စုန့်ထင်ယွီကားပေါ်ကိုအရင်တက်သွားပြီးစုလိုင်သူ့အနောက်ကနေလိုက်ပြီးဒရိုင်ဘာဘေးကခုံမှာဝင်ထိုင်လိုက်တာကိုသူမတွေ့တယ်။
ကားကတစ်ဖြေးဖြေးနဲ့ထွက်သွားပြီးသူမမြင်ကွင်းကနေပျောက်သွားတယ်။
စုဟုန်ရယ်လိုက်ပြီး ထမင်းစားခန်းထဲကနေထွက်သွားတယ်။ထမင်းစားခန်းထဲမှာစုရန်နဲ့ချောင်ချောင်တို့နှစ်ယောက်ဘဲကျန်တော့တယ်။
'ရန်ရန်...' ချောင်ချောင်ဘာတွေဖြစ်နေလဲဆိုတာကိုနားမလည်ဘူးဖြစ်နေတယ်။စုဟုန်သူမကိုပြောတာကတော့စုရန်နဲ့စုန့်ထင်ယွီတို့အဆင်မပြေကြလို့သူကစုရန်တို့ကိုအဆင်ပြေသွားအောင်ကူညီပေးချင်လို့အိမ်မှာညစာလာစားခိုင်းမယ်တဲ့။သူတို့တွေမျက်နှာချင်းဆိုင်တွေ့ကြတာပိုကောင်းတယ်ဆိုလို့နေ့လည်တုန်းကသူမစုန်ကိုဖုန်းဆက်ပြီးအိမ်မှာညစာလာစားခိုင်းခဲ့တာ။
ဒါပေမယ့်အခုတော့ဘာတွေဖြစ်နေတာလဲ?
စုလိုင်ကစုန့်ထင်ယွီကားနဲ့ပါသွားပြီးစုရန်ကတော့ဒီမှာကျန်နေခဲ့တယ်။
စုရန်လဲမျက်ရည်မကျလာအောင်မျက်လုံးကိုလက်နဲ့ပွတ်လိုက်တာ်။သူမဖုန်းကိုအိတ်ထဲကိုပြန်ထည့်လိုက်ပြီးအိမ်ထဲကနေထွက်လာလိုက်တယ်။
'ရန်ရန်...'ချောင်ချောင်လှမ်းခေါ်လိုက်တယ်။
ဒါပေမယ့်ဒီတစ်ခါတော့စုရန်လှည့်မကြည့်တော့ဘူး။သူမဧည့်ခန်းထဲကနေထွက်လာပြီးကားဆီကိုတိုက်ရိုက်သွားလိုက်တယ်။
စုန့်အိမ်ကိုပြန်တဲ့လမ်းမှာစုရန်မျက်လုံးထဲမှာမျက်ရည်တွေနဲ့ပြည့်နေတော့သူမလမ်းကိုတောင်ကောင်းကောင်းမမြင်ရဘူးဖြစ်နေတယ်။အဲ့ဒါကြောင့်သူမလမ်းဘေးမှာကားရပ်လိုက်ပြီးtissueနဲ့မျက်ရည်တွေကိုသုတ်လိုက်တယ်။
ပြီးတော့ဘယ်လောက်တောင်ကြာသွားလဲမသိဘူးသူမစိတ်ငြိမ်သွားတော့မှစုန့်အိမ်ကိုကားပြန်မောင်းသွားလိုက်တယ်။
သူမထင်ထားတဲ့အတိုင်းဘဲစုန့်ထင်ယွီအိမ်ပြန်မလာဘူး။
စုလိုင်လဲသူမဘေးကလူကအရမ်းကိုငြိမ်နေတယ်လို့ခံစားနေရတယ်။သူနှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီးမျက်လုံးကလဲလမ်းကိုဘဲကြည့်နေကာဘာတွေစဉ်းစားနေမှန်းလဲမသိဘူး။
သူမဘေးကလူကစိတ်အခြေအနေမကောင်းဘူဆိုတာကိုသိပေမယ့်သူ့ကားပေါ်ကိုတက်ရဖို့ကမလွယ်တော့ ဒီအခွင့်အရေးကိုလဲလက်မလွှတ်ချင်တာနဲ့ငြိမ်ငြိမ်လေးနေနေလိုက်တာ်။
သူမလက်ပိုက်ထားပြီး စုန့်ထင်ယွီကိုကြည့်ကာ: 'ထင်ယွီ ကျွန်မတို့ဘယ်သွားနေကြတာလဲ?'
သူစုရန်နဲ့ရန်ဖြစ်ထားလို့အိမ်မပြန်ဘူးဆိုတာကိုသူမသိတယ်။သူမလဲအမှန်တော့ဘယ်မှသွားစရာမရှိဘူး။သူ့အနောက်ကိုလိုက်ချင်လို့သာသွားစရာရှိတယ်လို့ပြောခဲ့တာ။
သူမလဲစကားဆုံးရောကားဘရိတ်အုပ်သံကိုကြားလိုက်ရတယ်။ရုတ်တရက်ဖြစ်သွားတာဆိုတော့သူမကိုယ်အရှေ့ကိုယိုင်သွားပြီးသူမလဲကြောက်ကြောက်နဲ့ထိုင်ခုံခါးပတ်ကိုကိုင်ထားလိုက်မိတယ်။
သူမဘာမှမလုပ်ရသေးခင်မှာဘဲကားကလမ်းဘေးမှာရပ်သွားတယ်။
စုလိုင်ကြောက်ပြီးနှလုံးခုန်သံတွေမြန်နေကာ: 'ထင်..ထင်ယွီဘာဖြစ်လို့လဲ?ကျွန်မတို့...'
'ဆင်းတော့' စုန့်ထင်ယွီသူမကိုလှည့်မကြည့်ဘဲပြောလိုက်တယ်။
စုလိုင်လဲသူမနားကြားမှားတယ်ထင်ပြီး: 'ရှင်ဘာတွေပြောနေတာလဲ?
'ငါမင်းကိုဆင်းတော့လို့ပြောနေတာ' စုန့်ထင်ယွီအသံကတစ်စက်ကလေးမှကိုညင်သာမှုမရှိဘဲ: 'မင်းမကြားဘူးလား?ငါနောက်တစ်ခေါက်ထပ်ပြောရမှာလား?ဒါမှမဟုတ်မင်းကိုငါကိုယ်တိုင်ကားပေါ်ကဆွဲချရမှာလား?'
စုလိုင်နားကြားမမှားဘူးဆိုတာသေချာသွားတယ်။စုန့်ထင်ယွီသူမကိုကားပေါ်ကနေနှင်ချနေတာဘဲ။ဒါပေမယ့်ဒီနေရာက...
စုလိုင်ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့တိတ်ဆိတ်နေပြီးလူရောကားရောအရိပ်တောင်မမြင်ရဘူး။သူမအိမ်ကိုဘယ်လိုပြန်ရမှာလဲ?
'ထင်ယွီ ဒီမှာကားလဲမရှိဘူး။ကျွန်မ...'
စုလိုင်ငိုချင်နေပြီးမျက်မှောင်တွေလဲကြုတ်ကာ: 'ကျွန်မကိုဒီလိုမျိုးမလုပ်ပါနဲ့။ကျွန်မအိမ်ကိုဘယ်လိုပြန်ရမှာလဲ?'
'ငါ့ကိုသုံးကြိမ်မြောက်ပြန်ပြောရအောင်မလုပ်နဲ့။မဟုတ်ရင်မင်းနောင်တရသွားလိမ့်မယ်'
သူကပြောရင်ပြောသလိုလုပ်မယ်ဆိုတာကိုသိတော့သူမသူ့ကိုစိန်မခေါ်ရဲဘူး။သူမသာကားပေါ်ကမဆင်းရင်သူတကယ်ဘဲသူမကိုကားပေါ်ကနေဆွဲချမှာ။
အခုအချိန်မှာစုလိုင်ဘာမှမတတ်နိုင်ဘဲကားပေါ်ကနေဆင်းပေးလိုက်ရတယ်။
အပြင်မှာရာသီဥတုကအေးပြီး စုလိုင်ကုတ်အင်္ကျီလဲမဝတ်လာတော့ ကားပေါ်ကလဲဆင်းလိုက်ရောသူမအေးပြီးတုန်တောင်တုန်နေတယ်။
စုန့်ထင်ယွီကတော့သူမကားပေါ်ကနေဆင်းသွားတာနဲ့ကားကိုမောင်းထွက်သွားတယ်။
သူမကိုအေးနေတဲ့ဆီမှာတုန်တုန်ယင်ယင်နဲ့ထားခဲ့တယ်။
ကံကောင်းလို့သူမဖုန်းယူခဲ့တော့ သူမသူငယ်ချင်းတွေကိုဖုန်းဆက်ပြီးလာခေါ်ခိုင်းလိုက်တယ်။
အစကတော့စုန့်ထင်ယွီအိမ်ပြန်မလို့ဘဲ။ဒါပေမယ့်နောက်ဆုံးတော့လမ်းကြောင်းပြောင်းလိုက်တယ်။လမ်းမှာထန်ဇီချူသူ့ကိုဖုန်းဆက်ပြီး သူတို့ရဲ့စီးပွါးဖက်တစ်ယောက်ကစင်ကာပူကနေပြန်လာပြီး သူနဲ့စာချုပ်ကိစ္စကိုဆွေးနွေးချင်လို့တဲ့။
စုန့်ထင်ယွီခဏတိတ်ဆိတ်သွားပြီးမှ: 'လိပ်စာပို့လိုက်'
သူဒီလိုမျိုးစီးပွါးရေးကိစ္စကြောင့်အပြင်မှာတွေ့ရတာတွေကိုမကြိုက်ပေမယ့် အခုအချိန်မှာသူအိမ်မပြန်ချင်ဘူး။
ထန်ဇီချူပို့ပေးတဲ့လိပ်စာဖြစ်တဲ့clubကိုသွားလိုက်တယ်။
အပြင်မှာသူ့ကိုတစ်ယောက်စောင့်နေပြီးသီးသန့်အခန်းထဲကိုခေါ်သွားတယ်။အားလုံးနှုတ်ဆက်ပြီးတော့ ထိုင်လိုက်ကြတယ်။
စုန့်ထင်ယွီတို့စီးပွါးဖက်နာမည်ကလင်ဖြစ်ပြီးစင်ကာပူနိုင်ငံသား။သူကအကုန်လုံးကောင်းပေမယ့်မိန်းမတော့ရှုပ်တယ်။စုန့်ထင်ယွီအခန်းထဲကိုဝင်သွားတော့မိန်းကလေးတွေအများကြီးရှိနေတာကိုတွေ့သွားတယ်။
စီးပွါးရေးအကြောင်းပြောရင်ပိုက်ဆံ၊ဝိုင်နဲ့မိန်းကလေးတွေကတော့မပါမဖြစ်ပေါ့။
စုန့်ထင်ယွီကအဲ့လိုမျိုးတွေကိုမကြိုက်တော့သူဝင်သွားတာနဲမျက်မှောင်ကြုတ်လိုက်မိတယ်။သူထိုင်လိုက်တာနဲ့ဥက္ဌလင်ကသူ့ဘေးကမိန်းကလေးကိုစုန့်ထင်ယွီဘေးမှာသွားထိုင်ခိုင်းလိုက်တယ်။စုန့်ထင်ယွီလာတာလဲမြင်ရောမိန်းကလေးနှစ်ယောက်ရဲ့မျက်နှာတွေကတောက်ပသွားတယ်။စုန့်ထင်ယွီနဲ့ယှဉ်ရင်ဥက္ကဌလင်ကသာမန်ရုပ်ရည်ဘဲ။သူလဲဘဲနှစ်ဆယ်နဲ့သုံးဆယ်ကြားဖြစ်ပြီးစုန့်ထင်ယွီနဲ့အသက်တူပေမယ့်ရုပ်ရည်နဲ့စွမ်းရည်ကတော့စုန့်ထင်ယွီကိုမယှဉ်နိုင်ဘူး။
မိန်းကလေးနှစ်ယောက်လာတာကိုစုန့်ထင်ယွီမြင်သွားတော့သူတို့ကိုတားလိုက်ပြီး: 'ဥက္ကဌလင်ကဧည့်သည်ဆိုတော့ကျွန်တော့ကိုယဉ်ကျေးနေဖို့မလိုပါဘူး။သူတို့တွေခင်ဗျားကိုဘဲဂရုစိုက်ပေးတာပိုကောင်းပါတယ်'
မိန်းကလေးတွေကိုဥက္ကဌလင်ဘေးကိုပြန်ပို့လိုက်တယ်။
ဆွေးနွေးလို့လဲပြီးသွားရောဥက္ကဌလင်လဲ
ကောင်းမလေးတွေနဲ့ကဲနေတာဟိုတယ်သွားဖို့ကိုတောင်မစောင့်နိုင်တော့တဲ့ပုံဘဲ။
ထန်ဇီချူအခန်းထဲကအခြေအနေကိုကြည့်ပြီးမျက်မှောင်ကြုတ်လိုက်ကာစုန့်ထင်ယွီကိုလှည့်ကြည့်လိုက်တယ်။စုန့်ထင်ယွီဝိုင်ကိုသောက်နေပြီး သူ့ဘေးကကောင်မလေးတွေကသူ့ရဲ့လေဆာအကြည့်တွေကြောင့်အနားကိုမကပ်ရဲကြဘူး။
သူတို့တွေသူ့အနားကိုကပ်ချင်ပေမယ့် သူတို့အသက်တွေကိုတော့မဆုံရှုံးချင်ကြဘူး။
ပုံမှန်ကဒီလိုနေရာတွေမှာစီပွါးရေးသမားတွေကသားရဲကောင်တွေဘဲ။သူတို့တွေလဲသူတို့ရွေးထားတဲ့အမျိုးသမီးတွေနဲ့ထွက်သွားကြပြီ။ထန်ဇီချူလဲစုန့်ထင်ယွီအရှေ့ကိုသွားလိုက်ကာ: 'ဥက္ကဌစုန့် ဥက္ကဌလင်လဲပြန်သွားပြီဆိုတော့ ကျွန်တော်ဥက္ကဌစုန့်ကိုအိမ်ပြန်ပို့ပေးမယ်လေ'
စုန့်ထင်ယွီဆိုဖာမှာမှီပြီးထိုင်နေကာဝိုင်ခွက်ကိုလှုပ်လိုက်ပြီး: 'မင်းသူ့အနောက်ကိုလိုက်သွားပြီးသူ့အတွက်ဟိုတယ်စီစဉ်ပေးပြီးသူလိုအပ်တာတွေကိုပြင်ဆင်ပေးလိုက်'
ဒါကဥက္ကဌလင်အန်မြို့ကိုပထမဆုံးလာတာဖြစ်ပြီးသူကဧည့်သည် စုန့်ထင်ယွီကအိမ်ရှင်ဆိုတော့ သူ့ကိုဧည့်ဝတ်ကျေရမှာပေါ့။
'ကျွန်တော်သိပါပြီ။ဒါပေမယ့်ဥက္ကဌစုန့်ကရော..'
'ခဏနေမှငါ့ဘာသာပြန်လိုက်မယ်'
စုန့်ထင်ယွီပြောပြီးဝိုင်နောက်တစ်ခွက်ထပ်ထည့်လိုက်တယ်။