Part 38 ( Zg + Uni)

1K 49 2
                                    

( Part  - 38 )   ♥♥♥♥♥♥♥♥♥

ရုတ်တရက် သူ့ မျက်လုံးက ဟိုဘက်ကို
အကြည့်ရောက်တော့ မြေပြင်မှာ ထိုင်နေတဲ့
ကောင်လေး တစ်ယောက်ကို တွေ့လိုက်ရသည်။

စောစောစီးစီး ဒီနေရာကို သူ့ထက် ဘယ်သူ့မှ
မရောက်ဘူးထင်နေတာ။  ထိုကောင်လေးက
သူ့  ထက် စောပြီး ရောက်နေတာပဲ ။

တစ်ခါမှတော့ မမြင်ဖူးဘူး။ ဘယ်က ကောင်လေး
လဲ မသိ။ ကြည့်နေရင်းတန်းလန်းမှ ထိုကောင်လေး
က မတ်တပ်ထရပ်ကာ သူ့ ဘက် လှည့်လာခဲ့သည်။

မြင်လိုက်ရသော မျက်ဝန်းတစ်စုံကြောင့် နှလုံးသားက
ဒိန်းကနဲပင်။

ဟင် ခရာ နဲ့ တူလိုက်တာ ဒီကောင်လေးရဲ့ မျက်ဝန်း
လေးတွေက။ ဒါမှမဟုတ် ဒီကောင်လေးက
ခရာလား။

အတွေးများနေတုန်း ထိုကောင်လေးက သူ့ မမြင်
ဘဲ သွားဖို့ပြင်လိုက်ရာ သူရဲ့ ခြေလှမ်းတွေက
ထိုကောင်လေး အနားကို အလိုလိုရောက်သွားမိသည်။ နှုတ်ခမ်းတစ်စုံကလည်း တဆက်ဆက်တုန်ယင်ပြီး
အသံတစ်ခုကို မရဲတရဲ ခေါ်လိုက်သည်။

" ခရာ....!!!!!!  ခရာ လားဟင် "

ပုဂံကနေ ပြန်တော့ဖို့ ကျတော် ခြေလှမ်းပြင်နေတုန်း
ကျတော် ရှေ့ရောက်လာသော ဦးသျှား ကြောင့်
တစ်ကိုယ်လုံး တုန်ယင်​သွားရသည်။

ဒါတင်မကသေး ကျတော့် ကို ခရာ လား
မေးနေတော့ ကျတော့် ရင်ဘတ်ကြီးက
ပိုတုန်ခါသွားမိသည်။

ထိုအချိန် ခဏလေးအတွင်းမှာပဲ ရူးမိုက်စွာနဲ့
ဦးသျှား ကို ကျတော် ဖက်ပစ်လိုက်ချင်သည်။

ဒါပေမဲ့ ဒီလို လုပ်လို့မရ၊  ဦးသျှား မှာ သက်ဆိုင်သူ
ရှိနေပြီလေ။ ရင်ထဲမှာလည်း ကျတော့် ကို
ဦးသျှား မှတ်မိသွားပြီလားဆိုတဲ့ အတွေးတွေက
ဗရပြ။


" ခရာ..... မင်းက ခရာ မလားဟင် "

အပြောနဲ့အတူ ဦးသျှား လက်က ကျတော့် mask
ကို ဆွဲချွတ်ဖို့ ကြံနေတော့ ထိုလက်ကို
ကျတော် ပုတ်ထုတ်လိုက်မိသည်။

" ခရာ မဟုတ်ဘူး ငါ့ နာမည် စွမ်းထက် "

ကျတော်လို့ သုံးရင် ဦးသျှား သိသွားမှာစိုးတာနဲ့
ငါလို ကျတော် သုံးလိုက်ရသည်။
အသံကိုလည်း ခပ်မြင့်မြင့်နဲ့ ကျတော် ပြောလိုက်
သည်။ကျတော် အသံတုလုပ်ထားတာကို ဦးသျှား
မမှတ်မိပါစေနဲ့လို့ စိတ်ထဲက ဆု​တောင်းပြုရင်းနဲ့။

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Where stories live. Discover now