အာဃာတပြန်တမ်း

Par Swae_Nyoe

658K 76.6K 1.4K

ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြ... Plus

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
part33
part34
part35
part36
part37
part38
part39
part40
part 41
part42
part43
part44
part45
part46
part47
part48
part49
Part 50
part 51
Part 52
part 53
part 54
part 55
part 56
Part 57
Part 58
part 59
part 60
part 61
part 62
part 63
part 64
part 65
part 66
part67
Part 68
part 69
part 70
part 71
part 72
part 73
Part 74
part75
Part 76
part 77
part 78
part 79
part 80
part 81
part82
part 83
part 84
Part 85
part 86
part 87
part 88
part89
Part 90
part 91
part 92
part 93
part 94
part95
part 96
part 97
part 98
part99
part 100
Part 101
part102
part 103
part104
part 106
part 107
part108
part 109
part 110
part 111
part 112
part 113
part 114
part 115
part 116
part 117
part 118
part 119
part 120
part 121
part 122
part 123
part 124
part 125
part 126
part 127
part 128
part 129
part 130
part 131
part 132
part 133
part 134
part 135
part 136
part 137
part 138
part 139
part 140
part 141
part 142
part 143
part 144
part 145
part 146
part 147
part 148
part 149
part 150
part 151
part 152
part 153
part 154
part 155
part 156
part 157
part 158
part 159
part 160
part 161
part 162
part 163
part 164
part 165
part 166
part 167
part 168
part 169
part 170
part 171
part 172
part 173
part 174
part 175
part 176
part 177
part 178
part 179
part 180
part 181
part 182
part 183
part 184
part 185
part 186
part 187
Part 188
Part 189
Part 190
Part 191
Part 192
Part 193
Part 194
Part 195
Part 196
Part 197
တယ်လီဂရမ်ဂရု ရရှိကြောင်း ကြေညာချက်...
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅

part 105

3.2K 339 12
Par Swae_Nyoe

unicode

အပိုင်း (၁၀၅)

ဒီခံစားချက်က ခွေးကျွေးပစ်ဖို့ပဲတန်တယ်

ညက တဖြည်းဖြည်း နက်လာသည်။

ပြတင်းအပြင်က မိုးရေစက်တွေက အိပ်ခန်းကို တိတ်ဆိတ်ပြီး အေးချမ်းနေစေသည်။ မီးအိမ်၏ အလင်းရောင်မှာ အနည်းငယ် ဖြာကျနေပြီး လိုက်ကာချထားသည့် အိပ်ရာပေါ်တွင် နန်းပေါင်ရီသည် အသံသဲ့သဲ့ပြု၍ အိပ်မောကျနေသည်။

ရှောင်းယီသည် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး တိတ်တဆိတ် အိပ်ခန်းထဲ ဝင်လာသည်။ သူသည် ကန့်လန့်ကာကို လှပ်လိုက်သည့်အချိန် မီးအိမ်၏ အလင်းရောင် မှိန်မှိန်အောက်၌ မိန်းမငယ်လေးသည် အရမ်းချစ်စရာကောင်းသည့် မျက်နှာလေးဖြင့့် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ အိပ်ရာ၏ နွေးထွေးမှုကြောင့် သူမ၏ပါးပြင် မို့မို့လေးများက ပန်းသီးနီနီ ရဲရဲလေးတွေလို အနီရောင်သန်းပြီး နူးညံ့အိစက်နေသည်။

ဒါက မိုးနတ်မင်း၏ လက်ရာမြောက် ဖန်တီးမှုတစ်ခုပင်။ သူသည် သူမ၏မျက်နှာကို ဖွဖွလေး တို့ထိလိုက်သည်။ အသားအပြည့်ဖြင့် ပါးမို့ဖောင်းဖောင်းလေးသည် သူ့ကို ခံစားချက် ကောင်းစေသည်။ သူသည် သူမ၏ တိတ်ဆိတ်နေသည့် မျက်နှာလေးကို တပ်မက်စွာ ငေးကြည့်နေပြီး တိုးဖွဖွ ရေရွတ်လိုက်သည်။

“နန်းကျောင်းကျောင်း”

နန်းပေါင်ရီက သူမအိပ်နေစဉ်မှာ နှောင့်ယှက်နေတာကို သဘောကျပုံမရ။ သူမက အိပ်ရာအတွင်းဘက်သို့ လှိမ့်လိုက်ပြီး နှုတ်ခမ်းဆူပြီး လျစ်လျှူရှုလိုက်သည်။

ရှောင်းယီသည် အချိန်တစ်ခုလောက် တွေးဆနေပြီး စမ်းသပ်သည့် သဘော မေးကြည့်လိုက်သည်။

“နန်းကျောင်းကျောင်း၊ မင်း တစ်ယောက်ယောက်ကို သဘောကျနေလို့ ချန်းမိသားစုနဲ့ မင်္ဂလာပွဲကို ပျက်စေချင်တာမလား၊ ဥပမာအနေနဲ့… မင်း မင်းရဲ့ အစ်ကို ၂ ကို သဘောကျနေတယ်မလား”

နန်းပေါင်ရီူသည် သူမ၏ မျက်ခုံးသေးလေးများကို ကြုတ်လိုက်သည်။ ညဉ့်နက်သန်းခေါင်ကြီး၌ အမတ်မင်းသည် သူမအား ‘သူ့ကိုသဘောကျနေလား’ လို့ မေးတယ်ဆိုပြီး အိပ်မက်မက်နေခဲ့သောကြောင့် သူမ ကြောက်ရွံ့နေသည်။ သူမသည် အနှောင့်အယှက် ဖြစ်သွားပြီး အိပ်ရာထဲ ပိုတိုးဝင်လိုက်ရင်း အိပ်မက်ယောင် နေသည်။

“မကြိုက်ပါဘူး၊ အစ်ကို ၂ ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပါဘူး၊ မိုးကောင်းကင်နဲ့ မြေကြီးကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်၊ ဘယ်တုန်းကမှ သူ့အပေါ် တခြားစိတ်တွေ မရှိခဲ့ပါဘူး၊ သူ့ကို ပွေ့ဖက်ချင်ရုံ၊ ကြည်နူးစိတ်နဲ့ တင်းတင်းကြပ်ကြပ် ဖက်ရုံတင်ပါ၊ ဒါပေမယ့် အဲ့ဒါတွေက သူ့ကို စိတ်ဆိုးစေတယ် ထင်…..”

ရှောင်းယီ၏ အမူအရာသည် အေးစက်စက် အငွေ့အသက်များ ဖုံးလွှမ်းလာသည်။ ‘အဲ့ဒါကသူ့ကို စိတ်ဆိုးစေတယ်ထင် တယ်’ ဆိုတာက ဘာအဓိပ္ပါယ်လဲ? သူမ၏ စိတ်ထဲ၌ သူ့ကို ပွေ့ဖက်ချင်ရုံတဲ့လား? သူသည် လှပစွာ ပန်းထိုးထားသည့်အိပ်ရာကို စိုက်ကြည့်နေရင်း နောက်ဆုံး သည်းမခံနိုင်တော့ဘဲ အခန်းထဲက ထွက်သွားတော့သည်။

ဒီအရေးမပါသည့် ခံစားချက်ကို ခွေးသာကျွေးပစ်သင့်တယ်။

…………..

နောက်တစ်နေ့မှာတော့…

ကျန်းဆွေ့ဟန်သည် စာကြည့်ခန်းသို့ ထွက်လာခဲ့သည်။ ရှောင်းယီ၏ မျက်ကွင်းများ မည်းနက်နေပြီး စိတ်အခြေအနေ ကောင်းပုံမရချေ။ သူသည် ကိုင်ထားသည့် ယပ်တောင်ကို ခတ်လိုက်ရင်း ရယ်မောလိုက်သည်။

“ငါတို့ရဲ့ အမတ်မင်းရှောင်းကို ဘယ်သူက စိတ်ဓါတ်ကျအောင် လုပ်လိုက်တာလဲ”

စာရွက်ကို လှန်နေပြီး ဘာမှပြန်မဖြေသည့် ရှောင်းယီ၏ အမူအရာကိုကြည့်၍ သူက စမ်းသပ်လိုက်သည်။

“အမတ်မင်းရှောင်း၏ ခံစားချက်တွေကို ဒီလိုဖြစ်အောင် လုပ်နိုင်တာ သခင်မလေး ၅ တစ်ယောက်ပဲရှိမယ်၊ ဟုတ်တယ်မှလား? အစ်ကိုရှောင်းကလည်း ရှန်းရိချောင် ဒီမှာရှိနေတုန်း နန်းပေါင်ရီနဲ့ ဝေးဝေးနေစမ်းပါ၊ ရိချောင်ပြန်သွားမှ နမ်းရှိုက်တာတွေ၊ ဖက်တာတွေ စိတ်ကြိုက်လုပ် ဟုတ်ပြီလား၊ ဘာလို့အရမ်း စိတ်ဓါတ်ကျ နေတာလဲ?”

………

ရှောင်းယီက စိတ်ဆင်းရဲစွာ ထိုင်နေပြီး စားပွဲကို လက်ဖြင့် တောက်နေသည်။ ကျန်းဆွေ့ဟန်က ထပ်ပြောသည်။

“ကျွန်တော်က အစ်ကို့အတွက် စဉ်းစားပေးတာပါ၊ အစ်ကို တကယ်သူ့ကို ဂရုမစိုက်ဘူးဆိုရင် သူ့ရဲ့ အနာဂါတ်မှာ ဖြစ်လာမဲ့ သူ့အဆင့်အတန်းကို ဂရုမစိုက်ဘူးဆိုရင် သူ့ကို အခုလက်ထပ်လိုက်၊ သူက တကယ်ဆိုရင် ကိုယ်လုပ်တော် တစ်ယောက်ဖြစ်ဖို့တောင် အရည်အချင်း မပြည့်မီပေမယ့် ကိုယ်လုပ်တော်တော့ ဖြစ်သွားမှာပဲ”

သူဒါကို စလိုက်မိသည်နှင့် အဆုံးမရှိသည့် ကိစ္စများက မီးခိုးကြွက်လျှောက် လိုက်လာကြတော့မည်။ ပြီးတော့ သူ အခု လူမသိသူမသိ အခြေအနေမှာပဲ ရှိသေးသည်။ ရှောင်းယီက အေးစက်စွာ ပြောလိုက်သည်။

“ရှီးခူ!”

ရှီးခူက ထွက်လာပြီး ကျန်းဆွေ့ဟန်ကို အပြင်ကို မြန်မြန် ကန်ထုတ်လိုက်သည်။

“အစ်ကိုရှောင်း၊ ကျွန်တော့်ကို အဝေးမပို့စမ်းပါနဲ့၊ သူက ကိုယ်လုပ်တော် တစ်ယောက်ရဲ့ အရည်အချင်းတွေ မမီဘူးဆိုရင်တောင် အပြင်ဆောင်မှာ နေရာတွေ ရှိပါသေးတယ်၊ ဟုတ်တယ်မှလား? ‘ပန်းရိုင်းလေးတွေက အိမ်ထဲက ပန်းတွေထက် ပိုလှတယ်’ လို့ဆိုကြတယ်မ…….”

သူ၏ ‘ပန်းရိုင်းနိယာမ’က မပြီးဆုံးလိုက်၊ ရှီးခူ၏ အပြင်ဘက် ဝေးဝေးသို့ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရတော့သည်။ ရှောင်းယီသည် သူ၏မျက်လုံးများကို မှိတ်လိုက်သည်။ သူ မတွေးချင်ပေမယ့် သူ့ရင်ဘတ်ထဲမှ ပြင်းပြင်းပြပြ တောင်းဆိုသံတွေကို ကြားနေရသည်။ နန်းကျောင်းကျောင်းသည် သူ့ကို ဘာကြောင့် သဘောမကျလဲ ဆိုတာကို သူနားမလည်နိုင်ခဲ့။

သူ၏ ယောက်ျားပီသစွာ ချောမောခံ့ညားမှုက မလုံလောက်လို့လား?

သူ၏ အရပ်က လုံလောက်အောင်မရှည်လို့လား?

သူက အရည်အချင်းက မပြည့်မီလို့လား?

ရှောင်းယီ စိတ်သောက ရောက်နေစဉ် နန်းပေါင်ရီသည် သူ၏ပြတင်းကို တိတ်တဆိတ် ထိလိုက်သည်။ မုတန်းပန်းပင်ကို ပြတင်းအပြင်ဘက်မှာ သူစိုက်ထားခဲ့သည်။ သူမက ပန်းပွင့်တွေကြားက ခေါင်းလေးကို အနည်းငယ်ပြူပြီး စာကြည့်ခန်းကို ချောင်းကြည့် လိုက်သည်။  အမတ်မင်းမှာ အရမ်း စိတ်ဆိုးနေပုံရသည်။ သူမသည် ပန်းပွင့် နည်းနည်းကို ငှားရမ်းဖို့အတွက် ရောက်လာခဲ့သော်လည်း လာသည့်အချိန် မှားယွင်းသွားပုံရသည်။ သူမသာ အလောတကြီး ပြောလိုက်ရင် သူ့ကို ဒေါသထွက်စေမလား မသိချေ။

“သခင်မလေး ၅”

ကျန်းဆွေ့ဟန်သည် ဖယ်ထုတ်ခံလိုက်ရပြီးနောက် ပြန်ရောက်လာပြီး သူမ၏နောက်မှ ခေါ်လိုက်သည်။

သူက အသံနိမ့်နိမ့်ဖြင့် “မင်းရဲ့အစ်ကို ၂ ကို လာတွေ့တာလား၊ သူဒီနေ့ စိတ်အခြေအနေ မကောင်းဘူး၊ အရမ်းကြောက်ဖို့ ကောင်းတယ်”

နန်းပေါင်ရီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ကျွန်မကသူ့ကို မကောင်းတဲ့အကြံနဲ့ ချဉ်းကပ်တယ်လို့ အစ်ကို ၂ က မှားထင်နေတာ အဲ့ဒါကြောင့် စိတ်ဆိုးနေတာ”

ကျန်းဆွေ့ဟန်က မူးမေ့လဲမတတ် ဖြစ်သွားရသည်။ မကောင်းသည့်အကြံ? နန်းပေါင်ရီက အဲ့ဒီလို တွေးတယ်လား? အဲ့ဒါက တကယ်ကြီး အစ်ကိုရှောင်းအပေါ်မှာ သူထားတဲ့ သဘောထားတဲ့လား?

နန်းပေါင်ရီသည် သူ့ကိုတွန်းလိုက်ပြီး “ကြည့်ကြည့်၊ အစ်ကို ၂ က ကြေးမုံရှေ့မှာ တစ်ယောက်တည်း စကားပြောနေသလိုပဲ၊ ကျွန်မကို ကျိန်ဆဲနေတာလား မသိဘူး”

ကျန်းဆွေ့ဟန်သည် သူမလက်ထဲက ရုန်းကန်လိုက်ပြီး “ကျွန်တော်က နှုတ်ခမ်းပုံကြည့်ပြီး ဘာသာပြန်တတ်တယ်၊ ကျွန်တော် စမ်းကြည့်မယ်”

စာကြည့်ခန်းတွင်တော့..

ရှောင်းယီက ကြေးမုံမှန်၏ရှေ့တွင် မတ်တပ်ရပ်နေပြီး သူ၏မျက်လုံးများသည် မည်းနက်ပြီး မှောင်မိုက်နေသည်။ ကြေးမုံပြင်မှာ ထင်ဟပ်နေသည့် ငယ်ရွယ်သည့် ပုံရိပ်သည် အကြင်နာကင်းပြီး အာဏာပြင်းသည့် မျက်ဝန်းများကလည်း နက်မှောင်နေသည်။ နန်းကျောင်းကျောင်းသည် သူ၏အတွေးများကို အချိန်တိုင်း နှောင့်ယှက်နေသည်။ အဲ့ဒီအတွေးတွေကို ရှင်းထုတ်နိုင်ဖို့ နှလုံးသား သန့်စင်စေသည့် ကျမ်းစာကို သူ တိုးညင်းစွာ တတွတ်တွတ် ရွတ်နေသည်။

ပြတင်းအပြင်ဘက်မှာတော့….

ကျန်းဆွေ့ဟန်က အဆက်မပြတ် ဘာသာပြန်နေသည်။

“သူပြောနေတာက ‘ကြေးမုံမှန်၊ ကြေးမုံမှန် ဘယ်သူက ကမ္ဘာပေါ်မှာ အချောမောဆုံး ယောက်ျားလဲ? ငါမလား? ငါပဲဖြစ်သင့်တာပေါ့”

နန်းပေါင်ရီက အလိုမကျစွာဖြင့် “ဘာသာပြန်တာက ဘယ်လိုကြီးလဲ? နှုတ်ခမ်းလှုပ်တာနဲ့လည်း မတူဘူး၊ ကျွန်မရှင့်ကို မယုံဘူး”

“ဟင်!”

ကျန်းဆွေ့ဟန်မှာ အပြစ်ရှိသလို ခံစားလိုက်ရပြီး ပြောနေသည့် ခေါင်းစဉ်ကို ပြောင်းပစ်ရန် ကြိုးစားလိုက်သည်။

“နန်းသခင်မလေး ၅ ကျောက်ဝမ်ခြံကနေ ပြောင်းသွားပြီ မဟုတ်ဘူးလား၊ ဒီနေ့ ဘာလို့ပြန်လာတာလဲ”

“အစ်ကို ၂ ရဲ့ မုတန်းပန်းကို ငှားဖို့လာခဲ့တာ”

ကျန်းဆွေ့ဟန်က အံ့အားသင့်သွားပြီး “ကျွန်တော်မပြောရဲဘူး၊ အဲ့ဒါက များလွန်းတယ်”

နန်းပေါင်ရီက သူပြောတာကို နားမလည်ပေ၊ ပြတင်းပေါင်ပေါ်တွင် တင်ထားသည့် မုတန်းပန်းအိုးလေးကို သူမတွေ့သည်။ သူမက ပြောလိုက်သည်။

“အစ်ကိုကျန်း၊ အဲ့ဒီ မုတန်းပန်းလေးတွေကို ခဏငှားထားလို့ရမလား၊ အစ်ကို ၂ ကို ညီမ နှုတ်ဆက် သွားတယ်လို့ အစ်ကိုက ပြောပေးပါနော်”

ပြောပြီးသည်နှင့် သူမသည် ပန်းအိုးကို မပြီးပြေးတော့သည်။

ကျန်းဆွေ့ဟန် မူးမေ့ချင်သွားရပြန်သည်။ အဲ့ဒီ မုတန်းပန်းက ရွှေစအများကြီးပေးပြီး အစ်ကိုရှောင်း ဝယ်လာခြင်းဖြစ်ပြီး ကမ္ဘာပေါ်မှာ တစ်ပင်တည်းသာ ရှိသည်။

ထိုရက်တွေမှာ အဖူးလေးများ ဖူးနေပြီး ပွင့်ခါနီးနေပြီဖြစ်သည့် ပန်းပင်လေးသည် နန်းပေါင်ရီ၏ ယူသွားခြင်း ခံလိုက်ရသည်။ သူမသည် သူ့ကို အစ်ကိုရှောင်းကို နှုတ်ဆက်တယ်လို့ ပြောပေးရန် မှာသွား သေးသည်။ သူဘယ်လို ပြောရမတဲ့လဲ?

စာကြည့်ခန်းထဲမှာတော့ နှလုံးသား သန့်စင်စေသည့် ကျမ်းစာကို တိုးတိုးရွတ်ဆိုလို့ ပြီးသွားလေပြီ။ သူသည် ပြတင်းနားက အဖြစ်အပျက်များကို ကြားခဲ့ပြီးဖြစ်သည်။ သူပြတင်းနားကို လျှောက်သွား လိုက်သည့်အချိန် သူ၏ပန်းပင် ပျောက်နေသည်ကို တွေ့လိုက်ရသည်။

သူက တည်ကြည်စွာ မေးလိုက်သည်။

“မုတန်းပန်းပင် ဘယ်ရောက်သွားလဲ”

ကျန်းဆွေ့ဟန်မှာ တုန်သွားပြီး “နန်းပေါင်ရီငှားသွားတယ်”

ရှောင်းယီက မျက်မှောင်ကြုတ်လိုက်သည်။ မိန်းမငယ်လေးက ဖျက်ဆီးနေတာပဲ၊ သူမ၏ လက်ထဲတွင် ပန်းပင်ကို ထားသည်က တကယ်မကောင်းချေ။ သူသည် သူ၏ပန်းပင်ကို ပြန်လိုချင်သော်လည်း နန်းကျောင်းကျောင်းမှာ သူအားစိတ်ဆိုးမည်ကိုတော့ မလိုလားပေ။ သူခဏ စဉ်းစားလိုက်ပြီး ကျန်းဆွေ့ဟန်ကို ပြောလိုက်သည်။

“သွားပြန်ယူလာခဲ့”

“ကျွန်တော်မသွားဘူး”

ကျန်းဆွေ့ဟန်က ငြင်းလိုက်ပြီး ဆက်ပြောသည်။

“အဲ့ဒါက ပန်းပင်လေး တစ်ပင်ပဲလေ၊ ဘယ်အရာက ဘယ်လောက်ပဲ တန်ဖိုးရှိရှိ အစ်ကို့ရဲ့စိတ်ထဲမှာ သခင်မလေး ၅ လောက် တန်ဖိုးမရှိဘူးမလား၊ ယောက်ျားတစ်ယောက် အနေနဲ့ ပြောရရင် အစ်ကို သဘောထား ကြီးသင့်တယ်၊ ဟိုးအရင်တုန်းက ကျောက်ယွဲ့လို့ခေါ်တဲ့ ဒုတိယမြောက် အရူးဆုံး ဘုရင်တစ်ပါးရှိတယ်၊ သူက မိန်းမလှလေးရဲ့ အပြုံးတစ်ပွင့်အတွက် အဖိုးအခ အနေနဲ့ စစ်ရေးအချက်ပြမီးကို ပေးကစားခဲ့ပြီး ကမ္ဘာပျက်စေခဲ့တယ်တဲ့၊ ကမ္ဘာကြီးနဲ့ နှိုင်းယှဉ်ရင် နန်းပေါင်ရီက ပန်းအိုးလေးတစ်အိုးပဲ ယူသွားတာပါ၊ တန်ပါသေးတယ်”

ရှောင်းယီသည် ထိုအခိုက် စဉ်းစားလိုက်သည်။ ‘အဓိပ္ပါယ် ရှိသလိုပဲ’ သမိုင်းထဲက လှပသည့် မိန်းကလေးနဲ့ ယှဉ်ရင် သူရဲ့ နန်းကျောင်းကျောင်းက အများကြီး တော်ပါသေးသည်။ သို့သော် သူရဲ့ပန်းများကို ပြန်သွားယူချင်သေးသည်။

သူရဲ့ မုတန်းပန်းတွေ!!!!! နောက်တစ်ခါထပ်ပြီး ပန်းပွင့်လက်ကောက် အလုပ်ခံရမှာ စိုးသည်။

………………..

နန်းပေါင်ရီက အိပ်ခန်းထဲကို မုတန်းပန်းအိုးလေး နှင့်အတူ ပြန်လာခဲ့သည်။ ဘယ်နဲ့ညာကို အပြန်အလှန် ကြည့်ပြီးသည့်တိုင် ပန်းမှာ ဘာထူးခြားချက်မှ ရှာမတွေ့ချေ။ ပန်းပင်ကို ညှပ်ပြီး ပုံဖော်မှဖြစ်မယ်လို့ သူမတွေးလိုက်ပြီး ကတ်ကြေးနဲ့ ပုံဖော်ဖို့ ပြင်လိုက်သည်။ ထိုစဉ် ဟယ်ယဲ့က ဟုန်းအာကို ခေါ်ပြီး ရောက်လာခဲ့သည်။

“မမလေး ဟုန်းအာကပြောတယ်၊ နန်းယန်မှာ တစ်ခုခု ဖြစ်နေပြီတဲ့”

ဟုန်းအာက အရိုအသေပြုပြီး အမြန်ပြောသည်။

“သခင်မလေး ၅၊ နန်းယန်က ချောင်းဆိုးပြီး ဖျားနေပါတယ်၊ သမားတော်ကိုပင့်ပြီး ဆေးတိုက်လိုက်တော့ မကြာခင် ပျောက်သွားပါတယ်၊ အစေခံတွေကလည်း ပြုစုနေပေမယ့် ပိုပိုပြီး ဆိုးလာတယ်၊ ရှေ့နှစ်နှစ်က ကျွန်တော်မျိုးမရဲ့ သွေးဝေးတဲ့ ဆွေမျိုးတစ်ယောက်မှာလည်း ဒီလိုရောဂါ ဖြစ်ဖူးပါတယ်၊ ချောင်းဆိုးသွေးပါပြီး အဆုတ်ယောင်ရောဂါ ဖြစ်နေတာလို့ နောက်မှ သိလိုက်ရတယ်၊ သခင် ၃ကို ပြောပြဖို့ ကျွန်တော်မျိုးမ ကြောက်လို့ သခင်မလေးကို လာပြောပြတာပါ”

နန်းပေါင်ရီက အံ့အားသင့် သွားသည်။ အဆုတ်ယောင်ရောဂါ ဆိုတာက နောက်စရာ တစ်ခုမဟုတ်၊ ဘယ်သူမဆို အဲ့ဒီရောဂါရှိရင် သေကြသည်ချည်းပင်။

…………………
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။

paid Docs မှာ 15ပိုင်းတစ်ဖြက်ကို500ပါ။

zawgyi

အပိုင္း (၁၀၅)

ဒီခံစားခ်က္က ေခြးေကၽြးပစ္ဖို့ပဲတန္တယ္

ညက တျဖည္းျဖည္း နက္လာသည္။

ျပတင္းအျပင္က မိုးေရစက္ေတြက အိပ္ခန္းကို တိတ္ဆိတ္ၿပီး ေအးခ်မ္းေနေစသည္။ မီးအိမ္၏ အလင္းေရာင္မွာ အနည္းငယ္ ျဖာက်ေနၿပီး လိုက္ကာခ်ထားသည့္ အိပ္ရာေပၚတြင္ နန္းေပါင္ရီသည္ အသံသဲ့သဲ့ျပဳ၍ အိပ္ေမာက်ေနသည္။

ေရွာင္းယီသည္ ညအိပ္ဝတ္စုံကို ဝတ္ဆင္ထားၿပီး တိတ္တဆိတ္ အိပ္ခန္းထဲ ဝင္လာသည္။ သူသည္ ကန႔္လန႔္ကာကို လွပ္လိုက္သည့္အခ်ိန္ မီးအိမ္၏ အလင္းေရာင္ မွိန္မွိန္ေအာက္၌ မိန္းမငယ္ေလးသည္ အရမ္းခ်စ္စရာေကာင္းသည့္ မ်က္ႏွာေလးျဖင့့္ အိပ္ေပ်ာ္ေနသည္ကို ေတြ႕လိုက္ရသည္။ အိပ္ရာ၏ ေႏြးေထြးမွုေၾကာင့္ သူမ၏ပါးျပင္ မို့မို့ေလးမ်ားက ပန္းသီးနီနီ ရဲရဲေလးေတြလို အနီေရာင္သန္းၿပီး ႏူးညံ့အိစက္ေနသည္။

ဒါက မိုးနတ္မင္း၏ လက္ရာေျမာက္ ဖန္တီးမွုတစ္ခုပင္။ သူသည္ သူမ၏မ်က္ႏွာကို ဖြဖြေလး တို့ထိလိုက္သည္။ အသားအျပည့္ျဖင့္ ပါးမို့ေဖာင္းေဖာင္းေလးသည္ သူ႔ကို ခံစားခ်က္ ေကာင္းေစသည္။ သူသည္ သူမ၏ တိတ္ဆိတ္ေနသည့္ မ်က္ႏွာေလးကို တပ္မက္စြာ ေငးၾကည့္ေနၿပီး တိုးဖြဖြ ေရရြတ္လိုက္သည္။

“နန္းေက်ာင္းေက်ာင္း”

နန္းေပါင္ရီက သူမအိပ္ေနစဥ္မွာ ေႏွာင့္ယွက္ေနတာကို သေဘာက်ပုံမရ။ သူမက အိပ္ရာအတြင္းဘက္သို့ လွိမ့္လိုက္ၿပီး ႏွုတ္ခမ္းဆူၿပီး လ်စ္လၽွူရွုလိုက္သည္။

ေရွာင္းယီသည္ အခ်ိန္တစ္ခုေလာက္ ေတြးဆေနၿပီး စမ္းသပ္သည့္ သေဘာ ေမးၾကည့္လိုက္သည္။

“နန္းေက်ာင္းေက်ာင္း၊ မင္း တစ္ေယာက္ေယာက္ကို သေဘာက်ေနလို့ ခ်န္းမိသားစုနဲ႔ မဂၤလာပြဲကို ပ်က္ေစခ်င္တာမလား၊ ဥပမာအေနနဲ႔… မင္း မင္းရဲ့ အစ္ကို ၂ ကို သေဘာက်ေနတယ္မလား”

နန္းေပါင္ရီူသည္ သူမ၏ မ်က္ခုံးေသးေလးမ်ားကို ၾကဳတ္လိုက္သည္။ ညဉ့္နက္သန္းေခါင္ႀကီး၌ အမတ္မင္းသည္ သူမအား ‘သူ႔ကိုသေဘာက်ေနလား’ လို့ ေမးတယ္ဆိုၿပီး အိပ္မက္မက္ေနခဲ့ေသာေၾကာင့္ သူမ ေၾကာက္ရြံ့ေနသည္။ သူမသည္ အေႏွာင့္အယွက္ ျဖစ္သြားၿပီး အိပ္ရာထဲ ပိုတိုးဝင္လိုက္ရင္း အိပ္မက္ေယာင္ ေနသည္။

“မႀကိဳက္ပါဘူး၊ အစ္ကို ၂ ကို ဘယ္တုန္းကမွ မႀကိဳက္ခဲ့ပါဘူး၊ မိုးေကာင္းကင္နဲ႔ ေျမႀကီးကို တိုင္တည္ၿပီး က်ိန္ဆိုပါတယ္၊ ဘယ္တုန္းကမွ သူ႔အေပၚ တျခားစိတ္ေတြ မရွိခဲ့ပါဘူး၊ သူ႔ကို ေပြ႕ဖက္ခ်င္႐ုံ၊ ၾကည္ႏူးစိတ္နဲ႔ တင္းတင္းၾကပ္ၾကပ္ ဖက္႐ုံတင္ပါ၊ ဒါေပမယ့္ အဲ့ဒါေတြက သူ႔ကို စိတ္ဆိုးေစတယ္ ထင္…..”

ေရွာင္းယီ၏ အမူအရာသည္ ေအးစက္စက္ အေငြ႕အသက္မ်ား ဖုံးလႊမ္းလာသည္။ ‘အဲ့ဒါကသူ႔ကို စိတ္ဆိုးေစတယ္ထင္ တယ္’ ဆိုတာက ဘာအဓိပၸါယ္လဲ? သူမ၏ စိတ္ထဲ၌ သူ႔ကို ေပြ႕ဖက္ခ်င္႐ုံတဲ့လား? သူသည္ လွပစြာ ပန္းထိုးထားသည့္အိပ္ရာကို စိုက္ၾကည့္ေနရင္း ေနာက္ဆုံး သည္းမခံနိုင္ေတာ့ဘဲ အခန္းထဲက ထြက္သြားေတာ့သည္။

ဒီအေရးမပါသည့္ ခံစားခ်က္ကို ေခြးသာေကၽြးပစ္သင့္တယ္။

…………..

ေနာက္တစ္ေန႔မွာေတာ့…

က်န္းေဆြ႕ဟန္သည္ စာၾကည့္ခန္းသို့ ထြက္လာခဲ့သည္။ ေရွာင္းယီ၏ မ်က္ကြင္းမ်ား မည္းနက္ေနၿပီး စိတ္အေျခအေန ေကာင္းပုံမရေခ်။ သူသည္ ကိုင္ထားသည့္ ယပ္ေတာင္ကို ခတ္လိုက္ရင္း ရယ္ေမာလိုက္သည္။

“ငါတို့ရဲ့ အမတ္မင္းေရွာင္းကို ဘယ္သူက စိတ္ဓါတ္က်ေအာင္ လုပ္လိုက္တာလဲ”

စာရြက္ကို လွန္ေနၿပီး ဘာမွျပန္မေျဖသည့္ ေရွာင္းယီ၏ အမူအရာကိုၾကည့္၍ သူက စမ္းသပ္လိုက္သည္။

“အမတ္မင္းေရွာင္း၏ ခံစားခ်က္ေတြကို ဒီလိုျဖစ္ေအာင္ လုပ္နိုင္တာ သခင္မေလး ၅ တစ္ေယာက္ပဲရွိမယ္၊ ဟုတ္တယ္မွလား? အစ္ကိုေရွာင္းကလည္း ရွန္းရိေခ်ာင္ ဒီမွာရွိေနတုန္း နန္းေပါင္ရီနဲ႔ ေဝးေဝးေနစမ္းပါ၊ ရိေခ်ာင္ျပန္သြားမွ နမ္းရွိုက္တာေတြ၊ ဖက္တာေတြ စိတ္ႀကိဳက္လုပ္ ဟုတ္ၿပီလား၊ ဘာလို့အရမ္း စိတ္ဓါတ္က် ေနတာလဲ?”

………

ေရွာင္းယီက စိတ္ဆင္းရဲစြာ ထိုင္ေနၿပီး စားပြဲကို လက္ျဖင့္ ေတာက္ေနသည္။ က်န္းေဆြ႕ဟန္က ထပ္ေျပာသည္။

“ကၽြန္ေတာ္က အစ္ကို့အတြက္ စဥ္းစားေပးတာပါ၊ အစ္ကို တကယ္သူ႔ကို ဂ႐ုမစိုက္ဘူးဆိုရင္ သူ႔ရဲ့ အနာဂါတ္မွာ ျဖစ္လာမဲ့ သူ႔အဆင့္အတန္းကို ဂ႐ုမစိုက္ဘူးဆိုရင္ သူ႔ကို အခုလက္ထပ္လိုက္၊ သူက တကယ္ဆိုရင္ ကိုယ္လုပ္ေတာ္ တစ္ေယာက္ျဖစ္ဖို့ေတာင္ အရည္အခ်င္း မျပည့္မီေပမယ့္ ကိုယ္လုပ္ေတာ္ေတာ့ ျဖစ္သြားမွာပဲ”

သူဒါကို စလိုက္မိသည္ႏွင့္ အဆုံးမရွိသည့္ ကိစၥမ်ားက မီးခိုးႂကြက္ေလၽွာက္ လိုက္လာၾကေတာ့မည္။ ၿပီးေတာ့ သူ အခု လူမသိသူမသိ အေျခအေနမွာပဲ ရွိေသးသည္။ ေရွာင္းယီက ေအးစက္စြာ ေျပာလိုက္သည္။

“ရွီးခူ!”

ရွီးခူက ထြက္လာၿပီး က်န္းေဆြ႕ဟန္ကို အျပင္ကို ျမန္ျမန္ ကန္ထုတ္လိုက္သည္။

“အစ္ကိုေရွာင္း၊ ကၽြန္ေတာ့္ကို အေဝးမပို့စမ္းပါနဲ႔၊ သူက ကိုယ္လုပ္ေတာ္ တစ္ေယာက္ရဲ့ အရည္အခ်င္းေတြ မမီဘူးဆိုရင္ေတာင္ အျပင္ေဆာင္မွာ ေနရာေတြ ရွိပါေသးတယ္၊ ဟုတ္တယ္မွလား? ‘ပန္းရိုင္းေလးေတြက အိမ္ထဲက ပန္းေတြထက္ ပိုလွတယ္’ လို့ဆိုၾကတယ္မ…….”

သူ၏ ‘ပန္းရိုင္းနိယာမ’က မၿပီးဆုံးလိုက္၊ ရွီးခူ၏ အျပင္ဘက္ ေဝးေဝးသို့ ဆြဲေခၚသြားျခင္းကို ခံလိုက္ရေတာ့သည္။ ေရွာင္းယီသည္ သူ၏မ်က္လုံးမ်ားကို မွိတ္လိုက္သည္။ သူ မေတြးခ်င္ေပမယ့္ သူ႔ရင္ဘတ္ထဲမွ ျပင္းျပင္းျပျပ ေတာင္းဆိုသံေတြကို ၾကားေနရသည္။ နန္းေက်ာင္းေက်ာင္းသည္ သူ႔ကို ဘာေၾကာင့္ သေဘာမက်လဲ ဆိုတာကို သူနားမလည္နိုင္ခဲ့။

သူ၏ ေယာက္်ားပီသစြာ ေခ်ာေမာခံ့ညားမွုက မလုံေလာက္လို့လား?

သူ၏ အရပ္က လုံေလာက္ေအာင္မရွည္လို့လား?

သူက အရည္အခ်င္းက မျပည့္မီလို့လား?

ေရွာင္းယီ စိတ္ေသာက ေရာက္ေနစဥ္ နန္းေပါင္ရီသည္ သူ၏ျပတင္းကို တိတ္တဆိတ္ ထိလိုက္သည္။ မုတန္းပန္းပင္ကို ျပတင္းအျပင္ဘက္မွာ သူစိုက္ထားခဲ့သည္။ သူမက ပန္းပြင့္ေတြၾကားက ေခါင္းေလးကို အနည္းငယ္ျပဴၿပီး စာၾကည့္ခန္းကို ေခ်ာင္းၾကည့္ လိုက္သည္။  အမတ္မင္းမွာ အရမ္း စိတ္ဆိုးေနပုံရသည္။ သူမသည္ ပန္းပြင့္ နည္းနည္းကို ငွားရမ္းဖို့အတြက္ ေရာက္လာခဲ့ေသာ္လည္း လာသည့္အခ်ိန္ မွားယြင္းသြားပုံရသည္။ သူမသာ အေလာတႀကီး ေျပာလိုက္ရင္ သူ႔ကို ေဒါသထြက္ေစမလား မသိေခ်။

“သခင္မေလး ၅”

က်န္းေဆြ႕ဟန္သည္ ဖယ္ထုတ္ခံလိုက္ရၿပီးေနာက္ ျပန္ေရာက္လာၿပီး သူမ၏ေနာက္မွ ေခၚလိုက္သည္။

သူက အသံနိမ့္နိမ့္ျဖင့္ “မင္းရဲ့အစ္ကို ၂ ကို လာေတြ႕တာလား၊ သူဒီေန႔ စိတ္အေျခအေန မေကာင္းဘူး၊ အရမ္းေၾကာက္ဖို့ ေကာင္းတယ္”

နန္းေပါင္ရီက တည္တည္ၿငိမ္ၿငိမ္ ေျပာလိုက္သည္။

“ကၽြန္မကသူ႔ကို မေကာင္းတဲ့အႀကံနဲ႔ ခ်ဥ္းကပ္တယ္လို့ အစ္ကို ၂ က မွားထင္ေနတာ အဲ့ဒါေၾကာင့္ စိတ္ဆိုးေနတာ”

က်န္းေဆြ႕ဟန္က မူးေမ့လဲမတတ္ ျဖစ္သြားရသည္။ မေကာင္းသည့္အႀကံ? နန္းေပါင္ရီက အဲ့ဒီလို ေတြးတယ္လား? အဲ့ဒါက တကယ္ႀကီး အစ္ကိုေရွာင္းအေပၚမွာ သူထားတဲ့ သေဘာထားတဲ့လား?

နန္းေပါင္ရီသည္ သူ႔ကိုတြန္းလိုက္ၿပီး “ၾကည့္ၾကည့္၊ အစ္ကို ၂ က ေၾကးမုံေရွ႕မွာ တစ္ေယာက္တည္း စကားေျပာေနသလိုပဲ၊ ကၽြန္မကို က်ိန္ဆဲေနတာလား မသိဘူး”

က်န္းေဆြ႕ဟန္သည္ သူမလက္ထဲက ႐ုန္းကန္လိုက္ၿပီး “ကၽြန္ေတာ္က ႏွုတ္ခမ္းပုံၾကည့္ၿပီး ဘာသာျပန္တတ္တယ္၊ ကၽြန္ေတာ္ စမ္းၾကည့္မယ္”

စာၾကည့္ခန္းတြင္ေတာ့..

ေရွာင္းယီက ေၾကးမုံမွန္၏ေရွ႕တြင္ မတ္တပ္ရပ္ေနၿပီး သူ၏မ်က္လုံးမ်ားသည္ မည္းနက္ၿပီး ေမွာင္မိုက္ေနသည္။ ေၾကးမုံျပင္မွာ ထင္ဟပ္ေနသည့္ ငယ္ရြယ္သည့္ ပုံရိပ္သည္ အၾကင္နာကင္းၿပီး အာဏာျပင္းသည့္ မ်က္ဝန္းမ်ားကလည္း နက္ေမွာင္ေနသည္။ နန္းေက်ာင္းေက်ာင္းသည္ သူ၏အေတြးမ်ားကို အခ်ိန္တိုင္း ေႏွာင့္ယွက္ေနသည္။ အဲ့ဒီအေတြးေတြကို ရွင္းထုတ္နိုင္ဖို့ ႏွလုံးသား သန႔္စင္ေစသည့္ က်မ္းစာကို သူ တိုးညင္းစြာ တတြတ္တြတ္ ရြတ္ေနသည္။

ျပတင္းအျပင္ဘက္မွာေတာ့….

က်န္းေဆြ႕ဟန္က အဆက္မျပတ္ ဘာသာျပန္ေနသည္။

“သူေျပာေနတာက ‘ေၾကးမုံမွန္၊ ေၾကးမုံမွန္ ဘယ္သူက ကမၻာေပၚမွာ အေခ်ာေမာဆုံး ေယာက္်ားလဲ? ငါမလား? ငါပဲျဖစ္သင့္တာေပါ့”

နန္းေပါင္ရီက အလိုမက်စြာျဖင့္ “ဘာသာျပန္တာက ဘယ္လိုႀကီးလဲ? ႏွုတ္ခမ္းလွုပ္တာနဲ႔လည္း မတူဘူး၊ ကၽြန္မရွင့္ကို မယုံဘူး”

“ဟင္!”

က်န္းေဆြ႕ဟန္မွာ အျပစ္ရွိသလို ခံစားလိုက္ရၿပီး ေျပာေနသည့္ ေခါင္းစဥ္ကို ေျပာင္းပစ္ရန္ ႀကိဳးစားလိုက္သည္။

“နန္းသခင္မေလး ၅ ေက်ာက္ဝမ္ၿခံကေန ေျပာင္းသြားၿပီ မဟုတ္ဘူးလား၊ ဒီေန႔ ဘာလို့ျပန္လာတာလဲ”

“အစ္ကို ၂ ရဲ့ မုတန္းပန္းကို ငွားဖို့လာခဲ့တာ”

က်န္းေဆြ႕ဟန္က အံ့အားသင့္သြားၿပီး “ကၽြန္ေတာ္မေျပာရဲဘူး၊ အဲ့ဒါက မ်ားလြန္းတယ္”

နန္းေပါင္ရီက သူေျပာတာကို နားမလည္ေပ၊ ျပတင္းေပါင္ေပၚတြင္ တင္ထားသည့္ မုတန္းပန္းအိုးေလးကို သူမေတြ႕သည္။ သူမက ေျပာလိုက္သည္။

“အစ္ကိုက်န္း၊ အဲ့ဒီ မုတန္းပန္းေလးေတြကို ခဏငွားထားလို့ရမလား၊ အစ္ကို ၂ ကို ညီမ ႏွုတ္ဆက္ သြားတယ္လို့ အစ္ကိုက ေျပာေပးပါေနာ္”

ေျပာၿပီးသည္ႏွင့္ သူမသည္ ပန္းအိုးကို မၿပီးေျပးေတာ့သည္။

က်န္းေဆြ႕ဟန္ မူးေမ့ခ်င္သြားရျပန္သည္။ အဲ့ဒီ မုတန္းပန္းက ေရႊစအမ်ားႀကီးေပးၿပီး အစ္ကိုေရွာင္း ဝယ္လာျခင္းျဖစ္ၿပီး ကမၻာေပၚမွာ တစ္ပင္တည္းသာ ရွိသည္။

ထိုရက္ေတြမွာ အဖူးေလးမ်ား ဖူးေနၿပီး ပြင့္ခါနီးေနၿပီျဖစ္သည့္ ပန္းပင္ေလးသည္ နန္းေပါင္ရီ၏ ယူသြားျခင္း ခံလိုက္ရသည္။ သူမသည္ သူ႔ကို အစ္ကိုေရွာင္းကို ႏွုတ္ဆက္တယ္လို့ ေျပာေပးရန္ မွာသြား ေသးသည္။ သူဘယ္လို ေျပာရမတဲ့လဲ?

စာၾကည့္ခန္းထဲမွာေတာ့ ႏွလုံးသား သန႔္စင္ေစသည့္ က်မ္းစာကို တိုးတိုးရြတ္ဆိုလို့ ၿပီးသြားေလၿပီ။ သူသည္ ျပတင္းနားက အျဖစ္အပ်က္မ်ားကို ၾကားခဲ့ၿပီးျဖစ္သည္။ သူျပတင္းနားကို ေလၽွာက္သြား လိုက္သည့္အခ်ိန္ သူ၏ပန္းပင္ ေပ်ာက္ေနသည္ကို ေတြ႕လိုက္ရသည္။

သူက တည္ၾကည္စြာ ေမးလိုက္သည္။

“မုတန္းပန္းပင္ ဘယ္ေရာက္သြားလဲ”

က်န္းေဆြ႕ဟန္မွာ တုန္သြားၿပီး “နန္းေပါင္ရီငွားသြားတယ္”

ေရွာင္းယီက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ မိန္းမငယ္ေလးက ဖ်က္ဆီးေနတာပဲ၊ သူမ၏ လက္ထဲတြင္ ပန္းပင္ကို ထားသည္က တကယ္မေကာင္းေခ်။ သူသည္ သူ၏ပန္းပင္ကို ျပန္လိုခ်င္ေသာ္လည္း နန္းေက်ာင္းေက်ာင္းမွာ သူအားစိတ္ဆိုးမည္ကိုေတာ့ မလိုလားေပ။ သူခဏ စဥ္းစားလိုက္ၿပီး က်န္းေဆြ႕ဟန္ကို ေျပာလိုက္သည္။

“သြားျပန္ယူလာခဲ့”

“ကၽြန္ေတာ္မသြားဘူး”

က်န္းေဆြ႕ဟန္က ျငင္းလိုက္ၿပီး ဆက္ေျပာသည္။

“အဲ့ဒါက ပန္းပင္ေလး တစ္ပင္ပဲေလ၊ ဘယ္အရာက ဘယ္ေလာက္ပဲ တန္ဖိုးရွိရွိ အစ္ကို့ရဲ့စိတ္ထဲမွာ သခင္မေလး ၅ ေလာက္ တန္ဖိုးမရွိဘူးမလား၊ ေယာက္်ားတစ္ေယာက္ အေနနဲ႔ ေျပာရရင္ အစ္ကို သေဘာထား ႀကီးသင့္တယ္၊ ဟိုးအရင္တုန္းက ေက်ာက္ယြဲ႕လို့ေခၚတဲ့ ဒုတိယေျမာက္ အ႐ူးဆုံး ဘုရင္တစ္ပါးရွိတယ္၊ သူက မိန္းမလွေလးရဲ့ အျပဳံးတစ္ပြင့္အတြက္ အဖိုးအခ အေနနဲ႔ စစ္ေရးအခ်က္ျပမီးကို ေပးကစားခဲ့ၿပီး ကမၻာပ်က္ေစခဲ့တယ္တဲ့၊ ကမၻာႀကီးနဲ႔ ႏွိုင္းယွဥ္ရင္ နန္းေပါင္ရီက ပန္းအိုးေလးတစ္အိုးပဲ ယူသြားတာပါ၊ တန္ပါေသးတယ္”

ေရွာင္းယီသည္ ထိုအခိုက္ စဥ္းစားလိုက္သည္။ ‘အဓိပၸါယ္ ရွိသလိုပဲ’ သမိုင္းထဲက လွပသည့္ မိန္းကေလးနဲ႔ ယွဥ္ရင္ သူရဲ့ နန္းေက်ာင္းေက်ာင္းက အမ်ားႀကီး ေတာ္ပါေသးသည္။ သို့ေသာ္ သူရဲ့ပန္းမ်ားကို ျပန္သြားယူခ်င္ေသးသည္။

သူရဲ့ မုတန္းပန္းေတြ!!!!! ေနာက္တစ္ခါထပ္ၿပီး ပန္းပြင့္လက္ေကာက္ အလုပ္ခံရမွာ စိုးသည္။

………………..

နန္းေပါင္ရီက အိပ္ခန္းထဲကို မုတန္းပန္းအိုးေလး ႏွင့္အတူ ျပန္လာခဲ့သည္။ ဘယ္နဲ႔ညာကို အျပန္အလွန္ ၾကည့္ၿပီးသည့္တိုင္ ပန္းမွာ ဘာထူးျခားခ်က္မွ ရွာမေတြ႕ေခ်။ ပန္းပင္ကို ညႇပ္ၿပီး ပုံေဖာ္မွျဖစ္မယ္လို့ သူမေတြးလိုက္ၿပီး ကတ္ေၾကးနဲ႔ ပုံေဖာ္ဖို့ ျပင္လိုက္သည္။ ထိုစဥ္ ဟယ္ယဲ့က ဟုန္းအာကို ေခၚၿပီး ေရာက္လာခဲ့သည္။

“မမေလး ဟုန္းအာကေျပာတယ္၊ နန္းယန္မွာ တစ္ခုခု ျဖစ္ေနၿပီတဲ့”

ဟုန္းအာက အရိုအေသျပဳၿပီး အျမန္ေျပာသည္။

“သခင္မေလး ၅၊ နန္းယန္က ေခ်ာင္းဆိုးၿပီး ဖ်ားေနပါတယ္၊ သမားေတာ္ကိုပင့္ၿပီး ေဆးတိုက္လိုက္ေတာ့ မၾကာခင္ ေပ်ာက္သြားပါတယ္၊ အေစခံေတြကလည္း ျပဳစုေနေပမယ့္ ပိုပိုၿပီး ဆိုးလာတယ္၊ ေရွ႕ႏွစ္ႏွစ္က ကၽြန္ေတာ္မ်ိဳးမရဲ့ ေသြးေဝးတဲ့ ေဆြမ်ိဳးတစ္ေယာက္မွာလည္း ဒီလိုေရာဂါ ျဖစ္ဖူးပါတယ္၊ ေခ်ာင္းဆိုးေသြးပါၿပီး အဆုတ္ေယာင္ေရာဂါ ျဖစ္ေနတာလို့ ေနာက္မွ သိလိုက္ရတယ္၊ သခင္ ၃ကို ေျပာျပဖို့ ကၽြန္ေတာ္မ်ိဳးမ ေၾကာက္လို့ သခင္မေလးကို လာေျပာျပတာပါ”

နန္းေပါင္ရီက အံ့အားသင့္ သြားသည္။ အဆုတ္ေယာင္ေရာဂါ ဆိုတာက ေနာက္စရာ တစ္ခုမဟုတ္၊ ဘယ္သူမဆို အဲ့ဒီေရာဂါရွိရင္ ေသၾကသည္ခ်ည္းပင္။

…………………
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။

paid Docs မှာ 15ပိုင်းတစ်ဖြက်ကို500ပါ။

Continuer la Lecture

Vous Aimerez Aussi

370K 36.7K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
475K 68.4K 171
ရှီရှန်း arc 11 က​နေ စတင်တာပါ arc 1က​နေ 10ထိကို workထဲမှာ သွားရှာနိုင်ပါတယ် ႐ွီ႐ွန္း arc 11 က​ေန စတင္တာပါ arc 1က​ေန 10ထိကို workထဲမွာ သြား႐ွာႏိုင္ပါတ...
55.2K 5.9K 88
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
519K 76.6K 160
Disclaimer : I'm not own this novel. I'm just translate to MM langauge Eng Title- I become a burdensome child after transmigrating Author(s)- Biting...