[Complete] [BL ]မင်းအပြုံးလေး...

By Kyiphyuswe

214K 20.4K 681

[ ဒါက ကော လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်နိုင် တဲ့ အမျိုးသားတွေ အကြောင်းပါမှာ ဖြစ်ပါတယ်။ ဒါကြောင့် B X B မကြိုက်တဲ့... More

မိတ်ဆက်
အပိုင်း (1)
အပိုင်း (2)
အပိုင်း(3)
အပိုင်း(4)
အသိပေးစာ
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း ( 9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း ( 12)
အပိုင်း (13)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17)
အပိုင်း (18)
အပိုင်း (19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27)
အပိုင်း (28)
အပိုင်း ( 29)
အပိုင်း (30)
အပိုင်း (၁)
အပိုင်း ( ၂ )
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း ( ၁၃)
အပိုင်း (၁၄)
အပိုင်း (၁၆ )
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) ဇာတ်သိမ်း

အပိုင်း (5)

6.2K 589 21
By Kyiphyuswe

(5) ဝမ်ရယ်ဖူ ( အိမ်တော်)  သို့ အပြန်ခရီး (၂)

လောကသိနာမည် စွင်းမူလန်း ၊ အိမ်ခေါ်နာမည် ရှစ်ယိ ဟာ စွင်းအိမ်တော်ရဲ့ လက်ထဲကနေ ကြီးမြတ်တဲ့ ဝယ်ရယ် စီးခုန် ချီယာ့ရဲ့ ကိုယ်ရေး အစေခံ ထန်ချီ ဆိုပြီးတော့ ထိုနေ့ကတည်းက ပြောင်းလဲ သွားခဲ့လေတယ်။

သူတို့ ကျန်းနန်ကို အပြန်လမ်း မှာပဲ ကိုယ်ရေး ကိုယ်တာ အစေခံ တစ်ယောက် အနေနဲ့ သခင်ကို ဘယ်လိုခစား ရမယ်၊ ဘယ်လိုတွေ ပြုမှု ရမယ်ဆိုတာကို ဟုန်ယိက စပြီးတော့ သင်ကြားပေးခဲ့လေတယ်။

မနက်ဆို သခင်မနိုးခင် အရင်ထပြီးတော့ ခြေလက်ဆေးဖို့ ရေတွေ ပြင်ရမယ်၊ မျက်နှာသစ် အာလုပ်ကျင်းဖို့ရာ ပြင်ဆင်ထားရမယ်။ ပြီးတာနဲ့ အဝတ်အစားပြင်ရမယ်။

သခင်မနိုးအောင် သေချာ ဂရုပြုပြီး ကိစ္စတိုင်းကို တိုးတိုး သက်သာ ပြုရမယ်။ ပြင်ဆင်စရာ တွေ လုပ်ပြီးတဲ့နောက် အိမ်ယာဘေးမှာ အသာလေး ရပ်စောင့်နေရပါ့မယ်။

သခင်နိုးလာရင် ပြင်ပြီးသမျှ တွေကို အကုန်လုပ် ပေးပြီးတာနဲ့ သခင်နားမှာ အမြဲတမ်း လိုက်နေရမှာ ဖြစ်ပြီးတော့ ရှိနေပေးရမှာပဲ ဖြစ်ပါတယ်။

ညဘက်ကျရင်လည်း ကိုယ်ရေးကိုယ်တာ အစေခံ တစ်ယောက် အနေနဲ့ သခင်ရဲ့ လိုအပ်တဲ့  ဆန္ဒတွေ အကုန်လုံးကို ဖြည့်ဆည်းပေး ရမယ့် တာဝန်ရှိပါတယ်တဲ့လေ။

ကြီးမြတ်လှတဲ့ စီးခုန်ချီယာ့ဟာ သူ့ရဲ့ လက်အောက်က နာမည်တွေကို အမှတ်စဥ်တွေနဲ့ ပေးထားတာပဲ ဖြစ်လေတယ်။ ဒါ​ကြောင့် သက်တော်စောင့်ပဲ ဖြစ်စေ၊ အစေခံမိန်းမပျိုတွေပဲ ဖြစ်စေ နံပါတ်စဥ် ၁ တိုင်းဟာ ယုံကြည်ကိုးစား ခံရဆုံး လက်အောက် ငယ်သားတွေ ပဲ ဖြစ်လေတယ်။

ဟုန်ယိဟာ ဝမ်ရယ်ရဲ့ ငယ်စဥ် ကတည်းက သူ့မိခင်ဘက်က ပါလာတဲ့ အစေခံ လေးပဲ ဖြစ်လေတယ်။ ဒါကြောင့် ချီယာ့ကို အဆုံးစွန်ထိကို သစ္စာရှိလေတယ်။ သူမဟာ စီးခုန်ချီယာ့ ​တစ်ယောက် ငယ်ရာကနေ ကြီးလာတာကို မြင်တွေ့ရပြီးနောက် သူ့ကို မောင်ငယ်လေး အဖြစ် မှတ်ယူပြီး စောင့်ရှောက်ခဲ့ရတာ ပဲ ဖြစ်လေတယ်။

လွန်ခဲ့တဲ့ ၆လ တုံးက အသက်ပြည့်ခဲ့တဲ့ စီးခုန် ချီယာ့ဟာ ငယ်စဥ်က စေ့စပ်ခဲ့တဲ့ သတို့သမီးလောင်း ကို ဝမ်ဖေး အဖြစ် လက်ထပ် ယူတော့မယ့် အချိန်မှာပဲ ထိုသတို့သမီးလောင်းက ဧကရာဇ် အရှင် စီးခုန်ချီမြန် ကိုမှ မယူရရင် သတ်သေ ပါ့မယ်လို့ ခြိမ်းခြောက်တဲ့ အတွက်ကြောင့် သူမရဲ့ အဖေ အမတ်ချုပ်ကြီး ကလည်း မတက်နိုင်တော့ပဲ စေ့စပ်ပွဲကို ဖျက်ကာ သူ့သမီးအား နန်းတွင်းထဲ ပို့လိုက်ရပါ တော့တယ်။

အမှန်ဆို တော်ဝင်မျိုးနွယ်နဲ့ စေ့စပ်ထားတာ ကို ဖျတ်သိမ်းရင် ဒါက ကြီးမားတဲ့ ပြစ်မှုပဲ ဖြစ်လေတယ်။ ဒါပေမယ့် တစ်ခြား တစ်ဖက်က လည်း ဧကရာဇ် အရှင် ဖြစ်နေလေတော့ ဝမ်ရယ် ချီယာ့ ကပဲ အလျော့ပေး လိုက်ရလေတယ်။

ဒါကြောင့် ပဲ ချီယာ့ဟာ ယောကျာ်း မာနကို ထိသွားတာကြောင့် ဒေါသတအားထွက်ကာ သူ့ရဲ့ အမတော် ကို ပုန်ကန်ဖို့ ကြံရွယ်ခဲ့တာပဲ ဖြစ်လေတယ်။ ထိုအချိန် ကစပြီးတော့ ဘယ်သူနဲ့မှ ပတ်သတ်မှု မရှိခဲ့တဲ့ ဝမ်ရယ် စီးခုန်ချီယာ့ က အမျိုးသား၊ အမျိူးသမီး၊ ကော တွေကိုတောင် မမြင်ချင်တော့တာကို ဟုန်ယိတွေ့ ခဲ့ရလေတယ်။

ဒါကြောင့် ဝမ်ရယ်လေး ခမျာ လက်တွဲဖော် မရှာနိုင်တော့မှာ ကိုတောင် စိုးရိမ်မိခဲ့သေးတယ်။ အခုကျတော့ ရွေးလိုက်တဲ့ အနာဂတ် ဝမ်ဖေးက ဖူးပွင့်စ ကာလ လေးပဲ ရှိသေးတဲ့ ကောလေး အသေးလေး ပဲဖြစ်တော့ ဟုန်ယိ အစက စိတ်ပူသေးပေမယ့်လည်း ထိုကလေးလေးက လည်း လိမ္မာယဥ်ကျေးတဲ့ ပုံလေး ဖြစ်ပြီး ဝမ်ရယ်က လည်း သဘောကျတဲ့ ပုံလေး ဖြစ်တာမလို့ သူမလည်းပဲ ဝမ်ဖေးတစ်ယောက် ဖြစ်လာဖို့ရာ လေ့ကျင့်ပေး ဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်ရက်လောက် လုပ်စရာ ရှိတာတွေရဲ့ တစ်ချို့ကို သင်ပေးပြီးတာနဲ့  ဟုန်ယိခဏ လွတ်ထားပေးလိုက်တယ်။ သူမက ငယ်ရွယ်သေးတဲ့ ကောလေးကို ဘယ်လိုအသုံးတော် ခံရမလဲ ဆိုတာကို သင်ပေးဖို့ကတော့ အချိန်အနည်းငယ်လောက် ယူရမယ်လို့ တွေးမိလေတယ်။

ကျိုးမြို့ကနေ ၆ရက် တိုင်တိုင် ညဘက်ပဲ နားပြီး ကျန်တဲ့ အချိန် မှာ ဆက်တိုက်ပြန်နေတာမလို့ လဝက် နီးပါး ခရီးက အခုဆိုရင် ကျန်းနန်မြို့ အဝင် ဆီကိုတောင် ရောက်နေခဲ့ပြီ ပဲ ဖြစ်လေတယ်။

လှည်းထဲမှာတော့ ချီယာ့ဟာ သူ့ရဲ့ ကိုယ်ရေး ကိုယ်တာ အစေခံလေးကို ပွေ့ဖက် ထားလေတယ်။ ပြီးတော့ ထိုအပြုံးအရယ် မရှိတဲ့ မျက်နှာသေလေးကို တို့ထိကာ ဆိတ်ဆွဲနေခဲ့လေတယ်။

ချီယာ့တစ်ယောက် သူ့ရဲ့ အနာဂတ် ဝမ်ဖေးလေးဟာ အတော်လေး သေးငယ် နေသေးတာကြောင့် သူ့ကိုယ်သူ အပြစ်တင်လို့ မဆုံးပေ။ ဒါပေမယ့် ထိုကိစ္စသာမရှိခဲ့ရင် လည်း သူက သေချာပေါက် ထိုကောင်လေးကို လက်ဖျားနဲ့တောင် တို့ခဲ့မှာ မဟုတ်သလို အခုလိုမျိုးလည်း ခေါ်လာခဲ့မှာ မဟုတ်ပေ။

ချီယာ့ဟာ အရင်ဘဝ ကတည်းက သူ့ရဲ့လက်ခံနိုင်စွမ်း ဟာ အရမ်းကို မြန်ဆန်လေတယ်။ ဒါကြောင့်လဲ ပရောဂျက်လုပ်ရင် ကျရှုံးတာကို မြန်မြန် လက်ခံနိုင်တာ မလို့ မြန်မြန် ပြန်စတင်နိုင်ပြီး အောင်မြင်မှုတွေ ရလာခဲ့တာပဲ ဖြစ်လေတယ်။

ဒါကြောင့်လဲ သူက အခုလို ကလေးကို အနိုင်ယူမိတာမလို့ တာဝန်ယူဖို့ ပြန်ခေါ်လာတာပဲ ဖြစ်လေတယ်။

ကိုယ့် လက်တွဲဖော်ကို ငယ်စဥ်ကလေး ဘဝကတည်းက ခေါ်ထားပြီးတော့ သူ့တစ်ယောက်ထဲ အပေါ် သစ္စာရှိလာအောင် ၊ အရည်အချင်း ပြည့်လာအောင် သင်ကြား ပျိူးထောင် ပေးရတာလည်း မဆိုးလှပါချေ။

ဝမ်ဖေး တစ်ယောက် ဖြစ်လာဖို့ဆိုရင် ကြီးမားတဲ့ နောက်ခံ ၊ ကျွမ်းကျင်တဲ့ အရည်အချင်း၊ လှပတဲ့ရုပ်ရည်နဲ့ သိမ်မွေ့မှု တွေပါ ရှိရမှာပဲ ဖြစ်လေတယ်။

အခုလိုမျိူး နောက်ခံကို ဖြတ်ထုတ်ပြီး နောက်မှာတော့ ထန်ချီကို ချီယာ့က အောက်ခြေ ရာထူးကနေ စပြီး ရာထူး အဆင့်ဆင့် တိုးဖို့ ရည်ရွယ်ထားတာ ပဲ ဖြစ်လေတယ်။

အခြေခံ အစေခံတွေ အထက်က အငယ်တန်း အစေခံတွေဖြစ်ကာ အကြီးတန်းအစေခံတွေ ၊ အနီးကပ် အစေခံတွေ ဖြစ်လေတယ်။ ထိုသူတွေက အရှင်သခင်ကို ခစားစရာ မလိုပေ။ သခင်ရဲ့ အိပ်ဆောင်တွင်း ကိုတောင်မှ ဝင်ခွင့်မရှိခဲ့ ပါပေ။

ဝမ်ရယ် တစ်ယောက် ရဲ့ အိမ်တော်တွင်း အသုံးတော် ခံရတဲ့ အဆင့်အတန်းတွေက ဒီလိုရှိပါတယ်။

ကိုယ်ရေးကိုယ်တာ အစေခံက အနိမ့်ဆုံးပေါ့။ ထို့ထက်တစ်ဆင့် မြင့်တာက ကိုယ်လုပ်တော် အငယ်၊ ပြီးတော့ ကိုယ်လုပ်တော်ကြီး  ပြီးတော့ ကြင်ရာတော်ငယ် ၊ ကြင်ယာတော်ကြီး ၊ ဝမ်ဖေးအငယ်နဲ့ အာဏာ အရှိဆုံး တော်ဝင် ဝမ်ဖေး တို့ပဲ ဖြစ်လေတယ်။

ပုံမှန် ဝမ်ရယ် တစ်ယောက် ဆိုရင် တော်ဝင် ဝမ်ဖေး ၁ယောက် ၊ ဝမ်ဖေးငယ် ၂ယောက် ၊ ကြင်ယာတော်ကြီး ၄ယောက်၊ ကြင်ယာတော်ငယ် ၈ ယောက်၊ ကိုယ်လုပ်တော်ကြီး ၁၆ ယောက်နဲ့ ကိုယ်လုပ်တော်ငယ် ၃၂ နဲ့ ကိုယ်ရေး ကိုယ်တာ အစေခံ မရေမတွက်နိုင်စွာ ထားရှိကြတာပဲ ဖြစ်လေတယ်။

ဝမ်ရယ်ကို ကိုယ်ရေး ကိုယ်တာ အစေခံအနေနဲ့ အသုံးတော်ခံ ပန်းဦးည ပြီးသွားတာနဲ့ နောက်တစ်လ အတွင်း ဝမ်ရယ်နဲ့အိပ်ယာ အတူတူမျှဝေ နိုင်ရင် ကိုယ်လုပ်တော်ငယ် ဖြစ်ဖို့ သေချာနေပါပြီ။ ဝမ်ရယ်ကသာ ထိုသူကို သဘောကျရင် ကိုယ်လုပ်တော်ငယ် ရာထူး ရပြီးတော့ ဝမ်ရယ်ဖူ( အိမ်တော်) ရဲ့ အနောက်ဆောင် အဖွဲ့ဝင် မောင်းမတစ်ယောက် ဖြစ်သွားပါပြီ။

ကိုယ်လုပ်တော်ငယ် ကနေ ဝမ်ရယ်ရဲ့ နှစ်သက်မှုကို နှစ်ဝက်အတွင်း ထိန်းသိမ်းနိုင်ရင် ကိုယ်လုပ်တော်ကြီး အဖြစ် တော်ဝင် ဝမ်ဖေးက ရာထူးတိုးပေးမှာပါ။ ကိုယ်လုပ်တော်ကြီး ဖြစ်တာနဲ့ အခြေခံ တွက်ချက်မှုနည်းတွေကို စသင်ရပါပြီ။ ပြီးတော့ ဝမ်ရယ် အိမ်တော် က ပိုင်ဆိုင်မှု ဖြစ်တဲ့ စျေးဆိုင်ခန်းလေး တစ်ခုကို ဦးစီး ရမှာ ဖြစ်ပြီးတော့ အမြတ်နှုန်းတိုးလာပြီး ဝမ်ရယ်က သတိထားမိရင် ကြင်ယာတော်ငယ် ရာထူးကို တော်ဝင် ဝမ်ဖေးက တိုးပေးမှာပဲ ဖြစ်လေတယ်။

ကိုယ်လုပ်တော်တွေက အပြင်ကိုထွက်ခွင့်မရှိသလို၊ ပွဲလမ်းသဘင်တွေ ကိုလည်း သွားခွင့်မရတဲ့ သူတွေပဲ ဖြစ်လေတယ်။ ဒါကြောင့် ဆိုင်တစ်ခုကို ကိုယ်တိုင် မထွက်ရပဲ အမြတ်ရဖို့ ဆိုတာက အတော်လေး ခဲယဥ်းတာကြောင့် ကိုယ်လုပ်တော်ကနေ ကြင်ယာတော် တစ်ယောက် ဖြစ်လာဖို့ အတော်လေးကို ခဲယဥ်းပါတယ်။

ကြင်ယာတော် ငယ် ဖြစ်တာနဲ့ ပွဲလမ်း တွေမှာ ပါဝင်လို့ ရပြီ ဖြစ်တာကြောင့် ယဥ်ကျေးမှု ကျင့်ဝတ် ထုံးတမ်းတွေ ရှိဖို့ လိုအပ်လာပြီပဲ ဖြစ်လေတယ်။ ဒါကြောင့် မိဘအိမ်ကတည်းက သင်ထားပြီးရင်တော့ အနည်းငယ်ပဲ ပြန်သင်ပေး စရာလိုပေမယ့် ဘာမှမသိသေးရင်တော့ သေချာ ပြန်သင်ပေးရပါတယ်။

ဒါမှသာ မင်းကတော်တွေ ဆုံကြတဲ့ ပွဲလမ်းသဘင်မှာ အိမ်တော်ကို အရှက်မရ စေအောင်လို့ပဲ ဖြစ်လေတယ်။ ကြင်ယာတော်ငယ်က ထုံးတမ်း စစ်ဆေးမှု အောင်တာနဲ့ ပွဲလမ်းသဘင်တွေကို စတက်လို့ ရပြီပဲ ဖြစ်လေတယ်။

ထိုပွဲလမ်းတွေမှာ အရှက်မရ စေတဲ့ အပြင် ဂုဏ်တက်စေပြီး ဝမ်ရယ်က နှစ်သက်ပါက ကြင်ယာတော်ကြီး အဖြစ်ရာထူး တိုးမှာပဲ ဖြစ်လေတယ်။
ကြင်ယာတော်ကြီး ဖြစ်တာနဲ့ ဝမ်ဖေးငယ်တွေ ထဲက တစ်ယောက်ရဲ့ လက်အောက်ကို ရောက်သွားတာနဲ့ အတူတူ ပါပဲ။ ဝမ်ဖေးငယ် နှစ်ယောက်က ကြင်ယာတော်အဆင့်နဲ့ အောက်ဆင့်တွေကို တိုက်ရိုက် အုပ်ချုပ်ခွင့် အာဏာမပြင်းပေမယ့် သူတို့ လက်အောက် အဆင့်ကိုတော့ ထိန်းချုပ်နိုင်စွမ်း ရှိလေတယ်။ ဒါကြောင့် သူတို့နေရာကို မရစေဖို့ရာနဲ့ အာဏာပိုတိုးစေဖို့ ကြင်ယာတော်ကြီး တွေကို ဖိနှိပ်ကြတယ်။

ကြင်ယာတော်ကြီး ကနေ ဝမ်ဖေးငယ် ဖြစ်ဖို့ တစ်ခုပဲ လိုပါတယ်။ ဒါကတော့ ဆက်ခံသူ ကလေးတစ်ယောက်လောက် မွေးပေးဖို့ရာပဲ ဖြစ်လေတယ်။ မွေးတဲ့ပထမဆုံး ကလေးက သားလေး ဖြစ်ပြီး ထိုကလေးကို အသက်၁၀နှစ်အထိ အသက်ရှင်အောင် မွေးထား နိုင်ခဲ့ရင်တော့ ဝမ်ဖေးငယ် ဖြစ်နိုင်ပါပြီ။

တော်ဝင် ဝမ်ဖေး ကတော့ အရှင်ဧကရာဇ်ရဲ့ အမိန့်တော်နဲ့ ဝမ်ဖေးရဲ့ ကြင်သက် ကျောက်စိမ်းတစ်ခြမ်း ရှိဖို့လိုအပ်ပါတယ်။

ချွင်းချက်ကတော့ ဝမ်ဖေးငယ်တွေ အမြောက်အများ ရှိနိုင်ပေမယ့် တော်ဝင် ဝမ်ဖေး ကတော့ တစ်ယောက်ထဲသာ ရှိနိုင်ပါတယ်။

တော်ဝင်ဝမ်ဖေး တစ်ယောက်က အနုပညာ လေးမျိုးကို တက်ကျွမ်းနေရမယ့် အပြင် နူးညံ့သိမ်မွေ့စွာလည်း ကိစ္စတွေကို ကိုင်တွယ်တက်ရမှာပဲ ဖြစ်လေတယ်။ ပြီးတော့ ဝမ်ရယ်အိမ်တော်ရဲ့ ကိစ္စအဝဝ ကိုလည်း ကောင်းမွန်ချောမွေ့စွာ ထိန်းချုပ်နိုင်ပြီး ဆက်ခံသူ တွေကိုလည်း မွေးပေးနိုင်ရမှာပဲ ဖြစ်လေတယ်။

ကျန်တဲ့ ဝမ်ဖေးငယ်ကနေ အောက်အဆင့်ထိက ဝမ်ရယ်ရဲ့ မနှစ်သက်မှု ရခဲ့ပါက အဆင့်တွေ လျော့သွားနိုင်ပေမယ့် တော်ဝင် ဝမ်ဖေးကတော့ နှစ်သက်မှု ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဧကရာဇ်ရဲ့ တရားဝင် အမိန့်တော်ကြောင့် ဝမ်ရယ်တောင်မှ မဖယ်ရှားနိုင်တဲ့ သူပါပေ။

ထို့အတွက်ကြောင့် ဝမ်ရယ်တစ်ယောက် ရဲ့ တရားဝင်ဇနီး တစ်ယောက် ဖြစ်စေဖို့ရာ အဆင့်တွေ ရာထူးတွေ အများကြီး ကျော်ဖြတ်ဖို့လိုပါတယ်။

ပြီးတော့ ဧကရာဇ်ဆီကနေ ထောက်ခံချက်လည်း ရဖို့ ကြိုးစားရမှာပဲ ဖြစ်လေတယ်။

ထိုအကြောင်းကြောင်း တွေကြောင့် ချီယာ့ဟာ ထန်ချီကို ကိုယ်ရေးကိုယ်တာ အစေခံ ကနေ စပြီးတော့ လုပ်ခိုင်း ရတာပဲ ဖြစ်လေတယ်။

လေ့ကျင့်မှုတွေ စမ်းသပ်မှုတွေ မရှိပဲ ဝမ်ဖေး ကောင်းတစ်ယောက် ချက်ချင်း မဖြစ်လာနိုင်တဲ့ အပြင် ဆက်ခံသူကိုမွေးပေးဖို့ရာ ချီယာ့အတွက် အတော်ငယ် သေးတယ် လို့ထင်နေသေးတာကြောင့် လေ့ကျင့်ရေး ဆင်းခိိုင်းဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်တယ်။

အချစ်က အရာရာတိုင်းမှာ မစွမ်းဆောင်နိုင်ပါပေ။ ပြီးတော့ ထိုကောင်လေးကိုလည်း သူတကယ်ကြီး မချစ်မိပါသေးချေ။

( နောက်တစ်ပိုင်းကို ရိန်းရဲ့ ပျင်းစရာ ဘဝ ဒါမှ မဟုတ် လမ်းခွဲ ပြီးနောက် ဇာတ်သိမ်းရင် အဲ့နေ့တွေမှာ အစားထိုးပါမယ်နော်)
........

Continue Reading

You'll Also Like

131K 16.2K 119
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
923K 42.3K 51
Warning ( Included abusive content!!!) Total Episodes-43 (Completed) Start date-Oct 6.2021 End date-Feb 21.2022 To finish this story , I spent 4 mont...
243K 33.8K 105
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
197K 20.4K 82
အချစ်ကြောင့် မျက်ကန်းဖြစ်ခဲ့ရတဲ့ ဖုန့်ဝူယိဟာ သူချစ်မိတဲ့ ယောက်ျားကြောင့်နဲ့ပဲ သေခဲ့ရတယ်... သူ့ကိုတစ်ဖက်သက် ချစ်နေခဲ့တဲ့ တစ်ယောက်သောသူကိုတော့ ပြန်လည်မ...