ရှေးခေတ်ကာလတွင် ကလေးပြုစုပျို...
By PoRoRo0812
382K 47.1K 738
Raising Children in Ancient County Town Chinese Title - 在古代县城养儿_欲来迟 Original Author - 欲来迟 English Translator... More
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
no update
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅ (final)
အခန်း ၂၅
8.7K 1.1K 14
By PoRoRo0812
Raising Children in Ancient County Town
Unicode
အခန်း ၂၅
မကြာသေးမီက ချီမိသားစုအိမ်သည် စကူတာများအတွက် ကြီးမားတဲ့အမှာစာတစ်ခု ရရှိခဲ့သည်။ ချီရှို့က သူ့သားအတွက် စကိတ်ဘုတ် ကစားစရာလေး လုပ်ပေးပြီးကတည်းက ရှောင်ချန်းလဲ့က နေ့တိုင်း အပြင်ထွက်ကစားကာ လူကြီးတွေကို ထိခွင့်တောင်မပေးပေ။
ထို့နောက် ချီရှို့က စကိတ်ဘုတ်လေးနဲ့တူပေမယ့် အဆပေါင်းများစွာ ပိုကြီးတဲ့စကူတာကို ဖန်တီးခဲ့သည်။ တစ်နေ့မှာတော့ ယန်းမူထုက ဒါကိုသုံးကာ ပစ္စည်းသွားပို့ပြီး ပြန်လာခဲ့သည်။ လမ်းတွင် လူများစွာက သူ့ကိုမေးကြသည်ဟု ဆိုသည်။ ဒါက လမ်းလျှောက်လို့လွယ်ပြီး ကစားလို့လည်းရသည်။
နောက်တစ်ရက်မှာတော့ ကုန်သည်များစွာက တံခါးဆီရောက်လာကာ တစ်ယောက်ပြီး တစ်ယောက် ကြိုတင်စရံငွေများပေးကာ ဆိုင်ခွဲတွေက ကုန်သည်တွေပင် ဒါဇင်နှင့်ချီသော အရေအတွက်တို့ကို မှာယူလိုကြသည်။ 
ချီရှို့က အမှာတစ်ချို့ကိုလက်ခံကာ ပိုက်ဆံအများကြီးရတယ်လို့ ချောင်းရှန်က ကြားတော့ သူ့မျက်လုံးတွေက တောက်ပလာသည်။ "ကောင်းလိုက်တာ။ နှစ်သစ်ကူးရောက်ခါနီးနေပြီ။ အသားများများဝယ်ပြီးစားရမယ်"
"ရက်နည်းနည်းလောက်ထပ်ဖွင့်ပြီးရင် ဆိုင်ပိတ်ပြီး ရွာကို ပြန်ကြရအောင်" ချီရှို့က သူ့ရဲ့ လက်ရာကိုဂုဏ်ယူရင်း ချောင်းရှန်ရဲ့ပုံစံကို ကြည့်လိုက်သည်။ 
"ကောင်းပြီ။ ကျွန်တော်တို့ စီစဥ်ရဦးမယ်။ ပြန်သွားရင် ဘာတွေဝယ်သွားကြမလဲ"
"နွားလှည်းငှားရအောင်။ နွားလှည်းက နှေးပေမယ့် အန္တရာယ်ကင်းတယ်။ မင်းလိုချင်တာ ဝယ်ပေးမယ်။ ဘာဝယ်ချင်တာလဲဆိုတာကိုသာပြောပါ " ချီရှို့က ချောင်းရှန်ကို ယခုအလုပ်ရှင်လို ဆက်ဆံနေပုံရသည်။
"ကောင်းပါပြီ။ အစ်ကိုပြောတာ နားထောင်ပါ့မယ်"  သုံးလတောင် မပြည့်သေးတာကြောင့် စိတ်ချရအောင် ချီရှို့ပြောတာကို နားထောင်ကြပါစို့။
.........
ဒီနေ့ကတော့ သူတို့ရွာကို ပြန်ကြမည့်နေ့ပင်။ မွန်းတည့်ချိန်တွင် နေထွက်လာပြီမို့ သိပ်မအေးတော့တာကြောင့် အထုပ်အပိုးတွေ ပြင်ကာ နွားလှည်းစီးဖို့ ပြင်လိုက်သည်။ ရှောင်ချန်းလဲ့က သူ့ရဲ့စကိတ်ဘုတ်လေးကို ကိုင်ထားပြီး ချန်ထားခဲ့ဖို့ ငြင်းဆန်နေသည်။       "ချန်းလဲ့, ရက်နည်းနည်းလောက် နေပြီးရင် ပြန်လာကြမှာလေ။ သားက New Yearပြီးရင် ပြန်လာမှာလေ။ အဆင်ပြေလား"
ချောင်းရှန်က အကူအညီမဲ့နေသည်။ သူက အိတ်ကြီးအိတ်ငယ်ဖြင့် ပစ္စည်းများစွာ ဝယ်ခဲ့ပြီး ချီရှို့က သူ့ကို အိတ်သေးသေးလေးကိုတောင်မှ သယ်ခွင့်မပေးပေ။ ဒါကိုပါယူခဲ့ရင် ချီရှို့ကပဲ သူ့ဘာသာ အကုန်သယ်နေရမှာဖြစ်သည်။
"ဟင့်အင်း ပါပါး သားဒါယူချင်တယ်" ယနေ့မှာ ရှောင်ချန်းလဲ့က အနီရောင်အင်္ကျီကြီးကို ဝတ်ထားပြီး မြေခွေးသားမွေးလိုတွေက သူ့လည်ပင်းပတ်လည်တွင်ရှိနေကာ ဝဖောင်းပြည့်နေတဲ့မျက်နှာလေးနှင့် မေးစေ့လေးက သားမွေးထဲတွင် မြုပ်နေသည်။ ရှောင်ချန်းလဲ့က နှုတ်ခမ်းဆူကာ မလိုချင်ဘူးလို့သာ နေသည်။ 
"သူ့ကိုယူခိုင်းလိုက်ပါ။ ဒါရှိနေရင် ဆော့ကစားနေရတာနဲ့ မင်းကို နှောက်ယှက်တော့မှာမဟုတ်ဘူး " တကယ်တော့ ရှောင်ချန်းလဲ့က ချောင်းရှန်အပေါ်မှာ အသာမှီရင်း ကလေးလို လုပ်နေမယ့် သူက အလွန်သိတတ်နေပြီဆိုတာ ချီရှို့က သိသည်။ 
သို့သော် သူက ပိုပြီးသတိထားချင်သည်။ ချောင်းရှန်ရဲ့ဗိုက်နာမှုကြောင့် ကိုယ်ဝန်ရှိနေခဲ့မှန်း သိခဲ့ရတာဖြစ်သည်။ ကလေးကို ထိခိုက်မိမည်လားလို့ အမြဲစိုးရိမ်နေခဲ့ရသည်။ ကံကောင်းစွာဖြင့် ချောင်းရှန်က ဗိုက်ထပ်မနာတော့ပေ။ သူက ကောင်းကောင်းအိပ်ပြီး အရင်ကထက်တောင် အစားစားချင်စိတ် ရှိလာသေးသည်။ ညလယ်ဘက်ကြီး မကြာခဏနိုးလာတတ်ပြီး ဗိုက်ဆာသည်ဟုပြောတာကြောင့် မီးထွန်းကာ မီးဖိုထဲသွားပြီး ချောင်းရှန်စားဖို့ တစ်ခုခုလုပ်ပေးရသည်။
ချောင်းရှန်က နေ့တိုင်းစားနိုင်အိပ်နိုင်တာကို မြင်မှ သူ့စိတ်ကအနည်းငယ် သက်သာသွားတာ ဖြစ်သည်။ ဒီနေ့ရွာကို ပြန်ကြမည်ဖြစ်ပြီး ခရီးက အနည်းငယ် ဝေးတာကြောင့် သူစိတ်မပူပဲ မနေနိုင်ပေ။ 
ရှောင်ချန်းလဲ့က စကိတ်ဘုတ်ယူဖို့ သဘောတူလိုက်တဲ့သူ့ဖေဖေစကားကို နားထောင်ကာ မျက်ခုံးလေးတွေက ပြေလျော့သွားပြီး မျက်လုံးလေးတွေက ကွေးနေသည်။ လက်တဖက်က စကိတ်ဘုတ်ကို ပွေ့ထားပြီး တဖက်က သူ့ဖေဖေရဲ့ဘောင်းဘီစကို ဆွဲကာ ခြေမလေးတွေကိုအချင်းချင်းတို့ထိပြီး လည်ပက်းကိုဆန့်ကာ ခေါင်းမော့ထားသည်။ ချီရှို့က သူ့သားအရပ်နဲ့အညီထိုင်ချလိုက်တော့ နူးညံ့တဲ့နှုတ်ခမ်းလေးက သူ့မေးကို လာနမ်းတာကြောင့် ချီရှို့က ပြုံးလိုက်သည်။
ချောင်းရှန်က ရှောင်ချန်းလဲ့ရဲ့နဖူး၊ ပါး၊ လက်လေးတွေနှင့်ခြေထောက်လေးတွေကို နမ်းလေ့ရှိတာကြောင့် သူ့ပါပါးက ကောင်းတယ်လို့ထင်တဲ့တစ်ခုခုကို သူလုပ်ခဲ့လျှင် သူ့ပါပါးက သူ့ကိုနမ်းလိမ့်မယ်ဆိုတာကို တဖြေးဖြေးနားလည်လာပုံရသည်။ အခု သူက အဲ့ဒါကို အတုယူကာ သူ့ဖေဖေလုပ်လိုက်တာက ကောင်းတယ်လို့ထင်တာကြောင့် ဆုချလိုက်တာဖြစ်သည်။
ပထမဆုံး ချောင်းရှန်ကို နွားလှည်းပေါ်တက်ဖို့ ကူညီပေးပြီး ရှောင်ချန်းလဲ့ကိုလည်း ကောက်ချီကာတင်ပေးလိုက်ပြီး ပြောလိုက်သည်။   "Oh....သားပါပါးကို ပြသာနာမရှာနဲ့နော်။ တကယ်လို့ သားမထိုင်ချင်တော့ဘူးဆိုရင် ဖေဖေ့ကိုပြော နားလည်လား " 
ရှောင်ချန်းလဲ့က မျက်လုံးဝိုင်းကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူ့ပါပါးရဲ့ ပြားချပ်နေဆဲဖြစ်တဲ့ဗိုက်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြပြီး သူလက်ခံကြောင်း လက်ကလေးကို တွန့်ပြလိုက်သည်။ ထိုအခါမှ ချီရှို့က ရထားလုံရဲ့ခန်းစီးတွေကိုချကာ နွားလှည်းမောင်းဖို့ အပြင်ဘက်မှာ ထိုင်လိုက်သည်။ 
ပြင်းထန်တဲ့ဆောင်းရာသီတွင် Shouyunရွာရှိအိမ်တိုင်းက တံခါးနှင့် ပြတင်းပေါက်များကို တင်းကြပ်စွာပိတ်ထားကြသည်။ သုံးယောက်သား နွားလှည်းကို ချီအိမ်သို့ တိတ်တိတ်ဆိတ်ဆိတ် မောင်းနှင်လာကြသည်။
ချီရှို့က အရင်ဆုံး ရှောင်ချန်းလဲ့ကို အောက်ချပေးပြီး သူ့အဘိုးအဘွားအိမ်ကို မှတ်မိသေးလားလို့ မေးလိုက်သည်။ ရှောင်ချန်းလဲ့က တံခါးဝတွင်ရပ်ကာ ခြံစည်းရိုးဘက် ခေါင်းလှည့်ပြီး ရုတ်တရက် အော်လိုက်သည်။ "ဘွားဘွား...ဘွားဘွား"
ချီရှို့က သူအော်နေတာကြားတော့ ပြုံးကာ ချောင်းရှန်ကို အောက်ဆင်းဖို့ ကူညီလိုက်သည်။ ချောင်းရှန် မြေပြင်ပေါ်ရောက်တာနှင့်တပြိုင်နက် ခြံတံခါးက ပွင့်လာသည်။ 
"Oh...ငါ့မြေးလေးချန်းလဲ့ပဲ လာပါဦး ဘွားဘွား ချီပါရစေဦး" မေမေချီက ရှောင်ချန်းလဲ့ကို ကောက်ချီကာ ပြုံးရင်း သူ့မျက်လုံးနားတဝိုက်က အရေးအကြောင်းတွေပါ ထုတ်ဖော်ပြလျက် "ဘွားဘွားကို သတိရရဲ့လား"
ချီရှို့နဲ့ချောင်းရှန်က သူတို့အမေကို တညီတညွတ်တည်းနှုတ်ဆက်ကာ မေမေချီက သူတို့ကို ပြောလာသည်။"ပြန်လာကြပြီလား။ လမ်းမှာ အေးနေတာမဟုတ်လား။ အထဲဝင်ပြီး နားကြတော့"
ချောင်းရှန် မေမေချီရဲ့နောက်ကနေ အိမ်ထဲ လိုက်ဝင်သွားသည်။ချီရှို့နဲ့သူ့အစ်ကိုကြီးကတော့ နွားလှည်းပေါ်က ပစ္စည်းတွေကို အတူရွေ့နေကြသည်။ အိမ်ထဲတွင် ကြီးမားတဲ့ မီးလင်းဖိုကြီးရှိပြီး ဘေးတွင်ထိုင်ကာ နွေးနေကြသည်။ မေမေချီက ရှောင်ချန်းလဲကို ချီထားက သူ့မြေးလေးကို အရမ်းလွမ်းနေတာကြောင့် စနောက်နေသည်။ ဖေဖေချီက ကန်စွန်းဥနှင့် မြေပဲတွေသွားယူကာ မီးလင်းဖိုထဲ ထည့်ပြီး ရှောင်ချန်းလဲ့အတွက် ဖုတ်ပေးနေသည်။ 
အနည်းငယ်ကြာပြီးနောက် ချီရှို့နှင့်တခြားသူတွေက အိမ်ထဲကို ဝင်လာခဲ့ကြသည်။ မီးလင်းဖိုဘေးတွင် ဝိုင်းကာထိုင်နေကြရင်း ဖေဖေချီက ဆိုင်ရဲ့စီးပွားရေးအကြောင်းမေးကာ မေမေချီကလည်း ချောင်းရှန်ကိုမြို့မှာ အလုပ်လုပ်ရတာ ပင်ပန်းခက်ခဲသလားလို့ မေးနေသည်။ 
ညစာစားချိန်ရောက်တော့ မေမေချီက ထရပ်ကာ အားလုံးကို ဘာစားချင်ကြသလဲလို့ မေးလိုက်သည်။ သူမက ကျန်းလော့နှင့်အတူ သွားတော့မှာကြောင့် ချောင်းရှန်က ထိုင်နေဖို့ ရှက်နေသည်။ မေမေချီက တံခါးဆီ သွားနေတာကို မြင်တော့ ချောင်းရှန်က အမြန်ထရပ်လိုက်သည်။ "အမေ ကျွန်တော် ကူဖို့ လိုက်ခဲ့မယ်"
ချီရှို့က ဒါကိုကြားလိုက်တော့ သူ့လက်ကို လှမ်းဆွဲလိုက်ပြီး လေသံကလည်း အနည်းငယ် လေးနက်နေကာ "ကိုယ်ဝန်နဲ့ကို အေးအေးဆေးဆေးပြန်ထိုင်နေ။ ကိုယ် သွားကူလိုက်မယ်"
မေမေချီက အမြန်ပြန်လာပြီး မေးလိုက်သည်။  "မင်း ကိုယ်ဝန်ရှိနေတာလား။ ဘယ်လောက်ကြာပြီလဲ" ချောင်းရှန်ရဲ့ ပြားနေတဲ့ဝမ်းဗိုက်တစ်နေရာကို ကြည့်ပြီး သူမ အပြင်ကနေတော့ကြည့်ပြီးမပြောနိုင်သေးပေ။  "နှစ်လကျော် သုံးလလောက်ပဲရှိသေးတယ်" ချောင်းရှန်က အပြုံးဖြင့်ပြောရင်း ချီရှို့ရဲ့လက်ကို အသာပုတ်ထုတ်လိုက်ကာ သူ့ကို လွှတ်ခိုင်းလိုက်သည်။
မေမေချီက သူ့ကိုအမြန်ထိုင်ဖို့ ပြောလာသည်။ "ထိုင်နေ။ ရှင်းရှင်းပြောရရင် ငြိမ်ငြိမ်လေး ထိုင်စောင့်နေ။ ဒါကောင်းတယ်။ ငါတို့ချန်းလဲ့မှာ ညီငယ် ညီမငယ်လေးတွေ ရှိလာတော့မယ် ပျော်စရာကြီး "
မေမေချီက ချက်ပြုတ်ဖို့ ထွက်သွားကာ ဖေဖေချီက သူတို့ကို ချီယန်နှင့်ချီရှို့တို့ညီအစ်ကို ကလေးဘဝတုန်းကအကြောင်းတွေကို ပြောပြနေတာကြောင့် ချောင်းရှန်က ကြည်နူးစွာ နားထောင်နေသည်။ 
"ဒုတိယကလေး မွေးလာပြီးတော့ နှစ်ယောက်လုံးက ခေါင်းမာတယ်။ နှစ်ယောက်လုံးက မနာခံရင် ငါက ဦးဆောင်တဲ့သူကို ရိုက်တယ်။ ဦးဆောင်တဲ့သူက ဘယ်လိုပြေးရပုန်းရမလဲသိတယ်။ ဒုတိယကလေးကိုရိုက်ရင် သူက ငါ့ရှေ့မှာ ဘယ်တော့မှ မှားကြောင်းဝန်မခံဘူး "
ချောင်းရှန်က ဒါကို ကြားတော့ စိတ်ထဲက ပေါ်လာသည်။ ကလေးလေးချီရှို့က နှုတ်ခမ်းကို ဖိကိုက်ထားကာ ရိုက်ခံရတာကို စိတ်တိုနေပြီး မခံမရပ်နိုင်ဖြစ်နေသည်။ဖေဖေချီက ဆက်ပြောသည်။"ငါ သူ့ကို နှစ်ခါရိုက်ဖို့ မရည်ရွယ်ပါဘူး။ ဦးဆောင်တဲ့သူက ပြေးပြီမို့ မရိုက်နိုင်တော့ဘူး။ သူ့ကိုပဲ ဒေါသဆက်ထွက်ရတော့တာ။ ဒုတိယကလေးအတွက် တကယ်စိတ်မကောင်းဘူး။ ကလေးက ကောင်းပါတယ်"
ချောင်းရှန်က ပြုံးပြီးပြောလိုက်သည်။ "ချန်းလဲ့ကလည်း အစ်ကိုရှို့လိုပဲ။ တစ်ခါတစ်လေ သောင်းကျန်းလွန်းလို့ ရိုက်ချင်ခဲ့တယ်။ ကျွန်တော်လက်ကို မြှောက်လိုက်တာနဲ့ သူက မပြေးဘူး မပုန်းဘူး။ ဒါပေမယ့် သူက သူ့အဖေထက်တော့သာတယ်။ သူကထက်မြက်တယ် ကျွန်တော့်ကို ချုပ်ကိုင်ဖို့ သူ့အမှားကိုဝန်ခံပြီး မျက်ရည်စက်လက်နဲ့ သားမှားပါတယ်လို့ ပြောလာရင် ကျွန်တော် တောင့်မခံနိုင်တော့ဘူး.... "
အခန်းထဲတွင် အရွယ်ရောက်သူတစ်ချို့က ပျော်ရွှင်စွာ ရယ်မောနေကြသည်။ ရှောင်ချန်းလဲ့က နွေးလာပြီးနောက် ပင်မအခန်းထဲတွင် စကိတ်ဘုတ်လေးကို ကစားနေတော့သည်။ ချီရှို့က သူ့ကို စကားအနည်းငယ်ပြောကာ နယ်ပယ်ကျဥ်းပေးလိုက်ပြီး နံရံထောင့်ရဲ့ အရှေ့နဲ့ အနောက်ကိုသာ လျှောစီးခိုင်းလိုက်သည်။
ချန်းရှီနှင့်ချန်းအန်ကလည်း အခန်းထဲက ထွက်လာပြီး သူတို့ညီလေးရဲ့ ကစားစရာကို စိတ်ဝင်တစား ကြည့်နေကြသည်။ ကလေးတွေက ကစားချင်နေကြပြီး နှစ်ယောက်လုံးက အနည်းငယ် စီးကြည့်ချင်နေကြသည်။ ဒါကိုမြင်တော့ ချောင်းရှန်က ပြောလိုက်သည်။
"ချန်းလဲ့ ပါပါးက သားကို ဘယ်လိုသင်ပေးထားလဲ။ ကောင်းတဲ့အရာတွေကို သူငယ်ချင်းတွေနဲ့ မျှဝေရမယ်လေ။ အခုသား ဘာလုပ်ရမလဲ" 
ရှောင်ချန်းလဲ့ကို သူ့ပါပါးကို လှည့်ကြည့်ကာ သူ့ပါပါးရဲ့ မပြုံးတဲ့မျက်နှာကို မြင်တော့ သူ့အစ်ကိုတွေကို နာခံစွာပြောလိုက်သည်။ "အစ်ကို ကစားပါ"
ချန်းရှီက အရွာရောက်နေကာ ချီမိသားစုရဲ့ သင်ကြားရေးကြောင့်လည်း ဖြစ်နိုင်သည်။ သူက သူ့ညီချန်းအန်ကို အရင်ကစားခိုင်းလိုက်သည်။ ချန်းအန်က စကိတ်ဘုတ်ကို ဆွဲကာ တွန်းနေရုံသာတတ်သည်။ ဘယ်လိုကစားရမလဲ သူမသိသေးပေ။အစ်ကိုချီကလည်း သူ့သားတွေကို တကယ်ချစ်ပေမယ့် သူက လယ်ထဲတွင် အလုပ်လုပ်ဖို့သာ သိတာကြောင့် ကလေးတွေကို လယ်ကွင်းထဲမှာကစားဖို့သာ ခေါ်သွားတာသာရှိသည်။ ငယ်ငယ်ကတည်းက ကလေးတွေအတွက် ကစားစရာလုပ်ပေးတာမျိုး မရှိပဲ ပိုက်ဆံဖြင့်သာ ဝယ်ပေးလိုက်တာဖြစ်သည်။ အစ်ကိုချီက လျှောက်လာကာ သူ့သားကို ခြေထောက်တစ်ဖက်ကို အပေါ်တင်ပြီး တစ်ဖက်ကိုသာ လှော်တက်လို အောက်မှာထားဖို့ ကူပေးလိုက်သည်။ မကြာခင်မှာပဲ ချန်းအန်က ရယ်မောကာ စကိတ်ဘုတ်ကစားရတာကို ကြိုက်လာသည်။
ချန်းရှီက သူ့ညီလေးပျော်နေတာကို မြင်တော့ သူက ဘယ်လိုကစားရမလဲမသိတာကြောင့် ချောင်းရှန်ရှေ့ကို ချဥ်းကပ်လာသည်။ "ဦးလေး" ချောင်းရှန်ပြန်လာတဲ့အခါတိုင်း သူနဲ့ သူ့ညီလေးအတွက် အရသာရှိတဲ့စားစရာတွေ အများကြီးယူလာတတ်သည်။ အရင်တစ်ခေါက်ကဆိုရင် အဝတ်အစားအသစ်တွေပါ ယူလာခဲ့သည်။ 
ချောင်းရှန်က ပြုံးပြရင်း ချန်းရှီရဲ့ခေါင်းကို ပွတ်လိုက်ကာ ချိုတာကြိုက်လား ငန်တာကြိုက်လားလို့မေးလိုက်ပြီး စားဖို့ ယူလာတဲ့ မုန့်တွေကို ချီရှို့ကို ယူခိုင်းလိုက်သည်။ 
စကိတ်စီးတာနှင့်စာလျှင် အဆာပြေမုန့်စားတာက ချန်းရှီရဲ့အကြိုက် ဖြစ်ပုံရကာ သူက ခုံတန်းပေါ်ထိုင်ကာ မုန့်စားနေသည်။ ရှောင်ချန်းလဲ့ကလည်း ဆော့စရာ မရှိတော့တာကြောင့် သူ့အစ်ကိုရှီ မုန့်စားနေတာမြင်တော့ အနားကပ်ကာ ချောင်းရှန်ရဲ့ခြေထောက်ကို ဖက်ရင်း "ပါပါး  သားလည်းစားချင်တယ်...."
ချောင်းရှန်က သူ့ရဲ့နွေးနေတဲ့လက်ကို ရှောင်ချန်းလဲ့ရဲ့ အင်္ကျီထဲထည့်ကာ စမ်းကြည့်လိုက်သည်။ ချွေးမထွက်တာကို တွေ့တော့ စားဖို့မုန့် ယူပေးလိုက်သည်။ 
"ဦးလေး...သားလည်း စားချင်တယ်"  ညီအစ်တွေကို စားဖို့ အပြေးသွားနေကြတာကိုမြင်တော့ ကလေးတွေက ပျော်နေကာ ချန်းအန်ကလည်း အနားကပ်ဖို့ ထုံးစံအတိုင်း ချောင်းရှန်ဆီ ပြေးလာခဲ့သည်။ 
ချောင်းရှန်က သူ့ကိုဖမ်းဖို့ လက်ကိုဆန့်လိုက်သည်။ ကိုးနှစ်အရွယ် ချန်းအန်က မူလတန်းကျောင်းသားဖြစ်ပြီး အားရှိနေဆဲဖြစ်တာကြောင့် ချောင်းရှန်က ထိုင်ခုံနောက်ကိုပင် မှီထားလိုက်ရသည်။ 
"ချန်းအန် မြန်မြန်ရပ်စမ်း။ ဦးလေးက ဗိုက်ထဲမှာ ကလေးလေးရှိနေပြီ။ ဒါကြောင့်နောက်ခါ ဦးလေးဆီ ခုန်ဝင်လို့မရတော့ဘူးနော်" အစ်မချီက ကမန်းကတန်းရောက်လာပြီး သူ့သားကို ပြောလိုက်သည်။ 
"ဦးလေ...ဒီထဲမှာ ကလေးရှိတာလား" ချန်းအန်က မတ်မတ်ရပ်ကာပြောရင်း ချောင်းရှန်ရဲ့ဗိုက်ကို ညွှန်ပြနေသည်။
"ဟုတ်တယ်။ ချန်းအန်က ညီလေးကြိုက်တာလား ညီမလေး ကြိုက်တာလား" ချောင်းရှန်က ညင်သာစွာပြောလိုက်သည်။
"ညီမလေး!" ချန်းအန်က ပြန်ဖြေရင်း သိချင်စွာ ပြောလာသည်။ "ဗိုက်က သေးသေးလေး။ သူက အဲ့ဒီမှာနေနိုင်တာလား"
သူပြောတာကြားတော့ လူကြီးတွေက ရယ်မောလိုက်ကြသည်။ ကလေးတွေရဲ့ တွေးခေါ်ပုံက အမြဲထူးခြားသည်။ 
"ညီမလေးကို ထုတ်လိုက်ပါ။ ညီမလေးအတွက် သားအိပ်ရာကို သုံးလို့ရပါတယ်" ချန်းအန်က လူကြီးတွေ ဘာကြောင့်ရယ်ကြသလဲ နားမလည်ပေ။ 
"အခုသူက ငယ်လွန်းသေးလို့ ထုတ်လို့ မရသေးဘူး။ သားဘာသာအိပ်ပါ"  ချောင်းရှန်က အပြင်ထုတ်ပေးလို့မရတာကြောင့် မရယ်နိုင်ပေ။ 
မုန့်စားပြီးနောက် ကလေးသုံးယောက်က ထပ်ဆော့ဖို့ ထောင့်တစ်နေရာကို ပြေးသွားကြတော့သည်။ မြေကွက်အများကြီး ရှိတာကြောင့် ချီမိသားစုရဲ့ပင်မအခန်း၊ ခြံဝင်းနှင့် အပိုများကိုပါ ဆောက်ထားကြသည်။
Zawgyi
အခန်း ၂၅
.........