Part- 1(Zg +Uni )

7.1K 167 7
                                    

💥💥 ဦးရဲ့မိန်းမက ကျားကျားယားယား ကျွန်တော် 💥💥 (Part - 1 ) ♥♥♥♥♥♥♥♥♥♥♥♥♥

" အက္ခရာပျို ရေ......... မိပျို ရေ
မိပျို....... "

ပုံဝိုင်းမှာ နေတိုး ပုံကို ငါးရာလှမ်းတင်နေတုန်း
ကြားလိုက်ရတဲ့ အမေ အသံကြောင့် နှာခေါင်းရှူံ့
ချင်မိသွားသည်။

ခေါ်ပြန်ပြီ ဒီနာမည်ကြီး.....။  မိပျိုလို့ ခေါ်တာကို
မကြိုက်ပါဘူးဆိုမှ တကတည်း ခေါ်နေလေသည်။

လက်က ငါးရာတန်​ရွက်​က​လေးကလည်း
အ​မေ ​ရောက်​လာတာ​ကြောင့်​ ကျ​တော်
မတင်​ဖြစ်​​တော့ပါ။

" ညည်း ပုံတွေ ထိုးနေတယ်ပေါ့ မိပျို "

အနားရောက်လာပြီး အမေ က မေးလိုက်တော့
ကျတော် ခေါင်းငြိမ့်မိသွားသည်။

" အင်း..... နည်းနည်း ပါ အမေရာ "

" ​အေး နည်းနည်းလုပ်နေ ကြာရင် ညည်း
မွဲလိမ့်မယ်နော်  မိပျို "

" ဟာဗျာ အမေက ခေါ်ပြန်ပြီ ဒီနာမည်ကြီး
ကျတော် မကြိုက်ပါဘူးဆိုနေမှ "

" ဒါဆိုရင် ညည်း  ပုံ မထိုးနဲ့လေ
ညည်းကို ငါ မိပျိုလို့ မခေါ်ဘူး
အခု ဘယ်အချိန် ရှိနေပြီလဲ ငါတို့ ပူပူသွားလှည့်
ရမယ်နော် "

" လာဗျာ သွားမယ် အမေရာ
တကတည်း စိတ်​​နောက်​ကျိတယ်​ "

လက်ကို ဆွဲပြီး  အက္ခရာပျို က ခေါ်သွားတော့
ဒေါ်မေသင်း  သူမ သမီးနောက်ကို လိုက်ပါသွားရသည်။

တကယ်ပါ မွေးထားတာက သမီးမိန်းကလေး။
ဒါပေမဲ့ မိန်းကလေး နဲ့ တစ်စက်မှ မတူတဲ့ အပြင်
ယောင်္ကျားပုံစံပါ ပေါက်နေလေသည်။

ဝတ်လိုက်ရင်လည်း ဘောင်းဘီ​တွေ နဲ့ လက်ရှည်တွေ
ပင်.....။  အသံက အစ သူမ သမီးက နူးနူးညံ့ညံ့
မဟုတ်ဘဲ ယောင်္ကျားအသံ ဩဩကြီး။

ဆံပင်ကလည်း နားဖုံးရုံမျှပင်....။

နေတာထိုင်တာက အစ မိန်းမ မဆန်တဲ့အပြင်
သူမ သမီးအရပ်ကလည်း ငါးပေခွန်ကြီး။
ဒီတော့ကား ကျောက်ချောရွာတစ်ရွာလုံးက
သူမ မွေးထားတာကို သမီးလို့ မထင်ဘဲ
သားထင်နေကြသည်။

ဦးရဲ့မိန်းမက ကျားကျားယားယားကျွန်တော်( သျှားဆက်ရှိန်+ အက္ခရာပျို )Where stories live. Discover now