Part - 7 (Zg + Uni)

1.1K 73 2
                                    

( Part  - 7  )  ♥♥♥♥♥♥♥♥♥

" ဒီလမ်းကနေ လာမှာပါနော် ပိပိ  
ခရာ က...... "

" လာမှာပါ အိုပါးသျှား ရဲ့..... ဒါနဲ့ ခုဏက
အိုပါးသျှား အကူအညီ တောင်းတဲ့ ကိစ္စ
ပိပိ ကူညီပေးရမလား "

" ရတယ် ပိပိ မလိုဘူး.... ခရာ ပဲ
ငါ့ကို ကူညီပေးနိုင်မှာ.... သူ့ကလွဲပြီး
ငါ့ကို ဘယ်သူမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး "

ဟန်ဆောင် သတို့သမီး လုပ်မယ့် ကိစ္စအား
ပိပိ ကူညီမယ်ပြောတာကို အိုပါးသျှား က
ခရာ မှ ခရာ ဖြစ်နေတော့ ရင်ထဲ တစ်မျိုးလေး
ဖြစ်သွားရသည်။

သျှား ကို မျက်တောင်မခတ် ကြည့်နေတဲ့ ပိပိ ကို
အလိုမကျ ဖြစ်ပြီး သဘောမတွေ့သူကတော့
ကောင်းဆက် ပင်...။

ဒီနေ့ကျမှ မြန်မာ ဝမ်းဆက်လေးနဲ့ သနပ်ခါးလေး
လူးပြီး လှနေသော ပိပိ ကို ကောင်းဆက်
ကြည့်နေသည်မှာလည်း ဘယ်နှခါရှိနေမှန်းကို
မသိတော့ပါ။ ထိုသို့ ခဏခဏ ကြည့်
နေမိသည်ကိုလည်း  ကောင်းဆက်
တစ်ယောက် သူကိုယ်သူ သတိမထားမိခဲ့ပါ။

"ဝူး.... ဝူး... ဝူး "

" ခရာ "

အုတ်ခုံပေါ်မှာ ထိုင်စောင့်နေရင်း ခရာ ဆိုက်တွဲ
လာတာ မြင်တာနဲ့ သျှား ချက်ချင်း ထကာ
ခရာ ဆီ အပြေးသွား၏ ။

ကောင်းဆက် နဲ့ ပိပိ မှာတော့ အုတ်ခုံပေါ်
ကနေပဲ သျှား တို့ကို ကြည့်နေကြတော့သည်။

" အခုချိန်ထိ ခင်ဗျား မပြန်သေးဘူးလား
အဖိုးရီး....???  ကျတော် ပြောပြီးပြီလေ
ကျတော် ရှေ့ ပေါ် မလာနဲ့လို့....???  "

" ငါ မင်းကို အကူအညီ တောင်းချင်လို့ပါ
ခရာ .... အဲ့ဒါက မင်း ကူညီပေးမှ
ဖြစ်မှာ "

" ဘာ....!!! ကျတော် ကူညီပေးမှ ဖြစ်မှာ
ဟုတ်လား...?? ယုတ္တိ မရှိလိုက်တာဗျာ ....
ကျတော့် လို ဆင်းရဲတဲ့ ပူပူသည်က ခင်ဗျား ကို
ဘာ​တွေများ ကူညီပေးနိုင်မှာမို့လို့လဲ...???   "

"   ငါ တကယ် ပြောတာ ခရာ....
ငါ့ကို မင်း တစ်ယောက်ပဲ ကူညီပေးနိုင်မှာ "

" ဟုတ်တယ် ခရာ... ငါ့ သူငယ်ချင်း သျှား
ကို မင်းပဲ ကူညီပေးနိုင်မှာ "

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Where stories live. Discover now