Part - 29 ( Zg + Uni)

897 44 2
                                    

( Part  - 29 )   ♥♥♥♥♥♥♥♥♥

" ခ..ခရာ...!!!!  "

သူ့ ပါးစပ်ကလည်း တုန်တုန်ယင်ယင် နဲ့
ခေါ်လိုက်တဲ့ နာမည်လေးကလည်း အဖျား
ခတ်လို့ပေ။

" ဦးသျှား. ..ဦးသျှား ကျတော့် ကို သတိရပြီပေါ့
ကျတော် အရမ်းလွမ်းနေတာ...
ကျတော် ဦးသျှား ကို အရမ်းသတိရပြီး လွမ်းနေခဲ့တာ
နောက်ပြီး ကြောက်လည်း ကြောက်နေတာ
ဦးသျှား ကျတော့် ကို ပြန်မမှတ်မိတော့မှာ စိုးပြီး..
အခုတော့ ကျတော် အရမ်းပျော်တာပဲ
ဦးသျှား ကျတော့် ကို ပြန်..ပြန်မှတ်မိသွားပြီ
ဦးသျှား ကျတော့် ကို ပြန်မှတ်မိသွားပြီ.. .
အီးဟီး. ..အင့်ဟင့်. ..အင့်ဟင့်. .
ကျတော် အရမ်းပျော်တာပဲ... ကျတော်
အရမ်းပျော်တာပဲ "

သျှား ကိုယ်လေးကို ခရာ ဖက်ထားပြီး ငိုကြွေးကာ
အရူးတစ်ယောက်လို ဆိုနေခဲ့သည်။

" ဟေ့.... ဟေ့... ဟေ့ အက္ခရာပျို
ပုဂံ ရောက်ပြီ ထတော့...!!! 
ပြောတာ ကြားလား..!!  ပုဂံရောက်ပြီ
ထတော့လို့...!!! "

လက်မောင်းကို ခပ်ဆတ်ဆတ်လေး ရိုက်ခံလိုက်
ရတဲ့ အသိကြောင့် ကျတော် မျက်လုံးပွင့်သွားသည်။
ထိုအခါ ကားပေါ်မှာ  ကျ​တော့်​ကို
စိတ်​တိုစွာ ကြည့်​​နေ​သော ဦးသျှား ​ကြောင့်
ကျတော် အိပ်မက် မက်နေတယ်ဆိုတာ
သိလိုက်သည်။

ကျစ်ခ်.. ကျတော် ဦးသျှား မှတ်မိအောင် ဘယ်လို
လုပ်ရမလဲဆိုပြီး တွေးပြီး ကား​ပေါ်မှာ
အိပ်ပျော်သွားတာပဲ။

ခုဏက အဖြစ်က အိမ်မက် မဟုတ်ဘဲ တကယ်သာ
ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။

" အက္ခရာပျို မင်း ဘာတွေ ပြူးတိပြူးကြောင်နဲ့
စဉ်းစားနေတာလဲ..?? 
ကားနောက်​ခန်းက အထုပ်တွေ ယူပြီး
ငါ့ နောက် ချက်​ချင်း  လိုက်ခဲ့  "

" ဟုတ် ဦးသျှား "

ဦးသျှား ကားပေါ်က ဆင်းသွားတော့
ကား နောက်ဖုံးကို ဘယ်လိုဖွင့်ရမလဲ ဆိုတာ
မသိတာကြောင့် ကျတော် ပါ ကား​ပေါ်က
ဆင်းပြီး အမြန်​လှမ်းခေါ်လိုက်သည်။

" ဦးသျှား...!!! ဦးသျှား. ..!! "

သျှား ဟိုတယ်ထဲ သွားဖို့ လှမ်းနေတုန်း
အက္ခရာပျို အော်ခေါ်လိုက်တော့ မျက်နှာသေကြီးနဲ့
သူ လှည့်ကြည့်လိုက်သည်။

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Where stories live. Discover now