Part - 24 ( Zg + Uni)

890 59 0
                                    

( Part  - 24 )   ♥♥♥♥♥♥♥♥♥

" ကျတော် ပြောတာကြားလား ဦးသျှားဆက်ရှိန်...!!!
ထကြည့်ပေးလို့.. ..!!! ထကြည့်ပေး ဦးသျှား....!!!
ကျတော် ပြောတာကြားလား ထကြည့်ပေးလို့...!!!
ခင်ဗျားပဲ ပြောတော့ ကျတော့် ကို ချစ်တယ်ဆို ....
ချစ်တယ်ဆို ထကြည့်ပေးရမှာလေ.... .!!!
ကျတော် ပြောတာကြားလား ဦးသျှားဆက်ရှိန်
အခု ထကြည့်ပေးလို့.. ..!!! "

သျှားဆက်ရှိန် ရင်ဘတ်ကို အရူးတစ်ယောက်လို
ခရာ ပုတ်ရင်း ထကြည့်ပေးဖို့  တောင်းဆိုနေလေသည်။

သူမမျက်ဝန်းမှာလည်း မျက်ရည်စတွေက အပြည့်
ပေ။

" ဒယ်ဒီ  "

သျှား မှောင်ပျပျမီးရောင်အောက်မှာ ရှိနေတုန်း
သူ့ ရှေ့ ပေါ်လာသော ဒယ်ဒီ ကြောင့်
ဒယ်ဒီ ဆီကို ပြေးသွားလိုက်သည်။

"  ဒယ်ဒီ.... ဒယ်ဒီ ဘယ်​​တွေသွား​နေတာလဲ...?
ဒယ်​ဒီ ကို ကျ​တော်​ အရမ်းလွမ်းနေတာ
ဒယ်ဒီ သိရဲ့လား "

ဖက်ရင်း ပြောလိုက်တော့ သျှား ဖက်တာကို
ဦးသျှားရဲရင့်   ပြုံးပြီး ပြန်လည်ဖက်ထား
လိုက်သည်။

ခဏလောက်နေတော့ ပြန်လည်ခွာပစ်လိုက်ကာ
သျှား ကို ဦးသျှားရဲရင့်​ ပြုံးပြလိုက်​၏ ။

" ဒယ်ဒီ ကလည်း သား ကို
အရမ်း လွမ်းနေတာ.... "

" ဒါဆို ဒယ်ဒီ  နဲ့ ကျ​တော်​ တူတူနေမယ်လေ "

" နေလို့မရဘူး သား... ဒယ်ဒီ နဲ့ သား
နဲ့က ဘဝခြားသွားပြီလေ "

" ဟာ..မရဘူး ဒယ်ဒီ
ဒယ်ဒီနဲ့ ကျတော် တူတူနေမယ်
ဒယ်ဒီ ပဲ ပြောတော့ ကျတော့် ကို လွမ်းတယ်ဆို
လွမ်းရင် တူတူနေရမှာပေါ့.... "

" ဒယ်ဒီ က သားနဲ့ အတူတူနေလို့ မရတော့ဘူး
နောက်ပြီး သား ကို အပြင်ဘက်မှာ
စောင့်နေတဲ့ လူတွေ ရှိနေတယ်လေ...
သား သာ ဒယ်ဒီ နဲ့ လိုက်နေရင် သူတို့က
အရမ်းဝမ်းနည်းမှာပေါ့ "

" ခင်ဗျား ပဲ ပြောတော့ ကျတော့် ကို အရမ်းချစ်
တယ်ဆို.. .ချစ်ရင် ကျတော့် ကို ထကြည့်ရမှာ
လေ ဦးသျှားဆက်ရှိန်...ကျတော် ပြောတာ
ကြားရဲ့လား.. ..!!! ဦးသျှား. ...
ကြားရဲ့လားလို့... .!!! "

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Where stories live. Discover now