Part 46 ( Zg + Uni)

552 21 0
                                    

( Part  - 46 )   ♥♥♥♥♥♥♥♥♥

ခရာ စိတ်သက်သာရသွားအောင် ကျောက်ချောမှာ
သူ နှစ်ပတ်နေပေးလိုက်သည်။

ကံက ဆိုးချင်တော့ ခရာ အမေကို တိုက်သွားတဲ့
ကားသမားကို  ရှာလို့တွေ့ပြီလေ။

ထိုကားသမားက တခြားသူမဟုတ်။ သူ့ တီငယ် ပေ။
ဒီတော့ သူ ဘာဆက်လုပ်ရတော့မလဲ။
ခရာ ကို ကျောက်ချောမှာ တစ်ယောက်တည်း
ထားခဲ့ပြီး တီငယ် ရှိတဲ့ဆီကို သူ
လာခဲ့လိုက်​သည်​။ ကားမောင်းနေရင်းနဲ့ပင် သူ့
လက်တွေက တုန်ယင်နေမိသည်။

အိမ်ထဲလည်း ရောက်သွားရော ပေါ်တီကိုအောက်
မှာ ကားကို ထိုးရပ်ပြီး ချက်ချင်းဆင်းလာလိုက်သည်။

ဒီနေ့ကျမှ ခြေလှမ်းတွေက အတော်လေးကို
လေးလံနေသည်။

အိမ်ထဲရောက်တော့ တီငယ် ကို မတွေ့တာနဲ့
အပေါ်ထပ်ကို တက်လာလိုက်သည်။

အပေါ်ထပ်ရောက်တာနဲ့ တီငယ် အခန်းထဲကို
သူ ဝင်သွားလိုက်သည်။

ဟော... တွေ့လိုက်ပါပြီ။ ဒိုင်ယာရီစာအုပ် ကိုင်ပြီး
တိတ်ဆိတ်နေတယ်လေ။ သူ့ကို မြင်တာနဲ့
တီငယ်​က ဒိုင်ယာရီစာအုပ် ကို အံဆွဲထဲ ချက်ချင်း
ထည့်လိုက်သည်။

" ဟော... သားသျှား ဘယ်အချိန်က ပြန်ရောက်တာလဲ..??
ပြန်ရောက်တာတောင် တီငယ် ကို ဖုန်းကြိုမဆက်ဘူး..
ဒါနဲ့ ခရာရော သားသျှား "

သျှား..... အနားလာကာ ခရာ ကို မေးပြီး
ပြုံးနေတဲ့ တီငယ် ကို စိတ်မပါစွာနဲ့
ကြည့်လိုက်မိသည်။

" ဘာလို့ တိုက်ပြီး ထွက်ပြေးရတာလဲ တီငယ်...??  "

" ဟင်... ဘာကိုလဲ သားသျှား...??
သားသျှား ဘာတွေ ပြောနေတာလဲ..??  "

မသိသလို မေးနေသော တီငယ် ပုံစံက တကယ့်
သရုပ်ဆောင် မင်းသမီး အလားပေ။
အမှန်အတိုင်း ပြောရင် အကယ်ဒမီဆုတောင်
ပေးသင့်သည်။

" မသိချင်ယောင်ဆောင်မနေပါနဲ့ တီငယ်...
ကျတော် အကုန်သိပြီးသွားပြီ "

" ဘာကိုလဲ သားသျှား ..?? သားသျှား ဘာတွေ
ပြောနေတာလဲ...??  တီငယ် ဘာတစ်ခုမှ
နားမလည်ဘူး "

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Where stories live. Discover now