ပိုင်ချီရွေ့ပုံစံကရှက်တဲ့ပုံလဲမပေါ်ဘူး။သူမရဲ့ရေလဲဝတ်စုံကိုလဲပြန်ဝတ်မယ့်စိတ်ကူးမရှိဘူး။အခုစုန့်ထင်ယွီကဆေးမိနေပြီးသူ့ကိုယ်သူထိန်းချုပ်နေရတာဆိုတော့ သူ
မထိန်းချုပ်နိုင်တော့အောင်သူမလုပ်မယ်လို့စဉ်းစားနေတယ်။
ယောက်ျားလေးတွေထိန်းချုပ်မှုလွတ်သွားအောင်ဘယ်လ်ိုလုပ်ရမလဲဆိုတာကိုသူမသိတယ်။
သူမသူ့အနားကိုတိုးသွားလိုက်ပြီးသူ့ကိုဆွဲလိုက်ကာ: 'ထင်ယွီမသွားပါနဲ့။ဒီညဒီမှာဘဲနေလိုက်တော့နော်'
အခုအချိန်မှာပိုင်ချီရွေ့ရဲ့ပုံစံကအရမ်းကိုဆွဲဆောင်မှုရှိနေတယ်။သူမရဲ့ခန္ဓာကိုယ်အချိုးအစားကအရမ်းကိုမိုက်တယ်။ဒါပေမယ့်ဝမ်းနည်းစရာကောင်းတာကစုန့်ထင်ယွီမျက်လုံးထဲမှာတော့သူမကိုတပ်မက်တဲ့စိတ်တွေရှိမနေဘဲမုန်းတီးတဲ့စိတ်ဘဲရှိနေတာ။
ပိုင်ချီရွေ့ဘယ်လောက်ဘဲကြိုးစားကြိုးစားမအောင်မြင်ဘူးဖြစ်နေတယ်။
သူမလဲစိတ်ပူလာပြီးစောစောတုန်းကလိုယုံကြည်ချက်မရှိတော့ဘူး။
သူမရဲ့အထိအတွေ့တွေကိုရွံရှာသလိုပုံစံမျိုးနဲ့စုန့်ထင်ယွီသူမလက်တွေကိုဖယ်ထုတ်လိုက်တယ်။
'ဘယ်လိုဖြစ်တာလဲ?ပိုင်ချီရွေ့ ယောက်ျားတစ်ယောက်ကိုမင်းဘေးမှာနေရအောင်ဒီလိုလှည့်ကွက်တွေကိုသုံးနေတာပေါ့လေ?'
စုန့်ထင်ယွီအေးစက်စွာရယ်လိုက်ပြီးအခန်းထဲကနေလှည့်ထွက်သွားလိုက်တယ်။သူမကတော့အခန်းထဲမှာမတ်တပ်ရပ်လျက်ကျန်နေခဲ့တယ်။
သူမမျက်ရည်တွေစီးကျလာတယ်။သူမရဲ့အကြံအစီကဒီလိုအဆုံးသတ်သွားလိမ့်မယ်လို့မထင်ထားခဲ့ဘူး။
စုန့်ထင်ယွီအခန်းတံခါးကိုဖွင့်ပြီးအပြင်ကိုထွက်လာတဲ့အချိန်မှာဘေးချင်းကပ်အခန်းကနေချန်ကျင်လဲအမြန်ထွက်လာပြီးစုန့်ထင်ယွီကိုတွေ့သွားတော့ သူမသူ့ကိုမေးလိုက်တယ်: 'ထင်ယွီ မင်း....ဘယ်သွားမလို့လဲ?'
စုန့်ထင်ယွီမျက်လုံးတွေကအေးစက်နေပြီးသူမကိုလက်ညှိုးကာ: 'ဘေးအခန်းမှာပြဿနာတက်မှာစိုးလို့အိမ်ကိုတောင်မပြန်တာမဟုတ်လား?ဒီမှာဘဲအခန်းယူထားပြီးအိပ်မလို့လား?'
'ထင်ယွီ အမေပြောတာကိုနားထောင်ပါဦး။အမေကဒီအတိုင်း။ဒီအတိုင်းဘဲ....'
'ဘာလဲ?ဆက်ပြောဦးလေ' စုန့်ထင်ယွီသူမကိုကြည့်လိုက်ပြီး: 'ကျွန်တော့်ကိုသူလှည့်စားမှာကိုသိနေရက်နဲ့အမေတစ်ယောက်အနေနဲ့မထင်မှတ်ထားဘဲသူနဲ့ပေါင်းပြီးကျွန်တော့ကိုဝိုင်းလှည့်စားတယ်ပေါ့လေ။ချန်ကျင် ခင်ဗျားကဘယ်လိုလုပ်ပြီးကျွန်တော့အမေဖြစ်ထိုက်မှာလဲ?'
'ထင်ယွီ...' ပြဿနာကကြီးနေပြီဆိုတာကိုချန်ကျင်သိတယ်။သူ့ကိုတားမလို့လုပ်လိုက်ပေမယ့်သူမမှာသူ့လောက်အားမရှိတော့သူတွန်းတာကိုခံလိုက်ရတယ်။
သူ့အနောက်ကိုလိုက်သွားမလို့လုပ်လိုက်တဲ့အချိန်မှာစုန့်ထင်ယွီကမရှိတော့ဘူး။
သူမပိုင်ချီရွေ့ကိုသတိရသွားပြီးဘေးအခန်းက်ုသွားကြည်ါလိုက်တော့သနားစရာကောင်းတဲ့ပိုင်ချီရွေ့ပုံစံကိုတွေ့သွားတယ်။
သူမအဝတ်ဗလာနဲ့ကော်ဇော်ပေါ်မှာထိုင်ပြီးငိုနေတယ်။
'ချီရွေ့...' ချန်ကျင်ရေလဲဝတ်စုံကိုကောက်ပြီးပိုင်ချီရွေ့ကိုယ်ပေါ်ကိုခြုံပေးလိုက်ကာ: 'သမီးအဆင်ပြေရဲ့လား?'
သူမပိုင်ချီရွေ့ကိုမတ်တပ်ရပ်ဖို့ကူညီပေးလိုက်တဲ့အချန်မှာပိုင်ချီရွေ့သူမလက်တွေကိုဖယ်ထုတ်လိုက်တယ်။သူမချန်ကျင်ကိုအမုန်းတွေအပြည့်နဲ့မျက်လုံးနဲ့ကြည့်လိုက်တယ်။
ချန်ကျင်လဲသူမအမြင်မှားတယ်ထင်ပြီးနှလုံးခုန်တွေတောင်မြန်လာတယ်။သူမပိုင်ချီရွေ့ကိုတစ်ခါထပ်ကြည့်လိုက်တော့သူ့မျက်လုံးတွေကတည်ငြိမ်နေတယ်။
အမုန်းတရားတွေရှိရင်လဲစုရန်အပေါ်မှာဘဲရှိနေမှာဆိုပြီးချန်ကျင်ကိုယ့်ကိုကိုယ်ဖြေသိမ့်လိုက်တယ်။
ချန်ကျင်လက်တွေကိုပိုင်ချီရွေ့ဖယ်လိုက်ပြီးသူမဘာသာဆိုဖာပေါ်မှာသွားထိုင်လိုက်တယ်။သူမခန္ဓာကိုယ်ဘာဖြစ်နေတယ်ဆိုတာကိုဂရုမစိုက်ဘဲစားပွဲပေါ်ကအရက်ကိုခွက်ထဲအပြည့်ထည့်လိုက်ပြီးသောက်ချလိုက်တယ်။
ပြီးတော့သူမထပ်လောင်းထည့်ပြီးထပ်သောက်လိုက်တယ်။
သူမဘာလို့အရက်တွေကိုဆက်သောက်နေရတာလဲ?ချန်ကျင်သူမလက်ထဲကခွက်ကိုယူလိုက်ပြီး: 'ချီရွေ့ထပ်မသောက်နဲ့တော့။ထပ်သောက်နေရင်မူးသွားလိမ့်မယ်...'
'ကျွန်မကိုခွက်ပြန်ပေး....' ပိုင်ချီရွေ့ခွက်ကိုယူမလိုလက်လှမ်းလိုက်ပေမယ့်ချန်ကျင်တခြားစားပွဲမှာတင်လိုက်တယ်။
ပိုင်ချီရွေ့လဲခွက်ကိုမရတော့ပုလင်းလိုက်မော့ချလိုက်တယ်။
ချန်ကျင်ပုလင်းကိုလဲယူလိုက်ပြီး: 'သမီးဘာတွေလုပ်နေတာလဲ?အများကြီးမသောက်နဲ့လေ။သမီးဝမ်းနည်းနေတယ်ဆိုတာကိုသိပေမယ့်အရက်ကိုများကြီးသောက်ရင်သမီးကျန်းမာရေးအတွက်မကောင်းဘူးလေ....'
'ကျွန်မကျန်းမာရေးမကောင်းတာကကျွန်မပြဿနာပါ' ပိုင်ချီရွေ့မျက်နှာကိုလက်တွေနဲ့အုပ်ထားလိုက်တယ်။သူမရဲ့ဆံပင်တွေကလဲရှုပ်ပွနေပြီးသူမမျက်လုံးတွေကလဲနီနေကာ: 'ကျွန်မကိုဘယ်သူကဂရုစိုက်လို့လဲ?'
'သမီးကိုဘာလို့ဂရုစိုက်တဲ့လူမရှိရမှာလဲ?အန်တီရှိတယ်လေ....'
'အန်တီလား ဟားဟားဟား...' ပိုင်ချီရွေ့သူမကိုလက်ညှိုးထိုးပြီးရယ်နေလိုက်တယ်။သူမဘာမှထပ်မပြောတော့ဘူး။
သူမအရက်ထပ်သောက်လိုက်တော့ချန်ကျင်အရက်ပုလင်းကိုရိုက်ခွဲလိုက်တယ်။
အရက်မရှိတော့တာကိုတွေ့ပြီးသူမဆိုဖာပေါ်မှာတွန့်လိမ်သွားတယ်။သူမကြည့်ရတာနာကျင်နေတဲ့ပုံဘဲ။
ချန်ကျင်အဲ့ဒါကိုတွေ့တော့ရင်နာသွားတယ်။သူမကိုယ်ပေါ်ကိုချန်ကျင်
စောင်ခြုံပေးလိုက်ပြီးသူမကိုယ်ကိုပုတ်ပေးလိုက်ကာ: 'စိတ်မပူပါနဲ့။သမီးစုန့်ထင်ယွီကိုပြန်ရအောင်အန်တီကူညီပေးမယ်။သူ့ကိုပြန်မရရင်တောင်မှသူတို့ပျော်ပျော်ရွှင်ရွှင်မနေစေရဘူး'
ပိုင်ချီရွေ့ဘာမှပြန်မပြောတော့ဘူး။
စုန့်ထင်ယွီဓါတ်လှေကားထဲကိုရောက်တော့အရမ်းကိုနာကျင်နေပြီ။
ချန်ကျင်သူ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးသူ့ကိုလှည့်စားခဲ့တာကိုပြန်သတိရသွားတော့ သူဒေါသထွက်လွန်းလို့ဓါတ်လှေကားတံခါးကိုတောင်ဖျက်ဆီးပစ်ချင်နေတယ်။
လီကျင်ဟော်တယ်ကစည်ကားတဲ့နေရာမှာရှိနေတာဆိုတော့ညမိုးချုပ်နေတာတောင်မှသူတက္ကစီငှားလို့ရသေးတယ်။သူဒရိုင်ဘာကိုလိပ်စာပေးပြီးအနောက်ခုံမှာအိပ်ချလိုက်တယ်။
သူ့နှလုံးခုံသံတွေမြန်လာပြီးအသက်ရှူလို့မဝတော့ဘူး။ခန္ဓာကိုယ်ကလဲပူလာပြီ။
နောက်ဆုံးသူအိမ်ကိုပြန်ရောက်တော့သူတို့အခန်းထဲကိုသွားလိုက်တယ်။အခန်းထဲမှာညအိပ်မီးလေးဖွင့်ပေးထားတယ်။ဒါကစုရန်ရဲ့အကျင့်ဘဲ။သူအိမ်ပြန်မလာမချင်းသူမမီးကိုဖွင့်ပေးထားတယ်။
စုန့်ထင်ယွီအိပ်ပျော်နေတဲ့စုရန်ကိုကြည့်ပြီး
သူမအနားကိုမသွားဘဲရေချိုးခန်းထဲကိုဝင်သွားလိုက်တယ်။
သူနံရံကိုမှီထားလိုက်တယ်။ရေချိုးကန်ကြွေရဲ့အအေးဓါတ်ကြောင့်သူ့ခန္ဓာကိုယ်ကအပူတွေကနည်းနည်းလျော့သွားတယ်။
သူခေါင်းငုံ့ပြီးကုတ်အင်္ကျီကိုနမ်းလိုက်တော့ပိုင်ချီရွေ့ရဲ့အနံ့တွေကိုရသွားတယ်။သူအင်္ကျီတွေအကုန်ချွတ်လိုက်ပြီးရေချိုးလိုက်တယ်။
သူရေပန်းကိုဖွင့်လိုက်ပြီးရေအေးတွေနဲ့ထပ်ချိုးလိုက်တယ်။
စုန့်ထင်ယွီဘယ်လောက်ကြာအောင်ချိုးနေမိမှန်းမသိတော့ဘူး။သူ့ခန္ဓာကိုယ်ပူတာလျော့သွားတော့မှရပ်လိုက်ပြီးရေလဲဝတ်စုံကိုဝတ်လိုက်တယ်။
သူရေချိုးခန်းထဲကနေထွက်လာတော့အိပ်ယာပေါ်မှာသွားမအိပ်ဘဲဆိုဖာပေါ်မှာအိပ်လိုက်တယ်။သူခေါင်းအုံးနဲ့မျက်နှာကိုဖိထားလိုက်တယ်။သူမျက်လုံးတွေကိုမှိတ်ထားပေမယ့်နေရတာအဆင်မပြေဘူး။
သူ့ခန္ဓာကိုယ်ကအပူကိုရေအေးလဲမနိုင်တဲ့ပုံဘဲ။သူ့ခန္ဓာကိုယ်ထပ်ပြီးပူတက်လာပြီးအရမ်းကိုခံစားနေရတယ်။
အထူးသဖြင့်စုရန်ရဲ့ကိုယ်သင်းနံ့တွေပြည့်နေတဲ့ဒီအခန်းထဲမှာပေါ့။သူမရဲ့ရနံ့တွေကသူ့ကိုပိုပြီးခံစားရခက်စေတယ်။
စုရန်အိပ်ယာပေါ်မှာလှဲနေပေမယ့်စောစောကရေချိုးနေတဲ့အသံကြောင့်နိုးသွားပြီးပြီ။စုန့်ထင်ယွီရဲ့အသက်ရှူမြန်နေတဲ့အသံကိုလဲကြားရောသူမမျက်လုံးဖွင့်ကြည့်လိုက်တယ်။
အားလုံးစုန့်ထင်ယွီကိုဆဲနေကြမှာစိုးလို့ဒီအပိုင်းကိုဆက်တင်ပေးလိုက်တာပါ😁