Part - 18 ( Zg + Uni)

921 57 0
                                    

( Part  - 18 )   ♥♥♥♥♥♥♥♥♥

" ခင်ဗျား က တကယ့် အကုသိုလ်ပဲ ဦးသျှား "

" ဘာပြောလိုက်တယ်...!! "

" တကယ့် အကုသိုလ် ပဲလို့...
အခု ခင်ဗျား ကျတော့် ကို ဆွဲခေါ်လာတော့
အဲ့ဒီ အဘ ဆီက ပစ္စည်းတွေ ကျတော် မရလိုက်
တော့ဘူး.... ဒါတင်မကသေးဘူး ကျတော် ရဲ့
ဖောက်သည်တစ်ဦးကိုလည်း ကျတော် ဆုံးရှူံးလိုက်ရပြီ "

" ကောင်းပြီလေ ငါလုပ်လိုက်လို့ မင်း ဖောက်သည်
ဆုံးရှူံးသွားတယ်ဆိုတော့ အဲ့ဒီ မင်း ဆုံးရှူံးသွားတဲ့
တန်ဖိုးကို ငါ ပြန်​အလျော်ပေးမယ်.... ပြော
ဘယ်လောက်လဲ... ?? ခရာ
မင်း ငါ့ကို ပြော...... "

" လျော်ပေးစရာမလိုပါဘူး ခင်ဗျား လျော်ပေးလိုက်လို့
လည်း ကျတော် ရင်ထဲက မကျေနပ်ချက်​​တွေက
ပြန်ပြေလည်မသွားဘူး.. ..ခင်ဗျား သိလား
ခင်ဗျား တို့ လူချမ်းသာတွေက ပိုက်ဆံ
ရှိနေတဲ့အတွက် ဘယ်သူ့ကိုမှ အောက်ကျို့
စရာမလိုဘူး သည်းခံစရာလည်း မလိုဘူး. ..
ခင်ဗျားတို့ကို လာစော်ကားရင်တောင်
ခင်ဗျားတို့က သူတို့ကို ပိုက်ဆံ နဲ့ ကောက်
ပေါက်ပစ်လို့တောင် ရတယ်... ကျတော်တို့လို
ဆင်းရဲသားတွေကတော့ လူတိုင်းကို
အောက်ကျို့ရတယ်.... ဒါမှသာ ကျတော်တို့
ထမင်းစားလို့ရမှာ မဟုတ်ရင် ကျတော်တို့
ငတ်ပြီး သေရလိမ့်မယ် ဒါတင်မကသေးဘူး
တစ်ချို့ ကိစ္စတွေမှာ သူတို့က ကျတော်တို့ကို
အသားလွတ်ကြီး လာ​စော်ကားတာ
သိနေရင်တောင် ကျတော်တို့မှာ ဘာပြန်
ပြောပိုင်​ခွင့်​မှမရှိဘူး.... ဘယ်ပြန်ပြောနိုင်ပါ့မလဲ
သူတို့မှာ ငွေတွေလေ.... .ငွေတွေ ရှိနေတယ်
သူတို့ကိုသာ ပြန်ပြောလိုက်မယ်ဆိုရင်
ကျတော် နဲ့ အမေနဲ့ ငတ်ပြီး သေနေလောက်ပြီ "

"........."

" ဒါတွေကို ခင်ဗျား မသိပါဘူး ဦးသျှားဆက်ရှိန်
သိမယ်လို့လည်း မထင်ပါဘူး ခင်ဗျား က
ကျတော်တို့လို ဆင်းမှမဆင်းရဲ ဖူးတာကိုး
ဒါနဲ့ ခင်ဗျား ဒီစကားပုံ သိလား
ဆယ်တန်းအောင်ဖို့ မလိုဘူး အလိုက်သိဖို့
ပဲ လိုတာလေ... အဲ့ဒါ က တကယ့် လက်တွေ့ပဲ
အခုခေတ်မှာ ဆယ်တန်းအောင်ဖို့ မလိုဘူး
အလိုက်သိဖို့ပဲ လိုတယ်.. .လူတွေကို ကပ်ဖား
လျက်ဖား လုပ်တတ်ရင် ဘဝကြီးက ဒီတစ်သက်
အေးဆေးပဲတဲ့..... ကျတော့် ဖောက်သည်တွေ
အပေါ်မှာ ကျတော် နဲ့ အမေနဲ့ က အခုလို
ကပ်ဖားလျက်ဖား လုပ်တတ်လို့ ငတ်မနေတာ
ကျတော်တို့သာ အဲ့ဒီလို မပြောတတ် ၊
မလုပ်​တတ်​ဘူးဆိုရင် အစာအာဟာရ ငတ်ပြတ်ပြီး သေနေလောက်ပြီ "

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Where stories live. Discover now