<Unicode>
"သမားတော်ကြီး အခြေနေဘယ်လိုရှိလဲ"
'စိတ်မပူပါနဲ့မင်းကြီး ကြင်ယာတော်ရှောင်းရဲ့ဒဏ်ရာကပွန်းပဲသွားရုံပါ လိမ်းဆေးလေးလိမ်းပေးရုံနဲ့ပျောက်သွားမှာပါ'
"သေချာလို့လား"
'ဟုတ်ကဲ့သေချာပါတယ်မင်းကြီး ဒါပေမယ့်လက်ကတော့အဆစ်အနည်းငယ်လွဲသွားတာမို့ရေထိလို့မဖြစ်ပါဘူး လှုပ်လှုပ်ရှားရှားလဲသိပ်မလုပ်ရပါဘူး လက်အတွက်လိမ်းဆေးလေးလဲပေးခဲ့ပါမယ်ဆေးလေးစည်းထားပေးရပါမယ်'
"ပြန်လို့ရပီ"
'ဟုတ်ကဲ့ပါ'
"အရုပ်လေး တခြားနာနေတဲ့နေရာတေရှိသေးလား"
"ဟင့်အင်း"
အကောင်ပေါက်လေးကငိုထားလို့မျက်လုံးလေးကအနည်းငယ်မို့နေပီးနှာခေါင်းလေးနဲ့ပါးနှစ်ဖက်ကလဲရဲနေသေးသည်။ပီးတော့နှုတ်ခမ်းလေးကဂျယ်လီတုံးလေးတေလိုနီစိုစိုလေး။ခုမှမြင်ရတဲ့အရုပ်လေးရဲ့အလှတရားများကိုတဝကြီးငေးကြည့်နေမိသည်။အရင်ကတည်းကသူအနားမှာပဲထားခဲ့ရင်ကောင်းသာဟုအားမလိုအားမရလဲဖြစ်လာသည်။သူ့မှာသူတော်ကောင်းကြီးလုပ်ကာထိုကောင်လေးအားလက်လွှတ်ထားခဲ့မိတာကိုလဲနောင်တရချင်သွားသည်။
"မင်းကြီး ဘာလို့ကျနော့်ကိုအဲ့လောက်ကြည့်နေတာလဲ ကျနော်မျက်နှာမှာတစ်ခုခုရှိနေလို့လား"
"အာ မဟုတ်ပါဘူး လက်ကတော်တော်နဲ့ပျောက်အုံးမှာမဟုတ်လောက်သေးဘူး အဲ့တော့ကိုယ့်အဆောင်မှာလာနေပါလား"
"ဘာလို့လဲဟင်"
"အော် သမားတော်ကလက်ကိုလှုပ်ရှားလို့မဖြစ်ဘူးလို့ပြောတယ်လေ တစ်ခုခုလိုရင်အခက်ခဲဖြစ်နေမှာဆိုးလိုပါ"
"ရပါတယ်ကျနော်မနေတော့ပါဘူး ကျဲလဲရှိနေတာပဲကိုအဆင်ပြေပါတယ် မင်းကြီးကိုအားနာလိုက်တာကျနော့်ကြောင့်အချိန်ကုန်သွားရပီ ကျနော်ပြန်လိုက်ပို့ပါ့မယ်"
"ရတယ် မပြန်.."
"မင်းကြီး ကိုယ်လုပ်တော်ရှောင်းတွေ့ခွင့်တောင်းနေပါတယ်"
"အင့် ဝင်ခိုင်းလိုက်"
"မင်းကြီးကိုဂါရဝပြုပါတယ် မင်းကြီးရှိနေသေးတာဆိုတော့ကျဲခနနေမှပဲပြန်လာတော့မယ်နော်"
"မင်းကြီးကပြန်တော့မှာတဲ့ကျဲရဲ့"
"ကိုယ်မပြော.."
"ဂရုစိုက်သွားပါမင်းကြီး"
"အဟမ်း ဒါဆိုလဲကိုယ်ပြန်လိုက်အုံးမယ်"
မုန့်မရလိုက်တဲ့ကလေးလိုဆူပုတ်ကာထွက်သွားတဲ့ချူးဝမ်ကြောင့်ရှောင်းယွမ်ကြိတ်ရီလိုက်သည်။
"ဒီနားမှာပျားရည်များမှောက်ထားလားမသိဘူးနော် ရနံလေးတေကချိုနေတာပဲ"
"ကျဲကလဲ"
........
"ကြံစမ်း အရုပ်လေးကိုဒီအဆောင်မှာလာနေအောင်ဘယ်လိုလုပ်ရမလဲ အမိန့်ပေးလိုက်ရမလား မဖြစ်ဘူး ငါ့ကိုစိတ်ခုသွားလိမ့်မယ်"
အဆောင်တော်တွင်းရှေ့လျှောက်လိုက်နောက်လျှောက်လိုက်ဖြင့်ပါးစပ်ကလဲပွစိပွစိလုပ်နေသေးသည်။စိတ်မလိုမကျရင်တောက်ထခေါက်တာကြောင့်ဘယ်သူမှခေါင်းမဖော်ရဲကြပေ။မင်းကြီးကအရမ်းဒေါသကြီးသည်။သူစိတ်တိုနေချိန်အမှားလုပ်မိရင်မသက်သာပေ။
"ကျစ် ဘယ်လိုလုပ်ရမလဲကွာ"
"မင်းကြီး မြို့တော်အနောက်ဘက်ကသူပုန်.."
"ကိုယ်ရံတော်ကျန်း!"
"အမိန့်ရှိပါဘုရား"
"အတော်ပဲ ငါပြောစရာရှိတယ်"
"မှန်လှပါ"
"ကျန်တဲ့သူတေထွက်သွားကြတော့"
အားလုံးထွက်သွားတော့မှ...
"ကိုယ်ရံတော်ကျန်း မင်းချစ်ဖူးလား"
"ဗျာ!"
<Zawgyi>
"သမားေတာ္ႀကီး အေျခေနဘယ္လို႐ွိလဲ"
'စိတ္မပူပါနဲ႔မင္းႀကီး ၾကင္ယာေတာ္ေ႐ွာင္းရဲ႕ဒဏ္ရာကပြန္းပဲသြားရံုပါ လိမ္းေဆးေလးလိမ္းေပးရံုနဲ႔ေပ်ာက္သြားမွာပါ'
"ေသခ်ာလို႔လား"
'ဟုတ္ကဲ့ေသခ်ာပါတယ္မင္းႀကီး ဒါေပမယ့္လက္ကေတာ့အဆစ္အနည္းငယ္လြဲသြားတာမုိ႔ေရထိလို႔မျဖစ္ပါဘူး လႈပ္လႈပ္႐ွား႐ွားလဲသိပ္မလုပ္ရပါဘူး လက္အတြက္လိမ္းေဆးေလးလဲေပးခဲ့ပါမယ္ေဆးေလးစည္းထားေပးရပါမယ္'
"ျပန္လို့ရပီ"
'ဟုတ္ကဲ့ပါ'
"အ႐ုပ္ေလး တျခားနာေနတဲ့ေနရာေတ႐ွိေသးလား"
"ဟင့္အင္း"
အေကာင္ေပါက္ေလးကငိုထားလို႔မ်က္လံုးေလးကအနည္းငယ္မို႔ေနပီးႏွာေခါင္းေလးနဲ႔ပါးႏွစ္ဖက္ကလဲရဲေနေသးသည္။ပီးေတာ့ႏႈတ္ခမ္းေလးကဂ်ယ္လီတံုးေလးေတလိုနီစိုစိုေလး။ခုမွျမင္ရတဲ့အ႐ုပ္ေလးရဲ႕အလွတရားမ်ားကိုတဝႀကီးေငးၾကည့္ေနမိသည္။အရင္ကတည္းကသူအနားမွာပဲထားခဲ့ရင္ေကာင္းသာဟုအားမလိုအားမရလဲျဖစ္လာသည္။သူ႔မွာသူေတာ္ေကာင္းႀကီးလုုပ္ကာထိုေကာင္ေလးအားလက္လႊတ္ထားခဲ့မိတာကိုလဲေနာင္တရခ်င္သြားသည္။
"မင္းႀကီး ဘာလို႔က်ေနာ့္ကိုအဲ့ေလာက္ၾကည့္ေနတာလဲ က်ေနာ္မ်က္ႏွာမွာတစ္ခုခု႐ွိေနလို႔လား"
"အာ မဟုတ္ပါဘူး လက္ကေတာ္ေတာ္နဲ႔ေပ်ာက္အံုးမွာမဟုတ္ေလာက္ေသးဘူး အဲ့ေတာ့ကိုယ့္အေဆာင္မွာလာေနပါလား"
"ဘာလို႔လဲဟင္"
"ေအာ္ သမားေတာ္ကလက္ကိုလႈပ္႐ွားလို႔မျဖစ္ဘူးလို႔ေျပာတယ္ေလ တစ္ခုခုလိုရင္အခက္ခဲျဖစ္ေနမွာဆိုးလိုပါ"
"ရပါတယ္က်ေနာ္မေနေတာ့ပါဘူး က်ဲလဲ႐ွိေနတာပဲကိုအဆင္ေျပပါတယ္ မင္းႀကီးကိုအားနာလိုက္တာက်ေနာ့္ေၾကာင့္အခ်ိန္ကုန္သြားရပီ က်ေနာ္ျပန္လိုက္ပို႔ပါ့မယ္"
"ရတယ္ မျပန္.."
"မင္းႀကီး ကိုယ္လုပ္ေတာ္ေ႐ွာင္းေတြ႔ခြင့္ေတာင္းေနပါတယ္"
"အင့္ ဝင္ခိုင္းလိုက္"
"မင္းႀကီးကိုဂါရဝျပဳပါတယ္ မင္းႀကီး႐ွိေနေသးတာဆိုေတာ့က်ဲခနေနမွပဲျပန္လာေတာ့မယ္ေနာ္"
"မင္းႀကီးကျပန္ေတာ့မွာတဲ့က်ဲရဲ႕"
"ကိုယ္မေျပာ.."
"ဂ႐ုစိုက္သြားပါမင္းႀကီး"
"အဟမ္း ဒါဆိုလဲကိုယ္ျပန္လိုက္အံုးမယ္"
မုန္႔မရလိုက္တဲ့ကေလးလိုဆူပုတ္ကာထြက္သြားတဲ့ခ်ဴးဝမ္ေၾကာင့္ေ႐ွာင္းယြမ္ႀကိတ္ရီလိုက္သည္။
"ဒီနားမွာပ်ားရည္မ်ားေမွာက္ထားလားမသိဘူးေနာ္ ရနံေလးေတကခ်ိဳေနတာပဲ"
"က်ဲကလဲ"
........
"ၾကံစမ္း အ႐ုပ္ေလးကိုဒီအေဆာင္မွာလာေနေအာင္ဘယ္လိုလုပ္ရမလဲ အမိန္႔ေပးလိုက္ရမလား မျဖစ္ဘူး ငါ့ကိုစိတ္ခုသြားလိမ့္မယ္"
အေဆာင္ေတာ္တြင္းေ႐ွ႕ေလ်ွာက္လိုက္ေနာက္ေလ်ွာက္လိုက္ျဖင့္ပါးစပ္ကလဲပြစိပြစိလုပ္ေနေသးသည္။စိတ္မလိုမက်ရင္ေတာက္ထေခါက္တာေၾကာင့္ဘယ္သူမွေခါင္းမေဖာ္ရဲျကေပ။မင္းႀကီးကအရမ္းေဒါသႀကီးသည္။သူစိတ္တိုေနခ်ိန္အမွားလုပ္မိရင္မသက္သာေပ။
"က်စ္ ဘယ္လိုလုပ္ရမလဲကြာ"
"မင္းႀကီး ၿမိဳ႕ေတာ္အေနာက္ဘက္ကသူပုန္.."
"ကိုယ္ရံေတာ္က်န္း!"
"အမိန္႔႐ွိပါဘုရား"
"အေတာ္ပဲ ငါေျပာစရာ႐ွိတယ္"
"မွန္လွပါ"
"က်န္တဲ့သူေတထြက္သြားၾကေတာ့"
အားလံုးထြက္သြားေတာ့မွ...
"ကိုယ္ရံေတာ္က်န္း မင္းခ်စ္ဖူးလား"
"ဗ်ာ!"