြစ်ခဲ့တဲ့ ပထွေးလို ရေးဆွဲသူပါလို့!

သူက သေလောက်အောင် ဒေါသထွက်သွားကာ ဘေးနားက ရေခွက်ကို ယူပြီး သောက်တဲ့ အချိန်မှာ ရေသီးသွားကာ သေဆုံးသွားပါတော့တယ်။

ဖာ့ခ် ပဲနော် ။

သူဟာ ဇာတ်​ကြောင်းထဲက သိပ်အရေးမပါတဲ့ လူတစ်ယောက် ကိုယ်ထဲကို ကူးပြောင်း လာခဲ့တယ်။ ဇာတ်ရံကောင်လေး ကျင်းရှင်းပေါ့လေ။

ဒီလိုမျိုး ဇာတ်ကြောင်ထဲ ကူးပြောင်းလာတာ မျိူးက သူနဲ့ မစိမ်းသက် ပေမယ့် သူက ဇာတ်ကြောင်းအပေါက်တွေ မဖြည့်လိုက်ရပေ။

သူကူးပြောင်းလာတော့ ဇာတ်လိုက်က သားငါးယောက်တောင် မွေးပြီးသွားပြီလေ။

သူက ဘာဆက်လုပ်နိုင်တော့မှာ တဲ့လဲ။

ကူးပြောင်းသူတွေ မှတ်တမ်းမှာ အဆိုးဝါးဆုံး ကူးပြောင်းမှု ပဲ ဖြစ်ရမယ်။

ကျင်းရှင်း သတိပြန်လည် လာတော့ ဧကရာဇ် ချီယာ့ က သူ့ကို သူပုန်တွေ နိုင်နင်းနိုင်ခဲ့လို့ ရာထူး တစ်ဆင့် တိုးပေးကာ သူပုန်တွေ သိမ်းထားတဲ့ မြို့ကို ကျင်းရှင်းအား ပြန်ချီးမြင့်ပြီးတော့ လိုရာဆု တစ်ခုကို တောင်းခိုင်းခဲ့တယ်။

အရင်ကျင်းရှင်း ဆိုရင် မြို့ကို အပိုင်စား ရပြီးသွားပြီ ဖြစ်လို့ လိုရာဆုကို ငြင်းလိုက်မှာပဲ ဖြစ်လေတယ်။ ဒါပေမယ့် ယခု ကူးပြောင်းလာတဲ့ ကျင်းရှင်း ကတော့ လက်ခံ ခဲ့ပြီးတော့ အမျိုးသား တစ်ယောက် ကို ချီးမြင့်ပေး ပါလို့တောင်းဆိုခဲ့တယ်။

ချီယာ့က တကယ့်ကြီး ကို အံ့အားသင့် သွားခဲ့တယ်။ နောက်ဆုံးတော့ ကျင်းရှင်းက အိမ်ထောင်ပြုချင်စိတ် ရှိသွားခဲ့ပြီပဲ။ ကောအမျိုးသား တစ်ယောက် အနေနဲ့ ကျင်းရှင်းက လက်ထပ်ဖို့ အရွယ်လွန်နေ ပြီးပဲ ဖြစ်လေတယ်။

ကျင်းရှင်းဟာ သူ့အပေါ် သစ္စာရှိတဲ့ လက်အောက် ငယ်သား ဖြစ်တဲ့ အတွက်ကြောင့် သူ့ကို အရွယ်လွန်နေပြီလို့ မတွေးမယ့် နာခံတက်မယ့် သူတွေကို ရွေးချယ်ခဲ့တယ်။ ထိုထဲမှာမှ စီးထူမျိူးနွယ်က သားအငယ်ဆုံးကို ချီယာ့က ကျင်းရှင်းအား ချီးမြင့်ဖို့ လုပ်ခဲ့တယ်။

ထိုသားငယ်လေး နာမည် က စီးထူ ထူ ပဲ ဖြစ်ပြီးတော့ နောက်ခံကောင်းကောင်း ရှိတဲ့အပြင် လိမ္မာတဲ့ ကောင်လေး ဖြစ်လေတယ်။ ချို့ယွင်းချက်လေး တစ်ခုပဲ ရှိလေတယ်။ အဲ့တာကတော့ သိပ်ပြီး ကျပ်မပြည့်တာ ပဲ ဖြစ်လေတယ်။ ပြီးတော့ သူ့မှာက မွေးမိခင် မရှိတော့တာကြောင့် အကိုဖြစ်တဲ့ စီးထူရှောက် က ပဲ တော်ဝင်မင်းသားကြီး အိမ်မှာ မေ့ဟွားကို ပြောပြီး ခေါ်ယူကာ စောင့်ရှောက် ပေးခဲ့တာပဲ ဖြစ်လေတယ်။

အခုချိန်မှာ အဲ့အပိုမီးသီးလေးကို ကျင်းရှင်း ဆီပို့ပေး ဖို့က အချိန်ကောင်းပဲ မဟုတ်လား။

ဒါပေမယ့် ထိုကောင်လေးရဲ့ ချို့ယွင်းချက်အတွက် ချီယာ့က လက်ဝတ်ရတနာတွေ၊ ပိုးဖဲတွေ၊ ငွေတွေ အများကြီး နဲ့အတူ ပါပို့ချလိုက်တော့တယ်။

အစကတည်းက ကျင်းရှင်းကလည်း သူ့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေမယ့် အရူးလေးကို စိတ်ကျေနပ်စွာနဲ့ လက်ခံခဲ့တယ်။ အရူးလေးက လှပပြီးတော့ လိမ္မာနာခံ ကာ သစ္စာမဖောက် ဘူးလေ။

အကောင်းဆုံး ကတော့ သူ့ကို အမြဲတမ်းကပ်တွယ် နေတက်တာပဲ။

အစကတော့ ဇာတ်လိုက်မင်းသား ကို မူရင်းဇာတ်ကြောင်း အဖြစ်ရောက်အောင် ပို့ပေးချင်ပေမယ့် ဒီလို အလိမ္မာအိမ်ပါလေး ကို ပေးပြီး လာဘ် ထိုးတဲ့အတွက် ကြောင့် သူက ဒီအတိုင်းသာ ခွင့်လွတ်ပေးလိုက်ပြီးတော့ ဇာတ်မြုပ်ကာ နေသွားတော့တယ်။

..........................

[ လီချိန်ဟွာ x စီးခုန်ချီလန်]

အိမ်ရှေ့မင်းသား စီးခုန် ချီလန် ဟာ ခမည်းတော် ရဲ့ စီစဥ်ပေးမှု အောက်မှာ လီချိန်ဟွာ ဆိုတဲ့ အမျိုးသားကော စေ့စပ်သူ တစ်ယောက် ရှိခဲ့လေတယ်။

ထိုကောင်ငယ်လေး ကို သူကလည်း သဘောကျ သလို ထိုကောင်လေး ကလည်း သူ့ကို သဘောကျလေတယ်။

လက်ထပ်ခါနီးတော့မှ ပဲ အမွှာ စီးခုန်ချီမြန် က ထီးနန်းကို တက်သိမ်းကာ သူ့ကို ထိန်းသိမ်းထား လိုက်တော့တယ်။ သူဟာ စီးခုန်ချီမြန်ရဲ့ အမွှာ ဖြစ်ပေမယ့် နန်းအမွေခံ အိမ်ရှေ့စံ မင်းသား ဖြစ်တဲ့ အတွက်ကြောင့် ချီမြန် က သူ့ကို မနှိပ်စက်ပါပဲ အကျယ်ချူပ် ချထားခဲ့လေတယ်။

ရာထူးအာဏာ မရှိတော့ပဲ အကျယ်ချုပ် ခံရတဲ့ လူအဖို့ ထို ချစ်စရာကောင်းတဲ့ ကောင်လေး ကို လက်ထပ်ခေါ်ယူ ဖို့ မဝံ့ရဲ ပါပေ။ ချီမြန် ကတော့ လိုချင်ရင် လက်ထပ်ပွဲ လုပ်ပေးမယ်လို့ ပြောပေမယ့် သူက ငြင်းပယ်ခဲ့တယ်။ သူတစ်ယောက်ပဲ ဆင်းရဲတာ က လုံလောက် နေပြီလေ။

ထိုကောင်လေး က အရွယ်နုငယ် သေးတာဖြစ်လို့ သူနဲ့ စေ့စပ်မှု ပြတ်ဆဲ သွားပေမယ့် နောက်ထပ် စေ့စပ်ကြောင်းလမ်း မှု ထပ်လုပ်လို့ ရသေးတယ်လေ။

နောက်တော့ ထိုကောင်လေးနဲ့ ချီလန် ဟာ ဆယ်နှစ်ကျော် ဝေးကွာခဲ့တယ်။ ဘယ်လောက်ပဲ အချိန်တွေ ကြာပါစေ ထိုကောင်လေးကို သူမမေ့ခဲ့ပေ။

လက်ထပ်မှု လက်ဆောင်အဖြစ် ပေးမယ်ဆိုပြီး ဆွဲထားတဲ့ ပုံတူ ပန်းချီလေးကို ပဲ အဖော်ပြု ကာ ချီလန် တစ်ယောက် အသက်ရှင်နေခဲ့တယ်။

ချီမြန်က သူ့ဆီကို အစေခံတွေ၊ အပျိုတော်တွေနဲ့ ကိုယ်လုပ်တော် တွေ ပို့ပေးပေမယ့် သူ့နှလုံးသားထဲက လူရဲ့ နေရာကို မမှီတာဖြစ်လို့ အကုန်လုံးကို ငြင်းပယ် ခဲ့လေတယ်။

အခုလောက်ဆို သူကြိုက်ခဲ့တဲ့ စေ့စပ်သူဟောင်း ကောအမျိုးသားလေးဟာ သူများရဲ့ ဇနီး ဖြစ်နေပြီး ကလေးလေးတွေလည်း မွေးပေးလောက်ရောပေါ့ လို့တွေးမိနေခဲ့တယ်။

ဆယ်နှစ်ကျော် ကြာပြီးတဲ့နောက်မှာ မင်းဆက်ပြောင်း လည်းမှုက နောက်တစ်ကြိမ် ဖြစ်ပွားခဲ့ ပြန်တယ်။ ဒီတစ်ခါ နန်းတက်တာ ကတော့ ကျန်းနန် ဝမ်ရယ် စီးခုန် ချီယာ့ ဖြစ်ပြီးတော့ ချီလန်ရဲ့ ညီငယ်လည်း ဖြစ်လေတယ်။

ချီယာ့လည်း ဧကရာဇ် ဖြစ်ပြီးတဲ့နောက် ချီလန်လည်း သာမန်ပြည်သူ အဖြစ် အဆင့်နိမ့်ခံလိုက်ရကာ အချုပ်အနှောင် ကနေ လွတ်ကင်းသွားလေတယ်။

သာမန်ပြည်သူ ဖြစ်သွားတယ် ဆိုပေမယ့် စံအိမ်ကျယ် တစ်လုံး ၊ မြင်းလှည်းတစ်စီးနဲ့ လယ်မြေ အကွက် ၃၀၊ ဆိုင်၃ ဆိုင် ရပြီးတော့ အခွန်လည်း ကင်းလွတ်ပေးထားတယ်လေ။ သာမန် လူတန်းစား ထဲမှာ ဆိုရင် ချီလန်က လူချမ်းသာ လို့ ဆိုလို့ရနိုင်တယ်။

ထိုအချိန်ရောက်မှ အပြင်မှာ ဖြစ်နေတဲ့ သတင်းတွေ အကုန်ပြန်ရခဲ့ ပြီးတော့ သူ့ရဲ့ စေ့စပ်သူဟောင်း ဟာ ယခု ဧကရာဇ် အသစ် ကျန်းနန် ဝမ်ရယ် အဖြစ် ရှိနေစဥ် က ဧကရာဇ် ဟောင်းက ကြင်ယာတော် ငယ်အဖြစ် ပို့ပေးခဲ့တယ်လို့ သိရလေတယ်။ အရင်က စေ့စပ်ကြောင်းလမ်းမှု တစ်ခု လုပ်ခဲ့ပေမယ့် အဆင်မပြေမှုတွေ ဖြစ်ခဲ့တယ် ဆိုတာကိုလည်း ကြားခဲ့ရလေတယ်။

ချီယာ့ဆီကို ပို့ခံရတယ်ဆိုရင်တော့ ချီယာ့က မသိမ်းပိုက်ဘူး ဆိုတာ ချီလန်သိလေတယ်။ ဘာလို့လဲ ဆိုတော့ ချီယာ့က ထန်ချီကို အရမ်းမြတ်နိုးမှန်း သိနေပြီးသား မလို့ပဲ ဖြစ်တယ်။

ကြင်ယာတော်ကြီး အဖြစ် လွတ်ခံရတဲ့ စီးခုန်မေ့ဟွား က အခုချိန်မှာ တော်ဝင်မင်းသားကြီး ဖြစ်ကာ စစ်သူကြီး ပေ့ကို အမျိုးသားအဖြစ် ပေးအပ်ချီးမြှင့်ခဲ့တယ်။

ကြင်ယာတော် ငယ်အဖြစ် ပို့ခံရတဲ့ ကျင်းရှင်း ကလည်း အခုဆို စစ်သူကြီး တစ်ယောက် ဖြစ်နေပြီး သူကောင်းပြုခံခဲ့ရတယ်။

လီချိန်ဟွာ ကိုတော့ စီးပွားရေး သံတမန် အဖြစ် ခန့်အပ်ပြီး မွန်ဂို ပြည်ကို လွတ်ပြီး ညှိနှိုင်း ခိုင်းနေတယ်လို့ ကြားခဲ့ရတယ်။

သူ့မှာ ရာထူးဂုဏ်တွေ မရှိတော့ပဲ ထိုကောင်ငယ်လေး က အမတ်ဖြစ်လာတော့ သူတို့ရဲ့ ဘဝတွေက မိုးနဲ့ မြေလို ဝေးကွာ သွားပြန်တယ်။

ချီလန် က သူ့ရဲ့ ခြံဝင်းလေးထဲမှာ ထိုင်ပြီး စာဖတ်နေခဲ့တဲ့ တစ်ရက်မှာ သူ့ခြံတံခါးက တွန်းကာ ဖွင့်ခံလိုက်ရတယ်။

'' ဘယ်သူလဲ? ''

ချီလန် လှည့်ကြည့်လိုက်တဲ့ အခါ ချစ်စရာကောင်လေး ကနေ ဆွဲမက်ဖွယ်ရာ အမျိုးသား ဖြစ်လာခဲ့တဲ့ လီချိန်ဟွာ က ရပ်နေတာကို တွေ့လိုက်ရတယ်။

'' ချီလန် ကောကော.....''

လီချိန်ဟွာက အပြုံးလေး တစ်ခုနဲ့ ပြေးလာပြီးတော့ ပွေ့ဖက်လိုက်ချိန်အထိ ချီလန် အေးခဲ နေဆဲပါပဲ။

''ချီလန် ကောကော ကို ရှောင်ဟွာ စောင့်နေခဲ့ရတာ။ ရှောင်ဟွာကို လက်ထပ်မယ်မလား''

''အင်း ''

ချီလန် က အယောင်ယောင် အမှားမှားနဲ့ ခေါင်းငြိမ့်လိုက်တယ်။

အဖြစ်အပျက်တွေက မြန်လွန်းလို့ ချီလန်ရဲ့ အသိစိတ်တွေ ပြန်ရလာတဲ့ အချိန်မှာ မင်္ဂလာဦးည တောင် ရောက်နေခဲ့ပါပြီ။

ချီလန် ခမျာ ထိုကောင်လေးနဲ့အတူ တစ်သက်လုံး အတူ ရှိနေသွားမယ်လို့ စိတ်ထဲမှာ ဆုံးဖြတ်ချက် ချရင်း မျိုးဆက်တွေ ရအောင် အားကြိုးမာန်တက် ဆောင်ရွက်လိုက်ကြ ပါတော့တယ်။

..................................................

နှစ်ပိုင်း ❤

Continue Reading

You'll Also Like

2.4M 173K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
1M 105K 138
Author-POWER TIME Born ugly, the emperor had been bullied since his childhood until he met an eunuch... The idiot eunuch save not only the abnormal a...
9.1K 970 13
No one is sent by accident to anyone.... Cover photo by @Xback -KHHK Birthday Present for @Xback-Lia