Part - 19 ( Zg + Uni)

871 54 0
                                    

( Part  - 19 )   ♥♥♥♥♥♥♥♥♥

" ခင်ဗျား က ခံစားချင်သေးတာပေါ့.. ..
ခံစားရအောင်လည်း ကျတော်တို့ ကျောက်ချောမှာ
အချောအလှလေးတွေ မပေါ်ပါဘူး "

" ငါ့ကလည်း အဲ့ဒီအချောအလှလေးတွေကို
မကြည့်ချင်ပါဘူး.....မင်းကိုပဲ ကြည့်ချင်တာ "

" ဟာ... .ခင်ဗျား ဘာတွေပြောနေတာလဲ.. .??
ဦးသျှား ယောင်္ကျားချင်းချင်းကြီး "

" ငါ မင်းကို ချစ်တယ် ခရာ "

ကားကို ရပ်ကာ ကျတော့် လက်လေးကို ကိုင်ပြီး
ပြောလိုက်တော့ ကျတော့် မျက်လုံးတွေ အဆမတန်
ပြူးသွားရသည်။

အသိဝင်လာတော့ ဦးသျှား လက်လေးကို ကျတော်
ဖယ်ချလိုက်သည်။

" မဖြစ်နိုင်ဘူး ဦးသျှား ကျတော့် က ....."

" ငါ သိတယ် ခရာ မင်းက ယောင်္ကျားလေးဆိုတာ
ဒါပေမဲ့  မင်းကို ငါ ချစ်နေတယ်ဆိုတာ
မင်း သိအောင်  ဖွင့်ပြောတာ
ငါလေ မိန်းကလေးတွေကို မကြိုက်ဘဲနဲ့
ငွေပေးပြီး အမ်းခဲ့လို့ အခုလို မင်းလို
ကောင်လေးမျိုးကို ငါ လာကြိုက်မိတာပဲ
ဒါက မိန်းကလေးတွေကို တကယ်မချစ်ဘဲနဲ့
ဆော့ကစားခဲ့လို့ ဘုရားက ပေးတဲ့ အပြစ်ထင်တယ်
အကယ်၍ ဒါက ဘုရားက ပေးခဲ့တဲ့ အပြစ်ဆိုရင်
တောင်မှ ဒီအပြစ်​ကို ငါ ကျေကျေနပ်နပ်ကြီး
ခံယူလိုက်​မယ် ယောင်္ကျားချင်းချင်း မင်းကို
ချစ်တယ်ပြောလို့ငါ့ကို အထင်မသေးနဲ့အုံး....
ငါ့ ကယောင်္ကျားလေး တိုင်းကို ကြိုက်တဲ့
ဂေးတစ်ယောက် မဟုတ်ဘူး.... ခရာ ဆိုတဲ့
မင်း တစ်ယောက်တည်းကိုပဲ ငါ့က ကြိုက်တာ
ခရာ ဆိုတဲ့ မင်းကပဲ ငါ့ကို ချစ်တတ်အောင်
သင်ပေးနိုင်တာ ....တခြားဘယ်ယောက်ျားလေးကမှ
သင်မ​ပေးနိုင်ဘူး....ဒီလိုပြောနေတာ မင်း ဘက်က
ပြန်ချစ်အောင်လို့ ငါ လုပ်လီကြံစည်ပြီး ပြော
နေတာ မဟုတ်ဘူး ငါ ချစ်နေတာကို
မင်း သိသွားအောင် ငါ ပြော​နေတာ
မင်းကို ငါ ချစ်နေတယ်ဆိုတာ မင်း သိထားရင်
ငါ့ အတွက် လုံလောက်သွားပြီ
သျှားဆက်ရှိန် ဆိုတဲ့ ငါ့က မင်း တစ်ယောက်
တည်းကိုပဲ ချစ်တဲ့ လူကြီး...အဲ့ဒါကို မင်း သိထားရင်
ငါ ကျေနပ်ပြီ "

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Where stories live. Discover now