[Complete] [BL ]မင်းအပြုံးလေး...

By Kyiphyuswe

217K 20.5K 681

[ ဒါက ကော လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်နိုင် တဲ့ အမျိုးသားတွေ အကြောင်းပါမှာ ဖြစ်ပါတယ်။ ဒါကြောင့် B X B မကြိုက်တဲ့... More

မိတ်ဆက်
အပိုင်း (1)
အပိုင်း (2)
အပိုင်း(3)
အပိုင်း(4)
အသိပေးစာ
အပိုင်း (5)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း ( 9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း ( 12)
အပိုင်း (13)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17)
အပိုင်း (18)
အပိုင်း (19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (26)
အပိုင်း (27)
အပိုင်း (28)
အပိုင်း ( 29)
အပိုင်း (30)
အပိုင်း (၁)
အပိုင်း ( ၂ )
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း ( ၁၃)
အပိုင်း (၁၄)
အပိုင်း (၁၆ )
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) ဇာတ်သိမ်း

အပိုင်း (25)

3.3K 349 7
By Kyiphyuswe


(25)

ဧကရာဇ် စီးခုန်ချီယာ့ နန်းတက်ပြီးတဲ့နောက် သူက တိုင်းပြည်ကို အရင်မင်းဆက်တွေထက် ပိုပြီးတော့ ကောင်းမွန်အောင် စီမံ တည်ဆောက် နိုင်ခဲ့တယ်။

ပြီးတော့ ကျန်းဟူ လောက ကိုလည်း ဝင်မစွတ်ဖက်တော့ ပဲနဲ့ သူတို့ဘာသာ သိုင်းဘုရင်ကို ရွေးချယ်ခွင့်ပေး ခဲ့တယ်။ ဒါပေမယ့် ထို သိုင်းဘုရင်သာ နန်းတော်ကို တိုက်ရိုက် ဆန့်ကျင်ပါက ချက်ချင်း ဖျက်ဆီးလိုက်မှာပဲ ဖြစ်လေတယ်။

အခုက စီးခုန် ချီယာ့ နန်းတက်လာတာ ၃ နှစ်မြောက် ဖြစ်နေခဲ့ပါပြီ။ အကုန်လုံးပြီးပြည့်စုံ နေပေမယ့် သူ့မှာ အခုချိန်ထိ အမွေဆက်ခံ သူ မရှိသေးပါပေ။ ဒါကြောင့် အမတ်တစ်ချို့က သူတို့ သားသမီးတွေကို နန်းတော်ရဲ့ အနောက်ဆောင် ထဲကို ပို့ဖို့ ထပ်ပြီးတော့ ကြံစည်နေကြပြန်လေတယ်။

နန်းတော်အတွင်း ဖုန့်ဟွေ ဆောင်ထဲတွင် နုပျို လှပတဲ့ ကောင်လေးက မျက်မှောင်ကြုတ်ကာ အစေခံတွေ ဆက်တဲ့ ရေနွေးကြမ်းကို သောက်နေကာ အပျိုတော် တစ်ယောက် ပြောတာကို နားထောင် နေခဲ့တယ်။

'' ဒါဆို အရှင့်ကို ကိုယ်လုပ်တော် ကောက်စေဖို့ အပြင်မှာ အမတ်တွေက ကြံစည်နေကြတယ်ပေါ့လေ ''

'' ဟုတ်ပါတယ် ဧကရီ မယ်မယ် ''

'' သူတို့က ကောလ ဟာလတွေ ဖြန့်တဲ့ သူတွေဆိုတာ ကိုရော အရှင် က သိပြီးပြီလား ''

'' သိပြီးကြောင်းပါ။ ဒါပေမယ့် ဧကရာဇ် က ဘာမှ မတုန့်ပြန်ခဲ့ကြောင်းပါ။ ''

'' အို ဟုတ်ရဲ့လား.....''

ကောင်လေးရဲ့ မျက်ခုံးလေးတွေက ပိုစုကြုံ့သွား ပြီးတော့ သူလေးရဲ့ မျက်ဝန်းတွေက စူးရဲလာခဲ့လေတယ်။

'' အရှင်က ကိုယ်လုပ်တော် မကောက်ချင်လို့ပဲ ဖြစ်မှာပေါ့။ အဲ့တာကို ငါဧကရီ က ဘယ်လိုလုပ် ဝင်စွတ်ဖက် နိုင်ပါ့မလဲ ။ ''

ထိုသတင်းပေး နေတဲ့ အပျိုတော်လေး ရဲ့ မျက်နှာမှာ အမူအရာတစ်ချို့ ဖြတ်ပြေး သွားခဲ့တယ်။ ဒါပေမယ့် ခဏလေးသာ ဖြစ်လို့ ဘယ်သူမှ မမြင်လိုက် ရပေ။

'' ဧကရာဇ်ကို ပြည်သူတွေက မှားယွင်းပြီး အကြည်ညို မပျက်စေဖို့ ဧကရီ က ကိုယ်လုပ်တော် ရွေးပေးနိုင်တယ်လေ။ ဧကရာဇ်က ဧကရီကို ဘယ်လောက်တောင် တန်ဖိုး ထားသလဲ ဆိုတာ တစ်တိုင်းပြည်လုံး သိပါတယ်။ တကယ်လို့ ဧကရီကသာ နန်းတွင်း အပြင်က သူတွေကို ကိုယ်လုပ်တော် မမြောက်စေ လိုရင် ကိုယ့်လက်အောက်က နန်းတွင်း အပျိုတော် တွေ ရှိတယ်လေ ။ ဧကရီက မနာလိုဝန်တိုတဲ့ သူတစ်ယောက် မဟုတ်ဘူး ဆိုတာကို သက်သေ ပြဖို့ အကောင်းဆုံး အခွင့်အရေးပဲလေ ''

နန်းတက်ပြီးနောက်ပိုင်း ကိုယ်လုပ်တော် မယူတာမလို့ အပြင်ဘက်မှာ ဧကရီဟာ မနာလို ဝန်တို တက်တဲ့ သူဖြစ်လို့ ချစ်မြတ်နိုးရတဲ့ ဧကရာဇ် က ကိုယ်လုပ်တော် မယူတာ ဆိုတဲ့ ကောလဟာလ တွေ ပြန့်လာခဲ့တယ်။

ဧကရာဇ် ကတော့ ဧကရီ တစ်ယောက်ထဲ ​ကိုပဲ လိုအပ်တယ်။ ဆိုတဲ့ ကြော်ငြာစာကို ထုတ်ပြန်လိုက်တဲ့ အခါမှာတော့ တစ်တိုင်းပြည်လုံး ခွေးစာအကျွေးခံ လိုက်ရလေတယ်။

သာမန်ပြည်သူ တွေ ကြားထဲမှာတော့ ဧကရာဇ် နဲ့ ဧကရီ တို့ရဲ့ ချစ်ခြင်း တွေ၊ သစ္စာရှိမှုတွေကို လေးစားကြ ပေမယ့် အကြံရှိတဲ့ သူတွေ ကတော့ တစ်နှစ်ပြီး တစ်နှစ် ပိုလို့တောင် ဖိအားပေးလာခဲ့တယ်။

ပြီးတော့ အခုချိန်ထိ အမွေဆက်ခံ သူ မမွေးဖွား ပေးနိုင်သေးဘူး ဆိုတဲ့ အချက််ကို သုံးပြီးတော့ အခုလည်း ဧကရီ က ကလေးမွေးဖွားနှုန်းနိမ့်လို့ အမျိုးသမီး စစ်တွေ ကို တော်ကောက် ပါရန် ပြောလာခဲ့ပြန်တယ်လေ။

ထန်ချီလို ဖြူစင်တဲ့ ကလေးငယ်လေး ကနေ ဝမ်ရယ်ရဲ့ ကြင်ယာတော်အဖြစ် ၁နှစ်ကျော်နဲ့ အခုလို ဧကရီ နေရာမှာ ၃နှစ် နေခဲ့ ပြီးတဲ့နောက် ဘယ်လို လှည့်ကွက်တွေ ရှိနေသလဲ ဆိုတာကို သိနေပြီးသား ဖြစ်လေတယ်။

မဟုတ်ရင် ဧကရာဇ်ရဲ့ ဘေးကို သူတို့ဆွေမျိုးတွေ တွန်းတိုး ချင်နေတဲ့ အမတ်တွေရဲ့ ကြံစည်မှုကြောင့် သေတာကြာနေလောက် ပြီပဲ ဖြစ်တယ်။

ဧကရာဇ်ကိုယ်တိုင် ကလည်း သူ့ကို လူ့သဘော သဘာဝ ကို သင်ကြားပေးတဲ့ အပြင် တစ်ခါတစ်လေ နိုင်ငံရေးလှည့်ကွက်တွေ ကိုတောင် သင်ကြားပေးခဲ့သေးတယ်လေ။

ဧကရီ တစ်ယောက် ဆိုတာက အနောက်ဆောင်ကို ထိန်းချုပ်ပြီး ဧကရာဇ်ကို ခစားရတဲ့ အပြင် ဧကရာဇ်ရဲ့ တစ်ချို့ အပူအပင်တွေကိုပါ မျှဝေပေး ရလေတယ်။

သူက နောက်ခံ မရှိတဲ့ ဧကရီ ဖြစ်တဲ့အပြင် ဧကရာဇ်ကလည်း ချစ်မြတ်နိုးတာ ဖြစ်လို့ နိုင်ငံရေး ကိစ္စအတော်များများမှာ ကူပြီးတော့ ဆွေးနွေး နိုင်လေတယ်။ ဧကရီ ဆိုတိုင်း ဧကရာဇ်နဲ့ အတူတူ ထိုင်ကာ လျောက်လွှာတွေကို ဖက်နိုင်တယ်လို့ မဆိုလိုဘူးလေ။ ဧကရာဇ် အဆက်ဆက်က သူတို့ရဲ့ အနောက်ဆောင် က လူတွေကို နိုင်ငံရေး ထဲမှာ ပါဝင်ခွင့် မပေးခဲ့ကြလေဘူး။

ဒါကြောင့် ထန်ချီက အရမ်းကို ကံကောင်းတဲ့ သူဖြစ်လေတယ်။ ဒါကိုလည်း ထန်ချီသိလေတယ်။

ချီယာ့က နန်းသိမ်းပြီးတဲ့နောက် ဧကရာဇ် ဟောင်းနဲ့ သူ့မောင်းမတွေကို သာ ဖယ်ထုတ်ခဲ့ပေမယ့် အစေခံတွေကိုတော့ ရှင်းလင်းရေး ကြီးကြီးကျယ်ကျယ် မလုပ်ခဲ့ပေ။ ဒါကြောင့် အခုချိန်မှာ သူ့ကို ခစားနေတဲ့ လူတွေထဲမှာ တစ်ခြားသူတွေက စေလွှတ်လိုက်တဲ့ သူလျှိူတွေနဲ့ ရည်မှန်းချက် ကြီးတဲ့ သူတစ်ချို့ ရှိတယ်ဆိုတာ ထန်ချီ သဘောပေါက်တယ်။

ချီယာ့က ဒါတွေကို ထန်ချီ ကိုယ်တိုင် ဖြေရှင်းဖို့ ချန်ထားပေး ခဲ့တဲ့ ပြဿနာ တွေပဲ ဖြစ်လေတယ်။ ဒီလိုပြဿနာ အသေးလေးတွေမှ မကိုင်နိုင်ရင် နိုင်ငံတစ်ခုလုံး ရဲ့ မိခင် ဧကရီ ဖြစ်ဖို့ ဘယ်လိုလုပ် ထိုက်တန်ပါတော့ မလဲ။

'' ငါဧကရီ က ဘယ်လောက်ပဲ မျက်နှာသာ ပေးခံရပါစေ ဧကရာဇ်ကို ကျော်လွန်ပြီး လုပ်လို့ မရလေဘူး ဆိုတာကို မယ်မင်း မသိတာမဟုတ်လောက် ပါဘူး။ မယ်မင်းက ငါဧကရီရဲ့ အမျိူးသား အိပ်ယာဘေးမှာ အဖော်ပြုပေး ချင်နေတာလား''

ထိုအပျိူတော်ရဲ့ မျက်နှာ က နီမြန်းသွား ပေမယ့် သူမက အမြန်ပြောလာတယ်။

'' ဧကရီ ရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိတဲ့ အမတ်တွေရဲ့ သားသမီး မြေးတွေ ကို ဧကရာဇ်ဘေး ထားမယ့် အစား ဒီအစေခံ ကိုသာ ပို့ပြီး ထိန်းချုပ်လို့ ရတယ်လေ။ ဒီအစေခံ မွေးလာမယ့် ဆက်ခံသူက သေချာပေါက် ဧကရီကို မယ်မယ် လို့ခေါ်ရမှာပါ''

'' အိုး.....အတင့်ရဲလိုက်လေ''

ထန်ချီက ရေနွေးကြမ်း ခွက်ကို ဆောင့်ချလိုက်တယ်။ ထိုအစေခံကတော့ ကြောက်လန့် သွားကာ ဒူးထောက်ချလိုက်တယ်။ အစောက ရှက်သွေးဖြန်းတဲ့ မျက်နှာလေး ကလည်း ဖြူဖျော့ သွားလေတယ်။

'' မင်းကို ငါဧကရီ ခေါ်ထားတယ် ဆိုတာက မင်းရဲ့ အရည်အချင်းကို သဘောကျလို့ပဲ။ ဒါပေမယ့် မင်းက ငါ့ရဲ့ ပိုင်ဆိုင်မှုကို လိုချင်တက်မက် နေတယ်ဆိုရင်တော့ မင်းကိုလည်း ငါဧကရီက အခွင့်အရေး တစ်ခုပေး ရမှာပေါ့''

အစောက တွန့်ချိုးနေတဲ့ မျက်ခုံးတွေက ပြေလျော့သွားပြီးတော့ ထန်ချီရဲ့ မျက်နှာလှလှလေးမှာ အပြုံးလေး တစ်ခု ဖြစ်ထွန်းနေတယ်။ ဒါပေမယ့် ပါးချိူင့်လေး ကတော့ ပျောက်နေတယ်လေ။

ထိုအပျိုတော်ကလည်း အခွင့်အရေး ပေးမယ်ဆိုတဲ့ စကားကြောင့် အနည်းငယ် မျှော်လင့်ချက်လေး သန်းသွားပေမယ့် ဧကရီရဲ့ နောက်ဆက်တွဲ စကားကြောင့် သူမရဲ့မျှော်လင့်ချက်တွေ ကျိုးကြေ သွားတော့တယ်။

'' မင်းကို နန်းတွင်းထဲကနေ ထုတ်လိုက်မယ်။ အပြင်မှာ အမျိုးသား ရှာပြီး မိခင် တစ်ယောက် ဖြစ်အောင် လုပ်လိုက်ပေါ့။ ဟုန်မော့မော့ သူမရဲ့ ဆန္ဒ ကို ဖြည့်ဆည်းပေးလိုက်ပါ။ အို....ဒါနဲ့ အမတ်စန်းရဲ့ အိမ်တော်က လာတာမဟုတ်လား။ ငါဧကရီ က သူမရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်တာမလို့ သူမဆန္ဒ ဖြစ်တဲ့ အမတ်စန်းရဲ့ ကိုယ်လုပ်တော် ဖြစ်ဖို့ ခွင့်ပြုပေးလိုက်တယ်လို့ အမိန့်စာပါ ရေးပေးလိုက်''

'' ဧကရီမယ်မယ်.....  မလုပ်ပါနဲ့။ ဧကရီ မယ်မယ် ကျွန်မ မှားမှန်း သိပါပြီ..... ဝူး....ဝူး ''

'' နားငြီးတယ် ဆွဲထုတ်လိုက်''

ဟုန်ယိနဲ့ တစ်ခြား မော့မော့ တွေက ထိုအပျိူတော်ကို ဖုန့်ဟွေ နန်းဆောင်ထဲ ကနေ ဆွဲထုတ်သွားလေတယ်။ ဖုန့်ဟွေနန်းဆောင်ထဲ မှာတော့ ထိုအမျိုးသားလှလှလေး က သမ်းဝေပြီးတော့ အိပ်ယာထက်ကို သွားကာ အိပ်လိုက်တော့တယ်။

အခုချိန်က ဆောင်းဦးပိုင်း ဖြစ်တာမလို့ ဧကရာဇ်က အသက်ကြီးနေတဲ့ အမတ်တွေကို စာနာပေးတဲ့ အနေနဲ့ မနက် ၈ နာရီမှ ညီလာခံ စလေတယ်။ ညီလာခံ ကို မနက် ၁၁ နာရီမှာ သိမ်းလေ့ရှိတယ်။

ထိုနေ့မှာတော့ ချီယာ့ရဲ့ တစ်ကိုယ်လုံး က မသက်မသာ ဖြစ်နေလေတယ်။ ဘာမှမဟုတ်ပဲ စိတ်တို ဒေါသ ထွက်နေသလိိုလို ခံတွင်းပျက် နေသလိုလို ဖြစ်နေလေတယ်။

ဒီနေ့ညီလာခံမှာလည်း စစ်သူကြီး ပေ့က သူ့ရဲ့ နှစ်နှစ်သား သားလေးကို လက်ဆွဲပြီးတော့ ရုံးတော်ကို တက်လာခဲ့တယ်။ ဒါက ညီလာခံထဲက သူတွေအတွက်တော့ မထူးဆန်းတော့ပါပေ။

လွန်ခဲ့တဲ့ ၂ နှစ်က တော်ဝင် မင်းသမီးကြီး စီးခုန်မေ့ဟွားက စစ်သူကြီးပေ့ရဲ့ ကလေးကို မွေးဖွားပေးခဲ့ ပြီးတော့ စစ်သူကြီးပေ့က ကလေး တစ်နှစ်သား အရွယ်က စလို့ ညီလာခံကို ခေါ်ချလာလေတယ်။

ကလေးက မဆိုးတဲ့ အပြင် လိမ္မာတဲ့ သူဖြစ်လို့ ဧကရာဇ် ချီယာ့ က အရမ်းကို နှစ်သက်တော် မူတာကြောင့် တူလေးကို အဆင့် ၂' ချင်း ' မင်းသား အဖြစ် ဘွဲ့ပေးကာ ဝတ်စုံသေးသေးလေး ချုပ်ပြီး နေ့တိုင်း ညီလာခံ တက်စေတယ်။

ချီယာ့က ထိုကလေးကို မြင်တိုင်း အရမ်းသဘောကျလေတယ်။ ကံကောင်း ထောက်မလို့ သူ့တူလေးက သူ့ညီဝမ်းကွဲနဲ့ မတူပဲ စစ်သူကြီး ပေ့နဲ့တူလို့ပေါ့။ မဟုတ်ရင် သူခေါင်းကိုက်ရမယ့် အချိန်တွေ ရောက်လာအုံးမယ်။

ချီယာ့က ညီလာခံကို နေမကောင်းတဲ့ အတွက် စောစောသိမ်းပြီးတော့ သူ့ဧကရီရှိရာ ဆီကို သွားဖို့ လုပ်လိုက်တယ်။ ချင်းမင်းသား လေးနဲ့ သူ့အဖေ ပေ့လန်ကျင်း က ချီယာ့ဆီကို နိုင်ငံရေးနဲ့ ပတ်သက်လို့ အကြံပေးဖို့ လိုက်ပါလာခဲ့တယ်။

အမှန်တော့ သားဖ နှစ်​ယောက်သာ သခင်မကြီးရဲ့ စိတ်ကွက်တော် မူတာ ခံရတာမလို့ ဧကရာဇ်ဆီမှာ အလကားထမင်း လာစားကြတာပဲ ဖြစ်တယ်။

ဖုန့်ဟွေဆောင်ကို ရောက်တဲ့ အခါ အကုန်လုံးက စားသောက်ဖို့ ပြင်ဆင်ပြီးပါပြီ။ ချင်းမင်းသားလေးနဲ့ မင်းသမီးကြင်ယာတော် တို့ပါ ပါလာတာတွေ့တော့ သူတို့အတွက်ပါ ပန်းကန်တွေ ပိုထည့်ပေးလိုက်တယ်။

ထန်ချီကတော့ အစောလေး ကမှ ပြန်နိုးလာတာကြောင့် ရေချိူးပြီး အဝတ်လဲ ပြီးခါစ ပဲ ဖြစ်လေတယ်။

'' ကျွန်တော်မျိုးမ အရှင့်ကို နှုတ်ခွန်းဆက်ပါတယ်။''

'' ထပါ ဧကရီ ''

''ကျေးဇူးတင်ပါတယ် ''

အနောက်က ပါလာတဲ့ သားဖ ကို ကြည့်ပြီး ထန်ချီရဲ့ မျက်နှာသေ လေးကေ ရွှင်လန်း သွားလေတယ်။

'' ချင်းမင်းသားနဲ့ ပေ့စစ်သူကြီးပါလား''

'' ဒီတူတော်က အရီးတော် ကျန်းမာပါစေလို့ နှုတ်ခွန်းဆက်ပါတယ်''

'' အို ...ထပါကွယ် ''

'' ကျေးဇူးတင်ပါတယ် အရီးတော်''

''အရှင်နဲ့ အရှင်မ ထမင်းစားဖို့ အသင့်ဖြစ်နေပါပြီ ''

နောက်တော့ ချီယာ့တို့ အတူတူ ထမင်းစားတဲ့ အခါ ချီယာ့တစ်ယောက် အစောက နေမကောင်းတဲ့ ခံစားချက်ကြီးတိုး လာလေတယ်။ ထန်ချီ က သူကြိုက်တဲ့ ငါးနှပ်ကို ထည့်ပေးလာချိန်မှာတော့ ရင်ထဲက နေမကောင်းမှုတွေက ဆန်တက်လာကာ ပျို့လိုက်တော့တယ်။

ထိန်းလိုက်တာကြောင့် ဘယ်သူမှ မသိလိုက်ပေမယ့် အဓိက ဟင်းပွဲဖြစ်တဲ့ ဝက်သားချက်ကို အနံရလိုက်တဲ့အချိန်မှာ လေတွေအန်မိသား ဖြစ်သွားလေတယ်။

အရှင်ဧကရာဇ်က က ရုတ်တရက်ကြီး ပျို့အန်တာကြောင့် အကုန်လုံး ယောက်ယှက်ခပ်ကုန်ကာ တော်ဝင်သမားတော် တွေ အမြန်ပင့်ကြတော့တယ်။

နန်းဆောင်တစ်ခုလုံး ယောက်ယှက်ခက်နေပေမယ့် တည်ငြိမ်နေသူလေး ကတော့ ချင်းမင်းသားလေး ပါ။ သူကတော့ ထမင်းကိုပဲ ဟန်မပျက် ဆက်စားနေကာ ပြာပြာသလဲ ဖြစ်နေတဲ့ သူတွေကို အထူးအဆန်းနဲ့ ကြည့်နေခဲ့တယ်။

သူ့ရဲ့ ကလေးခေါင်းအတွေးလေး ထဲမှာတော့ အောက်ပါအတွေးတွေကို တွေးနေလေတယ်။

[ အိမ်က သခင်မကြီး ကလည်း နေ့တိုင်း အဲ့လို အန်နေတာပဲ မဟုတ်လား။ တခါတလေ ဖေဖေ၂ ကိုတောင် ထရိုက်နေသေးတာ။ ပြီးတော့ သခင်မကြီး ဗိုက်က ပူလာရော။ အခုလည်း ဦးရီးတော်က အဲ့လို အန်နေတာ ဆိုတော့ မကြာခင် ဦးရီးတော် လည်း ဗိုက်ပူလာတော့မယ် ထင်တယ်]

ဘယ်လောက်ပဲ တည်ငြိမ်ရင့်ကျက်ချင်ယောင် ဆောင်ပါစေ ချင်းမင်းသားလေးက ၂ နှစ်ကျော်လေးပဲ ရှိသေးတဲ့ ကလေးငယ်လေးရယ်ပါ။

..................

Continue Reading

You'll Also Like

1.3M 57.5K 180
Shu Yin was a "simple" boy who is overly mischievous despite his young age and that was why he died..... He died by drowning when he fell in the ocea...
475K 15.9K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
1.3M 61.4K 29
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
99.4K 11.1K 42
ကြွယ်ဝသော လယ်သူဌေးကြီး ယွီချင်ဇီသည် မိန်းမများမရှိ၊ ကောဟုခေါ်သော ကလေးဖွားနိုင်သော အမျိုးသားများနှင့် ယောက်ျားများသာရှိသော အခြားကမ္ဘာတစ်ခုသို့ ခရီးကျွ...