Part 48 ( Zg + Uni)

532 24 0
                                    

( Part  - 48 )   ♥♥♥♥♥♥♥♥♥

ဦးသျှား ကို ကျတော် မီးစင်ကြည့်ကပြီး ဖုန်းထဲကလူ
ချိန်းတဲ့အတိုင်း ကော်ဖီဆိုင်ကို တစ်ယောက်တည်း
ရောက်လာခဲ့မိသည်။

" အက္ခရာပျို "

ဆိုင်ထဲလည်း ဝင်ရော ကျတော့် ကို လက်လှမ်း
ခေါ်နေတဲ့ မရှင်းလဲ့ ကြောင့် ကျတော် အံ့ဩ
သွားရသည်။

" မရှင်းလဲ့.....!!  "

" ကျတော့် ကို ချိန်းတာ မရှင်းလဲ့ လား...??  "

အံ့ဩမှုနဲ့အတူ ကျတော် ထပ်မေးချိန်မှာ သူ့က
ဟုတ်ကြောင်းကို ခေါင်းငြိမ့်ပြလာသည်။

" ဟုတ်တယ် အက္ခရာပျို...နင့်ကို ချိန်းတာ
ငါပဲ ...လာထိုင်လေ ငါတို့ စကားပြောရအောင် "

ထိုင်ဖို့ မေးငေါ့ပြတော့ ကျတော် သူရှိရာကို
လျှောက်လာပြီး ထိုင်ခုံဆွဲကာ  ဝင်ထိုင်လိုက်သည်။

" ပြော.. မရှင်းလဲ့ ကျတော့် ကို ဘာလို့ ချိန်းတာလဲ..??
နောက်ပြီး ဦးသျှား က ကျတော့် အမေနဲ့ ပတ်
သက်နေတယ်ဆိုတာက​ရော ဘာကိုပြောတာလဲ..??  "

" ပြောမှာပေါ့ အက္ခရာပျို ရယ်... ဖြေးဖြေးပေါ့
ဘာတွေ လောနေတာလဲ... .?? "

မပြောသေးဘဲ ကော်ဖီကို နှုတ်ခမ်းတေ့ကာ
သောက်နေတဲ့ မရှင်းလဲ့ ကို ကျတော်
စိတ်မရှည်တော့ပါ။

" နင်လည်း သောက်မလား အက္ခရာပျို...??
ငါ မှာပေးမယ် "

ကျတော့် စိတ်မရှည်တာကို သိနေတဲ့ သူ့က
ကော်ဖီခွက်ကို ချက်ချင်း စားပွဲပေါ် ချကာ
သောက်မလားဆိုလာ၍ ကျတော် ခေါင်းယမ်း
လိုက်သည်။

" ကော်ဖီ က အရေးမကြီးဘူး မရှင်းလဲ့...
ကျတော့် အမေနဲ့ ဦးသျှား နဲ့ ဘယ်လိုပတ်သက်
တာလဲဆိုတာပြော "

" ကောင်းပြီလေ အက္ခရာပျို ငါ ပြောမယ် ...
ဒါ​ပေမဲ့  ငါ တစ်ခု မပြောခင် နင့်ကို
မေးစရာရှိတယ်.... နင် အမေကို တိုက်သွားတဲ့
လူကို တွေ့ရင် နင် ဘာလုပ်မှာလဲ...??  "

" သတ်ပစ်မှာ.... ကျတော့် လက်နဲ့ အသေသတ်
ပစ်မှာ "

ပြတ်သားတဲ့ အသံက အားရစရာအဖြေဖြစ်
နေသဖြင့် စိန်ရှင်းလဲ့ ပြုံးလိုက်သည်။

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Where stories live. Discover now