💥💥 ဦးရဲ႕မိန္းမက က်ားက်ားယားယား ကြၽန္ေတာ္ 💥💥
( Part - 42 ) ♥♥♥♥♥♥♥♥♥
စာၾကည့္တိုက္ သြားၿပီးေတာ့ အခ်ိန္က တစ္နာရီ
ထိုးေနၿပီေလ။ က်ေတာ္ ဦးပိန္ သြားရေအာင္လို႔
ဦးသွ်ား ကို ေျပာေတာ့ ညေနေစာင္းမွ သြားရ
ေအာင္တဲ့။ ေနက အရမ္းပူေနၿပီတဲ့။
မဟုတ္ရင္ ကိုယ္ရဲ႕ ခရာေလး အသားေတြ
မည္းသြားလိမ့္မယ္တဲ့။ ကဲ ၾကည့္စမ္း
ဘယ္ေလာက္ေတာင္ ခ်စ္စရာေကာင္းတဲ့
က်ေတာ္ရဲ႕ ဦးသွ်ား လဲ။
က်ေတာ္ရဲ႕ အသားအေရက အစကတည္းက
ေဖြးမွ မေဖြးတာကို ဦးသွ်ား က မည္းမွာ
ေၾကာက္ေနတယ္ေလ။ တကယ္တမ္း
ေၾကာက္ခ်င္းေၾကာက္ က်ေတာ့္ ကသာ
ဦးသွ်ား အစား ေၾကာက္ေပးရမွာ။
အခုေတာ့ သူ႕က က်ေတာ့္ အတြက္
ေၾကာက္ေပးေနတယ္ေလ။
" တက္လမ္း သြားရေအာင္ ခရာ "
" ဟင္ ...ဘာလမ္း ဦးသွ်ား... "
" ကိုယ့္ ေနာက္လိုက္ခဲ့.... ကိုယ္ ျပမယ္ "
လက္ကို ဆြဲေခၚသြားေတာ့ ဦးသွ်ား ေနာက္ကို
က်ေတာ္ လိုက္ပါသြားရသည္။
***********************
ရတနာပံု တကၠသိုလ္ရဲ႕ ေနာက္ေပါက္ကေန
ျပန္ထြက္ၿပီး ထြက္ထြက္ခ်င္းမွာ လမ္းၾကားေလး
တစ္ခုရိွသည္။ ထိုလမ္းၾကားေလးထဲ ဝင္ၿပီး
အနည္းငယ္ ေလွ်ာက္လိုက္တာနဲ႔ တက္လမ္း
ဆိုင္ဆိုတဲ့ မုန္႔ဆိုင္ေလးကို ေရာက္ၿပီေလ။
က်ေတာ့္ က တက္လမ္းကို လမ္းထင္ေနတာ
ၿပီးက်ေတာ့ ဘယ္ဟုတ္မလဲ။ တက္လမ္းဆိုတာက
မုန္႔ဆိုင္ေလ။ ဖိနပ္၊ ပိုက္ဆံအိတ္၊ အ႐ုပ္၊ ကလစ္၊
စာသင္သုံး ပစၥည္းမ်ား၊ ေရခဲမုန္႔၊ ေပါင္မုန္႔၊
ပီဇာ၊ ေပါက္ေပါက္ဆုပ္ဘူး၊ ေခါက္ဆြဲဘူး ၊
မုန္႔အမ်ဳိးမ်ဳိး စေသာ...စေသာ မုန္႔မ်ဳိးစံုကိုပါ
ေရာင္းေလသည္။
ဒီလိုနဲ႔ ဦးသွ်ား က က်ေတာ္ စားခ်င္တာမွန္သမွ်ကို
ထိုဆိုင္ကေန ဝယ္ေကြၽးေလသည္။
က်ေတာ္ အႀကိဳက္ဆံုး မုန္႔ကေတာ့ Deco
ၾကက္သားေပါင္မုန္႔ေပ။ ေကာင္းေကာင္းနဲ႔
စားလိုက္တာ က်ေတာ္ ဘူးႀကီး တစ္ဘူးပင္
ကုန္ေလသည္။
ဦးသွ်ား က ေဖ်ာ္ရည္ေတြ၊ ေခါက္ဆြဲျပဳတ္ေတြက
အစ မွာၿပီး ခြံေကြၽးေနေတာ့ က်ေတာ့္ ဗိုက္ႀကီးက
မဆန္ေတာ့ေပ။
တက္လမ္းမွာ က်ေတာ္တို႔ အခ်ိန္ျဖဳန္းၿပီးတာနဲ႔
ညေန သံုးနာရီခြဲသြားၿပီေလ။
ေနကလည္း သိပ္မပူေတာ့ ဦးပိန္ ကို ကားနဲ႔
သြားလိုက္ၾကသည္။ မၾကာပါဘူး
ရွစ္မိနစ္ေလာက္ေနတာနဲ႔ ဦးပိန္ ကို
က်ေတာ္တို႔ ေရာက္လာၾကသည္။
" ခရာ...ဒီဦးပိန္ တံတားက သမီးရည္းစားေတြ
အဆံုးထိ အတူတူတြဲေလွ်ာက္ရင္ ဘယ္ေတာ့မွ
မၾကဲဘူးတဲ့ "
ဦးပိန္ တံတား ေရာက္ေရာက္ခ်င္း ဦးသွ်ား က
ဆိုလာ၍ က်ေတာ္ ဦးသွ်ား လက္ေလးကို
ၿမဲၿမံစြာ ဆုပ္ကိုင္ထားလိုက္သည္။
" ဟုတ္ ဦးသွ်ား က်ေတာ္တို႔ အဆံုးထိ
တူတူေလွ်ာက္ၾကမယ္ေနာ္.... ဘယ္ေတာ့မွ မခြဲဘူး "
" အင္း.. မင္း ဘက္က ထားသြားရင္ေတာင္
ကိုယ္ မင္းကို ဘယ္ေတာ့မွ လက္လႊတ္မေပးဘူး "
" လက္လႊတ္စရာ မလိုပါဘူး ဦးသွ်ား ရယ္
က်ေတာ္ ဦးသွ်ား ကို ဘယ္ေတာ့မွ ထားခဲ့မွာ
မဟုတ္လို႔ပဲ.... ဒီ ဦးပိန္တံတားႀကီးကို သစၥာျပဳၿပီး
က်ေတာ္ သက္ေသတည္တယ္ က်ေတာ့္ ဘက္က
ဦးသွ်ား ကို ဘယ္ေတာ့မွ မထားခဲ့ဘူး...
တကယ္လို႔ ထားခဲ့ရင္ က်ေတာ္ ကားတိုက္ၿပီး
ေသရပါေစ "
" မေျပာနဲ့ ခရာ...!! ေသမယ္ဆိုတဲ့ စကားကို
မေျပာနဲ႔.... ကိုယ္ မခံစားႏိုင္ဘူး
မင္း ေသသြားရင္ ကိုယ္ပါ လိုက္ေသမွာ "
" ဟင့္အင္း ဦးသွ်ား မေသရဘူး ...နိမိတ္ မရိွတဲ့
စကားေတြ မေျပာနဲ႔ က်ေတာ္ မႀကိဳက္ဘူး "
ငိုမဲ့မဲ့ေလး ျဖစ္သြား၍ ခရာ လက္ေလးကို သွ်ား
တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္ၿပီး...
" မင္း မႀကိဳက္ရင္ ကိုယ္ မေျပာေတာ့ဘူးေနာ္ ခရာ
မင္းလည္း ေသမယ္ဆိုတဲ့ စကားႀကီး
မေျပာပါနဲ႔.... ကိုယ္ မခံစားႏိုင္ဘူး "
" ဟုတ္ ဦးသွ်ား က်ေတာ္ မေျပာေတာ့ဘူးေနာ္ "
" လိမ္မာတယ္ ကိုယ္ရဲ႕ ခရာေလး...
လာ... ကိုယ္တို႔ ဦးပိန္တံတား အဆံုးထိ
တူတူေလွ်ာက္ရေအာင္ "
က်ေတာ့္ လက္ေလးကို တစ္ခ်က္နမ္းကာ
ေလွ်ာက္ရေအာင္ ေျပာလာေတာ့ က်ေတာ္
ေခါင္းၿငိမ့္လိုက္သည္။
ငွက္သံေတြနဲ႔ ဦးပိန္တံတားက အေတာ္ေလး
သာယာနာေပ်ာ္ဖြယ္ ရိွသည္။ ေလေလး
ကလည္း တျဖဴးျဖဴး တိုက္ေနေတာ့
စိတ္ကို ၾကည္လင္ေစသည္။ ဦးပိန္တံတား
ေပၚမွာ ေဈးေရာင္းတဲ့ အသုပ္အသည္ေတြ၊
ေဗဒင္သည္က အစ ရိွေနေလသည္။
ဦးပိန္တံတားေအာက္ကို ငံု႔ၾကည့္ရင္ ေတာင္သမန္
အင္းႀကီးကို ျမင္ေနရသည္။
အင္းႀကီးထဲမွာ ေဗဒါပင္၊ ၾကာပန္းေတြနဲ႔ သိပ္ကို
စံုလင္လို႔ေပ။
ေတာင္သမန္အင္းေပၚကေန ပိက်ိပိက်ိ ေအာ္သြား
ၾကေသာ ငွက္ကေလးေတြ အသံေလးကလည္း
သိပ္ကို နားဝင္ခ်ဳိသည္။
အခ်ဳိသာဆံုး ေျပာရမယ္ဆိုရင္ က်ေတာ္ရဲ႕
နားမွာ ဦးသွ်ား ရိွေနတာပင္။
ဒီၾကားထဲ က်ေတာ့္ လက္ေလးကို ဦးသွ်ား က
တြဲကို္င္ထားေတာ့ ရင္ထဲမွာ ေျပာမျပတတ္ေအာင္
ေပ်ာ္ရြင္ေနမိသည္။
" ခရာ.... "
ဦးပိန္တံတား ကို က်ေတာ္ ေငးေနတုန္း
ဦးသွ်ား က က်ေတာ့္ နာမည္ကို ေခၚလိုက္သျဖင့္
က်ေတာ္ ၾကည့္လိုက္သည္။
" ဘာေျပာမလို႔လဲ ဦးသွ်ား.... ေျပာေလ "
" ဦးပိန္ တံတား အဆံုးမွာ အုန္းသီးေရခဲမုန္႔
ေရာင္းတဲ့ အသည္ႀကီး ရိွတယ္ေလ
အဲ့ဒီ အသည္ႀကီး ေရာင္းတဲ့ အုန္းသီး ေရခဲမုန္႔က
အရမ္း စားေကာင္းတာ... အဲ့ဒါ ကိုယ္ ခရာ ကို
ဝယ္ေကြၽးမယ္ေလ "
" ဟုတ္ ဦးသွ်ား... က်ေတာ္ စားမယ္
ဒါေပမဲ့ ဦးသွ်ား ႏွစ္ပြဲ ဝယ္ေကြၽးရမယ္ေနာ္
က်ေတာ့္ က ေရခဲမုန္႔ဆို ႏွစ္ပြဲမွ ဝတာ "
" ဟာ... ႏွစ္ပြဲ မကဘူး ကိုယ့္ ခရာေလး
ၾကဳိက္သေလာက္စား ကိုယ္ အကုန္ရွင္းေပးမယ္..
တစ္ခုပဲ စားလို႔ ဝသြားရင္ ေတာင္သမန္အင္းႀကီး
ကို ၾကည့္ၿပီး ကိုယ့္ကို ခ်စ္တယ္လို႔ ေအာ္ေျပာ
ေပးရမယ္ "
" ဒါမ်ား အခုကတည္းက က်ေတာ္ ေအာ္ေပး
လိုက္မယ္ "
ေျပာရင္း ေလေတြ တျဖဴးျဖဴးတိုက္ေနတဲ့
ေတာင္သမန္အင္းဘက္ ခရာ မ်က္ႏွာမူကာ
သွ်ားကုိ ၾကည့္ရင္း ၿပံဳးလိုက္သည္။
" က်ေတာ္ ေအာ္ၿပီေနာ္ ဦးသွ်ား....ဦးသွ်ား
ေသခ်ာေလး နားေထာင္ထား "
" က်ေတာ္ ဦးသွ်ား ကို အရမ္းခ်စ္တယ္...
သွ်ားဆက္ရိွန္ ဆိုတဲ့ ဦးသွ်ား ကို က်ေတာ္
အရမ္းခ်စ္တယ္ "
လက္နွစ္ဖက္ကို ပါးမွာကပ္ရင္း က်ေတာ္
ေအာ္လိုက္ရာ ဦးသွ်ား ရဲ႕ ၿပံဳးတံု႔တံု႔မ်က္ႏွာႀကီး
ကို ေတြ႕လိုက္ရသည္။
" ကိုယ္လည္း ေအာ္မယ္ေနာ္ ခရာ.... ခရာ
ေသခ်ာနားေထာင္ထား.... ေဟာဒီက
သွ်ားဆက္ရိွန္ ဆိုတဲ့ လူသားက အကၡရာပ်ဳိ ဆိုတဲ့
အညိဳစင္ေလးကို ခ်စ္တယ္ဗ်ဳိ႕...
က်ားက်ားယားယား အညိဳစင္ေလး အကၡရာပ်ဳိ
ကို ခ်စ္တယ္ဗ်ဳိ႕.... ဘယ္ေလာက္ထိေအာင္
ခ်စ္လဲဆိုရင္ ရင္ခုန္သံေတြကအစ
ဒုတ္ဒုတ္ မဟုတ္ဘဲ ခရာ ျဖစ္ေနၿပီ.... "
" ခရာ ...မင္းကို ကိုယ္ အရမ္းခ်စ္တယ္...
ၾကားလား ခရာ...?? ကိုယ္ မင္းကို
ခ်စ္တယ္လို႔...."
ပါးမွာ လက္အပ္ကာ ဦးသွ်ား က အသံကုန္ေတြ
ေအာ္ေန၍ က်ေတာ္ ၿပံဳးလိုက္သည္။
" ၾကားတယ္ ဦးသွ်ား... ဦးသွ်ား က်ေတာ့္ ကို
ခ်စ္တယ္ေျပာတာ က်ေတာ္ ၾကားတယ္
က်ေတာ္ လည္း ဦးသွ်ား ကို အရမ္း ခ်စ္တယ္
ဦးသွ်ား ၾကားရဲ႕လား...?? "
" ၾကားတယ္ ခရာ... ကိုယ္ ၾကားတယ္ "
တစ္ေယာက္ မ်က္ႏွာ တစ္ေယာက္ ၾကည့္လိုက္
ေတာင္သမန္အင္းႀကီးကို ၾကည့္လိုက္
လုပ္ေနၾကေတာ့ သူတို႔ႏွစ္ေယာက္ကို
ဦးပိန္တံတားေပၚက ျဖတ္သြားျဖတ္လာလူေတြက
ၾကည့္ၿပီး ၿပံဳးစိစိ ျဖစ္သြားၾကသည္။
သို႔ေသာ္ သူတို႔ ႏွစ္ေယာက္ကေတာ့ ဘယ္သူ႕ကို
မွ မၾကည့္ဘဲ တစ္ေယာက္ မ်က္ႏွာ တစ္ေယာက္
ၾကည့္ရင္း သူတို႔ ကမာၻႀကီးထဲ ေပ်ာ္ရြင္ေနၾကသည္။
ဒီလိုနဲ႔ သွ်ား နဲ႔ ခရာတို႔ ဦးပိန္တံတားတစ္ဝက္ထိ
ေရာက္သြားခ်ိန္မွာ သွ်ားရဲ႕ ဖုန္းေလးက
အသံျမည္လာခဲ့သည္။
" ဟဲလို... ေကာင္းဆက္ ေျပာ "
" သွ်ား မင္းတို႔ ႏွစ္ေယာက္ အခုခ်က္ခ်င္း
ေဆး႐ုံကို လာခဲ့ၾက... ခရာ အေမ အေျခအေန
မေကာင္းဘူး "
" ေအး ငါတို႔ အခုလာခဲ့မယ္ "
" ဘယ္ကိုလဲ ဦးသွ်ား...??
ကိုေကာင္းဆက္ က ဘာေျပာတာလဲ..?? "
ေကာင္းဆက္ ဖုန္းခ်ခ်သြားခ်င္း ခရာ က
ေမးလာ၍ သွ်ား စိတ္ကို တည္ၿငိမ္ေအာင္
ထိန္းလိုက္၏ ။
" ခရာ အေမ အေျခအေန မေကာင္းဘူးတဲ့ ခရာ...
အဲ့ဒါ ကိုယ္တို႔ ေဆး႐ုံ ကို အခုသြားရမယ္ "
" အေမ အေျခအေန မေကာင္းဘူး
ဟုတ္လား ဦးသွ်ား ...??
အေမ ဘာျဖစ္သြားတာလဲ ဦးသွ်ား ...
အေမ ဘာျဖစ္သြားတာလဲ...?? "
" ကိုယ္လည္း မသိဘူး ခရာ
ဒါေပမဲ့ ခရာ ဘာမွ စိတ္မပူနဲ႔ေနာ္... ခရာ့ အေမ
ဘာမွ ျဖစ္မွာ မဟုတ္ဘူး..."
" အင္း ဦးသွ်ား... ဦးသွ်ား ေျပာသလို
က်ေတာ့္ အေမ ဘာမွျဖစ္မွာ မဟုတ္ဘူး...
လာ...က်ေတာ္ တို႔ ေဆး႐ုံ သြားၾကမယ္
အေမ့ အေျခအေန ကို က်ေတာ္ အရမ္းသိခ်င္ေနၿပီ "
" အင္း ခရာ "
ခရာ လက္ကို သွ်ား က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ရင္း
ဦးပိန္တံတားကို အဆံုးထိ မေလွ်ာက္ေတာ့ဘဲ
ေရာက္တဲ့ေနရာကေန ႏွစ္ေယာက္သား လွည့္ျပန္
ခဲ့ၾကသည္။
**************************
တစ္လမ္းလံုးလည္း ခရာ မ်က္ႏွာက ျဖဴဖတ္ျဖဴေရာ္
ျဖစ္ေနသျဖင့္ သွ်ား ကားေမာင္းေနရင္းတန္းလန္းနဲ႔
ခရာ လက္ေလးကို ၿမဲၿမံစြာ ဆုပ္ကိုင္ထား
သည္။ ဒါတင္မကေသး ကားေမာင္းေနရင္းနဲ႔ပင္
ခရာ ကို ႏွစ္သိမ့္ေပးတဲ့ သွ်ား ရဲ႕စကားေတြက
တရစပ္။
ကားပါကင္မွာ ဦးသွ်ား ကားထိုးတဲ့ အခ်ိန္ထိ
က်ေတာ့္ စိတ္ေတြ မေစာင့္ႏိုင္ဘဲ ပူေလာင္
ေနရသည္။
" သြားမယ္ ဦးသွ်ား ....သြားမယ္ "
" တီ.... တီ.... တီ "
စိတ္က ပူေနပါတယ္ဆိုမွ ကိုေကာင္းဆက္ က
ဦးသွ်ား ဖုန္းကို ခဏခဏ ေခၚေနေတာ့
က်ေတာ့္ ရင္က ပိုပူသြားရသည္။
" ဘာမွ မျဖစ္ဘူး ခရာ... စိတ္ကို ၿငိမ္ၿငိမ္ထား
ေနာ္ ခရာ့ အေမ ဘာမွ ျဖစ္မွာ မဟုတ္ဘူး "
" ဟုတ္ ဦးသွ်ား "
ဟုတ္လို႔သာ က်ေတာ္ ေျပာေနရေပမဲ့ ကားေပၚ
က ဆင္းဆင္းခ်င္း ေဆး႐ုံထဲကို မေျပး႐ံုတမယ္
က်ေတာ္ ေလွ်ာက္ေနမိသည္။ ဦးသွ်ား ကလည္း
က်ေတာ္ နည္းအတိုင္းပင္။
************************
" ဘာျဖစ္တာလဲ ကိုေကာင္းဆက္..??
က်ေတာ့္ အေမ ဘာျဖစ္တာလဲ..?? "
အေရးေပၚ အခန္းေရွ႕မွာ မတ္တပ္ရပ္ေနတဲ့
ေကာင္းဆက္၊ ေဒၚခင္ႏွင္းငယ္ နဲ႔ ပိပိ
ကို ျမင္တာနဲ႔ ခရာ ေမးၿပီးသားပင္။
သွ်ား မွာလည္း ခရာ အရမ္းစိတ္ပူေနမွာစိုးၿပီး
ခရာ လက္ေလးကို ဖြဖြေလး ဆုပ္ကိုင္ထား၏ ။
" တီငယ္တို႔ အိမ္မွာ ရိွေနတုန္း
ခရာ အေမ အေျခအေန မေကာင္းဘူးဆိုၿပီး
ေဆး႐ုံက ဖုန္းဆက္လာတယ္...
အဲ့ဒါ ေဆး႐ုံလည္း ေရာက္ေရာ သမီး
အေမရဲ႕ ႏွလုံးက မတအား ခုန္ေနတာ...
အဲ့ဒါ ေဒါက္တာေတြက ႏွလုံးပံုမွန္အတိုင္း
ျဖစ္သြားေအာင္ သမီး အေမကို ခြဲခန္းထဲမွာ
ကုသေပးေနၾကတယ္ နာရီဝက္ေလာက္ ရိွၿပီ....
အခုထိ ခြဲခန္းထဲကေန ေဒါက္တာေတြ
ထြက္မလာၾကေသးဘူး "
ထိုအခ်ိန္ ခြဲခန္းထဲကေန ထြက္လာၾကေသာ
ေဒါက္တာေတြကို ခရာ ျမင္သြားခ်ိန္
အနားကို တိုးသြားလိုက္သည္။
" က်ေတာ့္ အေမ ဘာျဖစ္တာလဲဟင္ ေဒါက္တာ..??
က်ေတာ့္ အေမ ဘာျဖစ္တာလဲ...!!!
ဘာျဖစ္တာလဲဟင္ ေဒါက္တာ...?? "
" ခရာ့ အေမ ဘာျဖစ္တာလဲဟင္ ေဒါက္တာစိုးေအာင္ "
" လူနာက ဘာျဖစ္တာလဲ ေဒါက္တာစိုးေအာင္...?? "
တစ္ေယာက္ တစ္ေပါက္နဲ႔ ဝိုင္းေမးလာၾကေသာ
အကုန္လံုးကုိ ေဒါက္တာေတြ တစ္ေယာက္
နဲ႔ တစ္ေယာက္ ျပန္ၾကည့္ရင္း အသက္ကို
ဝဝ႐ႉလိုက္ၾကသည္။
" စိတ္ကို ၿငိမ္ၿငိမ္ထားပါေနာ္ ဦးသွ်ားဆက္ရိွန္တို႔..
က်ေတာ္တို႔ အကုန္လံုး အတတ္ႏိုင္ဆံုး
ႀကိဳးစားၿပီးသြားပါျပီ.. လူနာက နွလုံးခုန္ရပ္ၿပီး
အသက္မရိွေတာ့ဘူး "
" ဘာ...!!!! "
" ဘာ...!!! မဟုတ္ဘူး က်ေတာ့္ အေမ
ေမသဘူး.... ေအမ ေမသဘူး
ေဒါက္တာတို႔ လိမ္ေနတာ က်ေတာ့္ အေမ
ေမသဘူး "
အကုန္လံုးရဲ႕ အာေမဋိတ္သံ နဲ႔ ခရာ ရဲ႕ ေၾကကြဲ
ဖြယ္ အသံႀကီးကလည္း သနားစရာေပ။
" မဟုတ္ဘူး က်ေတာ့္ အေမ မေသဘူး...
ေဒါက္တာတို႔ လိမ္ေနတာ က်ေတာ့္ အေမ
ေမသဘူး "
ပါးစပ္က ေျပာလည္းေျပာ အ႐ူးတစ္ေယာက္လို
ခရာ ခြဲခန္းထဲ ေျပးဝင္သြားခဲ့သည္။
အကုန္လံုးကလည္း သူမ ဝင္တာနဲ႔ ေနာက္ကေန
လိုက္လာၾကသည္။
ပိတ္စအျဖဴနဲ႔ အုပ္ထားတာကို ခရာ ခ်က္ခ်င္းဆြဲဖယ္
ပစ္ၿပီး သူမ အေမကို ၿပံဳးၿပံဳးႀကီး ၾကည့္လိုက္သည္။
" အေမ ေဒါက္တာေတြက အေမ့ကို ေသၿပီတဲ့...
က်ေတာ္ သိတာေပါ့ အေမက
လြယ္လြယ္ နဲ႔ မေသတတ္ဘူးေလ...
ဟုတ္တယ္မလား အေမ...!!! အေမ
မေသဘူးေနာ့...!!. ဒါေၾကာင့္ ထလာပါအံုး
ထလာၿပီး က်ေတာ္ မႀကိဳက္တဲ့ မိပ်ဳိ ဆိုတာေလး
ကို ေခၚအံုးေလ...!! ေခၚအံုးေလ အေမ..!!
က်ေတာ္ ေျပာတာ ၾကားလား ေခၚအံုးလို႔...!! "
" ဦးသွ်ား လုပ္ပါအံုး အေမ့က က်ေတာ္ ေခၚေနတာ
ေတာင္ ထမလာဘူး ဦးသွ်ား ကူေခၚေပးပါအံုး "
" စိတ္ကို ၿငိမ္ၿငိမ္ထားေနာ္ ခရာ...
ခရာ စိတ္ကို ၿငိမ္ၿငိမ္ထား ကိုယ္ ရိွတယ္ေနာ္... "
" ဟုတ္တယ္ ခရာ... တီငယ္တို့လည္း
ရိွတယ္ေနာ္ သမီး စိတ္ကို ၿငိမ္ေအာင္ထားေနာ္ "
" ခရာ အန္တီေမသင္း က ဆံုးသြားၿပီေလ
နင္ စိတ္ထိန္းပါအုံး.. "
" ေလွ်ာက္မေျပာနဲ႔ ပိပိ... ငါ့ အေမ မဆံုးဘူး
ဟုတ္တယ္မလား ဦးသွ်ား က်ေတာ့္ အေမ
မဆံုးဘူးမလား...?? "
ခရာ ေမးခြန္းကို သွ်ား မေျဖဘဲ ပခံုးေလးကို
ဖြဖြေလး ပုတ္ေပးလိုက္ရာ ခရာ ႐ုန္းထြက္လိုက္သည္။
" ေျဖေလ ဦးသွ်ား...!!! က်ေတာ့္ အေမ
မေသဘူးလို႔...!! ေျဖေပးပါ ဦးသွ်ား
ေျဖေပးလို႔...!! "
" ခရာ စိတ္ကို ၿငိမ္ၿငိမ္ထားေလ... တီငယ္တို႔
ရိွတယ္ေလ "
" ဟုတ္တယ္ ခရာ... ငါတို့ ရိွတယ္ေလ
နင့္ စိတ္ကို ၿငိမ္ၿငိမ္ထားပါေနာ္..!! "
တီငယ္က အစ ေကာင္းဆက္ က အဆံုး ႏွစ္သိမ့္
ေပးလာတာကို ခရာ ေခါင္းယမ္းလိုက္ကာ.....
" မႏွစ္သိမ့္နဲ႔...!!! က်ေတာ့္ အေမ မေသဘူး..!!
မေသဘူးလို႔...!!! အေမ ထၾကည့္ပါအံုး
ဒီက လူေတြ အကုန္လံုးက အေမကို ေသၿပီတဲ့...! !
အေမ မေသဘူးဆိုတာ သက္ေသျပေပးအံုးေလ...
အေမ ထလာၿပီး အေမ မေသဘူးဆိုတာ
သူတို႔ကို ျပလိုက္ပါ အေမ... က်ေတာ္
ေတာင္းဆိုပါတယ္. ..အေမ ျပလိုက္ပါ "
" ျပမယ္မလားဟင္..!! အေမ ျပမယ္မလား
မရဘူးေနာ္ ..အေမ ျပရမယ္
အေမ့ကို က်ေတာ္ လုပ္မေကြၽးရေသးဘူး
ငယ္ငယ္ကတည္းကေန အခုခ်ိန္ထိ
ဒီဆုေတာင္းကို က်ေတာ္ ဆုေတာင္းလာတာ...
အေမ ေသလို႔ မရဘူးေနာ္...
အေမ့ကို က်ေတာ္ လုပ္ေကြၽးရအံုးမယ္...
ၾကားလား အေမ...!! အေမ့ကို က်ေတာ္
လုပ္ေကြၽးရအံုးမယ္လို႔... အေမ့ အတြက္နဲ႔
လက္ေဝွ႔ထိုးထားတဲ့ ေငြေတြ က်ေတာ့္ မွာ
အမ်ားႀကီး ရိွတယ္... အေမ လိုခ်င္တဲ့
အရာေတြ က်ေတာ္ ဝယ္ေပးရအံုးမွာေလ...
ဒါတင္မကေသးဘူး က်ေတာ့္ က အေမ့ကို
ႂကြားအံုးမွာ... က်ေတာ့္ ကို သိပ္ခ်စ္တတ္တဲ့
ဦးသွ်ား ကို ရထားလို႔.... "
" ဒီမွာေလ ....က်ေတာ့္ ကို သိပ္ခ်စ္တဲ့ ဦးသွ်ား... "
မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္က်ရင္း
သွ်ား ဘက္ ေမးေငါ့ျပေနေပမဲ့ ခရာ အေမက
ထမလာခဲ့ပါ။
" သူ႕က ေဘာစိ အေမ သိလား...
အေမ လိုခ်င္တဲ့ အရာေတြကို က်ေတာ့္ ဦးသွ်ား
က ဝယ္ေပးအံုးမွာ... ေနာက္ၿပီး က်ေတာ္
တို႔ မဂၤလာမေဆာင္ေသးဘူး အေမ...
အေမ သတိရလာမွ က်ေတာ္တို႔ ေဆာင္ဖို႔ လုပ္ထားတာ... ဒါေၾကာင့္ အေမ ေသလို႔ မရဘူးေနာ္... က်ေတာ္
ေျပာတာ ၾကားလား အေမ ေသလို႔ မရဘူးလို႔...!!
အေမ ေသလို႔ မရဘူးလို႔... !!!က်ေတာ္
ေျပာတာ ၾကားလား အေမ ေသလို႔ မရဘူးလို႔...!! "
ေဒၚေမသင္း ကိုယ္ေလးကို ခရာ အတင္းဖက္တြယ္
ထားၿပီး ေအာ္ေန၍ သွ်ား ဘယ္လိုမွ မခံစား
ႏိုင္ေတာ့ပါ။
" ခရာ... စိတ္ကို ၿငိမ္ၿငိမ္ထိန္းထားေလ ခရာ...
ခရာ့ စိတ္ကို ၿငိမ္ၿငိမ္ထိန္းထား...!! "
" ဟင့္အင္း က်ေတာ့္ အေမမွ သတိမရတာ
က်ေတာ့္ က ဘယ္လိုလို႔ ထိန္းထားရမွာလဲ..?? "
အီးဟီး....အင့္ဟင့္....အင့္ဟင့္...က်ေတာ့္
အေမကို ကယ္ပါအံုး ဦးသွ်ား ...!!!
က်ေတာ့္ အေမကို ကယ္ပါအံုး...!!
က်ေတာ့္ အေမကို ကယ္ပါအံုးလို႔..!! "
မ်က္ရည္ေတြ က်ရင္း ကယ္ဖို႔ တတြတ္တြတ္
ေျပာေနေသာ ခရာကို ေကာင္းဆက္၊
ေဒၚခင္ႏွင္းငယ္ နဲ႔ ပိပိ တို႔ ၾကည့္ၿပီး
စိတ္မေကာင္း၊ သို႔ေသာ္ သွ်ား မွာေတာ့
ခရာ မ်က္ရည္ေတြကို ျမင္ၿပီး သူပါ
မ်က္ရည္ေတြ က်ေနေလသည္။
" ထပါအံုး အေမ.... !! အေမ ထလာၿပီး က်ေတာ္
မႀကိဳက္တဲ့ မိပ်ဳိ ဆိုတာ ေခၚအံုးေလ ..!!
က်ေတာ့္ ကို ပံုေတြ မထိုးဖို႔လည္း အေမ
ေျပာအုံးေလ... က်ေတာ္ ေျပာတာၾကားလား အေမ..??
ထလာၿပီး ဆူအံုးလို႔...!!!
အီးဟီး... အင့္ဟင့္... အင့္ဟင့္... အီးဟီး...
အင့္ဟင့္... အင့္ဟင့္ "
ေျပာရင္း ခရာ အသားကုန္ေတြ ငိုေနသျဖင့္
ခရာ ကိုယ္ေလးကို သွ်ား ဖက္ထားလိုက္သည္။
သူ႕ မ်က္ဝန္းမွာလည္း မ်က္ရည္စေတြ။
" အီးဟီး... အင့္ဟင့္... အင့္ဟင့္...
က်ေတာ့္ အေမကို ေခၚေပးပါအံုး ဦးသွ်ား
က်ေတာ့္ အေမကို ေခၚေပးပါအံုး...!!!
ေခၚေပးပါအံုး ဦးသွ်ား...!!!
အေမ မရိွေတာ့ရင္ က်ေတာ္ ေသမွာ...
က်ေတာ္ ေသမွာ ဦးသွ်ား ရဲ႕ ...
ေခၚေပးပါအံုး...!! "
သူ႕ကို မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္က်ရင္း
အကူအညီ ေတာင္းေနေသာ ခရာ ပုံစံေလးက
သူ႕ ႏွလုံးသားကို အေတာ္နာက်င္ေစသည္။
သူ ကူညီခ်င္တာေပါ့။ ခက္တာက ဒီကိစၥက
သူ ကယ္ေပးလို႔ မရ။ အမွန္အတိုင္း ေျပာရင္
ခရာ ငိုတာကို သူ မခံစားႏိုင္၊ ခရာ့ အေမ
အစား သူပဲ ျဖစ္ေပးလိုက္ခ်င္သည္။ အဲ့ဒါဆို
သူ႕ ခရာေလး ငိုမွာ မဟုတ္ေတာ့ပါ။
" ဘာလို႔လဲ အေမ...??? အေမ ဘာလို႔
က်ေတာ့္ ကို ထားသြားရတာလဲ..??
အေမ မရိွရင္ က်ေတာ္ ဘယ္လိုလုပ္
အသက္ဆက္ရွင္ရမလဲ...??
ေျဖေလ အေမ...!! က်ေတာ္ ဘယ္လိုလို႔
အသက္ဆက္ရွင္ရမလဲ...??
အဲ့ဒါ လူမဆန္တဲ့ ကားသမားေၾကာင့္ သူ႕သာ
အေမကို တိုက္ၿပီး ထားမသြားရင္ အေမ
အခုလို coma ဝင္ၿပီး ဆုံးမွာ မဟုတ္ဘူး...
အဲ့ဒီ မိန္းမကို က်ေတာ္ အရမ္းမုန္းတယ္
အေမ့ကို တိုက္သြားတဲ့ မိန္းမကို က်ေတာ္ မုန္းတယ္
သူ႕ကို ေတြ႕တာနဲ႔ က်ေတာ္ အေသသတ္မယ္
အေမ အခုလို ေသရတာ သူေၾကာင့္...!!
သူေၾကာင့္ အေမ အခုလို ေသသြားရတာ..!! "
တရားခံ မေပၚေသးတဲ့ ကားသမားကို ခရာ
သတိရသြားရင္း သတ္မယ္ဟု ေျပာလိုက္ရာ
ေဒၚခင္ႏွင္းငယ္ မ်က္ႏွာက ေခြၽးေဇာေတြ
အျပည့္နဲ႔။
ေကာင္းဆက္ နဲ႔ ပိပိ မွာေတာ့ ခရာ ကို ၾကည့္ရင္း
စိတ္မေကာင္းရင္းေပ။
ခရာ နည္းတူ သွ်ား မွာလည္း တရားခံ ကို
ေထာင္ထဲပို႔မယ္ဟု စိတ္ထဲ ႀကံဳးထားလိုက္၏ ။
Part 43 ေမွ်ာ္.......................................
( သနားပါတယ္ ငါ့ ခရာေလး 😞😞😞😞
စိတ္မေကာင္းလိုက္တာ 😞😞😞
တရားခံက ႏွစ္ေယာက္ျဖစ္ေနတယ္
အစစ္အမွန္က ဘယ္သူပါ့လိမ္ 🤒🤒🤒 )
ခ်စ္တယ္ေနာ္ မင္မင္ရဲ႕ ဒါဒါေလးေတြ.......😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘
#ေလယူရာယိမ္း
#သွ်ားဆက္ရိွန္
#အကၡရာပ်ဳိ
# ဦးရဲ႕မိန္းမက က်ားက်ားယားယား ကြၽန္ေတာ္
💥💥 ဦးရဲ့မိန်းမက ကျားကျားယားယား ကျွန်တော် 💥💥
( Part - 42 ) ♥♥♥♥♥♥♥♥♥
စာကြည့်တိုက် သွားပြီးတော့ အချိန်က တစ်နာရီ
ထိုးနေပြီလေ။ ကျတော် ဦးပိန် သွားရအောင်လို့
ဦးသျှား ကို ပြောတော့ ညနေစောင်းမှ သွားရ
အောင်တဲ့။ နေက အရမ်းပူနေပြီတဲ့။
မဟုတ်ရင် ကိုယ်ရဲ့ ခရာလေး အသားတွေ
မည်းသွားလိမ့်မယ်တဲ့။ ကဲ ကြည့်စမ်း
ဘယ်လောက်တောင် ချစ်စရာကောင်းတဲ့
ကျတော်ရဲ့ ဦးသျှား လဲ။
ကျတော်ရဲ့ အသားအရေက အစကတည်းက
ဖွေးမှ မဖွေးတာကို ဦးသျှား က မည်းမှာ
ကြောက်နေတယ်လေ။ တကယ်တမ်း
ကြောက်ချင်းကြောက် ကျတော့် ကသာ
ဦးသျှား အစား ကြောက်ပေးရမှာ။
အခုတော့ သူ့က ကျတော့် အတွက်
ကြောက်ပေးနေတယ်လေ။
" တက်လမ်း သွားရအောင် ခရာ "
" ဟင် ...ဘာလမ်း ဦးသျှား... "
" ကိုယ့် နောက်လိုက်ခဲ့.... ကိုယ် ပြမယ် "
လက်ကို ဆွဲခေါ်သွားတော့ ဦးသျှား နောက်ကို
ကျတော် လိုက်ပါသွားရသည်။
***********************
ရတနာပုံ တက္ကသိုလ်ရဲ့ နောက်ပေါက်ကနေ
ပြန်ထွက်ပြီး ထွက်ထွက်ချင်းမှာ လမ်းကြားလေး
တစ်ခုရှိသည်။ ထိုလမ်းကြားလေးထဲ ဝင်ပြီး
အနည်းငယ် လျှောက်လိုက်တာနဲ့ တက်လမ်း
ဆိုင်ဆိုတဲ့ မုန့်ဆိုင်လေးကို ရောက်ပြီလေ။
ကျတော့် က တက်လမ်းကို လမ်းထင်နေတာ
ပြီးကျတော့ ဘယ်ဟုတ်မလဲ။ တက်လမ်းဆိုတာက
မုန့်ဆိုင်လေ။ ဖိနပ်၊ ပိုက်ဆံအိတ်၊ အရုပ်၊ ကလစ်၊
စာသင်သုံး ပစ္စည်းများ၊ ရေခဲမုန့်၊ ပေါင်မုန့်၊
ပီဇာ၊ ပေါက်ပေါက်ဆုပ်ဘူး၊ ခေါက်ဆွဲဘူး ၊
မုန့်အမျိုးမျိုး စသော...စသော မုန့်မျိုးစုံကိုပါ
ရောင်းလေသည်။
ဒီလိုနဲ့ ဦးသျှား က ကျတော် စားချင်တာမှန်သမျှကို
ထိုဆိုင်ကနေ ဝယ်ကျွေးလေသည်။
ကျတော် အကြိုက်ဆုံး မုန့်ကတော့ Deco
ကြက်သားပေါင်မုန့်ပေ။ ကောင်းကောင်းနဲ့
စားလိုက်တာ ကျတော် ဘူးကြီး တစ်ဘူးပင်
ကုန်လေသည်။
ဦးသျှား က ဖျော်ရည်တွေ၊ ခေါက်ဆွဲပြုတ်တွေက
အစ မှာပြီး ခွံကျွေးနေတော့ ကျတော့် ဗိုက်ကြီးက
မဆန်တော့ပေ။
တက်လမ်းမှာ ကျတော်တို့ အချိန်ဖြုန်းပြီးတာနဲ့
ညနေ သုံးနာရီခွဲသွားပြီလေ။
နေကလည်း သိပ်မပူတော့ ဦးပိန် ကို ကားနဲ့
သွားလိုက်ကြသည်။ မကြာပါဘူး
ရှစ်မိနစ်လောက်နေတာနဲ့ ဦးပိန် ကို
ကျတော်တို့ ရောက်လာကြသည်။
" ခရာ...ဒီဦးပိန် တံတားက သမီးရည်းစားတွေ
အဆုံးထိ အတူတူတွဲလျှောက်ရင် ဘယ်တော့မှ
မကြဲဘူးတဲ့ "
ဦးပိန် တံတား ရောက်ရောက်ချင်း ဦးသျှား က
ဆိုလာ၍ ကျတော် ဦးသျှား လက်လေးကို
မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်။
" ဟုတ် ဦးသျှား ကျတော်တို့ အဆုံးထိ
တူတူလျှောက်ကြမယ်နော်.... ဘယ်တော့မှ မခွဲဘူး "
" အင်း.. မင်း ဘက်က ထားသွားရင်တောင်
ကိုယ် မင်းကို ဘယ်တော့မှ လက်လွှတ်မပေးဘူး "
" လက်လွှတ်စရာ မလိုပါဘူး ဦးသျှား ရယ်
ကျတော် ဦးသျှား ကို ဘယ်တော့မှ ထားခဲ့မှာ
မဟုတ်လို့ပဲ.... ဒီ ဦးပိန်တံတားကြီးကို သစ္စာပြုပြီး
ကျတော် သက်သေတည်တယ် ကျတော့် ဘက်က
ဦးသျှား ကို ဘယ်တော့မှ မထားခဲ့ဘူး...
တကယ်လို့ ထားခဲ့ရင် ကျတော် ကားတိုက်ပြီး
သေရပါစေ "
" မပြောနဲ့ ခရာ...!! သေမယ်ဆိုတဲ့ စကားကို
မပြောနဲ့.... ကိုယ် မခံစားနိုင်ဘူး
မင်း သေသွားရင် ကိုယ်ပါ လိုက်သေမှာ "
" ဟင့်အင်း ဦးသျှား မသေရဘူး ...နိမိတ် မရှိတဲ့
စကားတွေ မပြောနဲ့ ကျတော် မကြိုက်ဘူး "
ငိုမဲ့မဲ့လေး ဖြစ်သွား၍ ခရာ လက်လေးကို သျှား
တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး...
" မင်း မကြိုက်ရင် ကိုယ် မပြောတော့ဘူးနော် ခရာ
မင်းလည်း သေမယ်ဆိုတဲ့ စကားကြီး
မပြောပါနဲ့.... ကိုယ် မခံစားနိုင်ဘူး "
" ဟုတ် ဦးသျှား ကျတော် မပြောတော့ဘူးနော် "
" လိမ်မာတယ် ကိုယ်ရဲ့ ခရာလေး...
လာ... ကိုယ်တို့ ဦးပိန်တံတား အဆုံးထိ
တူတူလျှောက်ရအောင် "
ကျတော့် လက်လေးကို တစ်ချက်နမ်းကာ
လျှောက်ရအောင် ပြောလာတော့ ကျတော်
ခေါင်းငြိမ့်လိုက်သည်။
ငှက်သံတွေနဲ့ ဦးပိန်တံတားက အတော်လေး
သာယာနာပျော်ဖွယ် ရှိသည်။ လေလေး
ကလည်း တဖြူးဖြူး တိုက်နေတော့
စိတ်ကို ကြည်လင်စေသည်။ ဦးပိန်တံတား
ပေါ်မှာ ဈေးရောင်းတဲ့ အသုပ်အသည်တွေ၊
ဗေဒင်သည်က အစ ရှိနေလေသည်။
ဦးပိန်တံတားအောက်ကို ငုံ့ကြည့်ရင် တောင်သမန်
အင်းကြီးကို မြင်နေရသည်။
အင်းကြီးထဲမှာ ဗေဒါပင်၊ ကြာပန်းတွေနဲ့ သိပ်ကို
စုံလင်လို့ပေ။
တောင်သမန်အင်းပေါ်ကနေ ပိကျိပိကျိ အော်သွား
ကြသော ငှက်ကလေးတွေ အသံလေးကလည်း
သိပ်ကို နားဝင်ချိုသည်။
အချိုသာဆုံး ပြောရမယ်ဆိုရင် ကျတော်ရဲ့
နားမှာ ဦးသျှား ရှိနေတာပင်။
ဒီကြားထဲ ကျတော့် လက်လေးကို ဦးသျှား က
တွဲကိုင်ထားတော့ ရင်ထဲမှာ ပြောမပြတတ်အောင်
ပျော်ရွင်နေမိသည်။
" ခရာ.... "
ဦးပိန်တံတား ကို ကျတော် ငေးနေတုန်း
ဦးသျှား က ကျတော့် နာမည်ကို ခေါ်လိုက်သဖြင့်
ကျတော် ကြည့်လိုက်သည်။
" ဘာပြောမလို့လဲ ဦးသျှား.... ပြောလေ "
" ဦးပိန် တံတား အဆုံးမှာ အုန်းသီးရေခဲမုန့်
ရောင်းတဲ့ အသည်ကြီး ရှိတယ်လေ
အဲ့ဒီ အသည်ကြီး ရောင်းတဲ့ အုန်းသီး ရေခဲမုန့်က
အရမ်း စားကောင်းတာ... အဲ့ဒါ ကိုယ် ခရာ ကို
ဝယ်ကျွေးမယ်လေ "
" ဟုတ် ဦးသျှား... ကျတော် စားမယ်
ဒါပေမဲ့ ဦးသျှား နှစ်ပွဲ ဝယ်ကျွေးရမယ်နော်
ကျတော့် က ရေခဲမုန့်ဆို နှစ်ပွဲမှ ဝတာ "
" ဟာ... နှစ်ပွဲ မကဘူး ကိုယ့် ခရာလေး
ကြိုက်သလောက်စား ကိုယ် အကုန်ရှင်းပေးမယ်..
တစ်ခုပဲ စားလို့ ဝသွားရင် တောင်သမန်အင်းကြီး
ကို ကြည့်ပြီး ကိုယ့်ကို ချစ်တယ်လို့ အော်ပြော
ပေးရမယ် "
" ဒါများ အခုကတည်းက ကျတော် အော်ပေး
လိုက်မယ် "
ပြောရင်း လေတွေ တဖြူးဖြူးတိုက်နေတဲ့
တောင်သမန်အင်းဘက် ခရာ မျက်နှာမူကာ
သျှားကို ကြည့်ရင်း ပြုံးလိုက်သည်။
" ကျတော် အော်ပြီနော် ဦးသျှား....ဦးသျှား
သေချာလေး နားထောင်ထား "
" ကျတော် ဦးသျှား ကို အရမ်းချစ်တယ်...
သျှားဆက်ရှိန် ဆိုတဲ့ ဦးသျှား ကို ကျတော်
အရမ်းချစ်တယ် "
လက်နှစ်ဖက်ကို ပါးမှာကပ်ရင်း ကျတော်
အော်လိုက်ရာ ဦးသျှား ရဲ့ ပြုံးတုံ့တုံ့မျက်နှာကြီး
ကို တွေ့လိုက်ရသည်။
" ကိုယ်လည်း အော်မယ်နော် ခရာ.... ခရာ
သေချာနားထောင်ထား.... ဟောဒီက
သျှားဆက်ရှိန် ဆိုတဲ့ လူသားက အက္ခရာပျို ဆိုတဲ့
အညိုစင်လေးကို ချစ်တယ်ဗျို့...
ကျားကျားယားယား အညိုစင်လေး အက္ခရာပျို
ကို ချစ်တယ်ဗျို့.... ဘယ်လောက်ထိအောင်
ချစ်လဲဆိုရင် ရင်ခုန်သံတွေကအစ
ဒုတ်ဒုတ် မဟုတ်ဘဲ ခရာ ဖြစ်နေပြီ.... "
" ခရာ ...မင်းကို ကိုယ် အရမ်းချစ်တယ်...
ကြားလား ခရာ...?? ကိုယ် မင်းကို
ချစ်တယ်လို့...."
ပါးမှာ လက်အပ်ကာ ဦးသျှား က အသံကုန်တွေ
အော်နေ၍ ကျတော် ပြုံးလိုက်သည်။
" ကြားတယ် ဦးသျှား... ဦးသျှား ကျတော့် ကို
ချစ်တယ်ပြောတာ ကျတော် ကြားတယ်
ကျတော် လည်း ဦးသျှား ကို အရမ်း ချစ်တယ်
ဦးသျှား ကြားရဲ့လား...?? "
" ကြားတယ် ခရာ... ကိုယ် ကြားတယ် "
တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်
တောင်သမန်အင်းကြီးကို ကြည့်လိုက်
လုပ်နေကြတော့ သူတို့နှစ်ယောက်ကို
ဦးပိန်တံတားပေါ်က ဖြတ်သွားဖြတ်လာလူတွေက
ကြည့်ပြီး ပြုံးစိစိ ဖြစ်သွားကြသည်။
သို့သော် သူတို့ နှစ်ယောက်ကတော့ ဘယ်သူ့ကို
မှ မကြည့်ဘဲ တစ်ယောက် မျက်နှာ တစ်ယောက်
ကြည့်ရင်း သူတို့ ကမ္ဘာကြီးထဲ ပျော်ရွင်နေကြသည်။
ဒီလိုနဲ့ သျှား နဲ့ ခရာတို့ ဦးပိန်တံတားတစ်ဝက်ထိ
ရောက်သွားချိန်မှာ သျှားရဲ့ ဖုန်းလေးက
အသံမြည်လာခဲ့သည်။
" ဟဲလို... ကောင်းဆက် ပြော "
" သျှား မင်းတို့ နှစ်ယောက် အခုချက်ချင်း
ဆေးရုံကို လာခဲ့ကြ... ခရာ အမေ အခြေအနေ
မကောင်းဘူး "
" အေး ငါတို့ အခုလာခဲ့မယ် "
" ဘယ်ကိုလဲ ဦးသျှား...??
ကိုကောင်းဆက် က ဘာပြောတာလဲ..?? "
ကောင်းဆက် ဖုန်းချချသွားချင်း ခရာ က
မေးလာ၍ သျှား စိတ်ကို တည်ငြိမ်အောင်
ထိန်းလိုက်၏ ။
" ခရာ အမေ အခြေအနေ မကောင်းဘူးတဲ့ ခရာ...
အဲ့ဒါ ကိုယ်တို့ ဆေးရုံ ကို အခုသွားရမယ် "
" အမေ အခြေအနေ မကောင်းဘူး
ဟုတ်လား ဦးသျှား ...??
အမေ ဘာဖြစ်သွားတာလဲ ဦးသျှား ...
အမေ ဘာဖြစ်သွားတာလဲ...?? "
" ကိုယ်လည်း မသိဘူး ခရာ
ဒါပေမဲ့ ခရာ ဘာမှ စိတ်မပူနဲ့နော်... ခရာ့ အမေ
ဘာမှ ဖြစ်မှာ မဟုတ်ဘူး..."
" အင်း ဦးသျှား... ဦးသျှား ပြောသလို
ကျတော့် အမေ ဘာမှဖြစ်မှာ မဟုတ်ဘူး...
လာ...ကျတော် တို့ ဆေးရုံ သွားကြမယ်
အမေ့ အခြေအနေ ကို ကျတော် အရမ်းသိချင်နေပြီ "
" အင်း ခရာ "
ခရာ လက်ကို သျှား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း
ဦးပိန်တံတားကို အဆုံးထိ မလျှောက်တော့ဘဲ
ရောက်တဲ့နေရာကနေ နှစ်ယောက်သား လှည့်ပြန်
ခဲ့ကြသည်။
**************************
တစ်လမ်းလုံးလည်း ခရာ မျက်နှာက ဖြူဖတ်ဖြူရော်
ဖြစ်နေသဖြင့်သျှား ကားမောင်းနေရင်းတန်းလန်းနဲ့
ခရာ လက်လေးကို မြဲမြံစွာ ဆုပ်ကိုင်ထား
သည်။ ဒါတင်မကသေး ကားမောင်းနေရင်းနဲ့ပင်
ခရာ ကို နှစ်သိမ့်ပေးတဲ့ သျှား ရဲ့စကားတွေက
တရစပ်။
ကားပါကင်မှာ ဦးသျှား ကားထိုးတဲ့ အချိန်ထိ
ကျတော့် စိတ်တွေ မစောင့်နိုင်ဘဲ ပူလောင်
နေရသည်။
" သွားမယ် ဦးသျှား ....သွားမယ် "
" တီ.... တီ.... တီ "
စိတ်က ပူနေပါတယ်ဆိုမှ ကိုကောင်းဆက် က
ဦးသျှား ဖုန်းကို ခဏခဏ ခေါ်နေတော့
ကျတော့် ရင်က ပိုပူသွားရသည်။
" ဘာမှ မဖြစ်ဘူး ခရာ... စိတ်ကို ငြိမ်ငြိမ်ထား
နော် ခရာ့ အမေ ဘာမှ ဖြစ်မှာ မဟုတ်ဘူး "
" ဟုတ် ဦးသျှား "
ဟုတ်လို့သာ ကျတော် ပြောနေရပေမဲ့ ကားပေါ်
က ဆင်းဆင်းချင်း ဆေးရုံထဲကို မပြေးရုံတမယ်
ကျတော် လျှောက်နေမိသည်။ ဦးသျှား ကလည်း
ကျတော် နည်းအတိုင်းပင်။
************************
" ဘာဖြစ်တာလဲ ကိုကောင်းဆက်..??
ကျတော့် အမေ ဘာဖြစ်တာလဲ..?? "
အရေးပေါ် အခန်းရှေ့မှာ မတ်တပ်ရပ်နေတဲ့
ကောင်းဆက်၊ ဒေါ်ခင်နှင်းငယ် နဲ့ ပိပိ
ကို မြင်တာနဲ့ ခရာ မေးပြီးသားပင်။
သျှား မှာလည်း ခရာ အရမ်းစိတ်ပူနေမှာစိုးပြီး
ခရာ လက်လေးကို ဖွဖွလေး ဆုပ်ကိုင်ထား၏ ။
" တီငယ်တို့ အိမ်မှာ ရှိနေတုန်း
ခရာ အမေ အခြေအနေ မကောင်းဘူးဆိုပြီး
ဆေးရုံက ဖုန်းဆက်လာတယ်...
အဲ့ဒါ ဆေးရုံလည်း ရောက်ရော သမီး
အမေရဲ့ နှလုံးက မတအား ခုန်နေတာ...
အဲ့ဒါ ဒေါက်တာတွေက နှလုံးပုံမှန်အတိုင်း
ဖြစ်သွားအောင် သမီး အမေကို ခွဲခန်းထဲမှာ
ကုသပေးနေကြတယ် နာရီဝက်လောက် ရှိပြီ....
အခုထိ ခွဲခန်းထဲကနေ ဒေါက်တာတွေ
ထွက်မလာကြသေးဘူး "
ထိုအချိန် ခွဲခန်းထဲကနေ ထွက်လာကြသော
ဒေါက်တာတွေကို ခရာ မြင်သွားချိန်
အနားကို တိုးသွားလိုက်သည်။
" ကျတော့် အမေ ဘာဖြစ်တာလဲဟင် ဒေါက်တာ..??
ကျတော့် အမေ ဘာဖြစ်တာလဲ...!!!
ဘာဖြစ်တာလဲဟင်ဒေါက်တာ...?? "
" ခရာ့ အမေ ဘာဖြစ်တာလဲဟင် ဒေါက်တာစိုးအောင် "
" လူနာက ဘာဖြစ်တာလဲ ဒေါက်တာစိုးအောင်...?? "
တစ်ယောက် တစ်ပေါက်နဲ့ ဝိုင်းမေးလာကြသော
အကုန်လုံးကို ဒေါက်တာတွေ တစ်ယောက်
နဲ့ တစ်ယောက် ပြန်ကြည့်ရင်း အသက်ကို
ဝဝရှူလိုက်ကြသည်။
" စိတ်ကို ငြိမ်ငြိမ်ထားပါနော် ဦးသျှားဆက်ရှိန်တို့..
ကျတော်တို့ အကုန်လုံး အတတ်နိုင်ဆုံး
ကြိုးစားပြီးသွားပါပြီ.. လူနာက နှလုံးခုန်ရပ်ပြီး
အသက်မရှိတော့ဘူး "
" ဘာ...!!!! "
" ဘာ...!!! မဟုတ်ဘူး ကျတော့် အမေ
မေသဘူး.... အေမ မေသဘူး
ဒေါက်တာတို့ လိမ်နေတာ ကျတော့် အမေ
မေသဘူး "
အကုန်လုံးရဲ့ အာမေဋိတ်သံ နဲ့ ခရာ ရဲ့ ကြေကွဲ
ဖွယ် အသံကြီးကလည်း သနားစရာပေ။
" မဟုတ်ဘူး ကျတော့် အမေ မသေဘူး...
ဒေါက်တာတို့ လိမ်နေတာ ကျတော့် အမေ
မေသဘူး "
ပါးစပ်က ပြောလည်းပြော အရူးတစ်ယောက်လို
ခရာ ခွဲခန်းထဲ ပြေးဝင်သွားခဲ့သည်။
အကုန်လုံးကလည်း သူမ ဝင်တာနဲ့ နောက်ကနေ
လိုက်လာကြသည်။
ပိတ်စအဖြူနဲ့ အုပ်ထားတာကို ခရာ ချက်ချင်းဆွဲဖယ်
ပစ်ပြီး သူမ အမေကို ပြုံးပြုံးကြီး ကြည့်လိုက်သည်။
" အမေ ဒေါက်တာတွေက အမေ့ကို သေပြီတဲ့...
ကျတော် သိတာပေါ့ အမေက
လွယ်လွယ် နဲ့ မသေတတ်ဘူးလေ...
ဟုတ်တယ်မလား အမေ...!!! အမေ
မသေဘူးနော့...!!. ဒါကြောင့် ထလာပါအုံး
ထလာပြီး ကျတော် မကြိုက်တဲ့ မိပျို ဆိုတာလေး
ကို ခေါ်အုံးလေ...!! ခေါ်အုံးလေ အမေ..!!
ကျတော် ပြောတာ ကြားလား ခေါ်အုံးလို့...!! "
" ဦးသျှား လုပ်ပါအုံး အမေ့က ကျတော် ခေါ်နေတာ
တောင် ထမလာဘူး ဦးသျှား ကူခေါ်ပေးပါအုံး "
" စိတ်ကို ငြိမ်ငြိမ်ထားနော် ခရာ...
ခရာ စိတ်ကို ငြိမ်ငြိမ်ထား ကိုယ် ရှိတယ်နော်... "
" ဟုတ်တယ် ခရာ... တီငယ်တို့လည်း
ရှိတယ်နော် သမီး စိတ်ကို ငြိမ်အောင်ထားနော် "
" ခရာ အန်တီမေသင်း က ဆုံးသွားပြီလေ
နင် စိတ်ထိန်းပါအုံး.. "
" လျှောက်မပြောနဲ့ ပိပိ... ငါ့ အမေ မဆုံးဘူး
ဟုတ်တယ်မလား ဦးသျှား ကျတော့် အမေ
မဆုံးဘူးမလား...?? "
ခရာ မေးခွန်းကို သျှား မဖြေဘဲ ပခုံးလေးကို
ဖွဖွလေး ပုတ်ပေးလိုက်ရာ ခရာ ရုန်းထွက်လိုက်သည်။
" ဖြေလေ ဦးသျှား...!!! ကျတော့် အမေ
မသေဘူးလို့...!! ဖြေပေးပါ ဦးသျှား
ဖြေပေးလို့...!! "
" ခရာ စိတ်ကို ငြိမ်ငြိမ်ထားလေ... တီငယ်တို့
ရှိတယ်လေ "
" ဟုတ်တယ် ခရာ... ငါတို့ ရှိတယ်လေ
နင့် စိတ်ကို ငြိမ်ငြိမ်ထားပါနော်..!! "
တီငယ်က အစ ကောင်းဆက် က အဆုံး နှစ်သိမ့်
ပေးလာတာကို ခရာ ခေါင်းယမ်းလိုက်ကာ.....
" မနှစ်သိမ့်နဲ့...!!! ကျတော့် အမေ မသေဘူး..!!
မသေဘူးလို့...!!! အမေ ထကြည့်ပါအုံး
ဒီက လူတွေ အကုန်လုံးက အမေကို သေပြီတဲ့...! !
အမေ မသေဘူးဆိုတာ သက်သေပြပေးအုံးလေ...
အမေ ထလာပြီး အမေ မသေဘူးဆိုတာ
သူတို့ကို ပြလိုက်ပါ အမေ... ကျတော်
တောင်းဆိုပါတယ်. ..အမေ ပြလိုက်ပါ "
" ပြမယ်မလားဟင်..!! အမေ ပြမယ်မလား
မရဘူးနော် ..အမေ ပြရမယ်
အမေ့ကို ကျတော် လုပ်မကျွေးရသေးဘူး
ငယ်ငယ်ကတည်းကနေ အခုချိန်ထိ
ဒီဆုတောင်းကို ကျတော် ဆုတောင်းလာတာ...
အမေ သေလို့ မရဘူးနော်...
အမေ့ကို ကျတော် လုပ်ကျွေးရအုံးမယ်...
ကြားလား အမေ...!! အမေ့ကို ကျတော်
လုပ်ကျွေးရအုံးမယ်လို့... အမေ့ အတွက်နဲ့
လက်ဝှေ့ထိုးထားတဲ့ ငွေတွေ ကျတော့် မှာ
အများကြီး ရှိတယ်... အမေ လိုချင်တဲ့
အရာတွေ ကျတော် ဝယ်ပေးရအုံးမှာလေ...
ဒါတင်မကသေးဘူး ကျတော့် က အမေ့ကို
ကြွားအုံးမှာ... ကျတော့် ကို သိပ်ချစ်တတ်တဲ့
ဦးသျှား ကို ရထားလို့.... "
" ဒီမှာလေ ....ကျတော့် ကို သိပ်ချစ်တဲ့ ဦးသျှား... "
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျရင်း
သျှား ဘက် မေးငေါ့ပြနေပေမဲ့ ခရာ အမေက
ထမလာခဲ့ပါ။
" သူ့က ဘောစိ အမေ သိလား...
အမေ လိုချင်တဲ့ အရာတွေကို ကျတော့် ဦးသျှား
က ဝယ်ပေးအုံးမှာ... နောက်ပြီး ကျတော်
တို့ မင်္ဂလာမဆောင်သေးဘူး အမေ...
အမေ သတိရလာမှ ကျတော်တို့ ဆောင်ဖို့ လုပ်ထားတာ... ဒါကြောင့် အမေ သေလို့ မရဘူးနော်... ကျတော်
ပြောတာ ကြားလား အမေ သေလို့ မရဘူးလို့...!!
အမေ သေလို့ မရဘူးလို့... !!!ကျတော်
ပြောတာ ကြားလား အမေ သေလို့ မရဘူးလို့...!! "
ဒေါ်မေသင်း ကိုယ်လေးကို ခရာ အတင်းဖက်တွယ်
ထားပြီး အော်နေ၍ သျှား ဘယ်လိုမှ မခံစား
နိုင်တော့ပါ။
" ခရာ... စိတ်ကို ငြိမ်ငြိမ်ထိန်းထားလေ ခရာ...
ခရာ့ စိတ်ကို ငြိမ်ငြိမ်ထိန်းထား...!! "
" ဟင့်အင်း ကျတော့် အမေမှ သတိမရတာ
ကျတော့် က ဘယ်လိုလို့ ထိန်းထားရမှာလဲ..?? "
အီးဟီး....အင့်ဟင့်....အင့်ဟင့်...ကျတော့်
အမေကို ကယ်ပါအုံး ဦးသျှား ...!!!
ကျတော့် အမေကို ကယ်ပါအုံး...!!
ကျတော့် အမေကို ကယ်ပါအုံးလို့..!! "
မျက်ရည်တွေ ကျရင်း ကယ်ဖို့ တတွတ်တွတ်
ပြောနေသော ခရာကို ကောင်းဆက်၊
ဒေါ်ခင်နှင်းငယ် နဲ့ ပိပိ တို့ ကြည့်ပြီး
စိတ်မကောင်း၊ သို့သော် သျှား မှာတော့
ခရာ မျက်ရည်တွေကို မြင်ပြီး သူပါ
မျက်ရည်တွေ ကျနေလေသည်။
" ထပါအုံး အမေ.... !! အမေ ထလာပြီး ကျတော်
မကြိုက်တဲ့ မိပျို ဆိုတာ ခေါ်အုံးလေ ..!!
ကျတော့် ကို ပုံတွေ မထိုးဖို့လည်း အမေ
ပြောအုံးလေ... ကျတော် ပြောတာကြားလား အမေ..??
ထလာပြီး ဆူအုံးလို့...!!!
အီးဟီး... အင့်ဟင့်... အင့်ဟင့်... အီးဟီး...
အင့်ဟင့်... အင့်ဟင့် "
ပြောရင်း ခရာ အသားကုန်တွေ ငိုနေသဖြင့်
ခရာ ကိုယ်လေးကို သျှား ဖက်ထားလိုက်သည်။
သူ့ မျက်ဝန်းမှာလည်း မျက်ရည်စတွေ။
" အီးဟီး... အင့်ဟင့်... အင့်ဟင့်...
ကျတော့် အမေကို ခေါ်ပေးပါအုံး ဦးသျှား
ကျတော့် အမေကို ခေါ်ပေးပါအုံး...!!!
ခေါ်ပေးပါအုံး ဦးသျှား...!!!
အမေ မရှိတော့ရင် ကျတော် သေမှာ...
ကျတော် သေမှာ ဦးသျှား ရဲ့ ...
ခေါ်ပေးပါအုံး...!! "
သူ့ကို မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျရင်း
အကူအညီ တောင်းနေသော ခရာ ပုံစံလေးက
သူ့ နှလုံးသားကို အတော်နာကျင်စေသည်။
သူ ကူညီချင်တာပေါ့။ ခက်တာက ဒီကိစ္စက
သူ ကယ်ပေးလို့ မရ။ အမှန်အတိုင်း ပြောရင်
ခရာ ငိုတာကို သူ မခံစားနိုင်၊ ခရာ့ အမေ
အစား သူပဲ ဖြစ်ပေးလိုက်ချင်သည်။ အဲ့ဒါဆို
သူ့ ခရာလေး ငိုမှာ မဟုတ်တော့ပါ။
" ဘာလို့လဲ အမေ...??? အမေ ဘာလို့
ကျတော့် ကို ထားသွားရတာလဲ..??
အမေ မရှိရင် ကျတော် ဘယ်လိုလုပ်
အသက်ဆက်ရှင်ရမလဲ...??
ဖြေလေ အမေ...!! ကျတော် ဘယ်လိုလို့
အသက်ဆက်ရှင်ရမလဲ...??
အဲ့ဒါ လူမဆန်တဲ့ ကားသမားကြောင့် သူ့သာ
အမေကို တိုက်ပြီး ထားမသွားရင် အမေ
အခုလို coma ဝင်ပြီးဆုံးမှာ မဟုတ်ဘူး...
အဲ့ဒီ မိန်းမကို ကျတော် အရမ်းမုန်းတယ်
အမေ့ကို တိုက်သွားတဲ့ မိန်းမကို ကျတော် မုန်းတယ်
သူ့ကို တွေ့တာနဲ့ ကျတော် အသေသတ်မယ်
အမေ အခုလို သေရတာ သူကြောင့်...!!
သူကြောင့် အမေ အခုလို သေသွားရတာ..!! "
တရားခံ မပေါ်သေးတဲ့ ကားသမားကို ခရာ
သတိရသွားရင်း သတ်မယ်ဟု ပြောလိုက်ရာ
ဒေါ်ခင်နှင်းငယ် မျက်နှာက ချွေးဇောတွေ
အပြည့်နဲ့။
ကောင်းဆက် နဲ့ ပိပိ မှာတော့ ခရာ ကို ကြည့်ရင်း
စိတ်မကောင်းရင်းပေ။
ခရာ နည်းတူ သျှား မှာလည်း တရားခံ ကို
ထောင်ထဲပို့မယ်ဟု စိတ်ထဲ ကြုံးထားလိုက်၏ ။
Part 43 မျှော်.......................................
( သနားပါတယ် ငါ့ ခရာလေး 😞😞😞😞
စိတ်မကောင်းလိုက်တာ 😞😞😞
တရားခံက နှစ်ယောက်ဖြစ်နေတယ်
အစစ်အမှန်က ဘယ်သူပါ့လိမ် 🤒🤒🤒 )
ချစ်တယ်နော်မင်မင်ရဲ့ ဒါဒါလေးတွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘
#လေယူရာယိမ်း
#သျှားဆက်ရှိန်
#အက္ခရာပျို
# ဦးရဲ့မိန်းမက ကျားကျားယားယား ကျွန်တော်