ပိုင်ချီရွေ့ဖန်ခွက်ကိုတင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။သူမအစကသည်းခံနိုင်အောင်ကြိုးစားပေမယ့်လဲနောက်ဆုံးသည်းမခံနိုင်တော့လို့အဲ့ဒီလူကိုယ်ပေါ်ကိုအရက်တွေလောင်းချလိုက်တယ်။
အဲ့ဒီလူရဲ့ဘေးကမိန်းမကိုလဲစင်သွားတော့အဲ့ဒီမိန်းမကထအော်ပါလေရော။
တခြားလူတွေလဲပိုင်ချီရွေ့ဒီလိုမျိုးလုပ်လိမ့်မယ်လို့မထင်ထားတော့ကြောင်ပြီးကြည့်နေကြတယ်။
အကုန်လုံးကြောင်နေကြတဲ့အချိန်မှာပိုင်ချီရွေ့ကိုခေါင်းဆောင်ဟွာပါးရိုက်လိုက်တယ်။ပိုင်ချီရွေ့သူမပါးကိုကိုင်ပြီးခေါင်းငုံ့ထားလိုက်တယ်။သူမဆံပင်တွေလဲရှုပ်ပွနေပြီ။
'မိန်းမပျက်မ နင့်ကိုယ်နင်ဘာထင်နေလို့လဲ?ငါ့တို့ကနင့်ကိုအလေးထားဆက်ဆံတာကိုနင်ကမလိုချင်ဘဲငါ့အရှေ့မှာဒီလိုလုပ်ရဲတယ်ပေါ့လေ။ငါ့ကိုကျေးဇူးမတင်တဲ့အပြင်နင့်ကိုယ်နင်ဘာထင်နေလဲ?ခဏနေငါ့ရှေ့မှာဒူးထောက်ခိုင်းရင်နင်လုပ်မလုပ်ကြည့်လိုက်ဦးမယ်' ခေါင်းဆောင်ဟွာအေးစက်စွာရယ်လိုက်ပြီးသူမကိုနောက်တစ်ခါထပ်ရိုက်လိုက်တယ်။
အဲ့ဒါကိုတွေ့တော့ချန်မိန်းကလေးပိုင်ချီရွေ့အရှေ့မှာရပ်လိုက်ပြီး: 'ခေါင်းဆောင်ဟွာ စကားပြောကြရအောင်။ကျွန်မတို့ရဲ့ချီရွေ့ကဒီလိုလုပ်ဖို့မရည်ရွယ်ပါဘူး။ရှင်ဒီလိုမျိုးမလုပ်ပါနဲ့နော်?'
'အိုး သူမရည်ရွယ်ဘဲလုပ်ခဲ့တာပေါ့လေ?သူဝိုင်တွေကိုခေါင်းဆောင်ကျောက်ရဲ့မျက်နှာပေါ်ကိုလောင်းချလိုက်တာကဘာအဓိပ္ပါယ်လဲ?' တခြားမိန်းမတစ်ယောက်ကမေးလိုက်တယ်။
'မဟုတ်ပါဘူး မဟုတ်ပါဘူး မဟုတ်ရပါဘူး....' ချန်မိန်းကလေးပြုံးပြီးဒါရိုက်တာတွေကိုတောင်းပန်လိုက်တယ်။
ပိုင်ချီရွေ့ငြိမ်နေတာကိုတွေ့တော့ချန်မိန်းကလေးစိတ်ပူလာပြီးသူမလက်ကိုဆွဲကာသူမနားနားကိုကပ်ပြီးပြောလိုက်တယ်: 'ချီရွေ့ မြန်မြန်ပြန်တောင်းပန်လိုက်'
ပိုင်ချီရွေ့လဲသူမမှားသွားပြီဆိုတာကိုသိတယ်။သူမမျက်နှာလဲနာနေပြီ။သူမကအခုအချိန်မှာဘာမှမဟုတ်ဘူးလို့ခံစားနေရတယ်။
ဒါပေမယ့်ချန်မိန်းကလေးပြောတာမှန်တယ်ဆိုတာကိုသူမသိတယ်။သူမသာမတောင်းပန်ရင်ဒီညကသူမဘဝရဲ့နောက်ဆုံးဖြစ်သွားမှာ။အရင်တုန်းကသူမတစ်ယောက်ယောက်ကိုအမှားလုပ်မိရင်စုန့်ထင်ယွီလာပြီးဖြေရှင်းပေးခဲ့တာ။အခုတော့သူမဘာသာဘဲအားကိုးရတော့မယ်။
နောက်ဆုံးတော့ သူမရဲ့ယောင်နေတဲ့မျက်နှာ၊နီနေတဲ့မျက်လုံးတွေနဲ့မော့ကြည့်လာခဲ့တယ်။ဒါပေမယ့်သူမကလှနေတုန်းဘဲ။သူမဖန်ခွက်ထဲကိုဝိုင်အပြည့်ဖြည့်လိုက်ပြီး: 'တောင်းပန်ပါတယ်ခေါင်းဆောင်ကျောက်။စောစောတုန်းကကျွန်မမရည်ရွယ်ဘဲလုပ်လိုက်မိတာကိုတောင်းပန်ပါတယ်'
ခေါင်းဆောင်ကျောက်အေးစက်စွာရယ်လိုက်ပြီး: 'ဝိုင်တစ်ခွက်ကမင်းလုပ်လိုက်တဲ့အမှားကိုဖျက်ပေးနိုင်တယ်လို့ထင်နေတာလား?အဲ့ဒါဆိုရင်နောက်မင်းလိုဘဲလူတိုင်းလိုက်လုပ်ကြတော့မှာပေါ့'
'ဒါဆိုခေါင်းဆောင်ကျောက်ကဘာလိုချင်လို့လဲ?'
'လွယ်ပါတယ်' ခေါင်းဆောင်ကျောက်သူ့ဘေးကမိန်းမကိုကြည့်လိုက်တယ်။အဲ့ဒီမိန်းမကသူဘာပြောချင်လဲဆိုတာကိုသိတော့ ဝိုင်ပုလင်းတွေအများကြီးကိုသွားယူလာခဲ့တယ်။ချန်မိန်းကလေးတိတ်တိတ်လေးရေကြည့်တာ၆ပုလင်းလောက်ရှိတယ်။
'ဒါတွေအားလုံးကိုသောက်လိုက်ရင်ခွင့်လွှတ်ပေးမယ်။ဘယ်လိုလဲ?' ခေါင်းဆောင်ကျောက်စားပွဲကိုထုပြီးမေးလိုက်တယ်။
'ခေါင်းဆောင်ကျောက် ဒါကတော့များလွန်းတယ်...' ချန်မိန်းကလေးမျက်နှာဖြူဖျော့နေပြီး: 'ကျွန်မတို့ရဲ့ချီရွေ့က...'
သူမစကားမဆုံးခင်မှာဘဲပိုင်ချီရွေ့စသောက်နေပြီ။
ခေါင်းဆောင်ကျောက်လက်ခုပ်တီးပြီးရယ်နေကာ: 'သူက***ဆိုတာကိုငါပြောသားဘဲ။သူသောက်နိုင်သားဘဲ။အခုတော့သူ့မျက်နှာဖုံးကိုခွါချပြီးအမှန်တွေကိုထုတ်ပြပြီပေါ့'
ချန်မိန်းကလေးလဲစိတ်ပူပေမယ့်မတားရဲတော့: 'ချီရွေ့'
ပိုင်ချီရွေ့သောက်တာတစ်ပုလင်းကုန်သွားတယ်။သူမနောက်တစ်ပုလင်းသောက်ဖို့လုပ်လိုက်တဲ့အချိန်မှာသူမလက်ထဲကပုလင်းကိုတစ်ယောက်ကဆွဲယူသွားတယ်။
ခေါင်းဆောင်ဟွာသူမလက်ကိုကိုင်လိုက်တော့သူမသူ့ကိုလှည့်ကြည့်လိုက်တယ်။သူမမျက်နှာကိုသူပုတ်လိုက်ပြီး: 'ထပ်မသောက်နဲ့တော့။ငါမင်းအတွက်ရင်နာရတယ်။ဒီကိစ္စကိုဒီအတိုင်းဘဲထားလိုက်ပါတော့။ဘယ်သူမှထပ်မပြောကြနဲ့တော့။ထိုင်ပြီးစားကြရအောင်...'
သူပြောတာကိုကြားတော့အားလုံးပြန်ထိုင်လိုက်ကြတယ်။
ပိုင်ချီရွေ့လဲထိုင်လိုက်ပေမယ့်သူမခေါင်းတွေလေးနေပြီ။သူမခုံမှာမှီပြီးထိုင်နေပေမယ့်အမြင်တွေလဲဝေဝါးနေပြီ။
စုရန်တစ်နေ့လုံးအဖျားတက်နေတော့စုန့်ထင်ယွီသူမဘေးမှာနေပေးနေတယ်။ညရောက်တော့သူမအဖျားကျသွားပေမယ့်အိပ်ပျော်နေတုန်းဘဲ။
အားလုံးအိပ်ပျော်နေကြပြီ။စုန့်ထင်ယွီသူမနဖူးပေါ်ကပုဝါကိုယူပြီးစားပွဲပေါ်ကိုတင်ထားလိုက်တယ်။
သူမနဖူးကိုစမ်းကြည့်လိုက်တော့မှသူစိတ်အေးသွားတယ်။သူမပုံမှန်အပူချိန်ပြန်ဖြစ်နေပြီ။
သူမချွေးတွေထွက်နေတာကိုကြည့်ပြီးသူမကိုသူအင်္ကျီလဲပေးမလို့အင်္ကျီသွားယူလိုက်တယ်။အဲ့ဒီအချိန်မှာသူ့ဖုန်းမြည်လာလို့ကြည့်လိုက်တော့ပိုင်ချီရွေ့ဖြစ်နေတယ်။
သူလျစ်လျူရှုပြီးစုရန်ကိုအင်္ကျီလဲပေးနေလိုက်တယ်။
ဖုန်းကဆက်ပြီးမြည်နေတာနဲ့သူမျက်မှောင်ကြုတ်ပြီးဖုန်းကိုင်လိုက်တယ်။
'ထင်ယွီ....' ပိုင်ချီရွေ့သူ့နာမည်ကိုမပီမသခေါ်နေကာ: 'ထင်ယွီ ဒီကိုလာပြီးကျွန်မကိုကူညီပါဦး...'
စုန့်ထင်ယွီကြည့်ရတာသူမပြောတာကိုအာရုံမစိုက်နိုင်တဲ့ပုံဘဲ။
စုရန်နိုးလာတာကိုတွေ့တော့သူဖုန်းကိုချထားလိုက်ပြီးပိုင်ချီရွေ့ကိုဂရုမစိုက်တော့ဘူး။သူစုရန်ကိုသွားထူပေးလိုက်ပြီး: 'ဘယ်လိုနေသေးလဲ?'
စုရန်နေလို့မကောင်းတော့ခေါင်းခါပြလိုက်ပြီးသူမနဖူးကိုသူမစမ်းကြည့်လိုက်တယ်။
သူမအဖျားရှိမရှိစမ်းကြည့်တာကိုသိတော့စုန့်ထင်ယွီပြောလိုက်တယ်: 'မင်းအဖျားမရှိတော့ပါဘူး'
စုရန်သက်ပြင်းချလိုက်မိတယ်။
'မင်းဗိုက်ဆာနေပြီလား?'
စုရန်ခေါင်းညိတ်ပြလိုက်တယ်။
'ဒီမှာခဏစောင့်နေဦး။ကိုယ်အောက်ထပ်မှာမင်းစားဖို့တစ်ခုခုသွားယူလိုက်ဦးမယ်' နောက်ကျနေပေမယ့်လဲစုရန်ဗိုက်ဆာနေမှာစိုးလို့မဒမ်စုန့်အိမ်အကူတွေကိုတစ်ခုခုကြိုပြီးပြင်ခိုင်းထားတယ်။
သူအခန်းထဲကနေမသွားခင်ဖုန်းကိုပိတ်သွားလိုက်တယ်။
ပိုင်ချီရွေ့စိတ်ပျက်သွားတယ်။
သူမကိုင်ထားတဲ့ဖုန်းကိုတစ်ယောက်ယောက်ကဆွဲယူသွားတယ်။
'မင်းဘယ်သူ့ကိုဖုန်းဆက်နေတာလဲ?စုန့်ထင်ယွီကိုလား?ဟားဟားဟား...မင်းကိုဘယ်သူကဂရုစိုက်တော့လို့လဲ?မင်းကလိမ်လိမ်မာမာလေးနေရင်ရပြီ။ခဏနေကြရင်မရုန်းနဲ့နော်။မဟုတ်ရင်မင်းပိုပြီးနာကျင်သွားရမယ်'