စုရန်သူ့ကိုတွန်းလိုက်ပြီး: 'ရှင်ဒါပြီးရင်ဘာလုပ်စရာရှိလဲ?ရှင်အားလို့ရှိရင်ကျွန်မနဲ့ဆေးရုံသွားရအောင်?'
စုန့်ထင်ယွီခေါင်းခါလိုက်ပြီး: 'ကိုယ်မအားဘူး'
'ရှင်ဇီချူကိုတာဝန်လွှဲပေးလိုက်လေ။သူကောင်းကောင်းလုပ်နိုင်တာဘဲကို'
'မလွှဲပေးပါဘူး။ကိုယ့်ဘာသာလုပ်တာပိုကောင်းပါတယ်'
'ဒါဆိုရင်ရှင်ဘာလုပ်မှာလဲဆိုတာကျွန်မကိုပြောပါဦး' သူဆေးရုံကိုမသွားချင်လို့အကြောင်းပြနေတယ်လို့ဘဲစုရန်ထင်တယ်။
'....' စုန့်ထင်ယွီတိတ်သွားပြီးမှ: 'ကိုယ်ဆေးရှာပြီးသောက်လိုက်မယ်။ခဏနေကောင်းသွားမှာပါ'
စုရန်သူ့ကိုဂရုမစိုက်တော့ဘဲကုတ်အင်္ကျီကိုဝတ်လိုက်ကာ: 'သွားရအောင်'
စုန့်ထင်ယွီသူမကိုကြည့်လိုက်ပြီး: 'ကိုယ်သွားရင်ဘာရမှာမို့လို့လဲ?မင်းကိုယ့်ကိုဘယ်လိုဆုမျိုးပေးမှာမို့လို့လဲ?'
'ရှင့်ခေါင်းထဲမှာအဲ့ဒါဘဲအမြဲတွေးနေတာဘဲနော်' စုရန်မျက်လုံးစောင်းထိုးလိုက်တယ်။
ဒါပေမယ့် အဖျားကြောင့်သူ့မျက်နှာမကောင်းတာကိုတွေ့နေရတယ်။ စောစောတုန်းကလဲသူ့လက်ကိုသူမကိုင်ကြည့်လိုက်တော့ပူနေတာကိုခံစားနေရတယ်။အဲ့ဒါကြောင့်သူ့အတွက်သူမစိတ်မကောင်းဖြစ်နေမိတယ်။
သူရေအေးတွေခဏခဏချိုးနေတာကိုး။အပြင်မှာရာသီဥတုကအေးတော့ သူ့လိုကျန်းမာတဲ့ခန္ဓာကိုယ်တောင်မှ အအေးမိတာမဆန်းပါဘူး။
သူမရှက်နေပြီး: 'ရှင်ကျွန်မနဲ့ဆေးရုံကိုအရင်သွားလိုက်။ညကျရင်ကျွန်မတို့အဲ့ဒီကိစ္စကိုဆွေးနွေးကြမယ်'
'မင်းဘာပြောလိုက်တာလဲစုရန်?ကိုယ်မကြားလိုက်လို့?' စုန့်ထင်ယွီတမင်တကာပြန်မေးလိုက်တယ်။
စုရန်နှုတ်ခမ်းကိုက်ပြီး အကျယ်ကြီးပြောလိုက်တယ်: 'ကျွန်မတို့ညအိမ်ပြန်ရောက်ရင်ဆွေးနွေးကြမယ်လို့ပြောနေတာ' စုရန်သူ့လက်ကိုဆွဲလိုက်ပြီး: 'မြန်မြန်ကျွန်မနဲ့ဆေးရုံကိုလိုက်ခဲ့။မဟုတ်ရင်....'
'မဟုတ်ရင်?မဟုတ်ရင်ဘာဖြစ်မှာလဲ? စုန့်ထင်ယွီမျက်ခုံးပင့်ပြီးမေးလိုက်တယ်။ပြီးတောသူချက်ချင်းမတ်တပ်ရပ်ပြီးကုတ်အင်္ကျီကိုဝတ်လိုက်ကာစုရန်ပါးကိုနမ်းလိုက်ပြီး: 'ကိုယ်အအေးမိနေလို့မင်းကိုကူးမှာစိုးလို့'
သူဘာလို့ပါးကိုဘဲနမ်းရတာလဲဆိုတာကိုရှင်းပြလိုက်တယ်။မဟုတ်ရင်သူ့အကျင့်နဲ့ဆိုရင်သူမနှုတ်ခမ်းကိုဘဲနမ်းမှာ။
စုန့်ထင်ယွီဆေးထိုးခံရမှာကိုကြောက်တာလားဆိုပြီးစုရန်တွေးနေမိတယ်။
အဲ့ဒါကဆေးရုံရောက်တော့ရှင်းသွားတယ်။သူဆေးရုံလဲရောက်ရောဘယ်လိုဘဲပြောပြောဆေးမထိုးဘဲဆေးသောက်မယ်ချည်းဘဲလုပ်နေတယ်။
ဆရာဝန်ကအအေးမိတာသက်သာဖို့အထိရောက်ဆုံးနည်းလမ်းကဆေးထိုးလိုက်တာလို့ပြောပေမယ့်လဲသူကတော့ခေါင်းမာပြီးမထိုးဘူးဘဲလုပ်နေတယ်။
ဆေးထိုးမယ်လို့လဲပြောရောပြောလိုက်ရောသူမတ်တပ်ရပ်ပြီးအပြင်ကိုထွက်သွားလိုက်တယ်။
စုရန်လဲရှက်ပြီးဆရာဝန်ကိုပြောလိုက်တယ်: 'ခဏလောက်စောင့်ပေးနော်။ကျွန်မသူ့ကိုပြောလိုက်ပါဦးမယ်'
စုရန်သူ့အနောက်ကိုလိုက်သွားပြီး: 'စုန့်ထင်ယွီ ရှင်ဘာလုပ်နေတာလဲ?'
စုန့်ထင်ယွီသူမနဖူးကိုထုလိုက်ပြီး: 'ကိုယ်မင်းကိုပြောပြီးပြီမဟုတ်လား?ကိုယ်ဆေးမထိုးချင်ဘူး'
'ဒါကရိုးရိုးဆေးထိုးတာဘဲလေ။တစ်စက္ကန့်လောက်ဘဲနာပြီး မကြာခင်ရှင်ကောင်းသွားမှာ' စုရန်သူ့ကိုစကားကောင်းကောင်းပြောပြီးဖျောင်းဖျနေတယ်။
သူကတော့ခေါင်းခါနေတုန်းဘဲ။
စုရန်စိတ်တိုလာပြီး: 'ဝမ်ရှီတောင်မှဆေးထိုးတာကိုမကြောက်တာ ရှင်ကဘာလို့ကြောက်နေတာလဲ?ရှင်ဝမ်ရှီ့ကိုတောင်မယှဉ်နိုင်ဘူးလား?ရှင်မထိုးရင်ကျွန်မဝမ်ရှီကိုပြောလိုက်မှာ။သူ့ရှင့်ကိုရယ်လိမ့်မယ်'
'မင်းပြောရဲလား?'
'ရှင်မထိုးရင် ကျွန်မပြောရဲလားမပြောရဲလားစမ်းကြည့်လိုက်လေ' စုရန်ပြောတာကပြတ်သားလွန်းတော့သူပြန်မပြောနိုင်ဘူးဖြစ်နေတယ်။
စုန့်ထင်ယွီစ်ိတ်ထဲမှာလွန်ဆွဲနေတယ်။သူကလေးကိုလဲမရှုံးချင်ဘူး။ဒါပေမယ့်ဆေးထိုးဖို့ကလဲ ငယ်ငယ်ကတည်းကကြောက်တာ အခုထိဘဲ။
စုရန်သူ့ကိုနောက်ဆုံးအကြိမ်သတိပေးလိုက်တယ်: 'ရှင်ထိုးမှာလားမထိုးဘူးလား?မထိုးရင်ညကျရင်ဘာမှလာမပြောနဲ့တော့'
စုန့်ထင်ယွီမျက်လုံးချက်ချင်းအရောင်လက်သွားပြီး: 'ကိုယ်ဆေးထိုးလို့ရှိရင် ညကျလို့ကိုယ်တို့အိမ်ပြန်ရောက်ရင်မင်းကူညီမှာလားပြော'
စုရန်ရှက်နေပေမယ့်လဲအခုသူ့ကိုအထဲကိုခေါ်သွားဖို့ကတခြားနည်းလမ်းမရှိတော့ ခေါင်းညိတ်လိုက်ကာ: 'ဟုတ်တယ်'
'သွားရအောင်' စုန့်ထင်ယွီသူမလက်ကိုကိုင်ပြီးဆရာဝန်အခန်းကိုပြန်သွားလိုက်တယ်။
စုရန်လဲဆွံအသွားပြီး: 'ရှင့်ခေါင်းထဲမှာအဲ့ဒါတွနဲ့ဘဲဘာလို့ပြည့်နေရတာလဲ?'
စုန့်ထင်ယွီပြုံးပြီးဘာမှပြန်မပြောဘူး။
စုန့်ထင်ယွီဆေးသွင်းနေတုန်း အချိန်လဲမစောတော့ဘူးဆိုတော့ သူမစုန့်ဝမ်ရှီကိုသွားကြိုမလို့လုပ်လိုက်တယ်။သူမဆေးရုံကနေထွက်ခါစဘဲရှိသေးတယ်ရှီဟန်ဆီကနေဖုန်းလာခဲ့တယ်။သူတို့တွေဆေးရုံနဲ့နီးနေလို့စုန့်ဝမ်ရှီကိုလာပို့ပေးမယ်တဲ့။
စုရန်လဲသူတို့ကိုအားနာသွားပြီး: 'နင့်တို့ကိုအားနာလိုက်တာ.....'
'ရပါတယ်။ပြောစရာလူတွေမှမဟုတ်တာ။ငါတို့တွေရောက်တော့မယ်' ရှီဟန်ပြုံးပြီးဖုန်းချသွားတယ်။
သူမပြန်လာတာကိုတွေ့တော့စုန့်ထင်ယွီအံ့ဩသွားပြီး: 'မင်းဝမ်ရှီကိုသွားကြိုတာမဟုတ်ဘူးလား?'
'ရှီဟန်ကဒီနားရောက်နေလို့ဝမ်ရှီကိုလာပို့ပေးမယ်တဲ့'
စုန့်ထင်ယွီခေါင်းညိတ်လိုက်ပြီး: 'စုရန် ဒီကိုလာပြီးကိုယ်ကောင်းမကောင်းလာကြည့်ပေးဦး'
စုရန်သူ့အနားကိုသွားပြီးနဖူးကိုစမ်းကြည့်လိုက်ကာ: 'စောစောကလောက်မပူတော့သလိုဘဲ'
သူမပြောပြီးသွားတော့ စုန့်ထင်ယွီသူမခါးကိုဖက်ပြီးသူ့ပေါင်ပေါိင်မှာထိုင်ခိုင်းလိုက်တော့စုရန်လန့်သွားမိတယ်။
သူ့ရင်ခွင်ထဲမှာသူမဖရိုဖရဲနဲ့ထိုင်နေရတယ်။သူမလဲရုန်းလိုက်ပြီး: 'မလှုပ်ပါနဲ့။မင်းအေးအေးဆေးဆေးထိုင်နေလို့မရဘူးလား?'
'မလှုပ်နဲ့တော့။မဟုတ်ရင်ကိုယ်ဆေးသွင်းထားတဲ့ကြိုးကိုထိမိသွားလိမ့်မယ်' စုန့်ထင်ယွီသူမကိုသတိပေးလိုက်တယ်။
စုရန်: '......'
သူမအမှားလုပ်နေတယ်လို့သူပြောနေတာဘဲ။
သူတို့လူနာခန်းမှာရှိနေပေမယ့်ကံကောင်းလို့လူအများကြီးမရှိဘူး။မဟုတ်ရင်စုရန်သူ့သဘောအတိုင်းပေးလုပ်မှာမဟုတ်ဘူး။
'ဒီညကိုယ်တို့အိမ်ပြန်ရင်ဆွေးနွေးမယ့်အကြောင်းကိုမင်းမှတ်မိသေးတယ်ဟုတ်?'
စုရန်သူ့ကိုမျက်စောင်းထိုးလိုက်ပြီး: 'ကျွန်မမှတ်မိတယ်။သေသေချာချာကြီးကိုမှတ်မိတယ်။ရှင်ကျေနပ်ပြီမဟုတ်လား?ကျွန်မကိုလွှတ်လို့ရပြီလား?'
'မလွှတ်ပါဘူး'
စုရန်ရုန်းနေတုန်း အသံတစ်သံကိုကြားသွားတယ်: 'ရန်ရန် ငါဝမ်ရှီကိုခေါ်လာခဲ့ပြီ'
ရှီဟန်အသံဘဲ။
ရှီဟန်လဲအခန်းထဲကမြင်ကွင်းကိုတွေ့ပြီးအံ့ဩသွားတယ်။ရှီဟန်အပြင်ကိုမိန်းကလေးလှလှလေးတစ်ယောက်လဲပါသေးတယ်။စုရန်သူမကိုတစ်ခါမှမတွေ့ဖူးဘူး။ရှီဟန်ပြောပြောနေတဲ့လုကျင်ချန်ရဲ့အမေထင်တယ်။
စုန့်ဝမ်ရှီ၊ရှီနွမ်နွမ်နဲ့လုကျင့်ချန်တို့ကလေးသုံးယောက်လဲပါလာတယ်။
သူတို့တွေသူမကိုကြည့်နေတာကိုတွေ့တော့မှသူမစုန့်ထင်ယွီရင်ခွင်ထဲမှာဘဲရှိနေ
သေးတယ်ဆိုတာကိသတိရသွားတယ်။သူမလဲရှက်ပြီးမတ်တပ်ရပ်လိုက်တယ်။စုန့်ထင်ယွီလဲသူမကိုမတားတော့ဘူး။။
ကလေးတွေကတော့ဘာမှမသိလို့ဘာမှမဖြစ်ပေမယ့် လူကြီးနှစ်ယောက်ကတော့ရှက်နေကြတယ်။
စုရန်ချောင်းဟန့်လိုက်ပြီးပြောလိုက်တယ်: 'ဝမ်ရှီကိုခေါ်လာပေးလို့နှစ်ယောက်လုံးကိုကျေးဇူးတင်ပါတယ်'