စုန့်ထင်ယွီဘယ်လိုလုပ်ပြီးစုအိမ်ကိုရောက်လာတာလဲဆိုတာကိုစုရန်မသိဘူး။ဒါပေမယ့်လဲသူမအများကြီးမတွေးချင်တော့တာနဲ့ထွက်သွားဖို့လုပ်လိုက်ပေမယ့် ချောင်ချောင်သူမလက်ကိုဆွဲပြီးအထဲကိုပြန်ခေါ်သွားလိုက်တယ်။ချောင်ချောင်လူမသိအောင်ခေါင်းလေးခါပြလိုက်ပြီးသူမကိုမသွားဖို့တောင်းဆိုနေတယ်။အကယ်၍သူမတို့နှစ်ယောက်တည်းသာရှိနေရင်ချောင်ချောင်ဒူးထောက်ပြီးတော့တောင်သူမမသွားဖို့တောင်းပန်ရင်တောင်းပန်နေမှာ။ချောင်ချောင်အားအကုန်သုံးပြီးစုရန်ကိုထမင်းစားခန်းထဲကိုဆွဲခေါ်သွားပြီးစုန့်ထင်ယွီဘေးမှာပေးထိုင်လိုက်တယ်။ပြီးတော့စုရန်နားနားကိုကပ်ပြီးပြောလိုက်တယ်: 'ရန်ရန် အမေတောင်းပန်ပါတယ်။ပြဿနာမရှာပါနဲ့နော်။ထမင်းကောင်းကောင်းစားကြရအောင်နော်...'
သူမပြောပြီးတာနဲ့ခေါင်းပြန်မော့လိုက်ပြီးပြုံးပြလိုက်ကာ: 'သမီးတို့အရင်ထိုင်ကြလေ။ပန်းကန်တစ်ချပ်လိုသေးတယ်။ကျွန်မအထဲမှာသွားယူလိုက်ဦးမယ်။ထင်ယွီအားမနာနဲ့နော်။ကိုယ့်အိမ်လိုဘဲသဘောထား'
စုလိုင်နဲ့စုဟုန်တို့လဲအောက်ထပ်ကိုဆင်းလာကြပြီး စုန့်ထင်ယွီဘေးမှာစုလိုင်ဝင်ထိုင်လိုက်တယ်။စုလိုင်သိမ်မွေ့တဲ့ပုံစံအဝတ်အစားကိုဝတ်ထားပြီးမိတ်ကပ်လဲပြန်ပြင်ထားပုံရတယ်။သူမစုန့်ထင်ယွီကိုပြုံးပြလိုက်ပြီး: 'ထင်ယွီ ရှင်လာလို့ကျွန်မအရမ်းဝမ်းသာနေတာ'
စုန့်ထင်ယွီကတော့ဘာမှပြန်မပြောဘူး။သူစုရန်ကိုရောစုလိုင်ကိုရောလှည့်တောင်မကြည့်ဘူး။
စုဟုန်နဲ့ချောင်ချောင်တို့လဲသူတို့နဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်တယ်။
စုဟုန်ဝိုင်ခွက်ကိုမြှောက်ပြီး မျက်နှာမှာအပြုံးအပြည့်နဲ့ပြောလိုက်တယ်: 'လာထင်ယွီ ချီးယားစ်လုပ်ရအောင်'
'ဒီညကျွန်တော်အရက်မသောက်ချင်ဘူး' စုန့်ထင်ယွီသူ့ကိုအေးစက်တဲ့မျက်လုံးတွေနဲ့စွေကြည့်လိုက်ပြီး တစ်စက်မှကိုယှဉ်ကျေးမှုမရှိဘဲငြင်းလိုက်တယ်။
စုဟုန်မျက်နှာကြီးအီးမှန်သလိုဖြစ်သွားတယ်။စုန့်ထင်ယွီသူနဲ့မရင်းနှီးဘူးဆိုတာကိုသူသိတယ်။ဒါပေမယ့်နေ့လည်တုန်းကသူ့ကိုညစာစားဖို့စုဟုန်ဖုန်းဆက်ခဲ့တာကိုသူအရင်ကဆိုရင်ငြင်းခဲ့ပေမယ့် အခုတော့
ဘာလို့လာဖို့သဘောတူလိုက်တာလဲမသိဘူး။အဲ့ဒါကြောင့်သူလဲအရင်တုန်းကလိုမျိုးသူ့ကိုမဆက်ဆံတော့ဘူးလို့ထင်နေတာ။
စုဟုန်ဝိုင်ခွက်ကိုပြန်ချထားလိုက်ပြီးပြုံးလိုက်ကာ: 'ရပါတယ်။ငါ့ဘာသာဘဲသောက်လိုက်တော့မယ်'
'ရှင်အရက်မသောက်ဘူးဆိုလို့ရှိရင်များများစားနော်' စုလိုင်ဟင်းတွေကိုတူနဲ့ယူပြီးစုန့်ထင်ယွီပန်းကန်ထဲကိုထည့်ပေးလိုက်တယ်။
စုန့်ထင်ယွီမျက်လုံးတွေမှေးစင်းပြီးသူမကိုသတိပေးသလိုမျိုးကြည့်လိုက်တော့ စုလိုင်ကြောက်ပြီးတံတွေးတွေမျိုချလိုက်ကာ: 'ဘာဖြစ်လို့လဲဟင်?'
ပြီးတော့စုရန်ကိုစုန့်ထင်ယွီကြည့်လိုက်တယ်။သူမကတော့ထမင်းကိုဘဲပြီးအောင်စားနေပြီးဘာတွေဖြစ်နေလဲဆိုတာကိုမသိတဲ့ပုံဘဲ။
စုန့်ထင်ယွီတူကိုကိုင်ပြီးပြောလိုက်တယ်: 'ကျေးဇူးဘဲ'
ရိုးရိုးရှင်းရှင်းစကားနှစ်လုံးဘဲဆိုပေမယ့် စုလိုင်ကိုတော့ပျော်သွားစေတယ်။သူမချက်ချင်းဘဲပြန်ပြောလိုက်တယ်: 'ထင်ယွီ အားနာစရာမလိုဘူးနော်။ရှင်ကြိုက်လို့ရှိရင်အများကြီးစားလို့ရတယ်နော်။ဒါလေးလဲစားကြည့်ဦး။ဒါတွေအားလုံးကအရသာရှိတာတွေချည်းဘဲ....' သူမထည့်ပေးတဲ့ဟင်းတွေကိုစုန့်ထင်ယွီဘေးကိုမဖယ်ပစ်တာကိုတွေ့ပြီး သူမပိုပြီးသတ္တိရှိလာပးကာတခြားဟင်းတွေကိုလဲထပ်ပြီးထည့်ပေးနေလိုက်တယ်။
'တော်ပြီ'
စုန့်ထင်ယွီပြောလိုက်မှဘဲသူမထည့်ပေးနေတာတွေကိုရပ်လိုက်တော့တယ်။သူမစုန်ကိုကြည့်လိုက်တဲ့အချိန်မှာစုရန်လဲခေါင်းမော့လာပြီးသူမကိုပြန်ကြည့်လိုက်တယ်။
စုရန်လဲမြင်ရတာရယ်စရာကောင်းတယ်လို့ထင်ပြီး သူမကိုလျစ်လျူရှုကာအကြည့်ပြန်လွှဲလိုက်တယ်။
စုလိုင်ကဘဲစပြီးပြောလိုက်တယ်: 'ရန်ရန် လင်ချန်ဟွမ်အဖွားဆုံးသွားတယ်လို့ကြားတယ်ဟုတ်လား?မနက်တုန်းကနင်ဈာပနကိုသွားသေးတယ်မလား?သူရောဘယ်လိုနေလဲ?အဆင်ပြေရဲ့လား?နက်တို့ရင်နှီးကြတော့ သူ့ဘေးမှာနင်အဖော်ပြုပေးနေမယ်လို့ငါထင်နေတာ။သူဝမ်းနည်းနေတာကို နင်သူ့ဘေးမှာရှိနေပေးသင့်တာပေါ့....'
စုရန်မျက်ခုံးတွေကိုပင့်ပြီးလှောင်သလိုပြန်ပြောလိုက်တယ်: 'အမကထမင်းစားနေတုန်းစကားပြောရတာကြိုက်တာကိုကျွန်မဘာလို့မသိခဲ့ရတာလဲ?'
စုလိုင်မျက်နှာပျက်သွားတာကိုကြည့်ပြီးသူမလဲမျက်နှာပြန်လွှဲလိုက်တယ်။ပြီးတော့အမှတ်မထင်စုန့်ထင်ယွီပန်းကန်ကိုကြည့်မိသွားတော့ပန်းကန်ထဲကထမင်းအဖြူပေါ်မှာဟင်းတွေအများကြီးပုံနေတာကိုတွေ့သွားတယ်။စုလိုင်ထည့်ပေးထားတာတွေချည်းဘဲ။
သူမထည့်ပေးထားတာကိုသူမငြင်းခဲ့ဘူးဘဲ။
စုရန်နှုတ်ခမ်းတွေကိုကိုက်လိုက်ပြီး ထမင်းငုံ့စားမလို့လုပ်လိုက်ပေမယ့် ရုတ်တရက်သူမလက်ကိုနွေးထွေးတဲ့လက်တစ်စုံကလာကိုင်လိုက်တယ်။
သူမလဲလန့်သွားပြီးငုံ့ကြည့်လိုက်တယ်။စုန့်ထင်ယွီသူမလက်ကိုကိုင်ထားတာဘဲ။
သူမကိုသူကြည့်နေတယ်။သူဒီလိုဖြစ်ရတာကလင်ချန်ဟွမ်နာမည်ကိုကြားလိုက်လို့မဟုတ်ဘဲအစထဲကသူ့စိတ်အခြေအနေမကောင်းလို့ဆိုတာကိုစုရန်သိတယ်။သူမသူ့လက်တွေကိုဖယ်ဖို့လုပ်လိုက်ပြီးအသံတိုးတိုးလေးနဲ့ပြောလိုက်တယ်: 'လက်ကိုလွှတ်လိုက်'
စုန့်ထင်ယွီကတော့မလွှတ်တဲ့အပြင်သူမလက်ကိုပိုပြီးဆုပ်ကိုင်ထားလိုက်တယ်။အဲ့တာကြောင့်စုန့်ထင်ယွီဘေးမှာထိုင်နေတဲ့စုလိုင်လဲတစ်ခုခုဖြစ်နေတယ်ဆိုတာကိုသတိထားမိသွားတယ်။သူမလဲငုံ့ကြည့်လိုက်ရောသူတို့တွေလက်ကိုဆုပ်ကိုင်ထားတာကိုတွေ့သွားတယ်။သူမသဝန်တွေတိုပြီးနှုတ်ခမ်းကိုကိုက်ကာ သူတို့နှစ်ယောက်ရဲ့လက်တွေကိုဆွဲခွါလိုက်ချင်တယ်။
အဲ့ဒီအချိန်မှာစုရန်ဖုန်းမြည်လာတယ်။
စုရန်အိတ်ကိုစုလိုင်ထိုင်တဲ့နေရာနဲ့နီးတဲ့ထမင်းစားပွဲဘေးကစင်မှာတင်ထားတာ။
စုရန်လဲစုန့်ထင်ယွီလက်ကိုဖယ်ပြီးအိတ်ကိုယူချင်ပေမယ့်လုပ်လို့မရဘဲဖြစ်နေတုန်းစုလိုင်ထသွားပြီး: 'ငါယူပေးမယ်'
သူမပြောပြီးစုရန်အိတ်ထဲကဖုန်းကိုထုတ်လိုက်တယ်။သူမဖုန်းscreenကိုကြည့်ပြီးတိတ်တိတ်လေးရယ်နေလိုက်တယ်။သူမဖုန်းကိုထမင်းစားပွဲပေါ်မှာတင်ပြီးစုန့်ထင်ယွီအရှေ့ကနေစုရန်ဆီကိုတွန်းပေးလိုက်ကာ: 'လင်ချန်ဟွမ်ဆက်တာ'
စုရန်လဲအံ့ဩနေတုန်းဖုန်းကထပ်ပြီးမြည်လာကာလင်ချန်ဟွမ်နာမည်ကိုမြင်နေရတယ်။
ပြီးတော့ဖုန်းမြည်တာထပ်ပြီးရပ်သွားပြန်တယ်။
သူမလက်ကိုစုန့်ထင်ယွီလွှတ်ပေးလိုက်ပြီး
သူ့ရဲ့အေးစက်တဲ့အကြည့်တွေကသူမမျက်နှာကိုဘဲစိုက်ကြည့်နေတယ်။
စုရန်လဲပါးစပ်ဖွင့်လိုက်ပေမယ့်ဘာမှမပြောနိုင်ဘူးဖြစ်နေတယ်။သူမဖုန်းကထပ်ပြီးမြည်လာပြန်ပြီ။
လင်ချန်ဟွမ်ထပ်ပြီးဆက်ပြန်ပြီ။
ထမင်းစားခန်းကတိတ်ဆိတ်နေတော့ဖုန်းမြည်တဲ့အသံဘဲကြားနေရတယ်။
စုလိုင်သူမဖုန်းကိုကြည့်လိုက်ပြီးမျက်ခုံးပင့်ကာ: 'ရန်ရန် ဘာလို့မဖြေတာလဲ?'
သူမပြောပြီးတာနဲ့စုန့်ထင်ယွီတူကိုပစ်ချလိုက်ပြီးခုံကနေထလိုက်တယ်။ပြီးတော့သူ့ဘေးမှာထားထားတဲ့ကုတ်နဲ့ကားသော့ကိုယူပြီးထွက်သွားတယ်။
စုလိုင်သူ့အနောက်ကိုအမြန်ပြေးလိုက်သွားပြီး: 'ထင်ယွီ အခုအိမ်ပြန်တော့မလို့လား?ကျွန်မလဲရုတ်တရက်ကြီးလုပ်စရာကိစ္စလေးပေါ်လာလို့အပြင်သွားရမှာ။ကျွန်မကားပျက်နေလို့ရှင်နဲ့လိုက်ခဲ့လို့ရလား?'
စုန့်ထင်ယွီသူမကိုလှည့်ကြည့်လိုက်တယ်။
စုလိုင်လဲသူနဲ့ရင်းနှီးချင်ပေမယ့် သူ့ကိုကြောက်တော့ကြောက်တယ်။အဲ့ဒါကြောင့်သူသဘောမတူဘူးထင်ပြီးမလိုက်တော့ဘူးလို့ပြန်ပြောမလို့လုပ်လိုက်တဲ့အချိန်မှာ မထင်မှတ်ထားဘဲသူပြန်ပြောလိုက်တယ်: 'လိုက်ခဲ့'
စုလိုင်ပျော်သွားပြီးစုရန်ကိုလှည့်ကြည့်လိုက်တယ်။ပြီးတာနဲ့သူမဖိနပ်ကိုအမြန်စီးလိုက်ပြီးအင်္ကျီတောင်မလဲတော့ဘဲသူ့အနောက်ကနေအမြန်လိုက်သွားလိုက်တယ်။စုန့်ထင်ယွီစိတ်ပြောင်းပြီးသူမကိုမစောင့်တော့မှာစိုးလို့။
စုန့်ထင်ယွီကားကအိမ်ဘေးမှာရပ်ထားတာ။ထမင်းစားခန်းဘေးမှာပြတင်းပေါက်ရှိတယ်။သော့ပိတ်ထားပေမယ့်လဲလိုက်ကာဖွင့်ထားတော့စုရန်ထိုင်နေတဲ့နေရာကနေဆိုရင်အပြင်ကိုကောင်းကောင်းမြင်ရတယ်။
PGမှာအပိုင်း၃၉၀ရောက်နေပါပြီ😉
အခုကစပြီးgp1ဝင်မယ်ဆိုရင်500နဲ့ဝင်လို့ရပါပြီ