Part - 20 ( Zg + Uni)

991 53 0
                                    

( Part  - 20 )   ♥♥♥♥♥♥♥♥♥

" ပိပိ က ဘာလို့ ငိုနေတာလဲ ဦးသျှား...??  "

" ငါ မသိဘူး သူ့ကို မေးကြည့် "

" ဘာလို့ မသိရမှာလဲ ဦးသျှား...???
ဦးသျှား ကို ပိပိ နဲ့ ကျတော် နှစ်ယောက်တည်း
ထားခဲ့တာလေ "

ကိုကောင်းဆက် နဲ့ ကျတော် တို့ ပြန်ရောက်လာတော့
ပိပိ က ငိုနေခဲ့သည်။  ကိုကောင်းဆက် ကလည်း
ပိပိ ငိုနေတာ သိတော့ ဟိုတယ်ကို ပြန်ခေါ်သွား
ပေးသည်။ အခုဆိုရင် ဟိုတယ် မပြန်သေးဘဲ
ပုဂံ ဘုရားတွေအနားမှာ ရှိနေတာ ဦးသျှား နဲ့
ကျတော် နှစ်ယောက်တည်းပင်။

ပိပိ ငိုနေလို့ ဦးသျှား ကို ကျ​တော်​ အကြောင်းအရင်း
မေးတော့လည်း ဦးသျှား က ပိပိ ကိုသာ မေးလိုက်
ပြောနေတော့ ကျတော် စိတ်မရှည်ဖြစ်လာရသည်။

" အဲ့ဒါ မင်း ဘယ်သွားမှာလဲ ခရာ "

" ခင်ဗျား အပူမပါဘူး ဦးသျှား ကျတော် ဘာသာ
ဘယ်သွားသွား.... "

ပြောရင်း သူ့ရှေ့ကနေ  ထွက်သွားတော့ ခရာ
နောက်ကို သူ လိုက်​မိသည်။

ဒီလိုနဲ့ ဇော်ဂျီရုပ်၊ ရုပ်သေးရုပ်လေးတွေအများကြီး
ချိတ်ဆွဲထားတဲ့ နေရာကို ခရာ တို့ ရောက်လာကြသည်။

သျှား ရုပ်သေးရုပ်တွေကို မြင်တာနဲ့ အထူးအဆန်းလုပ်ပြီး
လိုက်ကိုင်နေသော ခရာ ကို ကြည့်ပြီး သူ
ပြုံးမိသွားသည်။  ဘယ်လိုလေးမှန်း မသိ၊
ရုပ်သေးရုပ်တွေကို အထူးအဆန်း လိုက်ကိုင်
နေတဲ့ ပုံစံလေးက တကယ့် အပြစ်ကင်းတဲ့
ကလေးလေး အလားပေ။  စိန်မထိန်းနိုင်တာကြောင့်
ခရာ ပုံလေးတွေကို ပါလာတဲ့ သူ့ ဖုန်းနဲ့ ဓာတ်ပုံ
အမိအရ ရိုက်ယူနေမိသည်။

ဓာတ်ပုံတွေ ရိုက်နေတုန်း ရုပ်သေးရုပ်လေးကို နှာခေါင်း
နဲ့ တိုက်ပြီး ခရာ က စနောက်လိုက်တော့
ဓာတ်ပုံ ရိုက်နေရင်းနဲ့ သူ အထပ်ထပ်အခါခါ
ပြုံးမိသွားသည်။

ဇော်ဂျီရုပ်၊ ရုပ်သေးရုပ်တွေကြောင့် သူ ရှိနေတာကို
မေ့ပြီး ကလေး တစ်ယောက်လို အပြစ်ကင်းစွာနဲ့
ရယ်လိုက် ပြုံးလိုက်လုပ်နေတော့  သူ့မှာ
ဓာတ်ပုံရိုက်နေရင်း တန်းလန်းနဲ့ အကြိမ်ကြိမ်
ပြုံးနေမိသည်။  ရုတ်တရက် ထိုအနီးအနားက
ဆိုင်တွေက သူ ဓာတ်ပုံရိုက်နေတာကို
ပြုံးပြုံးကြီး ကြည့်လာကြတော့ ရှက်​ပြီး ဖုန်းကို
ပိတ်လိုက်မိသည်။

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Where stories live. Discover now