"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက...

De callmefrangi

2.6M 210K 52.4K

"ကိုကို့ စိတ်အနာတွေဟာ ရရကြောင့်များ သက်သာခဲ့မယ် ဆိုရင် ကိုကို့အနာဂတ်မှာ ပန်းတွေ ဝေစေပြီး ရရ အနာဂတ်မှာ ပန်းတွေ... Mai multe

"Welcome Back"
အခန်း- ၁
အခန်း- ၂
အခန်း- ၃
အခန်း- ၄
အခန်း- ၅
အခန်း- ၆
အခန်း- ၇
အခန်း- ၈
အခန်း- ၉
အခန်း- ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
PLEASE READ IT
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
PLEASE 🥺
အခန်း - ၄၄
အခန်း - ၄၅
ဇာတ်သိမ်းပိုင်း
အချပ်ပို ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
Announcement
"Book Order Alert"

အခန်း - ၁၇

47.6K 4.4K 573
De callmefrangi

UNICODE

"ဟိတ်... ရွှတ်... ရွှတ်"

🎵 နင် တစ်ယောက်တည်းလား x ဟိုအစ်ကို မပါဘူးလား x မိုးလဲချုပ်တော့မယ် x ဘယ်ကို ပြန်မလို့လဲ x အရင် အိမ်မှာပဲလား x အဆင်ပြေတယ် မဟုတ်လား x မင်း မျက်လုံးများက အူကြောင်ကြောင်နဲ့ကွာ 🎵

စသဖြင့် သီချင်းနဲ့တစ်မျိုး၊ လက်ခေါက်မှုတ်သံနဲ့ တစ်ဖုံ ဖြတ်သွား ဖြတ်လာ စက်ဘီးတို့ဆီက စနောက်သွားကြတဲ့ အသံတွေ။ နေအပူရှိန်ကြောင့် မျက်နှာတစ်ပြင်လုံးလဲ စပ်ဖျဉ်းဖျဉ်း ဖြစ်နေပြီ။ အသံဗလံတွေကို မကြားဟန် ပြုလျက် အားတင်း လျှောက်လာတာ မုဒြာ ၈ လမ်းတောင် ရောက်လာပြီ။

ဒီလမ်းထဲ ဝင်လာကတည်းက စနောက်ခံနေရတော့တာပဲ။ ၁ လမ်းကနေ ၇ လမ်းထိက တိတ်ဆိတ်နေခဲ့ပေမဲ့ ၈ လမ်းမှာကျ ဆောက်လက်စ အဆောက်အဦတွေ ရှိနေတာမို့ လမ်းပေါ်မှာ ဆောက်လုပ်ရေး လုပ်သားတွေ သွားလာနေတာ မြင်နေရတယ်။

ပါးစပ်စည်း မရှိသူတွေကို ကျော်ဖြတ်လို့ အတော်အတန် လျှောက်လာပြီးမှ ဒီလမ်းလဲ မဟုတ်တန်ဘူးလို့ တွေးမိပေမဲ့ နောက်နှစ်လမ်းပဲ ကျန်တော့တယ် မဟုတ်လား။ တစ်နာရီကျော် မနားမနေ လျှောက်ထားတာမို့ လူက အတော်လေး ပြိုင်းနေပါပြီ။

မုဒြာ ၁ လမ်းမှာ ကိုကို ရှိမယ် အထင်နဲ့ ပျော်ရွှင်စွာ ဝင်သွားခဲ့ပေမဲ့ အနားရောက်မှ မြင်လိုက်ရတာ C.O.E မဟုတ်ဘဲ C.O.G ဆိုတဲ့ ရေကြောင်း ကုန်သွယ်ရေး လုပ်ငန်း ဖြစ်နေတာမို့ သွားမောကြီး ဖြစ်ခဲ့ရတယ်။

ဒါ့အပြင် ကိုကို့ဆီ ဖိုင်တွဲ အချိန်မီ မပို့နိုင်မှာ စိုးထိတ်လို့ တက္ကစီ ငှားပြီး ရှာချင်ပေမဲ့ ပိတ်ရက်မို့ အိမ်ရာဝင်းကြီးထဲမှာ ကားငှားရ ခက်လှပါတယ်။ လက်က နာရီကို ငုံ့ကြည့်တော့ နေ့လယ် ဆယ့်တစ်နာရီ။ စိုးရိမ်စိတ်ကလေးက လူးလားခေါက်တုံ ဖြစ်လာပြီ။

ခြေလှမ်းတွေကို ပိုသွက်လိုက်ဆဲမှာ အနောက်ကနေ လှမ်းပုတ်လိုက်တာက လက်အေးအေးကြီး တစ်ဖက်။ ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ အသားညိုညို အရပ်ရှည်ရှည်နဲ့ မျက်ဝန်းတွေက မူမှန်မနေတဲ့ လူတစ်ယောက်။ အသက်က လေးဆယ်ဝန်းကျင် ရှိနိုင်ပြီး ရရကို ကြည့်နေပုံက ကြက်သီးထဖွယ်၊ ရန်မူချင်ဟန်။

နေ့ခင်းကြောင်တောင် ဖြစ်တဲ့အပြင် ရရကလဲ ယောက်ျားတစ်ယောက်မို့ ဘယ်နည်းနဲ့မှ ကြောက်စရာ မရှိဘူးလို့ တွေးလိုက်ပေမဲ့ ပတ်ဝန်းကျင်မှာ အကူအညီ တောင်းစရာ မရှိတာမို့ လက်ဖျား ခြေဖျားတွေ အေးစက်လာတယ်။ ထိုသူ့ဆီက ရနေတဲ့ စိမ်းရွှေရွှေ အနံ့အသက်တစ်မျိုးက ကျောချမ်းဖွယ် မသတီစရာ ကောင်းလှပါတယ်။

ရှောင်ရမယ် ဆိုတဲ့ အသိနဲ့ ခြေလှမ်းတွေကို စတင်လိုက်ချိန်မှာ ထပ်ကြပ်မကွာ ပါလာမှန်း သိလိုက်တယ်။ အကူအညီ ရဖို့ဆို ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေအနား အပြေးသွားဖို့ လိုကြောင်း နားလည်လာတယ်။ စကားတစ်လုံးမှ မပြောတဲ့ ထိုလူက သံပရာရည်ဘူး ကိုင်ထားတဲ့ ရရ လက်ကို ရုတ်တရက် လှမ်းဆွဲလိုက်တာမို့...

"မထိနဲ့"

အားကုန် ကုန်းအော်လိုက်ပေမဲ့ ထိုသူ့မျက်လုံးက ရရ အအေးဘူးဆီက မခွာ။ နှုတ်ခမ်းတွေကို လျှာနဲ့ သပ်တင်လိုက်ပြီး ထိုအအေးဘူး ရဖို့သာ တာဆူနေသလို။ အပြေးတစ်ပိုင်း ထွက်လာမိတဲ့အခါ အနောက်ကနေ ထပ်ကြပ်မကွာ ပြေးလိုက်လာပြီး အသံနက်ကြီးနဲ့...

"သူ ခိုး"

"ဟင်"

နေရင်းထိုင်ရင်း သူခိုး စွပ်စွဲခံလိုက်ရတာမို့ လူက တောင့်ခနဲ။

"ငါ့ဘူး ပြန်ပေး"

"သူ့ဘူးလဲ မဟုတ်ဘဲနဲ့"

"ပေးနော်... ပေး"

"မပေးပါဘူး၊ မပေးဘူး"

"အဲ့တာ ပေးစမ်း"

"ကိုကို့ အတွက်လို့"

လှည့်အော်ရင်း၊ ပြေးရင်း၊ ခလုတ်တိုက်ရင်း မှောက်လဲမလို ဖြစ်တာ မကြာခဏ။ ရှေ့နားမှာ လုပ်သားတွေ အသံ ကြားနေရပြီမို့ အားသွန်ခွန်စိုက် ပြေးလိုက်ပေမဲ့ ထိုသူကလဲ မကျန်ရစ်ခဲ့။ ရရ ဘေးကနေ ယှဉ်တွဲ ပြေးနေရင်း သူ့အကြည့်က အအေးဘူးဆီက မခွာ။

"မပေးဘဲ ဆက်ပြေးနေရင် လည်ပင်း ညှစ်သတ်မှာနော်"

အတန်ကြာ ပြေးလိုက်ရတာကို ဒေါသထွက်လာဟန် ကြိမ်းမောင်းသံ အက်အက်ကြီး ကြားလိုက်ချိန်မှာ လူတစ်ကိုယ်လုံး ပျော့ခွေသွားမတတ်။ အအေးဘူးကို ရင်ဝယ် ပိုက်ပစ်လိုက်တဲ့အခါ ထိုသူက ရရ အနား ကမူးရူးထိုး ကပ်ပြီး လက်ဆန့်တန်းလာတယ်။

"ပေး... ပေးစမ်း"

"သူ့ဟာလဲ မဟုတ်ဘဲနဲ့လို့"

အော်ပစ်လိုက်ပေမဲ့‌ နောက်ဆုတ်မသွား။ ရန်မူတော့မဲ့ အသွင်က ထိုသူ့ မျက်လုံးတွေမှာ အထင်းသား။ မိသားစုအပြင် ကိုကို၊ ပြီးတော့ သူငယ်ချင်း နှစ်ယောက်၊ ဘဝမှာ လက်ပွန်းတတီး ဆိုလို့ ဒီလူတွေနဲ့သာ အကျွမ်းဝင်ခဲ့ဖူးတာမို့ ထူးဆန်းတဲ့ လူစိမ်းကို ဘယ်လိုကြီး ကြောက်မိမှန်း မသိ။

အားတင်းထားပေမဲ့ မတ်မတ်ရပ်နေတဲ့ ခြေထောက်တွေ ခွင်ချင်လာတာ မကြာခဏ။

"ငါ့ဟာ"

"ရရဟာ"

အပြန်အလှန် အော်နေမိပေမဲ့ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် အလုခံရမှာ သိလာတဲ့အခါ အသာတကြည် ပေးလိုက်ရင် ရန်ငြိမ်းသွားမဲ့ အဖြစ်ကို ဦးနှောက်က မဆင်ခြင်နိုင်တော့ဘဲ ထိုသူ့လက်က လွတ်မြောက်ဖို့သာ တွေးမိတာမို့ အရှိန်တင်လိုက်တဲ့အခါ ဘယ်ခြေနဲ့ညာခြေ ခလုတ်တိုက်ပြီး ချော်လဲသွားတာ "ဘိုင်း" ခနဲ။

"အ"

မြေပြင်ပေါ်မှာ တစ်ပတ်လည် ကျသွားတာမို့ နာကျင်မှုက နင့်ခနဲ။ အောင့်မျက်သွားမှုကြောင့် မျက်ရည်ဝိုင်းလာတဲ့အခါ အလစ်အငိုက်မှာ ဝင်လုမဲ့အစား တွေတွေကြီး ရပ်ကြည့်နေပြန်တယ်။ ထိုအချိန်မှာ ကြားလိုက်ရတဲ့ အသံဗလံတွေက...

"ဟေ့ ဟေ့... ဟိုမှာ ကိုတိုးမောင်ကြီး မဟုတ်လား၊ ပြဿနာတွေ တက်ကုန်တော့မှာပဲ၊ သူ့ကြောင့် တစ်ယောက်ယောက် ဒဏ်ရာရနေတယ် ထင်တယ်၊ လာကြအုံးဟေ့"

"တစ်ယောက်ယောက်က ဆရာလေးကို သွားခေါ်ကြအုံး၊ သူ့ဦးလေး ပြဿနာ ရှာထားတယ်လို့ ပြောခဲ့"

အော်သံတွေနဲ့အတူ ရရ အနား ပြေးလာကြတဲ့ ခြေသံတွေ။ ကူကယ်ရာ မဲ့နေတဲ့ ရရက အခုထိ မြေပြင်ပေါ်က မထနိုင်သေး။ လူတွေ အနား ရောက်လာတဲ့အခါ...

"ဟယ်... ခုနက ဖြတ်သွားတဲ့ ကလေးလေး မဟုတ်လား"

"အေးလေ၊ ချောချောလေးမို့ ကျုပ်တို့တောင် လိုက်ငေးလိုက်သေး"

"သနားစရာဟယ်၊ ဝိုင်းထူပေးကြပါအုံး၊ နာနေရှာမှာပဲ"

တစ်ယောက်တစ်ပေါက် ပြောဆိုနေတဲ့ အန်တီကြီး နှစ်ယောက်က ရရကို လာဆွဲထူရင်း ကိုတိုးမောင် ဆိုသူကို လှည့်ဟန့်တယ်။

"ကိုတိုးမောင် ရှင် ကလေးကို ဘာလုပ်လိုက်တာလဲ"

အဆူခံလိုက်ရမှ အသိဝင်လာသလို ရရဆီ ပြေးဝင်လာဖို့ လုပ်နေတာမို့ အားကောင်းမောင်းသန် ယောက်ျားလေး နှစ်ယောက်က ဝင်ဆွဲကြပေမဲ့ ချုပ်ထားလို့ မရဘဲ ရန်လိုလာဟန် ရုန်းရင်းဆန်ခတ် ဖြစ်လာကြတယ်။

"လွှတ်... လွှတ်စမ်း၊ ငါ့ကို လွှတ်ကြစမ်း"

"ကိုတိုးမောင် ရှင် ဘာလို့ ရန်လိုနေတာလဲ၊ ကလေးက ရှင့်ဘာလုပ်လို့လဲ"

"ငါ့ဘူး ငါ တောင်းတာ"

တစ်လုံးချင်း ဖြေလိုက်သံက ဝါဝါနက်နက်ကြီး။ သူ့အကြည့် လားရာက အခုထိ ရရ အအေးဘူးလေးမှာ စူးနစ်နေတာမို့...

"ဒါ ကိုကို့အတွက် ယူလာတာ၊ ရရဟာ"

ရရ အဖြေကို ထောက်ခံဟန် အန်တီကြီးတွေက ခေါင်းညိတ်တယ်။

"ကလေး လန့်နေပြီ၊ ကိုတိုးမောင်ကို ခေါ်သွားကြစမ်း၊ ဟဲ့ ဆရာလေး အခုထိ မလာသေးဘူးလား"

"ဆရာလေး ဟိုဘက်ဆိုဒ် ရောက်နေလို့တဲ့ လာနေပြီ"

အသံဗလံတွေကြားမှာ ဦးတိုးမောင်ကလဲ ရုန်းကန်ခြင်းမပျက်။

"မလိုက်ဘူး၊ ငါ့ဘူး ပေး၊ ငါ့ဘူး ပြန်ပေး"

"သူ့လက်ထဲ ကိုင်ထားတာက ရှင့်ဘူး ဘယ်လိုလုပ် ဖြစ်မှာလဲ၊ သွား သွား၊ ရှင် အဲ့လို လုပ်နေရင် ဆရာလေးက ရှင့်ကို လှောင်အိမ်ထဲ ထည့်ထားလိမ့်မယ်နော်၊ ကိုယ့်စိတ် ကိုယ်ထိန်းစမ်း ကိုတိုးမောင်"

"မလိုက်ဘူးကွာ"

ပြောပြောဆိုဆို ချုပ်ကိုင်ထားတဲ့ လူနှစ်ယောက်ကြား ယက်ကန်ယက်ကန် ပါသွားပေမဲ့ ရရကို လှည့်ကြည့်နေတဲ့ မျက်ဝန်းမှာ မကျေနပ်မှုတွေ အပြည့်မို့ ကြက်သီးထလာမိတယ်။

"တော်တော်လန့်သွားလား ကလေး"

"ဟုတ်... ဟုတ်ကဲ့၊ နည်းနည်းပါ"

"ကြည့်ပါအုံး၊ တံတောင်ဆစ်ကလေး ပွန်းသွားတာ ချက်ချင်းကို သိသာလာတာပဲ"

"ရပါတယ် ခင်ဗျ"

"ဒါနဲ့ ကလေးက ဘယ်သွားမှာလဲဟင်"

"C.O.E ရုံးချုပ်ကို သွားချင်တာပါ ခင်ဗျ"

"အို... အဲ့တာက ဆယ်လမ်းမှာ ရှိတာကွဲ့၊ အန်တီတို့ တုတ်တုတ်လေးနဲ့ လိုက်ပို့ပေးမယ်နော်"

"ကျေးဇူးတင်ပါတယ် ခင်ဗျာ"

"ပွန်းပဲ့ရာတွေ အတွက် စိတ်မကောင်းပါဘူး ကလေးရယ်၊ ကိုတိုးမောင်ကြီးက ခါတိုင်း လူတွေကို ဒုက္ခ မပေးတတ်ပါဘူးကွယ်၊ သူ့ဟာသူ ခပ်အေးအေး နေတတ်တာ၊ ကလေး လက်ထဲက ဘူးကလေးကို မြင်လိုက်လို့ သူ စိတ်ဖောက်သွားတာ သိလား"

"ခင်ဗျာ"

"သူက သူ့သမီးလေး စိတ်နဲ့ ယဉ်ယဉ်လေး ရူးနေတာ ကြာပါပြီ"

ဆေးသမားလို့ ထင်ခဲ့မိပေမဲ့ စိတ်ကျန်းမာရေး မကောင်းသူမှန်း သိလိုက်ရတော့ နောင်တရမိသွားတယ်။ နေမကောင်းတဲ့သူနဲ့ ပြိုင်ပြီး ဘယ်လိုတောင် ရန်ဖြစ်ခဲ့မိပါသလဲ။ ဖေးမရမဲ့အစား စိတ် ကယောက်ကယက် ပိုဖြစ်အောင် နှိုးဆွလိုက်မိပြီ ထင်ပါရဲ့။

"သူ့ဘဝမှာ အဖေတစ်ခု သမီးတစ်ခု နေလာရင်း တစ်နေ့မှာ ကလေးကို အိမ်မှာ တစ်ယောက်တည်း ထားရစ်ပြီး သူ့သမီးလေး ပူဆာတဲ့ ရေဘူးလေး သွားဝယ်ချိန်မှာ သူတို့ တိုက်ခန်းက မီးလောင်မှု ဖြစ်ပြီး သူ့သမီးလေး ပါသွားတယ်လေ၊ ဒီသတင်းကြားတဲ့ ကိုတိုးမောင်က ဝယ်လာတဲ့ ရေဘူးလေး ကိုင်ပြီး ပြန်ပြေးလာပေမဲ့ ဘယ်နား လွှတ်ချခဲ့မှန်း မသိတော့ဘူးပေါ့၊ သူ အိမ်ပြန်ရောက်တော့ ကလေး အသက်ကို မီတယ် ဆိုရုံလေး၊ သူ့သမီးလေးက မေးတယ်လေ၊ ရေဘူးကော ဖေဖေတဲ့၊ ပြီးတော့ ကလေးက ဆုံးရှာတာပဲ၊ အဲ့ကတည်းက စိတ်ဖောက်သွားတဲ့ ကိုတိုးမောင်က ရေဘူးလှလှလေးတွေ မြင်တိုင်း ထိန်းချုပ်ရ ခက်လာတယ်၊ သူ့စိတ်မှာ ရေဘူးလှလှလေးတွေ သူ ရသွားရင် သူ့သမီးလေး ပြန်ရှင်လာမယ် ထင်ရှာတာလေ"

လက်ထဲက ရေခဲဘူးလေးကို ငုံ့ကြည့်မိတော့ ပိုကီမွန်ရုပ်ကလေးတွေနဲ့ ဖြစ်ပြီး ကောင်းကင်ပြာရောင် ရေဘူးလေးက လှပတင့်တယ်နေတယ်။ စိတ်နုတဲ့ ရရက ဦးတိုးမောင် အဖြစ်ကို ကြားပြီး ဝမ်းနည်းလာတယ်။

အစကတည်းက ပေးလိုက်ရမှာလို့ တွေးမိပြီး ဘာကြောင့် တွန့်တိုခဲ့မိသလဲ စဉ်းစားလို့မရ။ ပြီးနောက် နှစ်သိမ့်ချင်လာစိတ်နဲ့ ချုပ်နှောင် ခေါ်သွားကြသူတွေ လက်ထဲ ယက်ကန် ယက်ကန် ပါသွားသူနောက် အပြေးလိုက်သွားမိတယ်။

"ဦးလေး... ဦးလေး"

ဦးတိုးမောင် အပါအဝင် တွဲချုပ်ထားသူ နှစ်ယောက်ပါ လှည့်ကြည့်လာတာမို့ အပြုံးတစ်ပွင့်နဲ့အတူ ရေဘူးလေးကို စိတ်လိုလက်ရ ကမ်းပေးလိုက်မိတယ်။

"ဒီရေဘူးလေး ယူလိုက်နော်၊ ခုနကတည်းက မပေးမိလို့ တောင်းပန်ပါတယ်"

ဦးတိုးမောင် မျက်နှာမှာ လှစ်ခနဲ ပြုံးရိပ်ဆင်ပြီးနောက် ချုပ်ကိုင်ထားသူ နှစ်ယောက်ဆီက အားကုန် ရုန်းလာပြီး ရရဆီ အပြေး ရောက်လာတယ်။

ရေဘူးကို ဆတ်ခနဲ ဆွဲယူလိုက်ချိန်မှာ မထင်မှတ်စရာ ကျန်လက်တစ်ဖက်က ရရ လည်ပင်းဆီ ရုတ်တရက် ရောက်လာလျက် အားကုန် ဖိညှစ်ရုံမက မြေပြင်နဲ့ လွတ်အောင် ပင့်မြှောက် တင်ပစ်လိုက်တာမို့...

"အွတ်... လက်ကို လွှတ်... လွှတ် ပေး ပါ"

ဖိညှစ်ထားတဲ့ လက်တွေကို ပုတ်ချပြီး အသနားခံနေပေမဲ့ လွှတ်မပေးတဲ့ အပြင်...

"သူ ခိုး ၊ စော စော တည်း က မ ပေး တဲ့ သူ ခိုး"

"ဟာ... ကိုတိုးမောင် ကလေးကို မလုပ်ရဘူး၊ လွှတ်၊ လွှတ်စမ်း"

"သူ ခိုး က သေ သေ"

"ကို တိုး မောင်"

လမ်းမထက်မှာ အသံဗလံတွေ ဆူညံလာချိန်မှာ ကိုယ့်ကိုယ်ကိုယ် အသက်ပါသွားပြီ ထင်လိုက်ပေမဲ့ ကားထိုးရပ်သံ ကြားလိုက်ရပြီး...

"ရပ် လိုက် ကြ စမ်း"

ဟိန်းထွက်လာသံကြောင့် ကယောင်ကတမ်း လွှတ်ချတဲ့အခါ ရရက မြေပြင်ပေါ် ပျော့ခွေကျသွားတယ်။ ကိုကို ရောက်လာပြီ ဆိုတဲ့ အသိမှာ အခုနေ သေမယ် ဆိုရင်တောင် သေပျော်သွားသလို ခံစားချက်မျိုး။ အသက်ဘေးက လွတ်သွားပေမဲ့ မျက်နှာတစ်ပြင်လုံး အပူဟပ်သလို ခံစားနေရပြီး အသက် လုရှူနေရတာ မသက်သာ။ ထိုအခိုက်မှာ...

*ခွပ်... ခွပ်... ခွပ်*

မိုးခြိမ်းသံလို ဆင့်ထိုးပစ်လိုက်တဲ့ လက်သီးက သုံးချက်တိတိ။ ဦးတိုးမောင် မျက်နှာ တစ်ပတ်လည် ထွက်သွားသလို ဘေးက လူတွေ ကိုကို့ကို ဝိုင်းဆွဲကြတာမို့ ပတ်ဝန်းကျင်က ရုတ်ရုတ်သဲသဲ။

"မှတ်ထား၊ သူ့အသားကို တစ်ချက် ရိုက်ရင် ကျုပ်က ဆယ်ချက် ပြန်ရိုက်မှာ"

ဟိန်းထွက်နေဆဲ အသံက အာဏာစက် ပြင်းလွန်းသလို၊ ဦးတိုးမောင်ပုံစံက အခုတော့ ကုပ်ကုပ်ကလေး။

"တောင်းပန်ပါတယ် ငါ့တူရယ်၊ မလုပ်ပါနဲ့တော့၊ တောင်းပန်ပါတယ်နော်"

လူတွေ ဝိုင်းတောင်းပန်ကြပေမဲ့ ကိုကိုက ကျေနပ်ဟန်မတူ။

"ဖယ်စမ်း၊ ကျုပ်ကို ဖယ်ကြစမ်း"

ကိုကို့ပုံစံက ပေါက်ကွဲလွယ်တဲ့ ဗုံးတစ်လုံးနဲ့ ဆင်တူနေပြီး အချိန်မရွေး လောင်ကျွမ်းသွားတော့မလို။

"ကိုကိုရေ... ရရဆီ လာပါ" လို့

ခေါ်မြည်တမ်းလိုက်ပေမဲ့ အသံက လည်ချောင်းထဲက ထွက်မလာ။ ဒီနေ့ကျမှ နေ့တာက ရှည်နေသလို။ ရရ အစွမ်းအဆနဲ့သာဆို ဒီယောက်ျားဆီ ဆိုက်ရောက်ဖို့ ဒီလောက်တောင် ခက်ပါလားလို့ တွေးမိတော့ မျက်ရည်ပူတွေ စီးကျလာတယ်။

"တောင်းပန်ပါတယ် ငါ့တူရယ်၊ စိတ်လျော့ပါနော်၊ သူက စိတ်မနှံ့သူပါကွယ်"

"စိတ်မနှံ့ရင် ဆေးရုံမှာ နေရမှာ မဟုတ်ဘူးလား၊ ပမာမခန့်နဲ့ ဘယ်သူ့ အသက်ကို လာထိပါးနေတာလဲ"

ကိုကို့အသံက ကြောက်ခမန်းလိလိမို့ ဆူညံနေတဲ့ နေရာကို ရေနဲ့ ပိတ်ဖြန်းလိုက်သလို။

"တောင်းပန်ပါတယ် လူကြီးမင်းရယ်၊ ကျွန်တော်တို့ တောင်းပန်ပါတယ်၊ ခွင့်လွှတ်ပေးပါနော်"

"သူနဲ့ သက်ဆိုင်သူ ဘယ်သူလဲ၊ မဟုတ်ရင် ခင်ဗျားတို့ အားလုံး ထောင်ထဲဝင်ဖို့ ပြင်ထား"

လူအုပ်ကြီးကို လက်ညှိုး ဝေ့ထိုးလျက် ကိုကို့ ကြိမ်းမောင်းသံကြား တုပ်တုပ်မျှ မလှုပ်ရဲကြ။ ကိုကို ဒေါသထွက်တာ မြင်ဖူးခဲ့ပေမဲ့ အခုတစ်ခေါက်က ဒီဂရီ အမြင့်ဆုံးပဲ ထင်ပါရဲ့။ ကိုကို့ အသက်ရှူသံတွေ ပြင်းပြနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပုံက မြင်သမျှ ထိုးခွဲချင်နေဟန်။

"ခင်ဗျားတို့ အဖွဲ့လိုက်ကြီး ရှိနေချိန် ကျုပ်ကလေးက ဘာကြောင့် လည်ပင်း အညှစ်ခံရတာလဲ၊ ဘာလို့ ခွင့်ပြုထားကြတာလဲ"

"ခါ... ခါတိုင်း ဒီလို သောင်းကျန်းသူ မဟုတ်ပါဘူးကွယ်၊ ရုတ်တရက်ကြီး ဖြစ်သွားလို့ မှင်တက်ကုန်ကြတာပါ"

"ရုတ်တရက် ဆိုကတည်းက ခင်ဗျားတို့ ပေါ့ဆလို့ မဟုတ်ဘူးလား"

"ကိုတိုးမောင်ကြီးက ဒီအရပ်ကလဲ မဟုတ်ပါဘူး ငါ့တူရယ်၊ အလုပ် လာလုပ်တဲ့ သူ့တူလေးနောက် လျှောက်လိုက်လာရင်း ဒီဘက်အထိ ရောက်လာတာပါကွယ်"

"ဘယ်အရပ်က ဖြစ်ဖြစ် ကျုပ် စိတ်မဝင်စားဘူး၊ အခု ကျုပ်ကလေးရဲ့ အသက်အန္တရာယ်ကို လာထိသွားပြီ၊ ခင်ဗျားတို့ ဘယ်လို တာဝန်ယူမလဲ"

"တောင်း... တောင်းပန်ပါတယ် လူကြီးမင်းရယ်၊ အဲ့တာ ကျွန်တော့်ဦးလေးပါ"

အခုမှ အပြေး ရောက်လာတဲ့ လူရွယ်တစ်ယောက်က ငိုချတော့မလို မျက်နှာပေးနဲ့ သူ့ရှေ့ တုန်ခိုက်စွာ တောင်းပန်နေပေမဲ့ သူ့ဒေါသကို ချုပ်ငြိမ်း မရသေး။ စိတ်လိုလက်ရသာဆို ချာတိတ်ကို ဒဏ်ရာရစေတဲ့ လူကို ဆင့်ကာဆင့်ကာ ထိုးပစ်ချင်မိတုန်း။

"ကျုပ်ကလေး တစ်ခုခု ဖြစ်သွားရင် ခင်ဗျား ဘယ်လို တာဝန်ယူမှာလဲ၊ ပြော... အဲ့တာကို ပြော"

"တောင်း... တောင်းပန်ပါတယ်ဗျာ"

ကိုယ်တောင် လက်နဲ့ မရွယ်ခဲ့ဖူးတဲ့ ကလေးလေးက တစ်ပါးသူ လက်ထဲမှာ အသက်ရှူ ရပ်လုမတတ် မြောက်တက်နေတဲ့ အဖြစ်ကြီးက သူ့အတွက် သွေးပျက်ချင်စရာ။ ရန်မူသူက စိတ်ကျန်းမာရေး မကောင်းသူမှန်း သိလိုက်ရပေမဲ့ ခွင့်လွှတ်ပေးဖို့ နည်းနည်းလေးတောင် စဉ်းစားလို့မရ။

*ကံသီလွန်းလို့ ကိုကို မင်းကို လက်လွှတ်ရတော့မလို့။

လူနာနဲ့ ဖက်ပြိုင် ရန်ဖြစ်တဲ့ စိတ်သဘောထား သေးသိမ်သူ အဖြစ် သတ်မှတ်ကြလဲ အဇဋာဆိုတဲ့ သူက ဂရုစိုက်မှာ မဟုတ်။ ကိုယ့်မိသားစုဝင်ရဲ့ ကျန်းမာရေး အခြေအနေကို သိထားရင် ဂရုတစိုက် စောင့်ကြည့်နေရမှာ မဟုတ်ဘူးလား။

"ကိုကို"

မီးလောင်လွင်ပြင်မှာ အပူဟပ်နေသူအတွက် ရေကြည် တစ်ပေါက်နဲ့ ဖြန်းပက်ခံလိုက်ရသလို သူ့စိတ်ဟာ ငြိမ့်ခနဲ ဖြစ်သွားပြီး ချာတိတ်ဆီ အပြေး လှမ်းလိုက်မိတယ်။ မျက်နှာငယ်လေးကို မြင်ရချိန်မှာ သွေးတွေ နောက်တစ်ကြိမ် ဆူပွက်လာတယ်။ ရူးတော့မှာပဲ ကလေးရယ်။ ရင်ကွဲရပြီး ကိုကို ရူးတော့မှာပဲ။

"ချာတိတ်"

"ကိုကိုရယ်"

ကောက်ပွေ့လိုက်ချိန်မှာ ကြားလိုက်ရတာက အင့်ခနဲ ရှိုက်သံလေး။ တိုးဝင်လာတဲ့ မျက်နှာလေးက သူ့ရင်ခွင်ကြားမှာ နစ်မြုတ်လျက်။ ချာတိတ် ဆံနွယ်တွေထက် ကမူးရှူးထိုး မျက်နှာ နှစ်ပစ်လိုက်တဲ့အခါ သူ့မျက်ဝန်းမှာ မိုးတွေ စွေလာတယ်။

"တောင်းပန်ပါတယ် ကလေးရယ်၊ ကိုကို တောင်းပန်တယ်နော်၊ ကိုကို တောင်းပန်ပါတယ်၊ တကယ် တောင်းပန်ပါတယ် ကလေးရယ်"

ဒီစကားကို အရူးလို ဘယ်လောက်တောင် တတွတ်တွတ် ပြောနေမိလဲမသိ။ စိတ်မနှံ့သူ အပါအဝင် အနားမှာ ရှိသူတိုင်း သူတို့နှစ်ယောက်ကို ငေးကြည့်နေမှန်း သိပေမဲ့ ဂရုမစိုက်မိ။ ရှိုက်သံလေး တစ်ချက် ကြားရတိုင်း သူ့ဝဲဘက်ရင်အုံက စူးခနဲ အောင့်မျက်ပါတယ်။

သူ နောက်ကျသွားလို့ ဒီလို အဖြစ်နဲ့ ကြုံရတာ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မချင့်မရဲ ဖြစ်မိတာ တားမရ။ ထိုအခိုက်မှာ ကြားလိုက်ရတာက...

"ကျေးဇူးပြုပြီး ရရကို ခေါ်သွားပေးပါနော်"

"ဟင်"

"ဒီနားမှာ မနေချင်တော့ဘူး ကိုကိုရယ်"

"ဟုတ်ပြီ ကိုကိုတို့ သွားကြမယ်နော်"

ခေါင်းတဆတ်ဆတ် ညိတ်ပြပြီး ကောက်ပွေ့လိုက်ပေမဲ့ သူ့ရင်ထဲမှာ တင်းကျပ် နစ်မွန်းနေဆဲ။ လည်တိုင်ကျော့ကျော့က လက်ငါးချောင်း အရာကြီးဆီ အကြည့်ရောက်ချိန်မှာ သူ့မေးကြောတွေ တင်းသွားပြန်တယ်။ အရာ ထင်မှာစိုးလို့ သူတောင် ခိုးမနမ်းရက်ခဲ့တဲ့ လည်တိုင်လေးဟာ မမြင်ရက်စရာ။

"ရရ ဘာမှ မဖြစ်ဘူးနော်"

ဖျောင်းဖျသံက တိုးတိုးလေး။ သူ့လည်တိုင်ဆီ ခိုတွယ်လာတဲ့ လက်ကလေးက ပိုတင်းကျပ်လာတယ်။ သူ့ရင်ခွင်ကို ပါးကလေးနဲ့ ဖွဖွ ပွတ်နေရင်း တောင်းပန်တိုးလျိုးစွာ ရပ်ကြည့်နေဆဲ ဦးတိုးမောင်တူ ဆိုသူကို လက်ညှိုးထိုးပြတယ်။

"သူတို့ကို ခွင့်လွှတ်တယ်လို့ ပြောခဲ့လိုက်ပါ ကိုကိုရယ်"

"ကိုယ် ဘယ်လို ခွင့်လွှတ်ရမှာလဲ၊ ဒီမှာ ကြည့်ပါအုံး၊ လက်ငါးချောင်းရာကြီး ထင်းလို့"

"သူ တမင် လုပ်တာမှ မဟုတ်ဘဲနော်"

ဒီနှစ်သိမ့် စကားလေးမှာ သူ့နှလုံးသားက စူးနက်နက်တွေနဲ့ အထိုးခံလိုက်ရသလို။ စကားပြောနိုင်ဖို့ အတန်ကြာ အားယူလိုက်ရပြီးမှ...

"ကိုကို ဝမ်းနည်းတယ်လေ"

"ဗျာ"

"ကိုကို ဝမ်းနည်းနေတယ် သိလား၊ ဒီနေရာက စူးပြီး နာနေတာ၊ ဘယ်လို လုပ်ရမလဲ"

နှလုံးသား ရှိရာ ထုပြရင်း အသံမတုန်အောင် ကြိုးစား ပြောနေရတာ မသက်သာ။ သူ့ပါးပြင်ဆီ လက်ကလေးတစ်ဖက် ရောက်လာပြီး သူနဲ့ အကြည့်ချင်းဆုံအောင် ကြည့်တယ်။

"ကိုကို ဝမ်းနည်းရင် ရရလဲ ဝမ်းနည်းတယ် သိလား၊ ရရရဲ့ ဒီနေရာမှာလဲ အောင့်တယ် ကိုကို"

ဝဲဘက် ရင်အုံလေးကို ထုပြပြီး နောက်တစ်ကြိမ် မျက်ရည် ပြည့်လာတဲ့ ကလေးကို ငေးကြည့်လျက် ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်မိတယ်။ ချာတိတ်ကို ဒီထက်ပို မငိုစေချင်တော့ဘူး။ သူ့အတ္တကြောင့် စိတ်မချမ်းမြေ့ရမှာ အကြောက်ဆုံးပါပဲ။

"ခင်ဗျား လုပ်ငန်းခွင်က ဘယ်ဟာလဲ"

"ကျွန်တော်က Myanmar Land ကုမ္ပဏီက လက်ထောက်အင် ဂျင်နီယာပါ ခင်ဗျာ၊ ရှေ့နားလေးမှာ ကျွန်တော်တို့ လုပ်လက်စ ဆိုဒ် ရှိပါတယ်၊ ဒီကလေး ဒဏ်ရာကို ပျောက်ကင်းသည်အထိ ကျွန်တော်..."

စကားအဆုံးခင် ခေါင်းခါပစ်လိုက်မိတယ်။

"ခင်ဗျားလဲ ပညာတတ်ပဲ သိရမှာပေါ့၊ ယဉ်ပါးတယ် ဆိုပေမဲ့ စိတ်အခန့် မသင့်တိုင်း လူတွေကို လိုက်ဒုက္ခပေးမယ်ဆို ဘယ်ဖြစ်မှာလဲ၊ ခင်ဗျား ဦးလေးကို သင့်တော်ရာမှာ ကုသဖို့ လုပ်ပါ၊ နောက်တစ်ခါ လမ်းပေါ်မှာ အခြားလူ တစ်ယောက်ကို ထပ်ပြီး အကြမ်းဖက်တယ်လို့ ကြားရရင် တရားလို အနေနဲ့ ကျုပ် ကိုယ်တိုင် တရားစွဲမယ်"

"စိတ်ချပါ ခင်ဗျာ"

"အခုတော့ ကျုပ်ကလေး တားမြစ်လို့ ဒီလောက်နဲ့ ထားခဲ့လိုက်တယ် မှတ်ပါ"

စကားဆုံးတာနဲ့ နွေးတဲ့ ကိုယ်လေးကို ကျစ်ကျစ်ပါအောင် ထွေးဖက်လျက် ကားဆီ လျှောက်လာခဲ့မိတယ်။ အိမ်ပြန်လမ်း တစ်လျှောက် ကလေးက သူ့ကို ငေးရင်း တိတ်ဆိတ်နေလိုက်တာ။ အတန်ကြာမှ...

"ကိုကို"

"အင်း"

"တောင်းပန်တယ်နော်"

"ကိုယ် ပြောရမှာပါ"

"မဟုတ်တာ ကိုကိုရယ်၊ ရရ အသုံးမကျလို့ ဖြစ်ရတာ၊ နမော်နမဲ့နိုင်တဲ့ ရရ အမှားပါ"

"အဲ့လို တွေးရင် ကိုယ် စိတ်မကောင်း ဖြစ်တော့မှာပဲ"

"ကိုကို ဝမ်းနည်းမှာပဲစိုးတာ"

"လည်ပင်းက အများကြီး နာနေလား"

"အခု မနာတော့ပါဘူး"

"ကိုယ် စိတ်ချမ်းသာအောင် ပြောပေးနေတာလား"

"မဟုတ်တာ ကိုကိုရယ်၊ တကယ် မနာတော့ဘူး သိလား"

"တော်သေးတာပေါ့"

"ကိုကို ရုံး မသွားတော့ဘူးလားဟင်"

"ဒီအချိန်မှာ ဘယ်အရာကများ ချာတိတ်ထက် အရေးကြီးရမှာလဲ"

"ကိုကို"

တုန်ခိုက်စွာ ခေါ်လိုက်ပေမဲ့ ကိုကိုက မကြားဟန် ရရ လက်တစ်ဖက်ကို ညင်သာဖွဖွ အုပ်မိုး ဆုပ်ကိုင်ပြီး ကိုကို့ပါးပြင်နဲ့ ထိကပ်တယ်။ ကိုကို့မျက်ဝန်းတွေ ညံ့သက် ရီဝေနေပုံက ရရကို ချော့မော့နေသလိုနှယ်။

"မနာတော့ရင်တောင် ဆေးရုံသွားရအောင်နော်"

"ဟင့်အင်း ကိုကို၊ ရရမှ ဘာမှမဖြစ်တော့တာ၊ ဆေးရုံသွားရင် ကိုကို့ကို အထင်လွဲကြလိမ့်မယ်"

"ရတယ်၊ ကိုယ့်သူငယ်ချင်းဆီ သွားကြမယ်"

ဦးလေး အောင်မောင်းကို ရည်ညွှန်းလိုက်မှန်း သိပေမဲ့ ဒီပုံစံကြီးနဲ့ ဘယ်မှ မသွားချင်ပါ။ ကိုကို မသိလို့ပါ။ ကိုကို့ ရင်ငွေ့ လှုံလိုက်ရကတည်းက ရရ အဆင်ပြေသွားခဲ့တာ ကိုကို တကယ် မသိလို့ နေမှာ။

"ရရ တကယ် မသွားချင်လို့နော်"

ထပ်ပြောလိုက်တော့ ကိုကို သက်ပြင်းရှိုက်တယ်။

"အများကြီး လန့်သွားတယ် မဟုတ်လား"

"အခု အဆင်ပြေသွားပြီ ကိုကို၊ ကိုကိုနဲ့အတူမို့ တကယ် အဆင်ပြေသွားပါပြီ"

ဒီစကားမှာ ပင့်သက်တွေ မှုတ်ထုတ်လိုက်တဲ့ ကိုကိုက...

"ကိုယ်ကတော့ သေမလိုပဲ"

"ဟင်"

"ကိုယ် အခုထိ လန့်နေသေးတယ်"

ရရ မျက်နှာကို စူးနစ်စွာ လှည့်ငေးလျက်...

"အသက်ဆက် မရှင်ချင်လောက်အောင် ကိုယ် လန့်သွားခဲ့တာ ချာတိတ် သိရဲ့လား"

ညည်းတွားသံ တိုးရှရှနဲ့အတူ ရရ လက်တစ်ဖက်က ကိုကို့လက်ဖဝါးထဲမှာ ပိုတင်းကျပ်လာတယ်။ ရရ လက်ချောင်း တစ်ချောင်းချင်းတိုင်းက ကိုကို့လက်ချောင်း တစ်ချောင်းချင်းနဲ့ ကြားလေသွေးလို့ မရအောင် ဖိကပ်ထိစပ်နေတယ်။

ကိုကို့ပူပန်မှုတွေ သက်သာလို သက်သာငြား ကိုကို့လက်မောင်းပေါ် ပါးမှီအပ်လိုက်ရင်း...

"ကိုကို"

"အင်း"

"ရရက ကျေးဇူးတင်ပြီး ချစ်တယ်နော်"

ပြန်ဖြေသံ မကြားရပေမဲ့ ကားမောင်းနေတဲ့ ကိုကိုက ရရ လက်တစ်ဖက်ကို အုပ်မိုးဆုပ်ကိုင်ထားဆဲ။

"ချာတိတ်"

"ဗျာ"

"အိမ်ရောက်ရင် Luggage ပြင်ရအောင်"

"ဘာလို့လဲ ကိုကို"

"ပထမတော့ ကိုယ့်သူငယ်ချင်း အစ်မရဲ့ မင်္ဂလာဆောင်ကို မသွားတော့ဘူး လုပ်နေတာ"

"ဗျာ"

"အခုတော့ သွားရအောင်"

"ရရကောလားဟင်"

"အင်း... မင်းနဲ့ ကိုကို"

ရင်အစုံက တအုံအုံ နွေးလာတာ တားမရ။ ကိုကို့ကို ချစ်လွန်းလို့ ဘယ်လို လုပ်ရပါမလဲ။ ကိုကို ရရကို ကြင်နာနေတာ မြတ်နိုးစရာ။

"ဘယ်အထိလဲဟင်"

"ချင်းမိုင်မှာတဲ့"

"ကိုကို အလုပ် မအားဘဲနဲ့"

"အလုပ်က အားချင်အားလို့ ရပါတယ်"

"ဘယ်နေ့လဲဟင်"

"မင်္ဂလာဆောင်က ၃၀ ရက်နေ့ကို ရွှေ့လိုက်တာမို့ ၃ ရက် လိုသေးပေမဲ့ ကိုကိုတို့ မနက်ဖြန် ထွက်ရအောင်"

အခုထိ ကိုကို့ကို ငေးမိရင်း ရင်တုန် မပြယ်ခင်မှာ ရရဘက် လှည့်ကြည့်လာတဲ့ ကိုကိုက...

"ကျောင်းပျက်လို့ မရဘူးလို့ ငြင်းရင် ကိုကို ဝမ်းနည်းမှာ"

"ဟင့်အင်း... ကိုကိုနဲ့ဆို ဘယ်ဖြစ်ဖြစ်"

ဒီစကားမှာ ကိုကို့ ရယ်သံချိုတွေ ကြားလိုက်ရပြီး လေဟုန်ခွင်းနေတဲ့ ကားကလေးက အိမ်ရှိရာဆီ ဟူးဟူးရားရား ဦးတည်လျက် ရှိပါတယ်။

^^

ဆက်ရန်

ချစ်တဲ့အသွဲ့^^

၂၄.၁၀.၂၀၂၂ တင်္နလာနေ့

(အပိုင်းသစ်ကို ဘယ်နေ့ မပြောတော့ဘူးနော်၊ မအားလပ်ရင်တောင် အလွန်ဆုံး တစ်ပတ် မကျော်စေရပါဘူး၊ ပိုစောဖို့သာ ရှိပါမယ်။ ကျန်းမာချမ်းမြေ့ပါစေကွယ်)

+++++

ZAWGYI

"ဟိတ္... ႐ႊတ္... ႐ႊတ္"

🎵 နင္ တစ္ေယာက္တည္းလား x ဟိုအစ္ကို မပါဘူးလား x မိုးလဲခ်ဳပ္ေတာ့မယ္ x ဘယ္ကို ျပန္မလို႔လဲ x အရင္ အိမ္မွာပဲလား x အဆင္ေျပတယ္ မဟုတ္လား x မင္း မ်က္လုံးမ်ားက အူေၾကာင္ေၾကာင္နဲ႔ကြာ 🎵

စသျဖင့္ သီခ်င္းနဲ႔တစ္မ်ိဳး၊ လက္ေခါက္မႈတ္သံနဲ႔ တစ္ဖုံ ျဖတ္သြား ျဖတ္လာ စက္ဘီးတို႔ဆီက စေနာက္သြားၾကတဲ့ အသံေတြ။ ေနအပူရွိန္ေၾကာင့္ မ်က္ႏွာတစ္ျပင္လုံးလဲ စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္ေနၿပီ။ အသံဗလံေတြကို မၾကားဟန္ ျပဳလ်က္ အားတင္း ေလွ်ာက္လာတာ မုျဒာ ၈ လမ္းေတာင္ ေရာက္လာၿပီ။

ဒီလမ္းထဲ ဝင္လာကတည္းက စေနာက္ခံေနရေတာ့တာပဲ။ ၁ လမ္းကေန ၇ လမ္းထိက တိတ္ဆိတ္ေနခဲ့ေပမဲ့ ၈ လမ္းမွာက် ေဆာက္လက္စ အေဆာက္အဦေတြ ရွိေနတာမို႔ လမ္းေပၚမွာ ေဆာက္လုပ္ေရး လုပ္သားေတြ သြားလာေနတာ ျမင္ေနရတယ္။

ပါးစပ္စည္း မရွိသူေတြကို ေက်ာ္ျဖတ္လို႔ အေတာ္အတန္ ေလွ်ာက္လာၿပီးမွ ဒီလမ္းလဲ မဟုတ္တန္ဘူးလို႔ ေတြးမိေပမဲ့ ေနာက္ႏွစ္လမ္းပဲ က်န္ေတာ့တယ္ မဟုတ္လား။ တစ္နာရီေက်ာ္ မနားမေန ေလွ်ာက္ထားတာမို႔ လူက အေတာ္ေလး ၿပိဳင္းေနပါၿပီ။

မုျဒာ ၁ လမ္းမွာ ကိုကို ရွိမယ္ အထင္နဲ႔ ေပ်ာ္႐ႊင္စြာ ဝင္သြားခဲ့ေပမဲ့ အနားေရာက္မွ ျမင္လိုက္ရတာ C.O.E မဟုတ္ဘဲ C.O.G ဆိုတဲ့ ေရေၾကာင္း ကုန္သြယ္ေရး လုပ္ငန္း ျဖစ္ေနတာမို႔ သြားေမာႀကီး ျဖစ္ခဲ့ရတယ္။

ဒါ့အျပင္ ကိုကို႔ဆီ ဖိုင္တြဲ အခ်ိန္မီ မပို႔ႏိုင္မွာ စိုးထိတ္လို႔ တကၠစီ ငွားၿပီး ရွာခ်င္ေပမဲ့ ပိတ္ရက္မို႔ အိမ္ရာဝင္းႀကီးထဲမွာ ကားငွားရ ခက္လွပါတယ္။ လက္က နာရီကို ငုံ႔ၾကည့္ေတာ့ ေန႔လယ္ ဆယ့္တစ္နာရီ။ စိုးရိမ္စိတ္ကေလးက လူးလားေခါက္တုံ ျဖစ္လာၿပီ။

ေျခလွမ္းေတြကို ပိုသြက္လိုက္ဆဲမွာ အေနာက္ကေန လွမ္းပုတ္လိုက္တာက လက္ေအးေအးႀကီး တစ္ဖက္။ ဖ်တ္ခနဲ လွည့္ၾကည့္လိုက္ေတာ့ အသားညိဳညိဳ အရပ္ရွည္ရွည္နဲ႔ မ်က္ဝန္းေတြက မူမွန္မေနတဲ့ လူတစ္ေယာက္။ အသက္က ေလးဆယ္ဝန္းက်င္ ရွိႏိုင္ၿပီး ရရကို ၾကည့္ေနပုံက ၾကက္သီးထဖြယ္၊ ရန္မူခ်င္ဟန္။

ေန႔ခင္းေၾကာင္ေတာင္ ျဖစ္တဲ့အျပင္ ရရကလဲ ေယာက္်ားတစ္ေယာက္မို႔ ဘယ္နည္းနဲ႔မွ ေၾကာက္စရာ မရွိဘူးလို႔ ေတြးလိုက္ေပမဲ့ ပတ္ဝန္းက်င္မွာ အကူအညီ ေတာင္းစရာ မရွိတာမို႔ လက္ဖ်ား ေျခဖ်ားေတြ ေအးစက္လာတယ္။ ထိုသူ႔ဆီက ရေနတဲ့ စိမ္းေ႐ႊေ႐ႊ အနံ႔အသက္တစ္မ်ိဳးက ေက်ာခ်မ္းဖြယ္ မသတီစရာ ေကာင္းလွပါတယ္။

ေရွာင္ရမယ္ ဆိုတဲ့ အသိနဲ႔ ေျခလွမ္းေတြကို စတင္လိုက္ခ်ိန္မွာ ထပ္ၾကပ္မကြာ ပါလာမွန္း သိလိုက္တယ္။ အကူအညီ ရဖို႔ဆို ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြအနား အေျပးသြားဖို႔ လိုေၾကာင္း နားလည္လာတယ္။ စကားတစ္လုံးမွ မေျပာတဲ့ ထိုလူက သံပရာရည္ဘူး ကိုင္ထားတဲ့ ရရ လက္ကို ႐ုတ္တရက္ လွမ္းဆြဲလိုက္တာမို႔...

"မထိနဲ႔"

အားကုန္ ကုန္းေအာ္လိုက္ေပမဲ့ ထိုသူ႔မ်က္လုံးက ရရ အေအးဘူးဆီက မခြာ။ ႏႈတ္ခမ္းေတြကို လွ်ာနဲ႔ သပ္တင္လိုက္ၿပီး ထိုအေအးဘူး ရဖို႔သာ တာဆူေနသလို။ အေျပးတစ္ပိုင္း ထြက္လာမိတဲ့အခါ အေနာက္ကေန ထပ္ၾကပ္မကြာ ေျပးလိုက္လာၿပီး အသံနက္ႀကီးနဲ႔...

"သူ ခိုး"

"ဟင္"

ေနရင္းထိုင္ရင္း သူခိုး စြပ္စြဲခံလိုက္ရတာမို႔ လူက ေတာင့္ခနဲ။

"ငါ့ဘူး ျပန္ေပး"

"သူ႔ဘူးလဲ မဟုတ္ဘဲနဲ႔"

"ေပးေနာ္... ေပး"

"မေပးပါဘူး၊ မေပးဘူး"

"အဲ့တာ ေပးစမ္း"

"ကိုကို႔ အတြက္လို႔"

လွည့္ေအာ္ရင္း၊ ေျပးရင္း၊ ခလုတ္တိုက္ရင္း ေမွာက္လဲမလို ျဖစ္တာ မၾကာခဏ။ ေရွ႕နားမွာ လုပ္သားေတြ အသံ ၾကားေနရၿပီမို႔ အားသြန္ခြန္စိုက္ ေျပးလိုက္ေပမဲ့ ထိုသူကလဲ မက်န္ရစ္ခဲ့။ ရရ ေဘးကေန ယွဥ္တြဲ ေျပးေနရင္း သူ႔အၾကည့္က အေအးဘူးဆီက မခြာ။

"မေပးဘဲ ဆက္ေျပးေနရင္ လည္ပင္း ညႇစ္သတ္မွာေနာ္"

အတန္ၾကာ ေျပးလိုက္ရတာကို ေဒါသထြက္လာဟန္ ႀကိမ္းေမာင္းသံ အက္အက္ႀကီး ၾကားလိုက္ခ်ိန္မွာ လူတစ္ကိုယ္လုံး ေပ်ာ့ေခြသြားမတတ္။ အေအးဘူးကို ရင္ဝယ္ ပိုက္ပစ္လိုက္တဲ့အခါ ထိုသူက ရရ အနား ကမူး႐ူးထိုး ကပ္ၿပီး လက္ဆန႔္တန္းလာတယ္။

"ေပး... ေပးစမ္း"

"သူ႔ဟာလဲ မဟုတ္ဘဲနဲ႔လို႔"

ေအာ္ပစ္လိုက္ေပမဲ့‌ ေနာက္ဆုတ္မသြား။ ရန္မူေတာ့မဲ့ အသြင္က ထိုသူ႔ မ်က္လုံးေတြမွာ အထင္းသား။ မိသားစုအျပင္ ကိုကို၊ ၿပီးေတာ့ သူငယ္ခ်င္း ႏွစ္ေယာက္၊ ဘဝမွာ လက္ပြန္းတတီး ဆိုလို႔ ဒီလူေတြနဲ႔သာ အကြၽမ္းဝင္ခဲ့ဖူးတာမို႔ ထူးဆန္းတဲ့ လူစိမ္းကို ဘယ္လိုႀကီး ေၾကာက္မိမွန္း မသိ။

အားတင္းထားေပမဲ့ မတ္မတ္ရပ္ေနတဲ့ ေျခေထာက္ေတြ ခြင္ခ်င္လာတာ မၾကာခဏ။

"ငါ့ဟာ"

"ရရဟာ"

အျပန္အလွန္ ေအာ္ေနမိေပမဲ့ ဘယ္လိုနည္းနဲ႔ ျဖစ္ျဖစ္ အလုခံရမွာ သိလာတဲ့အခါ အသာတၾကည္ ေပးလိုက္ရင္ ရန္ၿငိမ္းသြားမဲ့ အျဖစ္ကို ဦးေႏွာက္က မဆင္ျခင္ႏိုင္ေတာ့ဘဲ ထိုသူ႔လက္က လြတ္ေျမာက္ဖို႔သာ ေတြးမိတာမို႔ အရွိန္တင္လိုက္တဲ့အခါ ဘယ္ေျခနဲ႔ညာေျခ ခလုတ္တိုက္ၿပီး ေခ်ာ္လဲသြားတာ "ဘိုင္း" ခနဲ။

"အ"

ေျမျပင္ေပၚမွာ တစ္ပတ္လည္ က်သြားတာမို႔ နာက်င္မႈက နင့္ခနဲ။ ေအာင့္မ်က္သြားမႈေၾကာင့္ မ်က္ရည္ဝိုင္းလာတဲ့အခါ အလစ္အငိုက္မွာ ဝင္လုမဲ့အစား ေတြေတြႀကီး ရပ္ၾကည့္ေနျပန္တယ္။ ထိုအခ်ိန္မွာ ၾကားလိုက္ရတဲ့ အသံဗလံေတြက...

"ေဟ့ ေဟ့... ဟိုမွာ ကိုတိုးေမာင္ႀကီး မဟုတ္လား၊ ျပႆနာေတြ တက္ကုန္ေတာ့မွာပဲ၊ သူ႔ေၾကာင့္ တစ္ေယာက္ေယာက္ ဒဏ္ရာရေနတယ္ ထင္တယ္၊ လာၾကအုံးေဟ့"

"တစ္ေယာက္ေယာက္က ဆရာေလးကို သြားေခၚၾကအုံး၊ သူ႔ဦးေလး ျပႆနာ ရွာထားတယ္လို႔ ေျပာခဲ့"

ေအာ္သံေတြနဲ႔အတူ ရရ အနား ေျပးလာၾကတဲ့ ေျခသံေတြ။ ကူကယ္ရာ မဲ့ေနတဲ့ ရရက အခုထိ ေျမျပင္ေပၚက မထႏိုင္ေသး။ လူေတြ အနား ေရာက္လာတဲ့အခါ...

"ဟယ္... ခုနက ျဖတ္သြားတဲ့ ကေလးေလး မဟုတ္လား"

"ေအးေလ၊ ေခ်ာေခ်ာေလးမို႔ က်ဳပ္တို႔ေတာင္ လိုက္ေငးလိုက္ေသး"

"သနားစရာဟယ္၊ ဝိုင္းထူေပးၾကပါအုံး၊ နာေနရွာမွာပဲ"

တစ္ေယာက္တစ္ေပါက္ ေျပာဆိုေနတဲ့ အန္တီႀကီး ႏွစ္ေယာက္က ရရကို လာဆြဲထူရင္း ကိုတိုးေမာင္ ဆိုသူကို လွည့္ဟန႔္တယ္။

"ကိုတိုးေမာင္ ရွင္ ကေလးကို ဘာလုပ္လိုက္တာလဲ"

အဆူခံလိုက္ရမွ အသိဝင္လာသလို ရရဆီ ေျပးဝင္လာဖို႔ လုပ္ေနတာမို႔ အားေကာင္းေမာင္းသန္ ေယာက္်ားေလး ႏွစ္ေယာက္က ဝင္ဆြဲၾကေပမဲ့ ခ်ဳပ္ထားလို႔ မရဘဲ ရန္လိုလာဟန္ ႐ုန္းရင္းဆန္ခတ္ ျဖစ္လာၾကတယ္။

"လႊတ္... လႊတ္စမ္း၊ ငါ့ကို လႊတ္ၾကစမ္း"

"ကိုတိုးေမာင္ ရွင္ ဘာလို႔ ရန္လိုေနတာလဲ၊ ကေလးက ရွင့္ဘာလုပ္လို႔လဲ"

"ငါ့ဘူး ငါ ေတာင္းတာ"

တစ္လုံးခ်င္း ေျဖလိုက္သံက ဝါဝါနက္နက္ႀကီး။ သူ႔အၾကည့္ လားရာက အခုထိ ရရ အေအးဘူးေလးမွာ စူးနစ္ေနတာမို႔...

"ဒါ ကိုကို႔အတြက္ ယူလာတာ၊ ရရဟာ"

ရရ အေျဖကို ေထာက္ခံဟန္ အန္တီႀကီးေတြက ေခါင္းညိတ္တယ္။

"ကေလး လန႔္ေနၿပီ၊ ကိုတိုးေမာင္ကို ေခၚသြားၾကစမ္း၊ ဟဲ့ ဆရာေလး အခုထိ မလာေသးဘူးလား"

"ဆရာေလး ဟိုဘက္ဆိုဒ္ ေရာက္ေနလို႔တဲ့ လာေနၿပီ"

အသံဗလံေတြၾကားမွာ ဦးတိုးေမာင္ကလဲ ႐ုန္းကန္ျခင္းမပ်က္။

"မလိုက္ဘူး၊ ငါ့ဘူး ေပး၊ ငါ့ဘူး ျပန္ေပး"

"သူ႔လက္ထဲ ကိုင္ထားတာက ရွင့္ဘူး ဘယ္လိုလုပ္ ျဖစ္မွာလဲ၊ သြား သြား၊ ရွင္ အဲ့လို လုပ္ေနရင္ ဆရာေလးက ရွင့္ကို ေလွာင္အိမ္ထဲ ထည့္ထားလိမ့္မယ္ေနာ္၊ ကိုယ့္စိတ္ ကိုယ္ထိန္းစမ္း ကိုတိုးေမာင္"

"မလိုက္ဘူးကြာ"

ေျပာေျပာဆိုဆို ခ်ဳပ္ကိုင္ထားတဲ့ လူႏွစ္ေယာက္ၾကား ယက္ကန္ယက္ကန္ ပါသြားေပမဲ့ ရရကို လွည့္ၾကည့္ေနတဲ့ မ်က္ဝန္းမွာ မေက်နပ္မႈေတြ အျပည့္မို႔ ၾကက္သီးထလာမိတယ္။

"ေတာ္ေတာ္လန႔္သြားလား ကေလး"

"ဟုတ္... ဟုတ္ကဲ့၊ နည္းနည္းပါ"

"ၾကည့္ပါအုံး၊ တံေတာင္ဆစ္ကေလး ပြန္းသြားတာ ခ်က္ခ်င္းကို သိသာလာတာပဲ"

"ရပါတယ္ ခင္ဗ်"

"ဒါနဲ႔ ကေလးက ဘယ္သြားမွာလဲဟင္"

"C.O.E ႐ုံးခ်ဳပ္ကို သြားခ်င္တာပါ ခင္ဗ်"

"အို... အဲ့တာက ဆယ္လမ္းမွာ ရွိတာကြဲ႕၊ အန္တီတို႔ တုတ္တုတ္ေလးနဲ႔ လိုက္ပို႔ေပးမယ္ေနာ္"

"ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ"

"ပြန္းပဲ့ရာေတြ အတြက္ စိတ္မေကာင္းပါဘူး ကေလးရယ္၊ ကိုတိုးေမာင္ႀကီးက ခါတိုင္း လူေတြကို ဒုကၡ မေပးတတ္ပါဘူးကြယ္၊ သူ႔ဟာသူ ခပ္ေအးေအး ေနတတ္တာ၊ ကေလး လက္ထဲက ဘူးကေလးကို ျမင္လိုက္လို႔ သူ စိတ္ေဖာက္သြားတာ သိလား"

"ခင္ဗ်ာ"

"သူက သူ႔သမီးေလး စိတ္နဲ႔ ယဥ္ယဥ္ေလး ႐ူးေနတာ ၾကာပါၿပီ"

ေဆးသမားလို႔ ထင္ခဲ့မိေပမဲ့ စိတ္က်န္းမာေရး မေကာင္းသူမွန္း သိလိုက္ရေတာ့ ေနာင္တရမိသြားတယ္။ ေနမေကာင္းတဲ့သူနဲ႔ ၿပိဳင္ၿပီး ဘယ္လိုေတာင္ ရန္ျဖစ္ခဲ့မိပါသလဲ။ ေဖးမရမဲ့အစား စိတ္ ကေယာက္ကယက္ ပိုျဖစ္ေအာင္ ႏႈိးဆြလိုက္မိၿပီ ထင္ပါရဲ႕။

"သူ႔ဘဝမွာ အေဖတစ္ခု သမီးတစ္ခု ေနလာရင္း တစ္ေန႔မွာ ကေလးကို အိမ္မွာ တစ္ေယာက္တည္း ထားရစ္ၿပီး သူ႔သမီးေလး ပူဆာတဲ့ ေရဘူးေလး သြားဝယ္ခ်ိန္မွာ သူတို႔ တိုက္ခန္းက မီးေလာင္မႈ ျဖစ္ၿပီး သူ႔သမီးေလး ပါသြားတယ္ေလ၊ ဒီသတင္းၾကားတဲ့ ကိုတိုးေမာင္က ဝယ္လာတဲ့ ေရဘူးေလး ကိုင္ၿပီး ျပန္ေျပးလာေပမဲ့ ဘယ္နား လႊတ္ခ်ခဲ့မွန္း မသိေတာ့ဘူးေပါ့၊ သူ အိမ္ျပန္ေရာက္ေတာ့ ကေလး အသက္ကို မီတယ္ ဆို႐ုံေလး၊ သူ႔သမီးေလးက ေမးတယ္ေလ၊ ေရဘူးေကာ ေဖေဖတဲ့၊ ၿပီးေတာ့ ကေလးက ဆုံးရွာတာပဲ၊ အဲ့ကတည္းက စိတ္ေဖာက္သြားတဲ့ ကိုတိုးေမာင္က ေရဘူးလွလွေလးေတြ ျမင္တိုင္း ထိန္းခ်ဳပ္ရ ခက္လာတယ္၊ သူ႔စိတ္မွာ ေရဘူးလွလွေလးေတြ သူ ရသြားရင္ သူ႔သမီးေလး ျပန္ရွင္လာမယ္ ထင္ရွာတာေလ"

လက္ထဲက ေရခဲဘူးေလးကို ငုံ႔ၾကည့္မိေတာ့ ပိုကီမြန္႐ုပ္ကေလးေတြနဲ႔ ျဖစ္ၿပီး ေကာင္းကင္ျပာေရာင္ ေရဘူးေလးက လွပတင့္တယ္ေနတယ္။ စိတ္ႏုတဲ့ ရရက ဦးတိုးေမာင္ အျဖစ္ကို ၾကားၿပီး ဝမ္းနည္းလာတယ္။

အစကတည္းက ေပးလိုက္ရမွာလို႔ ေတြးမိၿပီး ဘာေၾကာင့္ တြန႔္တိုခဲ့မိသလဲ စဥ္းစားလို႔မရ။ ၿပီးေနာက္ ႏွစ္သိမ့္ခ်င္လာစိတ္နဲ႔ ခ်ဳပ္ေႏွာင္ ေခၚသြားၾကသူေတြ လက္ထဲ ယက္ကန္ ယက္ကန္ ပါသြားသူေနာက္ အေျပးလိုက္သြားမိတယ္။

"ဦးေလး... ဦးေလး"

ဦးတိုးေမာင္ အပါအဝင္ တြဲခ်ဳပ္ထားသူ ႏွစ္ေယာက္ပါ လွည့္ၾကည့္လာတာမို႔ အၿပဳံးတစ္ပြင့္နဲ႔အတူ ေရဘူးေလးကို စိတ္လိုလက္ရ ကမ္းေပးလိုက္မိတယ္။

"ဒီေရဘူးေလး ယူလိုက္ေနာ္၊ ခုနကတည္းက မေပးမိလို႔ ေတာင္းပန္ပါတယ္"

ဦးတိုးေမာင္ မ်က္ႏွာမွာ လွစ္ခနဲ ၿပဳံးရိပ္ဆင္ၿပီးေနာက္ ခ်ဳပ္ကိုင္ထားသူ ႏွစ္ေယာက္ဆီက အားကုန္ ႐ုန္းလာၿပီး ရရဆီ အေျပး ေရာက္လာတယ္။

ေရဘူးကို ဆတ္ခနဲ ဆြဲယူလိုက္ခ်ိန္မွာ မထင္မွတ္စရာ က်န္လက္တစ္ဖက္က ရရ လည္ပင္းဆီ ႐ုတ္တရက္ ေရာက္လာလ်က္ အားကုန္ ဖိညႇစ္႐ုံမက ေျမျပင္နဲ႔ လြတ္ေအာင္ ပင့္ေျမႇာက္ တင္ပစ္လိုက္တာမို႔...

"အြတ္... လက္ကို လႊတ္... လႊတ္ ေပး ပါ"

ဖိညႇစ္ထားတဲ့ လက္ေတြကို ပုတ္ခ်ၿပီး အသနားခံေနေပမဲ့ လႊတ္မေပးတဲ့ အျပင္...

"သူ ခိုး ၊ ေစာ ေစာ တည္း က မ ေပး တဲ့ သူ ခိုး"

"ဟာ... ကိုတိုးေမာင္ ကေလးကို မလုပ္ရဘူး၊ လႊတ္၊ လႊတ္စမ္း"

"သူ ခိုး က ေသ ေသ"

"ကို တိုး ေမာင္"

လမ္းမထက္မွာ အသံဗလံေတြ ဆူညံလာခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ အသက္ပါသြားၿပီ ထင္လိုက္ေပမဲ့ ကားထိုးရပ္သံ ၾကားလိုက္ရၿပီး...

"ရပ္ လိုက္ ၾက စမ္း"

ဟိန္းထြက္လာသံေၾကာင့္ ကေယာင္ကတမ္း လႊတ္ခ်တဲ့အခါ ရရက ေျမျပင္ေပၚ ေပ်ာ့ေခြက်သြားတယ္။ ကိုကို ေရာက္လာၿပီ ဆိုတဲ့ အသိမွာ အခုေန ေသမယ္ ဆိုရင္ေတာင္ ေသေပ်ာ္သြားသလို ခံစားခ်က္မ်ိဳး။ အသက္ေဘးက လြတ္သြားေပမဲ့ မ်က္ႏွာတစ္ျပင္လုံး အပူဟပ္သလို ခံစားေနရၿပီး အသက္ လုရႉေနရတာ မသက္သာ။ ထိုအခိုက္မွာ...

*ခြပ္... ခြပ္... ခြပ္*

မိုးၿခိမ္းသံလို ဆင့္ထိုးပစ္လိုက္တဲ့ လက္သီးက သုံးခ်က္တိတိ။ ဦးတိုးေမာင္ မ်က္ႏွာ တစ္ပတ္လည္ ထြက္သြားသလို ေဘးက လူေတြ ကိုကို႔ကို ဝိုင္းဆြဲၾကတာမို႔ ပတ္ဝန္းက်င္က ႐ုတ္႐ုတ္သဲသဲ။

"မွတ္ထား၊ သူ႔အသားကို တစ္ခ်က္ ႐ိုက္ရင္ က်ဳပ္က ဆယ္ခ်က္ ျပန္႐ိုက္မွာ"

ဟိန္းထြက္ေနဆဲ အသံက အာဏာစက္ ျပင္းလြန္းသလို၊ ဦးတိုးေမာင္ပုံစံက အခုေတာ့ ကုပ္ကုပ္ကေလး။

"ေတာင္းပန္ပါတယ္ ငါ့တူရယ္၊ မလုပ္ပါနဲ႔ေတာ့၊ ေတာင္းပန္ပါတယ္ေနာ္"

လူေတြ ဝိုင္းေတာင္းပန္ၾကေပမဲ့ ကိုကိုက ေက်နပ္ဟန္မတူ။

"ဖယ္စမ္း၊ က်ဳပ္ကို ဖယ္ၾကစမ္း"

ကိုကို႔ပုံစံက ေပါက္ကြဲလြယ္တဲ့ ဗုံးတစ္လုံးနဲ႔ ဆင္တူေနၿပီး အခ်ိန္မေ႐ြး ေလာင္ကြၽမ္းသြားေတာ့မလို။

"ကိုကိုေရ... ရရဆီ လာပါ" လို႔

ေခၚျမည္တမ္းလိုက္ေပမဲ့ အသံက လည္ေခ်ာင္းထဲက ထြက္မလာ။ ဒီေန႔က်မွ ေန႔တာက ရွည္ေနသလို။ ရရ အစြမ္းအဆနဲ႔သာဆို ဒီေယာက္်ားဆီ ဆိုက္ေရာက္ဖို႔ ဒီေလာက္ေတာင္ ခက္ပါလားလို႔ ေတြးမိေတာ့ မ်က္ရည္ပူေတြ စီးက်လာတယ္။

"ေတာင္းပန္ပါတယ္ ငါ့တူရယ္၊ စိတ္ေလ်ာ့ပါေနာ္၊ သူက စိတ္မႏွံ႔သူပါကြယ္"

"စိတ္မႏွံ႔ရင္ ေဆး႐ုံမွာ ေနရမွာ မဟုတ္ဘူးလား၊ ပမာမခန႔္နဲ႔ ဘယ္သူ႔ အသက္ကို လာထိပါးေနတာလဲ"

ကိုကို႔အသံက ေၾကာက္ခမန္းလိလိမို႔ ဆူညံေနတဲ့ ေနရာကို ေရနဲ႔ ပိတ္ျဖန္းလိုက္သလို။

"ေတာင္းပန္ပါတယ္ လူႀကီးမင္းရယ္၊ ကြၽန္ေတာ္တို႔ ေတာင္းပန္ပါတယ္၊ ခြင့္လႊတ္ေပးပါေနာ္"

"သူနဲ႔ သက္ဆိုင္သူ ဘယ္သူလဲ၊ မဟုတ္ရင္ ခင္ဗ်ားတို႔ အားလုံး ေထာင္ထဲဝင္ဖို႔ ျပင္ထား"

လူအုပ္ႀကီးကို လက္ညႇိဳး ေဝ့ထိုးလ်က္ ကိုကို႔ ႀကိမ္းေမာင္းသံၾကား တုပ္တုပ္မွ် မလႈပ္ရဲၾက။ ကိုကို ေဒါသထြက္တာ ျမင္ဖူးခဲ့ေပမဲ့ အခုတစ္ေခါက္က ဒီဂရီ အျမင့္ဆုံးပဲ ထင္ပါရဲ႕။ ကိုကို႔ အသက္ရႉသံေတြ ျပင္းျပေနၿပီး လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားပုံက ျမင္သမွ် ထိုးခြဲခ်င္ေနဟန္။

"ခင္ဗ်ားတို႔ အဖြဲ႕လိုက္ႀကီး ရွိေနခ်ိန္ က်ဳပ္ကေလးက ဘာေၾကာင့္ လည္ပင္း အညႇစ္ခံရတာလဲ၊ ဘာလို႔ ခြင့္ျပဳထားၾကတာလဲ"

"ခါ... ခါတိုင္း ဒီလို ေသာင္းက်န္းသူ မဟုတ္ပါဘူးကြယ္၊ ႐ုတ္တရက္ႀကီး ျဖစ္သြားလို႔ မွင္တက္ကုန္ၾကတာပါ"

"႐ုတ္တရက္ ဆိုကတည္းက ခင္ဗ်ားတို႔ ေပါ့ဆလို႔ မဟုတ္ဘူးလား"

"ကိုတိုးေမာင္ႀကီးက ဒီအရပ္ကလဲ မဟုတ္ပါဘူး ငါ့တူရယ္၊ အလုပ္ လာလုပ္တဲ့ သူ႔တူေလးေနာက္ ေလွ်ာက္လိုက္လာရင္း ဒီဘက္အထိ ေရာက္လာတာပါကြယ္"

"ဘယ္အရပ္က ျဖစ္ျဖစ္ က်ဳပ္ စိတ္မဝင္စားဘူး၊ အခု က်ဳပ္ကေလးရဲ႕ အသက္အႏၲရာယ္ကို လာထိသြားၿပီ၊ ခင္ဗ်ားတို႔ ဘယ္လို တာဝန္ယူမလဲ"

"ေတာင္း... ေတာင္းပန္ပါတယ္ လူႀကီးမင္းရယ္၊ အဲ့တာ ကြၽန္ေတာ့္ဦးေလးပါ"

အခုမွ အေျပး ေရာက္လာတဲ့ လူ႐ြယ္တစ္ေယာက္က ငိုခ်ေတာ့မလို မ်က္ႏွာေပးနဲ႔ သူ႔ေရွ႕ တုန္ခိုက္စြာ ေတာင္းပန္ေနေပမဲ့ သူ႔ေဒါသကို ခ်ဳပ္ၿငိမ္း မရေသး။ စိတ္လိုလက္ရသာဆို ခ်ာတိတ္ကို ဒဏ္ရာရေစတဲ့ လူကို ဆင့္ကာဆင့္ကာ ထိုးပစ္ခ်င္မိတုန္း။

"က်ဳပ္ကေလး တစ္ခုခု ျဖစ္သြားရင္ ခင္ဗ်ား ဘယ္လို တာဝန္ယူမွာလဲ၊ ေျပာ... အဲ့တာကို ေျပာ"

"ေတာင္း... ေတာင္းပန္ပါတယ္ဗ်ာ"

ကိုယ္ေတာင္ လက္နဲ႔ မ႐ြယ္ခဲ့ဖူးတဲ့ ကေလးေလးက တစ္ပါးသူ လက္ထဲမွာ အသက္ရႉ ရပ္လုမတတ္ ေျမာက္တက္ေနတဲ့ အျဖစ္ႀကီးက သူ႔အတြက္ ေသြးပ်က္ခ်င္စရာ။ ရန္မူသူက စိတ္က်န္းမာေရး မေကာင္းသူမွန္း သိလိုက္ရေပမဲ့ ခြင့္လႊတ္ေပးဖို႔ နည္းနည္းေလးေတာင္ စဥ္းစားလို႔မရ။

*ကံသီလြန္းလို႔ ကိုကို မင္းကို လက္လႊတ္ရေတာ့မလို႔။

လူနာနဲ႔ ဖက္ၿပိဳင္ ရန္ျဖစ္တဲ့ စိတ္သေဘာထား ေသးသိမ္သူ အျဖစ္ သတ္မွတ္ၾကလဲ အဇဋာဆိုတဲ့ သူက ဂ႐ုစိုက္မွာ မဟုတ္။ ကိုယ့္မိသားစုဝင္ရဲ႕ က်န္းမာေရး အေျခအေနကို သိထားရင္ ဂ႐ုတစိုက္ ေစာင့္ၾကည့္ေနရမွာ မဟုတ္ဘူးလား။

"ကိုကို"

မီးေလာင္လြင္ျပင္မွာ အပူဟပ္ေနသူအတြက္ ေရၾကည္ တစ္ေပါက္နဲ႔ ျဖန္းပက္ခံလိုက္ရသလို သူ႔စိတ္ဟာ ၿငိမ့္ခနဲ ျဖစ္သြားၿပီး ခ်ာတိတ္ဆီ အေျပး လွမ္းလိုက္မိတယ္။ မ်က္ႏွာငယ္ေလးကို ျမင္ရခ်ိန္မွာ ေသြးေတြ ေနာက္တစ္ႀကိမ္ ဆူပြက္လာတယ္။ ႐ူးေတာ့မွာပဲ ကေလးရယ္။ ရင္ကြဲရၿပီး ကိုကို ႐ူးေတာ့မွာပဲ။

"ခ်ာတိတ္"

"ကိုကိုရယ္"

ေကာက္ေပြ႕လိုက္ခ်ိန္မွာ ၾကားလိုက္ရတာက အင့္ခနဲ ရႈိက္သံေလး။ တိုးဝင္လာတဲ့ မ်က္ႏွာေလးက သူ႔ရင္ခြင္ၾကားမွာ နစ္ျမဳတ္လ်က္။ ခ်ာတိတ္ ဆံႏြယ္ေတြထက္ ကမူးရႉးထိုး မ်က္ႏွာ ႏွစ္ပစ္လိုက္တဲ့အခါ သူ႔မ်က္ဝန္းမွာ မိုးေတြ ေစြလာတယ္။

"ေတာင္းပန္ပါတယ္ ကေလးရယ္၊ ကိုကို ေတာင္းပန္တယ္ေနာ္၊ ကိုကို ေတာင္းပန္ပါတယ္၊ တကယ္ ေတာင္းပန္ပါတယ္ ကေလးရယ္"

ဒီစကားကို အ႐ူးလို ဘယ္ေလာက္ေတာင္ တတြတ္တြတ္ ေျပာေနမိလဲမသိ။ စိတ္မႏွံ႔သူ အပါအဝင္ အနားမွာ ရွိသူတိုင္း သူတို႔ႏွစ္ေယာက္ကို ေငးၾကည့္ေနမွန္း သိေပမဲ့ ဂ႐ုမစိုက္မိ။ ရႈိက္သံေလး တစ္ခ်က္ ၾကားရတိုင္း သူ႔ဝဲဘက္ရင္အုံက စူးခနဲ ေအာင့္မ်က္ပါတယ္။

သူ ေနာက္က်သြားလို႔ ဒီလို အျဖစ္နဲ႔ ႀကဳံရတာ ဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ မခ်င့္မရဲ ျဖစ္မိတာ တားမရ။ ထိုအခိုက္မွာ ၾကားလိုက္ရတာက...

"ေက်းဇူးျပဳၿပီး ရရကို ေခၚသြားေပးပါေနာ္"

"ဟင္"

"ဒီနားမွာ မေနခ်င္ေတာ့ဘူး ကိုကိုရယ္"

"ဟုတ္ၿပီ ကိုကိုတို႔ သြားၾကမယ္ေနာ္"

ေခါင္းတဆတ္ဆတ္ ညိတ္ျပၿပီး ေကာက္ေပြ႕လိုက္ေပမဲ့ သူ႔ရင္ထဲမွာ တင္းက်ပ္ နစ္မြန္းေနဆဲ။ လည္တိုင္ေက်ာ့ေက်ာ့က လက္ငါးေခ်ာင္း အရာႀကီးဆီ အၾကည့္ေရာက္ခ်ိန္မွာ သူ႔ေမးေၾကာေတြ တင္းသြားျပန္တယ္။ အရာ ထင္မွာစိုးလို႔ သူေတာင္ ခိုးမနမ္းရက္ခဲ့တဲ့ လည္တိုင္ေလးဟာ မျမင္ရက္စရာ။

"ရရ ဘာမွ မျဖစ္ဘူးေနာ္"

ေဖ်ာင္းဖ်သံက တိုးတိုးေလး။ သူ႔လည္တိုင္ဆီ ခိုတြယ္လာတဲ့ လက္ကေလးက ပိုတင္းက်ပ္လာတယ္။ သူ႔ရင္ခြင္ကို ပါးကေလးနဲ႔ ဖြဖြ ပြတ္ေနရင္း ေတာင္းပန္တိုးလ်ိဳးစြာ ရပ္ၾကည့္ေနဆဲ ဦးတိုးေမာင္တူ ဆိုသူကို လက္ညႇိဳးထိုးျပတယ္။

"သူတို႔ကို ခြင့္လႊတ္တယ္လို႔ ေျပာခဲ့လိုက္ပါ ကိုကိုရယ္"

"ကိုယ္ ဘယ္လို ခြင့္လႊတ္ရမွာလဲ၊ ဒီမွာ ၾကည့္ပါအုံး၊ လက္ငါးေခ်ာင္းရာႀကီး ထင္းလို႔"

"သူ တမင္ လုပ္တာမွ မဟုတ္ဘဲေနာ္"

ဒီႏွစ္သိမ့္ စကားေလးမွာ သူ႔ႏွလုံးသားက စူးနက္နက္ေတြနဲ႔ အထိုးခံလိုက္ရသလို။ စကားေျပာႏိုင္ဖို႔ အတန္ၾကာ အားယူလိုက္ရၿပီးမွ...

"ကိုကို ဝမ္းနည္းတယ္ေလ"

"ဗ်ာ"

"ကိုကို ဝမ္းနည္းေနတယ္ သိလား၊ ဒီေနရာက စူးၿပီး နာေနတာ၊ ဘယ္လို လုပ္ရမလဲ"

ႏွလုံးသား ရွိရာ ထုျပရင္း အသံမတုန္ေအာင္ ႀကိဳးစား ေျပာေနရတာ မသက္သာ။ သူ႔ပါးျပင္ဆီ လက္ကေလးတစ္ဖက္ ေရာက္လာၿပီး သူနဲ႔ အၾကည့္ခ်င္းဆုံေအာင္ ၾကည့္တယ္။

"ကိုကို ဝမ္းနည္းရင္ ရရလဲ ဝမ္းနည္းတယ္ သိလား၊ ရရရဲ႕ ဒီေနရာမွာလဲ ေအာင့္တယ္ ကိုကို"

ဝဲဘက္ ရင္အုံေလးကို ထုျပၿပီး ေနာက္တစ္ႀကိမ္ မ်က္ရည္ ျပည့္လာတဲ့ ကေလးကို ေငးၾကည့္လ်က္ ေခါင္းတဆတ္ဆတ္ ညိတ္ျပလိုက္မိတယ္။ ခ်ာတိတ္ကို ဒီထက္ပို မငိုေစခ်င္ေတာ့ဘူး။ သူ႔အတၱေၾကာင့္ စိတ္မခ်မ္းေျမ့ရမွာ အေၾကာက္ဆုံးပါပဲ။

"ခင္ဗ်ား လုပ္ငန္းခြင္က ဘယ္ဟာလဲ"

"ကြၽန္ေတာ္က Myanmar Land ကုမၸဏီက လက္ေထာက္အင္ ဂ်င္နီယာပါ ခင္ဗ်ာ၊ ေရွ႕နားေလးမွာ ကြၽန္ေတာ္တို႔ လုပ္လက္စ ဆိုဒ္ ရွိပါတယ္၊ ဒီကေလး ဒဏ္ရာကို ေပ်ာက္ကင္းသည္အထိ ကြၽန္ေတာ္..."

စကားအဆုံးခင္ ေခါင္းခါပစ္လိုက္မိတယ္။

"ခင္ဗ်ားလဲ ပညာတတ္ပဲ သိရမွာေပါ့၊ ယဥ္ပါးတယ္ ဆိုေပမဲ့ စိတ္အခန႔္ မသင့္တိုင္း လူေတြကို လိုက္ဒုကၡေပးမယ္ဆို ဘယ္ျဖစ္မွာလဲ၊ ခင္ဗ်ား ဦးေလးကို သင့္ေတာ္ရာမွာ ကုသဖို႔ လုပ္ပါ၊ ေနာက္တစ္ခါ လမ္းေပၚမွာ အျခားလူ တစ္ေယာက္ကို ထပ္ၿပီး အၾကမ္းဖက္တယ္လို႔ ၾကားရရင္ တရားလို အေနနဲ႔ က်ဳပ္ ကိုယ္တိုင္ တရားစြဲမယ္"

"စိတ္ခ်ပါ ခင္ဗ်ာ"

"အခုေတာ့ က်ဳပ္ကေလး တားျမစ္လို႔ ဒီေလာက္နဲ႔ ထားခဲ့လိုက္တယ္ မွတ္ပါ"

စကားဆုံးတာနဲ႔ ေႏြးတဲ့ ကိုယ္ေလးကို က်စ္က်စ္ပါေအာင္ ေထြးဖက္လ်က္ ကားဆီ ေလွ်ာက္လာခဲ့မိတယ္။ အိမ္ျပန္လမ္း တစ္ေလွ်ာက္ ကေလးက သူ႔ကို ေငးရင္း တိတ္ဆိတ္ေနလိုက္တာ။ အတန္ၾကာမွ...

"ကိုကို"

"အင္း"

"ေတာင္းပန္တယ္ေနာ္"

"ကိုယ္ ေျပာရမွာပါ"

"မဟုတ္တာ ကိုကိုရယ္၊ ရရ အသုံးမက်လို႔ ျဖစ္ရတာ၊ နေမာ္နမဲ့ႏိုင္တဲ့ ရရ အမွားပါ"

"အဲ့လို ေတြးရင္ ကိုယ္ စိတ္မေကာင္း ျဖစ္ေတာ့မွာပဲ"

"ကိုကို ဝမ္းနည္းမွာပဲစိုးတာ"

"လည္ပင္းက အမ်ားႀကီး နာေနလား"

"အခု မနာေတာ့ပါဘူး"

"ကိုယ္ စိတ္ခ်မ္းသာေအာင္ ေျပာေပးေနတာလား"

"မဟုတ္တာ ကိုကိုရယ္၊ တကယ္ မနာေတာ့ဘူး သိလား"

"ေတာ္ေသးတာေပါ့"

"ကိုကို ႐ုံး မသြားေတာ့ဘူးလားဟင္"

"ဒီအခ်ိန္မွာ ဘယ္အရာကမ်ား ခ်ာတိတ္ထက္ အေရးႀကီးရမွာလဲ"

"ကိုကို"

တုန္ခိုက္စြာ ေခၚလိုက္ေပမဲ့ ကိုကိုက မၾကားဟန္ ရရ လက္တစ္ဖက္ကို ညင္သာဖြဖြ အုပ္မိုး ဆုပ္ကိုင္ၿပီး ကိုကို႔ပါးျပင္နဲ႔ ထိကပ္တယ္။ ကိုကို႔မ်က္ဝန္းေတြ ညံ့သက္ ရီေဝေနပုံက ရရကို ေခ်ာ့ေမာ့ေနသလိုႏွယ္။

"မနာေတာ့ရင္ေတာင္ ေဆး႐ုံသြားရေအာင္ေနာ္"

"ဟင့္အင္း ကိုကို၊ ရရမွ ဘာမွမျဖစ္ေတာ့တာ၊ ေဆး႐ုံသြားရင္ ကိုကို႔ကို အထင္လြဲၾကလိမ့္မယ္"

"ရတယ္၊ ကိုယ့္သူငယ္ခ်င္းဆီ သြားၾကမယ္"

ဦးေလး ေအာင္ေမာင္းကို ရည္ၫႊန္းလိုက္မွန္း သိေပမဲ့ ဒီပုံစံႀကီးနဲ႔ ဘယ္မွ မသြားခ်င္ပါ။ ကိုကို မသိလို႔ပါ။ ကိုကို႔ ရင္ေငြ႕ လႈံလိုက္ရကတည္းက ရရ အဆင္ေျပသြားခဲ့တာ ကိုကို တကယ္ မသိလို႔ ေနမွာ။

"ရရ တကယ္ မသြားခ်င္လို႔ေနာ္"

ထပ္ေျပာလိုက္ေတာ့ ကိုကို သက္ျပင္းရႈိက္တယ္။

"အမ်ားႀကီး လန႔္သြားတယ္ မဟုတ္လား"

"အခု အဆင္ေျပသြားၿပီ ကိုကို၊ ကိုကိုနဲ႔အတူမို႔ တကယ္ အဆင္ေျပသြားပါၿပီ"

ဒီစကားမွာ ပင့္သက္ေတြ မႈတ္ထုတ္လိုက္တဲ့ ကိုကိုက...

"ကိုယ္ကေတာ့ ေသမလိုပဲ"

"ဟင္"

"ကိုယ္ အခုထိ လန႔္ေနေသးတယ္"

ရရ မ်က္ႏွာကို စူးနစ္စြာ လွည့္ေငးလ်က္...

"အသက္ဆက္ မရွင္ခ်င္ေလာက္ေအာင္ ကိုယ္ လန႔္သြားခဲ့တာ ခ်ာတိတ္ သိရဲ႕လား"

ညည္းတြားသံ တိုးရွရွနဲ႔အတူ ရရ လက္တစ္ဖက္က ကိုကို႔လက္ဖဝါးထဲမွာ ပိုတင္းက်ပ္လာတယ္။ ရရ လက္ေခ်ာင္း တစ္ေခ်ာင္းခ်င္းတိုင္းက ကိုကို႔လက္ေခ်ာင္း တစ္ေခ်ာင္းခ်င္းနဲ႔ ၾကားေလေသြးလို႔ မရေအာင္ ဖိကပ္ထိစပ္ေနတယ္။

ကိုကို႔ပူပန္မႈေတြ သက္သာလို သက္သာျငား ကိုကို႔လက္ေမာင္းေပၚ ပါးမွီအပ္လိုက္ရင္း...

"ကိုကို"

"အင္း"

"ရရက ေက်းဇူးတင္ၿပီး ခ်စ္တယ္ေနာ္"

ျပန္ေျဖသံ မၾကားရေပမဲ့ ကားေမာင္းေနတဲ့ ကိုကိုက ရရ လက္တစ္ဖက္ကို အုပ္မိုးဆုပ္ကိုင္ထားဆဲ။

"ခ်ာတိတ္"

"ဗ်ာ"

"အိမ္ေရာက္ရင္ Luggage ျပင္ရေအာင္"

"ဘာလို႔လဲ ကိုကို"

"ပထမေတာ့ ကိုယ့္သူငယ္ခ်င္း အစ္မရဲ႕ မဂၤလာေဆာင္ကို မသြားေတာ့ဘူး လုပ္ေနတာ"

"ဗ်ာ"

"အခုေတာ့ သြားရေအာင္"

"ရရေကာလားဟင္"

"အင္း... မင္းနဲ႔ ကိုကို"

ရင္အစုံက တအုံအုံ ေႏြးလာတာ တားမရ။ ကိုကို႔ကို ခ်စ္လြန္းလို႔ ဘယ္လို လုပ္ရပါမလဲ။ ကိုကို ရရကို ၾကင္နာေနတာ ျမတ္ႏိုးစရာ။

"ဘယ္အထိလဲဟင္"

"ခ်င္းမိုင္မွာတဲ့"

"ကိုကို အလုပ္ မအားဘဲနဲ႔"

"အလုပ္က အားခ်င္အားလို႔ ရပါတယ္"

"ဘယ္ေန႔လဲဟင္"

"မဂၤလာေဆာင္က ၃၀ ရက္ေန႔ကို ေ႐ႊ႕လိုက္တာမို႔ ၃ ရက္ လိုေသးေပမဲ့ ကိုကိုတို႔ မနက္ျဖန္ ထြက္ရေအာင္"

အခုထိ ကိုကို႔ကို ေငးမိရင္း ရင္တုန္ မျပယ္ခင္မွာ ရရဘက္ လွည့္ၾကည့္လာတဲ့ ကိုကိုက...

"ေက်ာင္းပ်က္လို႔ မရဘူးလို႔ ျငင္းရင္ ကိုကို ဝမ္းနည္းမွာ"

"ဟင့္အင္း... ကိုကိုနဲ႔ဆို ဘယ္ျဖစ္ျဖစ္"

ဒီစကားမွာ ကိုကို႔ ရယ္သံခ်ိဳေတြ ၾကားလိုက္ရၿပီး ေလဟုန္ခြင္းေနတဲ့ ကားကေလးက အိမ္ရွိရာဆီ ဟူးဟူးရားရား ဦးတည္လ်က္ ရွိပါတယ္။

^^

ဆက္ရန္

ခ်စ္တဲ့အသြဲ႕^^

၂၄.၁၀.၂၀၂၂ တနၤလာေန႔

(အပိုင္းသစ္ကို ဘယ္ေန႔ မေျပာေတာ့ဘူးေနာ္၊ မအားလပ္ရင္ေတာင္ အလြန္ဆုံး တစ္ပတ္ မေက်ာ္ေစရပါဘူး၊ ပိုေစာဖို႔သာ ရွိပါမယ္။ က်န္းမာခ်မ္းေျမ့ပါေစကြယ္)

+++++


Continuă lectura

O să-ți placă și

36.1K 1.2K 27
ကိုကို ကြၽန္ေတာ့္ဘဝထဲက ထြက္ေျပးဖို႔မႀကိဳးစားနဲ႔. ကြၽန္ေတာ္ခင္ဗ်ားကိုဘယ္ေတာ့မွ လက္လႊတ္ေပးမွာမဟုတ္ဘူး ကိုကို႔ေမေမလိုခ်င္တဲ့ပိုက္ဆံကိုကြၽန္ေတာ္ေပးမယ္ ကိ...
203K 23.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
8.3K 636 38
Love Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)
4.6K 244 6
ဟဲ....ဟဲ.... နောက်တာပါဗျာ