Part 47 ( Zg + Uni)

498 23 1
                                    

( Part  - 47 )   ♥♥♥♥♥♥♥♥♥

" စားကြ... စားကြ ကလေးတွေ အဝစားကြနော်
လိုရင် ဦးကိုပြော.... ဦး ထပ်ထည့်ပေးမယ် "

မိဘမဲ့ ဂေဟာမှာ ကျတော့် အမေအတွက် ဦးသျှား
က ရည်စူးပြီး အလှူပေးခဲ့သည်။
ဒါတင်မကသေး ကျတော်တို့ မင်္ဂလာပွဲအတွက်
ဦးသျှား က မိဘမဲ့ဂေဟာ က ကလေးတွေကို
ထမင်းတွေ လိုက်ထည့်ပေးနေလေသည်။

စတစ်ကော်လံအဖြူနဲ့  ယောပုဆိုးအပြာက
ဦးသျှား နဲ့ အရမ်းကို လိုက်သည်။ ဒီ ဝတ်စုံ
လေးကို ဝယ်ပေးခဲ့တဲ့လူက ကျတော်ပါပေ။

ကျတော် လည်း ဦးသျှား နည်းတူ ဇာပိတ်
အဖြူလေးနဲ့ ချည်ထမီအပြာလေးကို ဝတ်
ဆင်ထားသည်။

ဦးသျှား က ကလေးတွေကို ထမင်းလိုက်ထည့်
ပေးတော့ ကျတော့် ကလည်း မောင်တစ်ထမ်း
မယ်တစ်ရွက်ဆိုတဲ့အတိုင်း ကြက်သားချက်တွေ
လိုက်ထည့်ပေးသည်။

ပိပိ က ငရုတ်သီးကြော်ပန်းကန် ကိုင်ပြီး
ကိုကောင်းဆက် က ကြက်သားပြွန်းဟင်းချို
အိုးကို ကိုင်ထားသည်။

ဦးသျှား တီငယ် ကတော့ သရက်ချဉ်ဗန်းကို
ကိုင်ထားလေသည်။

မိဘမဲ့ဂေဟာက ကလေးတွေကလည်း ကျတော်တို့
ထည့်ပေးတဲ့ ဟင်းတွေကို အရမ်းစားကောင်းပြီး
တစ်ပွဲပြီး တစ်ပွဲယူကြသည်။

ဒီတော့ ကျတော်တို့  လိုက်ထည့်ပေးရတာက
လက်ကို မလည်အောင်ပေ။

" မခင်နှင်းငယ် တို့ ထမင်းစားကြပါအုံးလား
ကလေးတွေကို လိုက်ထည့်ပေးနေရတာနဲ့
အရမ်းကို ပင်ပန်းနေပြီ... ကျမ လူတွေကို
လုပ်ခိုင်းလိုက်မယ်လေ "

" ရပါတယ် ဆရာမကြီးရယ်....ကျမတို့ပဲ
ကလေးတွေကို လိုက်ထည့်ပေးလိုက်ပါ့မယ်
ကလေးတွေ စားပြီးမှပဲ ကျမတို့ စားတော့
မယ်.... သားသျှား တို့ မင်းတို့ရော
ဗိုက်ဆာနေပြီလား ဒါမှမဟုတ် အခုစားတော့မလား "

" ခရာ တီငယ် က မေးနေပြီတဲ့... ထမင်းစား
တော့ မလားတဲ့ "

မေးလာသော တီငယ် ကို ဦးသျှား က အဖြေပြန်
မပေးသေးဘဲ ကျတော့် ဘက် လှည့်လာပြီး
မေးလာလေသည်။ ကျ​တော့်​ကို အခုလို
အမြဲတမ်း ဦးစား​ပေးတဲ့အတွက်​ ဦးသျှား
ကို  အရမ်းပဲချစ်​ရသည်​။

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Where stories live. Discover now