Part - 16 (Zg + Uni)

893 50 0
                                    

( Part  - 16 )   ♥♥♥♥♥♥♥♥♥

" တကယ်လို့ ခင်ဗျား ကို  တစ်ယောက်ယောက်က
လိမ်ခဲ့ရင် ခင်ဗျား သူ့ကို မုန်းမှာလား..    ??"

" မုန်းမှာ..... ငါ အမုန်းဆုံးက ငါ့ကို လိမ်တာပဲ "

မနေ့က ကျတော် မေးလိုက်သော မေးခွန်းကို
ပြန်ဖြေလာသော ဦးသျှား အဖြေအား
ကျတော် နားထဲ ခဏတိုင်း ကြားယောင်နေမိသည်။

ကျတော် သာ မိန်းကလေး ဆိုတာ ဦးသျှား
သိသွားရင် ကျတော့် ဘဝကြီးကတော့
စုတ်ပြတ်သတ်သွားပြီ။

အခုတောင် ဦးသျှား အဖြေကြောင့် ကျတော့်
ရင်ထဲ နေလို့ ထိုင်လို့ သိပ်မကောင်းပေ။

>>>>>>>>>>>>>>>>

" မနက်ဖြန် ပုဂံမသွားခင် မင်း ဘာစားချင်လဲ
ခရာ..... မင်း စားချင်တာ ရှိရင် ငါ လုပ်ကျွေး
မယ်လေ "

"  ကျတော် စိတ်ပူ စားချင်တယ် "

" ဟမ်...!!  "

" ဟာ.... ဦးသျှား ရာ ဟိုတစ်ခါက
ခင်ဗျား ကြော်ကျွေးတဲ့ ထမင်းကြော်လေ...
စိတ်ပူ ထမင်းကြော်လေး "

" ဪ ငါ သတိရပြီ ဒါဆို ခဏစောင့်
မင်း အတွက် ငါ စိတ်ပူ သွားကြော်လိုက်အုံးမယ် "

" ဟုတ်.... ဟုတ် ဦးသျှား ကျေးဇူးပါ "

ကျတော် စားရန် စိတ်ပူ ထမင်းကြော်ဖို့ အတွက်
ဦးသျှား က  အခန်းထဲကနေ အမြန်ထွက်သွားခဲ့သည်။

ကျတော့် မှာတော့ လမ်းလျှောက်တာတောင်
အရမ်းကြည့်ကောင်းတဲ့ သူရဲ့ ကျောပြင်လေးကို
အငေးကိုလွန်နေလို့....။

တစ်အောင့်လောက်ကြာတော့ ထမင်းကြော်
ပန်းကန်ကိုင်ကာ  ဦးသျှား က ကျတော် ရှေ့
ပြန်​ရောက်လာခဲ့သည်။

" စားလို့က ရပြီ ခရာ..... ဒါပေမဲ့ ပူနေသေးတဲ့
အတွက် ခဏလောက်တော့ စောင့်ရမယ်နော် "

" ဟင့်အင်း ဦးသျှား ကျတော် အရမ်းစားချင်နေပြီ "

" ဒါဆို ငါ မှုတ်ပြီး ခွံကျွေးမယ် ဒါမှ မင်း မပူမှာ "

" ဟုတ် ဦးသျှား "

ကျတော် ဦးသျှား ကြော်တဲ့ စိတ်ပူကို မြင်ရင်
ဟန်မဆောင်လောက်နိုင်အောင် ဗိုက်က
စားလာတော့ ကျတော် မငြင်းတော့ပါ။

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Tempat cerita menjadi hidup. Temukan sekarang