The Legendary Master's Wife [...

Par melon_rays

465K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... Plus

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter-662

Chapter -661

3.8K 686 15
Par melon_rays

Unicode

အပိုင်း ၆၆၁-အဆင့်ရေ

ယူ​ရှောင်းမို တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည့်
အခါ လူတိုင်း ခန်းမထဲ ရှိနေတာ တွေ့လိုက်ရသည်။

ယခုအချိန်အထိတောင်မှ သူ့ရဲ့ချုံးအသင်းက
အပြည့်အဝ မစုံသေးပေ၊ သို့သော် လူအတော်
များများတော့ ရှိနေပေသည်။ လူတိုင်းနီးပါး
ရောက်နေကြကာ ဆရာတူအစ်ကိုနှစ်ယောက်နှင့်
အပေါစားအဖေတို့ရော ရှိနေပြီး တစ်စုံတစ်ခု
ဆွေးနွေးနေကြပုံပေါ်သည်။ သူ ထွက်လာတာ
မြင်သည့်အခါ လူတိုင်း စကားပြောနေတာ
ရပ်သွားကြလေသည်။

မျက်လုံးပေါင်းများစွာရဲ့ စိုက်ကြည့်ခြင်းခံလိုက်ရ
သောအခါ ယူရှောင်းမို ချက်ချင်းပဲ နည်းနည်း
နေရခက်သွားသည်။ သူက ချောင်းဟန့်၍
ခန်းမထဲက လေးလံနေသောလေထုကို ဖြိုခွဲလိုက်၏။

"ဘာအကြောင်းပြောနေကြတာလဲ"

ယူကျွင်းချီက မဆိုင်းမတွ မျက်နှာလိုမျက်နှာရ
ပြန်ဖြေလာ၏။

"သားလေး ဖေကြီးတို့က ထုံထျန်းရဲ့ လက်ရှိ
အခြေအနေအကြောင်း ပြောနေကြတာ။
လာနားထောင်ပါ့လား"

ယူရှောင်းမို စိတ်ဝင်စားသွားသည်၊ လက်ရှိ
ရှီကျင်းရဲ့အခြေအနေများကို သူ သိရပေမယ့်
တောင်ပိုင်းတိုက်မကြီးဘက်က အကြောင်းတွေ
ကိုတော့ သိပ်မရှင်းပေ။ သို့ပေမယ့်လည်း
ချန်မဟာမိတ်ဘက်က အသာစီးရနေသင့်ပေသည်။

ယူကျွင်းချီက သူဘယ်လောက်တော်သော
အဖေတစ်ယောက်လဲဆိုတာ ပြရန် သူ့သားလေး
ထိုင်ဖို့အတွက် ဘေးသို့ တမင်နေရာရွှေ့ပေးလိုက်၏။

ယူရှောင်းမိုက မူလက လင်း​ရှောင်ရဲ့ဘေး ထိုင်ခဲ့ချင်
ပေမယ့် ဒီမြင်ကွင်းကိုမြင်တော့ ရုတ်တရက်
နည်းနည်းရှက်လာတာကြောင့် ဖြေးဖြေးချင်း
လျှောက်သွားလိုက်သည်။ သူ့အဖေရဲ့
'ရင်ခွင်'ထဲ ပစ်ဝင်ဖို့ လမ်းတစ်ဝက်မှာပဲ
လက်တစ်ဖက်က သူ့ကိုအသာလေး လှမ်းဆွဲလိုက်လေ
သည်။ ထို့နောက် ကျယ်ပြန့်သော ရင်ခွင်တစ်ခုထဲ
အပြည့်အဝ လဲကျသွားပြီး တစ်စုံတစ်ယောက်၏
ပေါင်ပေါ် တစ်ခါတည်း ရောက်သွား၏။

လက်တစ်ဖက် ဆန့်ထားသော ယူကျွင်းချီ "......"

ခဏကြာသော် ဖန်ချန်းလဲ့က အသာချောင်းဟန့်၍
တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

ယူရှောင်းမို အသိပြန်ဝင်လာပြီး ချက်ချင်း
ရုန်းတော့သည်။

"မလှုပ်နဲ့"

လင်းရှောင်ရဲ့အသံက သူ့နားဘေးမှာ ​
အန္တရာယ်ကြီးစွာ ပြောလာ၏။

ယူရှောင်းမိုက ပြန်ပြောတော့မယ့်အချိန်မှာပဲ
မာပြီးတောင့်နေတဲ့ တစ်စုံတစ်ခု သူ့ဖင်ကို
လာထောက်နေတာကို ခံစားမိလိုက်လေသည်။
သူ့အသံက အန္တရာယ်အရိပ်အယောင်တွေ
ထွက်နေတာ မဆန်းတော့၊ ဒီအခြေအနေများ
သူများတွေ သိသွားခဲ့မယ်ဆို ခန်းမထဲ
ဘယ်လိုဖြစ်သွားလိမ့်မလဲ။

ယခုတော့ ယူရှောင်းမိုမှာ သွားချင်လျှင်တောင်
သွားလို့မရတော့ပေ။

လင်းရှောင် အပူတက်နေတာ သူ့ကြောင့်ပဲဖြစ်၏။
အကယ်၍များ ရှက်ဖွယ်တစ်ခုခု ဖြစ်ခဲ့မည်ဆိုပါက
ယူရှောင်းမိုသည်လည်း အရှက်ကွဲလေမည်ဖြစ်ရာ
သူ့မှာ လူတိုင်းထံမှ ဖိအားကို ရင်ဆိုင်၍
မျက်နှာထူထူနှင့်ပင် လင်းရှောင်ပေါင်ပေါ်
ဆက်လက်ထိုင်ရုံမှတစ်ပါး ရွေးချယ်စရာမရှိချေ။

သူက ချောင်းဟန့်ပြီး၊ "ဘာပြောနေကြတာလဲ"

ယူကျွင်းချီက ခါးသီးသောမျက်နှာဖြင့် စကား
မပြောချေ။

ဖန်ချန်းလဲ့ကပဲ ဝင်ရှင်းပြရတော့သည်။

"ကျုံထျန်းကအကြောင်း ပြောနေတာ။ ​​ရှောင်ယောင်
တက္ကသိုလ်က သူတို့ဘာသာသူတို့ မှော်ဆရာ
စုဝေးပွဲ ကျင်းပဖို့ရှိတယ်လို့ အစ်ကိုလင်းက
ပြောတယ်။ နောက်ပြီး ဒါ နောက်ဆုံးမဟုတ်ဘူး၊
အခုကစပြီး ဆယ်နှစ်တစ်ခါတိုင်း ကျင်းပမယ်လို့
ပြောနေကြတယ်"

"အင်း။ ထုံထျန်းနန်းတော်က ထောက်ပံ့ပေး
မနေတော့ပေမယ့် မှော်ဆရာအစည်းအရုံးနဲ့
သားရဲသဏ္ဍာန်ပြောင်း အဖွဲ့အစည်းက ထောက်ပံ့
ထားတဲ့ ဆုတွေကလည်း အရမ်းကြွယ်ဝ​တယ်လို့
ပြောတယ်။ အဲ့အချိန်ကျရင် မှော်ဆရာတွေ
အများကြီး တက်ရောက်ဖို့များတယ်"

ယူကျွင်းချီက ဆက်ပြောလိုက်သည်။

ယူရှောင်းမိုက ခေါင်းညိတ်ပြီးမှ ရုတ်တရက်၊
"ဘာဆုတွေပေးမှာလို့ ပြောသေးလား"

ယူကျွင်းချီက ပခုံးတွန့်သည်။

"သားလေးရဲ့ ပထမဆုက မှော်ဆရာတွေအတွက်
အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ။ ဒါပေမယ့်
မင်းအတွက်တော့ အသုံးမဝင်လှဘူး"

"ဘာမို့လို့လဲ"

"အဖေကြားတာ သက်တန့်အဆင့်မှော်ဆရာတွေကို
အဆင့်တက်အောင် လုပ်ပေးနိုင်တဲ့ အဆင့်ရေတဲ့။
သက်တန့်မှော်ဆရာတွေက သက်တန့်ရောင်ဝိဉာဉ်
ရှိတယ်ဆိုပေမယ့် အဆင့်တက်ဖို့က ခက်တယ်လေ။
သားလေး အဆင့်က အလွန်ဆုံးရောက်နေပြီးသား
ဆိုတော့ ပထမနေရာရရင်တောင် သားအတွက်
အသုံးမဝင်ပါဘူး"

ယူကျွင်းချီက ရှင်းပြသည်။

အဆင့်ရေဆိုတာ ဒဏ္ဍာရီတွေထဲက ဖြစ်သည်။ ၎င်းက
စိတ်စွမ်းအင်ရေလောက် အတွေ့ရမနည်းပေမယ့်
သူ့ထက် တစ်ဆင့်နိမ့်သည့် ကောင်းချီးငါးဖြာ
စိတ်မျက်လုံးထက်တော့ ပိုကောင်းလေသည်။
ဤပစ္စည်းအား ပထမဆုအဖြစ် ထုတ်လာခြင်းကို
ကြည့်ခြင်းအားဖြင့် မှော်ဆရာစုဝေးပွဲကို
ရှောင်ယောင်တက္ကသိုလ် မည်မျှအရေးထားလဲ
သိနိုင်ပေသည်။

ထိုကဲ့သို့ ပစ္စည်းမျိုးအား အဖွဲ့အစည်းကြီး
နှစ်ခုတောင်မှ တပ်မက်ကြလိမ့်မည်။

ထို့အပြင် ထိပ်ဆုံးဆယ်နေရာ မှော်ဆရာများသည်
ရှောင်ယောင်တက္ကသိုလ်၏ မှတ်တမ်းတင်
အကြီးအကဲများ ဖြစ်နိုင်မည့် အခွင့်အရေး
ရမှာဖြစ်သည်။ ၎င်းက ဂုဏ်သရေရှိ ဧည့်သည်တစ်ဦး
ဖြစ်ရခြင်းနှင့် ကွဲပြားသည်။ မှတ်တမ်းတင်
အကြီးအကဲများက အာဏာအစစ်အမှန်ရှိပြီး
ရှောင်ယောင်တက္ကသိုလ်၏ အရင်းအမြစ်များကို
တောင် သုံးစွဲနိုင်သည်။ သို့သော်ငြားလည်း
ရှောင်ယောင်တက္ကသိုလ်ကို အရင်ဝင်ရမှာဖြစ်ကာ
ရံဖန်ရံခါ လိုအပ်ပါက ငြင်းပယ်လို့မရပေ။

ယူရှောင်းမိုတို့က အမှုမထားပေမယ့် နောက်ခံမရှိသည့်
လူများအတွက်တော့ ဒါက အင်မတန်ကြီးမားသည့်
ဆွဲဆောင်မှုကြီးတစ်ရပ်ဖြစ်သည်။

"ဒါဆို ကျွန်တော်သွားသင့်လား"

ယူရှောင်းမိုက လင်းရှောင်ကို ကြည့်လိုက်သည်။
သူတို့ တက်တက်/မတက်တက် သူ ဂရုမစိုက်ပေမယ့်
လင်းရှောက်ယီနဲ့ လင်းရှောင်တို့မှာက သူတို့
သဘောတူညီထားတာ ရှိသေးပေသည်။

ဣဒြေရှိသောသူ့အမူအရာမှာ နက်နဲသော
အပြုံးတစ်ခု ပေါ်လာရင်း လင်းရှောင်က သူ့လက်ကို
ကိုင်လိုက်သည်။

"သွားရမှာပေါ့။ အဲ့ဒီကတိမရှိဘူးဆိုရင်တောင်
ဟိုမိန်းမ သွားဦးမှာဥစ္စာ။ သူက အဆင့်ခုနစ်ကို
တစ်ဝက်ရောက်နေပြီ၊ ဒါပေမယ့် တစ်ခုလိုနေသေး
တယ်။ သူ့ရဲ့ ဝိဉာဉ်အဆင့်က အဆင့်ခုနစ်အထိ
မရောက်သေးဘူး"

"မှန်တယ်။ ဝိဉာဉ်အဆင့် မြင့်လေလေ မြှင့်ဖို့
ခက်လေလေပဲ။ လူတိုင်းက ရှောင်ရှစ်တိလို
မဟုတ်ဘူး။ အပျိုစင်ဇူးမားရဲ့ ဂုဏ်သတင်းက
နှစ်ပေါင်းများစွာ ရှိပြီ ဒါပေမယ့် ငါသိထားသလောက်
လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက သူက
အဆင့်ခြောက်မှော်ဆရာပဲ။ အခု သူ့ဝိဉာဉ်အဆင့်က
တစ်ဝက်ပဲ မြင့်သေးတယ်။ အဆင့်ရေကို
အသုံးမပြုရဘူးဆိုရင် ကျန်တဲ့တစ်ဝက်ကိုမြှင့်ဖို့
နောက်နှစ်တစ်သောင်းလောက် လိုလိမ့်ဦးမယ်။
ဒီဘဝမှာ မမြှင့်နိုင်တော့တာမျိုးတောင်
ဖြစ်သွားနိုင်တယ်"

ဖန်ချန်းလဲ့က ဖြည့်ပြောလိုက်သည်။

"ကောင်းပြီ ကျွန်တော်သိပြီ" ယူရှောင်းမိုက
ချက်ချင်းဆိုသလို တိုက်ပွဲဝိဉာဉ်များ ပြည့်ဝသွားတော့
သည်။ မှော်ဆရာစုဝေးပွဲကို သူတက်ရမယ့်
ရည်ရွယ်ချက်က ဇူးမား အဆင့်ရေမရအောင်
တားဆီးဖို့ပဲ။

မှော်ဆရာစုဝေးပွဲ ဘယ်တော့လာမှာလဲ ယူရှောင်းမိုက
မေးလိုက်သည်။ ၎င်းက နောက်နှစ်ဝက်အထိ
အချိန်ဆွဲထားတယ်ဆိုပေမယ့် တစ်နှစ်
မလိုတော့တာတော့ မှန်ပေသည်။

မူလက ဤမျှအချိန်ကြာမြင့်စွာ ပြင်ဆင်ဖို့
မလိုအပ်ပေမယ့် ဒါက ရှောင်ယောင်တက္ကသိုလ်
ကိုယ်တိုင် စုဝေးပွဲကို အစမှအဆုံး ဦးစီး
လုပ်ဆောင်ခြင်း ဖြစ်ပေသည်။ ကြိုတင်ပြင်ဆင်ပြီး
အတည်ပြုဖို့ လိုအပ်သည့် နေရာတွေက
များစွာရှိသည်။ ထို့အပြင် ထုံထျန်းတိုက်မကြီး၏
အခြေအနေက မတည်ငြိမ်သေးရာ ဘယ်အရာနေနေ
အချိန်လိုအပ်သည်။

ထို့နောက် သူတို့ ရှီကျင်းအခြေအနေကို
ဆွေးနွေးကြပြန်သည်။

ပင့်ကူနက်ခေါင်းဆောင်က လင်းရှောက်ယီဆိုတာ
ယခုအချိန်အထိ သားရဲမျိုးနွယ်ကြီးလေးခု
မသိကြသေးပေ။ သူတို့ သိသွားမည်ဆိုပါက
လင်းရှောက်ယီနှင့် ပင့်ကူနက်တို့အခြေအနေ
အလွန်ခက်ခဲလာပေလိမ့်မည်။

ချင့်ချိန်ပြီးနောက်တွင် သတင်းလွှင့်ဖို့ သူတို့
ဆုံးဖြတ်လိုက်ကြသည်။

သူတို့မှာ သက်သေအထောက်အထားမရှိ
သော်ငြားလည်း နတ်ဆိုးသားရဲနေနေ၊ လူနေနေ
သံသယများတတ်တာ သဘာဝပင်။
တစ်စုံတစ်ယောက်ယောက် စိတ်ထဲ
သံသယမျိုးစေ့ ချပေးလိုက်သရွေ့ ဖယ်ရှားဖို့
လွယ်ကူမှာ မဟုတ်ပေ၊ ထို့အပြင် ပင့်ကူနက်က
ရုတ်တရက် မြင့်တက်လာတာဖြစ်ပြီး သူတို့
ဌာနချုပ်ကို ရှီကျင်း၌ ထားရှိသည်။ ပင့်ကူနက်
ခေါင်းဆောင်က ရှီကျင်းက ကျော်ကြားသော
နတ်ဆိုးသားရဲတစ်ကောင်လားဟူ၍ စတင်
သံသယဝင်နေသူများ ရှိသည်။

အဖြေကို အတည်ပြုပြီးသည့်နောက် လင်းရှောင်က
ယူကျွင်းချီအား ထျန်းကုံသို့သွား၍ ထျန်းသောက်ကို
ရှာရန် ခိုင်းလိုက်သည်။ ထျန်းသောက်ကို
ဤကိစ္စအကြောင်း ပြောပြပြီးလျှင် အစီအစဉ်တစ်ခု
ဆွဲဖို့ ယူကျွင်းချီကပြောခဲ့မည်ဖြစ်သည်၊ သို့ဖြင့်
အစည်းအဝေး ပြီးလေသည်။

အခန်းသို့ ပြန်လာခဲ့ပြီးနောက်တွင် သူတို့နှစ်ဦးသား
နယ်မြေထဲသို့ ချက်ချင်းဝင်သွားကြသည်။

နယ်မြေထဲရှိ ရွှံ့များကို ယူရှောင်းမို ရှင်းထားပြီးပြီ
ဖြစ်သည်။ ယခု ရှင်းလင်းနေပြီး စိတ်စွမ်းအင်
ရေအိုင်နံဘေး ချထားခဲ့သည့် ကောင်းချီးငါးဖြာ
စိတ်မျက်လုံးပဲ ကျန်တော့သည်။

ကောင်းချီးငါးဖြာစိတ်မျက်လုံးနှင့် စိတ်စွမ်းအင်ရေ
သဘာဝက အလားသဏ္ဍာန်တူသည်၊ သူတို့
နှစ်ခုစလုံးက ရလဒ်အတူတူကို ဦးတည်နေသည့်
မတူညီသော နည်းလမ်းများသာ ဖြစ်၏။
သို့သော်ငြားလည်း စိတ်မျက်လုံးဟု ခေါ်ရခြင်းမှာ
၎င်း၏အောက်ခြေတွင် မျက်လုံးနှင့် အလွန်တူသော
ပစ္စည်းတစ်ခု ရှိသောကြောင့် ဖြစ်သည်။
စကားများအရ ၎င်းက ဒြပ်စင်ငါးခု ပျိုးထောင်
ထားသော သက်တန့်ကျောက်တုံးဖြစ်သည်။
နှစ်များစွာ အနည်ထိုင်လာပြီးနောက် ဤကဲ့သို့သော
သက်တန့်ကျောက်တုံးမျိုးက အရောင်ငါးရောင်ရှိ
စိတ်စွမ်းအင်ကို ဖြေးညင်းစွာ ထုတ်ပေးသည်။
ဤအရောင်ငါးရောင်ရှိ စိတ်စွမ်းအင်များ
အပေါများဆုံး အချိန်သို့ ရောက်သောအခါ
ယူရှောင်းမို နယ်မြေထဲ ရှိနေသည့်
ကောင်းချီးငါးဖြာ စိတ်မျက်လုံးဖြစ်သည့်
သက်တန့်ရောင်အရည် ဖြစ်ပေါ်လာသည်။

မူလတုန်းက တည်ရှိခဲ့သည်မှာ ဤအဆင့်လွန်
စိတ်မျက်လုံးဖြစ်သည်။

အဆင့်လွန်စိတ်မျက်လုံးနှင့် အနိမ့်ဆင့်၊ အလတ်ဆင့်၊
အထက်ဆင့်တို့အကြား အကြီးဆုံးကွဲပြားချက်မှာ
ကျန်သက်တန့်ကျောက်တုံးများသည်
သက်တန့်ကျောက်တုံးအစစ် မဟုတ်ကြခြင်းပင်။
သာဓကအားဖြင့် အကယ်၍ အဆင့်လွန်
စိတ်မျက်လုံးသည် မိခင်ကျောက်တုံးဖြစ်လျှင်
အထက်ဆင့်က ၎င်း၏ကလေးဖြစ်သည်။

ကလေးကျောက်တုံးက မိခင်ကျောက်တုံးလောက်
တန်ဖိုးမရှိပေ။ အကြီးဆုံးကွာဟချက်မှာ
ကလေးကျောက်တုံးသည် နောက်ထပ်
ကျောက်တုံးများ ထပ်၍မွေးဖွားမပေးနိုင်ခြင်းဖြစ်ပြီး
မိခင်ကျောက်တုံးကမူ သတ်မှတ်ချက်များ
ပြည့်မှီသရွေ့ အဆင့်လွန်စိတ်မျက်လုံးအသစ်များ
ပျိုးထောင်နိုင်ခြင်းဖြစ်သည်။

၎င်းကို ဘယ်လိုလုပ်ရမလဲ ယူရှောင်းမို မသိပေမယ့်
လင်းရှောင်က သိလေသည်။

သူတို့နှစ်ဦး အဆင့်လွန်စိတ်မျက်လုံးကို
တဲလေးအတွင်းသို့ ရွှေ့ပြောင်းကြသည်။ ထို့နောက်
လင်းရှောင်က အိမ်အပြင်တွင် အတားအဆီးတစ်ထပ်
ချ၍ ရောင်စုံစိတ်စွမ်းအင်ကို အတွင်းမှာ ပိတ်လှောင်
လိုက်သည်။

၎င်း၏အငွေ့ပြန်လွယ်မှုကြောင့် ကောင်းချီးငါးဖြာ
စိတ်မျက်လုံး၌ သက်တမ်းအကန့်အသတ်ရှိသည်။

အဆင့်လွန်စိတ်မျက်လုံးက ဤမျှသက်တန့်
အရည်များ စုဆောင်းထားနိုင်ခြင်းမှာ ပိတ်လှောင်
နေသော နေရာတွင် ရေခဲအလွှာတစ်ထပ်ရှိနေပြီး
ရောင်စုံစိတ်စွမ်းအင်အား ပျံ့နှံ့ခြင်းမှ တားဆီးပေးထား
သောကြောင့် ဖြစ်သည်။ နှစ်များစွာကြာတာတောင်
၎င်းက တစ်စတုရန်းမီတာသာ ရှိသေးရာ
အကာအရံမရှိပါက ၎င်းအနီးမှာ စိတ်စွမ်းအင်ဖြင့်
ကျင့်ကြံသူမရှိလျှင်တောင် စိတ်မျက်လုံးက
ဆက်လက်၍ယိုစိမ့်နေဦးမည်ဖြစ်သည်။

"ဒီဟာကို ဘယ်လိုလုပ်ရမလဲ"

ယူရှောင်းမိုက မေးလိုက်၏။

လင်းရှောင်က ခဏမျှ တိတ်ဆိတ်နေလေသည်။

"မင်း အခုမှအဆင့်တက်ထားတာ။ အခု
လောလောဆယ်တော့ ဒီအနားမှာ မင်းရဲ့
ကျင့်ကြံဆင့်ကို ငြိမ်အောင်ပဲလုပ်ဦး"

"ကောင်းပြီလေ"

ယူရှောင်းမိုက ပြန်ဖြေပြီးတော့ ရုတ်တရက်
ခေါင်းမော့လိုက်သည်။

"ဒါဆို ခင်ဗျားကရော။ ကျွန်တော် တစ်နှစ်
အချုပ်ခံထားရတုန်းက ခင်ဗျား ကြယ်ခြောက်ပွင့်ကို
အတင်းတက်ခဲ့တယ်လို့ အဖေကပြောတယ်။
ဆိုးကျိုးတွေဘာတွေ မကျန်ပါဘူးနော်။ ပြီးတော့
ဘယ်လိုလုပ်လိုက်တာလဲ"

သူမေးလိမ့်မယ်ဆိုတာ လင်းရှောင်သိသည်။

"ကျားဖြူခန္ဓာကိုယ်ကနေပြီးတော့ သွေးအဆီ
ထုတ်ခဲ့တာ မှတ်မိသေးလား"

ယူရှောင်းမိုက ခေါင်းညိတ်၍ သူ့ကို အံ့အားသင့်စွာ
ကြည့်လိုက်သည်။

"ကျားဖြူရဲ့သွေးနဲ့ အဆင့်တက်ခဲ့တာလို့
ပြောမလို့တော့မဟုတ်ပါဘူးနော်?"

"အဲ့လိုပြောလို့ရတယ်" လင်းရှောင်က နှုတ်ခမ်းများ
ကွေးညွတ်သွားသည်။

ယူရှောင်းမို မျက်တောင်ခတ်လိုက်သည်။
ဒါက သူ တစ်ခုခုလိုနေသေးတယ်လို့ ပြောတာ
မဟုတ်ဘူးလား။

လင်းရှောင်၏မျက်လုံးထဲမှာ ထူးဆန်းသော
အလင်းတစ်ခု ဖြတ်ပြေးသွားလေသည်။

"နောက်ကျ သိရပါလိမ့်မယ်။ အခုတော့ အသည်း
တထိတ်ထိတ်ဖြစ်အောင် ထားဦးမယ်လေ။
အချိန်ကျတဲ့အခါကျ မင်းကို လက်ဆောင်တစ်ခု
သေချာပေါက်ပေးမယ်"

ယူရှောင်းမိုမှာ သိချင်စိတ်များ ပြည့်နှက်နေတော့
သည်။ ချက်ချင်းလက်ငင်း သိလိုက်ချင်ပေမယ့်
လင်းရှောင်က ထိုသို့ပြောပြီးနေမှတော့ အောင့်ထားဖို့ပဲ
တတ်နိုင်သည်။

"တကယ် ပြောပြလို့မရဘူးပေါ့"

ယူရှောင်းမိုမှာ မေးကြည့်ချင်နေသေးရာ သူ့ကို
သနားချင့်စဖွယ်ကောင်းစွာ ကြည့်လိုက်၏။

"ဟင့်အင်း။ ပြောပြလိုက်ရင် အံ့ဩစရာ
ဘယ်ကောင်းတော့မလဲ"

လင်းရှောင်က ခိုင်မာပြတ်သားစွာ ပြောလေသည်။

"နောက်ပြီး ဒါက လင်းရှောက်ယီကို အနိုင်ချဖို့
အဆုံးစွန်သောဗျူဟာကြီးလေ၊ အောင်မြင်ပါ့မလား
ကိုယ်လည်း မသိတာမလို့ ပိုလို့တောင် လျှို့ဝှက်
ထားရဦးမယ်။ အခုလောလောဆယ် ပထမအဆင့်ပဲ
အောင်မြင်သေးတယ်၊ ဒါပဲ"

"ကောင်းပြီလေ မမေးတော့ဘူး"

ယူရှောင်းမိုက လျှော့ပေးလိုက်တော့သည်။

လင်းရှောင်က သူ့ခေါင်းလေးကို အလိုလိုက်စွာ
ပုတ်ပြီး ပြုံးလျက်ပြောလိုက်သည်။

"လိမ္မာတယ်။ အောင်မြင်တဲ့အခါကျ မင်းကို
အရင်ဆုံးပြောမယ်"

"ကျွန်တော်က ပထမနော်!"

ယူရှောင်းမိုက ခေါင်းမော့ကာ နှုတ်ခမ်းစူ၍
သူ့ကို ကြည့်လိုက်၏။

လင်းရှောင်က ရယ်မောကာ ခေါင်းငုံ့၍
သူ့နှုတ်ခမ်းကို နမ်းလိုက်သည်။

"အင်း"
______________________

Zawgyi

အပိုင္း ၆၆၁-အဆင့္ေရ

ယူ​ေရွာင္းမို တံခါးပိတ္က်င့္ႀကံရာမွ ထြက္လာသၫ့္
အခါ လူတိုင္း ခန္းမထဲ ရိွေနတာ ေတြ့လိုက္ရသည္။

ယခုအခ်ိန္အထိေတာင္မွ သူ႔ရဲ့ခ်ဳံးအသင္းက
အျပၫ့္အဝ မစံုေသးေပ၊ သို႔ေသာ္ လူအေတာ္
မ်ားမ်ားေတာ့ ရိွေနေပသည္။ လူတိုင္းနီးပါး
ေရာက္ေနၾကကာ ဆရာတူအစ္ကိုႏွစ္ေယာက္ႏွင့္
အေပါစားအေဖတို႔ေရာ ရိွေနၿပီး တစ္စံုတစ္ခု
ေဆြးေနြးေနၾကပံုေပၚသည္။ သူ ထြက္လာတာ
ျမင္သၫ့္အခါ လူတိုင္း စကားေျပာေနတာ
ရပ္သြားၾကေလသည္။

မ်က္လံုးေပါင္းမ်ားစြာရဲ့ စိုက္ၾကၫ့္ျခင္းခံလိုက္ရ
ေသာအခါ ယူေရွာင္းမို ခ်က္ခ်င္းပဲ နည္းနည္း
ေနရခက္သြားသည္။ သူက ေခ်ာင္းဟန႔္၍
ခန္းမထဲက ေလးလံေနေသာေလထုကို ၿဖိဳခဲြလိုက္၏။

"ဘာအေၾကာင္းေျပာေနၾကတာလဲ"

ယူကၽြင္းခ်ီက မဆိုင္းမတြ မ်က္ႏွာလိုမ်က္ႏွာရ
ျပန္ေျဖလာ၏။

"သားေလး ေဖႀကီးတို႔က ထံုထ်န္းရဲ့ လက္ရိွ
အေျခအေနအေၾကာင္း ေျပာေနၾကတာ။
လာနားေထာင္ပါ့လား"

ယူေရွာင္းမို စိတ္ဝင္စားသြားသည္၊ လက္ရိွ
ရွီက်င္းရဲ့အေျခအေနမ်ားကို သူ သိရေပမယ့္
ေတာင္ပိုင္းတိုက္မႀကီးဘက္က အေၾကာင္းေတြ
ကိုေတာ့ သိပ္မရွင္းေပ။ သို႔ေပမယ့္လည္း
ခ်န္မဟာမိတ္ဘက္က အသာစီးရေနသင့္ေပသည္။

ယူကၽြင္းခ်ီက သူဘယ္ေလာက္ေတာ္ေသာ
အေဖတစ္ေယာက္လဲဆိုတာ ျပရန္ သူ႔သားေလး
ထိုင္ဖို႔အတြက္ ေဘးသို႔ တမင္ေနရာေရႊ့ေပးလိုက္၏။

ယူေရွာင္းမိုက မူလက လင္း​ေရွာင္ရဲ့ေဘး ထိုင္ခဲ့ခ်င္
ေပမယ့္ ဒီျမင္ကြင္းကိုျမင္ေတာ့ ရုတ္တရက္
နည္းနည္းရွက္လာတာေၾကာင့္ ေျဖးေျဖးခ်င္း
ေလ်ွာက္သြားလိုက္သည္။ သူ႔အေဖရဲ့
'ရင္ခြင္'ထဲ ပစ္ဝင္ဖို႔ လမ္းတစ္ဝက္မွာပဲ
လက္တစ္ဖက္က သူ႔ကိုအသာေလး လွမ္းဆဲြလိုက္ေလ
သည္။ ထို႔ေနာက္ က်ယ္ျပန႔္ေသာ ရင္ခြင္တစ္ခုထဲ
အျပၫ့္အဝ လဲက်သြားၿပီး တစ္စံုတစ္ေယာက္၏
ေပါင္ေပၚ တစ္ခါတည္း ေရာက္သြား၏။

လက္တစ္ဖက္ ဆန႔္ထားေသာ ယူကၽြင္းခ်ီ "......"

ခဏၾကာေသာ္ ဖန္ခ်န္းလဲ့က အသာေခ်ာင္းဟန႔္၍
တိတ္ဆိတ္မႈကို ၿဖိဳခဲြလိုက္သည္။

ယူေရွာင္းမို အသိျပန္ဝင္လာၿပီး ခ်က္ခ်င္း
ရုန္းေတာ့သည္။

"မလႈပ္နဲ႔"

လင္းေရွာင္ရဲ့အသံက သူ႔နားေဘးမွာ ​
အႏၲရာယ္ႀကီးစြာ ေျပာလာ၏။

ယူေရွာင္းမိုက ျပန္ေျပာေတာ့မယ့္အခ်ိန္မွာပဲ
မာၿပီးေတာင့္ေနတဲ့ တစ္စံုတစ္ခု သူ႔ဖင္ကို
လာေထာက္ေနတာကို ခံစားမိလိုက္ေလသည္။
သူ႔အသံက အႏၲရာယ္အရိပ္အေယာင္ေတြ
ထြက္ေနတာ မဆန္းေတာ့၊ ဒီအေျခအေနမ်ား
သူမ်ားေတြ သိသြားခဲ့မယ္ဆို ခန္းမထဲ
ဘယ္လိုျဖစ္သြားလိမ့္မလဲ။

ယခုေတာ့ ယူေရွာင္းမိုမွာ သြားခ်င္လ်ွင္ေတာင္
သြားလို႔မရေတာ့ေပ။

လင္းေရွာင္ အပူတက္ေနတာ သူ႔ေၾကာင့္ပဲျဖစ္၏။
အကယ္၍မ်ား ရွက္ဖြယ္တစ္ခုခု ျဖစ္ခဲ့မည္ဆိုပါက
ယူေရွာင္းမိုသည္လည္း အရွက္ကဲြေလမည္ျဖစ္ရာ
သူ႔မွာ လူတိုင္းထံမွ ဖိအားကို ရင္ဆိုင္၍
မ်က္ႏွာထူထူႏွင့္ပင္ လင္းေရွာင္ေပါင္ေပၚ
ဆက္လက္ထိုင္ရံုမွတစ္ပါး ေရြးခ်ယ္စရာမရိွေခ်။

သူက ေခ်ာင္းဟန႔္ၿပီး၊ "ဘာေျပာေနၾကတာလဲ"

ယူကၽြင္းခ်ီက ခါးသီးေသာမ်က္ႏွာျဖင့္ စကား
မေျပာေခ်။

ဖန္ခ်န္းလဲ့ကပဲ ဝင္ရွင္းျပရေတာ့သည္။

"က်ဳံထ်န္းကအေၾကာင္း ေျပာေနတာ။ ​​ေရွာင္ေယာင္
တကၠသိုလ္က သူတို႔ဘာသာသူတို႔ ေမွာ္ဆရာ
စုေဝးပဲြ က်င္းပဖို႔ရိွတယ္လို႔ အစ္ကိုလင္းက
ေျပာတယ္။ ေနာက္ၿပီး ဒါ ေနာက္ဆံုးမဟုတ္ဘူး၊
အခုကစၿပီး ဆယ္ႏွစ္တစ္ခါတိုင္း က်င္းပမယ္လို႔
ေျပာေနၾကတယ္"

"အင္း။ ထံုထ်န္းနန္းေတာ္က ေထာက္ပံ့ေပး
မေနေတာ့ေပမယ့္ ေမွာ္ဆရာအစည္းအရံုးနဲ႔
သားရဲသ႑ာန္ေျပာင္း အဖဲြ႔အစည္းက ေထာက္ပံ့
ထားတဲ့ ဆုေတြကလည္း အရမ္းႂကြယ္ဝ​တယ္လို႔
ေျပာတယ္။ အဲ့အခ်ိန္က်ရင္ ေမွာ္ဆရာေတြ
အမ်ားႀကီး တက္ေရာက္ဖို႔မ်ားတယ္"

ယူကၽြင္းခ်ီက ဆက္ေျပာလိုက္သည္။

ယူေရွာင္းမိုက ေခါင္းညိတ္ၿပီးမွ ရုတ္တရက္၊
"ဘာဆုေတြေပးမွာလို႔ ေျပာေသးလား"

ယူကၽြင္းခ်ီက ပခံုးတြန႔္သည္။

"သားေလးရဲ့ ပထမဆုက ေမွာ္ဆရာေတြအတြက္
အဖိုးမျဖတ္ႏိုင္တဲ့ ရတနာပဲ။ ဒါေပမယ့္
မင္းအတြက္ေတာ့ အသံုးမဝင္လွဘူး"

"ဘာမို႔လို႔လဲ"

"အေဖၾကားတာ သက္တန႔္အဆင့္ေမွာ္ဆရာေတြကို
အဆင့္တက္ေအာင္ လုပ္ေပးႏိုင္တဲ့ အဆင့္ေရတဲ့။
သက္တန႔္ေမွာ္ဆရာေတြက သက္တန႔္ေရာင္ဝိဉာဉ္
ရိွတယ္ဆိုေပမယ့္ အဆင့္တက္ဖို႔က ခက္တယ္ေလ။
သားေလး အဆင့္က အလြန္ဆံုးေရာက္ေနၿပီးသား
ဆိုေတာ့ ပထမေနရာရရင္ေတာင္ သားအတြက္
အသံုးမဝင္ပါဘူး"

ယူကၽြင္းခ်ီက ရွင္းျပသည္။

အဆင့္ေရဆိုတာ ဒ႑ာရီေတြထဲက ျဖစ္သည္။ ၄က
စိတ္စြမ္းအင္ေရေလာက္ အေတြ့ရမနည္းေပမယ့္
သူ႔ထက္ တစ္ဆင့္နိမ့္သၫ့္ ေကာင္းခ်ီးငါးျဖာ
စိတ္မ်က္လံုးထက္ေတာ့ ပိုေကာင္းေလသည္။
ဤပစၥည္းအား ပထမဆုအျဖစ္ ထုတ္လာျခင္းကို
ၾကၫ့္ျခင္းအားျဖင့္ ေမွာ္ဆရာစုေဝးပဲြကို
ေရွာင္ေယာင္တကၠသိုလ္ မည္မ်ွအေရးထားလဲ
သိႏိုင္ေပသည္။

ထိုကဲ့သို႔ ပစၥည္းမ်ိဳးအား အဖဲြ႔အစည္းႀကီး
ႏွစ္ခုေတာင္မွ တပ္မက္ၾကလိမ့္မည္။

ထို႔အျပင္ ထိပ္ဆံုးဆယ္ေနရာ ေမွာ္ဆရာမ်ားသည္
ေရွာင္ေယာင္တကၠသိုလ္၏ မွတ္တမ္းတင္
အႀကီးအကဲမ်ား ျဖစ္ႏိုင္မၫ့္ အခြင့္အေရး
ရမွာျဖစ္သည္။ ၄က ဂုဏ္သေရရိွ ဧၫ့္သည္တစ္ဦး
ျဖစ္ရျခင္းႏွင့္ ကဲြျပားသည္။ မွတ္တမ္းတင္
အႀကီးအကဲမ်ားက အာဏာအစစ္အမွန္ရိွၿပီး
ေရွာင္ေယာင္တကၠသိုလ္၏ အရင္းအျမစ္မ်ားကို
ေတာင္ သံုးစဲြႏိုင္သည္။ သို႔ေသာ္ျငားလည္း
ေရွာင္ေယာင္တကၠသိုလ္ကို အရင္ဝင္ရမွာျဖစ္ကာ
ရံဖန္ရံခါ လိုအပ္ပါက ျငင္းပယ္လို႔မရေပ။

ယူေရွာင္းမိုတို႔က အမႈမထားေပမယ့္ ေနာက္ခံမရိွသၫ့္
လူမ်ားအတြက္ေတာ့ ဒါက အင္မတန္ႀကီးမားသၫ့္
ဆဲြေဆာင္မႈႀကီးတစ္ရပ္ျဖစ္သည္။

"ဒါဆို ကၽြန္ေတာ္သြားသင့္လား"

ယူေရွာင္းမိုက လင္းေရွာင္ကို ၾကၫ့္လိုက္သည္။
သူတို႔ တက္တက္/မတက္တက္ သူ ဂရုမစိုက္ေပမယ့္
လင္းေရွာက္ယီနဲ႔ လင္းေရွာင္တို႔မွာက သူတို႔
သေဘာတူညီထားတာ ရိွေသးေပသည္။

ဣေျဒရိွေသာသူ႔အမူအရာမွာ နက္နဲေသာ
အႃပံုးတစ္ခု ေပၚလာရင္း လင္းေရွာင္က သူ႔လက္ကို
ကိုင္လိုက္သည္။

"သြားရမွာေပါ့။ အဲ့ဒီကတိမရိွဘူးဆိုရင္ေတာင္
ဟိုမိန္းမ သြားဦးမွာဥစၥာ။ သူက အဆင့္ခုနစ္ကို
တစ္ဝက္ေရာက္ေနၿပီ၊ ဒါေပမယ့္ တစ္ခုလိုေနေသး
တယ္။ သူ႔ရဲ့ ဝိဉာဉ္အဆင့္က အဆင့္ခုနစ္အထိ
မေရာက္ေသးဘူး"

"မွန္တယ္။ ဝိဉာဉ္အဆင့္ ျမင့္ေလေလ ၿမွင့္ဖို႔
ခက္ေလေလပဲ။ လူတိုင္းက ေရွာင္ရွစ္တိလို
မဟုတ္ဘူး။ အပ်ိဳစင္ဇူးမားရဲ့ ဂုဏ္သတင္းက
ႏွစ္ေပါင္းမ်ားစြာ ရိွၿပီ ဒါေပမယ့္ ငါသိထားသေလာက္
လြန္ခဲ့တဲ့ ႏွစ္တစ္ေသာင္းတုန္းက သူက
အဆင့္ေျခာက္ေမွာ္ဆရာပဲ။ အခု သူ႔ဝိဉာဉ္အဆင့္က
တစ္ဝက္ပဲ ျမင့္ေသးတယ္။ အဆင့္ေရကို
အသံုးမျပဳရဘူးဆိုရင္ က်န္တဲ့တစ္ဝက္ကိုၿမွင့္ဖို႔
ေနာက္ႏွစ္တစ္ေသာင္းေလာက္ လိုလိမ့္ဦးမယ္။
ဒီဘဝမွာ မၿမွင့္ႏိုင္ေတာ့တာမ်ိဳးေတာင္
ျဖစ္သြားႏိုင္တယ္"

ဖန္ခ်န္းလဲ့က ျဖၫ့္ေျပာလိုက္သည္။

"ေကာင္းၿပီ ကၽြန္ေတာ္သိၿပီ" ယူေရွာင္းမိုက
ခ်က္ခ်င္းဆိုသလို တိုက္ပဲြဝိဉာဉ္မ်ား ျပၫ့္ဝသြားေတာ့
သည္။ ေမွာ္ဆရာစုေဝးပဲြကို သူတက္ရမယ့္
ရည္ရြယ္ခ်က္က ဇူးမား အဆင့္ေရမရေအာင္
တားဆီးဖို႔ပဲ။

ေမွာ္ဆရာစုေဝးပဲြ ဘယ္ေတာ့လာမွာလဲ ယူေရွာင္းမိုက
ေမးလိုက္သည္။ ၄က ေနာက္ႏွစ္ဝက္အထိ
အခ်ိန္ဆဲြထားတယ္ဆိုေပမယ့္ တစ္ႏွစ္
မလိုေတာ့တာေတာ့ မွန္ေပသည္။

မူလက ဤမ်ွအခ်ိန္ၾကာျမင့္စြာ ျပင္ဆင္ဖို႔
မလိုအပ္ေပမယ့္ ဒါက ေရွာင္ေယာင္တကၠသိုလ္
ကိုယ္တိုင္ စုေဝးပဲြကို အစမွအဆံုး ဦးစီး
လုပ္ေဆာင္ျခင္း ျဖစ္ေပသည္။ ႀကိဳတင္ျပင္ဆင္ၿပီး
အတည္ျပဳဖို႔ လိုအပ္သၫ့္ ေနရာေတြက
မ်ားစြာရိွသည္။ ထို႔အျပင္ ထံုထ်န္းတိုက္မႀကီး၏
အေျခအေနက မတည္ၿငိမ္ေသးရာ ဘယ္အရာေနေန
အခ်ိန္လိုအပ္သည္။

ထို႔ေနာက္ သူတို႔ ရွီက်င္းအေျခအေနကို
ေဆြးေနြးၾကျပန္သည္။

ပင့္ကူနက္ေခါင္းေဆာင္က လင္းေရွာက္ယီဆိုတာ
ယခုအခ်ိန္အထိ သားရဲမ်ိဳးႏြယ္ႀကီးေလးခု
မသိၾကေသးေပ။ သူတို႔ သိသြားမည္ဆိုပါက
လင္းေရွာက္ယီႏွင့္ ပင့္ကူနက္တို႔အေျခအေန
အလြန္ခက္ခဲလာေပလိမ့္မည္။

ခ်င့္ခ်ိန္ၿပီးေနာက္တြင္ သတင္းလႊင့္ဖို႔ သူတို႔
ဆံုးျဖတ္လိုက္ၾကသည္။

သူတို႔မွာ သက္ေသအေထာက္အထားမရိွ
ေသာ္ျငားလည္း နတ္ဆိုးသားရဲေနေန၊ လူေနေန
သံသယမ်ားတတ္တာ သဘာဝပင္။
တစ္စံုတစ္ေယာက္ေယာက္ စိတ္ထဲ
သံသယမ်ိဳးေစ့ ခ်ေပးလိုက္သေရြ့ ဖယ္ရွားဖို႔
လြယ္ကူမွာ မဟုတ္ေပ၊ ထို႔အျပင္ ပင့္ကူနက္က
ရုတ္တရက္ ျမင့္တက္လာတာျဖစ္ၿပီး သူတို႔
ဌာနခ်ဳပ္ကို ရွီက်င္း၌ ထားရိွသည္။ ပင့္ကူနက္
ေခါင္းေဆာင္က ရွီက်င္းက ေက်ာ္ၾကားေသာ
နတ္ဆိုးသားရဲတစ္ေကာင္လားဟူ၍ စတင္
သံသယဝင္ေနသူမ်ား ရိွသည္။

အေျဖကို အတည္ျပဳျပီးသၫ့္ေနာက္ လင္းေရွာင္က
ယူကၽြင္းခ်ီအား ထ်န္းကံုသို႔သြား၍ ထ်န္းေသာက္ကို
ရွာရန္ ခိုင္းလိုက္သည္။ ထ်န္းေသာက္ကို
ဤကိစၥအေၾကာင္း ေျပာျပၿပီးလ်ွင္ အစီအစဉ္တစ္ခု
ဆဲြဖို႔ ယူကၽြင္းခ်ီကေျပာခဲ့မည္ျဖစ္သည္၊ သို႔ျဖင့္
အစည္းအေဝး ၿပီးေလသည္။

အခန္းသို႔ ျပန္လာခဲ့ၿပီးေနာက္တြင္ သူတို႔ႏွစ္ဦးသား
နယ္ေျမထဲသို႔ ခ်က္ခ်င္းဝင္သြားၾကသည္။

နယ္ေျမထဲရိွ ရႊံ႔မ်ားကို ယူေရွာင္းမို ရွင္းထားၿပီးၿပီ
ျဖစ္သည္။ ယခု ရွင္းလင္းေနၿပီး စိတ္စြမ္းအင္
ေရအိုင္နံေဘး ခ်ထားခဲ့သၫ့္ ေကာင္းခ်ီးငါးျဖာ
စိတ္မ်က္လံုးပဲ က်န္ေတာ့သည္။

ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုးႏွင့္ စိတ္စြမ္းအင္ေရ
သဘာဝက အလားသ႑ာန္တူသည္၊ သူတို႔
ႏွစ္ခုစလံုးက ရလဒ္အတူတူကို ဦးတည္ေနသၫ့္
မတူညီေသာ နည္းလမ္းမ်ားသာ ျဖစ္၏။
သို႔ေသာ္ျငားလည္း စိတ္မ်က္လံုးဟု ေခၚရျခင္းမွာ
၄၏ေအာက္ေျခတြင္ မ်က္လံုးႏွင့္ အလြန္တူေသာ
ပစၥည္းတစ္ခု ရိွေသာေၾကာင့္ ျဖစ္သည္။
စကားမ်ားအရ ၄က ျဒပ္စင္ငါးခု ပ်ိဳးေထာင္
ထားေသာ သက္တန႔္ေက်ာက္တံုးျဖစ္သည္။
ႏွစ္မ်ားစြာ အနည္ထိုင္လာၿပီးေနာက္ ဤကဲ့သို႔ေသာ
သက္တန႔္ေက်ာက္တံုးမ်ိဳးက အေရာင္ငါးေရာင္ရိွ
စိတ္စြမ္းအင္ကို ေျဖးညင္းစြာ ထုတ္ေပးသည္။
ဤအေရာင္ငါးေရာင္ရိွ စိတ္စြမ္းအင္မ်ား
အေပါမ်ားဆံုး အခ်ိန္သို႔ ေရာက္ေသာအခါ
ယူေရွာင္းမို နယ္ေျမထဲ ရိွေနသၫ့္
ေကာင္းခ်ီးငါးျဖာ စိတ္မ်က္လံုးျဖစ္သၫ့္
သက္တန႔္ေရာင္အရည္ ျဖစ္ေပၚလာသည္။

မူလတုန္းက တည္ရိွခဲ့သည္မွာ ဤအဆင့္လြန္
စိတ္မ်က္လံုးျဖစ္သည္။

အဆင့္လြန္စိတ္မ်က္လံုးႏွင့္ အနိမ့္ဆင့္၊ အလတ္ဆင့္၊
အထက္ဆင့္တို႔အၾကား အႀကီးဆံုးကဲြျပားခ်က္မွာ
က်န္သက္တန႔္ေက်ာက္တံုးမ်ားသည္
သက္တန႔္ေက်ာက္တံုးအစစ္ မဟုတ္ၾကျခင္းပင္။
သာဓကအားျဖင့္ အကယ္၍ အဆင့္လြန္
စိတ္မ်က္လံုးသည္ မိခင္ေက်ာက္တံုးျဖစ္လ်ွင္
အထက္ဆင့္က ၄၏ကေလးျဖစ္သည္။

ကေလးေက်ာက္တံုးက မိခင္ေက်ာက္တံုးေလာက္
တန္ဖိုးမရိွေပ။ အႀကီးဆံုးကြာဟခ်က္မွာ
ကေလးေက်ာက္တံုးသည္ ေနာက္ထပ္
ေက်ာက္တံုးမ်ား ထပ္၍ေမြးဖြားမေပးႏိုင္ျခင္းျဖစ္ၿပီး
မိခင္ေက်ာက္တံုးကမူ သတ္မွတ္ခ်က္မ်ား
ျပၫ့္မွီသေရြ့ အဆင့္လြန္စိတ္မ်က္လံုးအသစ္မ်ား
ပ်ိဳးေထာင္ႏိုင္ျခင္းျဖစ္သည္။

၄ကို ဘယ္လိုလုပ္ရမလဲ ယူေရွာင္းမို မသိေပမယ့္
လင္းေရွာင္က သိေလသည္။

သူတို႔ႏွစ္ၪီး အဆင့္လြန္စိတ္မ်က္လံုးကို
တဲေလးအတြင္းသို႔ ေရႊ့ေျပာင္းၾကသည္။ ထို႔ေနာက္
လင္းေရွာင္က အိမ္အျပင္တြင္ အတားအဆီးတစ္ထပ္
ခ်၍ ေရာင္စံုစိတ္စြမ္းအင္ကို အတြင္းမွာ ပိတ္ေလွာင္
လိုက္သည္။

၄၏အေငြ့ျပန္လြယ္မႈေၾကာင့္ ေကာင္းခ်ီးငါးျဖာ
စိတ္မ်က္လံုး၌ သက္တမ္းအကန႔္အသတ္ရိွသည္။

အဆင့္လြန္စိတ္မ်က္လံုးက ဤမ်ွသက္တန႔္
အရည္မ်ား စုေဆာင္းထားႏိုင္ျခင္းမွာ ပိတ္ေလွာင္
ေနေသာ ေနရာတြင္ ေရခဲအလႊာတစ္ထပ္ရိွေနၿပီး
ေရာင္စံုစိတ္စြမ္းအင္အား ပ်ံ႔ႏွံ႔ျခင္းမွ တားဆီးေပးထား
ေသာေၾကာင့္ ျဖစ္သည္။ ႏွစ္မ်ားစြာၾကာတာေတာင္
၄က တစ္စတုရန္းမီတာသာ ရိွေသးရာ
အကာအရံမရိွပါက ၄အနီးမွာ စိတ္စြမ္းအင္ျဖင့္
က်င့္ႀကံသူမရိွလ်ွင္ေတာင္ စိတ္မ်က္လံုးက
ဆက္လက္၍ယိုစိမ့္ေနဦးမည္ျဖစ္သည္။

"ဒီဟာကို ဘယ္လိုလုပ္ရမလဲ"

ယူေရွာင္းမိုက ေမးလိုက္၏။

လင္းေရွာင္က ခဏမ်ွ တိတ္ဆိတ္ေနေလသည္။

"မင္း အခုမွအဆင့္တက္ထားတာ။ အခု
ေလာေလာဆယ္ေတာ့ ဒီအနားမွာ မင္းရဲ့
က်င့္ႀကံဆင့္ကို ၿငိမ္ေအာင္ပဲလုပ္ဦး"

"ေကာင္းၿပီေလ"

ယူေရွာင္းမိုက ျပန္ေျဖၿပီးေတာ့ ရုတ္တရက္
ေခါင္းေမာ့လိုက္သည္။

"ဒါဆို ခင္ဗ်ားကေရာ။ ကၽြန္ေတာ္ တစ္ႏွစ္
အခ်ဳပ္ခံထားရတုန္းက ခင္ဗ်ား ၾကယ္ေျခာက္ပြင့္ကို
အတင္းတက္ခဲ့တယ္လို႔ အေဖကေျပာတယ္။
ဆိုးက်ိဳးေတြဘာေတြ မက်န္ပါဘူးေနာ္။ ၿပီးေတာ့
ဘယ္လိုလုပ္လိုက္တာလဲ"

သူေမးလိမ့္မယ္ဆိုတာ လင္းေရွာင္သိသည္။

"က်ားျဖဴခႏၶာကိုယ္ကေနၿပီးေတာ့ ေသြးအဆီ
ထုတ္ခဲ့တာ မွတ္မိေသးလား"

ယူေရွာင္းမိုက ေခါင္းညိတ္၍ သူ႔ကို အံ့အားသင့္စြာ
ၾကၫ့္လိုက္သည္။

"က်ားျဖဴရဲ့ေသြးနဲ႔ အဆင့္တက္ခဲ့တာလို႔
ေျပာမလို႔ေတာ့မဟုတ္ပါဘူးေနာ္?"

"အဲ့လိုေျပာလို႔ရတယ္" လင္းေရွာင္က ႏႈတ္ခမ္းမ်ား
ေကြးၫြတ္သြားသည္။

ယူေရွာင္းမို မ်က္ေတာင္ခတ္လိုက္သည္။
ဒါက သူ တစ္ခုခုလိုေနေသးတယ္လို႔ ေျပာတာ
မဟုတ္ဘူးလား။

လင္းေရွာင္၏မ်က္လံုးထဲမွာ ထူးဆန္းေသာ
အလင္းတစ္ခု ျဖတ္ေျပးသြားေလသည္။

"ေနာက္က် သိရပါလိမ့္မယ္။ အခုေတာ့ အသည္း
တထိတ္ထိတ္ျဖစ္ေအာင္ ထားဦးမယ္ေလ။
အခ်ိန္က်တဲ့အခါက် မင္းကို လက္ေဆာင္တစ္ခု
ေသခ်ာေပါက္ေပးမယ္"

ယူေရွာင္းမိုမွာ သိခ်င္စိတ္မ်ား ျပၫ့္ႏွက္ေနေတာ့
သည္။ ခ်က္ခ်င္းလက္ငင္း သိလိုက္ခ်င္ေပမယ့္
လင္းေရွာင္က ထိုသို႔ေျပာၿပီးေနမွေတာ့ ေအာင့္ထားဖို႔ပဲ
တတ္ႏိုင္သည္။

"တကယ္ ေျပာျပလို႔မရဘူးေပါ့"

ယူေရွာင္းမိုမွာ ေမးၾကၫ့္ခ်င္ေနေသးရာ သူ႔ကို
သနားခ်င့္စဖြယ္ေကာင္းစြာ ၾကၫ့္လိုက္၏။

"ဟင့္အင္း။ ေျပာျပလိုက္ရင္ အံ့ဩစရာ
ဘယ္ေကာင္းေတာ့မလဲ"

လင္းေရွာင္က ခိုင္မာျပတ္သားစြာ ေျပာေလသည္။

"ေနာက္ၿပီး ဒါက လင္းေရွာက္ယီကို အႏိုင္ခ်ဖို႔
အဆံုးစြန္ေသာဗ်ူဟာႀကီးေလ၊ ေအာင္ျမင္ပါ့မလား
ကိုယ္လည္း မသိတာမလို႔ ပိုလို႔ေတာင္ လ်ိႈ႔ဝွက္
ထားရဦးမယ္။ အခုေလာေလာဆယ္ ပထမအဆင့္ပဲ
ေအာင္ျမင္ေသးတယ္၊ ဒါပဲ"

"ေကာင္းၿပီေလ မေမးေတာ့ဘူး"

ယူေရွာင္းမိုက ေလ်ွာ့ေပးလိုက္ေတာ့သည္။

လင္းေရွာင္က သူ႔ေခါင္းေလးကို အလိုလိုက္စြာ
ပုတ္ၿပီး ႃပံုးလ်က္ေျပာလိုက္သည္။

"လိမၼာတယ္။ ေအာင္ျမင္တဲ့အခါက် မင္းကို
အရင္ဆံုးေျပာမယ္"

"ကၽြန္ေတာ္က ပထမေနာ္!"

ယူေရွာင္းမိုက ေခါင္းေမာ့ကာ ႏႈတ္ခမ္းစူ၍
သူ႔ကို ၾကၫ့္လိုက္၏။

လင္းေရွာင္က ရယ္ေမာကာ ေခါင္းငံု႔၍
သူ႔ႏႈတ္ခမ္းကို နမ္းလိုက္သည္။

"အင္း"
______________________








Continuer la Lecture

Vous Aimerez Aussi

747K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
653K 88.2K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
1.1M 61.8K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
622K 70K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...