Part 44 ( Zg + Uni)

581 25 0
                                    

( Part  - 44 )   ♥♥♥♥♥♥♥♥♥

" ရှူမဝတောင် ခဏရပ်ပေး ဦးသျှား...
ဟိုဘုရားကို ရပ်ပေး...!!  "

ကျောက်ချောရွာ လမ်းထဲအဝင် ခရာ က
အဝင်မခံဘဲ အရှေ့ဘက်က တောင်တွေပေါ်
ဆောက်ထားသော ဘုရားကို လက်ညိုး
ထိုးပြနေ၍ ကားကို အဲ့ဒီဘုရားဘက်
သျှား မောင်းလိုက်ရသည်။

" ဒီဘုရားလား ခရာ....?? "

သူ့ အမေးကို ခရာ က  ခေါင်းတစ်ချက်ငြိမ့်ရင်း
ကားပေါ်က ဆင်းသွားတော့ ကားကို
ဘုရားတောင်အောက်ခြေမှာ ထိုးထားလိုက်ပြီး
ဘုရားပေါ် တက်သွားသော ခရာ နောက်ကို
သူ အမြန် လိုက်လိုက်​ရသည်။

"  ဒီဘုရားက အမေနဲ့ ကျတော် နဲ့ လာနေကျ
ဘုရား လေ.... ဘယ်အချိန်မှာ ဒီဘုရားကို
ကျတော်တို့ လာတတ်တယ်​ ထင်​လဲ  ဦးသျှား..??  "

အနား သူ ရောက်လာတော့ မေးလာတဲ့
ခရာ မေးခွန်းကြောင့် ခေါင်းယမ်းလိုက်မိသည်။

" ကိုယ် မသိဘူး ခရာ.... "

" ကျတော်တို့ အကြွေးတွေ မပေးနိုင်တဲ့ အခါ
မျိုးမှာဆိုရင် အကြွေးရှင်တွေကို ရှောင်တဲ့
အနေနဲ့ အမေနဲ့ ကျတော့် က ဒီ ရှူမဝတောင်
ဘုရားကို လာတယ်လေ... "

"......."

" ဒီဘုရားက သိပ်ကို အေးချမ်းတာ "

  ခရာ နဲ့ တန်းတူ လှေကားထစ်တွေကနေ
ရှူမဝတောင်ဘုရားပေါ်ကို တက်ရင်း ခရာ
မျက်နှာကို သူ ကြည့်နေမိသည်။

ဝမ်းနည်းဖွယ်ရာဖြစ်နေသော ခရာ မျက်နှာနဲ့
အသံက သူ့ စိတ်ကို အတော်နာကျင်စေသည်။

" ခရာ... ဘုရားပေါ် ရောက်မှပဲ ကိုယ်တို့
စကားပြောကြမယ်လေ... အခုက လှေကား
ထစ်တွေကနေ တက်နေရတာဆိုတော့
အန္တရာယ်လည်း များတယ် ...နောက်ပြီး
စကားတွေ အများကြီး ပြောရင် ခရာ
မောနေလိမ့်မယ် "

" ရတယ် ဦးသျှား... ရှူမဝတောင် ဘုရားကို
တက်ရတာ ကျတော့် အတွက် ရိုးနေပြီ
အန္တရာယ်လည်း ရှိမှာမဟုတ်သလို
မောလည်းမမောဘူး ....ဘာလဲ ဦးသျှား
..ဦးသျှား မောနေပြီလား ဒါဆို အခု မြင်နေရတဲ့
မဏိစန္ဒာ ဘုရားမှာ ကျတော်တို့ နားမလား "

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Where stories live. Discover now