Part 36 ( Zg + Uni)

901 49 1
                                    

( Part  - 36 )   ♥♥♥♥♥♥♥♥♥

ပုဂံက ရုပ်သေးရုပ်လေးတွေ ချိတ်ဆွဲထားတဲ့
နေရာအောက်မှာ သျှား ထိုင်ပြီး ခရာ ကို
လွမ်းနေတုန်း သူ့ မျက်ဝန်းက ဟိုဘက်
ကို အကြည့်အရောက် အရှေ့ဘက်ကို
သွားနေသော ခရာ ကို တွေ့လိုက်၍
မျက်လုံး ပြူးသွားသည်။

" ခရာ...!!!!  ခရာ...!!!  "

ပါးစပ်ကလည်း အော်ခေါ် လူကလည်း ချက်ချင်းဆိုသလို
ပြေးသွားလေသည်။

" ခရာ. ...ခရာ  "

သူ အော်ခေါ်နေပေမဲ့ ခရာ က မကြား၊ 
ဟိုဘက်ကို သွားနေတော့ သူ့မှာ အမြန်
လိုက်ရသည်။

လိုက်ရင်း လိုက်ရင်း ဘယ်ကဘယ်လို ရောက်ချ
လာမှန်းမသိတဲ့ လူအုပ်ကြီးကြောင့် ခရာ
က သူ့နဲ့ အတော်ဝေးသွားပြီလေ။

အဲ့ဒီအခါ  လူအုပ်ကြီးကို အတင်းတိုးဝှေ့ရင်း
ခရာ ဆီကို သူ မနည်းသွားနေရသည်။

များပြားလှတဲ့ လူအုပ်တွေ။  သူတို့ကို လက်က
လည်း တွန်းဖယ်ပြီး သူ့ မျက်လုံးကလည်း
ခရာ ပျေက်သွားမှာကြောင့် ​သေချာ ကြည့်နေရသည်။

ပါးစပ်ကလည်း ခရာ လို့ သူ အော်ခေါ်နေမိသည်။

" ခရာ....!!!  ခရာ....!!!  "

ခရာ နဲ့ နီးသထက် နီးလာတော့ သျှား မျက်လုံးတွေ
က အရောင်တောက်လာခဲ့သည်။

" ခရာ "

အနားရောက်တော့ ခရာ လက်ကို သူ ဆွဲလိုက်ရာ
ခရာ က သူ့ကို ပြန်လှည့်ကြည့်လာခဲ့သည်။

ထိုအခါ ခရာ နဲ့ ပုံစံအနေအထားတူပြီး ခရာ
မဟုတ်မှန်း သိလိုက်ရော သျှား စိတ်ပျက်လို့
သွား၏ ။

" ခရာ မဟုတ်ဘူးဘဲ.... ကျစ်ခ်
ဆောရီးပါ ညီမ  အစ်ကို လူမှားသွားလို့ "

ချက်ချင်းဆိုသလို ကိုင်ထားတဲ့ လက်ကို
သျှား ပြန်​လွှတ်လိုက်သည်။

" ရပါတယ် အစ်ကို... ဘာမှမဖြစ်ပါဘူး
ဒါနဲ့ အစ်ကိုက single လားဟင် "

" အိမ်ထောင်သည်ပါ ညီမ... ဇနီးသည်က
ကလေးတောင်  အမွှာပူးမွေးထားတာ "

" ဪ ဟုတ်လား "

နှမြောတယ်ဆိုတဲ့ အကြည့်နဲ့ ကြည့်နေတော့
သျှား တည်တည်သာ ပြန်ကြည့်လိုက်ပြီး
ထိုအနားကနေ အမြန်ထွက်လာခဲ့လိုက်သည်။

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Where stories live. Discover now