The Legendary Master's Wife [...

By melon_rays

466K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... More

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-658

3.7K 700 48
By melon_rays

Scroll down for Zawgyi.

အပိုင်း ၆၅၈- ကန့်လန့်ကာချခြင်း

ကူမာမျိုးနွယ်စုနှင့် ရွှေ့ရှီမျိုးနွယ်စုတို့အကြား
စစ်ပွဲက အင်မတန်မှ အပျက်အစီးအဆုံးအရှုံးများလှ
သည်။  စစ်မြေပြင်ဝယ် အလောင်းများ ပျံ့ကြဲလျက်
ရှိကာ နှစ်ဖက်စလုံး အထိနာခဲ့ကြသည်။

လင်းရှောင် ဝင်ရောက်လာ၍ ဖြူစင်မြင့်မြတ်သော
ကြာပန်းဖြူ ဇူးမားကို မျိုးနွယ်စုကြီးသုံးခု၏
စွမ်းအားကြီးပုဂ္ဂိုလ်များ ရှေ့မှောက်တွင်
အနိုင်ယူခဲ့သည့်နေ့ ပြီးနောက်၌ ဇူးမား၏
ကျင့်ကြံဆင့်မှာ လူတိုင်းသိထားကြသကဲ့သို့
အဆင့်ခြောက် မဟုတ်တော့သည်မှာ သေချာလာခဲ့
သည်။

လင်း​ရှောင်သည် သူမအား အစွမ်းကုန်ထုတ်သုံးစေ
ခဲ့ပြီး သူမ၏ကျင့်ကြံဆင့်ဟာလည်း အဖော်ထုတ်ခံခဲ့
ရသည်။

သူမသည် အဆင့်ခုနစ်မှော်ဆရာလုံးလုံး
မဟုတ်သော်ငြားလည်း အဆင့်ခုနစ်မှော်ဆရာ
အဆင့်သို့ ခြေလှမ်းဝက်မျှ ဝင်နေပြီဖြစ်ပြီး
လင်း​ရှောင်နှင့်တူညီလုနီးပါးရှိသော ကြယ်ခြောက်ပွင့်
နတ်ဒေဝါအဆင့်မှာ ရှိသည်။

သို့သော်လည်း ဇူးမား မိမိကိုယ်ကိုယ်ယုံကြည်မှု
လွန်ကဲနေရခြင်း၏ အကြောင်းရင်းခံမှာ ဤအချက်
မဟုတ်ပေ။ လင်းရှောင်က သူမ ပြိုင်ဖက်
မဖြစ်နိုင်ဘူးဟု ခံစားရခြင်းမှာ ထုံထျန်းဧကရာဇ်နှင့်
တိုက်ပွဲကြောင့်ဖြစ်၏။

ထုံထျန်းဧကရာဇ်က အလွန်စွမ်းအားကြီးသည်။
ထိုအချိန်က လင်းရှောင် ပြန်ဆုတ်နိုင်ခဲ့ခြင်းမှာ
သူ့ကိုယ်ပိုင် ပိုင်နက်ကို ဖောက်ခွဲပစ်ခဲ့ခြင်းကြောင့်
ဖြစ်သည်။ သူတို့အဆင့်ရှိ လူများအတွက်
ပိုင်နက် အဖျက်ဆီးခံရလျှင် ခံရမည့် တန်ပြန်ဒဏ်က
အဆများစွာ များပြားသည်။ ပိုင်နက်ကို ပြန်လည်
ကျင့်ကြံရန် အချိန်လိုအပ်သဖြင့် လင်းရှောင်၏
ဒဏ်ရာများ အရှင်းမပျောက်သေးဘူးဟု သူမက
နိဂုံးချုပ်လိုက်တာ ဖြစ်သည်။ ပိုင်နက်မရှိဘဲနှင့်
သူ၏ စွမ်းအားက ကြီးမားစွာ လျော့နည်းသွားလိမ့်
မည်။

ထိုစစ်ပွဲ၏သက်ရောက်မှုက ကြီးမားလွန်း၍
လူများစွာ သတင်းများ ရခဲ့ကြသည်။

ပင့်ကူနက် ရသည့် သတင်းက ပိုမိုတိကျမှုရှိပြီး
လင်းရှောင်နှင့် ထုံထျန်းဧကရာဇ်တို့ တိုက်ပွဲကို
စကားတစ်လုံးချင်းစီကစ မှတ်တမ်းတင်ထားရှိသည်။
ထိုမှတ်တမ်းကို ဇူးမားလည်း မြင်ပြီးခဲ့ပြီဖြစ်သည်။

ကံဆိုးစွာဖြင့် သူမက မမျှော်လင့်ထားသော
အချက်များကို ထည့်မတွက်ခဲ့ပေ။

ယူရှောင်းမို၏ စိတ်စွမ်းအင်ရေကန်ဟာ သဘာဝကို
ဆန့်ကျင်နေသည့် တစ်စုံတစ်ရာဖြစ်သည်။
လင်းရှောင်က ဒဏ်ရာကုသရန် စိတ်စွမ်းအင်
ရေကန်၏ သုံးပုံတစ်ပုံ အသုံးပြုခဲ့သည်။
သူ့အတွင်းဒဏ်ရာ မပျောက်ဘူးဆိုပါမှ ယုတ္တိမရှိ၊
အကြောင်းပြချက်ထက် ကျော်လွန်သော
တစ်စုံတစ်ရာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် တိုက်ပွဲမှ ဒဏ်ရာများသာ ပျောက်ကင်းရုံ
မကဘဲ ကြယ်ခြောက်ပွင့်ကို အတင်းဝင်ရောက်
ထားခြင်းမှ လက်ကျန်သက်ရောက်မှုများလည်း
ပျောက်ကင်းသွားခဲ့ပေရာ လင်းရှောင်၏
အခြေအနေမှာ သူ၏အကောင်းဆုံးအခြေအနေတွင်
ရှိနေသည်ဟုပင် ဆိုလို့ရသည်။

လင်းရှောင်အတွက်တော့ ပိုအားနည်းသောသူများ
အပေါ်  နူးညံ့၍ ကာကွယ်လိုသောခံစားချက်များ
ဆိုသည်မှာ သူ့ဇနီးအပေါ်မှာပဲ ရှိသည်။ ထို့အပြင်
ဇူးမားဟာ အမျိုးသမီးတစ်ဦးဖြစ်လျှင်တောင်
သူ့ဇနီးလေးအတွက် ထည့်စဉ်းစား၍ သူမအပေါ်
ညှာတာပေးဖို့ မဖြစ်နိုင်တော့ပေ။

နောင်လအနည်းငယ်ဆို သူနှင့် လင်းရှောက်ယီတို့
သဘောတူညီထားသည့် အချိန်ကို ရောက်တော့မည်
ဆိုတာ သူမမေ့ထားပေ။ မှော်ဆရာစုဝေးပွဲကြီး
မကျင်းပဖြစ်ခဲ့လျှင်တောင် လင်းရှောက်ယီက
ထိုကိစ္စကို ထိုအတိုင်းထားမှာ မဟုတ်ဘူးဆိုတာ
သူသိနေသည်။ ထိုအချိန်ကျ တိုက်ခိုက်မည့်လူက
ဇူးမားဖြစ်ဖို့များပေရာ သူ့အနေဖြင့်
လင်းရှောက်ယီအား ထိုးနှက်ချက်တစ်ခုပေးဖို့
အစီအစဉ်မရှိဘူးဆိုလျှင်တောင် အဦးဆုံး
သူ့ဇနီးလေးအတွက် လမ်းဖောက်ပေးသင့်သေးသည်။

ဇူးမားသည် လင်းရှောင်ကြောင့် ဆိုးဆိုးဝါးဝါး
ဒဏ်ရာရရှိသွားခဲ့သည်။ ကြာပန်းအပဲ့ဖြစ်သွားသော
ကြာပန်းဖြူမှာ ပင့်ကူနက်နှင့် ကူမာမျိုးနွယ်စုတို့
စခန်းသို့ ပြန်လည်သယ်ဆောင်သွားခံခဲ့ရသည်။
ထိုနေရာမှာ ယူရှောင်းမို မရှိနေတာ ကံဆိုးလှသည်၊
မဟုတ်ပါက ထိုစဉ်တုန်းက တစ်နေရာလုံးနီးပါး
တိတ်ဆိတ်သွားစေခဲ့သည့် သူ့လူ၏ အံ့အားသင့်စရာ
မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်ရနိုင်ခဲ့ပေလိမ့်
မည်။

နောက်ဆုံး၌ ပထမဆုံး တုံ့ပြန်သူမှာ ဝမ်ထုန့်ပင်၊
သူက ပြန်လည်ဆုတ်ခွာနေသော ရန်သူများကို
လိုက်လံတိုက်ခိုက်ရန် ဝမ်ရှားမျိုးနွယ်စုကို
ဦးဆောင်၍ မော့ချီရှစ်ယွမ်နှင့်အတူ ပူးပေါင်း
တိုက်ခိုက်ခဲ့သည်။

သို့သော်လည်း ကူမာမျိုးနွယ်စုနှင့် ပင့်ကူနက်တို့က
အလွန်သန်မာကြသေးရာ ဇူးမား၏ရှုံးနိမ့်မှုကြောင့်နှင့်
သူတို့ကို အနိုင်ကျင့်ဖို့ မလွယ်ကူပေ။ နှစ်ဖက်စလုံး
ညနက်သည်အထိ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရသူများ၊
သေဆုံးသူများ ဆက်တိုက်ရှိလာကြသည်။
တုံကျိုး၌ နှစ်ထောင်ချီကြာခဲ့သော လွန်ဆွဲမှုအား
ဤစစ်ပွဲက အဆုံးအဖြတ်ပေးမည်မှန်း လူတိုင်း
သိနေကြသည်။

ကူမာမျိုးနွယ်စုအနေနဲ့ ဖိအားမြင့်တက်လာပြီး
သူ ကျရှုံးတော့မည်မှန်း မြင်ရသည့်အခါ မော့မာ၏
မျက်လုံးများ နီရဲလာတော့သည်။ မော့ချီရှစ်ယွမ်နှင့်
ဝမ်ထုန့်တို့လက်ထဲသာ ရောက်သွားပါက အဆုံးသတ်
ကောင်းမှာမဟုတ်မှန်း သိသဖြင့် သူက
ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ဖို့ ရွေးချယ်လိုက်၏။

သူ့အဆုံးစီရင်မှု၏ အားထဲတွင် လူအချို့
ပါဝင်သွားလေသည်။ ကံမကောင်းရှာသော
ထိုလူများမှာ အလောင်းပင်မကျန်ပေ၊
ကံကောင်းသောသူများမှာလည်း ဒဏ်ရာ
အပြင်းအထန် ရ၍ ကျန်ခဲ့၏။ အဆုံးသတ်၌
နှစ်ဖက်စလုံး အထိနာသည်။ သို့သော်လည်း
ကူမာမျိုးနွယ်စုမှာ ပင့်ကူနက်၏အကူအညီ
မရှိတော့သဖြင့် စစ်လျော်ကြေးအဖြစ်သို့ ကျဆင်း
သွားတော့သည်။

လူတိုင်း စစ်မြေပြင်ကို ရှင်းလင်းနေကြချိန်တွင်
ယူရှောင်းမို ရောက်လာ၏။

မော့ချီရှစ်ယွမ်ကတော့ လူအချို့နှင့်အတူ
မျိုးနွယ်စုသို့ ပြန်သွားနှင့်ပြီဖြစ်သည်။ ဘိုးဘေး
ဗိမ္မာန်အကြောင်း သတင်းကို အစောပိုင်းကတည်းက
သူ သတင်းရခဲ့ပေမဲ့ စစ်ပွဲ၏ တင်းမာ၍ ရှုပ်ထွေးသော
အခြေအနေကြောင့် ထွက်မသွားနိုင်ခဲ့ပေ။ သို့ဖြစ်ရာ
စစ်ပွဲပြီးတော့မှသာ အမြန် ပြန်နိုင်သည်။ သို့သော်
သူက ပါးနပ်စွာဖြင့် ဖူကျစ်လင်းကို နေခဲ့ခိုင်းခဲ့၏။

သူပေါ်လာချင်းချင်းမှာပဲ လင်းရှောင်က ခံစားမိသည်။

ယူရှောင်းမိုက လင်းရှောင်အား 'OK' ဟု
ခိုးကြောင်ခိုးဝှက် အချက်ပြလိုက်၏။ အခြားသူတွေ
နားမလည်နိုင်ပေမဲ့ လင်း​ရှောင်ကတော့ ယူရှောင်းမို
ရှင်းပြဖူးထားတာကြောင့် နားလည်နိုင်လေသည်။

"ခိုက်မိသေးလား"

လင်းရှောင်က ရောက်လာကာ သူ့တစ်ကိုယ်လုံးကို
စစ်ကြည့်သည်။ အဝတ်များ အနည်းငယ် ညစ်ပတ်
နေရုံမှအပ တကယ်တမ်း ဘာမှမဖြစ်ခဲ့ပေ။

ယူရှောင်းမိုက ရင်ဘတ်ကိုကော့၍ ဂုဏ်ယူဝင့်ကြွားစွာ
အလေးအနက် ပြောလိုက်၏။

"ဘာများဖြစ်နိုင်မှာတဲ့လဲ။ အဲ့လူတွေက
ကျွန်တော့်လောက်လည်း မစွမ်းပါဘူး၊ သူတို့ကို
ဖြေရှင်းပြီးပေါ့"

"အဲ့လူတွေ?"

လင်းရှောင်က မျက်ခုံးတစ်ဖက်ပင့်ကာ မေးသည်။

ယူရှောင်းမိုက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် သုံးယောက်၊ သုံးယောက်စလုံး
စိတ်မျက်လုံးကို ချောင်းနေကြတာ။ မျက်နှာဖုံးနဲ့
အင်္ကျီအနက်တွေနဲ့က နှစ်ယောက်၊ တစ်ယောက်က
ခရမ်းရောင်နဲ့။ အဲ့လိုလူတွေ စိတ်မျက်လုံးအကြောင်း
သိနေမယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ ခရမ်းနဲ့လူက
ကျွန်တော် စိတ်မျက်လုံးကို နယ်မြေထဲ
ထည့်နေတာကို မြင်သွားတယ်၊ သူက ထုတ်ပြော
ပစ်လောက်တယ်"

ကောင်းချီးငါးဖြာစိတ်မျက်လုံး၏ အမြင့်ဆုံး
အဆင့်ဆိုသည်မှာ လောကတွင် နံပါတ်တစ်ရတနာ
တစ်ခု ဖြစ်သည်။ အကယ်၍ ၎င်း၏သတင်းများ
ပျံ့နှံ့သွားခဲ့ပါက ဝံပုလွေတွေ၊ ကျားတွေ၊
ကျားသစ်တွေ ဘယ်လောက်တောင် ဆွဲဆောင်
ခံရမည်မှန်း မသိနိုင်ပေ။ ​ရွှေ့ရှီမျိုးနွယ်စုမှလူများ
တွေ့ရှိသွားကြမှာ စိုး၍မဟုတ်ပါက ဖန့်ယန်အား
နှုတ်ပိတ် လက်စဖျောက်ပစ်ခဲ့မှာ သေချာသည်။

"ကိုယ်မှန်ရင် သူက ပင့်ကူနက်က ဖန့်ယန်ပဲ
ဖြစ်လိမ့်မယ်"

လင်းရှောင်က မရေရာစွာ တိုးတိုးရေရွတ်လိုက်သည်။
ပင့်ကူနက်မှာ ဖန့်ယန်ဟုအမည်ရသော နောက်ထပ်
စစ်သူကြီးတစ်ဦး ရှိသေးသည်ဟု မော့ချီရှစ်ယွမ်
ပြောတာ သူကြားဖူးသည်။ သူဟာလည်း
ခရမ်းရောင်ဝတ်သည့် နတ်ဘုရားအဆင့် ကျင့်ကြံသူ
ဖြစ်သည်။ *ထိုလူက သူ့လက်ထဲမှာ သေသွားပြီ
ဆိုပေမဲ့ ခွန်အားက မော့ချီရှစ်ယွမ်ပြောသလောက်
မသန်မာတာ သေချာသည်။

(* t/n -လင်း​ရှောင်လက်ထဲသေတာက ဖန့်ယန်
ထားခဲ့တဲ့ ဖန့်ယန်အတုပါ)

ဖန့်ယန်က ဒီအကြောင်း သိနေပြီဆိုလျှင်
လင်း​ရှောက်ယီလည်း သိလိမ့်မှာ သေချာသည်။

ထိုလင်းရှောက်ယီကသာ အဆင့်လွန်စိတ်မျက်လုံးကို
ထိုမျှအရေးထားသည် ဆိုပါက သူနှင့်
လင်းရှောင်တို့အကြား ထိပ်တိုက်တွေ့ခြင်းဟာ
အရှေ့တိုးလာကောင်းတိုးလာနိုင်သည်။

ယူရှောင်းမို တစ်နည်းတစ်ဖုံ စိုးရိမ်နေသည်။
ယခုအချိန်အထိ လင်းရှောက်ယီကို ကိုယ်တိုင်
မတွေ့ဖူးသေးပေမဲ့ ဇူးမားလို စွမ်းအားကြီး
ပုဂ္ဂိုလ်မျိုးကို လက်အောက်ခံစေနိုင်ဖို့ဆို
သူ့ခွန်အားက သာမညောင်ည မဟုတ်တာ
သေချာသည်။

"မပူပါနဲ့ လင်းရှောက်ယီက စိတ်လိုက်မာန်ပါ
လုပ်တဲ့ လူမျိုးမဟုတ်ဘူး။ မင်းမှာ စိတ်မျက်လုံး
ရှိတယ်ဆိုတာ သိရင်တောင်မှ သူက အစီအစဉ်
မရှိဘဲနဲ့ လှုပ်ရှားမှာမဟုတ်ဘူး။ အဲ့နောက်ကတော့
မင်း ကိုယ့်ဘေးက တစ်ဖဝါးမှမခွာသရွေ့
အဆင်ပြေတယ်"

လင်းရှောင်က သူ့စိတ်ထဲ စိုးရိမ်နေတာကို သိ၍
ခေါင်းလေးပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။

ကောင်းကင်ဘုံ ပြိုကျလာခဲ့ရင်တောင်မှ
ကာဆီးပေးနေမယ့် အရပ်ရှည်ရှည်လူတစ်ယောက်
ရှိတယ်။

ယူရှောင်းမိုမှာ ၎င်းကို တွေးပြီး စိတ်သက်သာရာ
ရသွားတော့သည်- သူ့လူက အရပ်ရှည်တယ်လေ!

ရွှေ့ရှီမျိုးနွယ်စုနှင့် ဝမ်ရှားမျိုးနွယ်စုတို့
စစ်မြေပြင်ကို ရှင်းလင်းဖို့ နေ့တစ်ဝက်မျှ အချိန်ကုန်
သွား၏။ သူတို့မျိုးနွယ်စုများမှ နစ်နာသူများမှအပ
ကူမာမျိုးနွယ်စုနှင့် ပင့်ကူနက်မှ ကျင့်ကြံသူများ
အပါအဝင် ကျန်အရာအားလုံးမှာ စစ်လျော်ကြေးများ
ဖြစ်ကြသည်။

ဤအဖြစ်အပျက်တွင် လင်းရှောင်က ပံ့ပိုးမှု
အများဆုံးဖြစ်ရာ ဝေစု အကြီးဆုံးရရှိပြီး
ဒါတွေအားလုံးကတော့ သဘာဝကျစွာဖြင့်
ယူရှောင်းမို၏အိတ်ကပ်ထဲသို့ ရောက်ရှိသွား၏။

ဤကိစ္စလေးများအား ဖြေရှင်း ပြီးနောက်တွင်
ကူမာမျိုးနွယ်စုအား မည်သို့ကိုင်တွယ်ရမည်နှင့်
ပတ်သက်၍ စတင်ပြီး ဆွေးနွေးကြတော့သည်။

မော့မာ သေသွားပြီးသည်နှင့် ကူမာမျိုးနွယ်စုဟာ
ခေါင်းဆောင်မရှိသော အုပ်စုတစ်ခု ဖြစ်လာခဲ့ပြီ
ဖြစ်သည်။ သို့ပေမဲ့ တုံကျိုးရှိ မျိုးနွယ်စုကြီးသုံးခု၏
ပထမအနေဖြင့် သူတို့ နောက်ခံက အလွန်နက်ရှိုင်း
နေတုန်းပဲဖြစ်သည်။ ကူမာမျိုးနွယ်စုမှ
ကျင့်ကြံသူများကို သူတို့လက်အောက် သစ္စာခံစေဖို့
ခက်ခဲရုံသာမက ပြဿနာလည်း အလွန်များသည်။
သူတို့ မည်ကဲ့သို့ပင် ခွဲဝေပါစေ ၎င်းက ခက်ခဲသော
ပြဿာတစ်ခု ဖြစ်နေတုန်းပင်။

သို့သော်လည်း ရှယင်သည် မော့ချီရှစ်ယွမ်နှင့်
သဘောတူညီချက်တစ်ခု ရှိထား၏၊ ၎င်းမှာ
မော့မာကိုကိုင်တွယ်ရာတွင် မော့ချီရှစ်ယွမ်ကို
သူမက ကူညီမည်ဖြစ်သည်၊ သို့ပေမဲ့ အားလုံး
လက်စသတ်ပြီးသည့်အခါ သူမက ကူမာမျိုးနွယ်စု
တစ်ခုလုံးကို လိုချင်သည်။

သုံးသပ်ရလျှင် ကူမာမျိုးနွယ်စုကို ရှယင်ဆီ
လက်လွှဲလိုက်တာ အကောင်းဆုံးအဖြေပဲဖြစ်သည်။

ရှယင်ဟာ မော့မာနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသော်လည်း
ကူမာမျိုးနွယ်စုအတွင်း သူမ ဂုဏ်သတင်းက
အရမ်းကြီး မထိခိုက်ထားပေ။ မျိုးနွယ်စုလူများက
ရှယင် သူတို့ကို အုပ်ချုပ်တာကို ပိုဆန္ဒရှိကြကောင်း
ရှိကြနိုင်သည်၊ သို့သော် ပုန်းကွယ်နေသော
အန္တရာယ်အချို့ ရှိသည်။ မော့ချီရှစ်ယွမ်ရော
ဝမ်ထုန့်တို့ရော နှစ်ဦးစလုံးက ကူမာမျိုးနွယ်စု
ထပ်မံ၍ မြင့်တက်လာမှာ မမြင်ချင်ကြပေ။

ဤပြဿနာကို ဆွေးနွေးနေကြသည်မှာ ကြာပြီ
ဖြစ်သော်လည်း အချုပ်တစ်ခုမှ မရောက်နိုင်သေးချေ။

ယူရှောင်းမိုနှင့် လင်းရှောင်တို့ကတော့ ဤအရာများ
စိတ်မဝင်စားပေ။ တုံကျိုးရှိ စစ်ပွဲမှာ ကန့်လန့်ကာ
ချတော့မည်ဖြစ်ကာ သူတို့လည်း စိတ်မျက်လုံးကို
ရထားပြီ ဖြစ်သည်။ သူတို့အတွက် ထပ်နေဖို့
မလိုတော့ပေ။

သို့သော်လည်း ဖန်ချန်းလဲ့နှင့် ဖူကျစ်လင်းတို့က
သူတို့နှင့် ထွက်သွားချင်ကြလေသည်။

ရွှေ့ရှီမျိုးနွယ်စု၏ အကျပ်အတည်းမှာ ဖြေရှင်းပြီး
သွားပြီ ဖြစ်ကာ မော့ချီရုန်ဟာလည်း ရာထူးကို
လက်ခံနိုင်တာ ကြာပြီဖြစ်သည်။ ပုရောဟိတ်
ရာထူးကို သူ့ထံ လွှဲပြောင်းပေးအပ်နိုင်ပြီဖြစ်သည်။
မော့ချီရုန်နဲ့ ယန်ဟွေ့နဲ့ တစ်ခါ တိုက်ခိုက်ဖူးပြီးပြီဟု
ယူရှောင်းမို ကြားသည်။ သူတို့နှစ်ယောက်စလုံး
လက်ရည်တူနေပြီး ဘယ်သူမှ အသာစီးမရကြပေ။
အဆုံးမှာ ယန်ဟွေ့နဲ့ ပင့်ကူနက်မှလူများ အတူတူ
ထွက်ပြေးသွားခဲ့ကြသည်။

သို့သော်ငြားလည်း မော့ချီရှစ်ယွမ်မှာ ဖန်ချန်းလဲ့နှင့်
ဖူကျစ်လင်းတို့ကို သွားခွင့်ပြုဖို့ရာ တွန့်ဆုတ်နေလေ
သည်၊ အထူးသဖြင့် ဖန်ချန်းလဲ့ပင်။ ဖန်ချန်းလဲ့က
သူထင်ထားသည်ထက်ကို ပို၍ ရွှေ့ရှီမျိုးနွယ်စု
အတွက် အဖိုးတန်လှသည်။ သူထွက်သွားမည်ဆိုလျှင်
ရွှေ့ရှီမျိုးနွယ်စုအတွက် များစွာ ထိခိုက်နစ်နာခြင်းပင်။

သို့သော်လည်း မော့ချီရှစ်ယွမ်မှာ ဖန်ချန်းလဲ့ကို
ထိန်းထား၍မရနိုင်မှန်း သိနေ၏။ ယူရှောင်းမိုနှင့်
လင်းရှောင်တို့ ဒီမှာမရှိနေပါက အဆင်ပြေသေးသည်၊
သို့သော် သူတို့အကြား ပတ်သက်မှုကို
သိထားပြီးနောက်မှာတော့ သူတို့ကို ဖျောင်းဖျလို့
ရမှာမဟုတ်မှန်း သိသည်။

သို့တိုင် မော့ချီရှစ်ယွမ်၏ တောင်းပန်မှုအောက်၌
သူတို့မှာ အချိန်တစ်ခုကြာအောင် နေဖို့
သဘောတူဖြစ်သွားလေသည်။

သူ့ရှစ်ရှုန်းနှစ်ယောက်နဲ့ သူ့အကြား ပတ်သက်မှုကို
လူတိုင်း သိနေကြတာပဲဟု တွေး၍ ယူရှောင်းမိုလည်း
သူတို့နဲ့ ခဏနေပြီးမှပဲ ရှီကျင်းကို အတူတူပြန်ကြဖို့
ဆုံးဖြတ်လိုက်တော့သည်။

ဤကာလအတွင်း သူ့မှာ မော့ချီရှစ်ယွမ် သိရှိသွားမှာ
စိုး၍ စိတ်မျက်လုံးနဲ့ကျင့်ကြံဖို့ နယ်မြေထဲမဝင်ရဲပေ။
ဘိုးဘေးဗိမ္မာန်အား ဖျက်ဆီးသွားသည့် လက်သည်
တရားခံကို ရှာဖို့ စုံစမ်းမှုများ အဆက်မပြတ်
ပြုလုပ်နေရာ မော့ချီရှစ်ယွမ်လည်း တစ်လုံးစ
နှစ်လုံးစတော့ ကြားထားရင်ကြားထားလောက်သည်။

ဖြစ်ပျက်သည့်နေ့က အနက်ဝတ်လူနှစ်ယောက်က
တောင်နောက်ဘက်သို့ ပြေးသွားခဲ့ရာ
တောင်အနောက်ဘက်ရှိ ကောင်းချီးငါးဖြာ
စိတ်မျက်လုံးနှင့် ဆက်စပ်မိပြီး အတွင်းက
လိုဏ်ခေါင်းကို မော့ချီရှစ်ယွမ် တွေ့သွားမှာကို
ယူရှောင်းမို စိုးရိမ်နေသည်။

ကံကောင်းစွာဖြင့် ကူမာမျိုးနွယ်စု ကိစ္စများကို
မဖြေရှင်းရသေးသဖြင့် မော့ချီရှစ်ယွမ်က
စုံစမ်းမှု သိပ်မလုပ်ခဲ့ပေ။ ထို့နောက်တွင် ဖန်ချန်းလဲ့၏
ညွှန်ပြမှုဖြင့် ကိစ္စများ အဆင်ချောသွားတော့သည်။
အဆုံးတွင် ကူမာမျိုးနွယ်စုကို ရှယင်ထံ
လွှဲပြောင်းပေးဖို့ ဆုံးဖြတ်လိုက်သည်၊ သို့သော်လည်း
သူတို့က ရှယင်ကို ရွှေ့ရှီ၊ ဝမ်ရှားမျိုးနွယ်စုတို့နှင့်
မည်သည့်အခါမှ ရန်သူမလုပ်ပါဟု သစ္စာဆိုစေချင်
ကြ၏။ ဒါပေါ့လေ၊ သူတို့ဘက်ကလည်း 
ကူမာမျိုးနွယ်စုကို စပြီးမတိုက်ခိုက်ပါဘူးဟု
ကတိပေးထားသည်။

လဝက်ကြာပြီးနောက်တွင် လူငါးယောက်အဖွဲ့ဖြင့်
သူတို့ ရှီကျင်းသို့ ပြန်ခဲ့ကြတော့သည်။

ရှီကျင်းရှိအခြေအနေဟာလည်း ယူရှောင်းမို
မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာ
ဖွံ့ဖြိုးနေခဲ့လေသည်။
_____________________

Zawgyi.

အပိုင္း ၆၅၈- ကန႔္လန႔္ကာခ်ျခင္း

ကူမာမ်ိဳးႏြယ္စုႏွင့္ ေရႊ့ရွီမ်ိဳးႏြယ္စုတို႔အၾကား
စစ္ပဲြက အင္မတန္မွ အပ်က္အစီးအဆံုးအရႈံးမ်ားလွ
သည္။  စစ္ေျမျပင္ဝယ္ အေလာင္းမ်ား ပ်ံ႔ႀကဲလ်က္
ရိွကာ ႏွစ္ဖက္စလံုး အထိနာခဲ့ၾကသည္။

လင္းေရွာင္ ဝင္ေရာက္လာ၍ ျဖဴစင္ျမင့္ျမတ္ေသာ
ၾကာပန္းျဖဴ ဇူးမားကို မ်ိဳးႏြယ္စုႀကီးသံုးခု၏
စြမ္းအားႀကီးပုဂၢိုလ္မ်ား ေရ႔ွေမွာက္တြင္
အႏိုင္ယူခဲ့သၫ့္ေန့ ၿပီးေနာက္၌ ဇူးမား၏
က်င့္ႀကံဆင့္မွာ လူတိုင္းသိထားၾကသကဲ့သို႔
အဆင့္ေျခာက္ မဟုတ္ေတာ့သည္မွာ ေသခ်ာလာခဲ့
သည္။

လင္း​ေရွာင္သည္ သူမအား အစြမ္းကုန္ထုတ္သံုးေစ
ခဲ့ၿပီး သူမ၏က်င့္ႀကံဆင့္ဟာလည္း အေဖာ္ထုတ္ခံခဲ့
ရသည္။

သူမသည္ အဆင့္ခုနစ္ေမွာ္ဆရာလံုးလံုး
မဟုတ္ေသာ္ျငားလည္း အဆင့္ခုနစ္ေမွာ္ဆရာ
အဆင့္သို႔ ေျခလွမ္းဝက္မ်ွ ဝင္ေနၿပီျဖစ္ၿပီး
လင္း​ေရွာင္ႏွင့္တူညီလုနီးပါးရိွေသာ ၾကယ္ေျခာက္ပြင့္
နတ္ေဒဝါအဆင့္မွာ ရိွသည္။

သို႔ေသာ္လည္း ဇူးမား မိမိကိုယ္ကိုယ္ယံုၾကည္မႈ
လြန္ကဲေနရျခင္း၏ အေၾကာင္းရင္းခံမွာ ဤအခ်က္
မဟုတ္ေပ။ လင္းေရွာင္က သူမ ၿပိဳင္ဖက္
မျဖစ္ႏိုင္ဘူးဟု ခံစားရျခင္းမွာ ထံုထ်န္းဧကရာဇ္ႏွင့္
တိုက္ပဲြေၾကာင့္ျဖစ္၏။

ထံုထ်န္းဧကရာဇ္က အလြန္စြမ္းအားႀကီးသည္။
ထိုအခ်ိန္က လင္းေရွာင္ ျပန္ဆုတ္ႏိုင္ခဲ့ျခင္းမွာ
သူ႔ကိုယ္ပိုင္ ပိုင္နက္ကို ေဖာက္ခဲြပစ္ခဲ့ျခင္းေၾကာင့္
ျဖစ္သည္။ သူတို႔အဆင့္ရိွ လူမ်ားအတြက္
ပိုင္နက္ အဖ်က္ဆီးခံရလ်ွင္ ခံရမၫ့္ တန္ျပန္ဒဏ္က
အဆမ်ားစြာ မ်ားျပားသည္။ ပိုင္နက္ကို ျပန္လည္
က်င့္ႀကံရန္ အခ်ိန္လိုအပ္သျဖင့္ လင္းေရွာင္၏
ဒဏ္ရာမ်ား အရွင္းမေပ်ာက္ေသးဘူးဟု သူမက
နိဂံုးခ်ဳပ္လိုက္တာ ျဖစ္သည္။ ပိုင္နက္မရိွဘဲႏွင့္
သူ၏ စြမ္းအားက ႀကီးမားစြာ ေလ်ာ့နည္းသြားလိမ့္
မည္။

ထိုစစ္ပဲြ၏သက္ေရာက္မႈက ႀကီးမားလြန္း၍
လူမ်ားစြာ သတင္းမ်ား ရခဲ့ၾကသည္။

ပင့္ကူနက္ ရသၫ့္ သတင္းက ပိုမိုတိက်မႈရိွၿပီး
လင္းေရွာင္ႏွင့္ ထံုထ်န္းဧကရာဇ္တို႔ တိုက္ပဲြကို
စကားတစ္လံုးခ်င္းစီကစ မွတ္တမ္းတင္ထားရိွသည္။
ထိုမွတ္တမ္းကို ဇူးမားလည္း ျမင္ၿပီးခဲ့ၿပီျဖစ္သည္။

ကံဆိုးစြာျဖင့္ သူမက မေမ်ွာ္လင့္ထားေသာ
အခ်က္မ်ားကို ထၫ့္မတြက္ခဲ့ေပ။

ယူေရွာင္းမို၏ စိတ္စြမ္းအင္ေရကန္ဟာ သဘာဝကို
ဆန႔္က်င္ေနသၫ့္ တစ္စံုတစ္ရာျဖစ္သည္။
လင္းေရွာင္က ဒဏ္ရာကုသရန္ စိတ္စြမ္းအင္
ေရကန္၏ သံုးပံုတစ္ပံု အသံုးျပဳခဲ့သည္။
သူ႔အတြင္းဒဏ္ရာ မေပ်ာက္ဘူးဆိုပါမွ ယုတၲိမရိွ၊
အေၾကာင္းျပခ်က္ထက္ ေက်ာ္လြန္ေသာ
တစ္စံုတစ္ရာ ျဖစ္ေပလိမ့္မည္။

ထို႔အျပင္ တိုက္ပဲြမွ ဒဏ္ရာမ်ားသာ ေပ်ာက္ကင္းရံု
မကဘဲ ၾကယ္ေျခာက္ပြင့္ကို အတင္းဝင္ေရာက္
ထားျခင္းမွ လက္က်န္သက္ေရာက္မႈမ်ားလည္း
ေပ်ာက္ကင္းသြားခဲ့ေပရာ လင္းေရွာင္၏
အေျခအေနမွာ သူ၏အေကာင္းဆံုးအေျခအေနတြင္
ရိွေနသည္ဟုပင္ ဆိုလို႔ရသည္။

လင္းေရွာင္အတြက္ေတာ့ ပိုအားနည္းေသာသူမ်ား
အေပၚ  ႏူးညံ့၍ ကာကြယ္လိုေသာခံစားခ်က္မ်ား
ဆိုသည္မွာ သူ႔ဇနီးအေပၚမွာပဲ ရိွသည္။ ထို႔အျပင္
ဇူးမားဟာ အမ်ိဳးသမီးတစ္ဦးျဖစ္လ်ွင္ေတာင္
သူ႔ဇနီးေလးအတြက္ ထၫ့္စဉ္းစား၍ သူမအေပၚ
ၫွာတာေပးဖို႔ မျဖစ္ႏိုင္ေတာ့ေပ။

ေနာင္လအနည္းငယ္ဆို သူႏွင့္ လင္းေရွာက္ယီတို႔
သေဘာတူညီထားသၫ့္ အခ်ိန္ကို ေရာက္ေတာ့မည္
ဆိုတာ သူမေမ့ထားေပ။ ေမွာ္ဆရာစုေဝးပဲြႀကီး
မက်င္းပျဖစ္ခဲ့လ်ွင္ေတာင္ လင္းေရွာက္ယီက
ထိုကိစၥကို ထိုအတိုင္းထားမွာ မဟုတ္ဘူးဆိုတာ
သူသိေနသည္။ ထိုအခ်ိန္က် တိုက္ခိုက္မၫ့္လူက
ဇူးမားျဖစ္ဖို႔မ်ားေပရာ သူ႔အေနျဖင့္
လင္းေရွာက္ယီအား ထိုးႏွက္ခ်က္တစ္ခုေပးဖို႔
အစီအစဉ္မရိွဘူးဆိုလ်ွင္ေတာင္ အဦးဆံုး
သူ႔ဇနီးေလးအတြက္ လမ္းေဖာက္ေပးသင့္ေသးသည္။

ဇူးမားသည္ လင္းေရွာင္ေၾကာင့္ ဆိုးဆိုးဝါးဝါး
ဒဏ္ရာရရိွသြားခဲ့သည္။ ၾကာပန္းအပဲ့ျဖစ္သြားေသာ
ၾကာပန္းျဖဴမွာ ပင့္ကူနက္ႏွင့္ ကူမာမ်ိဳးႏြယ္စုတို႔
စခန္းသို႔ ျပန္လည္သယ္ေဆာင္သြားခံခဲ့ရသည္။
ထိုေနရာမွာ ယူေရွာင္းမို မရိွေနတာ ကံဆိုးလွသည္၊
မဟုတ္ပါက ထိုစဉ္တုန္းက တစ္ေနရာလံုးနီးပါး
တိတ္ဆိတ္သြားေစခဲ့သၫ့္ သူ႔လူ၏ အံ့အားသင့္စရာ
ျမင္ကြင္းကို မ်က္ျမင္ကိုယ္ေတြ့ ျမင္ရႏိုင္ခဲ့ေပလိမ့္
မည္။

ေနာက္ဆံုး၌ ပထမဆံုး တံု႔ျပန္သူမွာ ဝမ္ထုန႔္ပင္၊
သူက ျပန္လည္ဆုတ္ခြာေနေသာ ရန္သူမ်ားကို
လိုက္လံတိုက္ခိုက္ရန္ ဝမ္ရွားမ်ိဳးႏြယ္စုကို
ဦးေဆာင္၍ ေမာ့ခ်ီရွစ္ယြမ္ႏွင့္အတူ ပူးေပါင္း
တိုက္ခိုက္ခဲ့သည္။

သို႔ေသာ္လည္း ကူမာမ်ိဳးႏြယ္စုႏွင့္ ပင့္ကူနက္တို႔က
အလြန္သန္မာၾကေသးရာ ဇူးမား၏ရႈံးနိမ့္မႈေၾကာင့္ႏွင့္
သူတို႔ကို အႏိုင္က်င့္ဖို႔ မလြယ္ကူေပ။ ႏွစ္ဖက္စလံုး
ညနက္သည္အထိ တိုက္ခိုက္ခဲ့ၿပီး ဒဏ္ရာရသူမ်ား၊
ေသဆံုးသူမ်ား ဆက္တိုက္ရိွလာၾကသည္။
တံုက်ိဳး၌ ႏွစ္ေထာင္ခ်ီၾကာခဲ့ေသာ လြန္ဆဲြမႈအား
ဤစစ္ပဲြက အဆံုးအျဖတ္ေပးမည္မွန္း လူတိုင္း
သိေနၾကသည္။

ကူမာမ်ိဳးႏြယ္စုအေနနဲ႔ ဖိအားျမင့္တက္လာၿပီး
သူ က်ရႈံးေတာ့မည္မွန္း ျမင္ရသၫ့္အခါ ေမာ့မာ၏
မ်က္လံုးမ်ား နီရဲလာေတာ့သည္။ ေမာ့ခ်ီရွစ္ယြမ္ႏွင့္
ဝမ္ထုန႔္တို႔လက္ထဲသာ ေရာက္သြားပါက အဆံုးသတ္
ေကာင္းမွာမဟုတ္မွန္း သိသျဖင့္ သူက
ကိုယ့္ကိုယ္ကိုယ္ ေဖာက္ခဲြပစ္ဖို႔ ေရြးခ်ယ္လိုက္၏။

သူ႔အဆံုးစီရင္မႈ၏ အားထဲတြင္ လူအခ်ိဳ႕
ပါဝင္သြားေလသည္။ ကံမေကာင္းရွာေသာ
ထိုလူမ်ားမွာ အေလာင္းပင္မက်န္ေပ၊
ကံေကာင္းေသာသူမ်ားမွာလည္း ဒဏ္ရာ
အျပင္းအထန္ ရ၍ က်န္ခဲ့၏။ အဆံုးသတ္၌
ႏွစ္ဖက္စလံုး အထိနာသည္။ သို႔ေသာ္လည္း
ကူမာမ်ိဳးႏြယ္စုမွာ ပင့္ကူနက္၏အကူအညီ
မရိွေတာ့သျဖင့္ စစ္ေလ်ာ္ေၾကးအျဖစ္သို႔ က်ဆင္း
သြားေတာ့သည္။

လူတိုင္း စစ္ေျမျပင္ကို ရွင္းလင္းေနၾကခ်ိန္တြင္
ယူေရွာင္းမို ေရာက္လာ၏။

ေမာ့ခ်ီရွစ္ယြမ္ကေတာ့ လူအခ်ိဳ႕ႏွင့္အတူ
မ်ိဳးႏြယ္စုသို႔ ျပန္သြားႏွင့္ၿပီျဖစ္သည္။ ဘိုးေဘး
ဗိမၼာန္အေၾကာင္း သတင္းကို အေစာပိုင္းကတည္းက
သူ သတင္းရခဲ့ေပမဲ့ စစ္ပဲြ၏ တင္းမာ၍ ရႈပ္ေထြးေသာ
အေျခအေနေၾကာင့္ ထြက္မသြားႏိုင္ခဲ့ေပ။ သို႔ျဖစ္ရာ
စစ္ပဲြၿပီးေတာ့မွသာ အျမန္ ျပန္ႏိုင္သည္။ သို႔ေသာ္
သူက ပါးနပ္စြာျဖင့္ ဖူက်စ္လင္းကို ေနခဲ့ခိုင္းခဲ့၏။

သူေပၚလာခ်င္းခ်င္းမွာပဲ လင္းေရွာင္က ခံစားမိသည္။

ယူေရွာင္းမိုက လင္းေရွာင္အား 'OK' ဟု
ခိုးေၾကာင္ခိုးဝွက္ အခ်က္ျပလိုက္၏။ အျခားသူေတြ
နားမလည္ႏိုင္ေပမဲ့ လင္း​ေရွာင္ကေတာ့ ယူေရွာင္းမို
ရွင္းျပဖူးထားတာေၾကာင့္ နားလည္ႏိုင္ေလသည္။

"ခိုက္မိေသးလား"

လင္းေရွာင္က ေရာက္လာကာ သူ႔တစ္ကိုယ္လံုးကို
စစ္ၾကၫ့္သည္။ အဝတ္မ်ား အနည္းငယ္ ညစ္ပတ္
ေနရံုမွအပ တကယ္တမ္း ဘာမွမျဖစ္ခဲ့ေပ။

ယူေရွာင္းမိုက ရင္ဘတ္ကိုေကာ့၍ ဂုဏ္ယူဝင့္ႂကြားစြာ
အေလးအနက္ ေျပာလိုက္၏။

"ဘာမ်ားျဖစ္ႏိုင္မွာတဲ့လဲ။ အဲ့လူေတြက
ကၽြန္ေတာ့္ေလာက္လည္း မစြမ္းပါဘူး၊ သူတို႔ကို
ေျဖရွင္းၿပီးေပါ့"

"အဲ့လူေတြ?"

လင္းေရွာင္က မ်က္ခံုးတစ္ဖက္ပင့္ကာ ေမးသည္။

ယူေရွာင္းမိုက ေခါင္းညိတ္လိုက္သည္။

"ဟုတ္တယ္ သံုးေယာက္၊ သံုးေယာက္စလံုး
စိတ္မ်က္လံုးကို ေခ်ာင္းေနၾကတာ။ မ်က္ႏွာဖံုးနဲ႔
အက်ႌအနက္ေတြနဲ႔က ႏွစ္ေယာက္၊ တစ္ေယာက္က
ခရမ္းေရာင္နဲ႔။ အဲ့လိုလူေတြ စိတ္မ်က္လံုးအေၾကာင္း
သိေနမယ္လို႔ မထင္ထားဘူး။ ဒါေပမဲ့ ခရမ္းနဲ႔လူက
ကၽြန္ေတာ္ စိတ္မ်က္လံုးကို နယ္ေျမထဲ
ထၫ့္ေနတာကို ျမင္သြားတယ္၊ သူက ထုတ္ေျပာ
ပစ္ေလာက္တယ္"

ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုး၏ အျမင့္ဆံုး
အဆင့္ဆိုသည္မွာ ေလာကတြင္ နံပါတ္တစ္ရတနာ
တစ္ခု ျဖစ္သည္။ အကယ္၍ ၄၏သတင္းမ်ား
ပ်ံ႔ႏွံ႔သြားခဲ့ပါက ဝံပုေလြေတြ၊ က်ားေတြ၊
က်ားသစ္ေတြ ဘယ္ေလာက္ေတာင္ ဆဲြေဆာင္
ခံရမည္မွန္း မသိႏိုင္ေပ။ ​ေရႊ့ရွီမ်ိဳးႏြယ္စုမွလူမ်ား
ေတြ့ရိွသြားၾကမွာ စိုး၍မဟုတ္ပါက ဖန႔္ယန္အား
ႏႈတ္ပိတ္ လက္စေဖ်ာက္ပစ္ခဲ့မွာ ေသခ်ာသည္။

"ကိုယ္မွန္ရင္ သူက ပင့္ကူနက္က ဖန႔္ယန္ပဲ
ျဖစ္လိမ့္မယ္"

လင္းေရွာင္က မေရရာစြာ တိုးတိုးေရရြတ္လိုက္သည္။
ပင့္ကူနက္မွာ ဖန႔္ယန္ဟုအမည္ရေသာ ေနာက္ထပ္
စစ္သူႀကီးတစ္ဦး ရိွေသးသည္ဟု ေမာ့ခ်ီရွစ္ယြမ္
ေျပာတာ သူၾကားဖူးသည္။ သူဟာလည္း
ခရမ္းေရာင္ဝတ္သၫ့္ နတ္ဘုရားအဆင့္ က်င့္ႀကံသူ
ျဖစ္သည္။ *ထိုလူက သူ႔လက္ထဲမွာ ေသသြားၿပီ
ဆိုေပမဲ့ ခြန္အားက ေမာ့ခ်ီရွစ္ယြမ္ေျပာသေလာက္
မသန္မာတာ ေသခ်ာသည္။

(* t/n -လင္း​ေရွာင္လက္ထဲေသတာက ဖန႔္ယန္
ထားခဲ့တဲ့ ဖန႔္ယန္အတုပါ)

ဖန႔္ယန္က ဒီအေၾကာင္း သိေနၿပီဆိုလ်ွင္
လင္း​ေရွာက္ယီလည္း သိလိမ့္မွာ ေသခ်ာသည္။

ထိုလင္းေရွာက္ယီကသာ အဆင့္လြန္စိတ္မ်က္လံုးကို
ထိုမ်ွအေရးထားသည္ ဆိုပါက သူႏွင့္
လင္းေရွာင္တို႔အၾကား ထိပ္တိုက္ေတြ့ျခင္းဟာ
အေရ႔ွတိုးလာေကာင္းတိုးလာႏိုင္သည္။

ယူေရွာင္းမို တစ္နည္းတစ္ဖံု စိုးရိမ္ေနသည္။
ယခုအခ်ိန္အထိ လင္းေရွာက္ယီကို ကိုယ္တိုင္
မေတြ့ဖူးေသးေပမဲ့ ဇူးမားလို စြမ္းအားႀကီး
ပုဂၢိုလ္မ်ိဳးကို လက္ေအာက္ခံေစႏိုင္ဖို႔ဆို
သူ႔ခြန္အားက သာမေညာင္ည မဟုတ္တာ
ေသခ်ာသည္။

"မပူပါနဲ႔ လင္းေရွာက္ယီက စိတ္လိုက္မာန္ပါ
လုပ္တဲ့ လူမ်ိဳးမဟုတ္ဘူး။ မင္းမွာ စိတ္မ်က္လံုး
ရိွတယ္ဆိုတာ သိရင္ေတာင္မွ သူက အစီအစဉ္
မရိွဘဲနဲ႔ လႈပ္ရွားမွာမဟုတ္ဘူး။ အဲ့ေနာက္ကေတာ့
မင္း ကိုယ့္ေဘးက တစ္ဖဝါးမွမခြာသေရြ့
အဆင္ေျပတယ္"

လင္းေရွာင္က သူ႔စိတ္ထဲ စိုးရိမ္ေနတာကို သိ၍
ေခါင္းေလးပုတ္ၿပီး ႏွစ္သိမ့္ေပးလိုက္သည္။

ေကာင္းကင္ဘံု ၿပိဳက်လာခဲ့ရင္ေတာင္မွ
ကာဆီးေပးေနမယ့္ အရပ္ရွည္ရွည္လူတစ္ေယာက္
ရိွတယ္။

ယူေရွာင္းမိုမွာ ၄ကို ေတြးၿပီး စိတ္သက္သာရာ
ရသြားေတာ့သည္- သူ႔လူက အရပ္ရွည္တယ္ေလ!

ေရႊ့ရွီမ်ိဳးႏြယ္စုႏွင့္ ဝမ္ရွားမ်ိဳးႏြယ္စုတို႔
စစ္ေျမျပင္ကို ရွင္းလင္းဖို႔ ေန့တစ္ဝက္မ်ွ အခ်ိန္ကုန္
သြား၏။ သူတို႔မ်ိဳးႏြယ္စုမ်ားမွ နစ္နာသူမ်ားမွအပ
ကူမာမ်ိဳးႏြယ္စုႏွင့္ ပင့္ကူနက္မွ က်င့္ႀကံသူမ်ား
အပါအဝင္ က်န္အရာအားလံုးမွာ စစ္ေလ်ာ္ေၾကးမ်ား
ျဖစ္ၾကသည္။

ဤအျဖစ္အပ်က္တြင္ လင္းေရွာင္က ပံ့ပိုးမႈ
အမ်ားဆံုးျဖစ္ရာ ေဝစု အႀကီးဆံုးရရိွၿပီး
ဒါေတြအားလံုးကေတာ့ သဘာဝက်စြာျဖင့္
ယူေရွာင္းမို၏အိတ္ကပ္ထဲသို႔ ေရာက္ရိွသြား၏။

ဤကိစၥေလးမ်ားအား ေျဖရွင္း ၿပီးေနာက္တြင္
ကူမာမ်ိဳးႏြယ္စုအား မည္သို႔ကိုင္တြယ္ရမည္ႏွင့္
ပတ္သက္၍ စတင္ၿပီး ေဆြးေနြးၾကေတာ့သည္။

ေမာ့မာ ေသသြားၿပီးသည္ႏွင့္ ကူမာမ်ိဳးႏြယ္စုဟာ
ေခါင္းေဆာင္မရိွေသာ အုပ္စုတစ္ခု ျဖစ္လာခဲ့ၿပီ
ျဖစ္သည္။ သို႔ေပမဲ့ တံုက်ိဳးရိွ မ်ိဳးႏြယ္စုႀကီးသံုးခု၏
ပထမအေနျဖင့္ သူတို႔ ေနာက္ခံက အလြန္နက္ရိႈင္း
ေနတုန္းပဲျဖစ္သည္။ ကူမာမ်ိဳးႏြယ္စုမွ
က်င့္ႀကံသူမ်ားကို သူတို႔လက္ေအာက္ သစၥာခံေစဖို႔
ခက္ခဲရံုသာမက ျပႆနာလည္း အလြန္မ်ားသည္။
သူတို႔ မည္ကဲ့သို႔ပင္ ခဲြေဝပါေစ ၄က ခက္ခဲေသာ
ျပႆာတစ္ခု ျဖစ္ေနတုန္းပင္။

သို႔ေသာ္လည္း ရွယင္သည္ ေမာ့ခ်ီရွစ္ယြမ္ႏွင့္
သေဘာတူညီခ်က္တစ္ခု ရိွထား၏၊ ၄မွာ
ေမာ့မာကိုကိုင္တြယ္ရာတြင္ ေမာ့ခ်ီရွစ္ယြမ္ကို
သူမက ကူညီမည္ျဖစ္သည္၊ သို႔ေပမဲ့ အားလံုး
လက္စသတ္ၿပီးသၫ့္အခါ သူမက ကူမာမ်ိဳးႏြယ္စု
တစ္ခုလံုးကို လိုခ်င္သည္။

သံုးသပ္ရလ်ွင္ ကူမာမ်ိဳးႏြယ္စုကို ရွယင္ဆီ
လက္လႊဲလိုက္တာ အေကာင္းဆံုးအေျဖပဲျဖစ္သည္။

ရွယင္ဟာ ေမာ့မာႏွင့္ ပဋိပႂကၡဖစ္ခဲ့ဖူးေသာ္လည္း
ကူမာမ်ိဳးႏြယ္စုအတြင္း သူမ ဂုဏ္သတင္းက
အရမ္းႀကီး မထိခိုက္ထားေပ။ မ်ိဳးႏြယ္စုလူမ်ားက
ရွယင္ သူတို႔ကို အုပ္ခ်ဳပ္တာကို ပိုဆႏၵရိွၾကေကာင္း
ရိွၾကႏိုင္သည္၊ သို႔ေသာ္ ပုန္းကြယ္ေနေသာ
အႏၲရာယ္အခ်ိဳ႕ ရိွသည္။ ေမာ့ခ်ီရွစ္ယြမ္ေရာ
ဝမ္ထုန႔္တို႔ေရာ ႏွစ္ဦးစလံုးက ကူမာမ်ိဳးႏြယ္စု
ထပ္မံ၍ ျမင့္တက္လာမွာ မျမင္ခ်င္ၾကေပ။

ဤျပႆနာကို ေဆြးေနြးေနၾကသည္မွာ ၾကာၿပီ
ျဖစ္ေသာ္လည္း အခ်ဳပ္တစ္ခုမွ မေရာက္ႏိုင္ေသးေခ်။

ယူေရွာင္းမိုႏွင့္ လင္းေရွာင္တို႔ကေတာ့ ဤအရာမ်ား
စိတ္မဝင္စားေပ။ တံုက်ိဳးရိွ စစ္ပဲြမွာ ကန႔္လန႔္ကာ
ခ်ေတာ့မည္ျဖစ္ကာ သူတို႔လည္း စိတ္မ်က္လံုးကို
ရထားၿပီ ျဖစ္သည္။ သူတို႔အတြက္ ထပ္ေနဖို႔
မလိုေတာ့ေပ။

သို႔ေသာ္လည္း ဖန္ခ်န္းလဲ့ႏွင့္ ဖူက်စ္လင္းတို႔က
သူတို႔ႏွင့္ ထြက္သြားခ်င္ၾကေလသည္။

ေရႊ့ရွီမ်ိဳးႏြယ္စု၏ အက်ပ္အတည္းမွာ ေျဖရွင္းၿပီး
သြားၿပီ ျဖစ္ကာ ေမာ့ခ်ီရုန္ဟာလည္း ရာထူးကို
လက္ခံႏိုင္တာ ၾကာၿပီျဖစ္သည္။ ပုေရာဟိတ္
ရာထူးကို သူ႔ထံ လႊဲေျပာင္းေပးအပ္ႏိုင္ၿပီျဖစ္သည္။
ေမာ့ခ်ီရုန္နဲ႔ ယန္ေဟြ့နဲ႔ တစ္ခါ တိုက္ခိုက္ဖူးၿပီးၿပီဟု
ယူေရွာင္းမို ၾကားသည္။ သူတို႔ႏွစ္ေယာက္စလံုး
လက္ရည္တူေနၿပီး ဘယ္သူမွ အသာစီးမရၾကေပ။
အဆံုးမွာ ယန္ေဟြ့နဲ႔ ပင့္ကူနက္မွလူမ်ား အတူတူ
ထြက္ေျပးသြားခဲ့ၾကသည္။

သို႔ေသာ္ျငားလည္း ေမာ့ခ်ီရွစ္ယြမ္မွာ ဖန္ခ်န္းလဲ့ႏွင့္
ဖူက်စ္လင္းတို႔ကို သြားခြင့္ျပဳဖို႔ရာ တြန႔္ဆုတ္ေနေလ
သည္၊ အထူးသျဖင့္ ဖန္ခ်န္းလဲ့ပင္။ ဖန္ခ်န္းလဲ့က
သူထင္ထားသည္ထက္ကို ပို၍ ေရႊ့ရွီမ်ိဳးႏြယ္စု
အတြက္ အဖိုးတန္လွသည္။ သူထြက္သြားမည္ဆိုလ်ွင္
ေရႊ့ရွီမ်ိဳးႏြယ္စုအတြက္ မ်ားစြာ ထိခိုက္နစ္နာျခင္းပင္။

သို႔ေသာ္လည္း ေမာ့ခ်ီရွစ္ယြမ္မွာ ဖန္ခ်န္းလဲ့ကို
ထိန္းထား၍မရႏိုင္မွန္း သိေန၏။ ယူေရွာင္းမိုႏွင့္
လင္းေရွာင္တို႔ ဒီမွာမရိွေနပါက အဆင္ေျပေသးသည္၊
သို႔ေသာ္ သူတို႔အၾကား ပတ္သက္မႈကို
သိထားၿပီးေနာက္မွာေတာ့ သူတို႔ကို ေဖ်ာင္းဖ်လို႔
ရမွာမဟုတ္မွန္း သိသည္။

သို႔တိုင္ ေမာ့ခ်ီရွစ္ယြမ္၏ ေတာင္းပန္မႈေအာက္၌
သူတို႔မွာ အခ်ိန္တစ္ခုၾကာေအာင္ ေနဖို႔
သေဘာတူျဖစ္သြားေလသည္။

သူ႔ရွစ္ရႈန္းႏွစ္ေယာက္နဲ႔ သူ႔အၾကား ပတ္သက္မႈကို
လူတိုင္း သိေနၾကတာပဲဟု ေတြး၍ ယူေရွာင္းမိုလည္း
သူတို႔နဲ႔ ခဏေနၿပီးမွပဲ ရွီက်င္းကို အတူတူျပန္ၾကဖို႔
ဆံုးျဖတ္လိုက္ေတာ့သည္။

ဤကာလအတြင္း သူ႔မွာ ေမာ့ခ်ီရွစ္ယြမ္ သိရိွသြားမွာ
စိုး၍ စိတ္မ်က္လံုးနဲ႔က်င့္ႀကံဖို႔ နယ္ေျမထဲမဝင္ရဲေပ။
ဘိုးေဘးဗိမၼာန္အား ဖ်က္ဆီးသြားသၫ့္ လက္သည္
တရားခံကို ရွာဖို႔ စံုစမ္းမႈမ်ား အဆက္မျပတ္
ျပဳလုပ္ေနရာ ေမာ့ခ်ီရွစ္ယြမ္လည္း တစ္လံုးစ
ႏွစ္လံုးစေတာ့ ၾကားထားရင္ၾကားထားေလာက္သည္။

ျဖစ္ပ်က္သၫ့္ေန့က အနက္ဝတ္လူႏွစ္ေယာက္က
ေတာင္ေနာက္ဘက္သို႔ ေျပးသြားခဲ့ရာ
ေတာင္အေနာက္ဘက္ရိွ ေကာင္းခ်ီးငါးျဖာ
စိတ္မ်က္လံုးႏွင့္ ဆက္စပ္မိၿပီး အတြင္းက
လိုဏ္ေခါင္းကို ေမာ့ခ်ီရွစ္ယြမ္ ေတြ့သြားမွာကို
ယူေရွာင္းမို စိုးရိမ္ေနသည္။

ကံေကာင္းစြာျဖင့္ ကူမာမ်ိဳးႏြယ္စု ကိစၥမ်ားကို
မေျဖရွင္းရေသးသျဖင့္ ေမာ့ခ်ီရွစ္ယြမ္က
စံုစမ္းမႈ သိပ္မလုပ္ခဲ့ေပ။ ထို႔ေနာက္တြင္ ဖန္ခ်န္းလဲ့၏
ၫႊန္ျပမႈျဖင့္ ကိစၥမ်ား အဆင္ေခ်ာသြားေတာ့သည္။
အဆံုးတြင္ ကူမာမ်ိဳးႏြယ္စုကို ရွယင္ထံ
လႊဲေျပာင္းေပးဖို႔ ဆံုးျဖတ္လိုက္သည္၊ သို႔ေသာ္လည္း
သူတို႔က ရွယင္ကို ေရႊ့ရွီ၊ ဝမ္ရွားမ်ိဳးႏြယ္စုတို႔ႏွင့္
မည္သၫ့္အခါမွ ရန္သူမလုပ္ပါဟု သစၥာဆိုေစခ်င္
ၾက၏။ ဒါေပါ့ေလ၊ သူတို႔ဘက္ကလည္း 
ကူမာမ်ိဳးႏြယ္စုကို စၿပီးမတိုက္ခိုက္ပါဘူးဟု
ကတိေပးထားသည္။

လဝက္ၾကာၿပီးေနာက္တြင္ လူငါးေယာက္အဖဲြ႔ျဖင့္
သူတို႔ ရွီက်င္းသို႔ ျပန္ခဲ့ၾကေတာ့သည္။

ရွီက်င္းရိွအေျခအေနဟာလည္း ယူေရွာင္းမို
ေမ်ွာ္မွန္းထားသည္ထက္ ပိုမိုလ်င္ျမန္စြာ
ဖြံ႔ၿဖိဳးေနခဲ့ေလသည္။
_____________________

Continue Reading

You'll Also Like

3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
6.4K 1.2K 38
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
11.6K 368 28
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022