The Legendary Master's Wife [...

By melon_rays

469K 84.5K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... More

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-655

3.8K 752 11
By melon_rays

Scroll down for Zawgyi.

အပိုင်း ၆၅၅- အရောင်ငါးခုပါသောစိတ်စွမ်းအင်များ

စစ်မြေပြင်ရှိလူတိုင်း လင်းရှောင် စကားများကြောင့်
ချွေးပြန်နေကြစဉ် ရွှေ့ရှီမျိုးနွယ်စုအတွင်းသို့
လူတစ်ယောက် တိတ်တဆိတ် ဝင်ရောက်လို့လာ
သည်။

ယူရှောင်းမို ပြောခဲ့သည့်အတိုင်း ရွှေ့ရှီမျိုးနွယ်စုမှ
အသန်မာဆုံးလူများကို ရန်သူနှင့်ရင်ဆိုင်ဖို့
စေလွှတ်ထားတာဖြစ်သည်။ ယခုထက်အထိ
ကောင်းမွန်စွာ ကာကွယ်ထားသော ဘိုးဘေးဗိမ္မာန်
မှလွဲ၍ မျိုးနွယ်စုကိုစောင့်ကြပ်ဖို့
ကျန်ခဲ့သည့်လူများက ထိုမျှ မသန်မာကြပေ။

သို့သော်လည်း အနက်ဝတ်လူ၏ပစ်မှတ်က
ဘိုးဘေးဗိမ္မာန်ဖြစ်ပုံရသည်။

အမှန်မှာ ထိုလူသည် အားနည်းသောလူ လုံးဝ
မဟုတ်ပေ။ ဘိုးဘေးဗိမ္မာန်အတွင်းသို့
ချောင်းမြောင်းဝင်ရောက်လာချိန်မှာ သူ့ကို
မည်သူမှ သတိမထားမိခဲ့ကြပေ၊ ဘိုးဘေးဗိမ္မာန်
အတွင်းရှိ ပထမထောင်ချောက်ကို အသက်ဝင်စေမိပြီး
လန့်သွားတော့မှသာ သတိထားမိကြတာဖြစ်သည်။

ဘိုးဘေးဗိမ္မာန်ရှိ အစောင့်နှစ်ဆယ်မှ သုံးဆယ်ခန့်မှာ
ချက်ချင်း သတိအနေအထားဖြစ်သွားပြီး
စစ်သားများကဲ့သို့ သတ်ဖြတ်လိုစိတ်များ
ထွက်ပေါ်လာကြသည်။ စောင့်ကြပ်ကြည့်ရှုနေသော
အကြီးအကဲသည် တည်ငြိမ်စွာ အမိန့်ပေး၍
အနက်ဝတ်လူအား ဖမ်းဆီးရန် သူတို့ကိုစေလွှတ်
လိုက်သည်။ မူလတုန်းက မော့ချီရှစ်ယွမ်ဆီ
သတင်းပို့ခိုင်းရန် တွေးမိသော်လည်း ဖြစ်နေဆဲ
စစ်ပွဲအားထည့်တွက်၍ တစ်ဖက်လူအား စိတ်ပျံ့
စေမည် စိုးသဖြင့် ဒီကိစ္စကိုမပြောတော့ဖို့
ခိုင်းလိုက်သည်။

ယူရှောင်းမိုကတော့ ဤအကြောင်းများ မသိပေ။
ပစ်မှတ် နီးသထက်နီးလာပြီဖြစ်တာကိုသိရတော့
သူ ပိုစိတ်လှုပ်ရှားလာကာ စိတ်ဝိဉာဉ်စွမ်းအားများက
ရူးသွပ်စွာ စီးဆင်းလာသည်။ ပင်ပန်းခြင်း
နည်းနည်းမှမခံစားရဘဲ အရှိန်က နှစ်ဆတောင်
ပိုမြန်လာတော့သည်။

သတ္တုစားသားရဲလေးကလည်း အနိုင်မခံချင်သည့်
အလား အရှိန်ပိုမြန်လာလေသည်။ အဆုံးမှာတော့
ယူရှောင်းမိုမျက်နှာဆီ ရွှံ့များ မတော်တဆ
ပက်မိသွားပြီး သူ့ကို ရွှံံ့စားစေမိသွားတော့သည်။
ယူရှောင်းမိုက ၎င်း၏ခေါင်းဆီသို့ လက်သီး
တစ်လုံး ပစ်ပေးလိုက်သည်။

ခေါင်းမှာ ဘုတစ်လုံးဖြင့် သတ္တုစားသားရဲလေးသည်
ခဏမျှအီပြီးနောက် အလုပ်ပြန်စတော့သည်။

အတားအဆီးကို ကြည့်ရှုထားဖို့ တာဝန်ကျသည့်
ရှောင်ဖင်းမှာမူ တစ်ကောင်တည်းပျင်းလာပြီး
သူတို့နှင့် မြေကြီးတူးရန် လမ်းတစ်ဝက်မှာ
ရောက်လာသည်။

ယူရှောင်းမိုက ပြန်သွားစောင့်ခိုင်းစေချင်သော်လည်း
သူက ယူရှောင်းမိုအဝတ်ပေါ် တွယ်ကပ်နေကာ
မလွှတ်ပေးဘဲ ငြင်းသည်။ သို့ဖြစ်ရာ
ယူရှောင်းမိုမှာ သူ့ကိုခွင့်ပြုလိုက်ရုံမှတစ်ပါး
ရွေးချယ်စရာမရှိချေ။ ကံကောင်းစွာဖြင့်
အပြင်မှာ အကာကွယ်အလွှာ နှစ်ထပ်ရှိနေသည်။
တစ်ယောက်ယောက်က ဝင်နိုင်ခဲ့လျှင်တောင်
လင်း​ရှောင်၏အတားအဆီး ရှိသေးသည်။

သို့သော်လည်း ထိုမျှမြန်မြန် ကျူးကျော်သူ
တစ်ယောက် သူ မမျှော်လင့်ထားပေ။

သူတို့ ပစ်မှတ်ကိုရောက်ခါနီးမှာပဲ
တစ်ယောက်​ယောက်က အတားအဆီးကို
လာရောက်နှောင့်ယှက်သည်။

သူတို့ဘက်က ရုတ်ရုတ်သဲသဲဖြစ်အောင်
မလုပ်သော်ငြားလည်း ယူရှောင်းမိုကတော့
သတိပြုမိလိုက်သေးသည်။ ခဏမျှ တွေဝေနေ
ပြီးနောက်မှာ ရှောင်ဖင်း တစ်ကောင်တည်း
သွားကြည့်ခိုင်းလိုက်သည်။ မိတ်ဆွေဆိုလျှင်တော့
ကိစ္စမရှိ၊ မဟုတ်လျှင်တော့.......

ရှောင်ဖင်း ပြန်လာရန် သိပ်မကြာပေ၊
မျှော်လင့်ထားသည့်အတိုင်း မိတ်ဆွေတစ်ဦး
မဟုတ်ချေ။ တစ်ဖက်က မျက်လုံးနှစ်လုံးမှလွဲ၍
မျက်နှာကိုပင်ဖုံးသော လေ့ကျင့်ရေးဝတ်စုံအမည်းကို
ဝတ်ဆင်ထားသည်။ ကောင်းချီးငါးဖြာ
စိတ်မျက်လုံးနောက်ကို လိုက်နေသည်ဆိုသည်မှာ
သံသယဖြစ်ဖွယ်မရှိပေ။

ယခုအတွက် သူတို့ကို ဘေးချိတ်ထားဖို့ ယူရှောင်းမို
ဆုံးဖြတ်လိုက်သည်။ အတားအဆီးလွှာ ရှိသည်
မဟုတ်လား၊ ထိုလူက လင်းရှောင်၏
အတားအဆီးကို ချိုးဖောက်ဝင်​ရောက်နိုင်
လောက်အောင် သန်မာလျှင်တောင်
ချက်ချင်းကြီးတော့ လုပ်နိုင်ဦးမှာမဟုတ်ပေ။
ချိုးဖောက်နိုင်အောင် မသန်မာဘူးဆိုလျှင်တော့
ဘေးခဏချိတ်ထားပြီး အဆင့်လွန်စိတ်မျက်လုံးကို
တူးယူပြီးမှ သူ့ကို သွားဖြေရှင်းလို့ ရပေသည်။

သို့ဖြင့် သူနှင့် ဆက်နွယ်သားရဲနှစ်ကောင်တို့
မြေဆက်တူးကြတော့သည်။

မကြာမီမှာ နီးကပ်လို့လာလေပြီ၊
အချိန်ခဏသာ........

ယူရှောင်းမိုအတွေးထဲ၌ အမြန်နှုန်းနှင့်အချိန်တို့ပဲ
ရှိသည်၊ သူ့ဝိဉာဉ်စွမ်းအားက အရူးအမူး
အလုပ်လုပ်နေပြီး အမြန်နှုန်းကလည်း သူတောင်
သတိမထားမိသည့် အကန့်အသတ်တစ်ခုကို
ရောက်ရှိလာလေသည်။ တစ်ခါက တည်ငြိမ်နေသော
အသိစိတ်ပင်လယ်သည် အစပိုင်းမှာ
နှေးကွေးစွာ ရွေ့လျားနေရာမှ တဖြည်းဖြည်း
မြန်ဆန်သထက်မြန်ဆန်စွာ ရွေ့လျားလာတော့သည်။

သူတို့အနောက်ဘက်ရှိ ကောင်းချီးငါးဖြာ
စိတ်မျက်လုံးမှ စိတ်စွမ်းအင်များသည်
တူးနေသောလိုဏ်ခေါင်းကိုဖြတ်၍ သူ့ခန္ဓာကိုယ်ထဲသို့
ဖြေးညင်းစွာ စိမ့်ဝင်လာနေသည်ကို သတိမပြုမိပေ။
ယူရှောင်းမိုအနေဖြင့် သူ့မှာ မဆုံးနိုင်သော
စွမ်းအားများရှိနေသည်ဟုသာ ခံစားရပြီး
ပို၍ စိတ်လှုပ်ရှားလာတော့သည်။

တစ်ချိန်တည်းမှာပင်၊ အတားအဆီးအလွှာအား
မည်ကဲ့သို့ ချိုးဖျက်ရမည်ကို အကြံအိုက်နေသည့်
အနက်ဝတ်နှင့်လူသည် တစ်စုံတစ်ခုခံစားမိလိုက်ပြီး
ရုတ်ခြည်း လှမ်းကြည့်လိုက်ရာ အံ့အားသင့်မှုကြောင့်
သူ့မျက်လုံးများ ပြူးကျယ်သွားရသည်။

ကောင်းချီးငါးဖြာစိတ်မျက်လုံးက စတင်၍
ပြောင်းလဲလာကာ အရောင်ငါးရောင် ဒြပ်စင်များက
မြန်သထက်မြန်စွာ တောက်ပလာနေပြီး 
အတွင်းပိုင်းအနက်ထဲသို့ မျောလွင့်သွားနေသော
အရောင်ငါးရောင် စိတ်စွမ်းအားများထုတ်လွှင့်ပေးနေ
သည်၊ ၎င်းစိတ်ထဲတွင် ပစ်မှတ်တစ်ခုရှိနေသည်မှာ
ထင်ရှားသည်။

ဒီအထဲမှာ တစ်စုံတစ်ယောက် ကျင့်ကြံနေသည်ဟု
သူကြားထားသော်လည်း အမှန်တကယ်ဖြစ်နေမည်ဟု
မမျှော်လင့်ထားပေ။ လိုဏ်ဂူ၏အတွင်းပိုင်းက
ကျယ်ပြန့်ရာ အတွင်းမှာ ဖြစ်ပျက်နေသည်ကို
အပြင်ဘက်မှ မမြင်ရနိုင်ပေ၊ သို့ဖြစ်ရာ
အနက်ဝတ်လူအနေဖြင့် အတွင်းထဲမှာ
လူရှိနေသည်ကိုသာ ပြောနိုင်သည်၊ သို့သော် အခြား
ဖြစ်နိုင်ခြေများကို ပယ်ရှားလို့မရပေ။

သူအတွင်းထဲ ဝင်သွားစစ်ကြည့်ချင်သော်လည်း
အတားအဆီးအလွှာက ခံနေသည်။ အတားအဆီး
အလွှာကို တိုက်ခိုက်ရန် ကြိုးစားကြည့်ခဲ့သော်လည်း
ဤအတားအဆီးက အင်မတန်မှခိုင်မာတာကို
တွေ့ရှိခဲ့ရသည်။ ချထားခဲ့သောလူက အင်မတန်
သန်မာသောလူပဲ ဖြစ်ရမည်။ သူ၏လက်ရှိ
ခွန်အားဖြင့်ဆို ချိုးဖျက်ဝင်ရောက်နိုင်ဖို့
အချိန်အတော်လေးကြာပေလိမ့်မည်။

အနက်ဝတ်နှင့်လူသည် အတွင်းဘက်သို့ တစ်ခါမျှ
ထပ်ကြည့်ပြီးနောက် စိတ်ပျက်စွာ ပြန်လည်
ထွက်ခွာသွားတော့သည်။

နှစ်ခြင်းခံနေရသော မွေးကင်းစကလေးငယ်တစ်ဦး
ကဲ့သို့ အလွန်လွတ်လပ်ခြင်းမျိုး ယူရှောင်းမို
တစ်ခါမှ မခံစားခဲ့ဖူးပေ။ မိခင်ရင်ခွင်ထဲမှာကဲ့သို့
သူ့မှာ စိတ်ပူပင်၊ သောကများ ကင်းစင်နေသည်။

သတ္တုစားသားရဲလေးနှင့် ရှောင်ဖင်းတို့၏
လှုပ်ရှားမှုများ တဖြည်းဖြည်း
နှေးကွေးစပြုလာလေသည်။ မျက်လုံးလေးနှစ်စုံက
သူတို့သခင်အား စိုက်ကြည့်လိုက်ကြသည်။
သူတို့သခင်၏နောက်ကျောဘက်ထဲကို အရောင်
ငါးခုရှိသော စိတ်စွမ်းအင်များ အဆက်မပြတ်
စီးဝင်နေသည်ကို မြင်လိုက်ရသည်။
ဤစိတ်စွမ်းအင်မှာ သူတို့ကို အနည်းငယ်
အိပ်ငိုက်စေသည့် စိတ်သက်သောင့်သက်သာ
ဖြစ်စေသော ရနံ့တစ်ခု ပါဝင်နေသည်။

ယူရှောင်းမိုအား ဗဟိုပြု၍ ဖြစ်ပေါ်လာသော
ပေါက်ကွဲမှုတစ်ခုကဲ့သို့ အုန်းခနဲအသံတစ်ခု
ဖြစ်ပေါ်မလာခင်အထိ ၎င်းက ရပ်တန့်မသွားခဲ့ပေ။
တုန်ခါမှုလှိုင်းများက နံရံများဆီသို့ ဝင်ရောက်
ရိုက်ခတ်ပြီး ရွှံ့များကွာကျခြင်း၊ လိုဏ်ခေါင်း
တုန်ခါခြင်းများ ဖြစ်ပေါ်လာစေသည်။

ယူရှောင်းမို၏ခန္ဓာကိုယ်သည် အနည်းငယ်မျှ
လှုပ်ယမ်းသွားပြီး အရောင်ငါးခု
စိတ်စွမ်းအင်များအား ပိုလို့တောင် လျင်မြန်စွာ
စုပ်ယူလာသည်.....၎င်းမှာ အဆင့်တက်ခါနီးအချိန်
ကဲ့သို့ပင်.....

နတ်ဆိုးသားရဲလေးနှစ်ကောင်မှာ သူတို့နှစ်ကောင်လုံး
အကြည့်ထဲတွင် စိုးရိမ်မှုများ တွေ့လိုက်ကြရသည်။

ဒီလိုအချိန်မျိုးမှာ အဆင့်တက်တော့မလို့လား။ ဒါက
ရွှေ့ရှီမျိုးနွယ်စု ပိုင်နက်လေ။ ဒီနေရာမှာ သူတို့
လိုဏ်ခေါင်းတူးထားတာကိုသာ တွေ့သွားခဲ့ရင်
ဇာတ်လမ်းပြတ်ပြီ!

နတ်ဆိုးသားရဲလေးနှစ်ကောင်မှာ ပျာယာခတ်စွာ
ပတ်ပြေးနေကြသည်။ သူတို့သခင်ကတော့ဖြင့်
အဆင့်တက်ရန် ထိုင်ချပြီးလေပြီ။

အဆင့်တက်ခြင်းသည် နှောင့်ယှက်ခံလို့မရပေ၊
ပြီးတော့ ယခုအကြိမ်က အသိပေးခြင်းမရှိဘဲ
ရောက်လာတာဖြစ်သည်။ ၎င်းအတွက် မည်သူမှ
ပြင်ဆင်ထားခြင်းမရှိဘဲ ယူရှောင်းမိုကိုယ်တိုင်တောင်
ဘာဖြစ်သွားတာလဲ မသေချာပေ။

ကံကောင်းတာတစ်ခုကတော့ အဆင့်နိမ့်
စိတ်မျက်လုံးက ယူရှောင်းမိုလိုအပ်သည့်
စိတ်စွမ်းအင်ပမာဏကို ထောက်ပံ့ပေးနိုင်သည်။
အခြားသူများ သတိမထားမိစေဖို့သာ သူတို့
မျှော်လင့်ရပေတော့မည်။

သို့သော်လည်း နတ်ဆိုးသားရဲလေးနှစ်ကောင်အတွက်
စိတ်ပူစရာ မလိုအပ်ပါချေ။ ပုံမှန်မှာ ယူရှောင်းမိုသာ
ဤနေရာတွင် အဆင့်တက်ပါက အတွေ့ခံရဖို့
သေချာသလောက်ရှိသည်၊ သို့သော် ဒီကနေ့ဟာဖြင့်
ကွဲပြားလို့နေသည်။ တစ်စုံတစ်ယောက်က
မျိုးနွယ်စုထဲသို့ ခိုးဝင်ပြီး ဘိုးဘေးဗိမ္မာန်ကို
တိုက်ခိုက်ထားသည်။ မျိုးနွယ်စုဝင်များမှာ
ဤလူများအား တားဆီးရာတွင်အလုပ်ရှုပ်နေကြပြီး
အခြားကိစ္စများကို အာရုံစိုက်ဖို့အတွက်
စွမ်းအင်မရှိကြပေ။

ယူရှောင်းမိုအဆင့်တက်မှုကြောင့်
အချိန်အတော်လေး ဟာသွားသည်။ နောက်
သုံးနာရီ ကြာပြီးနောက်တွင် သူနိုးလာကာ
အချိန်တွက်ကြည့်ပြီးတဲ့နောက် လန့်သွားသည်။
သူက ကျင့်ကြံဆင့်ကိုတောင် စစ်ကြည့်မနေဘဲ
လိုဏ်ခေါင်းအဆုံးသို့ အမြန်ပြေးသွားတော့သည်၊
အဆုံးမှာ သားရဲလေးနှစ်ကောင်က အစွမ်းကုန်
တူးနေကြသည်ကို တွေ့လိုက်ရ၏။

"လန့်သွားတာပဲ!!"

ယူရှောင်းမို သက်ပြင်းချနိုင်သွားတော့သည်။
သတ္တုစားသားရဲလေးနဲ့ ရှောင်ဖင်းတို့၏
ဉာဏ်ကောင်းမှုကို ကျေးဇူးတင်ရပေမည်။
သုံးနာရီအတွင်းမှာ ထိုမျှအလုပ်အများကြီး
မပြီးသော်ငြားလည်း အတော်လေး
ကောင်းသေးသည်ပင်။

"ငါပဲလုပ်လိုက်တော့မယ် မင်းတို့တွေ
နားကြချေ"

ယူ​ရှောင်းမိုက သူတို့ကို ဘေးချပေးလိုက်သည်။
သားရဲလေးနှစ်ကောင်မှာ တစ်ကိုယ်လုံး
ပေတူးနေကြသည်၊ အထူးသဖြင့်
သတ္တုစားသားရဲလေးပင်။ သူ့ရွှေရောင်အမွှေးများမှာ
ရွှံ့စိုစိုများကဲ့သို့ ဖြစ်နေသည်။

ယခုတစ်ခါတွင် ဝိဉာဉ်စွမ်းအားကိုအသုံးပြုရတာ ပိုမို
လွယ်ကူသည်ကို ယူရှောင်းမို ခံစားမိသည်၊
လမ်းကိုပိတ်ထားသည့် ရွှံ့များက
တိုဖူးမဟုတ်တော့ဘဲ ဆပ်ပြာမြှုပ်များကဲ့သို့ပင်။
အခြားသူများ သတိထားမိသွားမှာကြောင့်
မဟုတ်ပါက ယူရှောင်းမို ကြီးကြီးမားမား
တစ်စုံတစ်ခုတောင် လုပ်လိုက်ချင်သေးသည်။

ထို့နောက် ကွဲအက်သံတစ်ခု ထွက်ပေါ်လာသည်။

ယူရှောင်းမိုတစ်ယောက် နာကျင်နေသော
အမူအရာဖြင့် လက်ပြန်ရုတ်လိုက်သောအခါ
လက်ခလယ် လက်သည်းလေးက ကွဲနေပြီး
အသားလေးအနည်းငယ်ပေါ်နေသည်ကို
တွေ့လိုက်ရသည်။

နာလိုက်တာ   "ဝူးဝူး...."

အဝါရောင်သမ်းလုစ ရွံ့မြေကို ဖယ်ရှားလိုက်တော့
သတ္တုစကြီးတစ်ခုကို တွေ့ရသည်။ သတ္တုက
အနီရင့်ရောင်ရှိပြီး အလွန်မာကြောသည်။
ဂေါ်ပြားနှင့်ရိုက်ကြည့်ရာတွင် ငါးစင်တီမီတာ
အနက်သာရှိသော အမှတ်လေးတစ်ခုသာ
ချန်ထားနိုင်၏။

"ရှောင်ကျင် သွားစမ်း!"

ယူရှောင်းမို ဂေါ်ပြားကို လွှင့်ပစ်လိုက်ပြီး
သတ္တုစားသားရဲလေးကို ချက်ချင်း
ရှေ့ပို့လိုက်တော့သည်။

သတ္တုစားသားရဲလေးက ခပ်တိုးတိုးဟိန်းကာ
ရှေ့သို့ ချီတက်သွားသည်။ ဤမုန့်ကို သူအနံ့ရနေတာ
ကြာလှပြီဖြစ်သည်။ သတ္တု၏အရည်အသွေးက
မြင့်သည်၊ ၎င်းက သူ့အကြိုက်နဲ့ကွက်တိပင်။

သတ္တုက သုံးမီတာခန့်ကျယ်ပြီး သတ္တုစားသားရဲလေး
၎င်း၏အများစုကို ဝါးမြိုဖို့အတွက် အချိန်
သိပ်အကြာကြီး မယူလိုက်ရပေ။ သူက
ထပ်စားချင်သော်လည်း ယူရှောင်းမိုက ၎င်းကို
ဖမ်းလိုက်သည်။

"တအားမစားနဲ့တော့။ နောက်ထပ်စားရဦးမယ့်ဟာ
ရှိသေးတဲ့အခါကျ မင်း ဗိုက်တင်းနေလိမ့်မယ်"

သူမှန်ကြောင်း လက်တွေ့က သက်သေပြ၏။
သူတို့ ဝေးဝေးသွားလေလေ သတ္တုအရည်အသွေး
ပိုကောင်းလာလေလေပင်။ အဆုံးတွင်
ယူရှောင်းမိုတောင်မှ ဘာမှမလုပ်နိုင်သည့်
အရည်အသွေးအထိပင် ရောက်ရှိလို့လာသည်။
ဤမျှမာသောသတ္တုမျိုး သူအရင်က မမြင်ဖူးခဲ့ပေ။
သတ္တုစားသားရဲလေးက စိတ်လှုပ်ရှားစွာနှင့်
ရှေ့သို့ ချီတက်သွားသည်၊ သို့ပေမဲ့ လမ်းတစ်ဝက်မှာ
ယူရှောင်းမို၏ဖမ်းဆွဲထားခြင်းကို ခံလိုက်ရသည်။

သတ္တုစားသားရဲလေးက မကျေနပ်စွာဖြင့်
နှုတ်ခမ်းစူပြသည်။

ယူရှောင်းမိုက သူ့ကိုချော့ပြောလိုက်၏။

"စိတ်ရှည်ရှည်ထား။ ဒါက သတ္တုအကောင်းတွေလေ။
ငါတို့ နည်းနည်းလောက်တူးပြီး နယ်မြေထဲ
သိမ်းထားလို့ရတယ်။ ကျန်တာအကုန် မင်းစားလို့
ရတယ်"

သခင်က သူ့အတွက် အစားအစာ
သိုလှောင်ပေးနေတာဟု တွေးမိသည့်အခါ
သတ္တုစားသားရဲလေး ပိုလို့တောင် စိတ်လှုပ်ရှား
တော့သည်။ ဆက်နွယ်သားရဲနှင့် သခင်တို့
နှစ်ယောက် အရည်အသွေးမြင့်သတ္တုကို
အတုံးလိုက် အတုံးလိုက် တူးထုတ်ကြတော့သည်။
နှစ်နာရီကြာပြီးနောက်တွင် ရွှံ့စေးမှလွဲ၍ ဘာမှ
မကျန်တော့ပေ။ ဤရွှံ့မြေတွင် သိပ်သည်းသော
ရေဒြပ်စင်၊ ပြီးလျှင် သူ့လက်များ လောင်လုနီးပါး
ဖြစ်ချိန်မှာ တွေ့ရှိခဲ့သော မီးဒြပ်စင်တို့ပါဝင်နေသည်ကို
ယူရှောင်းမိုတွေ့ရှိခဲ့သည်။ ထို့နောက်မှာ ရွှံ့မြေမှ
စိမ့်ထွက်နေသော အသက်စွမ်းအားနှင့်
သဘာဝဒြပ်စင်အချို့ရှိသည်။ မြေကြီးဒြပ်စင်ကတော့
နေရာတိုင်းမှာ ရှိသည်။

အဆင့်လွန်စိတ်မျက်လုံးက ဒီနေရာကနေ
သိပ်မဝေးတော့တာကို ယူရှောင်းမို
စိတ်လှုပ်ရှားဖို့ကောင်းစွာ သိလိုက်သည်။

ကောင်းချီးငါးဖြာစိတ်မျက်လုံးသည် ဒြပ်စင်ငါးခုနှင့်
ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ဒြပ်စင်ငါးမျိုးစလုံးက
၎င်းထံမှ ဘေးပတ်လည်ရှိရွှံ့မြေထဲသို့
ဖြေးညင်းစွာ စိမ့်ထွက်နေတာဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ဒြပ်စင်များက
ရွှံ့မြေထဲမှာ အနည်ကျသွားတော့သည်။

ရွှံ့မြေအား ဖြတ်၍တူးထုတ်ပြီးနောက် ယူရှောင်းမို
အရှေ့တွင် ရေခဲတစ်လွှာ ပေါ်လာသည်၊
အအေးဓာတ်က သူ့အရေပြားထဲ စိမ့်ဝင်လာ
သည်။ ယူရှောင်းမို တုန်သွားသည်။ ထို့နောက်
ဤနောက်ဆုံး အတားအဆီးအား ဖြတ်ကျော်
ပြီးနောက်၌ သူ့ကမ္ဘာကြီးက အဖြူရောင်များ
တောက်ပသွားသည်။

၎င်းက ရေခဲကမ္ဘာတစ်ခုပင်၊ သို့ပေမဲ့ နေရာ
မကျယ်ပေ၊ စတုရန်းမီတာ တစ်ရာ့နှစ်ဆယ်သာသာ
ရှိသည့် အခန်းတစ်ခန်းစာမျှသာရှိသည်။
အဆင့်လွန်စိတ်မျက်လုံးအား အလယ်တည့်တည့်မှာ
ချက်ချင်း လှမ်းမြင်လိုက်သည်။ ၎င်းက
အဆင့်နိမ့်စိတ်မျက်လုံးထက် များစွာပိုသေးငယ်ပြီး
တစ်မီတာအချင်းခန့်သာ ရှိသည်။

သိပ်သည်းသော အရောင်ငါးခုစိတ်စွမ်းအင်များက
စိတ်မျက်လုံးမှ ထွက်ပေါ်နေကာ ရေခဲခန်း
တစ်ခုလုံးမှာ ၎င်းစိတ်စွမ်းအင်များဖြင့်
ပြည့်နှက်လျက်ရှိသည်။ အရောင်များစီးနေသော
အရောင်ငါးခုရေအိုင်လေး ဆယ်အိုင်ဝန်းကျင်မျှ
ကြမ်းပြင်တွင် ရှိနေသည်။ အဆင့်တက်ထားကာစ၊
ကျင့်ကြံဆင့် အခြေခိုင်အောင် မလုပ်ရသေးသော
ယူရှောင်းမိုအနေဖြင့် အားအင်များပြည့်ဝလာသည်ကို
ခံစားလိုက်ရသည်။

အဆင့်လွန်စိတ်မျက်လုံးဆိုတာ ဒါပေါ့!
__________________________

Zawgyi

အပိုင္း ၆၅၅- အေရာင္ငါးခုပါေသာစိတ္စြမ္းအင္မ်ား

စစ္ေျမျပင္ရိွလူတိုင္း လင္းေရွာင္ စကားမ်ားေၾကာင့္
ခၽြေးျပန္ေနၾကစဉ္ ေရႊ့ရွီမ်ိဳးႏြယ္စုအတြင္းသို႔
လူတစ္ေယာက္ တိတ္တဆိတ္ ဝင္ေရာက္လို႔လာ
သည္။

ယူေရွာင္းမို ေျပာခဲ့သၫ့္အတိုင္း ေရႊ့ရွီမ်ိဳးႏြယ္စုမွ
အသန္မာဆံုးလူမ်ားကို ရန္သူႏွင့္ရင္ဆိုင္ဖို႔
ေစလႊတ္ထားတာျဖစ္သည္။ ယခုထက္အထိ
ေကာင္းမြန္စြာ ကာကြယ္ထားေသာ ဘိုးေဘးဗိမၼာန္
မွလဲြ၍ မ်ိဳးႏြယ္စုကိုေစာင့္ၾကပ္ဖို႔
က်န္ခဲ့သၫ့္လူမ်ားက ထိုမ်ွ မသန္မာၾကေပ။

သို႔ေသာ္လည္း အနက္ဝတ္လူ၏ပစ္မွတ္က
ဘိုးေဘးဗိမၼာန္ျဖစ္ပံုရသည္။

အမွန္မွာ ထိုလူသည္ အားနည္းေသာလူ လံုးဝ
မဟုတ္ေပ။ ဘိုးေဘးဗိမၼာန္အတြင္းသို႔
ေခ်ာင္းေျမာင္းဝင္ေရာက္လာခ်ိန္မွာ သူ႔ကို
မည္သူမွ သတိမထားမိခဲ့ၾကေပ၊ ဘိုးေဘးဗိမၼာန္
အတြင္းရိွ ပထမေထာင္ေခ်ာက္ကို အသက္ဝင္ေစမိၿပီး
လန႔္သြားေတာ့မွသာ သတိထားမိၾကတာျဖစ္သည္။

ဘိုးေဘးဗိမၼာန္ရိွ အေစာင့္ႏွစ္ဆယ္မွ သံုးဆယ္ခန႔္မွာ
ခ်က္ခ်င္း သတိအေနအထားျဖစ္သြားၿပီး
စစ္သားမ်ားကဲ့သို႔ သတ္ျဖတ္လိုစိတ္မ်ား
ထြက္ေပၚလာၾကသည္။ ေစာင့္ၾကပ္ၾကၫ့္ရႈေနေသာ
အႀကီးအကဲသည္ တည္ၿငိမ္စြာ အမိန႔္ေပး၍
အနက္ဝတ္လူအား ဖမ္းဆီးရန္ သူတို႔ကိုေစလႊတ္
လိုက္သည္။ မူလတုန္းက ေမာ့ခ်ီရွစ္ယြမ္ဆီ
သတင္းပို႔ခိုင္းရန္ ေတြးမိေသာ္လည္း ျဖစ္ေနဆဲ
စစ္ပဲြအားထၫ့္တြက္၍ တစ္ဖက္လူအား စိတ္ပ်ံ႔
ေစမည္ စိုးသျဖင့္ ဒီကိစၥကိုမေျပာေတာ့ဖို႔
ခိုင္းလိုက္သည္။

ယူေရွာင္းမိုကေတာ့ ဤအေၾကာင္းမ်ား မသိေပ။
ပစ္မွတ္ နီးသထက္နီးလာၿပီျဖစ္တာကိုသိရေတာ့
သူ ပိုစိတ္လႈပ္ရွားလာကာ စိတ္ဝိဉာဉ္စြမ္းအားမ်ားက
ရူးသြပ္စြာ စီးဆင္းလာသည္။ ပင္ပန္းျခင္း
နည္းနည္းမွမခံစားရဘဲ အရိွန္က ႏွစ္ဆေတာင္
ပိုျမန္လာေတာ့သည္။

သတၲုစားသားရဲေလးကလည္း အႏိုင္မခံခ်င္သည့္
အလား အရိွန္ပိုျမန္လာေလသည္။ အဆံုးမွာေတာ့
ယူေရွာင္းမိုမ်က္ႏွာဆီ ရႊံ႔မ်ား မေတာ္တဆ
ပက္မိသြားၿပီး သူ႔ကို ရႊံ႔စားေစမိသြားေတာ့သည္။
ယူေရွာင္းမိုက ၄၏ေခါင္းဆီသို႔ လက္သီး
တစ္လံုး ပစ္ေပးလိုက္သည္။

ေခါင္းမွာ ဘုတစ္လံုးျဖင့္ သတၲုစားသားရဲေလးသည္
ခဏမ်ွအီၿပီးေနာက္ အလုပ္ျပန္စေတာ့သည္။

အတားအဆီးကို ၾကၫ့္ရႈထားဖို႔ တာဝန္က်သၫ့္
ေရွာင္ဖင္းမွာမူ တစ္ေကာင္တည္းပ်င္းလာၿပီး
သူတို႔ႏွင့္ ေျမၾကီးတူးရန္ လမ္းတစ္ဝက္မွာ
ေရာက္လာသည္။

ယူေရွာင္းမိုက ျပန္သြားေစာင့္ခိုင္းေစခ်င္ေသာ္လည္း
သူက ယူေရွာင္းမိုအဝတ္ေပၚ တြယ္ကပ္ေနကာ
မလႊတ္ေပးဘဲ ျငင္းသည္။ သို႔ျဖစ္ရာ
ယူေရွာင္းမိုမွာ သူ႔ကိုခြင့္ျပဳလိုက္ရံုမွတစ္ပါး
ေရြးခ်ယ္စရာမရိွေခ်။ ကံေကာင္းစြာျဖင့္
အျပင္မွာ အကာကြယ္အလႊာ ႏွစ္ထပ္ရိွေနသည္။
တစ္ေယာက္ေယာက္က ဝင္ႏိုင္ခဲ့လ်ွင္ေတာင္
လင္း​ေရွာင္၏အတားအဆီး ရိွေသးသည္။

သို႔ေသာ္လည္း ထိုမ်ျွမန္ျမန္ က်ူးေက်ာ္သူ
တစ္ေယာက္ သူ မေမ်ွာ္လင့္ထားေပ။

သူတို႔ ပစ္မွတ္ကိုေရာက္ခါနီးမွာပဲ
တစ္ေယာက္​ေယာက္က အတားအဆီးကို
လာေရာက္ေနွာင့္ယွက္သည္။

သူတို႔ဘက္က ရုတ္ရုတ္သဲသဲျဖစ္ေအာင္
မလုပ္ေသာ္ျငားလည္း ယူေရွာင္းမိုကေတာ့
သတိျပဳမိလိုက္ေသးသည္။ ခဏမ်ွ ေတြေဝေန
ၿပီးေနာက္မွာ ေရွာင္ဖင္း တစ္ေကာင္တည္း
သြားၾကၫ့္ခိုင္းလိုက္သည္။ မိတ္ေဆြဆိုလ်ွင္ေတာ့
ကိစၥမရိွ၊ မဟုတ္လ်ွင္ေတာ့.......

ေရွာင္ဖင္း ျပန္လာရန္ သိပ္မၾကာေပ၊
ေမ်ွာ္လင့္ထားသၫ့္အတိုင္း မိတ္ေဆြတစ္ဦး
မဟုတ္ေခ်။ တစ္ဖက္က မ်က္လံုးႏွစ္လံုးမွလဲြ၍
မ်က္ႏွာကိုပင္ဖံုးေသာ ေလ့က်င့္ေရးဝတ္စံုအမည္းကို
ဝတ္ဆင္ထားသည္။ ေကာင္းခ်ီးငါးျဖာ
စိတ္မ်က္လံုးေနာက္ကို လိုက္ေနသည္ဆိုသည္မွာ
သံသယျဖစ္ဖြယ္မရိွေပ။

ယခုအတြက္ သူတို႔ကို ေဘးခ်ိတ္ထားဖို႔ ယူေရွာင္းမို
ဆံုးျဖတ္လိုက္သည္။ အတားအဆီးလႊာ ရိွသည္
မဟုတ္လား၊ ထိုလူက လင္းေရွာင္၏
အတားအဆီးကို ခ်ိဳးေဖာက္ဝင္​ေရာက္ႏိုင္
ေလာက္ေအာင္ သန္မာလ်ွင္ေတာင္
ခ်က္ခ်င္းႀကီးေတာ့ လုပ္ႏိုင္ဦးမွာမဟုတ္ေပ။
ခ်ိဳးေဖာက္ႏိုင္ေအာင္ မသန္မာဘူးဆိုလ်ွင္ေတာ့
ေဘးခဏခ်ိတ္ထားၿပီး အဆင့္လြန္စိတ္မ်က္လံုးကို
တူးယူၿပီးမွ သူ႔ကို သြားေျဖရွင္းလို႔ ရေပသည္။

သို႔ျဖင့္ သူႏွင့္ ဆက္ႏြယ္သားရဲႏွစ္ေကာင္တို႔
ေျမဆက္တူးၾကေတာ့သည္။

မၾကာမီမွာ နီးကပ္လို႔လာေလၿပီ၊
အခ်ိန္ခဏသာ........

ယူေရွာင္းမိုအေတြးထဲ၌ အျမန္ႏႈန္းႏွင့္အခ်ိန္တို႔ပဲ
ရိွသည္၊ သူ႔ဝိဉာဉ္စြမ္းအားက အရူးအမူး
အလုပ္လုပ္ေနၿပီး အျမန္ႏႈန္းကလည္း သူေတာင္
သတိမထားမိသၫ့္ အကန႔္အသတ္တစ္ခုကို
ေရာက္ရိွလာေလသည္။ တစ္ခါက တည္ၿငိမ္ေနေသာ
အသိစိတ္ပင္လယ္သည္ အစပိုင္းမွာ
ေနွးေကြးစြာ ေရြ့လ်ားေနရာမွ တျဖည္းျဖည္း
ျမန္ဆန္သထက္ျမန္ဆန္စြာ ေရြ့လ်ားလာေတာ့သည္။

သူတို႔အေနာက္ဘက္ရိွ ေကာင္းခ်ီးငါးျဖာ
စိတ္မ်က္လံုးမွ စိတ္စြမ္းအင္မ်ားသည္
တူးေနေသာလိုဏ္ေခါင္းကိုျဖတ္၍ သူ႔ခႏၶာကိုယ္ထဲသို႔
ေျဖးညင္းစြာ စိမ့္ဝင္လာေနသည္ကို သတိမျပဳမိေပ။
ယူေရွာင္းမိုအေနျဖင့္ သူ႔မွာ မဆံုးႏိုင္ေသာ
စြမ္းအားမ်ားရိွေနသည္ဟုသာ ခံစားရၿပီး
ပို၍ စိတ္လႈပ္ရွားလာေတာ့သည္။

တစ္ခ်ိန္တည္းမွာပင္၊ အတားအဆီးအလႊာအား
မည္ကဲ့သို႔ ခ်ိဳးဖ်က္ရမည္ကို အႀကံအိုက္ေနသၫ့္
အနက္ဝတ္ႏွင့္လူသည္ တစ္စံုတစ္ခုခံစားမိလိုက္ၿပီး
ရုတ္ျခည္း လွမ္းၾကၫ့္လိုက္ရာ အံ့အားသင့္မႈေၾကာင့္
သူ႔မ်က္လံုးမ်ား ျပဴးက်ယ္သြားရသည္။

ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုးက စတင္၍
ေျပာင္းလဲလာကာ အေရာင္ငါးေရာင္ ျဒပ္စင္မ်ားက
ျမန္သထက္ျမန္စြာ ေတာက္ပလာေနၿပီး 
အတြင္းပိုင္းအနက္ထဲသို႔ ေမ်ာလြင့္သြားေနေသာ
အေရာင္ငါးေရာင္ စိတ္စြမ္းအားမ်ားထုတ္လႊင့္ေပးေန
သည္၊ ၄စိတ္ထဲတြင္ ပစ္မွတ္တစ္ခုရိွေနသည္မွာ
ထင္ရွားသည္။

ဒီအထဲမွာ တစ္စံုတစ္ေယာက္ က်င့္ႀကံေနသည္ဟု
သူၾကားထားေသာ္လည္း အမွန္တကယ္ျဖစ္ေနမည္ဟု
မေမ်ွာ္လင့္ထားေပ။ လိုဏ္ဂူ၏အတြင္းပိုင္းက
က်ယ္ျပန႔္ရာ အတြင္းမွာ ျဖစ္ပ်က္ေနသည္ကို
အျပင္ဘက္မွ မျမင္ရႏိုင္ေပ၊ သို႔ျဖစ္ရာ
အနက္ဝတ္လူအေနျဖင့္ အတြင္းထဲမွာ
လူရိွေနသည္ကိုသာ ေျပာႏိုင္သည္၊ သို႔ေသာ္ အျခား
ျဖစ္ႏိုင္ေျခမ်ားကို ပယ္ရွားလို႔မရေပ။

သူအတြင္းထဲ ဝင္သြားစစ္ၾကၫ့္ခ်င္ေသာ္လည္း
အတားအဆီးအလႊာက ခံေနသည္။ အတားအဆီး
အလႊာကို တိုက္ခိုက္ရန္ ႀကိဳးစားၾကၫ့္ခဲ့ေသာ္လည္း
ဤအတားအဆီးက အင္မတန္မွခိုင္မာတာကို
ေတြ့ရိွခဲ့ရသည္။ ခ်ထားခဲ့ေသာလူက အင္မတန္
သန္မာေသာလူပဲ ျဖစ္ရမည္။ သူ၏လက္ရိွ
ခြန္အားျဖင့္ဆို ခ်ိဳးဖ်က္ဝင္ေရာက္ႏိုင္ဖို႔
အခ်ိန္အေတာ္ေလးၾကာေပလိမ့္မည္။

အနက္ဝတ္ႏွင့္လူသည္ အတြင္းဘက္သို႔ တစ္ခါမ်ွ
ထပ္ၾကၫ့္ၿပီးေနာက္ စိတ္ပ်က္စြာ ျပန္လည္
ထြက္ခြာသြားေတာ့သည္။

ႏွစ္ျခင္းခံေနရေသာ ေမြးကင္းစကေလးငယ္တစ္ဦး
ကဲ့သို႔ အလြန္လြတ္လပ္ျခင္းမ်ိဳး ယူေရွာင္းမို
တစ္ခါမွ မခံစားခဲ့ဖူးေပ။ မိခင္ရင္ခြင္ထဲမွာကဲ့သို႔
သူ႔မွာ စိတ္ပူပင္၊ ေသာကမ်ား ကင္းစင္ေနသည္။

သတၲုစားသားရဲေလးႏွင့္ ေရွာင္ဖင္းတို႔၏
လႈပ္ရွားမႈမ်ား တျဖည္းျဖည္း
ေနွးေကြးစျပဳလာေလသည္။ မ်က္လံုးေလးႏွစ္စံုက
သူတို႔သခင္အား စိုက္ၾကၫ့္လိုက္ၾကသည္။
သူတို႔သခင္၏ေနာက္ေက်ာဘက္ထဲကို အေရာင္
ငါးခုရိွေသာ စိတ္စြမ္းအင္မ်ား အဆက္မျပတ္
စီးဝင္ေနသည္ကို ျမင္လိုက္ရသည္။
ဤစိတ္စြမ္းအင္မွာ သူတို႔ကို အနည္းငယ္
အိပ္ငိုက္ေစသၫ့္ စိတ္သက္ေသာင့္သက္သာ
ျဖစ္ေစေသာ ရနံ႔တစ္ခု ပါဝင္ေနသည္။

ယူေရွာင္းမိုအား ဗဟိုျပဳ၍ ျဖစ္ေပၚလာေသာ
ေပါက္ကဲြမႈတစ္ခုကဲ့သို႔ အုန္းခနဲအသံတစ္ခု
ျဖစ္ေပၚမလာခင္အထိ ၄က ရပ္တန႔္မသြားခဲ့ေပ။
တုန္ခါမႈလိႈင္းမ်ားက နံရံမ်ားဆီသို႔ ဝင္ေရာက္
ရိုက္ခတ္ၿပီး ရႊံ႔မ်ားကြာက်ျခင္း၊ လိုဏ္ေခါင္း
တုန္ခါျခင္းမ်ား ျဖစ္ေပၚလာေစသည္။

ယူေရွာင္းမို၏ခႏၶာကိုယ္သည္ အနည္းငယ္မ်ွ
လႈပ္ယမ္းသြားၿပီး အေရာင္ငါးခု
စိတ္စြမ္းအင္မ်ားအား ပိုလို႔ေတာင္ လ်င္ျမန္စြာ
စုပ္ယူလာသည္.....၄မွာ အဆင့္တက္ခါနီးအခ်ိန္
ကဲ့သို႔ပင္.....

နတ္ဆိုးသားရဲေလးႏွစ္ေကာင္မွာ သူတို႔ႏွစ္ေကာင္လံုး
အၾကၫ့္ထဲတြင္ စိုးရိမ္မႈမ်ား ေတြ့လိုက္ၾကရသည္။

ဒီလိုအခ်ိန္မ်ိဳးမွာ အဆင့္တက္ေတာ့မလို႔လား။ ဒါက
ေရႊ့ရွီမ်ိဳးႏြယ္စု ပိုင္နက္ေလ။ ဒီေနရာမွာ သူတို႔
လိုဏ္ေခါင္းတူးထားတာကိုသာ ေတြ့သြားခဲ့ရင္
ဇာတ္လမ္းျပတ္ၿပီ!

နတ္ဆိုးသားရဲေလးႏွစ္ေကာင္မွာ ပ်ာယာခတ္စြာ
ပတ္ေျပးေနၾကသည္။ သူတို႔သခင္ကေတာ့ျဖင့္
အဆင့္တက္ရန္ ထိုင္ခ်ၿပီးေလၿပီ။

အဆင့္တက္ျခင္းသည္ ေနွာင့္ယွက္ခံလို႔မရေပ၊
ၿပီးေတာ့ ယခုအႀကိမ္က အသိေပးျခင္းမရိွဘဲ
ေရာက္လာတာျဖစ္သည္။ ၄အတြက္ မည္သူမွ
ျပင္ဆင္ထားျခင္းမရိွဘဲ ယူေရွာင္းမိုကိုယ္တိုင္ေတာင္
ဘာျဖစ္သြားတာလဲ မေသခ်ာေပ။

ကံေကာင္းတာတစ္ခုကေတာ့ အဆင့္နိမ့္
စိတ္မ်က္လံုးက ယူေရွာင္းမိုလိုအပ္သၫ့္
စိတ္စြမ္းအင္ပမာဏကို ေထာက္ပံ့ေပးႏိုင္သည္။
အျခားသူမ်ား သတိမထားမိေစဖို႔သာ သူတို႔
ေမ်ွာ္လင့္ရေပေတာ့မည္။

သို႔ေသာ္လည္း နတ္ဆိုးသားရဲေလးႏွစ္ေကာင္အတြက္
စိတ္ပူစရာ မလိုအပ္ပါေခ်။ ပံုမွန္မွာ ယူေရွာင္းမိုသာ
ဤေနရာတြင္ အဆင့္တက္ပါက အေတြ့ခံရဖို႔
ေသခ်ာသေလာက္ရိွသည္၊ သို႔ေသာ္ ဒီကေန့ဟာျဖင့္
ကဲြျပားလို႔ေနသည္။ တစ္စံုတစ္ေယာက္က
မ်ိဳးႏြယ္စုထဲသို႔ ခိုးဝင္ၿပီး ဘိုးေဘးဗိမၼာန္ကို
တိုက္ခိုက္ထားသည္။ မ်ိဳးႏြယ္စုဝင္မ်ားမွာ
ဤလူမ်ားအား တားဆီးရာတြင္အလုပ္ရႈပ္ေနၾကၿပီး
အျခားကိစၥမ်ားကို အာရံုစိုက္ဖို႔အတြက္
စြမ္းအင္မရိွၾကေပ။

ယူေရွာင္းမိုအဆင့္တက္မႈေၾကာင့္
အခ်ိန္အေတာ္ေလး ဟာသြားသည္။ ေနာက္
သံုးနာရီ ၾကာၿပီးေနာက္တြင္ သူႏိုးလာကာ
အခ်ိန္တြက္ၾကၫ့္ၿပီးတဲ့ေနာက္ လန႔္သြားသည္။
သူက က်င့္ႀကံဆင့္ကိုေတာင္ စစ္ၾကၫ့္မေနဘဲ
လိုဏ္ေခါင္းအဆံုးသို႔ အျမန္ေျပးသြားေတာ့သည္၊
အဆံုးမွာ သားရဲေလးႏွစ္ေကာင္က အစြမ္းကုန္
တူးေနၾကသည္ကို ေတြ့လိုက္ရ၏။

"လန႔္သြားတာပဲ!!"

ယူေရွာင္းမို သက္ျပင္းခ်ႏိုင္သြားေတာ့သည္။
သတၲုစားသားရဲေလးနဲ႔ ေရွာင္ဖင္းတို႔၏
ဉာဏ္ေကာင္းမႈကို ေက်းဇူးတင္ရေပမည္။
သံုးနာရီအတြင္းမွာ ထိုမ်ွအလုပ္အမ်ားႀကီး
မၿပီးေသာ္ျငားလည္း အေတာ္ေလး
ေကာင္းေသးသည္ပင္။

"ငါပဲလုပ္လိုက္ေတာ့မယ္ မင္းတို႔ေတြ
နားၾကေခ်"

ယူ​ေရွာင္းမိုက သူတို႔ကို ေဘးခ်ေပးလိုက္သည္။
သားရဲေလးႏွစ္ေကာင္မွာ တစ္ကိုယ္လံုး
ေပတူးေနၾကသည္၊ အထူးသျဖင့္
သတၲုစားသားရဲေလးပင္။ သူ႔ေရႊေရာင္အေမႊးမ်ားမွာ
ရႊံ႔စိုစိုမ်ားကဲ့သို႔ ျဖစ္ေနသည္။

ယခုတစ္ခါတြင္ ဝိဉာဉ္စြမ္းအားကိုအသံုးျပဳရတာ ပိုမို
လြယ္ကူသည္ကို ယူေရွာင္းမို ခံစားမိသည္၊
လမ္းကိုပိတ္ထားသၫ့္ ရႊံ႔မ်ားက
တိုဖူးမဟုတ္ေတာ့ဘဲ ဆပ္ျပာၿမွဳပ္မ်ားကဲ့သို႔ပင္။
အျခားသူမ်ား သတိထားမိသြားမွာေၾကာင့္
မဟုတ္ပါက ယူေရွာင္းမို ႀကီးႀကီးမားမား
တစ္စံုတစ္ခုေတာင္ လုပ္လိုက္ခ်င္ေသးသည္။

ထို႔ေနာက္ ကဲြအက္သံတစ္ခု ထြက္ေပၚလာသည္။

ယူေရွာင္းမိုတစ္ေယာက္ နာက်င္ေနေသာ
အမူအရာျဖင့္ လက္ျပန္ရုတ္လိုက္ေသာအခါ
လက္ခလယ္ လက္သည္းေလးက ကဲြေနၿပီး
အသားေလးအနည္းငယ္ေပၚေနသည္ကို
ေတြ့လိုက္ရသည္။

နာလိုက္တာ   "ဝူးဝူး...."

အဝါေရာင္သမ္းလုစ ရြံ႔ေျမကို ဖယ္ရွားလိုက္ေတာ့
သတၲုစႀကီးတစ္ခုကို ေတြ့ရသည္။ သတၲုက
အနီရင့္ေရာင္ရိွၿပီး အလြန္မာေၾကာသည္။
ေဂၚျပားႏွင့္ရိုက္ၾကၫ့္ရာတြင္ ငါးစင္တီမီတာ
အနက္သာရိွေသာ အမွတ္ေလးတစ္ခုသာ
ခ်န္ထားႏိုင္၏။

"ေရွာင္က်င္ သြားစမ္း!"

ယူေရွာင္းမို ေဂၚျပားကို လႊင့္ပစ္လိုက္ၿပီး
သတၲုစားသားရဲေလးကို ခ်က္ခ်င္း
ေရ႔ွပို႔လိုက္ေတာ့သည္။

သတၲုစားသားရဲေလးက ခပ္တိုးတိုးဟိန္းကာ
ေရ႔ွသို႔ ခ်ီတက္သြားသည္။ ဤမုန႔္ကို သူအနံ႔ရေနတာ
ၾကာလွၿပီျဖစ္သည္။ သတၲု၏အရည္အေသြးက
ျမင့္သည္၊ ၄က သူ႔အႀကိဳက္နဲ႔ကြက္တိပင္။

သတၲုက သံုးမီတာခန႔္က်ယ္ၿပီး သတၲုစားသားရဲေလး
၄၏အမ်ားစုကို ဝါးၿမိဳဖို႔အတြက္ အခ်ိန္
သိပ္အၾကာႀကီး မယူလိုက္ရေပ။ သူက
ထပ္စားခ်င္ေသာ္လည္း ယူေရွာင္းမိုက ၄ကို
ဖမ္းလိုက္သည္။

"တအားမစားနဲ႔ေတာ့။ ေနာက္ထပ္စားရဦးမယ့္ဟာ
ရိွေသးတဲ့အခါက် မင္း ဗိုက္တင္းေနလိမ့္မယ္"

သူမွန္ေၾကာင္း လက္ေတြ့က သက္ေသျပ၏။
သူတို႔ ေဝးေဝးသြားေလေလ သတၲုအရည္အေသြး
ပိုေကာင္းလာေလေလပင္။ အဆံုးတြင္
ယူေရွာင္းမိုေတာင္မွ ဘာမွမလုပ္ႏိုင္သည့္
အရည္အေသြးအထိပင္ ေရာက္ရိွလို႔လာသည္။
ဤမ်ွမာေသာသတၲုမ်ိဳး သူအရင္က မျမင္ဖူးခဲ့ေပ။
သတၲုစားသားရဲေလးက စိတ္လႈပ္ရွားစြာႏွင့္
ေရ႔ွသို႔ ခ်ီတက္သြားသည္၊ သို႔ေပမဲ့ လမ္းတစ္ဝက္မွာ
ယူေရွာင္းမို၏ဖမ္းဆဲြထားျခင္းကို ခံလိုက္ရသည္။

သတၲုစားသားရဲေလးက မေက်နပ္စြာျဖင့္
ႏႈတ္ခမ္းစူျပသည္။

ယူေရွာင္းမိုက သူ႔ကိုေခ်ာ့ေျပာလိုက္၏။

"စိတ္ရွည္ရွည္ထား။ ဒါက သတၲုအေကာင္းေတြေလ။
ငါတို႔ နည္းနည္းေလာက္တူးၿပီး နယ္ေျမထဲ
သိမ္းထားလို႔ရတယ္။ က်န္တာအကုန္ မင္းစားလို႔
ရတယ္"

သခင္က သူ႔အတြက္ အစားအစာ
သိုေလွာင္ေပးေနတာဟု ေတြးမိသၫ့္အခါ
သတၲုစားသားရဲေလး ပိုလို႔ေတာင္ စိတ္လႈပ္ရွား
ေတာ့သည္။ ဆက္ႏြယ္သားရဲႏွင့္ သခင္တို႔
ႏွစ္ေယာက္ အရည္အေသြးျမင့္သတၲုကို
အတံုးလိုက္ အတံုးလိုက္ တူးထုတ္ၾကေတာ့သည္။
ႏွစ္နာရီၾကာၿပီးေနာက္တြင္ ရႊံ႔ေစးမွလဲြ၍ ဘာမွ
မက်န္ေတာ့ေပ။ ဤရႊံ႔ေျမတြင္ သိပ္သည္းေသာ
ေရျဒပ္စင္၊ ၿပီးလ်ွင္ သူ႔လက္မ်ား ေလာင္လုနီးပါး
ျဖစ္ခ်ိန္မွာ ေတြ့ရိွခဲ့ေသာ မီးျဒပ္စင္တို႔ပါဝင္ေနသည္ကို
ယူေရွာင္းမိုေတြ့ရိွခဲ့သည္။ ထို႔ေနာက္မွာ ရႊံ႔ေျမမွ
စိမ့္ထြက္ေနေသာ အသက္စြမ္းအားႏွင့္
သဘာဝျဒပ္စင္အခ်ိဳ႕ရိွသည္။ ေျမၾကီးျဒပ္စင္ကေတာ့
ေနရာတိုင္းမွာ ရိွသည္။

အဆင့္လြန္စိတ္မ်က္လံုးက ဒီေနရာကေန
သိပ္မေဝးေတာ့တာကို ယူေရွာင္းမို
စိတ္လႈပ္ရွားဖို႔ေကာင္းစြာ သိလိုက္သည္။

ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုးသည္ ျဒပ္စင္ငါးခုႏွင့္
ဖဲြ႔စည္းထားျခင္းမဟုတ္ဘဲ ျဒပ္စင္ငါးမ်ိဳးစလံုးက
၄ထံမွ ေဘးပတ္လည္ရိွရႊံ႔ေျမထဲသို႔
ေျဖးညင္းစြာ စိမ့္ထြက္ေနတာျဖစ္သည္။
အခ်ိန္ၾကာလာသည္ႏွင့္အမ်ွ ျဒပ္စင္မ်ားက
ရႊံ႔ေျမထဲမွာ အနည္က်သြားေတာ့သည္။

ရႊံ႔ေျမအား ျဖတ္၍တူးထုတ္ၿပီးေနာက္ ယူေရွာင္းမို
အေရ႔ွတြင္ ေရခဲတစ္လႊာ ေပၚလာသည္၊
အေအးဓာတ္က သူ႔အေရျပားထဲ စိမ့္ဝင္လာ
သည္။ ယူေရွာင္းမို တုန္သြားသည္။ ထို႔ေနာက္
ဤေနာက္ဆံုး အတားအဆီးအား ျဖတ္ေက်ာ္
ၿပီးေနာက္၌ သူ႔ကမ႓ာႀကီးက အျဖဴေရာင္မ်ား
ေတာက္ပသြားသည္။

၄က ေရခဲကမ႓ာတစ္ခုပင္၊ သို႔ေပမဲ့ ေနရာ
မက်ယ္ေပ၊ စတုရန္းမီတာ တစ္ရာ့ႏွစ္ဆယ္သာသာ
ရိွသည့္ အခန္းတစ္ခန္းစာမ်ွသာရိွသည္။
အဆင့္လြန္စိတ္မ်က္လံုးအား အလယ္တၫ့္တၫ့္မွာ
ခ်က္ခ်င္း လွမ္းျမင္လိုက္သည္။ ၄က
အဆင့္နိမ့္စိတ္မ်က္လံုးထက္ မ်ားစြာပိုေသးငယ္ၿပီး
တစ္မီတာအခ်င္းခန႔္သာ ရိွသည္။

သိပ္သည္းေသာ အေရာင္ငါးခုစိတ္စြမ္းအင္မ်ားက
စိတ္မ်က္လံုးမွ ထြက္ေပၚေနကာ ေရခဲခန္း
တစ္ခုလံုးမွာ ၄စိတ္စြမ္းအင္မ်ားျဖင့္
ျပၫ့္ႏွက္လ်က္ရိွသည္။ အေရာင္မ်ားစီးေနေသာ
အေရာင္ငါးခုေရအိုင္ေလး ဆယ္အိုင္ဝန္းက်င္မ်ွ
ၾကမ္းျပင္တြင္ ရိွေနသည္။ အဆင့္တက္ထားကာစ၊
က်င့္ႀကံဆင့္ အေျခခိုင္ေအာင္ မလုပ္ရေသးေသာ
ယူေရွာင္းမိုအေနျဖင့္ အားအင္မ်ားျပၫ့္ဝလာသည္ကို
ခံစားလိုက္ရသည္။

အဆင့္လြန္စိတ္မ်က္လံုးဆိုတာ ဒါေပါ့!
__________________________

Continue Reading

You'll Also Like

703K 30.4K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
120K 5.3K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
408K 16.1K 97
သိပ်လှတဲ့ ဒီနေရာလေးကို ငွေမြို့တော်လို့ ခေါ်တယ်... သူကတော့မြို့တော်ကိုကာကွယ်ပေးတဲ့ မြို့ရိုးတစ်ခုနဲ့ တူတယ် ကျွန်မအတွက်တော့ အမုန်းမြို့ရိုးပေါ့...
770K 31.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....