စုရန်စိတ်တွေကပြဿနာတွေဖြစ်ခဲ့တဲ့ဆီကိုပြန်ရောက်သွားတယ်။စုဟုန်ဘယ်ကနေမှပိုက်ဆံမရနိုင်တော့နောက်ဆုံးသမီးဆီကနေရအောင်တစ်ခုခုကြံတော့တယ်။သူစုလိုင်ကိုချစ်တော့စုရန်ကိုအသုံးချခဲ့တယ်။အစကတော့စုန့်အိမ်ကနေပိုက်ဆံကိုခြိမ်းခြောက်ပြီးတောင်းမလို့ဘဲ။ဒါပေမယ့်သူမလဲကိုယ်ဝန်ရှိသွားရောသူအကြံတမျိုးပြောင်းလိုက်တယ်။စုရန်ကိုစုန့်မိသားစုဝင်အဖြစ်လက်ခံခိုင်းပြီးစုအိမ်ကိုနစ်နာကြေးပေးခိုင်းခဲ့တယ်။
စုန့်ထင်ယွီသူမမျက်နှာလေးကိုဆုပ်ကိုင်လိုက်ပြီးသူ့မျက်လုံးတွေကသူမကိုဘဲကြည့်နေကာ: 'အဲ့ဒီတုန်းကတကယ်ဘဲဘာတွေဖြစ်ခဲ့လဲဆိုတာကိုယ့်ကိုပြောပြပါ'
စုရန်လဲသူ့အကြည့်တွေကိုမရှောင်ဘဲသူ့ကိုပြန်ကြည့်လိုက်ကာ: 'ကျွန်မစကားကိုရှင်ယုံပေးမှာလား?'
'ကိုယ်ယုံပေးမယ်။မင်းပြောတာဆိုရင်ကိုယ်ယုံပေးမယ်'
အခုအချိန်မှာသူ့ရဲ့ရိုးရှင်းတဲ့စကားတစ်ခွန်းကြောင့်သူမနှလုံးသားလေးတုန်ခါသွားရတယ်ဆိုတာကိုသူမငြင်းလို့မရဘူး။
စုန့်ထင်ယွီရဲ့ယုံကြည်မှုကသူမအပေါ်ကိုအရမ်းကိုသက်ရောက်မှုရှိတယ်ဆိုတာကိုအခုမှသိသွားတယ်။
သူမဆံပင်တွေကိုနားကြားထဲညှပ်လိုက်ပြီး: 'အဲ့ဒီကိစ္စဖြစ်ပြီးတော့မှကျွန်မအဖေလုပ်တယ်ဆိုတာကိုကျွန်မလဲသိခဲ့တာ။သူထောင်ချောက်ဆင်တာကိုရှင်ခံလိုက်ရသလိုအမှန်တော့ကျွန်မလဲခံလိုက်ရတာ။သူစိတ်ကြွဆေးတွေထည့်ထားလိုက်တာ...'
အဲ့ဒီတုန်းကစုအိမ်ကပွဲတစ်ပွဲကိုစီစဉ်လိုက်တယ်။အဲ့ဒီတုန်းကစုမိသားစုကိုစုန့်ထင်ယွီအမြင်မကြည်တာကြောင့်မသွားချင်ခဲ့ဘူး။ဒါပေမယ်မဒမ်စုန့်က သူမတို့တွေကစီးပွါးတူတွေဖြစ်ကြပြီးတစ်ယောက်နဲ့တစ်ယောက်လေးစားမှုထားသင့်ပြီးတစ်ချိန်ချိန်မှာပူးပေါင်းမှုဖြစ်လာနိုင်တယ်လို့တွေးခဲ့တယ်။အဲ့ဒါကြောင့်စုအိမ်အရှက်မရရအောင်သူမစုန့်ထင်ယွီကိုသွားခိုင်းခဲ့တာ။
အဲ့ဒီပွဲကစုရန်နဲ့စုန့်ထင်ယွီတို့အတွက်စီစဉ်ထားတယ်ဆိုတာကိုသူတို့တွေမသိခဲ့ကြဘူး။
စုန့်ထင်ယွီလဲဒီလိုပွဲတွေကအချိန်ကုန်လို့ခဏဘဲနေမယ်လို့တွေးထားခဲ့တာ။သူပွဲကိုရောက်တာနဲ့စုဟုန်ကသူ့ကိုစုရန်ဆီကိုအတင်းဆွဲခေါ်သွားတယ်။စီစဉ်ထားတဲ့အတိုင်းစားပွဲထိုးကဝိုင်ကိုလာပေးတော့စုဟုန်သူတို့နှစ်ယောက်ကိုဝိုင်ခွက်ယူပေးလိုက်တယ်။
သူစုန့်ထင်ယွီနဲ့ဖန်ခွက်ချင်းတိုက်ပြီးစုရန်ကိုပြောလိုက်တယ်: 'ရန်ရန် ဥက္ကဌစုန့်နဲ့ဖန်ခွက်ချင်းတိုက်လိုက်ပါဦး'
စုရန်ကိုလဲဒီပွဲကိုအတင်းတက်ခိုင်းခဲ့တာ။ပွဲမစခင်စုရန်အတွက်ကျွမ်းကျင်တဲ့မိတ်ကပ်ပညာရှင်တွေနဲ့ဒီဇိုင်နာတွေကိုစုဟုန်ခေါ်ပေးခဲ့တယ်။သူမရွှေရောင်ဂါဝန်အပါးလေးနဲ့ဒေါက်ဖိနပ်ကိုစီးထားတယ်။ဒီဇိုင်နာကသူမရဲ့လှပတဲ့ခြေထောက်တွေပေါ်ရအောင်ဒူးအထိဘဲရောက်တဲ့ဆွဲဆောင်မှုရှိတဲ့ဝတ်စုံကိုပြင်ဆင်ထားပေးခဲ့တယ်။သူမအဲ့ဒီဝတ်စုံကိုဝတ်လိုက်တော့သက်တောင့်သက်သာမဖြစ်ဘူးလို့ခံစားနေရတယ်။အခုသူမကိုစုဟုန်ဆွဲခေါ်လာတော့မှသူ့အကြံကိုသိသွားတော့တယ်။စုဟုန်ကတုံးအလွန်းတယ်လို့သူမထင်တယ်။စုန့်ထင်ယွီကရည်းစားရှိပြီးအဲ့ဒီပိုင်ချီရွေ့ဆိုတဲ့အနုပညာရှင်နဲ့အမြဲတွဲသွားတွဲလာလုပ်နေတာကို သူမကိုဘယ်လိုလုပ်ပြီးကြိုက်မှာလဲ?
ပြီးတော့လဲစုဟုန်သူမကိုစုန့်ထင်ယွီနဲ့အတင်းတွေ့ခိုင်းတာဒါပထမဆုံးမဟုတ်တော့ဘူး။နောက်ဆုံးတစ်ခေါက်တွေ့တုန်းကလဲသူမကိုအထင်အမြင်သေးသလိုပုံစံနဲ့။စုဟုန်ဘာမဟုတ်တဲ့ကိစ္စမှာ ဘာလို့ဇွဲရှိနေတာလဲဆိုတာကိုစုရန်နားမလည်နိုင်ဘူး။
ပြီးတော့သူမဘာမှမပြောဘဲဝိုင်ခွက်ကိုမြှောက်လိုက်ပြီး: 'ဥက္ကဌစုန့် Cheers'
သုမဝိုင်သောက်ပြီးမကြာဘူးမူးပြီးတော့ပူလာသလိုခံစားလိုက်ရတယ်။သူမအရမ်းကိုမသက်မသာခံစားနေရပြီးဒီအတိုင်းထိုင်မနေနိုင်တော့ဘူး။သူမဘာဖြစ်နေမှန်းလဲမသိဘူးဖြစ်နေတယ်။
သူမထိုင်ပြီးနားနေတုန်းစုဟုန်သူမအနားကိုစိတ်ပူတဲ့ပုံစံနဲ့ရောက်လာပြီး: 'သမီးမူးနေပြီလား?'
စုရန်ကအရက်သောက်ကျင့်မရှိဘဲမူးတာကဘယ်လိုလဲဆိုတာကိုမသိတော့ သူမမူးနေတာလားမမူးဘူးလားဆိုတာကိုမခွဲခြားနိုင်ဘဲ: 'အဖေ ကျွန်မနေလို့မကောင်းလို့ အခန်းကိုပြန်ချင်တယ်...'
သူမမတ်တပ်ရပ်ချင်ပေမယ့် အမြင်တွေကဝေဝါးနေပြီ။
'ကောင်းပြီလေ။နေလို့မကောင်းဘူးဆိုရင်လဲအခန်းပြန်ပြီးနားတော့။ဒီအတိုင်းအပေါ်ကိုတက်နိုင်လား?အဖေတစ်ယောက်ယောက်ကိုလိုက်ပို့ခိုင်းလိုက်မယ်' အဲ့ဒီအချိန်မှာစုဟုန်အသံကစိတ်လှုပ်ရှားနေတာကိုစုရန်ကတော့အရမ်းကိုနေလို့မကောင်ဖြစ်နေတာကြောင့်မသိဘူးဖြစ်နေတယ်။
သူမကိုအပေါ်ထပ်ကိုခေါ်သွားခိုင်းလိုက်တော့သူမအခန်းထဲကိုရောက်သွားတယ်။
နွေရာသီပေမယ့်အခန်းထဲမှာလေအေးပေးစက်ကိုဖွင့်ထားတော့အရမ်းကိုအေးနေတယ်။ဒါပေမယ့်သူမဘာလို့ပူနေတာလဲဆိုတာကိုစဉ်းစားမရဘူးဖြစ်နေတယ်။
သူမလဲဂါဝန်ကိုအမြန်ချွတ်လိုက်ပီးအိပ်ယာပေါ်ကိုသွားလိုက်တယ်။
ဒါပေမယ့်လဲသူမနေလို့မသာတာကြောင့်အိပ်မရဘူးဖြစ်နေတယ်။သူမအသိဉာဏ်နဲ့စဉ်းစားတွေးခေါ်မှုတွေလဲပျောက်ဆုံးနေပြီ။ပစ္စည်းတွေကိုကြည့်လိုက်ရင်နှစ်ထပ်တွေဖြစ်နေပြီ။
သူမအသက်ရှူသံတွေလဲမြန်နေပြီ။
ဘယ်လောက်ကြာသွားလဲမသိဘူး သူမအခန်းတံခါးကိုတစ်ယောက်ယောက်ကဖွင့်ပြီးဝင်လာခဲ့တယ်။သူမလဲဘယ်သူဝင်လာလဲဆိုတာကိုစဉ်းစားဖို့အသိစိတ်မရှိတော့ဘူး။
သူမကတော့နေလို့မကောင်းဘဲသေချင်နေတော့တာဘဲသိတယ်။
အဲ့ဒီတစ်ယောက်ကသူမအိပ်ယာဘေးမှာဝင်အိပ်လိုက်တယ်။အစကတော့သူမတို့နှစ်ယောက်လုံးဘေးချင်းကပ်အိပ်နေကြတာဘဲ။ဒါပေမယ့်ဘယ်သူကစလိုက်လဲမသိဘူးသူမတို့နှုတ်ခမ်းတွေကထိသွားပြီးကြမ်းတမ်းစွားနမ်းနေကြတယ်။မကြာခင်မှာဘဲသူမတို့နှစ်ယောက်စလုံးအဝတ်တွေမရှိကြတော့ဘူး။
နောက်နေ့ရောက်တော့အပြင်ကအသံတွေကြောင့်သူမတို့နှစ်ယောက်လုံးနိုးလာခဲ့တယ်။
သူမလဲမျက်လုံးဖွင့်ကြည့်လိုက်ပြီးဘာတွေဖြစ်မှန်းမသိခင်မှာတံခါးဝမှာလူတွေအများကြီးရှိနေတာကိုတွေ့သွားတယ်။စုလိုင်၊စုဟုန်၊ချောင်ချောင်၊အိမ်ထိန်းအားလုံးဘဲ။
အဲ့ဒီအချိန်မှာတစ်ယောက်ကအံ့ဩပြီးသူမနာမည်ကိုခေါ်လိုက်တယ်: 'စုရန်'
စုဟုန်လဲဟန်ဆောင်ထားတဲ့မျက်နှာတည်ကြီးနဲ့အားလုံးကိုထွက်သွားခိုင်းလိုက်တယ်။ပြီးတော့တံခါးကိုလော့ချပြီးပြောလိုက်တယ်: 'နှစ်ယောက်စလုံးအင်္ကျီအမြန်ဝတ်လိုက်ကြ'
စုန့်ထင်ယွီလဲနိုးလာပြီးသူမကိုလှောင်နေတဲ့မျက်နှာနဲ့: 'ငါမထင်ထားခဲ့ဘူးစုရန်။မင်ကငယ်ငယ်လေးနဲ့အကြံပက်စက်လှချည်လား?ငါနဲ့အိပ်ရဖို့ကိုဒီလိုမျိုးလုပ်တယ်ပေါ့လေ'
စုန့်ထင်ယွီစိတ်ထဲမှာတော့စုရန်ကစုဟုန်နဲ့အလိုတူအလိုပါဘဲ။
စုန့်ထင်ယွီလဲတစ်ခါမှဒီလိုခံရတဲ့လူမဖြစ်ဖူးတော့စိတ်ဆိုးပေမယ့်အံ့တော့မအံ့ဩဘူး။
စုရန်လဲအိပ်ယာပေါ်ကသွေးတွေနဲ့သူမအဝတ်မပါတာကိုသတိထားမိသွားတယ်။ဘာတွေဖြစ်သွားလဲဆိုတာကိုသူမသိနေပြီ။ဒါတွေကသူမကဲ့အဖေကြောင့်ဆိုတာကိုလဲသိသွားပြီ။
သူဘဲဒါတွေကိုစီစဉ်ထားတာကို ဟန်ဆောင်နေသေးတယ်။
သူတို့တွေအင်္ကျီဝတ်ပြီးတော့စုဟုန်ကတော့သမီးချစ်အဖေပုံစံကိုဟန်ဆောင်နေတုန်းဘဲ။စုန့်ထင်ယွီကိုနစ်နာကြေးလာပေးဖို့ကိုအိမ်ပြန်ပြီးစဉ်းစားခိုင်းလိုက်တယ်။
ဝမ်းနည်းစရာကောင်းတာကသူပြောပြီးတာနဲ့စုန့်ထင်ယွီလှည့်ထွက်သွားတော့တာဘဲ။
စုန့်ထင်ယွီကိုထိန်းချုပ်လို့မရဘူးဆိုတာကိုစုဟုန်သိသွားတော့ စုန့်မိသားစုပါပါလာအောင်သူစီစဉ်တော့တာဘဲ။အဲ့ဒီနေ့ပြီးတော့ရက်တော်တော်ကြာမှာစုရန်ကိုစုန့်အိမ်ကိုခေါ်သွားခဲ့တယ်။စုရန်ကိုယ်ဝန်ရှိတာကိုမသိခင်ဆိုတော့တစ်လကြာလောက်ထင်တယ်။
အခုထိတောင်စုရန်ပြန်စဉ်းစားမိရင်စုဟုန်လက်မောင်းနှစ်ဖက်ကိုကိုင်ပြီးမေးချင်သေးတယ်: 'ဘာလို့ဒီလောက်တောင်အရှက်မရှိတဲ့လုပ်ရပ်မျိုးကိုလုပ်ရတာလဲဆိုပြီးတော့'