နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်န...

By princeblack955

729K 51.5K 1K

Summary လေးနှစ်ကြာလက်ထပ်ပြီးတဲ့နောက် စုရန်နဲ့စုန့်ထင်ယွီတို့ကြားမှာအချစ်ဆိုတာမရှိခဲ့ပါဘူး။စုရန်ရဲ့ကိုယ်ဝန်ကြေ... More

Intro
Summary
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄-၁)
အပိုင်း(၄-၂)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉-၁)
အပိုင်း(၉-၂)
အပိုင်း(၁၀)
အပိုင်း(၁၁-၁)
အပိုင်း(၁၁-၂)
အပိုင်း(၁၂-၁)
အပိုင်း(၁၂-၂)
အပိုင်း(၁၃-၁)
အပိုင်း(၁၃-၂)
အပိုင်း(၁၄-၁)
အပိုင်း(၁၄-၂)
အပိုင်း(၁၅-၁)
အပိုင်း(၁၅-၂)
အပိုင်း(၁၆-၁)
အပိုင်း(၁၆-၂)
အပိုင်း(၁၇-၁)
အပိုင်း(၁၇-၂)
အပိုင်း(၁၈-၁)
အပိုင်း(၁၈-၂)
အပိုင်း(၁၉-၁)
အပိုင်း(၁၉-၂)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
Notice
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
Notice
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)
အပိုင်း(၁၅၀)
အပိုင်း(၁၅၁)
အပိုင်း(၁၅၂)
အပိုင်း(၁၅၄)
အပိုင်း(၁၅၅)
အပိုင်း(၁၅၆)
အပိုင်း(၁၅၇)
အပိုင်း(၁၅၈)
အပိုင်း(၁၅၉)
အပိုင်း(၁၆၀)
အပိုင်း(၁၆၁)
အပိုင်း(၁၆၂)
အပိုင်း(၁၆၃)
အပိုင်း(၁၆၄)
အပိုင်း(၁၆၅)
အပိုင်း(၁၆၆)
အပိုင်း(၁၆၇)
အပိုင်း(၁၆၈)
အပိုင်း(၁၆၉)
အပိုင်း(၁၇၀)
အပိုင်း(၁၇၁)
အပိုင်း(၁၇၂)
အပိုင်း(၁၇၃)
အပိုင်း(၁၇၄)
အပိုင်း(၁၇၅)
အပိုင်း(၁၇၇)
အပိုင်း(၁၇၈)
အပိုင်း(၁၇၆)
အပိုင်း(၁၇၉)
အပိုင်း(၁၈၀)
အပိုင်း(၁၈၁)
အပိုင်း(၁၈၂)
အပိုင်း(၁၈၃)
အပိုင်း(၁၈၄)
အပိုင်း(၁၈၅)

အပိုင်း(၁၅၃)

2K 169 11
By princeblack955

ဒါပေမယ့်စုန့်ထင်ယွီကသူမကိုမချစ်ဘဲအပြစ်တင်စိတ်ကြောင့်သာသူမဘေးမှာနေခဲ့လို့ရှိရင်အဲ့လိုယောကျာ်းမျိုးကမှပိုပြီးရက်စက်တာ။

ဒါပေမယ့်စုန့်ထင်ယွီအဲ့လိုမလုပ်ခဲ့ဘူး။သူမကိုသူမချစ်ဘဲသူဇနီးအပေါ်ကိုသစ္စာစောင့်သိချင်တဲ့အတွက်သူမနဲ့လမ်းခွဲခဲ့တယ်။

ဒါပေမယ့်သူနဲ့ငါးနှစ်တောင်အတူတူရှိခဲ့တာကိုဒီလိုရလဒ်မျိုးရလာတဲ့အတွက်ပိုင်ချီရွေ့လက်မခံနိုင်ဘူးဖြစ်နေတယ်။သူ့အနားမှာသူမတဝဲလည်လည်လုပ်နေပြီးအရင်ကအချိန်တွေကိုပြန်သွားချင်နေတယ်။

ဒါပေမယ့်လူတစ်‌ယောက်ကမင်ကိုမချစ်တော့ဘူးဆိုလို့ရှိရင်မချစ်တော့ဘူးဘဲ။သူမစုန့်ထင်ယွီကိုသူမအနားကိုပြန်ခေါ်ထားလို့မရနိုင်တော့ဘူး။

သူတို့နှစ်ယောက်ကြားမှာဘာတွေဖြစ်နေတာလဲဆိုတာကိုဒီလက်ထောက်ကောင်မလေးကသေသေချာချာမသိဘူး။ဒါပေမယ့်သူမှပိုင်ချီရွေ့ကိုမချစ်တာကိုပိုင်ချီရွေ့သူ့ကိုလက်လွှတ်သင့်ပြီလို့ထင်တယ်။သူမဘာဘဲလုပ်လုပ်ပြောင်းလဲလို့မှမရတာ။ဘာလို့ဇွဲရှိရှိနဲ့ကြိုးစားနေဦးမှာလဲ?

စုန့်ထင်ယွီစုရန်ကိုကြည့်တဲ့အကြည့်ကအချစ်တွေပိုင်ဆိုင်လိုစိတ်‌တွေနဲ့ပြည့်နှက်နေတယ်။မိန်းကလေးတိုင်းကစုရန်အားကျလောက်တယ်။

'သူစုရန်အပေါ်ကိုသစ္စာရှိချင်တယ်ဆိုရင်ငါကရော?ငါကိုကျတော့ရော?' ပိုင်ချီရွေ့သူမကိုယ်သူမလက်ညှိုးထိုးပြီးအေးစက်စွာမေးလိုက်တယ်။

'ဒါပေမယ့် ပိုင်မိန်းကလေး...' လက်ထောက်ကောင်မလေးတံတွေးမျိုချလိုက်ပြီး: 'အမနဲ့စုန့်ထင်ယွီကလမ်းခွဲပြီးပြီလေ...ပြီးတော့လဲ အမလက်လျှော့လိုက်သင့်ပြီလို့ထင်တယ်...'

'ဒါဆိုရင်နင်လဲငါခံရသင့်တယ်လို့ထင်နေတယ်ပေါ့?ငါသူ့ကိုလက်မလွှတ်နိုင်လို့အခုလိုတွေဖြစ်ရတာမို့ငါခံသင့်တယ်ပေါ့လေ?' အခုအချိန်မှာပိုင်ချီရွေ့ရဲ့မျက်လုံးတွေကကြောက်စရာကောင်းနေတယ်။

လက်ထောက်ကောင်မလေးကသူ့ရဲ့အခုလိုပုံစံကိုမမြင်ဖူးတော့ပိုင်ချီရွေ့ရဲ့အကြည့်တွေကိုကြောက်သွားပြီးပြန်ပြင်ပြောလိုက်တယ်: 'ပိုင်မိန်းကလေး ညီမကအဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး။ညီမကဒီအတိုင်းဘဲ....အမအတိတ်ကိုအတိတ်မှာဘဲထားခဲ့ပြီးပိုကောင်းတဲ့ဘဝမှာနေသင့်တယ်လို့ထင်လို့ပါ...'

'ပိုင်ချီရွေ့ဆိုတဲ့ငါ့ကိုဘယ်သူမှလွယ်လွယ်နဲ့စော်ကားလို့မရစေရဘူး'

ပိုင်ချီရွေ့ပြောပြီးသူ့အခန်းကိုပြန်သွားတယ်။လက်ထောက်ကောင်မလေးလဲကြောင်ပြီးအဲ့ဒီမှာဘဲရပ်ကြည့်နေလိုက်တယ်။သူမပိုင်ချီရွေ့ကိုကြောက်လွန်းလို့တုန်တောင်တုန်နေတယ်။

အမှန်တော့တစ်ခါတစ်လေမှာမနာလိုစိတ်များပြီးအမုန်းတွေနဲ့ပြည့်နေတဲ့မိန်းမကတော်တော့်ကိုကြောက်ဖို့ကောင်းတာဘဲ။

ပိုင်ချီရွေ့လူနာအခန်းကိုပြန်လာတော့ချန်မိန်းကလေးကသူမကိုစောင့်နေတယ်။သူမတစ်ယောက်တည်းပြန်လာတာကိုတွေ့တော့: 'နက်ဘယ်သွားနေတာလဲ?စုရန်လဲဒီဆေးရုံမှာတက်နေတယ်လို့ကြားတယ်။နင်သူ့ကိုသွားရှာတာလား?'

ပိုင်ချီရွေ့စိတ်လွတ်ပြီးစုရန်ကိုပြဿနာသွားရှာမှာကိုချန်မိန်းကလေးကြောက်နေတယ်။

'ကျွန်မကအရူးနဲ့တူနေလို့လား?'

ပိုင်ချီရွေ့ခုံမှာထိုင်လိုက်တယ်။

သူမဘယ်လောက်ဘဲဒေါသထွက်နေပါစေ စုရန်ကိုပြဿနာရှာမှာမဟုတ်ဘူး။သူမအတွက်လဲမကောင်းဘူးလေ။

'အမမှာစီးကရက်ရှိလား?' ချန်မိန်းကလေးဆီကိုပိုက်ချီရွေ့လက်လှမ်းလိုက်တယ်။

'အခုနင့်ရဲ့အခြေအနေကဆေးလိပ်မသောက်တာပိုကောင်းမယ်' ပိုင်ချီရွေ့အ‌လေ့အကျင့်မဟုတ်ပေမယ့်တစ်ခါတစ်လေဆေးလိပ်သောက်တတ်တာကိုချန်မိန်းကလေးသိတယ်။သူမစိတ်လှုပ်ရှားနေတဲ့အချိန် စိတ်အခြေအနေမကောင်းတဲ့အချိန်မျိုးမှာဆိုသောက်တတ်တယ်။

ချန်မိန်းကလေးကဆေးလိပ်သောက်လာတာကြာပြီဆိုတော့သူ့ဆီမှာအမြဲဆေးလိပ်ရှိနေတယ်။

'ကျွန်မကိုတစ်လိပ်လောက်ပေး' ပိုင်ချီရွေ့ပြောလိုက်တယ်။

ချန်မိန်းကလေးလဲမတတ်နိုင်ဘဲပေးလိုက်ရတယ်: 'အများကြီးမသောက်နဲ့နော်'

ပိုင်ချီရွေ့ဆေးလိပ်မီးညှိပြီးသောက်လိုက်တယ်။

သူမအနုပညာလောကထဲကိုစဝင်ကတည်းကချန်မိန်းကလေးကသူမရဲ့မန်နေဂျာဖြစ်ခဲ့တာဆိုတော့သူတို့တွေဆက်ဆံရေးကောင်းကြတယ်။

သူမပိုင်ချီရွေ့ဘက်ကိုအရမ်းတွေးပေး
တယ်: 'အခုစုရန်ဒီလိုဖြစ်သွားတော့စုန့်ထင်ယွီစုရန်ကိုရွးလိုက်မှာသေချာတယ်။သူဒီလိုမျိုးနောက်တစ်ခါထပ်ဖြစ်မှာကိုကြောက်နေမှာဘဲ။နင်တို့လမ်းခွဲလိုက်တာကိုသူကြေငြာတော့မယ်လို့ငါထင်တယ်...'

'အဲ့ဒီတော့?' ပိုင်ချီရွေ့မေးလိုက်တယ်။

'နင့်ကိုသူထောက်ပံ့မပေးတော့ဘူးလို့ငါထင်တယ်။အဲ့ဒီတော့ငါတို့လက်ဦးမှုယူမှဖြစ်မယ်။သူသာလမ်းခွဲလိုက်တာကိုအရင်ပြောလိုက်ရင်နင့်အတွက်မကောင်းနိုင်ဘူး။နင်ဘက်ကသာသူ့နဲ့လမ်းခွဲလိုက်ပြီလို့အရင်ကြေငြာလိုက်ရင်လူတွေဘာမှသိပ်ပြောတော့မှာမဟုတ်ဘူး။မဟုတ်ရင်ပြဿနာတွေကပိုဆိုးလာပြီးထိန်းလို့ရမှာမဟုတ်တော့ဘူး...'

ပိုင်ချီရွေ့သေချာစဉ်းစားပြီးမှပြန်ပြောလိုက်တယ်: 'ကျွန်မကြိုးစားပြီးသူ့ဘေးမှနေရအောင်လုပ်ထားတာကိုအခုလမ်းခွဲလိုက်ပြီလို့ပြောစေချင်နေတာလား?'

'ဒါကအခြေအနေတွေတည်ငြိမ်ရအောင်ပရိယာယ်သုံးလိုက်တဲ့သဘောပါ။နောက်မှထပ်ဆွေးနွေးကြတာပေါ့...' ချန်မိန်းကလေးသူမပုခုံးက်ိုပုတ်လိုက်ပြီး: 'ငါ့စကားကိုနားထောင်လိုက်ပါ။နင်မလုပ်ချင်ဘူးဆိုတာကိုငါသိတယ်။ဒီကမ္ဘာပေါ်မှာနင့်အနားမှာခစားချင်တဲ့ယောက်ျားတွေအများကြီးရှိပါတယ်။ဘာလို့သူ့ကိုဘဲဖက်တွယ်နေရတာလဲ?သူနင့်ဘေးနားကိုပြန်မလာတော့ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြပြီးပြီလေ။အဲ့ဒီတော့နင်ဘာလုပ်မှာလဲ?နင်အနုပညာလောကထဲမှာဆက်ပြီးရပ်တည်ချင်သေးတယ်ဆိုရင်အခြားတစ်ယောက်ကိုရှာလို့ရပါတယ်။စုန့်ထင်ယွီဖြစ်နေစရာမလိုပါဘူး....'

ပိုင်ချီရွေ့တိတ်သွားတယ်။သူမစုန့်ထင်ယွီကိုကပ်ရတဲ့အဓိကရည်ရွယ်ချက်ကိုမေ့သွားတယ်။အစကတော့သူမအသက်မွေးဝမ်းကြောင်းအတွက်ပေမယ့်ကြာတော့သူ့အပေါ်ကိုခံစားချက်ရှိသွားတယ်နဲ့တူတယ်။

သူမစုန့်ထင်ယွီကိုချစ်နေတယ်ဆိုတာသံသယဖြစ်စရာမရှိဘူး။သူ့ကိုလက်မလွှတ်ချင်ရတာကသူ့ကိုဆုံးရှုံးရမှာကြောက်လို့ဆိုတာကိုအခုမှသိသွားတယ်။

သူမနဲ့ငါးနှစ်တောင်အတူတူရှိခဲ့တဲ့ယောက်ကျာ်းကအခြားမိန်းမတစ်ယောက်နဲ့နေသွားမှာကိုသူမလက်မခံချင်ဘူး။

သူမစုန့်မိသားစုထဲကိုဝင်ဖို့အကြာကြီးအနစ်နာခံထားရတာကိုလက်မလွှတ်ချင်ဘူး။

'ငါWei Boမှာနင်နဲ့စုန့်ထင်ယွီတို့လမ်းခွဲလိုက်ပြီဆိုတာကိုတင်လိုက်တော့မယ်' ချန်မိန်းကလေးသူမပုခုံးကိုပုတ်လိုက်ပြီး: 'ချီရွေ့ နင့်ကိုအောင်မြင်အောင်ကူညီပေးနိုင်တာစုန့်ထင်ယွီတစ်‌ယောက်တည်းမဟုတ်ပါဘူး'

ချန်မိန်းကလေးပြောတာမှန်တယ်။သူမကိုအောင်မြင်အောင်လုပ်ပေးနိုင်တာကစုန့်ထင်ယွီတစ်‌ယောက်တည်းမဟုတ်ဘူး။ဒါပေမယ့်သူကလွဲပြီးသူမဘယ်သူ့ကိုမှမလိုချင်ဘူး။

စုန့်ကုမ္ပဏီရဲ့အပေါ်ဆုံးအထပ်မှာ

ထန်ဇီချူအလုပ်အကြောင်းကိုတင်ပြပြီးတော့ တစ်ခုခုကိုပြောချင်နေသေးပေမယ့်တွန့်ဆုတ်နေတယ်။

စုန့်ထင်ယွီသူ့ကိုမော့ကြည့်ပြီးမေးလိုက်တယ်: 'မင်းပြာစရာရှိရင်ပြောလေ'

'ဒိလိုပါဥက္ကဌစုန့်' ထန်ဇီချူဖြေးဖြေးချင်းပြောလိုက်တယ်: 'ဒီနေ့လည်ကဘဲပိုင်မိန်းကလေးတို့အဖွဲ့ကသတင်းတစ်ခုကိုတင်လိုက်တယ်'

'ဘာသတင်းလဲ?'

'ဥက္ကဌစုန့်တို့လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းပါ...' ထန်ဇီချူဆက်ပြောလိုက်တယ်: 'ပိုင်မိန်းကလေးကဥက္ကဌစုန့်ကိုစွန့်ပစ်လိုက်တယ်လို့ပြောနေကြတယ်....'

စုန့်ထင်ယွီသူ့ကိုကြည့်လိုက်ပြီး: 'အဲ့ဒီအတိုင်းဘဲထားထားလိုက်။သူလဲလမ်းကြောင်းတစ်ခုကိုလိုချင်လို့နေမှာ။သူ့အတွက်အကျိုးရှိမယ်ဆိုလို့ရှိရင် သူလုပ်ချင်တာကိုပေးလုပ်ထားလိုက်...'

Continue Reading

You'll Also Like

333K 18.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
907K 60.7K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...