Part - 40 (Zg + Uni)

799 36 0
                                    

( Part  - 40 )   ♥♥♥♥♥♥♥♥♥

"  အဲ့ဒါ ဘာလုပ်မလို့လဲ ဦးသျှား...??  "

" ခရာ ကို ကိုယ် သီချင်းဆိုပြမလို့လေ "

ဘေးဆိုင်က အစ်ကိုကြီး တစ်ယောက်ဆီက
ဂစ်တာငှားပြီး ကျတော့်ကို သီချင်းဆိုပြမယ်
ပြောလိုက်တော့ လူက ပြုံးမိသွားသည်။

" ကဲ ဆိုစမ်းပါအုံး ဦးသျှား က ကျတော့် ကို
ဘာသီချင်းဆိုပြမလို့လဲ...??  "

" Lလွန်းဝါ ရဲ့ မျက်ဝန်းလေ
အဲ့ဒီ သီချင်းက ခရာ နဲ့ အရမ်းလိုက်တယ်
ခရာ ကို တင်စားထားသလား အောက်မေ့ရတယ် "

ပြောနေရင်းတန်းလန်းတွင်​ ဦးသျှား မျက်နှာမှာ
အပြုံးတွေက တွဲခိုနေ၏ ။ သေချာတယ်
ဦးသျှား ကို ဒီတစ်သက် ကျတော်
လက်လွှတ် မပေးတော့ပါ။ဘာလို့ဆို ဒီလူသားရဲ့
အပြုံး တစ်ချက် မြင်လိုက်ရုံနဲ့တင် ကျတော့်
ကမ္ဘာကြီးက ပြည့်စုံသွားလို့ပေ။

🎼🎼🎼 အကြိမ်ကြိမ်ရင်ခုန်မိသောမင်းမျက်ဝန်း
အာရုံမှာငြိတဲ့ မျက်ဝန်း🎵🎵

🎵🎵🎵 မင်းရဲ့အကြည့်မှာ မျောနေခဲ့
မင်းရဲ့ မင်းရဲ့ အချစ် မျက်ဝန်း 🎶🎶🎶

ဂစ်တာသံနဲ့အတူ ထွက်ပေါ်လာသော ဦးသျှား
အသံလေးကြောင့် ကျတော် ဦးသျှား ကို
ငေးကြည့်နေမိသည်။

အသံက ချိုသာပြီး တစ်ချက်တစ်ချက် ဩရှရှနဲ့ပေ။

ပါးစပ်ကလည်း သံစဉ်အလိုက် ဖီးလ် နေပြီး
သူ့ မျက်ဝန်းတွေကလည်း သီချင်းဆိုနေရင်း
နဲ့ ကျတော့် ကို ကြည့်နေခဲ့သည်။

🎼🎼🎼 ကျိန်စာအလား ရပ်မသွားတဲ့
ခံစားချက်ပေါင်းများစွာနဲ့ 🎵🎵🎵

🎶🎶🎶  စူးရှတဲ့မျက်ဝန်းတစ်စုံ မင်းချန်ခဲ့
မူမပိုင်တဲ့ မျက်ဝန်းအတွက်
ကြိတ်ပြီး ရူးခဲ့ရပေမယ့် 🎼🎼🎼

🎶🎶🎶 နှုတ်ဆက်မယ့် ဒီနှုတ်ခမ်းတွေ တွေးပူနေ
ဟန်မဆောင်တဲ့ အချစ်တွေနဲ့
ရင်ထဲက စောင့်မျှော်ခဲ့ 🎼🎼🎼

🎵🎵🎵 ဖွင့်ပြောခဲ့ချင်ပေမယ့်
မသေချာတဲ့အချစ်တွေနဲ့
ပစ်သွားမလားစိုးရိမ်ခဲ့ မျက်ဝန်းနဲ့ ပြောနေမိခဲ့ 🎼🎼🎼

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Where stories live. Discover now