Part - 43 ( Zg + Uni)

589 31 1
                                    

💥💥 ဦးရဲ့မိန်းမက ကျားကျားယားယား ကျွန်တော် 💥💥
( Part  - 43 )   ♥♥♥♥♥♥♥♥♥

" ထမင်းစားပါအုံး ခရာ ....မနေ့က တစ်နေကုန်လည်း
ခရာ ဘာမှ မစားဘူးလေ.... ဒီပုံစံအတိုင်းဆို
ခရာ တစ်ခုခုဖြစ်သွားလိမ့်မယ် "

မျက်ရည်တွေ ကျကာ ငိုနေသော ခရာ ကို
သူ ဘာလုပ်ပေးရမှန်း မသိ။

ခရာ အမေ ရက်လည်ပြီးသွားတဲ့အချိန်ကစပြီး
ဘာမှမစားဘဲ အခန်းအောင်းနေသဖြင့်
စိတ်အရမ်းပူရသည်။

ရက်မလည်ခင်က ဖျော်ရည်လေး ဘာလေး
သောက်ပါသေးသည်။ ရက်လည်လည်း
ပြီးရော ခရာ က ဘာမှမစားတော့။

" ခရာ "

လက်လေးကို ဆုပ်ကိုင်ပြီး ခေါ်လိုက်တော့ သူ့ကို
မော့ကြည့်လာသော ခရာ မျက်ဝန်းမှာ မျက်ရည်စ
တွေက အပြည့်ပေ။

" ကိုယ့်ကို သနားရင် ထမင်းစားပါအုံးနော်...
ဒါမှမဟုတ် ထမင်းမစားချင်ရင် ခရာ
ဘာစားမလဲ... ?? ခရာ စားဖို့ ကိုယ်
တစ်ခုခု လုပ်ပေးမယ်လေ... စိတ်ပူစားမလား
ကိုယ် ကြော်ပေးမယ်လေ "

တရစပ် သျှားဆက်ရှိန် မေးနေပေမဲ့ ခရာ ကတော့
ဘာမှပြန်မဖြေဘဲ မျက်ရည်တွေကျကာ
ကြည့်ပဲကြည့်နေခဲ့သည်။

" ဖြေအုံးလေ ခရာ.... ခရာ စိတ်ပူစားမလား
ကိုယ် ကြော်ပေးမယ်လေ... ဒါမှမဟုတ် ခရာ
ဘာစားချင်လဲ ကိုယ့်ကိုပြော... ကိုယ်
လုပ်ပေးမယ်... "

" အီးဟီး.... အင့်ဟင့်. ...အင့်ဟင့်. ...
အမေ မရှိတော့ဘူး ဦးသျှား...!!
အမေ မရှိတော့ဘူး....!!  ကျတော် အသက်ဆက်
မရှင်ချင်တော့ဘူး...!!  ကျတော် ဘာမှမစား
ချင်ဘူး... ကျတော် တောင်းပန်ပါတယ်
ကျတော့် ကို ဘာမှမကျွေးပါနဲ့... ပစ်ထားလိုက်ပါ
....အီးဟီး.. .အီးဟီး.... အင့်ဟင့် "

" မဟုတ်ဘူးလေ ခရာ..   ခရာ တစ်ခုခုစားမှပေါ့
ခရာ ဘာမှမစားရင် ကိုယ် သေရလိမ့်မယ်
...ကိုယ့်ကို မသနားတော့ဘူးလားဟင်.  ..?? "

ခါတိုင်း သေမယ်လို့ ပြောလိုက်ရင် အမြဲတမ်း
စိုးရိမ်တဲ့ အက္ခရာပျို...အခုတော့ သူမ
အမေ သေဆုံးမှုကြောင့် စိုးရိမ်စိတ်မရှိတော့ပါ။

ပြန်ဖြေသံမလာတဲ့ ခရာ ကို သျှား ကြည့်
ပြီး ဘာလုပ်ပေးရမှန်း မသိတော့ပါ။

ဦးရဲ့ မိန်းမက ကျားကျားယားယား ကျွန်တော် ( သျှားဆက်ရှိန် +အက္ခရာပျို)Where stories live. Discover now