[Complete] [BL ]မင်းအပြုံးလေး...

By Kyiphyuswe

217K 20.5K 681

[ ဒါက ကော လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်နိုင် တဲ့ အမျိုးသားတွေ အကြောင်းပါမှာ ဖြစ်ပါတယ်။ ဒါကြောင့် B X B မကြိုက်တဲ့... More

မိတ်ဆက်
အပိုင်း (1)
အပိုင်း (2)
အပိုင်း(3)
အပိုင်း(4)
အသိပေးစာ
အပိုင်း (5)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း ( 9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း ( 12)
အပိုင်း (13)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17)
အပိုင်း (18)
အပိုင်း (19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27)
အပိုင်း (28)
အပိုင်း ( 29)
အပိုင်း (30)
အပိုင်း (၁)
အပိုင်း ( ၂ )
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း ( ၁၃)
အပိုင်း (၁၄)
အပိုင်း (၁၆ )
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) ဇာတ်သိမ်း

အပိုင်း (22)

3.3K 353 4
By Kyiphyuswe

(22)

နန်းတက်ပွဲနေ့က နှစ်သစ်ကူးပြီး ၅ရက်မြောက်နေ့မှာ ကျင်းပ လေတယ်။

ဧကရာဇ် အသစ် စီးခုန် ချီယာ့က အသက် ၂၁ ပဲရှိသေးတာကြောင့် ဧကရာဇ် သမိုင်း တစ်လျောက်မှာ အတော်လေး ငယ်ရွယ်ချောမောတဲ့ ဧကရာဇ် တစ်ယောက် ဖြစ်လေတယ်။

ဒါက ပြည်သူတွေ အတွက်တော့ အဆန်းတကြယ် မဟုတ်သေးပါချေ။ အထူးဆန်းဆုံးက ဧကရာဇ် စီးခုန်ချီယာ့ရဲ့ ဧကရီက အသက်အရမ်း ကို ငယ်သေးတာကြောင့် ပဲ ဖြစ်လေတယ်။ နောက်ထပ် အကြောင်း အရင်း ကတော့ ထိုဧကရီ အသေးလေး က ကောလေး တစ်ယောက် ဖြစ်တဲ့ အပြင် ဘယ်မိသားစု ကမှ မဟုတ်တဲ့ စီးခုန်ချီယာ့ ရဲ့ ကိုယ်ရေးကိုယ်တာ အစေခံလေး ပါတဲ့လေ ။

တကယ့် အကြီးပိုင်းတွေက သူတို့ရဲ့ ဧကရီ ဟာ စွန်း အိမ်တော်ရဲ့ ရှုသားငယ် ဆိုတာကို သိပေမယ့် ထုတ်မပြောကြပေ။ ဘာလို့လဲ ဆိုတော့ ဧကရာဇ်က ခြေတစ်လှမ်း ဦးကာ စွန်းမိသားစုမှ သားဖြစ်သူအား သူ့ဆီကို ရေသူမ မျက်ရည်တွေကြောင့် ရောင်းချခဲ့တာ ဖြစ်ပြီး စွန်းမိသားစုနဲ့ ဘာမှမဆိုင်ကြောင်းကို ထုတ်ဖော်ခဲ့လေတယ်။

နန်းတက်ပွဲ မနက်ခင်းမှာတော့ ထန်ချီ က အစောကြီး နိုးခံလိုက်ရကာ ရေနွေးနွေးနဲ့ ရေချိုးသန့်စင်ပြီးတော့ ဧကရီ တစ်ယောက် ပြင်ဆင်မှုကို အဆင့်ဆင့် လုပ်ဆောင် ရတယ်။ အရင်ဆုံး ရှုပ်ထွေးတဲ့ အဝတ်တွေ ကို အထပ်ထပ် ဝတ်ရတယ်။ ပြီးတော့ အပေါ်က အနီရောင် ဇာမဏိ ဝတ်ရုံကို ချုံလွှမ်းပြီးတော့ ပိုးဖိနပ်စီးရတယ်။ ပြီးတော့ လက်ဝတ် ရတနာ အဆင့်ဆင့် ဝတ်ရတယ်။

​ပြီးတော့ မျက်နှာကို ချယ်သ ရလေတယ်။ ထိုအချိန်အတွင်းမှာပဲ အနီရောင် နဂါးဝတ်ရုံ လွှမ်းထားတဲ့ ခေါင်းကနေ ခြေအဆုံးထိ ထူးကဲတဲ့ ဟန်ပန်နဲ့ ဧကရာဇ်လောင်းလေး စီးခုန်ချီယာ့က သတို့သမီး အဆောင် ထဲကို အတင်းဝင်လာခဲ့တယ်။

သူ့ဘေးက ကုန်းကုန်း ကတော့ ထိုဧကရာဇ် အသစ်လေးကို မဆွဲရဲလို့ ဘေးကနေပဲ တတွတ်တွတ် လိုက်သာပြောနေခဲ့တယ်။

'' အရှင်..  အရှင် ဝင်လို့ မရပါဘူး။ လက်မထပ်ရသေးခင် အချိန်ထိ သတို့သားနဲ့ သတို့သမီးက တွေ့လို့ မရပါဘူး။ တွေ့ရင် ကံဆိုးတက်ပါတယ် အရှင်''

စီးခုန်ချီယာ့က ထိုဘေးကနေ မနားတမ်း လိုက်ပြောနေတဲ့ ကုန်းကုန်းကို လှည့်ပြီးတော့ ပြောလိုက်တယ်။

'' တိတ်တိတ်နေစမ်း ရှောင်လွီ။ ငါကိုယ်တော်က ဧကရီကို တွေ့ချင်လို့လေ။ ဘယ်မှာမှ ကံဆိုးမှုတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဆိုတော့ မောင်မင်း ပါးစပ်ကို မပိတ်ထားရင် မောင်မင်းရဲ့ ခေါင်းကနေ ကိုယ်နဲ့ ဝေးရာရောက်တော့မယ်''

ထိုအခါမှသာ အပါးတော်မြဲ ပါးစပ် ပိတ်သွားလေတယ်။

'' မင်းတို့တွေ အပြင်ကို ထွက်သွားကြ''

စီးခုန်ချီယာ့ တစ်ယောက် ဝေ့ကြည့်လိုက်ပြီး အစေခံတွေ အကုန်လုံး ကို အခန်းထဲကနေ ထွက်သွားခိုင်းလိုက်တယ်။ ထန်ချီလေးက ဧကရီ ခေါင်းဆောင်း ဖို့ပဲ ကျန်တော့တယ်။

ထန်ချီလေးကို ကြည့်လိုက်တဲ့ အခါ ကိုယ်ဝန်ဆောင် မှည့်လေးကို ဖော်ထားပြီးတော့ ပုခုံးလေးပေါ် တင်ထားတဲ့ အပြင် ဧကရီတစ်ယောက်ရဲ့ လက်ဝတ်ရတနာ တွေ ဝတ်ထားတဲ့ ကလေးလေးက အရမ်းကို ချစ်စရာ ကောင်းလေတယ်။

ချီယာ့က ကလေးလေး ရှေ့မှာ ရပ်လိုက်တယ်။ ထန်ချီလေး က ထပြီးတော့ အရိုအသေပေးဖို့ လုပ်လိုက်ပေမယ့် ကိုယ်ပေါ်က အဝတ်အစားတွေက လေးလံနေတာကြောင့် ထလိုက်တာ ယိုင်သွားလေတယ်။

ထန်ချီလေးကို ချီယာ့က လှမ်းဖမ်းလိုက်ပြီးတော့ ရယ်မောလိုက်တယ်။

'' ဟားဟား ကျန်း ဧကရီ လေးရဲ့ အဝတ်တွေက အရမ်းကို လေးနေသလား ဟင် ''

'' ဟင့်....ဟင့်အင်း မလေးပါဘူး။ အရှင့်ကို ဒီဧကရီ က ဂါဝရ ပြုပါတယ်''

'' ထပါကွာ။ ကျန်းဆီလာပါအုံး ''

ထန်ချီက ချီယာ့ရဲ့ ရင်ခွင်ထဲကို ဝင်ထိုင်ရင်း အဖတ်ခံလိုက်တယ်။ ချီယာ့က သေးသေးလေးကို ဖက်ပြီးတော့ ကျောလေးကို ပုတ်ပေးနေခဲ့တယ်။

'' ကျန်းကို ချစ်သလား ဧကရီ''

အချိန်အတော်ကြာ ပြီးတဲ့နောက် တိတ်ဆိတ်မှုကို ချီယာ့က စပြီးတော့ ဖြိုခွဲလိုက်တယ်။

'' ဟုတ်ကဲ့ ''

'' ကျန်းရဲ့ ဧကရီ ဖြစ်ရတာ တကယ် ပင်ပန်းမှာနော် ''

'' ကျွန်တော်မျိုး မကြောက်ပါဘူး ''

'' ဟုတ်ပြီ။ ဒါဆို မင်းကို ကျန်းကိုယ်တိုင် ဧကရီ ခေါင်းဆောင်း ပြင်ပေးမယ်။ အလေးခံကို ခံနိုင်အောင် ကြိုးစားပါ။ ကျန်းရဲ့ ဘေးမှာ အဖော်ပြုပေး ပါအုံး ''

'' အရှင့်သဘော တိုင်းပါပဲ''

ချီယာ့က ကောင်လေးကို အလှပြင်ခုံ ရှေ့က ခုံပေါ်မှာ ထိုင်ခိုင်းလိုက် ပြီးတော့ ဧကရီ ခေါင်းဆောင်းကို ယူပြီး ဝတ်ပေးလိုက်တယ်။ ထိုသရဖူက တကယ့်ကို အလေးချိန် မနည်းပါချေ။ လေးပေမယ့် ထန်ချီလေးက ခေါင်းကို နှိမ့်မသွားအောင် တောင့်ခံ ထားလေတယ်။

ထိုအမူအရာလေး က အရမ်းကို ချစ်စရာ ကောင်းနေတာကြောင့် ချီယာ့က ပါးလေးကို နမ်းလိုက်လေတယ်။ ထန်ချီလေးရဲ့ မျက်နှာသေးသေးလေးက နီရဲ သွားလေတယ်။

'' အရှင်နဲ့ ဧကရီ မင်္ဂလာ အချိန် ကျပါပြီ''

အိပ်ဆောင် အပြင်ဘက် ကနေ အစေခံတွေရဲ့ သတိပေးသံကို ကြားခဲ့ရလေတယ်။

'' သွားကြရအောင် ကိုယ်တော့်ရဲ့ အချစ်လေး ''

ရှင်းသန့်နေတဲ့ လက်ဝါးအကြီးကြီး ပေါ်ကို လက်သေးသွယ်လေးက ထပ်တင်ကာ အတူတူ ဖုန့်ဟွေ အဆောင်ကနေ ထွက်လာခဲ့တယ်။

နန်းတက်ပွဲ ကျင်းပရာ ရင်ပြင်ပေါ်ကို လူငယ်လေး တစ်ယောက်နဲ့ ကလေးလေး တစ်ယောက် တို့ဟာ လက်တွေ အတူတူ ကိုင်ထားရင်း လှေကားထစ်တွေ တထစ်ပြီး တထစ် ဖြတ်ကျော် လာခဲ့တယ်။

ရင်ပြင်ကျယ်ထဲမှာ အမတ်တွေ၊ စစ်သည်တွေ၊ နဲ့ အစောင့်တွေ၊ အစေခံတွေ၊ ကခုန် တီးမှုတ်သူတွေ ပြည့်နေခဲ့တယ်။ ချီယာ့နဲ့ ထန်ချီ တို့က နန်းပုလ္လင် ရှိရာ ခုံမြင့်ကို ရောက်သွားတဲ့ အချိန်မှာတော့ မတ်တပ်ရပ်နေ ကြတဲ့ လူတွေ အကုန်လုံးက ဒူးထောက် ပြီးတော့ အရိုအသေ ပေးလာခဲ့တယ်။

''အရှင် ဧကရာဇ် နဲ့ ဧကရီ တို့ အသက်ထောင်ချီ ကျန်းမာပါစေ ''

အကခုန်၊ တီးမှုတ် သမားတွေ ကလည်း ဖျော်ဖြေ မှုကို နားထားကာ အရိုအသေပြုပြီး ငြိမ်နေခဲ့ကြတယ်။

'' အားလုံး ထကြတော့! ''

'' ကျေးဇူးတင်ပါတယ် အရှင် ဧကရာဇ်! ''

အကုန်လုံးက ပေးထားတဲ့ နေရာထိုင်ခင်း ပေါ်မှာ ထိုင်ပြီးတဲ့နောက် အပါးတော်မြဲ ရှောင်လွီ က အမိန့်စာကို ဖတ်လေတယ်။

'' မိုးကောင်းကင် ရဲ့ အလိုတော် အရ ငါ စီးခုန် မျိုးနွယ် ချီယာ့ သည် နိုင်ငံတော် အကျိုး ဆောင်ရွက်ဖို့ရာ ဧကရာဇ် ရာထူး ကို လွဲပြောင်း ယူမှာပဲ ဖြစ်တယ်။ ငါဧကရာဇ် ရဲ့ နန်းတက်ပွဲမှ စပြီး အကုန်လုံးက နိုင်ငံတော် အပေါ်မှာ သစ္စာရှိစွာနဲ့ အမှုတော် ထမ်းဆောင် ကြဖို့ မျှော်လင့်မိတယ်။ ''

'' ကျွန်တော် မျိုးတို့က နိုင်ငံတော် အတွက် ဆိုရင် အရိုးကျေကျေ အရည်ခန်းခန်း ဆောင်ရွက်မှာပါ! ''

ရှောင်လွီ က နောက်ထပ် အမိန့်စာ တစ်ခုကို ယူလာခဲ့တယ်။

'' ဧကရာဇ် ရဲ့ အမိန့်တော် အရ ကြင်ယာတော်ကြီး ထန်ချီအား စီးခုန်မျိုးရိုး ချီးမြှင့်ပြီး နိုင်ငံတော်ရဲ့ မိခင်နေရာ ဖြစ်တဲ့ ဧကရီ ရာထူးကို တင်မြှောက်ပေးပြီး ဧကရာဇ် နဲ့ အတူတူ နိုင်ငံတော်အား စောင့်ရှောက်ပေးလိုတယ်။ အမိန့်တော်!''

'' ဝမ်းမြောက် လှကြောင်းပါ ဧကရီ! ''

'' ဧကရီ အမိန့်တော်ကို လက်ခံပါ "

ထန်ချီက သူ့လက်ကို ကိုင်ထားတဲ့ ချီယာ့ကို ကြည့်လိုက်တယ်။ ပြီးတော့ လက်ကိုင်ထားတာကို ဖြုတ်ပြီး အမိန့်စာကို ဒူးထောက် လက်ခံ ယူလိုက်တယ်။

'' ထန်ချီက ဝမ်းမြောက်စွာ လက်ခံ ပါမယ်။ အရှင်နဲ့ အတူတူ နိုင်ငံ တော်ရဲ့ တာဝန်ကို ထမ်းဆောင် ပါ့မယ်''

ဝတ်စုံ ရဲ့အလေးချိန်၊ အဆင်တန်ဆာရဲ့ အလေးချိန်၊ သရဖူရဲ့ အလေးချိန်၊ ပုခုံးပေါ်က တာဝန်အလေးချိန် တွေကို တောင့်ခံကာ ဧကရီ ဖြစ်ကြောင်း အမိန့်စာကို ယူပြီး နောက် ပြန်ထလိုက်တယ်။

ချီယာ့က အရှေ့ကို တိုးလာကာ လက်မောင်းထဲမှာ ပွေ့ချီလိုက်တယ်။ ပြီးတော့ နဂါးပုလ္လင်ပေါ်ကို သယ်ပြီး ပေါင်ပေါ်ကို တင်ထိုင်လိုက်တယ်။

'' အရှင် မသင့်တော် ပါဘူး''

ထန်ချီက တိုးတိုးလေး ကပ်​ပြောလိုက်တယ်။

'' ကိုယ်တော် က ဧကရီကို ပွေ့တာ မသင့်တော်တာမျိုး မရှိဘူး ''

ချီယာ့ က အနားနားကပ်ပြောကာ တစ်ချက်နမ်းလိုက်တယ်။

အပေါ်စီးက မြင်ကွင်း ဖြစ်တဲ့အတွက်ကြောင့် အောက်က လူတွေက အကုန်မြင်ကြပေမယ့် ကန်းချင်ယောင် ဆောင်ဖို့သာ ရွေးချယ်လိုက်ကြတယ်။

ဧကရာဇ် အသစ် စက်စက်နဲ့ ဧကရီ အသစ်စက်စက် လေးတို့က လူတွေရှေ့မှာ အချစ်တွေ နေရာတိုင်း ပြနေတယ်လေ။ သူတို့ကတော့ သူတို့အချစ်တွေ ပြ​နေရတာကို ကြည့်နေရတယ်။

ဘဝကြီး က ဆိုးလိုက်တာ ကွာ!

....................

( မနက်ဖြန် မှတ်ပုံတင် မွေးနေ့အရ ၂၁ ပြည့်ပြီ။ ဆိုတော့ လျော့စျေးပဲ ပေးရမလား ဘာလုပ်ပေးရမလဲ ပြောခဲ့ ကြအုံး)

Continue Reading

You'll Also Like

2.4M 176K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
402K 13K 17
My priority /property/privacy
72.6K 4.8K 27
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...