နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်န...

By princeblack955

729K 51.5K 1K

Summary လေးနှစ်ကြာလက်ထပ်ပြီးတဲ့နောက် စုရန်နဲ့စုန့်ထင်ယွီတို့ကြားမှာအချစ်ဆိုတာမရှိခဲ့ပါဘူး။စုရန်ရဲ့ကိုယ်ဝန်ကြေ... More

Intro
Summary
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄-၁)
အပိုင်း(၄-၂)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉-၁)
အပိုင်း(၉-၂)
အပိုင်း(၁၀)
အပိုင်း(၁၁-၁)
အပိုင်း(၁၁-၂)
အပိုင်း(၁၂-၁)
အပိုင်း(၁၂-၂)
အပိုင်း(၁၃-၁)
အပိုင်း(၁၃-၂)
အပိုင်း(၁၄-၁)
အပိုင်း(၁၄-၂)
အပိုင်း(၁၅-၁)
အပိုင်း(၁၅-၂)
အပိုင်း(၁၆-၁)
အပိုင်း(၁၆-၂)
အပိုင်း(၁၇-၁)
အပိုင်း(၁၇-၂)
အပိုင်း(၁၈-၁)
အပိုင်း(၁၈-၂)
အပိုင်း(၁၉-၁)
အပိုင်း(၁၉-၂)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
Notice
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
Notice
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)
အပိုင်း(၁၅၀)
အပိုင်း(၁၅၁)
အပိုင်း(၁၅၂)
အပိုင်း(၁၅၃)
အပိုင်း(၁၅၄)
အပိုင်း(၁၅၅)
အပိုင်း(၁၅၆)
အပိုင်း(၁၅၇)
အပိုင်း(၁၅၈)
အပိုင်း(၁၅၉)
အပိုင်း(၁၆၀)
အပိုင်း(၁၆၁)
အပိုင်း(၁၆၂)
အပိုင်း(၁၆၃)
အပိုင်း(၁၆၄)
အပိုင်း(၁၆၅)
အပိုင်း(၁၆၆)
အပိုင်း(၁၆၇)
အပိုင်း(၁၆၈)
အပိုင်း(၁၆၉)
အပိုင်း(၁၇၀)
အပိုင်း(၁၇၁)
အပိုင်း(၁၇၂)
အပိုင်း(၁၇၃)
အပိုင်း(၁၇၄)
အပိုင်း(၁၇၅)
အပိုင်း(၁၇၇)
အပိုင်း(၁၇၈)
အပိုင်း(၁၇၆)
အပိုင်း(၁၇၉)
အပိုင်း(၁၈၀)
အပိုင်း(၁၈၁)
အပိုင်း(၁၈၂)
အပိုင်း(၁၈၃)
အပိုင်း(၁၈၄)
အပိုင်း(၁၈၅)

အပိုင်း(၉၈)

3K 234 2
By princeblack955

စုန့်ထင်ယွီခြေလှမ်းတွေရပ်သွားပြီး လက်သီးတွေလဲဆုပ်ထားလိုက်တယ်။သူ့ဒေါသတွေကိုသူထိန်းချုပ်နေပုံရတယ်။ဒါပေမယ့်သူခပ်မြန်မြန်ဘဲထိန်းချုပ်လိုက်ပြီး လင်ချန်ဟွမ်ဘက်ကိုလှည့်ကာအေးစက်စက်ပြုံးလိုက်ပြီး: 'လင်ချန်ဟွမ် နောက်ကျတယ်ဆိုရင်နောက်ကျသွားတာဘဲ'

လင်ချန်ဟွမ်လဲမတ်တပ်ရပ်ပြီးပြန်ပြောဖို့ကိုမေ့နေတယ်။

စုန့်ထင်ယွီအိပ်ယာပေါ်ကနေစုရန်ကိုချီ‌လိုက်တာကိုထျန်မီတွေ့ပြီးအမြန်တားလိုက်ကာ: 'ရှင်ဘာလုပ်နေတာလဲ?'

'ဘေးဖယ်လိုက်'

ထျန်မီလဲဒေါသထွက်သွားပြီး: 'အခုအပြင်မှာရာသီဥတုကဒီလောက်ဆိုးနေတာကို သူမကိုချီသွားပြီးဘာလုပ်မလို့လဲ?ရှင်သူမကိုတောင်အောက်ကိုချီသွားမလို့လား?သူမအဖျားကြီးနေတယ်ဆိုတာကိုရှင်သိလား?အခြေအနေပိုဆိုးသွားရင်ဘယ်လိုလ်ုမလဲ?ဒီအခြေအနေကိုရှင်သဘောမကျပေမယ့်လဲစုရန်ကိုစဉ်းစားပေးလို့မရဘူးလား?မနက်ဖြန်မနက်ထိစောင့်ပြီးသူမအဖျားလဲကျပြီးရာသီဥတုလဲကောင်းသွားရင် ရှင်သွားလို့ရပြီ။ဟုတ်ပြီလား?'

စုန့်ထင်ယွီလဲသူမနဖူးကိုစမ်းကြည့်လိုက်တော့မှ တော်တော့်ကိုပူနေတာဘဲ။

သူလဲစိတ်ထိန်းလိုက်ပြီး ဘာမှမပြောဘဲသူမကိုအိပ်ယာပေါ်ကိုပြန်ထားလိုက်ပြီးစောင်ခြုံပေးလိုက်တယ်။

ထျန်မီလဲအိမ်ပိုင်ရှင်ဆီကနေငှားလာတဲ့ရေခဲအိတ်ကိုပေးလိုက်ပြီး: 'သူမနဖူးကိုကပ်ပေးလိုက်။အပူကျသွားရအောင်'

စုန့်ထင်ယွီရေခဲအိတ်ကိုယူပြီးစုရန်နဖူးပေါ်မှာကပ်ပေးလိုက်တယ်။ပြီးတော့ထိုင်ခုံကိုယူပြီးကုတင်ဘေးမှာထိုင်ကာအားလုံးကိုလျစ်လျူရှုထားလိုက်တယ်။

ထျန်မီလဲလင်ချန်ဟွမ်ရဲ့သနားစရာကောင်းတဲ့မျက်နှာကကြမ်းပြင်ပေါ်မှာရပ်ပြီးစုရန်ကိုဘဲစိုက်ကြည့်နေတာကိုကြည့်နေလိုက်တယ်။

သူမလဲရင်ထဲမှာသက်ပြင်းချလိုက်မိပြီး သူအနားကိုသွားကာသူ့လက်ကိုဆွဲပြီး: 'သူရန်ရန်ကိုဂရုစိုက်လိမ့်မယ်။နင်ငါနဲ့လိုက်ခဲ့လိုက်'

သူမလဲသူ့ကိုအခန်းထဲကနေအပြင်ကိုခေါ်လာခဲ့လိုက်တယ်။အဲ့ဒီအချိန်မှာဘဲအိမ်ပိုင်ရှင်လဲအထဲကိုဝင်လာတယ်။

အိမ်ပိုင်ရှင်လဲလေတွေအိမ်ထဲကိုဝင်လာမှာစိုးလို့တံခါးကိုကျပ်ကျပ်ပိတ်လိုက်ပြီးအထဲကိုဝင်လာကာ: 'ထျန်မိန်းကလေး၊ဥက္ကဌလင်၊စုမိန်းကလေးရော?'

ထျန်မီလဲယဥ်ယဉ်ကျေးကျေးပြန်ပြောလိုက်တယ်: 'သူမသက်လာလာပါပြီ။ကျေးဇူးတင်ပါတယ်'

အိမ်ပိုင်ရှင်ကထပ်ပြီးပြောလိုက်တယ်: 'ဒါဆိုရင်ကောင်းပါတယ်။ဒီညတော့ဒီမှာဘဲနေလိုက်ကြတော့။လေတွေလဲတအားတိုက်ပြီးနှင်းတွေလဲအများကြီးကျနေတာဆိုတော့တောင်အောက်ဆင်းဖို့လွယ်မှာမဟုတ်ဘူး။မနက်ဖြန်မနက်ရာသီဥတုကောင်းလာတော့မှပြန်ကျပေါ့'

'ဟုတ်ကဲ့။ကျေးဇူးပါ'

'ရပါတယ်' အိမ်ပိုင်ရှင်လဲလက်ကာပြလိုက်ပြီးပြန်မလို့လုပ်လိုက်တော့ထျန်မီလှမ်းခေါ်လိုက်တယ်။

ထျန်မီ လင်ချန်ဟွမ်မျက်နှာကိုစွေကြည့်လိုက်ပြီး: 'တဆိတ်လောက်ရှင့် ဆေးသေတ္တာများရှိလားမသိဘူး?'

အိမ်ပိုင်ရှင်လဲလင်ချန်ဟွမ်မျက်နှာကဒဏ်ရာတွေကိုတွေ့ပေမယ့် သူမျကိစ္စကိုစပ်စုတတ်တဲ့သူမဟုတ်တော့ ပြီးတော့လဲအခြေအနေတွေကတစ်ခုခုဖြစ်နေတယ်ဆိုတာကိုခံစားမိလို့ဘာမှမမေးခဲ့တာ။

'ရှိပါတယ်။ရှိပါတယ်။ကျွန်တော့ကိုဒီမှာခဏစောင့်ဦးနော်။ယူပေးမယ်'

မကြာခင်မှာဘဲဆေးသေတ္တာကိုတွေ့သွားပြီးစားပွဲပေါ်ကိုတင်ပေးထားလိုက်တယ်။

ထျန်မီလဲအရမ်းကိုကျေးဇူးတင်သွားပြီး: 'ကျေးဇူးတင်ပါတယ်'

အိမ်ပိုင်ရှင်ကလဲကျေးဇူးတင်စရာမလိုဘူးလို့ပြောပြီးထွက်သွားလိုက်တယ်။

ထျန်မီဆိုဖာပေါ်မှာထိုင်ပြီးသူ့ကိုဆေးထည့်ပေးမလို့လုပ်လိုက်ကာ: 'ငါဆေးထည့်ပေးမယ်'

လင်ချန်ဟွမ်လဲဘာမှမပြောဘူး။ထျန်မီလဲဘာမှမပြောတော့ဘဲဆေးဘဲထည့်ပေးလိုက်ပြီး: 'နင်အဆင်ပြေရဲ့လား?'

လင်ချန်ဟွမ်ကတော့တိတ်နေတုန်းဘဲ။

ထျန်မီဆေးသေတ္တာကိုပိတ်လိုက်ပြီးစောစောကဖြစ်ခဲ့တာတွေကိုသတိရသွားကာ: 'ဘယ်လိုဘဲဖြစ်ဖြစ်စုန့်ထင်ယွီကစုရန်ရဲ့ယောက်ျားဘဲ။လွန်ခဲ့တဲ့လေးနှစ်တုန်းကလဲသူတစ်ခါမှပြန်မလာတာငါသိတယ်။ပြန်လာတော့လဲစုန့်ဝမ်ရှီကိုကယ်ပေးဖို့ကိုတွန့်ဆုတ်နေပြီးစုရန်နဲ့တူတူမနေချင်တာလဲသိတယ်။လွန်ခဲ့တဲ့လေးနှစ်တုန်းကစုရန်ကိုသူအရမ်းမုန်းနေတော့ စုရန်အပေါ်ကိုသူခံစားချက်မရှိဘူးလို့ထင်နေခဲ့တာ။ဒါပေမယ့်ကြည့်ရတာငါထင်တာမှားသွားတဲ့ပုံဘဲ...'

ဒါပေမယ့်တစ်ဖက်မှာစုရန်ကိုအမြဲစောင့်နေတဲ့လင်ချန်ဟွမ်ကရော?

လင်ချန်ဟွမ်ဆိုဖာမှာမှီပြီးအခန်းအရှေ့
ကိုကြည့်နေပေမယ့်ဘာမှမမြင်ဘူးဖြစ်နေတယ်။

အခန်းထဲမှာ

စုန့်ထင်ယွီဘယ်လိုမှစိတ်မအေးနိုင်ဘူးဖြစ်နေတယ်။စုရန်အိပ်ယာပေါ်မှာလှဲပြီးပါးလေးနှစ်ဖက်နီရဲနေတာကိုကြည့်ပြီးသူ့ရင်ထဲမှာခံစားချက်တွေအများကြီးဖြစ်ပေါ်နေတယ်။

စိတ်မကောင်း‌တာရောနာကြည်းနေတာရော။

သူ့လက်တွေနဲ့စုရန်နှုတ်ခမ်းလေးကိုပွတ်လိုက်တယ်။လင်ချန်ဟွမ်သူမကိုနမ်းထားတာကိုဘယ်လိုဖယ်ပစ်ရမလဲလို့တွေး‌နေမိတယ်။

စုရန်လဲချောချောမွေ့မွေမအိပ်နိုင်ဘဲအိပ်ရင်းနဲ့မျက်မှောင်တွေကြုတ်နေတယ်။

သူမရဲ့မျက်ခုံးတွေကိုစုန့်ထင်ယွီနှိပ်ပေးလိုက်တယ်။ပြီးတော့စုရန်အနားကိုကပ်သွားလိုက်ပြီးအေးစက်တဲ့အကြည့်တွေနဲ့ကြည့်နေလိုက်တယ်။

သူအသံတိုးတိုးလေးနဲ့ပြောလိုက်တယ်: 'စုရန် မင်းကိုကိုယ်မသတ်ရက်တာကိုမုန်းမိတယ်'

သူ့စိတ်ကိုစုရန်ထိန်ချုပ်နိုင်စွမ်းရှိတာကိုသူအခုသိသွားပြီ။သူစိတ်တွေကသူ့ထိန်းချုပ်မှုအောက်မှာမရှိဘဲသူမကြောင့်ဘဲအမျိုးမျိုးပြောင်းလဲနေတာ။သူအဲ့လိုခံစားရတာမျိုးကိုမကြိုက်ဘူး။

စုရန်အခြေအနေကိုစောင့်ကြည့်နေရလို့စုန့်ထင်ယွီတစ်ညလုံးမအိပ်ရဘူး။

ကံကောင်းစွာနဲ့ညသန်းခေါင်မှာစုရန်အဖျားကျသွားတယ်။သူမမျက်နှာနီတာတွေလျော့သွားပြီးမျက်မှောင်လဲမကြုတ်တော့ဘဲ အေးအေးချမ်းချမ်းအိပ်ပျော်သွားတယ်။

အပြင်မှာလေတိုက်တာတွေလဲရပ်ပြီးနှင်းလဲမကျတော့ဘူး။

စုရန်အခြေအနေစိတ်ချလို့ရသွားတာကိုကြည့်ပြီးသူလဲခုံမှာမှီပြီးမျက်လုံးတွေကိုမှိတ်ထားလိုက်တယ်။သူခဏအနားယူလိုက်ပေမယ့်မကြာခင်မှာဘဲပြန်နိုးလာခဲ့တယ်။

အပြင်မှာလဲလင်းစပြုလာပြီ။အဲ့ဒီအချိန်မှာထျန်မီအထဲကိုဝင်လာပြီး: 'ရန်ရန့်အခြေအနေဘယ်လိုလဲ?

သူမစုရန်အနားကိုလာပြီးနဖူးကိုစမ်းကြည့်ပြီးတော့မှသက်ပြင်ချလိုက်ပြီး စုန့်ထင်ယွီကုတ်အင်္ကျီဝတ်နေတာကိုတွေ့တော့အံ့ဩသွားပြီး: 'ရှင်သူ့ကိုအိမ်ခေါ်သွားတော့မလို့လား?'

'သူမအဖျားကျသွားပေမယ့်ထပ်ပြီးဖြစ်နိုင်တယ်။အဲ့ဒါကြောင့်သူမဆရာဝန်နဲ့တွေ့ဖို့လိုတယ်' စုန့်ထင်ယွီအများကြီးမရှင်းပြဘဲသူ့ကုတ်ကိုဝတ်ပြီးစုရန်အင်္ကျီတွေကိုယူလိုက်တယ်။စုရန်ကိုယ်ပေါ်မှာယောက်ျား
လေးကုတ်အင်္ကျီခြုံထားပေးတာကိုတွေ့‌သွားတယ်။ဘယ်သူ့ဟာလဲဆိုတာကိုသူစဉ်းစားစရာမလိုဘဲသိနေတော့ သူ့မျက်လုံးတွေမဲမှောင်သွားပြီးကုတ်ကိုပြစ်ချလိုက်တယ်။

ထျန်မီလဲဒီစိတ်သဘောထားသေးတဲ့လူကြောင့်ငိုရမလားရယ်ရမလားမသိတော့ဘူး။

ထျန်မီလဲကြမ်းပြင်ပေါ်ကနေကုတ်ကိုကောက်ယူလိုက်ပြီးစုရန်အနားကိုသွားလိုက်တယ်။စုရန်အင်္ကျီတွေကိုစုန့်ထင်ယွီပြင်ဆင်ပေးပြီးသွားတော့ ထျန်မီလဲအဝတ်အစားတွေကိုထပ်ပြီးပေးလိုက်ကာ: 'အပြင်မှာကအေးတုန်းဘဲ။သူမကိုဒါတွေထပ်ဝတ်ထားပေးလိုက်တာပိုကောင်းတယ်'

စုန့်ထင်ယွီစုရန်ကိုဖိနပ်စီးပေးလိုက်ပြီး ထျန်မီကိုအေးစက်စက်ကြည့်ကာ အေးစက်စက်နဲ့ဘဲပြန်ပြောလိုက်တယ်: 'မလိုဘူး'

'စုန့်ထင်ယွီ ရှင်ကတကယ်ဘဲ....' ယောက်ျားတွေကဒီလိုနေရာမှာစိတ်သဘောထားသေးသိမ်တယ်ဆိုတာကိုသူမသိတော့ နောက်ဆုံးတော့ခွင့်လွှတ်ပေးလိုက်ယ်။သူမရဲ့ကုတ်အင်္ကျီကိုချွတ်လိုက်ပြီး: 'ဒါနဲ့ဝတ်ပေးလိုက်။ဒါကကျွန်မဟာဟုတ်ပြီလား?စုရန်ကဖျားနေတုန်းဘဲ'

စုန့်ထင်ယွီသူမကိုကြည့်ပြီးစောစောကလိုဘဲမယူဘဲနဲ့: 'မင်းဘာသာမင်းဝတ်'

ထျန်မီလဲတစ်ခုခုပြောမလို့လုပ်လိုက်တဲ့အချိန်မှာသူစုရန်ကိုကျောပိုးသွားလိုက်တယ်။

Continue Reading

You'll Also Like

485K 41K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
849K 39.8K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
218K 21.6K 81
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)